မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Monday, March 27, 2017

စစ်ကား

Tin Htut Pai
::: စစ်ကား :::
နောက်ဆုံးတော့လည်းသူပုန်တွေပဲရှုံးကြ
သူပုန်တွေ သေနတ်မှန်ပြီး လဲကျတယ်
ပြီးတော့နောက်ထပ်ဇာတ်ကွက်တစ်ခုအတွက်
ဖုတ်ဖက်ခါပြီးပြန်ထရတယ်
သူပုန်ခေါင်းဆောင်ဆိုတာနှုတ်ခမ်းမွှေးတော့ပါရမယ်
သူပုန်တွေဟာသုံးဆယ့်ငါးလမ်းထဲမှာနေ့စားခေါ်မယ့်
ရှုတင်မန်နေဂျာကိုစောင့်နေတုန်း
စစ်ဗိုလ်လုပ်တဲ့ကောင် က သွေးဆေးကြော်ငြာရိုက်နေတယ်
နောက်ဆုံးသူပုန်တွေပဲရှုံးရမှာ
သူပုန်ဗိုလ်ဟာ မင်းသားဆိုရင်နောင်တရတတ်တယ်
မသေဘူး၊လူကြမ်းဆိုရင်သေကိုသေရတယ်
သူပုန်တွေဝမ်းစာအတွက်ပူပန်နေတုန်း
စစ်ဗိုလ်လုပ်တဲ့ကောင်တွေနဲ့ ဗိုလ်ကတော်လုပ်တဲ့ဟာတွေ
မဲဆွယ်သီချင်းဆိုနေကြတာမျိုးလည်းရှိတယ်
နောက်ဆုံး တော့ တောင်ကုန်းကိုသိမ်းလိုက်တာ
စစ်တပ်ပဲ
စစ်ဘေးရှောင်နေတဲ့ကလေးဟာ
ပွန်းပဲ့နေတဲ့ဒန်ဇလုံထဲကထမင်ကြမ်းကိုဝါးရင်း
စစ်ကားကိုကြည့်နေတယ်
ထမင်းကမာလို့အံကြိတ်နေတာလား
ဘာ့ကြောင့်အံကြိတ်နေတာလဲ
သုတေသနလုပ်ဖို့မလိုဘူး
စကားမစပ် နှစ်ပေါင်းများစွာကြည့်ခဲ့ရတဲ့စစ်ကားမှာ
ကျုပ်တို့အားလုံးစစ်ဘေးရှောင်တွေပဲ
ခင်ဗျားဒီကဗျာကိုအံကြိတ်ပြီးဖတ်ပါ။

မျိုးတေဇာမောင်

ပိုက်သာဂိုးရပ်စ် နဲ့ နှစ်ငါးဆယ်

မင်းကိုနိုင် – ပိုက်သာဂိုးရပ်စ် နဲ့ နှစ်ငါးဆယ်
(၆-၂-၂၀၁၃ ကမာရွတ်)
++++++++++++++++++++++++++
ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ပါ…။
ကိုယ့်အလုပ်ကိုယ်မလုပ်ဘူးဆိုရင်တော့
ပြသနာတော်တော်ရှိပါတယ်…။
ဘယ်မှလည်း သွားလို့မရပါဘူး…။
ကျောင်းဆရာမတွေကို စစ်သင်တန်းတက်ခိုင်းတယ်…။
ဖေါင်ကြီးတို့ဘာတို့မှာ…။
သေနတ်ကိုင်..၊ မှောက်၊ မိချောင်းသွားသွား။
ပြီးတော့မှ ကျောင်းတွေပြန်ရောက်တဲ့အခါ
အဖြူအစိမ်း နဲ့ တာဝန်အနီလက်ပတ်ကြီးနဲ့ လုံခြုံရေးဆိုပြီး
ကလေးတွေကို လိုက်ချောင်းခိုင်းတယ်…။
အရံမီးသတ်တွေကို အပျိုတွေအိပ်ယာတွေ
လိုက်လှန်ခိုင်းတယ်။
ဧည့်စာရင်းစစ်တဲ့ ကြည့်စမ်း…။
မီးသတ်က ဧည့်စာရင်းစစ်၊
ကျောင်းဆရာမက လုံခြုံရေးယူ၊
စစ်ဗိုလ်တွေကကျတော့ လွှတ်တော်ထဲမှာ
ငုတ်တုတ်ကြီးဝင်ထိုင်လိုက်ပါတယ်…။
ပြီးပြီ…။
ဂရိနိုင်ငံမှာ အင်မတန်သန်စွမ်းပြီး ဗလကောင်းတဲ့
လက်ရုံးရည်အားကိုးတဲ့လူတစ်ယောက်
တကယ်ရှိခဲ့ပါတယ်…။
လက်ဝှေ့ထိုးတာသာ ဘ၀လို့ ထင်ထားပါတယ်…။
လူဖြစ်လာရခြင်းမှာ အသတ်အပုတ်
လက်ရုံးရည်နဲ့ အနိုင်ယူရတာဟာ
ဘ၀ရဲ့ အဓိပ္ပါယ်လို့ သူထင်ခဲ့ပါတယ်…။
ဘယ်အထိလည်း အသက်ငါးဆယ်အထိပါ…။
လက်ဝှေ့ရှိသမျှတန်းတွေ အနိမ့်တန်းကနေ
အမြင့်ဆုံးအတန်းအထိ သူတက်ထိုးတာ
ယှဉ်ပြိုင်မယ့်သူမရှိပဲနဲ့
ဗိုလ်တကာ့ဗိုလ် ဖြစ်သွားချိန်မှာ အသက်ငါးဆယ်ပါ…။
သူစဉ်းစားပါတယ်။
ဘ၀ဆိုတာဒါပဲလား…။
ဟိုမှာ ကျွန်တော်တို့ သီရိဓမ္မာသောကမင်းကြီး
ကာလင်္က စစ်ပွဲအပြီးမှာ
စဉ်းစားသလိုလည်း ဖြစ်ပါလိမ့်မယ်…။
သွေးချောင်းတွေ စီးပြီးတော့မှ
နောက်ဆုံးရလာတဲ့ အောင်ပွဲဆိုတာ ဒါပဲလား…။
အလောင်းတွေ ရုပ်ခန္ဓာတွေ ပျက်စီးနေတဲ့
တစပြင် အလောင်းပြင်
သင်္ချိုင်းလိုတိုင်းပြည်ကိုရလိုက်တာဟာ
အောင်ပွဲလား စဉ်းစားသလိုပါပဲ…။
စစ်နဲ့ ဖြေရှင်းရုံနဲ့ ပြီးသလား…။
လက်ရုံးရည် နဲ့ ရှင်းမှ ရသလား…။
လူသားရဲ့ ဘ၀ဟာ လက်ရုံးရည်သမား
အသတ်အပုတ်တော်လှချည်ရဲ့၊
ဗလကောင်းလှချည်ရဲ့ဆိုပြီးတော့ ပြီးသလား…
သူစဉ်းစားတဲ့အခါမှာ…
နောက်ဆုံး
အသက် ငါးဆယ် ပြည့်မှ စာစပြီးတော့ သင်ပါတယ်…။
ဒါပေမယ့် သူ့ရဲ့ထူးချွန်ထက်မြက်မှုကြောင့်
သူဟာ သမိုင်းမှာ မှတ်တမ်းတင်ရတဲ့
သင်္ချာပညာရှင် ဒသနိကဗေဒပညာရှင် ပိုက်သဂိုးရပ်စ်
ဖြစ်လာပါတယ်…။
အဲဒီ ပိုက်သဂိုးရပ်စ် ဟာ
အသက်ငါးဆယ်မှာ မှ ပညာရဲ့တန်ဘိုးကိုသိပြီးတော့
ပြောင်းလဲလိုက်တာ
ကမ္ဘာကြီးတစ်ခုလုံးရဲ့ ပညာရှင်အဖြစ်
ကောင်းသောအမွေကိုပေးခဲ့ပါတယ်…။
ကျွန်တော်တို့ဆီမှာ ၁၉၆၂ ကနေ
စပြီးတော့ အာဏာသိမ်းခဲ့တဲ့ ဗလကြီးတွေ ခင်ဗျာ…။
အနှစ်ငါးဆယ်ပြည့်ပါပြီ…။
၂၀၁၂ မှာ…။
ခင်ဗျားတို့လည်း ပိုက်သဂိုးရပ်စ်လို
ပညာကို တန်ဘိုးထားတဲ့လူတွေ ဖြစ်ပါစေလို့
ဆုတောင်းပါတယ်…။
ကျေးဇူးတင်ပါတယ်ခင်ဗျာ…။
(မင်းကိုနိုင်)

Sunday, March 26, 2017

ဒီမိုကရေစီ လိုချင်သော်

ဦးမြင့်ခိုင် ရေးသားထားတာ သင့်တော်လွန်းလို့ ပါ။
ဒီမိုကရေစီ လိုချင်သော်
-----------------
ဂျပန်နိုင်ငံဟာ စစ်ပြီးတော့ မွဲသွားခဲ့တယ်
ဒါပေမဲ့ နေမဝင်စီးပွားရေးဆိုပြီး ၂၄ နာရီ
ပြည်သူတွေအလုပ်ပိုလုပ်တဲံ့  ဥပဒေ မျိုးနဲ့ 
တစ်နိုင်ငံလုံး အလုပ်ကြိုးစားလုပ်ကိုင်ခဲ့ကြ
တဲ့အတွက် ခဏလေးနဲ့  ပြန်ချမ်းသာလာခဲ့တယ်

အကြောင်းမကောင်းလို့  ဆင်းရဲပေမဲ့
ဘယ်သူ့ ကိုမှ အပြစ်မပြောပဲ တက်ညီ
လက်ညီ လုပ်ခဲ့ကြလို့  ခဏလေးနဲ့ 
ပြန်ချမ်းသာလာတယ်

မြန်မာနိုင်င်ငံလည်း
အကြောင်းမကောင်းခဲ့ဘူး
မဖြစ်နိုင်တော့တဲ့ အရာကို အပြစ်ပြော ရွဲ့ စောင်း ပြီး ဆဲဆို
နေမဲ့အစား ထောက်ပြသင့်တာ စိတ်မဆိုးပဲ
ထောက်ပြ ဝေဘန်ပြီး တစ်နိုင်ငံလုံး
လုံ့ လ ဝိရိယပိုထုတ်ပြီး ကြိုးစားသင့်တယ်
ဘီယာဆိုင်ထိုင်ပြီး နိုင်င်ငံရေးမကောင်း
ကြောင်း ပြောနေတာတွေကတော့မကောင်းလှဘူး
ဂျပန်မှာ ဆူနာမီဖြစ်တော့ ကမ်းခြေမှာ မီးခံသေတ္တာအလုံးပေါင်း ၄၅၀၀ ကျော်နဲ့ ဒေါ်လာ ၇၅ သန်းကို ရတဲ့သူတွေက
ရဲစခန်းပြန်အပ်ပြီး ပိုင်ရှင်တွေဆီကို ပြန်
လည် ပို့ ဆောင်ပေးခဲ့တယ်
နာဂစ်ဖြစ်တော့ လက်ပြတ် နားရွက်ပြတ် အလောင်းတွေအများကြီးတွေ့ ခဲ့တယ် တချို့ နာဂစ်ဖြစ်တာ ချမ်းသာသွားကြတယ်
အဲဒါကိုဂုဏ်ယူဝင့်ကြွားစွာပြောကြတယ်
ဂျပန်က သူများပစ္စည်း အလကားမလိုချင်
ဘူး ဆုံရှုံးတဲ့ပိုင်ရှင် ဘယ်လောက်ထိ
အခက်အခဲဖြစ်မယ်ဆိုတာ ကိုယ်ချင်းစာ
တယ် မြန်မာနိုင်ငံကတော့ အလောင်း
တောင်ချမ်းသာမပေးဘူး ချွတ်ရတာကြာ
လို့  လက်တွေ နားရွက်တွေကိုတောင်
ဓားနဲ့ ခုတ်ဖြတ်သတဲ့
သူများပစ္စည်းကို မတရား လိုချင်တယ်
ဥရောပ က တိုးတက်တဲ့နိုင်ငံတွေက
လူတွေဟာ လူတစ်ယောက်ကို မြင်ရင်
အဆောင်အယောင်ကိုမမြင်ဘူး
အရည်အချင်းကိုပဲမြင်တယ်
လူကို လူချင်းပဲမြင်တယ် အရည်အချင်းရှိရင်
တန်ဘိုးထားဆက်ဆံကြတယ်
မြန်မာနိုင်ငံက ဆင်းရဲသားဆိုရင် လူမဟုတ်သလိုဆက်ဆံကြတဲ့
ဆင်းရဲတဲ့သူတွေဘာပြောပြော ဘာလုပ်လုပ်
ဘယ်သူမှတန်ဘိုးမထားဘူး
ချမ်းသာတဲ့သူတွေဆိုရင် ဘာလုပ်လုပ်
အောက်ကျပေးဆက်ဆံကြတယ်
ချမ်းသာသူတွေကလည်း အဲဒီလို မြှောက်
ပင့်ပေးမှုတွေအပေါ်မှာသာယာနေကြ
တော့ အလိုလို လူတန်းစားခွဲခြားသလို
ဖြစ်နေတယ်
ဥရောပကလူတွေက တခြားသူတွေကို
ဘာဖြစ်ဖြစ် ဘာလုပ်လုပ် စိတ်မဝင်စား
ဘူး ကိုယ်လုပ်မှ ကိုယ်ရမယ် ဆိုတာသိတယ်
မြန်မာနိုင်ငံမှာက သူဘာလုပ်ရင် ဘယ်လို
ပျက်အောင်လုပ်မယ် သူများအဆင်ပြေရင်
မုဒိတာပွားဖို့ ထက် မစ္ဆရိယ စိတ်ကပိုများ
တယ် သူတပါးပျက်စီးဖို့ ဆိုရင်
အောက်လမ်းပညာရပ်တွေသုံးပြီးတော့တောင်
ဖျက်ဆီးတက်တဲ့ထိ ယုတ်ညံ့ကြတယ်
စေတနာနဲ့ သတိပေးသူကို ပြန်ပြောတယ်
ဆုံးမတဲ့သူကို ပြန်ပြောတယ်
ကိုယ်မလုပ်နိုင်င်ရင် သူများမပြောနဲ့ ဆိုတဲ့
လွဲမှားတဲ့အယူအဆတွေပေါများတယ်
ကိုယ်ထက်သာရင်မနာလိုဘူး
ဥရောပကလူတွေက မစ္ဆရိယဆိုတာ
ဘာမှန်းမသိဘူး ဒါပေမဲ့ ကျင့်သုံးတယ်
မနာလိုတာမရှိဘူး သူများထက်ချမ်းသာ
ချင်ရင်အလုပ်ပိုလုပ်တယ်
မြန်မာနိင်ငံက မစ္ဆရိယ ဆိုတဲ့စိတ်ဟာ
မကောင်းမှန်းသိတယ် ဒါပေမဲ့ မုဒိတာ
မထားနိုင်ဘူး
မြန်မာနိုင်ငံအထက်တန်းကျစေဖို့ က
ရုပ်ဝတ္ထုမလိုဘူး
စိတ်ပိုင်းဆိုင်ရာ ပြည့်စုံဖို့ ပဲ
အဲဒါတွေကို နားလည်ရင်
ဒီမိုကရေစီဆိုတာ အော်နေစရာမလိုဘူး
အလိုလို ရပြီးသားပါ။
ဦးမြင့်​ခိုင်​။

လိမ်ညာတတ်တဲ့သူ (သို့) အမေရိကန်တို့ ရဲ့ အသည်းနှလုံးထဲကသူ

မလိမ်ညာတတ်တဲ့သူ (သို့) အမေရိကန်တို့ ရဲ့ အသည်းနှလုံးထဲကသူ
26 March 2017
***********************************************
တခါက အသက် ၆-နှစ်အရွယ်ရှိ လူကလေးတယောက် ရှိသည်။ တခုသော သူ့မွေးနေ့တွင် သူ့ဖခင်က သူ့ကို ပုဆိန်ကလေးတလက် လက်ဆောင်ပေးသည်။ လူကလေးမှာ ပုဆိန်ကို တခါမှ မပိုင်ဆိုင်ဖူးသဖြင့် အလွန်ကျေနပ်ဝမ်းသာသွားသည်။ ထိုနေ့တွင် ကျောင်းသွားသောအခါ ကျောင်းစာထဲ၌ စိတ်ပါဝင်စားခြင်း မရှိလှဘဲ ပုဆိန်အသစ်ကလေးဆီသို့သာ စိတ်ကရောက်နေသည်။
...
ကျောင်းဆင်းသည်နှင့် အိမ်သို့ တန်းပြန်လာခဲ့သည်။ ပုဆိန်အသစ်လေးကို ထုတ်ကြည့်ရင်း ပျော်ရွှင်နေမိသည်။ ပြီး သူ့ဘာသာ တကိုယ်တည်း ရေရွတ်သည်။
ကြည့်စမ်း၊ အသွားက ထက်နေတာပဲ။ လက်ကိုင်ရိုးကလဲ ကိုင်ရတာ အဆင်ပြေတယ်။ ဒီပုဆိန်လေးဟာ ဘယ်အရာကိုမဆို တိခနဲနေအောင် ဖြတ်တောက်နိုင်မှာပဲ။ ငါ တခုခုကို စမ်းပြီး ဖြတ်ကြည့်ဦးမှ။
သည်လိုနဲ့ လူကလေးသည် သူ့အိမ်အနောက်ဘက်ရှိ ခြံလေးထဲသို့ ခုန်ပေါက်ပြေးဆင်းသွားသည်။ ထို့နောက် ခြံထဲက အသေးငယ်ဆုံး သစ်ပင်တပင်ကို ရှာပြီး သူ့ပုဆိန်သစ်လေးနှင့် အားရပါးရ ခုတ်လေတော့သည်။ များမကြာခင် သစ်ပင်လေးမှာ သူခုတ်သည့်နေရာမှစ၍ အခေါက်များ၊ အသားများ ပဲ့ထွက်ကုန်သည်။ သစ်ပင်ခြေရင်း ပတ်ပတ်လည်၌ အခေါက်များ၊ သစ်စများ ပြန့်ကျဲနေပေတော့သည်။
သူသည် ယခုလို မိမိ ခုတ်ထစ်နေသည့်အတွက် သစ်ပင်လေးကို အသေသတ်နေသလို ဖြစ်နေကြောင်းကိုမူ သတိမပြုမိခဲ့ချေ။ သည့်နောက် သူသည် မောပန်းလာ၍ ပုဆိန်ကလေးအား စမ်းသပ်မှုကို ရပ်နားလိုက်ပြီး အိမ်ထဲပြန်ဝင်ကာ ညစာစားသည်။
ညစာစားပြီးနောက် ဖခင်နှင့်အတူ ခြံထဲဆင်းကာ သူ တနေ့တာ ကျောင်းမှာ ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူ့ဖခင်အား ပြန်လည်ပြောပြသည်။ သားအဖနှစ်ဦး စကားစမြည်ပြောရင်း ခြံထဲ ဟိုဟိုသည်သည် လျှောက်ကြည့်ရင်း ညနေခင်းက လူကလေး အစမ်းခုတ်ကြည့်ခဲ့သော သစ်ပင်ငယ်နား ရောက်သွားကြသည်။ သည်အခြင်းအရာကိုမြင်တော့ ဖခင်မှာ အလွန်အမင်း ဒေါသထွက်သွားသည်။
ဒါ ဘယ်သူလုပ်တာလဲ-ဟု ကျယ်လောင်စွာ အော်ဟစ်မေးလေသည်။
လူကလေးသည် သူ့ဖခင်နောက်ကွယ်နားမှာ ခပ်ရို့ရို့ကလေးနှင့် တုန်တုန်ယင်ယင် ဖြစ်နေရှာပေသည်။ သူ့ဖခင်က လူကလေးဘက်သို့ လှည့်၍ မေးသည်။
ဒါ ဘယ်သူလုပ်တယ်ဆိုတာ သား သိလား။ ငါသားလုပ်မယ်လို့ အဖေမထင်ဘူး။ ဟုတ်တယ်မလား သား..ဘယ်သူတွေလုပ်သွားတာလဲ အဖေ့ကိုပြော..
လူကလေးက အသံတိုးတိုးကလေးနှင့် ညင်ညင်သာသာ ပြောသည်။
အဖေ့ကို သား လိမ်မပြောချင်ပါဘူး။ အဖေ မွေးနေ့လက်ဆောင်အဖြစ်ပေးတဲ့ ပုဆိန်ကလေးကို သား စမ်းကြည့်တဲ့အနေနဲ့ သစ်ပင်ကို ခုတ်ကြည့်ထားတာပါ။
လူကလေး၏ဖခင်သည် လူကလေးကို အပြစ်ဒဏ် ပေးလိမ့်မည်ဟု ထင်ကြပေလိမ့်မည်။
သို့သော် ဖခင်သည် လူကလေးကို အပြစ်ဒဏ်မပေးခဲ့ပါ။ သားကို လက်နှစ်ဖက်နှင့် မ,ချီလိုက်ကာ ကြင်နာစွာ နမ်းလိုက်သည်။ ပြီး ၀မ်းသာအားရ ဆိုသည်။
သား အဖေ့ကို မလိမ်ညာဘဲ အမှန်အတိုင်း ပြောလို့ အဖေ ၀မ်းသာတယ်သား။ အဖေ့အနေနဲ့ သား လိမ်ညာစကား တခွန်း ဆိုတာကို ကြားရမှာထက် အဖေ့ရဲ့ ဟောဒီခြံထဲက သစ်ပင်တွေအားလုံး ဆုံးရှုံးသွားတာက ပိုကောင်းပါဦးမယ်သား။
သည်လိုနဲ့ လူကလေးသည် ရဲရင့်ပြီး ရိုးသားမြင့်မြတ်သော လူကောင်းလူတော်တယောက် အဖြစ် ကြီးပြင်းလာခဲ့သည်။ လူတိုင်းက သူ့ကို အမြဲပင် ယုံကြည်စိတ်ချကြသည်။ သူသည် စစ်တပ်ထဲတွင် ဗိုလ်ချုပ်ကြီးတဦး ဖြစ်လာရုံမျှမက သူ့တိုင်းပြည်၏ အကြီးမြတ်ဆုံးသော လူသားတဦးဖြစ်သည့် သမ္မတ ရာထူးကိုပင် ရရှိခဲ့သည်။ သူသည် စစ်တိုက်ကျွမ်းကျင်မှုတွင်လည်း ပထမ၊ ငြိမ်းချမ်းရေး ရယူရာတွင်လည်း ပထမ၊ သူ့တိုင်းပြည်ရှိ ပြည်သူလူထုများ၏ ရင်ထဲ နှလုံးသားထဲတွင်လည်း ပထမသမ္မတအဖြစ်နှင့် သမိုင်းတနေရာတွင် မော်ကွန်းတင်ခြင်း ခံရသည်။
သူကား အမေရိကန်သမ္မတ ဂျော့ခ်ျဝါရှင်တန် (၁၇၃၂-၁၇၉၉) ပင် ဖြစ်ပေ သည်။
ဘာသာပြန်သူ - အေးသီရိရွှေ
သုတဇုန်

