Monday, October 31, 2011

အစာငတ်ခံဆန္ဒပြခြင်း

အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစုဝင်များက စိုးရိမ် ပူပန်နေကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။


ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာ အမိန့်ဖြင့် လွတ်မြောက်လာသည့် အကျဉ်း သား များကို အင်းစိန်ထောင် ဘူးဝ ၌ တွေ့ရစဉ်(ဓာတ်ပုံ - Getty Images)
ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ကိုကောင်းမြတ်လှိုင်နှင့် ရဟန်းနှစ်ပါးဖြစ်သည့် ဦးစန္ဒိမာ၊ ဦးဝိသုဒ္ဓိ စသည့် နိုင်ငံရေးအကျဉ်းသား ၁၅ဦး က သီးသန့်နှင့် သာမန်သီးသန့် အကျဉ်းသားများ လျှော့ရက်ခံစားခွင့်ရရှိရေးအတွက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အစာငတ်ခံ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြမှုမှာ ၅ရက်ခန့် ကြာမြင့်နေပြီဖြစ်ပြီး ထောင်အာဏာပိုင်များက ယခုအခါ သောက်သုံးရေပါ ဖြတ်တောက်လိုက်သည့် အပြင် မိသားစုများနှင့် ထောင်ဝင်စာတွေ့ခွင့်ကိုလည်း အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက် ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါ တခြားသော နိုင်ငံရေး အကျဉ်းသားများ ဆန္ဒပြပွဲတွင် ပူးပေါင်းလာသည့်အတွက် နိုင်ငံရေး အကျဉ်းသား ၈ ဦးကို စစ်ခွေးတိုက်သို့ ပို့ကာ တိုက်ပိတ်ပြစ်ဒဏ်ပေးကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် စနေနေ့က ကိုညီညီထွန်း၏ မိသားစုဝင်များက အစားအသောက်နှင့် ပစ္စည်းတချို့သွားရောက် ပေးပို့ရာ ထောင် အာဏာ ပိုင်များက လက်ခံခြင်းမရှိဘဲ ထောင်ဝင်စာတွေ့ခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်ထားသည်ဟု ပြောဆိုကြောင်း မိသားစုဝင် တဦး က ဧရာဝတီသို့ ပြောသည်။
“ထောင်ပိုင်ကြီးနဲ့ တွေ့ခွင့်တောင်းတော့လည်း မပေးဘူး၊ မေးတော့လည်း မသိဘူးတဲ့ အပြင်ကို သတင်းမပေါက်အောင် ပိတ်ထား တယ်၊ အခြေအနေမှန်ကို မသိရတော့ စိုးရိမ်တယ်”ဟု ၎င်းက ဆိုသည်။
အမှုစစ်ဆေးနေစဉ်ကာလက စစ်ကြောရေး ၄ လခန့်တွင် နှိပ်စက်ခံရမှုများကြောင့် အရိုးအကြော အထူးကုဖြင့် ကုသနေရကြောင်း အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။