သိက္ခာအတွက် ငဲ့ကွက်ပြီးမုဒိမ်းကောင်နဲ့ပေါင်းမလား

သိက္ခာအတွက် ငဲ့ကွက်ပြီးမုဒိမ်းကောင်နဲ့ပေါင်းမလား
------------------------------------------------------
တပ်မတော်နဲ့ပြောလည်ရေး၊ရင်ကြားစေ့ရေးဆိုတာ
တပ်မတော်ကိုလမ်းကြောင်းအမှန်အပေါ်
တွန်းတင်တာမဟုတ်ဘူး၊ ဆက်ပြီးမှားဖို့
အခွင့်အရေးပေးတာနဲ့တူတယ်၊

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကဆုံးဖြတ်ပြီး
စစ်ဆေးရေးအဖွဲ့တွေကိုစေလွတ်မဲ့ကိစ္စကို
မြန်မာအစိုးရကသူရဲဘောကြောင်စွာငြင်းဆိုလိုက်တယ်၊
ရှင်းရှင်းပဲပြောမယ်၊ ကိုယ့်ဘက်ကလူ့အခွင့်အရေးချိုးဖေါက်မှု
မရှိဘူးလို့ယုံကြည်ရင် ဘာစစ်ဆေးရေးအဖွဲ့ဖြစ်နေပါစေ
လက်မခံရဲစရာအကြောင်းမရှိဘူး၊
ကျနော်ကခပ်ရှင်းရှင်းပဲပြောမယ်၊
ဒီလိုပြောတာ အစိုးရကိုဆန့်ကျင်နေတာမဟုတ်ဘူး၊
အပြုသဘောဝေဖန်တာတည့်မတ်ပေးနေတာ၊
တစ်လျှောက်လုံးပြည်သူတွေအပေါ်မိုက်ရိုင်းလာတဲ့စစ်တပ်၊
လူ့အခွင့်အရေးချိုးဖေါက်မှုကိုချုပ်ငြိမ်းစေချင်လို့ဖြစ်တယ်၊
ဒါဟာပြည်သူအားလုံးအပေါ်မှာထားတဲ့စေတနာဖြစ်တယ်၊
စေတနာကိုနားမလည်သူတွေအတွက်ကတော့ဝေဒနာဖြစ်လိမ့်မယ်၊
တပ်မတော်နဲ့ရင်ကြားစေ့ရေးကိုမလိုချင်တာမဟုတ်ဘူး၊
ရင်ကြားစေ့ရေးထက်ပိုတဲ့ပြုပြင်ပြောင်းလဲရေး
Military Reform အစစ်အမှန်ကိုလိုချင်လို့ဖြစ်တယ်၊
လူ့အခွင့်အရေးကိုနားမလည်တာထက် သိသိကြီးနဲ့ဖေါက်ပြန်နေတဲ့
တဲ့တပ်မတော်နဲ့ရင်ကြားစေ့ရေးဆိုတာ ဥပမာပြောရရင်
မုဒိမ်းကျင့်တယ်ဆိုတာမတရားဘူးဆိုတာကိုသိသိကြီးနဲ့ကျင့်တဲ့ မုဒိမ်းသမားတစ်ယောက်ကိုမလိုချင်ပဲယူလိုက်ရတဲ့
မိန်းမတစ်ယောက်လိုအဖြစ်မျိုးဖြစ်တယ်၊
တကယ်လုပ်ရမှာက မုဒိမ်းသမားကိုဥပဒေအရ
ကျိုးစင်ကိုပို့ပြီးမှလူသားဘ၀ကိုရလာမဲ့ကလေးကို
သတ္တိရှိရှိမွေးဖွါးရဲတဲ့မိခင်လိုစိတ်ဓါတ်မျိုးဖြစ်တယ်၊
အခုတော့တပ်မတော်နဲ့ရင်ကြားစေ့ရေးဆိုပြီးကြွေးကျော်တဲ့
အမေနောက်ကိုပဲလိုက်နေကြသူတွေများနေတယ်၊
ဒါဟာစစ်မှန်တဲ့အေပြာင်းအလဲမဟုတ်ဘူး၊
ပုဂိုလ်ချင်တော့တရားကိုမင်တဲ့သဘောမျှသာဖြစ်တယ်၊
ဒါဟာဒီမိုကရေစီသမားတစ်ယောက်ကလုပ်ရမဲ့အလုပ်မဟုတ်ဘူး၊
ကုလသမဂ္ဂ လူ့အခွင့်အရေးစစ်ဆေးရေးအဖွဲ့တွေက
စစ်ဆေးတွေ့ရှိလို့ ဘယ်သူဘယ်ဝါဖြစ်စေ၊ဘယ်စစ်သား
ဘယ်စစ်ဗိုလ်ကပင်ဖြစ်စေချိုးဖေါက်မှုရှိလာခဲ့ရင်
ရဲရဲဝံ့ဝံ့အရေးယူ၇မဲ့သတ္တိအစိုးရမှာရှိဖို့လိုတယ်၊
ဒါဟာတပ်မတော်ကိုလမ်းမှန်ကိုပြန်လည်ရောက်
လာအောင်အကောင်းဆုံးတွန်းတင်ပေးမဲ့နည်းဖြစ်တယ်၊
ဒီလောက်မှမလုပ်ရဲရင်..အစိုးရဆိုတာနာမယ်ခံသက်သက်ပဲ၊
ခင်ဗျားတို့ကို..စစ်တပ်လက်အောက်ခံရုပ်သေးအစိုးရလို့
ပြောသူတွေတဖြေးဖြေးများလာတာကိုအထူးသတိထားပါလေ၊

အဆိပ်သင့်နေတဲ့မြန်မာပြည်

အဆိပ်သင့်နေတဲ့မြန်မာပြည်
-----------------------------
ဓလေ့ထုံးစံယဉ်ကျေးမှုကွဲပြားတာ၊
အသားအရောင်မတူတာနိုင်ငံသားတိုင်းသာမက
လူမျိုးတစ်မျိုးထဲမှာပင်ရှိတယ်၊
ဒါကိုနားလည်တဲ့ဒီမိုကရက်တစ်နီုင်ငံတွေမှာ
minority rights ကိုဥပဒေနဲ့ပြဌါန်းပေးပြီး
အကာအကွယ်ပေးတယ်၊ ကျင့်သုံးတယ်၊

မြန်မာ့နိုင်ငံမှာ ဥပဒေသာရှိပြီအကာအကွယ်မပေးဘူး၊
မကျင့်သုံးဘူး၊ လစ်လျှူရှူထားခဲ့တာကြာခဲ့ပြီ၊
minority rights ကိုဖွဲ့စည်းပုံထဲမှာသာထားရှိပြီး
majority rules ကိုအပြင်မှာလက်တွေ့ကျင့်သုံးတယ်၊
အကျိုးဆက်က ညီညွတ်ရေးတည်ဆောက်လို့မရဘူး၊
ဒါဟာ စစ်တပ်တစ်ခုတည်းကြောင့်မဟုတ်ဘူး၊
အတွေးအခေါ်လွဲချော်မှုရဲ့သက်ရောက်မှုတွေ
အများကြီးပါတယ်၊
We're always true ကို ဧကရာဇ်တွေခေတ်ကတည်းက
ကျင့်သုံးလာတာ ဒီနေ့မေမြို့ကျောင်းဆင်းတွေတောက်လျှောက်
အုပ်ချုပ်လာတဲ့အထိကျင့်သုံးနေတုန်းပဲ၊
ဒီနေ့ Facebook ခေတ်မှာတောင် ဓါတ်ပုံတွေနဲ့တိုင်းရင်းသား
စစ်ပြေးဒုက္ခသယ်တွေအကြောင်း၊ တိုက်ပွဲတွေအကြောင်း
တင်ပြပေးလာသူတွေရှိနေတာတောင် ကျနောတို့ ဒီမိုကရေစီ
အင်အားစုအများစု ignore မျက်ကွယ်ပြုခဲ့ကြတာမြင်နေရတာပဲ၊
ဒီတော့ဘာကိုပြနေသလည်းဆိုတော့ ကျနော်တို့ဟာ
ကိုယ့်အသွေးအသားဆိုတဲ့မြန်မာထိမှာနာတတ်တယ်
ဆိုတာ တစ်နေ့တစ်ခြားပိုပိုပြီးထင်ရှားလာတယ်၊
ကျန်တဲ့ကချင်၊ ကရင်၊မွန်၊ရှမ်းတွေဘာကြီးပဲဖြစ်ဖြစ်
ငါ့တို့အမျိုးအဆွေတွေမဟုတ်လို့နာစရာမလိုဘူးဆိုတဲ့
စိတ်ဓါတ်တွေလူအတော်များများမှာကိန်းအောင်းနေတာကို
တွေ့ရတယ်၊ ကုလားတွေဆိုရင်ပိုပြီးဆိုးတာပေါ့ဗျာ၊
ပြည်ထောင်စုစိတ်ဓါတ်ဆိုတာလက်တွေ့မှာတိမ်ကောနေတယ်၊
ဒီချုပ်အစိုးရကတောင်လူ့အခွင့်အရေးတွေချိုးဖေါက်မှုမရှိပါဘူးလို့
ကမ္ဘာသိကျေငြာပြီးပြောတယ်၊ ဒီထက်ရှင်းတာဘာရှိမလဲ၊
ဒီချုပ်အစိုးရကတောင်ဝန်ခံရဲတဲ့စိတ်ဓါတ်မရှိခဲ့ဘူး၊
we're always true ကိုလက်ဆင့်ကမ်းကျင့်သုံးတယ်၊
သူငယ်ချင်းတို့သေချာစဉ်းစားကြည့်..........
ကျနော်တို့တစ်တွေတော်လှန်ရေးနယ်မြေမှာနေတုန်းက၊
ကရင်ရွာသား၊ မွန်ရွာသား၊ ကရင်နီရွာသားတွေ
အတင်းအဓမ္မပြုကျင့်ခံခဲ့ရတာတွေကို သိခဲ့ရမြင်ခဲ့ရပြီးပြီပဲ၊
ဒါကြောင့် စစ်သားအားလုံးကိုမဆိုလိုပါ၊ စစ်သားရိုင်းတွေကိုပါ
ဖြစ်သလိုရယူစုဆောင်းထားရတဲ့မြန်မာ့တပ်မတော်ဟာ
အဓမ္မပြုကျင့်မှုတွေလုံးဝမရှိပါဘူးလို့ ဘယ်လိုလုပ်ပြီး
ယုံပေးလို့ရမှာလဲ၊
အမေပြောတိုင်းယုံတဲ့သူတွေရှိနေတော့ ခက်တာပဲလေ၊
ဒီအနေအထားကနေဖေါက်ထွက်ဖို့ဆိုတာဦးဆောင်တဲ့
အစိုးရအဆက်ဆက်ပေါ်မှာလုံးဝတည်နေတယ်၊
ပြီးတော့ကျနော်တို့ပြည်သူတွေရဲ့နဂိုမူလရှိနေတဲ့
majority is always true စိတ်ဓါတ်တွေကိုလည်းပြင်ရမယ်၊
ပြင်မလား မပြင်ဘူးလားဆိုတာတစ်ဦးချင်းစီနဲ့ပဲဆိုင်တယ်၊
ငြိမ်းချမ်းရေးကိုအမြန်လိုချင်ရင် ကျနော်တို့ရဲ့ရင်ထဲမှာ
ကိန်းအောင်းနေတဲ့အဆိပ်အတောက်တွေကိုအရင်
ထုတ်ပြစ်ရမယ်လို့ထင်တယ်၊



Ko Ko Oo

Thursday, March 23, 2017

ဆေးခါးကြီး ကို လှုပ်မသောက်မိသော အခါ ...


Thiha Thwe

ဆေးခါးကြီး ကို လှုပ်မသောက်မိသော အခါ ...
သီဟသွေး
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံရေး နဲ့ အတူ လှုပ်ရှားမှု အရှိန်အဟုန် အားကောင်းလာတဲ့ မွန်ပြည်နယ် ချောင်းဆုံ တံတား အမည် မှည့်ခေါ်ရေး ပြဿနာ ဟာ အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံရေး ကိုကျော်လွန်ပြီး ပြည်ထောင်စု အရေး၊ ဖယ်ဒရယ် အရေး ၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဟာဗျူဟာ အရေး အထိ နယ်ကျော်လာနေပြီဖြစ်ကြောင်း အံသြတကြီးတွေ့ ရှိလိုက်ရပါတယ် ။ ဒီ ပြဿနာ ဟာ အမှိုက်ကစလို့ ပြဿဒ် မီးလောင်တော့မယ့် အခြေအနေ ကို တမဟုတ်ချင်းရောက်ရှိစေခဲ့ပြီး ဒီလောက် အထိမြန်မြန်ရောက်ရှိလာရတဲ့ အကြောင်းကလည်း ၂၁ ရာစု ပင်လုံ ကြောင့် တိုင်းရင်းသားတွေ အကြားမှာ ဖယ်ဒရယ်ရေး အတွေးအခေါ် အားကောင်းလာတဲ့ အချိန်ဖြစ် သလို အခု အချိန်ဟာလည်း ကြားဖြတ်ရွေးကောက်ပွဲ အကြိုမဲဆွယ် ကာလ ပြိုင်ဘတ် ပါတီတွေ အကြား ပျော့ကွက် သတ်ကွက် နင်းကွက် ရှာနေတဲ့ အချိန်အခါ ဖြစ်နေတာ ကလည်း မီးလောင်ရာလေပင့်မယ့် အခြေအနေတွေပဲဖြစ်ပါတယ်။ NLD အာဏာ ရပြီးတဲ့ အချိန်ကစပြီး သမိုင်းကြောင်း မှေးမှိန်ပျောက်ကွယ်အောင်စနစ်တကျ ဖြောက်ဖျက်ခြင်းခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အထိမ်းအမှတ် ၊အမှတ်အသား သင်္ကေတ မှတ်တိုင်တွေကို ပြန်လည် စိုက်ထူပြီး ပြန်လည်ဖေါ်ထုတ်ဖို့ ကြိုးစားနေခဲ့ပါတယ် ။ ဒီ အစီအစဉ်အရ အခုဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွေကို အချို့နေရာတွေမှာ စိုက်ထူထားရှိနေကြပါတယ် ။ ဒီလို အချိန်အခါမှာ အရင်အစိုးရ လက်ထက်ကတည်းကဆောင်ရွက်ဆဲ စီမံကိန်းဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့ နဲ့ ချောင်းဆုံမြိုနယ် ဘီလူးကျွန်းကို ဆက်သွယ်ဆောက်လုပ်ထားတဲ့ ( မူလ အမည် သံလွင်တံတား/ ချောင်းဆုံ ) တံတားအသစ်ကို ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် အမည် မှည့်ခေါ်ဖို့ NLD အစိုးရ ဘက်က ဆုံးဖြတ်လိုက်ပါတယ်။ NLD အစိုးရသစ် အနေနဲ့ တံတားအမည်ကို ပြောင်းလဲခေါ်ဝေါ် ဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာတော့ အဲဒီ ဆုံးဖြတ်ချက်အပေါ်မှာ ဒေသခံ မွန်အမျိုးသား နိုင်ငံရေး သမားတွေ ဘက်ကနေ ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ စတင်ဆောင်ရွက်လာခဲ့ပါတယ်။ အစ ပထမပိုင်းမှာတော့ လူနည်းစုသာပါဝင်တဲ့ အတိုက်အခံ နိုင်ငံရေး ဆန်တဲ့ ကန့်ကွက်လှုပ်ရှားမှု အနေအထားလောက်သာဖြစ်ခဲ့ပါတယ် ။ သို့ပေမယ့် အခုလို မူလ သံလွင်တံတား အမည် ကနေ ဗိုလ်ချုပ်အောင်ဆန်း တံတား အမည်အဖြစ်ပြောင်းလဲဖို့ NLD အနေနဲ့အောက်ခြေမှာ အခြားသော ရှင်းလင်း စေ့စပ် ညှိနှိုင်းမှုတွေ မလုပ်တော့ပဲ ပြည်သူ့ လွှတ်တော်မှာ အဆိုတင် ပြီး မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တဲ့နောက်မှာတော့ တံတား အမည် ကန့်ကွက် လှုပ်ရှားမှုဟာ မွန်အမျိုးသား လှုပ်ရှားမှု အသွင်နဲ့ ကြီးထွားလာခဲ့ပါတယ် ။ ဒီလိုတံတား အမည် နဲ့ပတ်သက်ပြီး NLD အနေနဲ့လွှတ်တော် ထဲမှာ အဆိုတင် မဲ ခွဲဆုံးဖြတ်ရတဲ့ အထိ ပြင်းပြင်း ထန်ထန် အင်အားသုံး ပြီး ကန့်ကွက်မှုတွေကို တုန့်ပြန်ဆောင်ရွက်လိုက်ရတဲ့အပေါ်မှာ NLD ရဲ့ ခေါင်းဆောင်ပိုင်းက " နိုင်ငံရေး ဆေးခါးကြီး တိုက်လိုက်တယ်" ဆိုတဲ့ သဘောဖြေရှင်း ချက်ပေးပါတယ်။ ဆေးခါးကြီး ဆိုတဲ့ သဘောကတော့ အစွမ်းထက်သော်လည်း အဝင်ဆိုးတဲ့ ဆေး လို့ဆိုလိုတာပဲဖြစ်ပါတယ် ။ ခါးတူးလွန်းတဲ့အတွက် မျိုဖို့ ၊ သောက်ဖို့ ခက်မယ်၊ တွန့်ဆုတ် ခေါင်းခါချင်စရာဖြစ်မယ် ဆိုတဲ့သဘောပါ ။ မည်သို့ပင်ဆိုစေ အခုလို မူလ က တံတား အမည်ရှိနေလျက်သား နဲ့ ဗိုလ်ချုပ်အောင်ဆန်း တံတား အဖြစ် ပြောင်းလဲခေါ်ဝေါ်စေခြင်းဟာ ဆေးတခွက်လား ၊ ဒါမှ မဟုတ် ကန့်ကွက်မှုတွေကို လွှတ်တော်ထဲ မောင်းသွင်း နှိပ်ကွပ် လိုက်ခြင်း ဟာ ဆေးတစ်ခွက် လား ၊ဆိုတာ စဉ်းစားစရာ ဖြစ်သလို ဒီဆေးတွေက ဘာအတွက်လဲ ၊ ဘယ်လို အာနိသင် ရှိလို့ ဘယ်လိုအစွမ်းပြ အကျိုးပြုမှာလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ သို့သော်လည်း အမည်ပြောင်းလဲ မှည့်ခေါ်ရေး နဲ့ အဲဒီ ပြောင်းလဲ မှည့်ခေါ်မှုက ရမယ့်အကျိုးဆက်ကို ရည်ရွယ်သလား၊ ဒါမှမဟုတ် ဒေသတွင်း နိုင်ငံရေး မှာ ရှိနေတဲ့ ပြိုင်ဘက်ပါတီ တွေ နဲ့ အားပြိုင်မှုတွေ အပေါ်မှာ ရှိစေမယ့် အကျိုးသက်ရောက်မှု ကိုရည်ရွယ်သလားဆိုတာ မသဲကွဲပါဘူး ။ သေချာတာကတော့ ဒီဆေး ဟာ အသေအချာ နှံ့စပ်အောင် လှုပ် မထားဘူးဆိုတာပါပဲ ။ ဒါကြောင့် အသေအချာ လှုပ်မထားတဲ့ဆေး သောက်ပြီးနောက် ဘာတွေဖြစ်လာနေသလဲ ၊ ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာ ကြည့်ကြရအောင်ပါ။
ပထမဦးဆုံး အစိုးရဘက်က ဒီ ချောင်းဆုံ တံတား နာမည်ကို ဗိုလ်ချုပ်အောင်ဆန်း တံတား အဖြစ် ပြောင်းလဲသတ်မှတ်လို ခြင်း နဲ့ မွန်နိုင်ငံရေး လောက က ဦးဆောငိပြီး တဖက်က ဒီပြောင်းလဲမှုကို ကန့်ကွက် လိုခြင်း ဆိုတဲ့ ပဋိပက္ခကို ကြည့်မယ်ဆိုရင် ဒါဟာ ဒေသတွင်း နိုင်ငံရေး သြဇာ တုပြိုင်လွှမ်းမိုးနိုင်ရေး ကြိုးပမ်းမှု ဆိုတာထင်ရှားပါတယ် ။ မကြာမီ အချိန်လေး အတွင်းမှာပဲ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မယ့် ဒေသမှာ ဒီပြဿနာ က အခြေတည်နေတာဖြစ် သလို အချိန်အခါအားဖြင့်လည်း ပြိုင်ဘက်ပါတီတွေ အားပြိုင်ကြရတော့မယ့် အချိန်ကာလ ကိုရောက်ရှိနေခြင်းဟာလည်း ဒီ တံတားအမည် ကိစ္စကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချကြဖို့ မဟာ အခွင့်အရေးတစ်ရပ်လည်းဖြစ်လာပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက ကန့်ကွက်နေတဲ့ ဘက်က ဒီ ပြဿနာကို ဒေသခံတွေ ရဲ့ သဘောထားရယူဖို့ ပျက်ကွက်တဲ့ အခြေခံသဘောကနေ မွန်လူမျိုးတို့ ရဲ့ပြည်နယ်တစ်ခုအနေနဲ့ ဆန္ဒသဘောထား ပါဝင်ခွင့်ကို ငြင်းပါယ် ခံရတဲ့ ဖယ်ဒရယ် အခွင်အရေးဆိုင်ရာ နိုင်ငံရေး ပြဿနာ ၊မွန်တမျိုးသားလုံးရဲ့ ပြဿနာ အဖြစ် ပြောင်းလဲပစ်တဲ့ မဟာဗျူဟာ နဲ့NLD ရဲ့ရှေ့တိုး ဆောင်ရွက်မှုကို အတိုက်အခံ လုပ်ဖို့ ကြိုးစားလိုက်ပါတယ် ။ ဒါကို NLD က အဲဒီ ကန့်ကွက်မှု ကို လွှတ်တော်ထဲ ထည့်ပြီးချေမှုန်းဖို့ ကြိုးပမ်းလိုက်တာပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်တစ်ခုလုံးကိုခြုံငုံ လေ့လာကြည့်တဲ့အခါ NLD က မွန်ပြည်နယ် ရဲ့ တံတားအသစ် တစ်ဆင်းကို ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ သင်္ကေတ အဖြစ်ပြောင်းလဲဖို့ ကြိုးပမ်းလိုက်တာဖြစ်ပြီး ဒေသခံ မွန် တိုင်းရင်းသား နိုင်ငံရေး အင်အားစုက တံတား အမည်အပြောင်းအလဲ ကိစ္စကို မွန်အမျိုးသား အခွင့်အရေး ပြဿနာ၊ မွန်ပြည်နယ် အရေး ပြဿနာ အဖြစ်ပြောင်းလဲဖို့ ကြိုးပမ်းလိုက်ကြတာပဲဖြစ်ပါတယ်။ ဒီနေရာ မှာ ဘယ်ဘက်က အောင်မြင်ပြီး ဘာကြောင့်အောင်မြင်တာလဲ ဆိုတာ ကြည့်ကြရအောင်ပါ။
ပြဿနာ စလျှင်စချင်း NLD ရဲ့ အမြင်မှာ ကန့်ကွက်မှုဟာ အားမကောင်းလှရုံမက နောက်ကွယ်က ပြိုင်ဘက် နိုင်ငံရေး အင်အားစုတွေ ရဲ့ ကြိုးကိုင်လှုပ်ရှားမှုလောက်ပဲမြင်ထားပုံရပါတယ်။ ဒါကြောင့် စောစောဆီးဆီး ပွဲဖြတ်တဲ့ အနေနဲ့ မြွန်ပြည်နယ်ထဲက ဒေသခံတွေ နဲ့ဖြစ်ရတဲ့ ဒီပြဿနာကို နေပြည်တော်မှာရှိတဲ့ NLD အများစု လွှမ်းမိုးတဲ့ ပြည်သူလွှတ်တော်မှာ အဆိုတင်ပြီး အများစု မဲ အသာ နဲ့ ဗိုလ်ချုပ်အောင်ဆန်း တံတားအမည် မှည့်ခေါ်ရေး ဆုံးဖြတ်ချက်ကို အနိုင်ပေး ချမှတ်လိုက်ပါတယ်။ တကယ့် ပြဿနာက အဲဒီမှာ စ ပါတယ် ။ NLD ရဲ့ဒီကိစ္စရပ်အပေါ် ဆောင်ရွက်ချက်ဟာ မွန်ပြည်နယ်ရဲ့ အရည်အတွက် အားဖြင့် နည်းပါးသော ဒေသခံ လူနည်းစုက တင်ပြတဲ့ ကန့်ကွက်ချက် ကို အာဏရ ပါတီကြီးက နိုင်ငံတော်ရဲ့ အမြင့်ဆုံး ဥပဒေ ပြုရေး မဏ္ဍိုင် တစ်ခုဖြစ်တဲ့ ပြည်သူ့ လွှတ်တော်ထဲကို ခေါ်သွင်းပြီး အင်အားသုံး အနိုင်ယူ ပြလိုက်တဲ့ သဘောဖြစ်သွားတဲ့ အတွက် ဒေသခံ မွန်အမျိုးသားတို့ ရဲ့ စိတ်မှာ မခံချင်စိတ်တွေ ၊ အင်အားသုံးပြီး အခုလို အနိုင်ယူမှု အပေါ် တန်ပြန်တွန်းလှန်လိုစိတ်ကို ပေါက်ဖွားလာအောင် စေ့ဆော် ပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ဒေသတွင်း မှာရှိတဲ့ NLD ရဲ့ ပြိုင်ဘက်နိုင်ငံရေး အင်အားစုက ရည်ရွယ် ကြိုးပမ်းနေခဲ့တဲ့ တံတားအမည် ကန့်ကွက်မှုကို ဒေသခံ မွန်အမျိုးသား တွေရဲ့ ဆန္ဒသဘောထား ဦးစားပေးရေး အခြေခံပြီး ပြည်နယ်အခွင့်အရေးဆိုင်ရာတိုက်ပွဲ အဖြစ် အောင်မြင်စွာ ပုံဖေါ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ အရေအတွက်အားဖြင့် သောင်းဂဏန်းချီတဲ့ လွန်စွာများပြားသော မွန်ဒေသခံတွေ ပါဝင်လာလာကြတဲ့အတွက် အမျိုးသားလှုပ်ရှားမှု အသွင်ကို ရယူနိုင်ခဲ့ကြပါတယ် ။
ဆေးခါးကြီး ရဲ့အစွမ်းက အသေအချာလှုပ်ပြီး မတိုက်ခဲ့လို့ အစွမ်းအာနိသင် မပြနိုင်ပဲ ပြောင်းပြန်အကျိုးသက်ရောက်ကုန်တယ်လို့ပြောရမလိုပါပဲ။ မွန်ပြည်နယ်ထဲမှာ မမျှော်လင့်ပဲ NLD ကို နိင်ငံရေးအရ ဆန့်ကျင်ဖိအားပေးတဲ့ လှုပ်ရှားမှုကြီးတစ်ခုဟာ အချိန်တိုတိုလေးအတွင်းမှာပေါက်ဖွား အားကောင်းလာပါတယ် ။ ဒီပြဿနာ ဟာ ဒီမှာတင် ရပ်သွားမှာ မဟုတ်ပဲ တိုင်းပြည် ရဲ့ အနာဂတ်နိုင်ငံရေးမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေမှာဖြစ်သလို NLD အတွက်လည်း ကြီးမားတဲ့ စိန်ခေါ်အားပြိုင်မှုတစ်ခုအတိုက်အခံ နိုင်ငံရေး အင်အား တစ်ခု ကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ် ။ အဲဒါကတော့ တိုင်းရင်းသား နိုင်ငံရေး အင်အားစု တွေ နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရေး ဒုတိယ နိုင်ငံရေး စစ်မျက်နှာ ပဲဖြစ်ပါတယ်။ အများစုက ဒီပြဿနာကို လက်တလော ပြဿနာတစ်ခု အဖြစ်ရှုမြင်နေကြပြီး မွန်ပြည်နယ်အတွင်း က နိုင်ငံရေး ပယောဂ ကြောင့်သာ အခုလိုဖြစ်ရတယ်လို့ သတ်မှတ် ယူဆကြပါတယ်။ NLD. အနေနဲ့ အဲဒီလိုယူဆရင်တော့ မှားပြီလို့ပြောချင်ပါတယ်။ တကယ်တော့ အခုလိုဖြစ်လာရတာဟာ ၂၀၁၃ ခုအလွန်မှာ NLD အနေနဲ့ တဖြည်းဖြည်း မဟာမိတ် ဆက်ဆံရေး များစွန့်လွှတ်ပြီး ပါတီကြီးဝါဒဘက် ကို ယိမ်းယိုင်လာတာက စပါတယ်။ ကြံ့ခိုင်ရေး အာဏာရ ခေတ်မှာ NLD ဟာ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီး လွှတ်တော်ထဲကို ပမာဏအနည်းငယ် အင်အား နဲ့ ရောက်လာခဲ့ပါတယ်။ လွှတ်တော်အတွင်းက ကြံ့ခိုင်ရေး ခေါင်းဆောင်အချို့ကို မဟာမိတ်ပြုပြီး လွှတ်တော်ထဲမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး ၊၄ ပွင့်ဆိုင်ဆွေးနွေးရေး ကိစ္စတွေကို အဓိက ထားဆောင်ရွက်ခဲ့ပါတယ် ။ အဲဒီအချိန်ကတည်းက တချိန်က မဟာမိတ်အဖြစ် ပူးပေါင်း ရပ်တည်ခဲ့ကြတဲ့ တိုင်းရင်းသားပါတီတွေ နဲ့ ဘေးတိုက်ညှိနိုင်းဆက်သွယ်ဆောင်ရွက်မှုတွေ မရှိသလောက်ဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလ ကို ရောက်ရှိလာလို့ ရွေးကောက်ပွဲအတွက်ပြင်ဆင်ကြတဲ့ အခါမှာ ၁၉၉၀ ရွေးကောက်ပွဲ တုန်းကလို တိုင်းရင်းသား မဟာမိတ် ပါတီတွေ နဲ့ ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်လို့ ထင်မှတ်ထားကြပေမယ့် နောက်ဆုံးမှာ အများစုသော တိုင်းရင်းသားဒေသတွေမှာ NLD က ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါကြောင့် အထူးသဖြင့် ရှမ်းပြည်နယ်ထဲမှာ အရင် ၁၉၉၀ ရွေးကောက်ပွဲ ကာလက မဟာမိတ် အဖြစ် ရပ်တည်ဆက်ဆံခဲ့ကြတဲ့ ရှမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မှာ NLD နဲက ပြိုင်ဘက်တွေ အဖြစ် ယှဉ်ပြိုင်ရွေးကောက်ခံခဲ့ကြပါတယ်။ပြောမယ်ဆိုရင် တိုင်းရင်းသား ပြည်နယ်တွေ မှာ ဒေသခံတိုင်းရင်းသားတွေ ထူထောင်ထားတဲ့ ပါတီငယ်လေးတွေကို အမှုမထားပဲ နေရာ အားလုံးရယူသိမ်းပိုက်နိုင်ရေးကို ဦးတည်ခဲ့ပါတယ်။ NLD ဘက်က ဒီလို ပါတီကြီး ဝါဒ ဆန်ဆန် သဘောထားဆောင်ရွက်ခဲ့ ရုံတင်မက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ရဲ့ အကျိုးဆက်အဖြစ် ဖြစ်ပေါ်ဖွဲ့စည်းခဲ့တဲ့ CRPP ခေါ် လွှတ်တော်ကိုယ်စားပြု ကော်မတီ မှာ ပါဝင်ခဲ့ တဲ့ တိုင်းရင်းသား မဟာမိတ်ပါတီတွေ အပေါ် တိကျတဲ့ မူဝါဒ နဲ့ ပေါင်းစည်းဆက်ဆံခြင်းမပြုတော့ပဲ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီးလို့ အစိုးရ ဖွဲ့ နိုင်ပြီးတဲ့နောက်ပိုင်းမှာ ပိုပြီး ဆက်ဆံရေးတွေ အေးစက်သွားခဲ့ပါတယ် ။ ဒါကြောင့် NLD ရဲ့ စီမံ အုပ်ချုပ်ရေး ကဏ္ဍတွေ၊ ငြိမ်းချမ်း လုပ်ငန်းစဉ်တွေ ဖယ်ဒရယ်အရေး ကိစ္စတွေမှာ တိုင်းရင်းသားပါတီတွေ ဘက်က ပူးပေါင်းကူညီဆောင်ရွက်တဲ့ သဘောထက် သီးခြား အင်အားစု တစ်ရပ်အနေနဲ့ပဲ ရပ်တည်ပြီး လိုအပ်ပါက NLD ကို နိုင်ငံရေး အရ ဖိအားပေးတဲ့ ဆောင်ရွက်မှုတွေတောင်ရှိလာခဲ့ပါတယ်။ ဒီနေရာမှာ စဉ်းစားရခက်တဲ့ အချက်က NLD အနေန့ ဘာကြောင့်များ တိုင်းရင်းသား မဟာမိတ်တွေ ကို စွန့်လိုက်လိုက်သလဲ ဆိုတာပါပဲ။ တိုင်းရင်းသားပါတီတွေ ဘက်က ဒီအချက်ကို ပြန်တွေးတဲ့ အခါမှာတော့ NLD ဟာ တိုင်ရင်းသားနိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေကို ရင်ပေါင်တန်း ပူးပေါင်းဆောင်ရွက်ခွင့်မပေးလိုပဲ သာမန်တိုင်းရင်းသားပြည်သူတွေကိုသာ ဒေါင်လိုက်ပူးပေါင်းစေပြီး NLD ရဲ့ ဦးဆောင်မှု အောက်ကိုသာ ဝင်ရောက်စေလိုတဲ့ သဘောထားဆောင်ရွက်ချက်ဖြစ်တယ်လို့ ခံစားနားလည်သွားစေပါတယ်။ ဒီလို ဖြစ်လာရခြင်း ရဲ့ အကျိုးဆက်ကတော့ ပြည်နယ်တွေမှာ အခြေပြု အားပြုရပ်တည်တဲ့ တိုင်းရင်းသား ပါတီတွေဟာ တဖြည်းဖြည်း နဲ့ NLD ရဲ့ ဒေသတွင်း အတိုက်အခံ အင်အားစုတွေဖြစ်လာပါတယ်။ အခုဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ မှာ NLD တိုင်းရင်းသား မဟာမိတ်ပြိုကွဲမှုကြောင့် ရခိုင်ပြည်နယ် လွှတ်တော်နဲ့ ရှမ်းပြည်နယ် လွှတ်တော်တွေမှာ တိုင်းရင်းသား ပါတီ တွေက အများစု အနိုင်ရပြီး လွှမ်းမိုးထားနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ် ။ ဒါကြောင့် အခု မွန်ပြည်နယ်ချောင်းဆုံ တံတား အရေးဟာ မွန်ပြည်နယ်ကို ရှမ်းပြည် နဲ့ ရခိုင်ပြည် အနေအထားမျိုးရောက်အောင်တွန်းပို့လိုက်သလိုဖြစ်သွားရုံမက ရခိုင် နဲ့ ရှမ်းမှာရှိတဲ့ ပြည်သူတွေကိုလည်း ၂၀၂၀ မှာ ဒေသခံ တိုင်းရင်းသား ပါတီတွေ အနေနဲ့ ဗမာ ပါတီကြီးတွေကို အခုထက်ပိုပြီး အပြတ်အသတ် အနိုင်ရမှဖြစ်မယ်ဆိုတဲ့ နှိုးဆော်ချက်ကိုဖြစ်ပေါ်စေပါတယ်။ အခု တံတား ကိစ္စဖြစ်ပေါ်လာပြီး ဒေသခံတိုင်းရင်းသား တွေက ကန့်ကွက် ဆန့်ကျင်မှုတွေ ဆန္ဒ ထုတ်ဖေါ်မှုတွေ လုပ်တယ် ၊အာဏာရ ပါတီ NLD ကလည်း အင်အားသုံးပြီး နိုင်ငံရေး အရ တိုင်းရင်းသားတွေ အပေါ်မှာ အနိုင်ယူဖို့ ကြိုးစားလိုက်ခြင်းဟာ နိုင်ငံရေးလုပ်ကွက် ရရှိရေး နဲ့ ဒေသတွင်း သြဇာထူထောင်ဖို့ ရည်မှန်းချက်ထားပြီး ချက်ကောင်းစောင့်နေတဲ့ တိုင်းရင်းသား ပါတီတွေ အတွက် မဟာအခွင့်အရေးကြီးဖြစ်ခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲချုပ် ခေါင်းဆောင်တစ်ဦးက NLD အနေနဲ့ တံတား အမည်ပေးရေး ကိစ္စကို လွှတ်တော် အင်အားသုံးပြီး ဆောင်ရွက်လိုက်တဲ့အပေါ်မှာ ထောက်ပြပြီး အခုနေ NLD က လွှတ်တော် အင်အားသုံးပြီး ရှမ်းပြည်နယ်က တောင်ကြီးမြို့ ကို အမည်ပြောင်းဖို့ကြိုးစားခဲ့မယ်ဆိုရင် သူ့ အနေနဲ့ ဘာမှ တတ်နိုင်မှာ မဟုတ်ကြောင်းပြောပြီး လှလှ ပပ နိုင်ငံရေး အမြတ်ထုတ်ပြသွားပါတယ်။ ဒီစကားဟာ ဒေသခံ မဲ ဆန္ဒရှင်တွေကို နောင်လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာ ဘယ်ပါတီကို မဲပေးရမလဲဆိုတဲ့ စဉ်းစားဆင်ခြင်မှုကို အခုကတည်းကဖြစ်ပေါ်သွားစေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် NLD အနေနဲ့ မဆိုစလောက်အချိန်လေး ကျန်ရှိတုန်း တံတား ပြဿနာ ပတ်သက်ပြီး ဒေသခံတွေရဲ့ ဆန္ဒ သဘောထားအပေါ်အလေးထားမှုကိုပြသတဲ့ ဆောင်ရွက်ချက်တစ်ခု ၊ ဖြေရှင်းချက်တစ်ခုခု ကို ထိထိရောက်ရောက် လုပ်ပြနိုင်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ အဲဒီလို မလုပ်ဖူးဆိုရင်တော့ ပြည်နယ် အသီးသီးမှာရှိနေတဲ့ တိုင်းရင်းသား ပါတီတွေ အားကောင်းလာမှာ အသေအချာပဲဖြစ်သလို ဒေသခံမဲ ဆန္ဒ ရှင်တွေ ရဲ့ ရွေးချယ်မှုဟာလည်း ကိုယ်အိတ်ထဲဖိတ် တာ အကောင်းဆုံးပါလို့ တွေးပြီးရွေးချယ်သွားမှာ သေချာပါတယ်။ ဒါကြောင့် အခြေခံ ဥပဒေ အရ လွှတ်တော်မှာ အပိုင်ရရှိထားတဲ့တပ်မတော်၂၅% + အပေါင်း အဓိက ပြိုင်ဘက် ကြံ့ခိုင်ရေး ၃၀% ညီမျှခြင်း = အစိုးရဖွဲစည်း အာဏာသိမ်းယူနိုင်ခြင်း ဆိုတဲ့ ဖေါ်မြူလာ ရှိနေသမျှ NLD အနေနဲ့ ၂၀၂၀ မှာ ဒုတိယ သက်တမ်း အဏာ ဆက်လက်ဆွဲကိုင်ထားနိုင်ဖို့ဆိုရင် တိုင်းရင်းသားဒေသတွေမှာ အခုထက် မလျော့တဲ့ မဲ ဆန္ဒနယ်အရေအတွက်ကို ပိုင်ဆိုင်အနိုင်ရနိုင်ဖို့ အမှန်တကယ် လိုအပ်ပါတယ် ။
အခုဆိုရင် မွန်ပြည်နယ် သံလွင် ချောင်းဆုံ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတား အဖြစ် ပြောင်းလဲခေါ်ဝေါ်ရေး ကိစ္စ အကြောင်းပြုပြီး မွန် တိုင်းရင်းသားတွေ ရဲ့ အုံကြွမှုကို ဖိတ်ခေါ်လိုက်သလိုဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီလိုပဲ ကြားဖြတ်ရွေးကောက်ပွဲ ကလည်း အဲဒီ ချောင်းဆုံ ဒေသမှာ လွန်စွာ နီးကပ်နေပြီဖြစ်ပါတယ်။ အဲဒီ နေရာမှာ ဆောင်ရွက်နေတဲ့ NLD ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရေး အနေအထားဟာ အခုလို တံတား ကိစ္စ အုံကြွ ကန့်ကွက်မှုကြောင့် စညိးရုံးရေး ထိခိုက်ကျဆင်းမှုတွေ ရှိနေတာတွေ့မြင်နေရပြီဖြစ်ပါတယ်။ ဒါဟာစိုးရိမ်စရာ အနေအထားပဲဖြစ်ပါတယ်။ NLD အနေနဲ့ ရှမ်း နဲ့ ရခိုင် လို မွန်ပြည်နယ် ကို လက်လွှတ် ရတော့မလားဆိုတာ ရင်ခုန်စရာ ၊ စိတ်ပူပန် စရာပါ ။ ဘာပဲ ပြောပြော မည်သူ မပြု မိမိမှုပဲဖြစ်ပါတယ်။ NLD အနေနဲ့ မိမိ တို့ရည်မှန်းချက် ဘယ်လောက်ကောင်းသည်ဖြစ်စေ အဲဒီရည်မှန်းချက်တွေကို အကောင်အထည်ဖေါ်ရာမှာ ဘေးထွက်ဆိုးကျိုး တွေ များလွန်းတာဟာ မိမိ တို့ လုပ်နည်းလုပ်ဟန်အပိုင်းမှာ မှားယွင်းမှု ၊ ချို့ယွင်းမှု တွေ ရှိနေ ပြီဆိုတာကိုတော့ အားမနာတမ်း ပြန်လည် သုံးသပ်ကြပါမှဖြစ်ပါတော့မယ်။ ဒါကြောင့် အခု လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ကို အသေအခြာ စောင့်ကြည့်လေ့လာထားကြဖို့လိုပါတယ် ။ ဒီ ကြားဖြတ်ရွေးကောက်ပွဲ ဟာ ရှေ့ပြေးသင်္ကေတဖြစ်ပါတယ်။ အကယ်၍များ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ အခုလို ဒေသခံ နဲ့ NLD အကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ ရုန်းကန် ဆန့်ကျင်မှု အပေါ်မှာ ပြန်လည် သဟဇာတဖြစ်မယ့် ဆောင်ရွက်ချက်မျိုးတွေ၊ စေ့စပ် သင့်မြတ်ရေး အစီအမံမျိုးတွေ အကောင်အထည်ဖေါ် ကုစားနိုင်ခြင်း မရှိခဲ့ဘူးဆိုရင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မှာတစ်တိုင်းတပြည်လုံး ဆေးခါးကြီး သောက်ကြရမှာ မလွဲပါကြောင်း အပူတပြင်း သတိပေးလိုက်ပါရစေ ။ သေချာတာကတော့ အဲဒီ အချိန်သောက်ရမယ့်ဆေးခါးကြီး က အသေအချာ လှုပ်ပြီးမှ တိုက်တဲ့ ဆေးခါးကြီး ဖြစ်မှာမို့ အာနိသင်ကတော့ တပြည်လုံး ကော့ပျံနေအောင် ပြင်းပါလိမ့်မယ် ။
The Speaker Vol1. No18

မြေဇာပင်ဘဝက လွတ်ပါရစေ

မြေဇာပင်ဘဝက လွတ်ပါရစေ
---------------------------------
တခါတရံမှာ နှစ်ဦးနှစ်ဘက်လုံး မှန်တယ်ထင်ရတဲ့
ုပြဿနာမျိုးတွေ လူ့ လောကမှာ ပေါ်ပေါက်တက်ပါတယ်
မြန်မာ့နိုင်ငံရေးဟာ ရှုတ်ထွေးပွေလီလှသလို
အင်မတန်နူးညံ့သိမ်မွေ့ စွာနဲ့  ဖြေရှင်းမှပဲ
ရနိုင်ပါတော့မယ်
သူမှန်တယ် ငါမှန်တယ် ငြင်းခုန်နေကြတာကြောင့်
ပြဿနာ ဖြစ်ရတာပါ တကယ်တော့ နှစ်ဦးစလုံး
နည်းနည်းစီ လျှော့မှ ပြေလည်ပါလိမ့်မယ်
ရဟန်းပညာရှိတွေ လူပညာ ရှိတွေဟာ
နှစ်ဘက်စလုံးမှာ ပါနေတဲ့အတွက်
စဉ်းစားစရာကောင်းလှသလို
နှစ်ဘက်စလုံးကလည်း မြန်မာနိုင်ငံ တိုးတက်ဖို့ 
ဘာသာ သာသနာမပျောက်ဖို့ ဆိုတဲ့ ရည်ရွယ်
ချက်တွေ တူနေတဲ့အတွက် ပြဿနာမဖြစ်သင့်ပါဘူး
တခါတရံမှာ ဒါမျိုးတွေဖြစ်တတ်ပါတယ်
လူတွေရဲ့ အတိတ်ကံညံ့ဖျင်းပြီး သူတော်ကောင်း
တွေနည်းပါးလာတဲ့အခါ ဒီလိုမျိုးတွ ဖြစ်တတ်ပါတယ်
လူတွေ ပျက်စီးတော့မယ်ဆိုရင်
ဘုရားရှင်တောင်မျက်နှာလွဲရတဲ့
အခြေအနေတွေရှိခဲ့ဘူးပါတယ်
ပျက်စီးတော့မဲ့ လူတွေဟာလည်း ပြောင်းပြန်မြင်တက်ပါတယ်
တရားချလို့  မရနိုင်တဲ့အချိန်အခါမျိုးမှာ
အထူးသတိထားသင့်ပါတယ်
သူတော်ကောင်းတွေ မသိချင်ယောင်ဆောင်လာပြီဆိုရင်
သတိထားကြပါ
ငါ့အယူအဆမှ အမှန် လို့ လက်ခံထားရင်တော့
ပြည်သူတွေ မြေဇာပင် ဖြစ်နိုင်ပါတယ်
ဒီအချိန်မှာ
မျက်နှာချင်းဆိုင်ဖြေရှင်းပါ
နည်းနည်းစီလျှော့ပါ
နားလည်မှု့ယူပါ
စည်းလုံးညီညွတ်ပါ
အတိတ်မှာ ဖြစ်ခဲ့ဘူးတဲ့
ပဋိပက္ခမှန်သမျှဟာ
ငါ မှန်တယ်ထင်လို့  ဖြစ်ခဲ့ကြတာချည်းပါပဲ
နိုင်ငံ့ခေါင်းဆောင်များရော
ဘာသာရေးခေါင်းဆောင်များပါ
အပြောအဆို ဆင်ခြင်ကြပါ
မိမိတို့ ပြောဆိုတဲ့ စကားတစ်ခွန်းရဲ့ နောက်ကွယ်များ အသိဥာဏ်နည်းပါးသူများ
အကုသိုလ် အတုံးလိုက် အတစ်လိုက်
တက်ကြရတာကို သတိပြုကြပါ
အရင်တုန်းကလည်း
မြေဇာပင်ဖြစ်ခဲ့ဘူးတဲ့ ပြည်သူတွေ
အခုလည်း
မြေဇာပင်ထပ်ဖြစ်ဦးမယ်ဆိုရင်တော့
မိအေး နှစ်ခါ နာ ဖြစ်နေပါပြီ
ထိပ်တိုက်ဖြေရှင်းပါ
ဥာဏ်ကြီးသူများရဲ့ အကြံဥာဏ်ကို ရယူပါ
လေးစားလောက်သူများရဲ့ သြဇာကို နာခံပါ
နားလည်မှု့ ရအောင်ယူပါ
မြန်မာနိုင်ငံ နဲ့ 
ဗုဒ္ဓဘာသာဆိုတာ
ကမ္ဘာတည်သ၍
တည်တံ့ပါရစေ လို့ 
တောင်းဆုခြွေပါရစေ
ဦးမြင့်ခိုင်