ကန္တာရ၀တီ တိုင်းမ် ဂျာနယ်၏ အယ်ဒီတာဖြစ်သည့် ကိုညီညီထွန်းသည် မတရားအသင်း ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေး အရေး ပေါ်ပြဌာန်းချက် အက်ဥပဒေ၊ အီလက်ထရွန်နစ် အက် ဥပဒေ၊ နိုင်ငံတော်အား အကြည်ညိုပျက်စေသည့် ပုဒ်မများဖြင့် ပြီးခဲ့ သည့်နှစ် အောက်တိုဘာလက ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရသည်။
အလားတူ မတရားအသင်း ဆက်သွယ်မှု၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ်ပြဌာန်းချက်အက်ဥပဒေများဖြင့် ထောင်ဒဏ် ၈နှစ် ချမှတ် ခံထားရသည့် ကိုစိုးမိုးထွန်း၏ ဇနီးဖြစ်သူ မဥမ္မာကလည်း“ဆန္ဒပြတဲ့ စာရင်းထဲမှာ ပါတယ်လို့ ပြောတယ်၊ လူချင်းတော့ မတွေ့ရသေး ဘူး၊ အခြေအနေကတော့ စိုးရိမ်စရာပဲ”ဟု ဆိုသည်။
ကိုညီညီထွန်းနှင့် ကိုစိုးမိုးထွန်းတို့သည် ရန်ကုန်မြို့၌ အတူအဖမ်းခံခဲ့ရသူများဖြစ်ပြီး ပြီးခဲ့သည့် မေလအတွင်း ပထမအကြိမ် အစာ ငတ်ခံ ဆန္ဒပြရာတွင် ပါဝင်ခဲ့ကြသူများလည်း ဖြစ်သည်။
အစာငတ်ခံ ဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများသည် အစိုးရ၏ နိုင်ငံရေးအကျဉ်းသားအဖြစ် အပြည်အ၀ အသိအမှတ်ပြုခြင်း မခံရသကဲ့သို့ သာမန်အကျဉ်းသားများကဲ့သို့လည်း လျှော့ရက်ခံစားခွင့်မရှိသူများ ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ပြည်တွင်း အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့မှ ကိုတိုးကျော်လှိုင်ကလည်း ပြောဆိုသည်။
“ထောင်ထဲက အာဟာရမပြည်စုံတဲ့သူတွေ အစာငတ်ခံဆန္ဒပြတယ်ဆိုတာ အသက်အန္တရာယ် သိပ်နီးတယ်၊ ထောင်အာဏာပိုင်က ယုတ်မာရင် ယုတ်မာသလို သေသွားနိုင်တယ်၊ ထောင်အာဏာပိုင်က အချိန်မဆွဲဘဲ ညှိနှိုင်းပေးရမယ်”ဟုလည်း ၎င်းက ပြောသည်။
ယခုအခါ ထောင်အာဏာပိုင်များက သောက်ရေ ဖြတ်တောက်လိုက်သည် ဆိုသည့် သတင်းများထွက်ပေါ်နေကြောင်း၊ ပွင့်လင်း မြင် သာမှုများ၊ တိုးတက်မှုများ ဖြစ်ပေါ်နေပါသည်ဟု ပြောဆိုနေသည့်ကာလတွင် ထောင်အာဏာပိုင်များ အနေဖြင့် တောင်းဆိုမှုများကို အမြန်ဆုံး ဖြေရှင်းပေးရန်လည်း တိုက်တွန်းကြောင်း ကိုတိုးကျော်လှိုင်က ဆက်လက်ပြောဆိုသည်။
ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ အကျဉ်း ထောင်အသီးသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၁၆၀၀ ခန့်ရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည် သီတင်းကျွတ်လပြည့်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် အကျဉ်းသား ၆၃၅၉ ဦး လွတ်
မြောက် လာရာတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာ ပါဝင်သည်။

ယမန်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ အစိုးရ ဧည်ဂေဟာတွင် တွေ့ဆုံ ရာ၌လည်း ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ ဆက်လက်လွှတ်ပေးရန် ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဟာသပညာရှင် ကိုဇာဂနာကလည်း လာမည့် ရက်သတ္တ နှစ်ပတ်အတွင်း နိုင်ငံရေး အကျဉ်းသားများ လွတ်လာနိုင်မည် ဆိုသည့်သတင်းများ ထွက်ပေါ်နေကြောင်း၊ အားလုံးလွတ်မြောက်ရန် ဆက်လက်ကြိုးပမ်းရမည် ဖြစ်ကြောင်းပြော သည်။


အစာငတ်ခံဆန္ဒပြခြင်း

" ဒီနေ့တနေ့လုံး အစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ငါစဉ်းစားနေခဲ့တယ်။ လူအများက ခန္ဓာကိုယ် အကြောင်းကို အပြောများကြတယ်။ ဒါပေမယ့် မယုံကြည်ကြဘူး "
ဘော်ဘီဆဲင်ဒ် (၁၉၈၁ ခုနှစ်)

(၁၉၈၁) ခုနှစ်က အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲကြီးဟာ အိုင်ယာလန် နိုင်ငံရေးသမိုင်းမှာ မှတ်တိုင်ကြီးတခု ဖြစ်သွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ ရီပတ်ပလင်ကန် အကျဉ်းသား ဘော်ဘီဆဲင်ဒ် အပါအ၀င် အကျဉ်းသား ဆယ်ဦး သေဆုံးခဲ့ပါတယ်။ ဒီအစာငတ်ခံ ဆန္ဒပြပွဲနဲ့ ထောင်တွင်းတိုက်ပွဲတွေဟာ ဗြိတိသျှအစိုးရရဲ့ အကျဉ်းထောင်ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်မှုကို ဦးတည်စေခဲ့ပြီး၊ မြောက်ပိုင်းအိုင်ယာလန်ရဲ့ နိုင်ငံရေးအခြေအနေကို ကမ္ဘာကို မီးထောင်ထိုးပြခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြပွဲမှာ အဓိက သုံးခဲ့ကြတဲ့ လက်နက်ကတော့ လူ့ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုခြင်း (The body as a weapon) ဆိုတဲ့ သဘောတရားဟာ နိုင်ငံရေးအန်တုမှု (political defiance) နဲ့ လူမှုဗေဒ (sociology)၊ မနုဿဗေဒ (anthropology) ဘာသာရပ် စတာတွေမှာ အရေးကြီးတဲ့ သဘောတရားတရပ်ဖြစ်ပြီး၊ အစာငတ်ခံ ဆန္ဒပြခြင်းကနေ အသေခံ ဗုံးခွဲ တိုက်ခိုက်ခြင်းအထိ အကျုံးဝင်ပါတယ်။ အသေခံဗုံးခွဲ တိုက်ခိုက်မှုမှာတော့ ပြည်သူလူထု အကြားမှာ ဗုံးခွဲမှုတွေက အကြမ်းဖက်မှု (Terrorism) ဖြစ်ပြီး၊ တဘက်ရန်သူရဲ့ ပစ်မှတ်ကို ချေမှုန်းတာကတော့ လက်နက်ကိုင် တော်လှန်ရေး (Armed Struggle) ဖြစ်တဲ့အတွက် ဒီဆောင်းပါးမှာ ထည့်သွင်းဆွေးနွေးခြင်း မပြုပါဘူး။ အကြမ်းမဖက် တိုက်ပွဲနည်းနာ တခုဖြစ်တဲ့ အစာငတ်ခံ ဆန္ဒပြခြင်းကိုပဲ သီးခြားဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။


အစာငတ်ခံ ဆန္ဒပြခြင်း အဓိပ္ပာယ်ဖွင့်ဆိုချက်များ

အိုင်စီအာစီလို့ လူသိများကြတဲ့ International Committee of the Red Cross က Hern´an Reyes ဆိုသူက အစာငတ်ခံ ဆန္ဒပြခြင်းမှာ အစာဖြတ်တောက်ခြင်း၊ မိမိသဘောဆန္ဒဖြင့် ပြုလုပ်ခြင်းနဲ့ ရည်ရွယ်ချက် ဖော်ပြခြင်းဆိုတဲ့ အပိုင်း () ပိုင်း ပါဝင်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ အကျဉ်းထောင်မှာ အစားအစာ မစားသူများမှာ အစားအစာကို ငြင်းဆန်သူများ (food refuser)များ နဲ့ အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများ (real hunger strikers) ဆိုပြီး နှစ်မျိုးကွဲပြားပါတယ်။

အစားအစာကို ငြင်းဆန်သူများမှာ အခြေအနေ အကြောင်းတစုံတရာကြောင့် ရုတ်ခြည်း ငြင်းဆန်သူများနဲ့ အစားအစာကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်သူများဆိုပြီး နှစ်မျိုး ထပ်ကွဲပါတယ်။ အကျဉ်းထောင်ရဲ့ အစားအစာကြောင့်ဖြစ်စေ၊ ထောင်ဝန်ထမ်းဆက်ဆံရေးကြောင့် ဖြစ်စေ၊ တစုံတရာ စိတ်ရှုပ်ထွေးမှုများနဲ့ ဒေါသစိတ်ကြောင့်ဖြစ်စေ အစားအစာကို ရုတ်ခြည်းငြင်းဆန် လိုက်သူတွေ ရှိတတ်ပါတယ်။ ဒီလို အကျဉ်းသားတွေဆီမှာ ရည်ရွယ်ချက် တစုံတရာ မရှိတာကြောင့် ဆာလောင်မှုကြောင့်ဖြစ်စေ၊ အခြေအနေတခုကြောင့် ဖြစ်စေ အလွယ်တကူ အစာပြန်စားသွားလေ့ ရှိပါတယ်။