ခွင့်လွှတ်ပါ မဟတ္တမဂန္ဓီ

Nge Naing
ခွင့်လွှတ်ပါ မဟတ္တမဂန္ဓီ
ကျွန်မဟာ ပုထုဇဉ်လူသားမို့ မနာလိုခြင်း အလျဉ်းမရှိသူလို့ မပြောလိုပေမဲ့ ဗြဟ္မ၀ိဟာရတရား လေးပါးထဲမှာ ကျွန်မ အချမ်းသာဆုံးဟာ မုဒိတာလို့ ပြောလို့ရပါတယ်။ လူတွေကို ရှုမြင်တဲ့နေရာမှာ စိတ်ဓာတ်၊ အကျင့်သီလ ကောင်းမကောင်းကို ကြည့်ပြီး အထင်ကြီးခြင်း၊ လေးစားခြင်း၊ အားကျခြင်းအပေါ် မူတည်ကာ ချစ်ခြင်း၊ မုန်းခြင်း နှစ်သက်ခြင်း၊ သဘောကျခြင်းတွေနဲ့ ခွဲခြားတတ်သူဖြစ်ပြီး တပြေးညီသဘောမထားနိုင်လို့ ကျွန်မမှာ မေတ္တာမှာ ဆင်းရဲပါတယ်။ ဆင်းရဲတာကို ချမ်းသာလာအောင် ဘုရားအဆုံးအမတွေနဲ့ ဖြည့်ဆည်းရင်းနဲ့ အခုတော့ နဂိုမူရင်း ချမ်းသာနေတဲ့မုဒိတာက ပုဂ္ဂိုလ်တဦးအပေါ်မှာ ယုတ်လျှော့လာတာကို တွေ့ရတယ်။ မြန်မာပြည်မှာ အခုလက်ရှိ ဆက်တိုက် ဖြစ်လာနေတဲ့ အကြောင်းအရင်းတွေက ကျွန်မရဲ့ အတွင်းအဇ္ဈတ္တအထိ ထိခိုက်တဲ့အထိ ဖြစ်လာပါတယ်။
၁၉၉၈ ခုနှစ်၊ အောက်တိုဘာတုန်းက အိန္ဒိယနိုင်ငံ၊ ကရလယ်ပြည်နယ်က ကိုချင် (Cochin) ဆိုတဲ့မြို့လေးမှာ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ကိုယ်စားလှယ်တဦးအနေနဲ့ အကြမ်းမဖက်နည်းလမ်းနဲ့ ပတ်သက်တဲ့ နှီးနှောဖလှယ်ပွဲတခုကို သွားတက်ခဲ့ဖူးပါတယ်။ အဲဒီအစည်းအဝေးက ပြန်တော့ အိန္ဒိယနဲ့ ပတ်သက်ပြီး ကျွန်မအသိအမြင်သစ်တွေ အများကြီး ရခဲ့ပါတယ်။ အခက်အခဲအမျိုးမျိုးကြားက အိန္ဒိယဗီဇာရသွားတာနဲ့ နှီးနှောဖလှယ်ပွဲဆိုတာထက် ကျွန်မစိတ်ထဲမှာတော့ ဘုရားပွင့်တဲ့ နိုင်ငံကို ရောက်ဖူးတော့မယ်ဆိုပြီး တော်တော်လေး ပျော်သွားတယ်။ အိန္ဒိယနိုင်ငံလို့ ပြောလိုက်တာနဲ့ ကျွန်မအသိထဲမှာ ဘုရားပွင့်တဲ့နိုင်ငံ ဖြစ်သလို မျက်စိထဲမှာ မြင်မိတဲ့ အမှတ်အသားကလည်း မြတ်စွာဘုရားပုံပါပဲ။
ဒီလိုနဲ့ ထိုင်းကနေ ခရီးထွက်လာလိုက်တာ အစည်းအဝေး ကျင်းပရာ ကိုချင် (Cochin) ဆိုတဲ့ မြို့လေးကို ရောက်ဖို့အတွက် ဘန်ကောက်ကနေ ကလကတ္တားနဲ့ ဘုံဘေမှာ လေယာဉ်ပြောင်းစီးရပါတယ်။ Transit မဟုတ်ပါ Transfer ပါ။ မနက်အစောကြီး Cochin ကိုရောက်ပါတယ်။ အစည်းအဝေးကျင်းပတဲ့ အဖွဲ့က အမျိုးသမီးတဦးက ကျွန်မကို လေဆိပ်မှာ လာကြိုပါတယ်။ (နာမည်မမှတ်မိ) တွေ့တာနဲ့ အချင်းချင်း မိတ်ဆက် သာလားမာလားစတဲ့ လောက၀တ် စကားတွေ ပြောပြီးကားပေါ်တက်ချိန်ကနေ အဲဒီအမျိုးသမီး ရေပက်မ၀င်နဲ့ ပြောလိုက်တဲ့စကား တခွန်းမှ အမျိုးသမီးရေးရာကိစ္စလည်း မပါဘူး၊ ကျွန်မ မျှော်လင့်ထားတဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာလည်း တခွန်းမှ မပါဘူး။ သူပြောလိုက်တာ လေဆိပ်ကနေ ဟော်တယ်အရောက် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ မဟတ္တမဂန္ဓီရဲ့ ကြီးမြတ်တဲ့သမိုင်း သက်သက်ပဲ။
ကားပေါ်စထိုင်ကတည်းက ကျွန်မကလည်း ခရီးပန်းလာလို့ တော်တော် အိပ်ငိုက်နေပြီ သူပြောတာ ကြားတချက် မကြားတချက်ပဲ အာရုံသိပ်မလာဘူး။ တနေရာရောက်တော့ "တွေ့လား အဲဒါ မဟတ္တမဂန္ဓီပန်းခြံပေါ့" လို့ ကားမှောင်းရင်း သူမေးငေါ့ပြလိုက်တဲ့ လမ်းတဘက်ကို ကြည့်လိုက်တော့ မျက်ခင်းစိမ်းစိမ်းကွင်းထဲမှာ ကုကိုလ်ပင်လို သစ်ပင်အကြီးနဲ့ တခြားအပင်အသေးတွေ သွယ်တန်း စိုက်ထားသလို ကွင်းရဲ့ တနေရာမှာ လှပသေသပ်တဲ့ ရောင်စုံ အလှပင်ငယ်မျိုးစုံနဲ့ တန်ဆာဆင်ထားပြီး မဟတ္တမဂန္ဓီရဲ့ ရုပ်ထုကို ခန့်ခန့်ညားညား တွေ့လိုက်ရလို့ စိတ်ရော မျက်စိပါအနည်းငယ် ပြန်ကြည်သွားပါတယ်။
ကျွန်မက "တော်တော်သားနားတာပဲနော့် ငါတို့မြန်မာပြည်မှာလည်း အဲလိုပဲ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့ ပန်းခြံ ရှိတယ်, သိလား ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေလေ" လို့ ဗိုလ်ချူပ်ပန်းခြံကို အပြင်မှာ မြင်ဖူးပေမဲ့ စိတ်မှန်းနဲ့ မြင်ယောင်ပြီး ပြောပြလိုက်တယ်။ ဒီတော့ သူက ဟုတ်လား ဘယ်နှစ်ခုရှိလဲလို့ မေးတော့ ကျွန်မဘာဖြေရမှန်း မသိတာနဲ့ ရန်ကုန်မှာရှိတယ်၊ တခြားမြို့ကြီးတွေမှာလည်း ရှနိုင်တယ် ဒါပေမဲ့ ဘယ်နှစ်ခုမြို့မှာ ရှိတယ်ဆိုတာတော့ ကျွန်မ မသေချာဘူးလို့ပဲ ပြန်ဖြေလိုက်ရတယ်။ ဒါနဲ့ သူက ငါတို့အိန္ဒိယမှာ မဟတ္တမဂန္ဓီပန်ခြံ၊ မဟတ္တမဂန္ဓီ ကျောက်တိုင်၊ မဟတ္တမဂန္ဓီ ရုပ်ထု၊ မဟတ္တမဂန္ဓီလမ်း ဆိုတာ မြို့တိုင်းမြို့တိုင်းမှာ တမြို့မကျန် ဂုဏ်ပြုထားတယ် ဆိုတဲ့အကြောင်း၊ ကျောင်းတွေမှာ မဟတ္တမဂန္ဓီကို နေ့တိုင်းအလေးပြု သစ္စာအဓိဋ္ဌာန်ဆိုရတဲ့အကြောင်း သူကထပ်ပြောပြန်တယ်။
ဒါနဲ့ ကျွန်မလည်း အားကျမခံ ငါတို့မြန်မာပြည်မှာလည်း အတူတူပဲလို့ သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းမှာ နေ့တိုင်း ဗိုလ်ချူပ်အောင်ဆန်းနဲ့ ကျဆုံးခဲ့တဲ့ အာဏာနည်တွေကို နေ့တိုင်း အလေးပြုရတာကို သတိရပြီး ပြောလိုက်ပါတယ်။ ဒီမိုကရေစီ ရပြီးရင်တော့ ငါတို့နိုင်ငံမှာလည်း နင်တို့ အိန္ဒိယမှာ မဟတ္တမဂန္ဓီ ဂုဏ်ပြုသလိုမျိုး ဖြစ်အောင် မြို့တိုင်းမှာတော့ ဗိုလ်ချူပ်အောင်ဆန်း ပန်းခြံတွေ ကျောက်တိုင်တွေ၊ ရုပ်ထုတွေ လမ်းတွေလုပ်ပြီး ဂုဏ်ပြုရအောင် ကြိုးစားရမယ်လို့ပဲ အထူးဂုဏ်ယူ အားကျတဲ့အသံနဲ့ ကျွန်မ ပြန်ပြောခဲ့တယ်။ ဒီလိုနဲ့ ဟော်တယ်ကို ရောက်လာတယ်။
အစည်းအဝေး ပြီးတော့ ဖြစ်ပုံက ကျွန်မက ဗီဇာရ နောက်ကျတော့ ကျွန်မရဲ့ လေယာဉ်လက်မှတ်က အရေးပေါ် ရတာကို ၀ယ်လာပြီး လာရတယ်။ သူများ Cancel လုပ်တာကို သူတို့က ပြန်ချပေးတာ ဖြစ်တော့ ဈေးလည်း လျှော့ဈေးနဲ့ ရပေမဲ့ တပတ်ကြာမှ ကျွန်မက Cochin ကနေ ပြန်ထွက်ရမယ်၊ ပြောင်းလို့လည်းမရဘူး။ အစည်းအဝေးပြီးတော့ ကျွန်မ Cochin က အစည်းအဝေးကျင်းပတဲ့ အမျိုးသမီး အဖွဲ့ကခေါင်းဆောင်အိမ်မှာ တပတ်တိတိ နေခဲ့ရတယ်။ အဲဒီတပတ်အတွင်းမှာ ကျွန်မ အိန္ဒိယနဲ့ ပတ်သက်ပြီး မှတ်သားစရာ တော်တော််လေး ရလိုက်ပါတယ်။ တခြားအကြောင်းအရာတွေကိုတော့ ထားလိုက်မယ်၊ မဟတ္တဂန္ဓိအကြောင်းကိုပဲ ဆက်ပြောချင်ပါတယ်။
အဲဒီအိမ်မှာ ၁၂ နှစ်အရွယ် သမီးမိန်းကလေးနဲ့ ၇ နှစ်အရွယ် သားလေးတယောက် ကလေးနှစ်ယောက် ရှိပါတယ်။ တပတ်ကြာတယ်ဆိုတော့ အဲဒီကလေးနှစ်ယောက်နဲ့လည်း ကျွန်မနဲ့ တော်တော်လေး ရင်းနှီးသွားတယ်။ သူတို့ကြည့်တဲ့ ကာတွန်းကားက အင်္ဂလိပ်လို သူတို့အချင်းချင်း စကားပြောရင် သူတို့ပြည်နယ်လို သူတို့သင်တဲ့စာက ပြည်နယ်က သူတို့ဘာသာစကား၊ နိုင်ငံတော်ဘာသာအဖြစ် ဟင်ဒီစာ၊ ရုံးသုံးဘာသာအဖြစ် အင်္ဂလိပ်လို ဘာသာစကား အနည်းဆုံး သုံးခုသင်ရတယ်တဲ့။ အဲဒီကလေးတွေကလည်း မဟတ္တမဂန္ဓီအကြောင်းပဲ ပြောပြပါတယ်။ မဟတ္တမဂန္ဓီအကြာင်းကို ဘာမေးမေး အကုန်ဖြေနိုင်တာ ကျွန်မမှာ အံ့သြလို့ မဆုံးဖြစ်ပြီး နင့်ကလေးတွေ တော်လိုက်တာလို့ သူ့အမေကို ပြောမိတယ်။ ဒီတော့ သူ့အမေက ပြောတယ် သူ့ကလေးတွေ တော်တာမဟုတ်ဘူး အိန္ဒိယနိုင်ငံသား ဘယ်သူမဆို ဘယ်ပြည်နယ်၊ ဘယ်လူမျိုး ဘယ်ဘာသာပဲ ကိုးကွယ်သူဖြစ်ပါစေ ကလေးလူကြီးမရွေး မဟတ္တမဂန္ဓီအကြောင်း ကြိုက်တာမေး မဖြေနိုင်သူ မရှိစေရဘူးတဲ့။
အဲဒီအိမ်က ဟိန္ဒူ မူစလင် ဘာသာဝင် မဟုတ်ဘူး၊ ခရစ်ယာန် ကက်သလစ်ကိုးကွယ်တဲ့အိမ် ဖြစ်တယ်။ ကျွန်မကို လေဆိပ်မှာ လာကြိုခဲ့တဲ့ အမျိုးသမီးလည်း ကက်သလစ်ကိုးကွယ်သူလို့ သိရတယ်။ အိန္ဒိယမှာ သူတို့ပြည်နယ်က Multi-Culture ပြည်နယ်လို့ ကျွန်မကို ပြောပြါတယ်။ အိန္ဒိယနဲ့ မြန်မာက တော်တော်ဆင်တူတော့ ကျွန်မလည်း သူတို့ဘာပြောပြော ငါတို့ဆီမှာလည်း ဒီလိုပဲ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရှိတယ်၊ ငါတို့သမိုင်းမှာလည်း နင်တို့သမိုင်းမှာ မဟတ္တမဂန္ဓီလို ကြီးမြတ်တဲ့ ပုဂ္ဂို်လ်ဟာ တိုင်းသူပြည်သားတွေရဲ့ နှလုံးသားမှာ နေရာယူထားသလို ငါတို့သမိုင်းမှာလည်း ဗိုလ်ချူပ်အောင်ဆန်းက မြန်မာပြည်သူအားလုံးရဲ့ နှလုံးသားထဲမှာ နေရာယူနေတယ် ဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်မ မပြန်ခင်တနေ့မှာ အိမ်ရှင်က ကျွန်မကို Museum လိုက်ပြတော့ အပြင်မှာ ကျွန်မမတွေ့ရတဲ့ မြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ကို ပြတိုက်ထဲမှာ ကျွန်မ တွေ့ရပါတယ်။ ပြီးတော့ မဟတ္တမဂန္ဓီရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ တအုပ်လက်ဆောင် ပေးလိုက်ပါတယ် (တင်ထားတဲ့ဓာတ်ပုံ)။ အိန္ဒိယ ပြည်သူတွေရင်ထဲမှာ ဗုဒ္ဓမရှိတော့ပေမဲ့ မဟတ္တမဂန္ဓီကတော့ အမြဲနေရာယူနေမှာကို ကျွန်မ တွေးမိတယ်။
အဲဒီ နှီးနှောဖလှယ်ပွဲကလည်း Non Violent အကြောင်းဆိုတော့ အဲဒါကို အကြောင်းပြုပြီး ရောက်တဲ့နေ့ကနေ ပြန်တဲ့နေ့အထိ မဟတ္တမဂန္ဓီက ကျွန်မနှလုံးသားထဲအထိ ၀င်ပြီးနေရာယူခဲ့ပါတယ်။ မဟတ္တမဂန္ဒီကို အလွန့်အလွန် လေးစားအားကျဂုဏ်ယူတဲ့စိတ်နဲ့ ကျွန်မဟာ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ ရပြီူးတဲ့တနေ့ကျရင် အိန္ဒိယမှာ မဟတ္တမဂန္ဓီကို ဂုဏ်ပြုသလိုပဲ မြို့တိုင်းမြို့တိုင်း တမြို့မကျန် ဗိုလ်ချူပ်အောင်ဆန်းနာမည်နဲ့ ပန်းခြံ၊ ရုပ်တု၊ ကျောက်တိုင်၊ လမ်းတွေကို ဖန်တီးရမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ပြန်လာခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း အမြဲတမ်းတွေးပြီး သတိရလျှက် မဟတ္တမ ဂန္ဓီကိုလည်း အမြဲတမ်း အားကျလျှက်ရှိပါတယ်။
မဟတ္တမဂန္ဓီနဲ့ ဗိုလ်ချူပ်အောင်ဆန်း၊ သူတို့ချစ်တဲ့ တိုင်းပြည်အတွက် လွတ်လပ်ရေးရအောင် ဘ၀ပေးပြီး ဦးဆောင်လာခဲ့သူအချင်း အတူတူ မဟတ္တမဂန္ဓီကျတော့ သူ့နိုင်ငံသား ကလေးကနေ လူအိုတွေအဆုံး အားလုံးရဲ့ ရင်ထဲနှလုံးသားထဲမှာ ကိန်းအောင်းနေရာယူနိုင်ပြီး ဗိုလ်ချူပ်အောင်အောင်ဆန်းကိုကျတော့ သူ့နိုင်ငံသားတွေက ဘာဖြစ်လို့ နှလုံးသားထဲမှာ မထားနိုင်ရတာလဲ။ ဗိုလ်ချူပ်အောင်ဆန်း အမည်ပေးလိုက်လို့ အဲဒီအမည်ပေးခံလိုက်ရတဲ့ အရာက ဆိုးဆိုးဝါးဝါး ဂြိုလ်မွှေလိမ့်မယ်လို့ တပေါင်ရှိလို့ အယူသီးပြီး ခါးခါးသီးသီး ဖြစ်ကြတာလား။ ဗိုလ်ချူပ်အောင်ဆန်းဆိုတာ မြန်မာပြည်မှာ လူမျိုးတမျိုး၊ ဘာသာတခု၊ အယူဝါဒတခု၊ အုပ်စုတခုကိုပဲ ကိုယ်စားပြုတဲ့သူလား။ ဘာကြောင့် မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲက ဗိုလ်ချူပ်အောင်ဆန်း အပျောက်ခံသွားရတာလဲ နားမလည်နိုင် ဖြစ်ရပါတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းက တနိုင်ငံလုံး တမျိုးသားလုံး၊ ပြည်ထောင်စုတခုလုံးရဲ့ ရင်ထဲမှာရှိတဲ့ ဗိုလ်ချူပ်အောင်ဆန်းက ပြည်သူလူထု နှလုံးသားနဲ့ အခုလောက်ထိ ဝေးကွာသွားတာကို ကျွန်မ မယုံကြည်နိုင် ဘယ်လိုမှ မခံစားနိုင်ဘူး ဖြစ်မိတယ်။ ပြည်သူအားလုံး ရင်ထဲမှာ ရှိခဲ့တဲ့ တချိန်က ဗိုလ်ချူပ်အောင်ဆန်းကို ကျွန်မ လွမ်းတယ်။ တမလွန်က ဗိုလ်ချူပ်အောင်ဆန်းကို ကျွန်မတကယ်ပဲ အားနာလွန်း၊ မျက်နှာပူလွန်းလို့ မဟတ္တမဂန္ဓီကို အားကျတဲ့ ကျွန်မ အခုတော့ အားမကျတော့နိုင်တော့ဘူး၊ ဗိုလ်ချူပ်အောင်ဆန်းအတွက် တွေးပြီး သိမ်ငယ်လွန်းလို့ ကျွန်မရဲ့ မုဒိတာကို မထိန်းနိုင်ဖြစ်ပြီး မဟတ္တမဂန္ဓီကို ကျွန်မ မနာလို သ၀န်တို ဖြစ်မိတာ ခွင့်လွှတ်ပါ မဟတ္တမဂန္ဓီ။
အိန္ဒိယနိုင်ငံမျာ တမြို့မကျန် မဟတ္တမဂန္ဒီရဲ့ နာမည်လွှမ်းမိုးသလို မြန်မာတပြည်လုံး တမြို့မကျန် ဗိုလ်ချူပ်အောင်ဆန်းနာမည် လွှမ်းမိုးနိုင်တဲ့ခေတ်ကို ရောက်ပြီး ပြည်သူလူထု နှလုံးသားထဲကို ဗိုလ်ချူပ်အောင်ဆန်း ပြန်ရောက်ပါစေလို့ ဆုတောင်းလျှက်...
ဗိုလ်ချူပ်အောင်ဆန်းအပေါ် ခါးခါးသီးသီး ဖြစ်နေကြတာကို မခံစားနိုင်လွန်းလို့ ရေးတာဖြစ်တယ်။ Nge Naing – 22/03/17