နောက်တမျိုးကတော့ ထောင်ထဲမှာ အမြန်သေဆုံးသွားရင်လဲ သေဆုံးသွားပါစေ သဘောထားပြီး၊ ဘ၀ကို အရှုံးပေးစိတ်နဲ့ အစားအစာကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်တာဖြစ်ပါတယ်။ ရောဂါဘယ ခံစားရသူများနဲ့ ဘ၀မှာ မျှော်လင့်ချက်ပျောက်နေသူများမှာ ဒီလို ငြင်းဆန်မှုတွေ ရှိလာတတ်ပါတယ်။ ဒီလို အစားအစာကို ငြင်းဆန်သူများမှာ တစုံတရာ နိုင်ငံရေး ဖိအားကို အသုံးပြုမှု မရှိပါဘူး။ တချိန်တည်းမှာ အများအပြားရှိနိုင်ပေမယ့် တဦးချင်းသီးခြား ငြင်းဆန်မှုတွေ ဖြစ်ပါတယ်။ အာဏာပိုင်များနဲ့ ထိပ်တိုက်ရင်ဆိုင်မှုသဏ္ဍာန်၊ တိုက်ပွဲသဏ္ဍာန် မပါဝင်ပါဘူး။ အုပ်စုဖွဲ့မှု မရှိပါဘူး။

အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများမှာလဲ နောက်ဆုံးအဆင့် သေဆုံးဖို့အထိ ရည်ရွယ်သူများ ရှိသလို၊ တိုက်ပွဲရေချိန်ပေါ် မူတည်ပြီး အတိုးအလျှော့ လုပ်သူများ ဆိုပြီး နှစ်မျိုးထပ် ကွဲပြားပါတယ်။ ဘယ်လိုကွဲပြားမှုတွေ ရှိပေမယ့် အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများမှာ နိုင်ငံရေး ရည်ရွယ်ချက် ရှိပါတယ်။ အကျဉ်းသားအခွင့်အရေး အပြည့်အ၀ ရရှိရေး၊ နှိပ်စက်ညှဉ်းပမ်းမှုများ လျှော့ချရေး၊ အကျဉ်းထောင် မတရားမှုများ ဖော်ထုတ်ရေး စတာတွေကနေ နိုင်ငံရေးတောင်းဆိုချက်စသည်အထိ ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်ပါတယ်။ အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများဟာ တစုံတရာ နိုင်ငံရေး ဖိအားကို အုပ်စုလိုက် အသုံးပြုကြတာ ဖြစ်ပါတယ်။

အစာငတ်ခံ ဆန္ဒပြသူများဆိုင်ရာ ကြေငြာစာတမ်း (Declaration on Hunger Strikers – Declaration of Malta) မှာတော့ World Medical Association က အစာငတ်ခံဆန္ဒပြသူဆိုတာ အစာငတ်ခံ ဆန္ဒပြမယ်လို့ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီး၊ အစားအစာကို အချိန်အတိုင်းအတာတခုအထိ ငြင်းဆန်တဲ့ စိတ်ပိုင်းဆိုင်ရာ အရ ကျန်းမာသူများလို့ အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြသူများရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းစွမ်းရည် (decision-making capacity) ကို ဒီဖွင့်ဆိုချက်က အဓိက မီးမောင်းထိုးပြထားခဲ့ပါတယ်။

တုန့်ပြန်မှုများနှင့် ထည့်သွင်းစဉ်းစားလေ့ရှိသော အချက်အလက်များ

အစာငတ်ခံ ဆန္ဒပြခြင်းနဲ့ ပတ်သက်တဲ့ နိုင်ငံရေးသမိုင်းကြောင်းတွေက ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီး၊ အစာငတ်ခံ ဆန္ဒပြမှုကို သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက တုန့်ပြန်မှုတွေက ရှုမြင်သုံးသပ်ပုံပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ များသောအားဖြင့် အကျဉ်းထောင် အစာငတ်ခံ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး သုံးသပ်လေ့ရှိတဲ့ ရှုထောင့်တွေကတော့ အစာငတ်ခံ ဆန္ဒပြသူများဆီမှာ political expression ကို ဖော်ထုတ်ရန် အခွင့်အရေးရှိသလား ဆိုတာနဲ့ ပတ်သက်ပါတယ်။