" တ ရုတ် အ တွက် အ မေ ရိ ကန် စစ် သ င်္ဘော လက် ဆောင် "

" တ ရုတ် အ တွက် အ မေ ရိ ကန် စစ် သ င်္ဘော လက် ဆောင် "
အ မေ ရိ ကန် နဲ့ တ ရုတ် တ ကယ် တန်း နင် လား ငါ လား ထိပ် တိုက် တွေ့ ကြ ရင် အ မေ ရိ ကန် သ မ္မ တ က WTO ရဲ့ စည်း မျဉ်း စည်း ကမ်း တွေ ကို ignore လုပ် မယ် လို့ ထင် ထား တာ တာ အ ခု တ ရုတ် က စ ပြီး စည်း ကမ်း တွေ ဖောက် လာ ပါ တယ် ။
THAAD ဒုံ ကျဉ် ကာ ကွယ် ရေး စ နစ် တောင် ကို ရီး ယား မှာ တပ် ဆင် ဖို့ နောက် ထပ် ခြေ လှမ်း အ ဖြစ် နည်း ပ ညာ တွေ က ရိ ယာ တွေ တောင် ကို ရီး ယား နိုင် ငံ ထဲ ကို ရောက် လာ ခဲ့ ပါ ပြီ ။ ဒီ အ ခါ မှာ တ ရုတ် က ကို ရီး ယား ကျွန်း ဆွယ် တင်း မာ မှု များ ကို THAAD က ဖြေ လျှော့ ပေး နိုင် မှာ မ ဟုတ် ဘူး လို့ ပြော ပြီး သွေး ရူး သွေး တမ်း တွေ လုပ် လာ တယ် ။
က မ္ဘာ့ ကုန် သွယ် ရေး အ ဖွဲ့ WTO ရဲ့ စည်း ကမ်း တွေ ကို တစ် ဖက် သတ် ဖောက် ဖျက် လာ တာ ဖြစ် ပါ တယ် ။
တ ရုတ် လုပ် တဲ့ သွေး ရူး သွေး တမ်း တွေ က ကို ရီး ယား ကု မ္ပ ဏီ တွေ ကို တ ရုတ် နိုင် ငံ အ တွင်း မှာ တား မြစ် တာ တွေ ၊ ခ ရီး သွား လုပ် ငန်း တွေ ကို ကန့် သတ် တာ တွေ ၊ တောင် ကို ရီး ယား ရုပ် ရှင် တွေ TV စီး ရီး တွေ ကို တ ရုတ် ပြည် ထဲ မှာ ပြ သ ခွင့် မ ပြု တာ တွေ အ ပါ အ ဝင် ကို ရီး ယား သီ ချင်း တောင် နား ထောင် ခွင့် မ ပေး တော့ တာ မျိုး တွေ ကို လုပ် လာ ကြ တယ် ။
THAAD ဒုံး ခွင်း ဒုံး စ နစ် က ရန် သူ လက် နက် ဒုံး ကျည် တွေ မြေ ပြင် က နေ စ တင် ပြီး တက် လာ က တည်း က လေ ထဲ မှာ တင် ပစ် ချ တဲ့ စ နစ် မျိုး ဖြစ် ပါ တယ် ။ အဲ့ ဒီ စ နစ် က သူ့ ရဲ့ ပုံ မှန် အ လုပ် လုပ် နေ ဖို့ အ တွက် တစ် ချိန် လုံး သတ် မှတ် ဧ ရိ ယာ အ တွင်း မှာ ရှိ တဲ့ ရန် သူ စစ် စ ခန်း တွေ ကို စုံ စမ်း ထောက် လှမ်း နေ မှာ ဖြစ် ပါ တယ် ။
ဒါ ကြောင့် တ ရုတ် တို့ က သူ တို့ နယ် နိ မိတ် အ စပ် မှာ အဲ့ ဒီ THAAD စ နစ် ဖြန့် ချ ထား ရင် သူ တို့ လှုပ် ရှား မှု အား လုံး ကို အ ချိန် နဲ့ တ ပြေး ညီ တစ် ဖက် အ ဖွဲ့ က သိ နေ မှာ ဖြစ် လို့ လျှို့ ဝှက် ဆောင် ရွက် လို့ မ ရ နိုင် တော့ ပါ ဘူး ။
မြောက် ကို ရီး ယား နိုင် ငံ က ကု လ သ မ ဂ္ဂ နဲ့ နိုင် ငံ တ ကာ က ချ မှတ် ထား တဲ့ အ ရေး ယူ မှု ဖြစ် တဲ့ နျူ လက် နက် အ ပါ အ ဝင် ဒုံး ကျည် စ နစ် စမ်း သတ် ခြင်း မ ပြု ရ မယ့် တား မြစ် ချက် ကို အ လေး မ ထား ပဲ တစ် လျှောက် လုံး ဖောက် ဖျက် နေ ခဲ့ တယ် ။ အ ဆိုး ဆုံး က နျူ က လီး ယား ဗုံး ကို ပါ စမ်း သတ် ဖောက် ခွဲ ရုံ မ က အိမ် နီး ချင်း တောင် ကို ရီး ယား နဲ့ ဂျ ပန် ကို လည်း ခြိမ်း ခြောက် နေ တဲ့ နိုင် ငံ ဖြစ် ပါ တယ် ။
သ မ္မ တ တာ ဝန် ကို စ ယူ က တည်း က ရှုတ် ရှုတ် ထွေး ထွေး သိပ် မ စဉ်း စား ပဲ လုပ် ချင် တာ ကို ခပ် ပြတ် ပြတ် လုပ် နေ ခဲ့ တဲ့ အ မေ ရိ ကန် သ မ္မ တ ထ ရမ့် က သူ့ နိုင် ငံ အ ထိ လှမ်း ပြီး ခြိမ်း ခြောက် နေ တဲ့ မြောက် ကို ရီး ယား ကို ခေါင်း သိပ် အ စား မ ခံ ပဲ တောင် ကို ရီး ယား နဲ့ ဂျ ပန် မှာ ကိုယ် ပိုင် ကာ ကွယ် နိုင် အောင် ဆောင် ရွက် ပေး မယ် ဆို တဲ့ မဲ ဆွယ် စဉ် က က တိ အ တိုင်း တောင် ကို ရီး ယား ကို အ မေ ရိ ကန် နိုင် ငံ ရဲ့ အ ဆင့် မြင့် ဆုံး ဒုံး ကျည် ကာ ကွယ် ရေး စ နစ် ပေး ပို့ ခဲ့ တယ် ။
ကု လ သ မ ဂ္ဂ က တား ဆီး ပိတ် ဆို့ အ ရေး ယူ နေ စဉ် ကာ လ တစ် လျှောက် လုံး မြောက် ကို ရီး ယား ကို ဝင် ငွေ မ ထိ ခိုက် အောင် ကျောက် မီး သွေး တွေ ၂ ဆ တိုး ပြီး ဝယ် ယူ ပေး ခဲ့ တဲ့ တ ရုတ် နိုင် ငံ ဟာ အ ခု ထ ရမ့် သ မ္မ တ ဖြစ် လာ ပြီး ခပ် ကြမ်း ကြမ်း ပြန် တုံ့ ပြန် တော့ မှ ကျောက် မီး သွေး အ ဝယ် ရပ် ပြီး သူ လည်း မ နိုင် ပါ ဘူး ပြော ပေ မယ့် နောက် ကျ သွား ပါ ပြီ ။
တ ရုတ် နိုင် ငံ ဟာ က မ္ဘာ နဲ့ ကု လ သ မ ဂ္ဂ က ဘယ် လို ပင် ဖိ အား ပေး ပေး သူ့ အ ကျိုး စီး ပွား ရှိ ရင် အ မြဲ တမ်း နောက် ကွယ် က နေ ဆန့် ကျင် ဖက် ပြု လုပ် လေ့ ရှိ တဲ့ နိုင် ငံ ဖြစ် ပါ တယ် ။ မြောက် ကို ရီး ယား လက် ရှိ အ ခြေ အ နေ အ ထိ ကြီး ထွား လာ အောင် လည်း တ ရုတ် က ပဲ အ စဉ် နောက် ကွယ် က ထောက် ပံ့ ပေး နေ ခဲ့ တာ ဖြစ် ပါ တယ် ။
အ ခု အ ခါ မှာ စစ် ရေး တွေ ၊ သံ တ မန် ရေး တွေ ကို လုံး ဝ ဂ ရု မ စိုက် တဲ့ အ မေ ရိ ကန် သ မ္မ တ ထ ရမ့် လက် ထက် မှာ တ ရုတ် နိုင် ငံ ဟာ စ ပြီး ပြ ဿ နာ တစ် ခု ပြီး တစ် ခု ရင် ဆိုင် လာ ရ ပါ တယ် ။
သ မ္မ တ ထ ရမ့် နိုင် ငံ တာ ဝန် ထမ်း ဆောင် ကာ စ ရက် အ နည်း ငယ် အ တွင်း မှာ တ ရုတ် သ မ္မ တ ရှီ ကျင်း ဖျင် က တ ရုတ် စစ် တပ် ကို အ သင့် အ နေ ထား ပြင် ဆင် ထား ဖို့ အ မိန့် ပေး ခဲ့ သေး သ လို တောင် တ ရုတ် ပင် လယ် ပြင် မှာ လည်း စစ် ရေး လေ့ ကျင့် ခဲ့ သေး တယ် ။
က မ္ဘာ့ သမိုင်း နဲ့ ချီ ရင် တ ရုတ် စစ် တပ် ဟာ အ ရေ အ တွက် ပဲ ရှိ ပါ တယ် ။ အ ရည် အ ချင်း လုံး ဝ မ မှီ သေး ပါ ဘူး ။ တ ရုတ် တို့ ဟာ ကြည်း ရေ လေ ပေါင်း ပြီး စ နစ် တ ကျ တိုက် ခိုက် မှု မ ကျွမ်း ကျင် သေး သ လို စစ် တပ် ကို အ မိန့် ပေး လွှမ်း မိုး နိုင် တာ က လည်း ပါ တီ ခေါင်း ဆောင် တွေ သာ ဖြစ် ကြ လို့ စစ် ရေး အ မိန့် ဟာ အ မြဲ နောက် ကျ နေ နိုင် ပါ တယ် ။
တ ရုတ် တို့ ဟာ သ မိုင်း တစ် လျှောက် သူ များ ရဲ့ စစ် ပြု မှု ကို ပဲ ခံ ခဲ့ ရ ပြီး စစ် နိုင် နိုင် ငံ မ ဟုတ် ပါ ။ မွန် ဂို တာ တာ တို့ သိမ်း လည်း ခံ ရ တာ ပါ ပဲ ။ ကျွန်း လေး ပေါ် က ဂျ ပန် သိမ်း လည်း ခံ ရ တာ ပါ ပဲ ။
၁၉၀၄ မှ ၁၉၀၅ ထိ ဂျ ပန် နဲ့ ရု ရှား စစ် ဖြစ် ပြီး ၁၉၀၅ ခု နှစ် မေ လ နှောင်း ပိုင်း ကျူ ရှီး မား ရေ လက် ကြား စစ် ပွဲ မှာ ရု ရှား စစ် ရှုံး ပြီး ဂျ ပန် က တ ရုတ် ကို လွှမ်း မိုး နိုင် ခဲ့ တယ် ။
၁၉၃၇ မှာ မာ ကို ပို လို စစ် ပွဲ ဖြစ် ပြီး တ ရုတ် ကို ဂျ ပန် တွေ သိမ်း ပိုက် ခဲ့ တယ် ။ စစ် ပြီး နောက် ပိုင်း တ ရုတ် ဖိုး ရှမ်း လူ မျိုး ချည်း ပဲ ၂ သိန်း ကျော် သေ ခဲ့ ရ တယ် ။
၂၀ ရာ စု တ ရုတ် လွတ် လပ် ရေး ရ ပြီး တော့ လည်း အိ န္ဒိ ယ နဲ့ ပျောက် ကျား သာ သာ စစ် သာ ဖြစ် ခဲ့ ရ ပြီး ၁၉၇၉ မှာ ဗီ ယက် နမ် နဲ့ တစ် လ လောက် ( 17 feb - 16 mar ) ပဲ စစ် ဖြစ် ဖူး တယ် ။ အဲ့ ဒီ စစ် ပွဲ နှစ် ခု စ လုံး ကို နှစ် ဖက် စ လုံး က သူ တို့ နိုင် တယ် လို့ ပဲ ကြေ ငြာ ခဲ့ တယ် ။
ဒီ တော့ ပြတ် ပြတ် သား သား မ ဖြစ် ဖူး လို့ ပြော လို့ ရ တယ် ။
အ မေ ရိ ကန် က ဒု တိ ယ က မ္ဘာ စစ် ထဲ မှာ မ ပါ ခဲ့ ပဲ ပု လဲ ဆိပ် ကမ်း ကို ဂျ ပန် တွေ ဗျူ ဟာ မှား ပြီး ဗုံး ကြဲ လိုက် လို့ စစ် ထဲ ပါ လာ ရာ က နေ တစ် လျှောက် လုံး ဒီ နေ့ အ ထိ ဆီ ရီး ယား အ ပါ အ ဝင် တစ် က မ္ဘာ လုံး မှာ စစ် လိုက် တိုက် နေ တဲ့ နိုင် ငံ ဖြစ် ပါ တယ် ။ ဒါ ကြောင့် ဘယ် လို ပဲ တ ရုတ် အား ပေး တွေ လက် သီး လက် မောင်း တန်း တန်း တ ရုတ် က အ မေ ရိ ကန် ပြိုင် ဖက် မ ဟုတ် သေး ပါ ဘူး ။
ဒါ ကြောင့် လည်း အ မေ ရိ ကန် သ မ္မ တ က တ ရုတ် ပြည် နယ် စပ် အ ထိ သူ့ လက် နက် ကို သွား ထား တာ ကို တ ရုတ် ဘယ် လို မှ မ ကန့် ကွက် နိုင် တာ ပါ ပဲ ။ နိုင် တဲ့ သူ က တစ် ကွက် ချင်း ခ လုပ် နှိပ် ပြ တော့ ကြောက် ရ တဲ့ သူ က သွေး ရူး သွေး တန်း ဖြစ် ရ တာ ထုံး စံ ပါ ။
တ ရုတ် ရဲ့ လူ မိုက် မွေး ပြီး အ ချင်း ချင်း ပြန် ခွတ် ခိုင်း တဲ့ ပေါ် လ စီ ပြောင်း လည်း ရ ပါ လိမ့် မယ် ။ မြန် မာ နိုင် ငံ ကို ဒု တိ ယ က မ္ဘာ စစ် နောက် ပိုင်း ပ ထ မ ဦး ဆုံး အ ကြိမ် အ မေ ရိ ကန် စစ် သ င်္ဘော ရောက် လာ တာ တိုက် ဆိုင် ပြီး အ ပျော် လာ တာ မ ဟုတ် ပါ ဘူး ဆို တာ တ ရုတ် သိ ပါ လိမ့် မယ် ။
အ ချုပ် အ ခြာ အာ ဏာ ပိုင် တဲ့ မြန် မာ နိုင် ငံ က ကော တစ် ချိန် လုံး စစ် သံ နဲ့ ခြိမ်း ခြောက် နေ တဲ့ မြန် မာ ပြည် မြောက် ပိုင်း မှာ THAAD ဒုံး ကျည် ကာ ကွယ် ရေး စ နစ် ချ မ ထား ရ ဘူး လို့ ဘယ် ဘု ရား ဟော ထား တာ ရှိ လို့ လဲ ။ မြန် မာ ရုပ် ရှင် တွေ ၊ မြန် မာ သီ ချင်း တွေ တ ရုတ် နား မ ထောင် ချင် လည်း ရ ပါ တယ် ။ မြန် မာ ခ ရီး သွား တွေ ကို ကန့် သတ် ချင် လည်း သွား မ လည် ရုံ ပေါ့ ။
ကိုယ့် စိတ် နဲ့ ဆို ရင် ပြန် လုပ် လိုက် ချင် တာ ကို ပြော တာ ပါ ။ လက် တွေ မ ရ ဘူး ဆို တာ သိ ပါ တယ် ။ ဒါ ပေ မဲ့ အ မေ ရိ ကန် စစ် သ င်္ဘော တွေ မြန် မာ နိုင် ငံ ကို ခ ဏ ခ ဏ ချစ် ကြည် ရေး လာ ဖို့ ဖိတ် လို့ ရ တယ် ဆို တာ တော့ တ ရုတ် သိ နိုင် ပါ လိမ့် မယ် ။
ကိုး ကန့် ရဲ့ ဘဏ် စာ ရင်း ကို အ ခု မှ သွေး ရူး သွေး တန်း နဲ့ ပိတ် ပါ မယ် ထ လုပ် တယ် ။ သူ ဖွင့် ပေး ခဲ့ လို့ ကိုး ကန့် က ထ ပြီး စစ် ပြု ခဲ့ တာ ပဲ လေ ။
ဒါ က လည်း ထ ရမ့် ရဲ့ နောက် ထပ် တိုက် ကွက် တစ် ခု လား ၊ မြန် မာ အ တိုင် ပင် ခံ ပု ဂ္ဂိုလ် ရဲ့ ဗျူ ဟာ တစ် ခု လား ၊ ကာ ချုပ် ရဲ့ စိတ် ကူး လား ဆို တာ တော့ ကာ ယ ကံ ရှင် တွေ မှ ပဲ သိ နိုင် မယ် ထင် ပါ တယ် ။
မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၁ ၊ ၃ ၊ ၂၀၁၇
မိုး တင့် ဆွေ
၂၃ ၊ ၃ ၊ ၂၀၁၇
ကြာ သာ ပ တေး ။
Photos from US Embassy Page

Friday, March 17, 2017

ကနေဒါနိုင်ငံရဲ့  လူသားချင်းညှာတာ ထောက်ထားမှု မရှိတဲ့ လုပ်ရပ်ကို ရင်ဆိုင်နေရတဲ့ မြန်မာကျောင်းသားတစ်ဦး ကိုရဲရင့်။