ဒီမိုကရေစီ ထောင်တွေမှာတော့ ဒီအခွင့်အရေးကို အသိအမှတ်ပြုပြီး ညှိနှိုင်းမှုတွေ ရှိပေမယ့်၊ အာဏာရှင်နိုင်ငံတွေ မှာတော့ ဒီအခွင့်အရေးကို အသိအမှတ်မပြုပဲ အတင်းအကြပ် အစာကျွေးတာ၊ ညှဉ်းပန်းနှိပ်စက် တာတွေနဲ့ တိုက်ပိတ်ပြစ်ဒဏ်ပေးတာတွေ လုပ်လေ့ရှိပါတယ်။ နောက်တချက်ကတော့ အစာငတ်ခံ ဆန္ဒပြခြင်းရဲ့ ရည်ရွယ်ချက်တွေဟာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်း အကျိုးပြု မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိသလား၊ တရားဝင်မှု ရှိစေသလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တခါတရံမှာ အစာငတ်ခံ ဆန္ဒပြသူတွေဘက်က အဖျက်မူဝါဒတွေ ဖြစ်နေတတ်ပြီး၊ တခါတရံမှာတော့ အစာငတ်ခံ ဆန္ဒပြသူတွေက နိုင်ငံနဲ့ လူ့အဖွဲ့အစည်း အကျိုးပြုရေးကို လုပ်ဆောင်နေသူများ ဖြစ်ပြီး၊ အာဏာပိုင်တွေက နိုင်ငံကို ဖျက်ဆီးနေသူများလဲ ဖြစ်နေတတ်ပြန်ပါတယ်။ အမှန်အမှားကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးစနစ်၊ အစိုးရအဖွဲ့ရဲ့ တရားဝင်မှု (legitimacy)၊ တရားဥပဒေစိုးမိုးရေး စတာတွေပေါ်မှာပဲ မူတည်ပါတယ်။ နောက်တချက်ကတော့ အစာငတ်ခံ ဆန္ဒပြသူများဟာ အသေခံဖို့အထိ ရည်ရွယ်ချက်ရှိမရှိနဲ့ အသေခံလိုက်တဲ့အခါ နိုင်ငံရေးအရ အခြေအနေ မည်၍ မည်မျှ ဖြစ်သွားနိုင်ခြင်း ရှိမရှိ ဆိုတာတွေနဲ့ သက်ဆိုင်ပါတယ်။

အစာငတ်ခံ ဆန္ဒပြမှုတွေမှာ အခြေအနေပြ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းဟာ တဦးချင်းအနေနဲ့လား၊ အုပ်စုအနေနဲ့လားဆိုတာကို အခြေအနေပေါ် မူတည်ပြီး တိုက်ပွဲသဏ္ဍာန် သတ်မှတ်ဖို့ လိုအပ်ပါတယ်။ အုပ်စုဖွဲ့သဏ္ဍာန်က ဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်နဲ့ ခံယူချက်တွေကို ပိုပြီး ထိထိမိမိ မီးမောင်းထိုးပြနိုင်ပြီး၊ credibility ကို တိုးမြှင့်ပေးနိုင်ပါတယ်။ အုပ်စုဖွဲ့ အစာငတ်ခံ ဆန္ဒပြခြင်း (collective hunger strikes) တွေကို အစာငတ်ခံ ဆန္ဒပြသူတွေနဲ့ အာဏာပိုင် နှစ်ဘက်စလုံးက လေးလေးနက်နက် အာရုံစိုက်ကြပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းမှာ ပါဝင်သူတွေရဲ့ လူမျိုး၊ ဘာသာ၊ အကျဉ်းချခြင်းခံရသော အမှု၊ အစာငတ်ခံဆန္ဒပြခြင်းကို အရေးယူမှု အခြေအနေ စတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

အစာငတ်ခံဆန္ဒပြခြင်းဟာ ဥပဒေရေးရာ မူဝါဒတွေကို သက်ရောက်မှု ရှိစေပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းဟာ စာနယ်ဇင်းနဲ့ နိုင်ငံရေးသမားတွေရဲ့ အာရုံစိုက်မှုကို ခံရတာကြောင့် ဥပဒေရေးရာ မူဝါဒတွေရဲ့ strategic turning point ကို ဖြစ်ပွားစေပါတယ်။ ၁၉၈၁ ခုနှစ် အိုင်ယာလန် အစာငတ်ခံ ဆန္ဒပြပွဲမှာ ရီပတ်ပလီကန်ပါတီက ဘော်လီဆဲင်ဒ်ဟာ ခြောက်ဆယ့်ကိုးရက်တိတိ ဆန္ဒပြခဲ့ပြီး၊ အခြားရဲဘော် ကိုးယောက်နဲ့အတူ ကျဆုံးခဲ့ပါတယ်။ ဒီအရေးဟာ ဗြိတိသျှအစိုးရရဲ့ အကျဉ်းထောင် ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်မှုကို ဦးတည်စေခဲ့ပါတယ်။ အစာငတ်ခံဆန္ဒပြခြင်းနဲ့ ပတ်သက်တဲ့ အခြားအချက်တွေကတော့ တဦးချင်းရေးရာ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေမှာ အသက်အရွယ်၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ဆက်စပ်ပါတယ်။ အာဏာပိုင်တွေဘက်က တုန့်ပြန်မှုတွေမှာလဲ ဒီတဦးချင်းရေးရာ အချက်တွေက လွှမ်းမိုးမှု ရှိပါတယ်။

မြန်မာ့သမိုင်းမှ အစာငတ်ခံ ဆန္ဒပြခြင်းများ
မြန်မာ့သမိုင်းမှ အစာငတ်ခံ ဆန္ဒပြခြင်းများမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုရဲ့ ရဲရဲတောက် သံဃာ့အာဇာနည်တပါးဖြစ်တဲ့ ဆရာတော် ဦးဝိစာရရဲ့ အစာငတ်ခံ ဆန္ဒပြခြင်းဟာ သမိုင်းမော်ကွန်းတွင်ရစ်ခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်၊ ဖေဖော်ဝါရီ () ရက်နေ့တုန်းက နယ်ချဲ့အစိုးရမှ ရာဇသတ်ပုဒ်မ (၁၂၄) (က) အစိုးရအား အကြည်ညိုပျက်အောင် ဟောပြောမှု နဲ့ သာယာဝတီထောင်မှာ မတရား ချုပ်နှောင်ထားစဉ်မှာ ဆရာတော်ဦးဝိစာရက သိမ်တခုခုမှာ ဥပုဒ်ပြုခွင့်တောင်းခဲ့ပါတယ်။ ငြင်းဆိုခံခဲ့ရတဲ့ အတွက် အစာငတ်ခံ ဆန္ဒပြခဲ့ရာမှာ ရန်ကုန်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး၊ ရက်ပေါင်း လေးဆယ်အထိ ရန်ကုန်ထောင်မှာ ဆက်လက်ဆန္ဒပြမှုကြောင့် နယ်ချဲ့အစိုးရ အာဏာပိုင်တွေက ဥပုဒ်ပြုခွင့် ပြုခဲ့ရပါတယ်။

အမှုစစ်ဆေးပြီး ထောင်ချခံခဲ့ရတာကြောင့် အင်းစိန်ရုံးကနေ ထောင်ဘူးဝပြန်အရောက်မှာ အာဏာပိုင်တွေက ထောင်ဝတ်စုံ နံငယ်ပိုင်းကို လဲလှယ်စေခဲ့ရာမှာလဲ သင်္ကန်းမှ လွဲ၍ မည်သည့်အ၀တ်မှ မ၀တ်နိုင်လို့ ဆိုခဲ့တာကြောင့် သင်္ကန်းဆွဲချွတ်ပြီး အ၀တ်ဗလာနဲ့ တိုက်ပိတ်ခံရပြန်ပါတယ်။ ဒီအတွက်ကြောင့် ၁၉၂၇ ခုနှစ်၊ မေလ () ရက်နေ့မှာ ဒုတိယအကြိမ် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြစဉ်ကာလတွေမှာ နယ်ချဲ့လက်ပါးစေတွေက ရိုက်နှက်နှိပ်စက်ခြင်း၊ ကန်ကျောက်ခြင်း၊ စိတ်ရောဂါသည်များထားရှိရာထောင်သို့ ပို့ဆောင်ခြင်း၊ စိတ်ရောဂါသည်များနှင့် အတူထားရှိခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နယ်ချဲ့အစိုးရ လက်လျှောက်ပြီး ဆရာတော်ကို သင်္ကန်းဝတ်ခွင့် ပြန်ပေးခဲ့ရပါတယ်။