Myo Aye with Poe Ziwa.
ယခုအခါ ကနေဒါနိုင်ငံရဲ့  လူသားချင်းညှာတာ ထောက်ထားမှု မရှိတဲ့ လုပ်ရပ်ကို ရင်ဆိုင်နေရတဲ့ မြန်မာကျောင်းသားတစ်ဦး ကိုရဲရင့်။
၂၀၀၇ ခုနှစ်ကနေ စတင်လုပ်ဆောင်လာခဲ့တဲ့ ကနေဒါနိုင်ငံ Immigration and Refugee Board ရယ်၊ President of the Canada Border Services Agency ရဲ့  သနားညှာတာထောက်ထားမှုမရှိတဲ့ ဆောင်ရွက်မှုကို ကန့် ကွက်တဲ့အနေနဲ့  ကိုရဲရင့်ဟာ ကနေဒါနိုင်ငံရဲ့  တရားရုံးမှာ တရားဝင် ရင်ဆိုင်လျှောက်ထားခဲ့ပါတယ်။ ကိုရဲရင့်က သူဟာ ၁၉၈၉ ခုနှစ်က ပြန်ပေးဆွဲတဲ့လုပ်ရပ်ကို သူလုပ်ခဲ့ပေမယ့် သူဟာ အကြမ်းဘက်သမား မဟုတ်ဖူး၊ လေယာဉ်ပေါ်ပါတဲ့သူ တစ်ဦးတစ်ယောက်ကိုမှ လုံးဝ နာကျင်ထိခိုက်အောင် ရည်လည်း မရည်ရွယ်ခဲ့ဖူး၊ လုပ်ဆောင်ခဲ့တာလည်း မရှိဖူးလို့  ပြောဆိုခဲ့ပါတယ်။ တကယ်တော့ သူဟာ မြန်မာပြည် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးအတွက် စစ်အာဏာရှင်ကို ဆန့် ကျင်တော်လှန်နေတဲ့သူ တစ်ဦးသာ ဖြစ်ပါတယ်လို့  ခုခံချေပခဲ့ပါတယ်။
ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ နှစ်ဦးဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာလေကြောင်းလိုင်း လေယာဉ်အမှတ် (F 28) ကို ပြန်ပေးဆွဲ ခေါ်ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံ နယ်မြေအတွင်းကို ဆင်းသက်စေခဲ့တာ ဖြစ်ပါတယ်။ ဒါကို အကြောင်းပြပြီး ကနေဒါအစိုးရကနေ ကိုရဲရင့်ကို ပြန်လည်ပို့ ဆောင်ဖို့  လုပ်တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့  ပတ်သက်လို့  ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (The United Nations High Commissioner for Refugees – UNHCR) ကလည်း ကနေဒါနိုင်ငံအစိုးရအနေနဲ့  ကိုရဲရင့်ကို မြန်မာနိုင်ငံကို ပြန်ပို့ ခဲ့မယ်ဆိုရင် ဖမ်းဆီးညဉ်းပမ်းနှိပ်စက်ခံရခြင်း၊ နှစ်ရှည်ထောင်သွင်းအကျဉ်းချခြင်းနဲ့  အသက်အန္တရာယ်ပါ ရှိနိုင်တာမို့  အထူးစိုးရိမ်မိတယ်လို့  ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကိုရဲရင့်ဟာ လေယာဉ်ပြန်ပေးဆွဲမှုကို လုပ်ဆောင်ခဲ့တာ မှန်ပေမယ့် သူ့ ရဲ့  အဓိက ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံရဲ့  စစ်အာဏာရှင်လက်အောက်မှာ ဖမ်းဆီးထိန်းသိမ်းခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိ လွတ်မြောက်စေဖို့ အတွက် ဖိအားပေးတဲ့ လုပ်ရပ်တစ်ခုအနေနဲ့  လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့  ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ က ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးဟာ မြန်မာ့လေကြောင်းပိုင် လေယာဉ်အမှတ် ၂၈ (Fokker 28) ကို ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီ ခရီးသည်လေယာဉ်ဟာ မြန်မာနိုင်ငံရဲ့  မြိတ်လေဆိပ်ကနေ မြို့ တော် ရန်ကုန်မြို့ ကို ပျံသန်းမယ့် လေယာဉ် ဖြစ်ပါတယ်။ မြိတ်လေယာဉ်ကွင်းကနေ စတင်ပျံသန်းဖို့  ထွက်ခွာချိန် မနှေးမနှောင်းမှာဘဲ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးရဲ့  ပြန်ပေးဆွဲမှုအောက်ကနေ ထိုင်းနိုင်ငံဘက်ကို ဦးတည် ပျံသန်းခဲ့ရပြီးနောက် မိုင် ၈၀ သာ ဝေးကွာတဲ့ ထိုင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာလေယာဉ်ကွင်းဖြစ်တဲ့ U-Tapao လေယာဉ်ကွင်းမှာ ဆင်းသက်ခဲ့ရပါတယ်။
ထိုင်းနိုင်ငံ၊ U-Tapao လေယာဉ်ကွင်းမှာ ဆင်းသက်တာနဲ့  ချက်ခြင်းဘဲ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ ဟာ လေယာဉ်ခရီးသည်တွေထဲက အသက်အရွယ်ကြီးသူနဲ့  အသက်အရွယ် ငယ်လွန်းသူ စုစုပေါင်း အယောက် ၃၀ ကို လွှတ်ပေးခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ ခရီးသည် အယောက် ၅၀ ကိုသာ ထိန်းသိမ်းထားခဲ့ပြီး မြန်မာစစ်အစိုးရအနေနဲ့  နိုင်ငံရေးအကျဉ်းသားအားလုံးကို မြန်မာနိုင်ငံရဲ့  ထောင်များအတွင်းကနေ လွှတ်ပေးဖို့  တောင်းဆိုခဲ့ပါတယ်။
ထိုင်းအစိုးရ၊ ထိုင်းပြည်သူပြည်သားတွေအပါအ၀င် ကမ္ဘာ့ပြည်သူပြည်သားတွေ ဒီလေယာဉ်ပြန်ပေးဆွဲမှုသတင်းကို သိရှိသွားကြပြီးနောက်၊ မြန်မာစစ်အစိုးရရဲ့  မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အရေးဆိုခြင်းသာဖြစ်တဲ့အတွက် ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးဟာ လေယာဉ်ခရီးသည်အားလုံးကို လွှတ်ပေးခဲ့ပါတယ်။ လေယာဉ်မောင်းသူများ၊ လေယာဉ်ဝန်ထမ်းများနဲ့  လေယာဉ်ခရီးသည်များအားလုံး လုံးဝ ထိခိုက်နာကျင် ဘေးအန္တရယ် အလျဉ်းမရှိခဲ့ဘဲ၊ ပြန်ပေးဆွဲသူ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးရဲ့  လုပ်ရပ် ရည်ရွယ်ချက်အစစ်အမှန်ကိုပါ သိရှိနားလည်ခဲ့ကြပါတယ်။
ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ ရဲ့  တောင်းဆိုချက်များကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ အခြေစိုက်တဲ့ မြန်မာသံရုံးမှတစ်ဆင့် အသိပေးတောင်းဆိုခဲ့ပေမယ့် ဘယ်သူသေသသေ ငတေမာရင် ပြီးရောဆိုတဲ့ မြန်မာစစ်အာဏာရှင်အစိုးရဟာ လေယာဉ်ပေါ်မှာ ပါရှိနေတဲ့ မြန်မာခရီးသည်များအားလုံးရဲ့  အသက်ကိုတောင် ငဲ့ညှာခြင်းမရှိဘဲ လစ်လျူရှုမှုကို ခေါင်းမာစွာနဲ့  တုန့် ပြန်ခဲ့ပါတယ်။
၉ နာရီကြာမြင့်သော လေယာဉ်ပြန်ပေးဆွဲမှုရဲ့  နောက်ဆုံးမှာ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးဟာ ထိုင်းအာဏာပိုင်တွေထံမှာ အဖမ်းဆီး ခံခဲ့ကြပါတယ်။ ထိုင်း ဒုတိယ၀န်ကြီးချုပ် Hon. Thienchai Sirisamphan ကိုယ်တိုင် ဦးစီးပြီး ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ ကို ညှိနှိုင်းဆောင်ရွက်ပြီး နားလည်မှုအပြည့်နဲ့  လိုအပ်သည်များကို အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးဟာ အသက်အရွယ် ၂၁ နှစ်နဲ့  ၂၅ နှစ် အရွယ်သာ ရှိသေးတဲ့ မြန်မာကျောင်းသားတွေ ဖြစ်ကြပြီး၊ စစ်အာဏာရှင်လက်အောက်က မြန်မာပြည်ရဲ့  အခြေအနေကို ကမ္ဘာက သိအောင်သာ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ မြန်မာစစ်အာဏာရှင်အစိုးရထံ အချက် ၇ ချက်ပါတဲ့ တောင်းဆိုချက်တွေ တောင်းဆိုခဲ့ကြောင်း၊ အဓိကတောင်းဆိုချက်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့  တောင်းဆိုတာဖြစ်ကြောင်း၊ ပြန်ပေးဆွဲလေယာဉ်ပေါ်ပါ လေယာဉ်ဝန်ထမ်း ၃ ဦးနဲ့  ခရီးသည် ၈၀ ယောက်ကို လုံးဝ အန္တရာယ်မပေးခဲ့ကြောင်း ထိုင်း ဒုတိယ၀န်ကြီးချုပ်က သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။
ကိုရဲရင့်နဲ့ ကိုရဲသီဟတို့ နှစ်ဦးဟာ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (The United Nations High Commissioner for Refugees – UNHCR) ရဲ့  လက်အောက်ခံ ထိုင်းနိုင်ငံ UNHCR က တရားဝင် အသိအမှတ်ပြုခံထားရသူတွေ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ မြန်မာပြည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ မြန်မာကျောင်းသားတွေလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ ပြန်ပေးဆွဲခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲခဲ့တဲ့ လေယာဉ်ကို ထိုင်းနယ်မြေအတွင်း ဆင်းသက်စေခဲ့တဲ့ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့  နှစ်ဦးကို ထိုင်းနိုင်ငံဥပဒေနဲ့  နိုင်ငံတကာဥပဒေအရ အရေးယူအပြစ်ပေးခဲ့ပေမယ့် ထိုင်းအစိုးရအနေနဲ့  ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ နှစ်ဦးကို မြန်မာနိုင်ငံကို ပြန်ပြီး ပို့ ဆောင်တာမျိုး မလုပ်ဖူးလို့  ကတိက၀တ်ပြုခဲ့ပါတယ်။ ထို့ အတူဘဲ ထိုင်းနိုင်ငံရဲ့  တရားဥပဒေအရ လေယာဉ်ပြန်ပေးဆွဲမှု ကျူးလွန်သူ မည်သူကိုမဆို သေဒဏ်ချမှတ်ရမယ်လို့  ပြဌာန်းထားပေမယ့် မြန်မာကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုရဲရင့်နဲ့ ကိုရဲသီဟတို့ ရဲ့  လုပ်ရပ် မူရင်းရည်ရွယ်ချက်ကို သိရှိချက်အရနဲ့  လေယာဉ်နဲ့ လေယာဉ်စီးခရီးသည်တွေအားလုံးကို အကြမ်းဘက် အန္တရယ်ပေးခြင်း လုံးဝမရှိခဲ့မှုကြောင့်အရရယ် ထောင်ဒဏ်သာ သက်ညှာစွာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ပေးဖို့  မေတ္တာရပ်ခံခဲ့ပေမယ့် မရရှိခဲ့ပါ။ ထိုင်းနိုင်ငံ တရားဥပဒေရဲ့  စီမံမှုအောက်မှာ ကိုရဲရင့်နဲ့ ကိုရဲသီဟတို့ ဟာ ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံယူခဲ့ပါတယ်။ ထောင်ဒဏ် ၆ နှစ်မပြည့်ခင်မှာ ထိုင်းအစိုးရရဲ့  သက်ညှာမှုအရ ထောင်သက်တမ်း ၂ နှစ်ခွဲပြည့်မြောက်တဲ့အချိန်မှာ ထောင်မှ လွတ်ခဲ့ပါတယ်။ ဒီနောက်မှာ ကိုရဲရင့်ဟာ အမေရိကန်နိုင်ငံသို့  ပညာသင်တော်သင်အဖြစ် သွားရောက်ခဲ့ပြီး၊ ထိုမှတစ်ဆင့် ကနေဒါနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံကို ၂၀၀၃ ခုနှစ်မှာ နိုင်ငံရေးခိုလှုံခွင့် ရရှိဖို့ ရောက်ရှိခဲ့ပြီး၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့တဲ့ ကိုရဲရင့်ကို ၂၀၀၇ ခုနှစ်မှာ ကနေဒါ လူဝင်မှုကြီးကြပ်ရေးဌာနကနေ မူရင်းနေရပ်ဌာနေကို ပြန်ပို့ ဖို့ အတွက် လုပ်ဆောင်ခဲ့ပါတယ်။
ကနေဒါနိုင်ငံ ရောက်ရှိခဲ့တဲ့အချိန်မှာ ကနေဒါနိုင်ငံရဲ့  Immigration and Refugee Board ရယ်၊ President of the Canada Border Services Agency ရယ်က ကိုရဲရင့်ကို ပြန်ပို့ ဖို့ အတွက် ကနေဒါ လူဝင်မှုကြီးကြပ်ရေးဌာနကို ဖိအားပေးခဲ့ပါတယ်။ ကိုရဲရင့်ကို ထိုင်းနိုင်ငံသို့  ပြန်ပို့ ဖို့  ပြောဆိုရာကနေ အန္တရာယ်ရှိလှတဲ့ မြန်မာပြည်ကို ပြန်ပို့ ဖို့  လုပ်ဆောင်လာသည်အထိ ဖြစ်ပေါ်လာပါတယ်။
ကနေဒါနိုင်ငံအစိုးရရဲ့  လုပ်ရပ်ကို ကျွန်တော်တို့  မြန်မာကျောင်းသားကျောင်းသူတွေအနေနဲ့ ၊ မြန်မာပြည် ဒီမိုကရေစီအရေးကို ချစ်မြတ်နိုးကြတဲ့သူတွေအနေနဲ့  ကိုရဲရင့်ကို မြန်မာပြည် အတင်းအကျပ် ပြန်ပို့ မယ့်ကိစ္စကို ၀ိုင်းဝန်းကန့် ကွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
လေယာဉ်ပြန်ပေးဆွဲခဲ့မှုကိစ္စနဲ့  ပတ်သက်တဲ့ အဖြစ်အပျက်အပေါ် ပြောကြားခဲ့တဲ့ မြန်မာကျောင်းသားနှစ်ဦးဖြစ်တဲ့ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ ရဲ့  ပြောကြားချက်များနဲ့  သူတို့ အကြောင်းအရာများကို ဆက်လက်ဖော်ပြပေးပါမယ်။
မျိုးအေး။
မတ်လ ၄ ရက်နေ့ ၊ ၂၀၁၇ ခုနှစ်။

ရဲရင့် ၏ မိတ်ဆွေများသို့ 

ရဲရင့် ၏ မိတ်ဆွေများသို့ 
ကိုသိန်းစိုး(ခ) ရဲရင့် ၏ မြန်မာပြည် ပြန်ပို့ မခံရစေ ရေး အတွက် စာ ပို့ ခြင်း လုပ့်ရှားမူ့ ကို ပြုလုပ့်သွားရန်ရှိပါသဖြစ် အောက် ဖေါ်ပြပါစာအား ကူးယူပြီ သက်ဆိုင်ရာ ကနေဒါ ဝန်ကြီးများ ထံ သို့ အီးမေးလ်များ ဝိုင်းဝန်း ပေးပို့ ခြင်း ဖြစ် ကူညီပေးကြစေလိုပါသည်။ ယ္ခု ပိုစ် အောက် ဆုံးတွင် ပေးပို့ ရမည့် သူများ ၏ အီးမေးလ် လိပ့်စာများ ပါရှိပါသည်။
ဦး စွာ ပထမ အီး မေးလ် ပေးပို့ ရမည့် သူများ၏ လိပ့်စာ ကို ယ္ခု စာ ၏ အောက် ဆုံး မှ (copy) ကူယူပြီး Recipients တွင် (Paste) ထည့် သွင်းပေးရပါမည်။ ပြီးနောက် အောက် ပါ စာ တခု့ လုံးကို (copy) ကူယူပြီ စာ ကိုယ်တွင်(paste) ထည့် ပြီး ပို့ လိုက် လို့ ရပါသည်။
လေးစားစွာဖြင့်
ကျနော် အားလုံးသည် ရဲ ရင့် များဖြစ်ကြပါသည်။
ရဲရင့် ကိုယ်စား ကျနော် တို့ မှ ဖေါ် ပြပါ ကနေဒါမှ သက်ဆိုင်ရာ တာဝန်ရှိသူများကို အီးမေးလ် ပေးပို့ ခြင်းဖြစ် ကျနော်တို့ ဆန္တ ကို ဖေါ်ပြသိစေအပ့် ပါမည်။
------------
ကျနော်သိသော ခင်မင်သူများကို tag လုပ့်ပေးထားပါသည်။ tag မလုပ့်စေလိုသူများ အကြောင်းကြားပေးစေလိုပါသည်။
--------------------------------------------
The Honourable Ahmed D. Hussen
Minister of Immigration, Refugees and Citizenship
365 Laurier Avenue West
Ottawa, Ontario
K1A 1L1
Email: Minister@cic.gc.ca
Telephone: 613-954-1064
Fax: 613-952-5533
With regard to the case of Mr. Than Soe, a Myanmar asylum seeker living in Canada since 2003, I would like to raise five concerns with regard to his potential removal from Canada to Myanmar. These concerns argue strongly against his removal at this time in the absence of guarantees with regard to his security. I would like to start by acknowledging Canada’s humanity and generosity in allowing Than Soe to remain in Canada despite his ineligibility for asylum and the complexities of his case. I would also like to acknowledge Than Soe’s diligence in adhering to the conditions of his stay and remaining a productive, tax-paying resident.
Uneven Reform and Political Uncertainty – Since 2010 Myanmar has been undergoing what has often been referred to as ‘the triple transition,’ from war to peace, military rule to democracy, and from a closed, centrally planned to a market economy. The country has made very significant reform progress since 2012. Areas of progress include the release of hundreds of political prisoners in 2011 and 2012, the freeing of the media in 2012, liberalization of the economy, and free and fair elections in 2015 which saw the opposition National League for Democracy, led by Nobel Peace Laureate Daw Aung San Suu Kyi, win a strong majority. However, the dominant international narrative that basic human and civil rights are no longer a concern because the government is now headed by Daw Aung San Suu Kyi is to overestimate the power of an individual leader, underestimate the long-term institutional decay of decades of military rule, and disregard events in Myanmar since the NLD came to power in April 2016. Any transition as sweeping as Myanmar’s includes stalls and setbacks. In early 2017 Myanmar’s reform process is in a period of stall. As of January 2017 there are 250 political prisoners in Myanmar, up from 64 during the NLD’s first month in power, April 2016. Many are people charged with criminal defamation by officials of the NLD government. End 2016 and beginning 2017 have seen the worst fighting in the country in over a decade, involving clashes between the Myanmar army and ethnic armed organizations in Kachin and Shan States. Armed conflict and the draconian response by the Myanmar military against Rohingya civilians has attracted global attention and stands to have destabilizing effect well beyond Myanmar’s borders. Among the multiple roots of Myanmar’s current instability, two stand out. First the entire security apparatus and several other core state functions remain under the control of the Myanmar military. These functions are not truly under the control of the civilian government led by State Counselor Daw Aung San Suu Kyi. In a context of poor relations between State Counselor Daw Aung San Suu Kyi and the military, the result resembles rule by two governments, creating competition and instability, allowing for a continuation of the abuses of power which have characterized Myanmar’s history. Second Daw Aung San Suu Kyi has been unwilling or unable to provide significant and definitive moral and political leadership on the core issues of human rights, rule of law, and armed conflict. In December 2016, a dozen fellow Nobel Peace Laureates published an open letter denouncing Daw Aung San Suu Kyi’s silence and lack of moral leadership specifically on the persecution of the Rohingya minority, while the UN has issued a report stating that the actions of the Myanmar army in Rakhine State may amount to crimes against humanity. Indicative of the current policy incoherency and political uncertainty, foreign direct investment has fallen and economic growth has slowed in 2016. In the long-run Myanmar is likely to right itself and continue on a path of economic and political reform, however currently the overall context in Myanmar is one of increasing, rather than declining, conflict, wavering on reform, and political instability.
Human Rights and Weak Institutionalization of Rule of Law – Should he return, Mr. Than Soe could be charged under numerous laws. Any one of these charges could insert Than Soe into a very weak justice system in which fundamental rights of defense are not consistently available. As has been exhaustively documented, Myanmar had for decades one of the worst human rights records in the world. According to the most recent general report of the UN’s Special Rapporteur of the Human Rights Council on the situation of human Rights in Myanmar, the country’s justice institutions remain very weak. During long military rule (1962 – 2010), the justice system was deeply degraded, functioning as an administrative agency of the government rather than an independent branch. In practice the judiciary does not function independently, there is no ministry of justice, and much of Myanmar’s legal code dates from the colonial era. Military era laws remain on the books, even if their enforcement has been selectively suspended. The Penal Code dates from 1865. A recent report by the British Council details the weaknesses in Myanmar’s justice system, the common understanding of the legal system as an enforcement mechanism, not a means of defending rights, and the difficulty of pursuing court action. To date there is only one documented instance of someone attempting to sue the government. According to the World Justice Project’s Rule of Law Index, Myanmar ranks close to the bottom, 98th out of 113 countries. In addition to affecting the everyday lives of Myanmar citizens, the weakness of rule of law has been demonstrated in prominent cases involving the murder of journalists. Nothing demonstrates the perilous absence of rule of law and guaranteed rights than the assassination on January 29, 2017 of the country’s most prominent constitutional and human rights lawyer, U Ko Ni, legal advisor to Daw Aung San Suu Kyi and the NLD. Should Than Soe return and be arrested, there is no guarantee that he would receive a prompt and fair trial or access to competent defense. Further if he is unlawfully detained, he would not have access to any means of redress.
There is no denying fact that the general sense of improvements has already emerged in the country under the civilian leadership. However, the military is still in full control of very critical ministries and the elected body has still been encountering a wide array of challenges, especially in the areas of protecting human rights, adopting democratic principles, and implementing justice and rules of law.
Here are a few of the numerous examples that can lead to question the state of human rights, democracy, and rules of law in this country:
“The Myanmar Army detained Par Gyi, 49 years old journalist, on 30 September 2014. Five days later, the journalist was shot to death. Autopsy reports showed that Par Gyi was tortured before he was killed”. “ It’s totally unacceptable, said Myanmar’s incoming information minister Pe Myint on the court recommendations to close the case of a freelance journalist who was killed while in military custody in 2014” [Southeast Asian Press Alliance (SEAPA), March 30, 2016: https://www.seapa.org/courts-drop-par-gyi-murder-case/ ].
A reporter working with Myanmar’s Eleven Media Group was killed in the northwest of the country in late 2016. [Asia Correspondent: December 13, 2016: https://asiancorrespondent.com/…/burma-journalist-killed-r…/].
“5 villagers were killed during interrogation by soldiers in Shan State in June 2016”. [The Reuters: July 20, 2016: http://www.reuters.com/…/us-myanmar-military-massacre-idUSK…]
Ko Ni, a prominent Myanmar human rights lawyer and Aung San Suu Kyi’s advisor was shot in the head in broad daylight at Yangon International Airport on 29th January 2017. [Radio Free Asia: January 30, 2017: http://www.rfa.org/…/prominent-myanmar-rights-lawyer-killed…]
A recent report from a local newspaper in February 2017 showed that a Myanmar man who starred in Rambo V movie was arrested and has still been held in prison for his role in the movie.
These are only selected few of a number of cases in Myanmar. Among them, only a handful of cases targeting rights promoters have been investigated. In many cases, the perpetrators have never been brought to face justice. Rights promoters, democracy activists, and land rights defenders for the farmers have still been threatened and arrested even under the new administrations.
Few Returns - Relatively few political exile or refugees have returned since the suspension of the blacklist at the end of 2012. Over 100,000 refugees remain in camps in Thailand, and few have moved to return. UNHCR originally estimated that there would be 15,000 refugee returns in 2016, only 71 returned. Originally 191 had signed up to return, but many were deterred by the lengthy pre-departure screening process in the camps carried out by the Myanmar authorities. The screening was to determine whether the refugees were Myanmar nationals and eligible for return. It involved over 20 representatives from four ministries and union, state, and local government. A recent survey determined that 80% of them do not want to return, citing concerns over safety and security. Among political asylees in third countries, only a small number have returned to live and work but the vast majority remain in the country of resettlement. Although the government has changed, the repressive state apparatus and security concerns which motivated departures in the first place to a great extent remain in place.
Lack of Precedent – Among those who have returned, there is no precedent for a case like Than Soe’s, i.e. involuntary removal from a country of sanctuary back to Myanmar for someone without identification or papers from any nation. Among the political exiles who have returned from third countries, all but a handful have done so with the protection of citizenship from a third country, i.e. the United States, United Kingdom, Australia, or the Nordic countries. The dozen or less known political exiles who have returned and reclaimed Myanmar citizenship are very high profile figures who received assurances from the highest levels of the previous government led by President Thein Sein (2011 – 2016) Two were graduates of Harvard University’s Kennedy School of Government who served as advisors to President Thein Sein. Nonetheless in both cases the difficulty of reclaiming Myanmar citizenship still required intervention from the highest levels of government. Superficially the case of Mr. Soe Myint who hijacked a plane from Thailand to India is similar. However at the time of his return to Myanmar from India in 2012, Soe Myint was the editor of a well-known and highly critical news magazine, Mizzima, published out of India. He wished to return to Myanmar and, as a high profile exile editor, was courted by the Thein Sein government as part of its effort to gain credibility domestically and internationally. Soe Myint then formed a business partnership with two of the most influential businessmen in the country, Serge Pun and Sonny Swe, to launch Mizzima inside Myanmar. In sum there is no political exile with a record like Than Soe’s who has returned to Myanmar without the protection of third country citizenship or a high profile. Finally, the situation of foreigners and returning exiles themselves has become more difficult since the NLD took power in 2016. There is currently a bill before the national parliament that would severely curtail the movement and residence of foreigners in Myanmar. If passed it would require, for example, that foreigners register in their townships of residence and inform the local authorities of any movement outside of that township within 24 hours. As of this writing the bill is still under debate.
Absence of Guarantees of the Right to Citizenship – Than Soe has no guarantee of obtaining the rights of Myanmar citizenship. Myanmar maintains a system of population control and surveillance that has its roots in the colonial and military eras and has remained unchanged. Every individual is required to be registered as part of a ‘household list’ maintained by the Ministry of Immigration, Population, and Labor. This registration occurs at birth or when someone moves in to join the household. However for those moving to join the household, i.e. spouse, adopted child, or relative, officially two year residency is required before they are considered to have ‘registered’ as part of the household list. Further all records are paper based, so to obtain a copy of a household registration one must travel to the township of birth or last registration. In other words Myanmar treats internal migration and movement the way that many countries treat immigration. Only after becoming part of a household list can individuals obtain a National Registration Card (NRC). This NRC card functions as a national ID card. It is required for movement around the country, including purchase bus, train, or plane tickets, employment, or accessing services. It must be shown at any checkpoints or to any officials who ask to see it. It is also required to access health, education, or other services. Myanmar has a complex hierarchy of citizenship and it is possible to have an NRC but still not be a full citizen. To exercise the rights of citizenship such as voting or obtaining a passport, the Citizenship Scrutiny Card (CSC) is required. To obtain a CSC an individual must be registered, have an NRC, and undergo screening to verify eligibility for citizenship, typically demonstrating multi-generational presence in Myanmar through household lists. It is not clear how Than Soe would obtain an NRC and CSC. He has not been part of a household list in Myanmar for 27 years.Because of the lack of precedent it is not clear that an NRC or CSC would be granted to someone with Than Soe’s background. His forced removal to Myanmar could result in him effectively becoming stateless, with neither Myanmar citizenship nor permanent residence in another country.
Case Number: Pre- Removal Risk Assessment UCI: 5348-8994
-------------------------------------------------
ပို့ ရမည့် အီးမေးလ်လိပ့်စာများ
( The e-mail addresses copy and paste are below.
Minister@cic.gc.ca
bruce.stanton@parl.gc.ca
ronald.poulton@sympatico.ca
)
Yangon – “It’s totally unacceptable,” said Myanmar’s incoming information minister Pe Myint on the court recommendations to close the case of a…
seapa.org

a Petition for Ye Yint's ( Than Soe ) Deportation to Burma ( Myanmar )

 Please ,You can sign a Petition for Ye Yint's ( Than Soe ) Deportation to Burma ( Myanmar )
Please sign the following web page.



ရဲ ရင့် ၏ မိတ်ဆွေများသို့ 
ကိုသိန်းစိုး(ခ) ရဲရင့် ၏ မြန်မာပြည် ပြန်ပို့ ခံရမည့် အရေး အတွက် ကနေဒါ နိုင်ငံ မှ သက် ဆိုင်ရာ တာ ဝန်ရှိသူများထံသို့  ပေးပို့ နိုင်ရန် လက်မှတ်များ ကောက်ယူခြင်း၊ စာ ပို့ ခြင်း၊ အီးမေးလ် (e-mail) များပေးပို့ ခြင်း လုပ့်ရှားမူ့ ကို ပြုလုပ့်သွားရန်ရှိပါသဖြစ်ကိုရဲ ရင့် ၏ မိတ်ဆွေ များ အားလုံးကို အသိပေး နိုး ဆော် အကြောင်းကြားအပ့်ပါသည် ခင်ဗျာ။
ရဲရင့် အတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူများ ဖြစ်ကြသော
ကိုမိုးဇော်အောင်(US)၊ ကိုကျော်ဇေယျ (US)၊ ကိုထွန်းရှိန်(Myanmar)၊ ကိုလှမော်(Myanmar)၊ ကိုမျိုးအေး(Australia)
ဖိုးသက်(US) တို့ ကိုလည်း ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပေးအပ့်ပါသည် ခင်ဗျား။
သို့ ဖြစ်ပါသော ကြောင့် ကို သန်းစိုး(ခ) ရဲရင့် ၏ မိတ်ဆွေ သူငယ်ချင်းများထံ သက်ဆိုင်ရာ များသို့ ပေးပို့ ရမည့် တောင်းဆို စာ များ ကိုအီးမေးလ် (e-mail)ကတဆင့် ပေးပို့ ထားလိုပါသဖြစ် ကျနော့ ဖေ့ဘုတ် မက်ဆေ့ ဘောက်ကို သော်လည်ကောင်း၊ ကျနော့် အီးမေလ် သို့  သော် လည်ကောင်း (e-mail)များ ပေးပို့ ထားနိုင်ပါကြောင်း အသိပေး နိုး ဆော် အပ့်ပါတယ်ခင်ဗျား။
လေးစားစွာဖြင့်
ကိုသစ် (ခ) ရဲ ရင့် ကိုယ်စား
အောင်မိုး(ကနေဒါ)
moethihaaung@gmail.com
****************************************************
ထိုင်းနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ပေးဖို့  မေတ္တာရပ်ခံခဲ့ပေမယ့် မရရှိခဲ့ပါ။ ထိုင်းနိုင်ငံ တရားဥပဒေရဲ့  စီမံမှုအောက်မှာ ကိုရဲရင့်နဲ့ ကိုရဲသီဟတို့ ဟာ ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံယူခဲ့ပါတယ်။ ထောင်ဒဏ် ၆ နှစ်မပြည့်ခင်မှာ ထိုင်းအစိုးရရဲ့  သက်ညှာမှုအရ ထောင်သက်တမ်း ၂ နှစ်ခွဲပြည့်မြောက်တဲ့အချိန်မှာ ထောင်မှ လွတ်ခဲ့ပါတယ်။ ဒီနောက်မှာ ကိုရဲရင့်ဟာ အမေရိကန်နိုင်ငံသို့  ပညာသင်တော်သင်အဖြစ် သွားရောက်ခဲ့ပြီး၊ ထိုမှတစ်ဆင့် ကနေဒါနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံကို ၂၀၀၃ ခုနှစ်မှာ နိုင်ငံရေးခိုလှုံခွင့် ရရှိဖို့ ရောက်ရှိခဲ့ပြီး၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့တဲ့ ကိုရဲရင့်ကို ၂၀၀၇ ခုနှစ်မှာ ကနေဒါ လူဝင်မှုကြီးကြပ်ရေးဌာနကနေ မူရင်းနေရပ်ဌာနေကို ပြန်ပို့ ဖို့ အတွက် လုပ်ဆောင်ခဲ့ပါတယ်။
ကနေဒါနိုင်ငံ ရောက်ရှိခဲ့တဲ့အချိန်မှာ ကနေဒါနိုင်ငံရဲ့  Immigration and Refugee Board ရယ်၊ President of the Canada Border Services Agency ရယ်က ကိုရဲရင့်ကို ပြန်ပို့ ဖို့ အတွက် ကနေဒါ လူဝင်မှုကြီးကြပ်ရေးဌာနကို ဖိအားပေးခဲ့ပါတယ်။ ကိုရဲရင့်ကို ထိုင်းနိုင်ငံသို့  ပြန်ပို့ ဖို့  ပြောဆိုရာကနေ အန္တရာယ်ရှိလှတဲ့ မြန်မာပြည်ကို ပြန်ပို့ ဖို့  လုပ်ဆောင်လာသည်အထိ ဖြစ်ပေါ်လာပါတယ်။
ကနေဒါနိုင်ငံအစိုးရရဲ့  လုပ်ရပ်ကို ကျွန်တော်တို့  မြန်မာကျောင်းသားကျောင်းသူတွေအနေနဲ့ ၊ မြန်မာပြည် ဒီမိုကရေစီအရေးကို ချစ်မြတ်နိုးကြတဲ့သူတွေအနေနဲ့  ကိုရဲရင့်ကို မြန်မာပြည် အတင်းအကျပ် ပြန်ပို့ မယ့်ကိစ္စကို ၀ိုင်းဝန်းကန့် ကွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
လေယာဉ်ပြန်ပေးဆွဲခဲ့မှုကိစ္စနဲ့  ပတ်သက်တဲ့ အဖြစ်အပျက်အပေါ် ပြောကြားခဲ့တဲ့ မြန်မာကျောင်းသားနှစ်ဦးဖြစ်တဲ့ ကိုရဲရင့်နဲ့  ကိုရဲသီဟတို့ ရဲ့  ပြောကြားချက်များနဲ့  သူတို့ အကြောင်းအရာများကို ဆက်လက်ဖော်ပြပေးပါမယ်။
မျိုးအေး။
မတ်လ ၄ ရက်နေ့ ၊ ၂၀၁၇ ခုနှစ်။



http://www.thepetitionsite.com/476/724/459/petition-for-than-soe-deportation-to-burma/?taf_id=34628951&cid=fb_na#bbfb=997862118

http://www.thepetitionsite.com/476/724/459/petition-for-than-soe-deportation-to-burma/?taf_id=34628951&cid=fb_na#bbfb=997862118

“မြိတ်လေယာဉ်ပြန်ပေးဆွဲမှုကြီး”

ဒီတစ်ပတ် ရေးဖြစ်တဲ့ ဆောင်းပါး
“မြိတ်လေယာဉ်ပြန်ပေးဆွဲမှုကြီး”
စိုးငယ်
ပြီးခဲ့သော ရက်ပိုင်းအတွင်းက Grand Jade ဟိုတယ်ရှေ့မှ ဖြတ်သွားရင်း ၄လွှာရှိ ဂုဏ်3D အဆင့်မြင့်ရုပ်ရှင်ရုံတွင် ပြသနေသော မြန်မာရုပ်ရှင် ဇာတ်ကားကြော်ငြာကို သတိပြု မိပါသည်။၎င်းရုပ်ရှင် ဇာတ်ကားအမည်မှာ BURMA'S HIJACK (ရောင်နီဦး၏ အလင်းရောင်နှင့်အတူ) ဖြစ်ပါသည်။ရုပ်ရှင်ဇာတ်ကားအမည်ကို စိတ်ဝင်စားမိသောကြောင့် အပြန်မှာ ဟိုတယ်ရှေ့ ဆိုင်ကယ်ရပ်ပြီး ကြော်ငြာဗီနိုင်းကို ၀င်ဖတ်ကြည့်ရာ ကျွန်တော်ထင်ထားသလိုပင် ၁၉၅၄ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ရန်ကုန်မှ စစ်တွေသို့ သွားသော လူ၁၆ယောက်စီး ဒါကိုတာလေယာဉ်အား KNDO လက်နက်ကိုင် တပ်သားများ ပြန်ပေးဆွဲခဲ့ပုံကို ပြန်လည် ရိုက်ကူးထားသော ဇာတ်ကား ဖြစ်နေပါသည်။ အဆိုပါ လေယာဉ် ပြန်ပေးဆွဲမှုမှာ မြန်မာနိုင်ငံ၏ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ပြီး ရှေ့မီနောက်မီ လူကြီးသူမများက ကမ္ဘာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုဟု ဆိုစမှတ် ပြုခဲ့ကြပါသည်။အကယ်၍များ ဤအဆိုအတိုင်းသာ မှန်ကန်ပါက “လေယာဉ်ပြန်ပေးမှု အစ မြန်မာက”ဟု ပြောရမလိုပင်။
ထိုနေ့က အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ၀င်ကြည့်လိုက်ရမလားဟု ဟိုတယ်ရှေ့ရပ်ပြီး စဉ်းစားမိပေမယ့် ထိုလေယာဉ် ပြန်ပေးဆွဲမှု အကြောင်း ရေးထားသော စာအုပ်ကို ဖတ်ဖူးတာက တစ်ကြောင်း၊ PASSENGER57၊AIRFORCE ONE .....အစရှိသည့် လေယာဉ်ပြန်ပေးဆွဲမှုအကြောင်း ရိုက်ကူးထားသော နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားများကို ကြည့်ဖူးသူ တစ်ယောက်အတွက် မြန်မာ့လေယာဉ်ပြန်ပေး ရုပ်ရှင်ဇာတ်ကားမှာ မတိုးတော့တာက တစ်ကြောင်းကြောင့် စိတ်လျော့ပြီး ဟိုတယ်ရှေ့မှ လှည့်ပြန်ခဲ့ပါသည်။သို့သော် ထိုနေ့က အိမ်ပြန်ရောက်သောအခါ အဆိုပါ BURMA'S HIJACK ရုပ်ရှင်ဇာတ်ကားကို အကြောင်းပြုပြီး ကျွန်တော်သည် လွန်ခဲ့သော ၂၇နှစ်ခန့်က မြိတ်တစ်မြို့လုံး တုန်လှုပ်ချောက်ချား ခဲ့ရသော နေ့လေးတစ်နေ့ကို ပြန်လည် သတိရမိပါသည်။ထိုနေ့ကား...................
၁၉၈၉ခုနှစ်၊အောက်တိုဘာလ(၆)ရက်နေ့၊သောကြာနေ့။
ထိုနေ့ ညနေလေးနာရီခွဲခန့်တွင် မြိတ်တစ်မြို့လုံးကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သော သတင်းတစ်ပုဒ်က တောမီးပမာ လျင်မြန်စွာ ပျံ့နှံ့ခဲ့ပါသည်။ထိုသတင်းမှာ “မြိတ်မှ ရန်ကုန်သို့သွားသော လေယာဉ် ပြန်ပေး အဆွဲခံလိုက်ရတယ်”ဟူလို။ ထိုသတင်းကြောင့် မြိတ်တစ်မြို့လုံး ပဒူအုံကို တုတ်နဲ့ ထိုးလိုက်သလို လှုပ်လှုပ်ရွရွ ဖြစ်ကာ တချို့က ထိုသတင်း တကယ် မှန်မမှန် လေယာဉ်ရုံးမှာ သွားရောက် စုံစမ်းကြသလို တချို့ကလည်း လေယာဉ်ကွင်းမှာ သွားရောက် စုံစမ်း မေးမြန်းကြလေသည်။ ထိုအပြင် ဖုန်းရှိသော အိမ်တွေကလည်း ထိုသတင်း မှန်မမှန် ရန်ကုန်ရှိ ဆွေမျိုးသားချင်းများထံ ဆက်သွယ်မေးမြန်း ကြသလို တချို့ကလည်း အဆိုပါ လေယာဉ်ကြီး မြိတ်လေယာဉ်ကွင်းသို့ ပြန်လည် ဆင်းသက် လာမလား ဟူသော မျှော်လင့်ချက်ဖြင့် လေယာဉ်ကွင်း အနီးသို့ သွားပြီး မယောင်မလည် အကဲခတ်လျက် ရှိပါသည်။ ထိုနေ့က မြိတ်သူမြိတ်သားများမှာ အဆိုပါ သတင်းထူးကြောင့် မိမိတို့ လုပ်လက်စ အလုပ်များကို ခေတ္တ ရပ်နားထားကာ အိမ်အပြင်ဘက် ထွက်လာကြပြီး သူတို့ ကြားသိရသမျှ သတင်းများကို အပြန်အလှန် ဖလှယ်ကြ၊ထင်မြင်ချက်တွေ ပေးကြ၊ ဝေဖန်ကြနှင့် မြို့ကလေးမှာ ထူးထူးခြားခြား သက်ဝင်လှုပ်ရှား လာပါသည်။
အထူးသဖြင့် ထိုလေယာဉ်၌ ခရီးသည်အဖြစ် လိုက်ပါခဲ့ကြသူတွေ၏ မိသားစုဝင် များမှာ ကောလာဟလ သတင်းသာ ဖြစ်ပါစေတော့ဟု ကျိတ်ပြီး ဆုတောင်းနေရင်းနှင့်ပင် ထိုသတင်း မှန်မမှန် လေယာဉ်ရုံးမှာပဲ ပြေးစုံစမ်းရ မလိုလို၊ လေယာဉ် ကွင်းမှာပဲ သွားရောက် စုံစမ်းရ မလိုလို၊ ဒါမှမဟုတ် ဘ၀တူ လေယာဉ်စီး ခရီးသည်များ၏ မိသားစုဝင်များထံ သွားရောက် မေးမြန်းရ မလိုလိုနှင့် ဆောက်တည်ရာမရ ဖြစ်ခဲ့ရပါသည်။ထိုခေတ်က ကျွန်တော်တို့မှာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ဖို့ ဟန်းဖုန်းမရှိ၊ ဂြိုဟ်တုစလောင်း မရှိ သလို အင်တာနက်လည်း မရှိပါ။သတင်းအမှောင် ချထားသော န၀တ စစ်အစိုးရခေတ်မို့ ပြည်တွင်း သတင်းအမှန်များကို သိချင်ပါက ပြည်ပ အသံလွှင့်ဌာန များကိုသာ အဓိက အားကိုး နေရပါသည်။ အထူးသဖြင့် BBCနှင့် VOA သတင်းဌာနတို့ ဖြစ်ပါသည်။BBC သတင်းဌာနမှာ ၈၈အရေးအခင်း ကာလတစ်လျှောက် ရန်ကုန်မြို့မှ ရှေ့နေ ဦးနေမင်း နှင့် ချိတ်ဆက်ပြီး သတင်းမှန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကားမြို့မှ စဉ်ဆက်မပြတ် ပေးပို့ခဲ့သော သတင်းထောက် “ခရစ္စတိုဖာဂန်းနက်”ကြောင့် မြန်မာလူထုကြား အထူး ရေပန်းစားခဲ့ပါသည်။
သို့ဖြင့် တဖြည်းဖြည်း အချိန် ကြာမြင့်လာတာနှင့် အမျှ သက်ဆိုင်ရာက တရားဝင် သတင်း မထုတ်ပြန်သေးပေမယ့် လေယာဉ်ပြန်ပေး အဆွဲခံရသော သတင်းမှာ ပို၍ အခြေအမြစ် ရှိလာပါတော့သည်။ အကြောင်းမှာ မြိတ်မှ ရန်ကုန်သို့ ဂျက်လေယာဉ်တစ်စီး ပျံသန်းချိန်မှာ ၅၅မိနစ် ခန့်သာကြာမြင့်ပြီး ထိုလေယာဉ်မှာ မြိတ်လေယာဉ်ကွင်းမှ ပျံတက်ပြီး မင်္ဂလာဒုံ လေဆိပ်သို့ တစ်နာရီခွဲကြာလည်း ရောက်မလာ၊ နှစ်နာရီကြာလည်း ရောက်မလာပါက ပြန်ပေး အဆွဲခံရခြင်းနှင့် လမ်းခုလတ်မှာ ပျက်ကျခြင်း ဟူသော ခေါင်းစဉ်နှစ်ခုအနက် တစ်ခုခုဖြစ်ဖို့ သေချာနေပြီ မဟုတ်ပါလား။
ဆက်လက်ပြီး ညဦးပိုင်းတွင် ထုတ်လွှင့်သော VOA သတင်းတွင် ရဲရင့်နှင့် ရဲသီဟ ဟူသော တက္ကသိုလ် ကျောင်းသား နှစ်ဦးက လေယာဉ်ကို ဘန်ကောက်မြို့ အရှေ့တောင်ဘက် မိုင်၈၀ခန့် အကွာရှိ ထိုင်းဘုရင့်တပ်မတော် လေဆိပ် ယူတာပေါင်(UTAPHAO)သို့ ပြန်ပေးဆွဲသွားပြီး ညနေ ၅နာရီ ၄၀မိနစ်မှာ ဆင်းသက်ခဲ့ကြောင်း ကြေညာလိုက်သောအခါ ထင်ကြေးကိုယ်စီနှင့် ခန့်မှန်ပြောဆိုနေမှုများမှာ အဆုံးသတ် ခဲ့ရပါသည်။ထိုသတင်းကြောင့် ပြန်ပေးအဆွဲခံရသော လေယာဉ်ပေါ်၌ ဓားစာခံအဖြစ် လိုက်ပါသွား ခဲ့ရသော ခရီးသည်များ၏ မိသားစုဝင်များမှာ နောက်ဆက်တွဲသတင်းကို စိတ်တပူပူနှင့် နားစွင့်နေကြသလို မြို့သူမြို့သားများမှာ ရှေ့ဘာတွေ ဆက်ဖြစ်လာဦးမလဲ ဟူသော သိချင်စိတ်ကြောင့် ရင်တဖိုဖိုနှင့် စောင့်မျှော် နားထောင်နေကြပါသည်။၎င်းလေယာဉ်ကို ပြန်ပေးဆွဲသွားသော ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးကို ဓားစာခံ မိသားစုဝင်များနှင့် န၀တအာဏာပိုင်များ မှအပ မြို့သူမြို့သား အားလုံးလိုလိုက သူရဲကောင်းများဟု မသတ်မှတ်တာတောင် အကြမ်းဖက်သမားများဟု မယူဆကြပေ။ထိုလုပ်ရပ်မှာ ကိုယ့်နည်း ကိုယ့်ဟန်နှင့် န၀တစစ်အစိုးရ ကို ဆန့်ကျင်ခြင်းဟုသာ သဘောထားခဲ့ကြလေသည်။ထိုကြောင့် မြို့သူမြို့သားများက သားရွှေအိုးထမ်း ဆိုသလို ဓားစာခံများလည်း ဘေးမသီရန်မခ ပြန်လည် လွတ်မြောက်လာပြီး ကျောင်းသားနှစ်ဦး၏ ဆန္ဒလည်း ပြည့်ဝပါစေဟု ၀ိုင်းဝန်း ဆုတောင်းပေးလျက် ရှိကြပါသည်။
ထိုနောက် ထပ်မံ ကြားသိရသော သတင်းများအရ ရဲရင့်နှင့် ရဲသီဟတို့သည် ယူတာပေါင် လေဆိပ်၌ လေယာဉ်ဆင်းသက် ပြီးနောက် မြန်မာစစ်အစိုးရအား အချက်(၇)ချက် တောင်းဆိုခဲ့ပါသည်။ထိုအချက်(၇)ချက်အနက် န၀တစစ်အစိုးရက မတရား ဖမ်းဆီးချုပ်နှောင်ထားသော နိုင်ငံရေး အကျဉ်းသားများအား ပြန်လည်လွတ်ပေးရေး၊စစ်အုပ်ချုပ်ရေး ရုတ်သိမ်းပေးရေး၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်ပေးရေး..........စသည်ဖြင့် ပါဝင်ပါသည်။အကယ်၍ န၀တစစ်အစိုးရက ဤတောင်းဆိုချက်များအား မလိုက် လျောပါက မိမိတို့နှစ်ဦး အသေခံပြီး လေယာဉ်ကို ဖောက်ခွဲပစ်မည်ဟု ရာဇသံ ပေးခဲ့လေသည်။သို့သော် ဤတောင်းဆိုချက် အားလုံးကို န၀တစစ်အစိုးရက ငြင်းပယ်ခဲ့ပေမယ့် ထိုည (သောကြာနေ့ည) ၇နာရီခန့်တွင် ဓားစာခံထဲမှ ကလေးနှင့် သက်ကြီးရွယ်အို ၃၅ဦးကို ပြန်လွတ်ပေး ခဲ့ပါသည်။ထိုသို့ မလွတ်ပေး၍လည်း မရတော့။အကြောင်းမှာ လေယာဉ် စက်ရပ်ထားရ သောကြောင့် အတွင်း၌ မခံမရပ် နိုင်လောက်အောင် ပူပြင်း လာသလို အောက်ဆီဂျင်ကလည်း တဖြည်းဖြည်း နည်းလာသောကြောင့် ဖြစ်ပါသည်။ကျန်ဓားစာခံများမှာ လေယာဉ်ပေါ်၌ တစ်ညတာ ကုန်ဆုံးခဲ့ရပြီး ထိုညတွင် ထိုင်းအာဏာပိုင်များက ထမင်းနှင့် အချိုရည်ဘူးများကို လေယာဉ်ပေါ် ပို့ပေးခဲ့ပါသည်။
ဆက်လက်ပြီး ထိုင်းဒုဝန်ကြီးချုပ် တီရန်ချိုင်း ဦးဆောင်သော အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှု အပြီးနောက်နေ့ မနက်(စနေနေ့မနက်) ၂နာရီခန့်တွင် ကျန်ဓားစာခံ ၄၈ဦးကို ၅မိနစ် တစ်ယောက်နှုန်း ပြန်လွတ်ပေးခဲ့ပါသည်။သို့သော် အချိန်နှောင့်နှေးကြန့်ကြာမှုကြောင့် နောက်ပိုင်းတွင် ဓားစာခံများကို ၃မိနစ် တစ်ယောက်၊ထိုမှ ၂မိနစ်တစ်ယောက်နှုန်း ပြန်လွတ်ပေးခဲ့ပါသည်။ထိုသို့ ပြန်လွတ်ပေးသောအခါ ရဲသီဟက လေယာဉ် အပေါက်ဝက ကုလားထိုင်မှာ ထိုင်ပြီး ဓားစာခံကို သူရှေ့ကုလားထိုင်တစ်လုံးမှာ ထိုင်ခိုင်းကာ မိမိတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပါက တောင်းပန်ကြောင်း ၊ထိုအပြင် မိမိတို့ နှစ်ဦးအား ပြန်လည် မခုခံ မတိုက်ခိုက်သောကြောင့် ကျေးဇူးတင်ကြောင်း တစ်ဦးချင်းစီအား ပြောကြားပြီး ထိုင်းအာဏာပိုင်များထံ အသာတကြည် လက်နက်ချကာ ထိုင်းတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့လေသည်။ ထိုသို့ လက်နက်ချခဲ့သော ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးကို စနေနေ့မနက် ၄နာရီ ၂၅မိနစ်တွင် ထိုင်းဒုဝန်ကြီးချုပ် တီရန်ချိုင်း ကိုယ်တိုင် ကားတစ်စီးဖြင့် လေဆိပ်မှ ခေါ်ဆောင်သွားခဲ့ပါသည်။ရဲရင့်နှင့် ရဲသီဟတို့ လက်နက်ချခဲ့ပြီးနောက် ထိုင်းရေတပ် ကွန်မန်ဒို ၉ဦးက လေယာဉ်အတွင်း ၀င်ရောက်ရှာဖွေရာ ဖောက်ခွဲရေး ပစ္စည်းဟု ယူဆရသော သေတ္တာတစ်လုံး (တကယ် တော့ထိုသေတ္တာမှာ ဖောက်ခွဲရေး ပစ္စည်းမဟုတ်ဘဲ ဆပ်ပြာမှုန့်ဘူး ဖြစ်နေပါသည်) နှင့်“ငါတို့ ဦးခေါင်း၌ သွေးတို့ဖြင့် ရဲရဲနီနေပေမယ့် ဦးမညွတ်”ဟု လက်ရေးဖြင့် အသော့ရေးထားသော စာရွက်တစ်ရွက် ရှာဖွေ တွေ့ရှိခဲ့ပါသည်။
ထိုနောက် ပြန်ပေးအဆွဲခံရသော လေယာဉ်မှာ ဓားစာခံများကိုတင်ဆောင်ပြီး ယူတာပေါင် လေဆိပ်မှ နံနက် ၆နာရီခန့်တွင် ပြန်လည် ထွက်ခွာလာရာ ၇နာရီခန့်တွင် မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး လေဆိပ်တွင် ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင် လာရောက်ကြိုဆို အားပေးခဲ့ပါသည်။
စုစုပေါင်း ၁၂နာရီကျော်ခန့် ကြာမြင့်ခဲ့သော အဆိုပါ လေယာဉ်ပြန်ပေးမှုကြီး၌ လေယာဉ်မှူး၊လေယာဉ်အမှုထမ်းများ အပါအ၀င် ခရီးသည် တစ်ဦးတစ်ယောက်မှ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းမရှိပေ။နောက်ပိုင်းတွင် ရဲရင့်နှင့် ရဲသီဟတို့က မိမိ တို့ မြန်မာပြည်သူများ၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ကမ္ဘာက အာရုံစိုက်မိစေရန် ယခုလို လေယာဉ် ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
ထိုသို့ အန္တရာယ်များလှသော လေယာဉ်ပြန်ပေး ဆွဲမှုကြီးကို သွေးအေးအေးနှင့် ကျူးလွန်ခဲ့ကြသော ရဲရင့်နှင့် ရဲသီဟတို့မှာ အသက်နှစ်ဆယ်ဝန်းကျင် တက္ကသိုလ် ကျောင်းသားလေးများ ဖြစ်ပြီး ဆပ်ပြာမှုန့်ဘူးကို ဗုံးပုံသဏ္ဍာန် ပြုလုပ်ပြီး ဟိတ်ဟန် မှင်မောင်းကောင်းကောင်းဖြင့် ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ထိုကြောင့် အဆိုပါ လေယာဉ်ပြန်ပေးဆွဲမှု အပြီး မြိတ်-ရန်ကုန် ခရီးစဉ်တွင် မည်သည့် ခရီးသည်ကိုမှ ဆပ်ပြာခွက်၊ဆပ်ပြာတောင့်၊ဆပ်ပြာမှုန့်ဘူးများ ယူဆောင်ခွင့် မပြုတော့ပေ။
လေယာဉ် ပြန်ပေးဆွဲခဲ့သော ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးသည် စက်တင်ဘာလ ဒုတိယအပတ်တွင် တက္ကသိုလ် ကျောင်းသား အရွယ် လူငယ်၁၀ဦးခန့်နှင့် အတူ ရနောင်းမြို့၊ဖန်ဖလားဆိပ်ကမ်းရှိ “မာလီဂိုဒေါင်”သို့ ကားတစ်စီးဖြင့် ရောက်ရှိ လာ ပါသည်။ဂိုဒေါင်သို့ ရောက်သောအခါ ရဲရင့်နှင့် ရဲသီဟတို့ ကျန်ရစ်ခဲ့ပြီး ၄င်းတို့ကို လိုက်ပါပို့ဆောင်ပေးသူများမှာ ထိုကားဖြင့် ပြန်လည်ထွက်ခွာ သွားခဲ့ကြလေသည်။ထိုနောက် ၄င်းတို့နှစ်ဦးမှာ မာလီဂိုဒေါင်တွင် တခြား မြန်မာရွေ့ပြောင်းလုပ်သားများ နည်းတူ ကြုံရာအလုပ် ၀င်ရောက်လုပ်ကိုင် ကြလေသည်။ထိုအချိန်က မာလီဂိုဒေါင်တွင် ကိုတင်ဦးဆိုသော မြိတ်သားတစ် ဦး ၀င်ရောက် အလုပ်လုပ်ကိုင်လျက်ရှိရာ များမကြာမီ ကိုတင်ဦးနှင့် ၄င်းတို့နှစ်ဦး ခင်မင်ရင်းနှီး ခဲ့ကြလေသည်။ကိုတင်ဦး၏ အဆိုအရ ရဲရင့်မှာ ပိန်ပိန်သွယ်သွယ် ဖြစ်ပြီး ရဲသီဟမှာ ကိုယ်လုံးကိုယ်ထည် အနည်းငယ် ပြည့်ဖြိုးတောင့်တင်းပါသည်။ ၄င်းတို့ နှစ်ဦးစလုံး အလွန်စကားနည်းပြီး အလုပ်အားချိန်များတွင် တစ်ခုခုကို စူးစိုက်တွေးတော နေလေ့ရှိပါသည်။ထိုအပြင် ၄င်းတို့ နှစ်ဦးစလုံးသည် မနက် အရုဏ်တက်ချိန်တိုင်း စိတ်တည်ငြိမ်မှု ရရှိအောင် သမထ ထိုင်လေ့ရှိကြောင်း သိရပါသည်။ထိုနောက် ရဲရင့်နှင့် ရဲသီဟတို့နှစ်ဦးသည် မာလီဂိုဒေါင်တွင် သုံးပတ်ခန့် အလုပ်လုပ် ခဲ့ကြပြီး အောက်တိုဘာလဆန်းတွင် စက်လှေဖြင့် မြိတ်မြို့သို့ လိုက်ပါလာခဲ့ ကြလေသည်။၎င်းတို့နှစ်ဦး မြိတ်မြို့သို့ မသွားမီ ရနောင်းကုန်တိုက် တစ်ခုမှ တကယ့်သေနတ် အစစ်နှင့် ခွဲမရအောင် တူသော ကလေးကစားစရာ ပစ္စတိုတစ်လက် သွားရောက် ၀ယ်ယူခဲ့လေသည်။
မြိတ်မြို့သို့ ရောက်ရှိလာသောအခါ ၄င်းတို့ နှစ်ဦးသည် ကံခေါင်းရပ်ကွက်ရှိ စံကားဝါ တည်းခိုခန်းတွင် တည်းခိုခဲ့ပြီး လေယာဉ်လက်မှတ် ပွဲစားတစ်ဦးနှင့် ဆက်သွယ်ကာ လေယာဉ်လက်မှတ် နှစ်စောင် ရရှိအောင် ကြံဖန်ခဲ့လေသည်။ လေယာဉ်လက်မှတ် ပွဲစား၏ ပေါက်ရောက်မှုကြောင့် ၄င်းတို့နှစ်ဦး မြိတ်မြို့သို့ ရောက်ရှိပြီး ၂ရက်အကြာမှာ လေယာဉ်လက်မှတ် ရရှိခဲ့ပါသည်။ရဲရင့်နှင့် ရဲသီဟတို့ အနေနှင့် လေယာဉ်လက်မှတ် ပွဲစားကို အားမကိုးလို့လည်း မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က မြိတ်-ရန်ကုန် ကားလမ်း မပေါက်သေးသလို ကြယ်ငါးပွင့် သင်္ဘောများကလည်း တစ်လမှာ သုံးခေါက်လောက်သာ ရှိသောကြောင့် ရှိစုမဲ့စု မြန်မာ့လေကြောင်းမှာစုပြုံတိုးဝှေ့နေကြပြီး ၄င်းတို့ အနေနှင့် လမ်းရိုးလမ်းဟောင်းအတိုင်း လျှောက်ပါက လေယာဉ်လက်မှတ် ရဖို့ နှစ်ပတ်ခန့် စောင့်ရပေလိမ့်မည်။ ထိုတောအတွင်း ထောက်လှမ်းရေးက သူတို့နှစ်ဦးကို ခြေရာခံမိပြီး အချိန်မရွေး ဖမ်းဆီးသွားနိုင်သည် မဟုတ်ပါလား။ထိုနောက် ၅-၁၀-၈၉တွင် ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးသည် အပြီးသတ်တိုက်ပွဲ ဆင်နွှဲဖို့ အရာရာ အသင့် ပြင်ဆင်ပြီး လေဆိပ်သို့ ထွက်ခဲ့လေသည်။ သို့သော် ထိုနေ့က မြိတ်-ရန်ကုန် ခရီးစဉ်မှာ Flight Cancel ဖြစ်ခဲ့လေသည်။ ထိုအခါ လေဆိပ်၌ ခင်မင်ခဲ့သော စည်ပင်ဝန်ထမ်း ဇနီးမောင်နှံက ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးကို ကန်ဖျားရပ်ကွက်၊မြေနီ လမ်းရှိ ၄င်းတို့ နေအိမ်တွင် တစ်ညတာ တည်းခိုခွင့် ပြုခဲ့လေသည်။ထိုနောက် ၆-၁၀-၈၉တွင် ရဲရင့်နှင့် ရဲသီဟတို့ ရည်မှန်းချက်ဖြစ်သော လေယာဉ် ပြန်ပေးဆွဲမှုကြီး အထမြောက်ခဲ့လေသည်။ရဲရင့်နှင့် ရဲသီဟတို့သည် မြိတ်မှ လေယာဉ်တက်လာပြီး ၁၀မိနစ်ခန့် အကြာတွင် ရုတ်တရက် မတ်တပ်ရပ်လိုက် ကြလေသည်။ ထိုနောက် ရဲရင့်က လက်ထဲမှာ အမဲလိုက်ဓားမြှောင်တစ်လက် ကိုင်ဆောင်ထားကာ ရဲသီဟက လက်တစ်ဖက်တွင် ၀ါယာကြိုးတွေ သွယ်တန်းထားသော စက္ကူဘူးနှင့် ကျန်လက်တစ်ဖက်တွင် မောင်းခလုတ်တစ်ခု ဆုပ်ကိုင်ထားပြီး လေယာဉ်မှူးအခန်းရှိရာသို့ သွားရင်း အဆိုပါ လေယာဉ်အား မိမိတို့ ပြန်ပေးဆွဲလိုက်ပြီဖြစ်ကြောင်း၊အကယ်၍ ခရီးသည်များမှ ပြန်လည် ခုခံပါက လေယာဉ်ကို မိမိလက်ထဲမှ ဗုံးဖြင့် ဖောက်ခွဲပစ်မည် ဖြစ်ကြောင်း ရဲသီဟက ကြေညာလိုက်ပါသည်။ထိုနောက် ရဲရင့်က လေယာဉ်မှူး အခန်းတံခါးကို ထုနှက်ပြီး တံခါး ဖွင့်ခိုင်းပါသည်။လေယာဉ်မှူးက တံခါးဖွင့်ပေး လိုက်သောအခါ ရဲသီဟက အခန်းထဲ ၀င်သွားကာ ညွှန်ကြားချက်ပေးပြီး ရဲရင့်က ဓားစာခံများကို စောင့်ကြည့်နေပါသည်။ ထိုသို့ စောင့်ကြည့်နေသည့် ကြားကပင် အဘွားအိုတစ်ဦး ထိုင်ရာမှ ထလာပြီး ရဲရင့်အား လေယာဉ် ပြန်ပေးဆွဲပါက မိမိတို့ အိမ်အရောက် နောက်ကျမှာမို့ ပြန်ပေးမဆွဲရန် ပြောကြားသလို လူလတ်ပိုင်း ခရီးသည် တစ်ဦးကလည်း အော်ဟစ်ရန်တွေ့ရာ လေယာဉ်မောင်က ခရီးသည်များ မိမိတို့ နေရာမှာပင် ငြိမ်သက်စွာ ထိုင်နေဖို့ ၀င်ရောက် သတိပေး ပြောဆိုရပါသည်။ယခုလို လေယာဉ်မောင် ကြားဝင်သတိပေး ပြောဆိုပြီးသည့်နောက် လေယာဉ်တွင်း အခြေအနေမှာ ပြန်လည် ငြိမ်သက်သွား ခဲ့ပါသည်။
ထိုနောက် လေယာဉ်မှူးနှင့် ထိုင်းအာဏာပိုင်များ ညှိနှိုင်းရာတွင် အဆင်မပြေသောကြောင့် ထိုင်းလေပိုင်နက်ထဲမှာ တစ်နာရီခန့် ပျံသန်းခဲ့ရပြီးမှ ယူတာပေါင် လေဆိပ်၌ ဆင်းသက်ခွင့် ရခဲ့ပါသည်။အဆိုပါ လေယာဉ်ခရီးစဉ်တွင် ခရီးသည်အဖြစ် လိုက်ပါခဲ့သော အမျိုးသမီးတစ်ဦး၏ အဆိုအရ ကနဦးက လေယာဉ်ကိုဘန်ကောက် ဒွန်မောင်းလေဆိပ်မှာ ဆင်းခွင့် တောင်းပေမယ့် ထိုင်းအာဏာပိုင်များက ခွင့်မပြုသောကြောင့် ယူတာပေါင်လေဆိပ်မှာ ဆင်းသက်ခဲ့ရကြောင်း သိရပါသည်။
အဆိုပါ လေယာဉ်ပျံပေးဆွဲမှုကြောင့် ရဲရင့်နှင့် ရဲသီဟတို့ကို တစ်ညတာ အိပ်စက်ခွင့် ပေးခဲ့မိသော စည်ပင်ဝန်ထမ်း ဇနီးမောင်နှံ နှစ်ဦးနှင့် လေယာဉ်လက်မှတ် ပွဲစားတို့ အဖမ်းခံခဲ့ ရလေသည်။ ထိုအပြင် ရဲရင့်နှင့် ရဲသီဟတို့ တည်းခိုခဲ့ကြသော စံကားဝါတည်းခိုခန်းမှ ၀န်ထမ်းများနှင့် ပြန်ပေး အဆွဲခံရသည့်နေ့က လေယာဉ်ကွင်းမှာ တာဝန်ကျ သော ၀န်ထမ်းအားလုံး ခေါ်ယူ အစစ်ဆေး ခံခဲ့ရပါသည်။ စစ်ဆေးမေးမြန်းမှုများ အပြီးမှာ ထိုနေ့က လေယာဉ်ကွင်း၌ တာဝန်ကျသော ၀န်ထမ်းတချို့ အလုပ်ထုတ်ခံရလေသည်။
နောက်ထပ် ထို လေယာဉ်ပြန်ပေးမှုတွင် ခေါ်ယူ စစ်ဆေးခံရသူ တစ်ဦးမှာ ထိုခရီးစဉ်၌ ခရီးသည်အဖြစ် လိုက်ပါခဲ့သော ကိုဌေးလှိုင်ဦး ဖြစ်ပါသည်။ကိုဌေးလှိုင်ဦးမှာ ရဲရင်၊ရဲသီဟတို့နှင့် အသက်အရွယ် မတိမ်းမယိမ်း ဖြစ်ပြီး လူငယ်ချင်းမို့ မြိတ်လေဆိပ်မှာ အဖွဲ့ကျ သွားပါသည်။၅-၁၀-၈၉တွင် လေယာဉ် Flight Cancel ဖြစ်သောအခါ သူတို့သုံးဦး လေယာဉ်ကွင်းမှ ကားတစ်စီးတည်း အတူ ငှားစီးပြီး အိမ်ပြန်ခဲ့ပါသည်။ နောက်တစ်နေ့ ၆-၁၀-၈၉မှာလည်း လေယာဉ်ကွင်းမှာ ၄င်းတို့သုံးဦး တပူးတွဲတွဲမို့ ပြန်လည်လွတ်မြောက်လာသော ဓားစာခံများက ယူတာပေါင် လေဆိပ်တွင် လာရောက်ကြီးကြပ်နေသော မြန်မာစစ်သံမှူးအား ကိုဌေးလှိုင်ဦးသည် ရဲရင့် ရဲသီဟတို့ နှစ်ဦးနှင့် အလွမ်းသင့်ကြောင်း ၀ိုင်းဝန်းပြောပြကြရာ စစ်သံမှူးက ကိုဌေးလှိုင်ဦးအား ယူတာပေါင်လေဆိပ်၌ ၁၅မိနစ်ခန့် စစ်ဆေးခဲ့ပါသည်။ ထိုအပြင် စစ်သံမှူး၏ သတင်းပို့မှုကြောင့် မင်္ဂလာဒုံလေဆိပ်သို့ ပြန်ရောက်သောအခါ ကိုဌေးလှိုင်ဦးအား ထောက်လှမ်းရေးက ၅မိနစ်ခန့် စစ်ဆေးခဲ့ပါသည်။သို့သော် ကိုဌေးလှိုင်ဦးသည် ရဲရင့် ရဲသီဟတို့နှင့် ပတ်သက်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြန်လည်လွတ်ပေး ခဲ့ပါသည်။
အလားတူပင် ၁၀-၁၁-၉၀တွင် ရဲမာန်နှင့်ရဲထင်ကျော်ဟူသော မြန်မာကျောင်းသား နှစ်ဦးက ဘန်ကောက်မှ ရန်ကုန်သို့ ထွက်ခွာလာသော ထိုင်းလေကြောင်းပိုင် A300 ဂျက်လေယာဉ်ကိုအန္ဒိယနိုင်ငံ၊ကာလကတ္တားမြို့သို့ ပြန်ပေး ဆွဲသွားခဲ့ပါသည်။စုစုပေါင်း ခရီးသည် ၂၁၉ယောက် လိုက်ပါလာသော အဆိုပါလေယာဉ်ကို မြန်မာကျောင်းသားနှစ်ဦးက ရဲရင့်နှင့် ရဲသီဟတို့ နည်းအတိုင်း ဆပ်ပြာမှုန်ဘူးကို ဗုံးသဏ္ဍာန်ပြုလုပ်ပြီးပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ ရဲမာန်နှင့်ရဲထင်ကျော်တို့သည် အဆိုပါလေယာဉ်ကို ၆နာရီခန့်ပြန်ပေးဆွဲခဲ့ပြီးအန္ဒိယအာဏာပိုင်များထံ လက်နက် ချခဲ့ ပါသည်။ ၆နာရီခန့် ကြာမြင့်ခဲ့သော အဆိုပါ လေယာဉ်ပြန်ပေးဆွဲမှု၌လည်းမြိတ်-ရန်ကုန်လေယာဉ်ပြန်ပေးဆွဲမှုလိုပင် ခရီးသည်တစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခဲ့ခြင်းမရှိပေ။အဆိုပါ လေယာဉ်တွင် ခရီးသည်အဖြစ် လိုက်ပါခဲ့သော ဂျွန်ကိုဂန်(John Cogan)ဟူသော အမေရိကန်နိုင်ငံ ဟူစတန်မြို့မှ ရှေ့နေတစ်ဦးက“စိတ်တင်းကြပ်မှု အနည်းအကျဉ်း ကလွဲလို့ တခြား ဘာမှဆိုးဆိုးရွားရွား မဖြစ်ပါဘူး”ဟုပြောဆိုခဲ့ပါသည်။တကယ်တော့ မူလက အဆိုပါ လေယာဉ် ပြန်ပေးဆွဲရန် စီစဉ်ခဲ့စဉ်က(၃)ဦး ဖြစ်ပေမယ့် တစ်ဦးက လေယာဉ်လက်မှတ်ဝယ်ရန် ငွေမရှိသောကြောင့် ဘန်ကောက်မှာ ကျန်နေခဲ့ရပါသည်။ထိုကြောင့် ရဲမာန်နှင့် ရဲထင်ကျော်တို့နှစ်ဦးတည်း လေယာဉ်ကိုပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ ဤလေယာဉ် ပြန်ပေးဆွဲမှုသည် မြန်မာနိုင်ငံ၏ ပြင်ပ၌ ဖြစ်ပွားခဲ့သောကြောင့် မြိတ်လေယာဉ် ပြန်ပေးဆွဲမှုလောက် လူသိမများခဲ့ပါ။ ဘာလိုလိုနှင့် ယခုဆို မြိတ်-ရန်ကုန် လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့တာ (၂၇)နှစ် ရှိခဲ့လေပြီ။ သို့သော် နှစ်တွေ ဘယ်လောက်ပြောင်းပြောင်းလက်နက်ဆိုလို့ မည်မည်ရရ မပါဘဲ ဆပ်ပြာမှုန့်ဘူးလေး တစ်လုံးဖြင့် လေယာဉ် တစ်စီးလုံးကို ပြန်ပေးဆွဲခဲ့ကြသော ရဲရင့်နှင့် ရဲသီဟတို့၏ ဟိတ်ဟန်မှင်မောင်း ကောင်းပုံမှာ မြိတ်သူမြိတ်သားများအတွက် ပြောစမှတ် တွင်ခဲ့ရသလို ကမ္ဘာ့လေယာဉ်ပြန်ပေးဆွဲမှု သမိုင်းမှာလည်း မှတ်တမ်းတင်ထိုက်သော ထူးခြားဖြစ်ရပ်တစ်ခု ဖြစ်ပါလိမ့်မည်။
ဤဆောင်းပါးအတွက် ကျွန်တော် မေးမြန်းသမျှ စိတ်ရှည်လက်ရှည် ဖြေကြားပေးသော ကိုဌေးလှိုင်ဦး၊ ဒေါ်ခင်လေးသန့်၊ဒေါ်ညိုမာညွန့်နှင့် ကိုခွေးနီတို့အား လည်းကောင်း။
အားတက်သရော အကူအညီပေးခဲ့သော ဆရာဗထူး၊ကိုစိုးရ၊ကိုခင်ထူးကိုဇော်ကြီးနှင့် ဒေါ်တင်ဝေတို့အား လည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း။
ဓာတ်ပုံ ။ ။Google