မကြာခင်မှာပဲ သင်္ကန်းပြန်ချွတ်ပြန်တာကြောင့် ဆရာတော်က တတိယအကြိမ် အစာငတ်ခံ ဆန္ဒပြတဲ့အတွက် ထောင်တွင်းတိုက်ပွဲပြင်းထန်လာတာကြောင့် အိန္ဒိယထောင်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရပါတယ်။ ၁၉၂၉ မှာ ရန်ကုန်ထောင်သို့ ပြန်လည်ရောက်ရှိပြီး၊ ထောင်မှ လွတ်မြောက်ခဲ့ရာမှာ ထောင်မှလွတ်မြောက်ပြီး မကြာခင်မှာပဲ သုံးခွနယ်၊ ဖရုံကန်ရွာ တရားပွဲမှာ အစိုးရ အကြည်အညို ပျက်စေရန် ဟောပြောမှုနဲ့ ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။ ရဟန်းတော်တို့ ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုရာမှာ မရတဲ့အတွက် အစာငတ်ခံ ဆန္ဒပြပြီး ထပ်မံ တောင်းဆိုခဲ့ပါတယ်။ အစာငတ်တ်ခံဆန္ဒပြရာမှ ရက်ပေါင်း (၁၆၆) ရက်မြောက်တဲ့ ၁၉၂၉ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့မှာ ဆရာတော် ဦးဝိစာရ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်နောက်ဆုံးမိန့်ကြားခဲ့တဲ့ လိမ်မာရစ်ကြပါ ဆိုတဲ့ စကားလုံးဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်ကို မြှင့်တင်ပေးခဲ့ပါတယ်။

မြန်မာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှတ်တိုင်များထဲက ကိုးကိုးကျွန်းအစာငတ်ခံ ဆန္ဒပြတိုက်ပွဲများဟာလဲ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့သူရဲကောင်း စိတ်ဓာတ်တွေ မျိုးဆက်သစ် တော်လှန်ရေး သမားတွေဆီမှာ ပျံ့နှံ့လာအောင် စိတ်ဓာတ်အမွေပေးခဲ့ပါတယ်။ ကိုးကိုးကျွန်း တိုက်ပွဲများရဲ့ ပထမဦး ပွဲဦးထွက် ငါးပိတိုက်ပွဲမှာတုန်းက ထောင်အာဏာပိုင်များက ငါးပိပုပ်တွေကို ပေးပြီး၊ ပေးတာယူ-ကျွေးတာစား သဘောမျိုးနဲ့ တော်လှန်ရေးသမားတွေကို အကဲစမ်း အညွှန့်ချိုးခဲ့တာကြောင့် တော်လှန်ရေးသမားများကို အစာငတ်ခံ တိုက်ပွဲနဲ့ တုန့်ပြန်ခဲ့ရာမှာ အာဏာပိုင်တို့ လက်လျှော့ပေးခဲ့ရပါတယ်။

ရဲနီဦးတင်ငြိမ်း ကိုးကိုးကျွန်းမှာ ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်ပွားလာခဲ့တဲ့ ကိုးကိုးကျွန်း ရက်လေးဆယ် တိုက်ပွဲကြီးဟာလဲ တောင်းဆိုချက် () ရပ်နဲ့အတူ အာဏာပိုင်တွေကို တုန်လှုပ်စေခဲ့ပါတယ်။ ဒီတောင်းဆိုချက် () ရပ်ကတော့ ရဲနီတင်ငြိမ်း အလောင်း ပြည်မပြန်ပို့ပေးရေး၊ နာတာရှည်ရောဂါသည် (သို့မဟုတ်) ကျွန်းမှာ ကုလို့မရသော ရောဂါသည်များကို ပြည်မပြန်ပို့ပေးရေး၊ စည်သွတ်ဗူးအစား အသားစိုပေးရေး၊ တရားဝင်ထုတ်ဝေသော စာနယ်ဇင်းများ ဖတ်ခွင့်ရရှိရေးနဲ့ အိမ်နှင့် စာရေးဆက်သွယ်ခွင့်ရရှိရေး စတာတွေ ဖြစ်ပါတယ်။ ပထမတောင်းဆိုချက်ဖြစ်တဲ့ အလောင်းကိုတော့ အာဏာပိုင်များက အတင်းအဓမ္မလုယူပြီး သဂြိုလ်လိုက်ပါတယ်။ နောက်တောင်းဆိုချက် () ချက်ကိုတော့ ရက်ပေါင်း (၄၀) အကြာမှာ အာဏာပိုင်တွေဘက်က လိုက်လျောခဲ့ရပါတယ်။

နောက်ထပ်ပေါ်ထွက်လာခဲ့တဲ့ (၅၃) ရက် အစာငတ်ခံတိုက်ပွဲကြီးကတော့ တော်လှန်ရေးသမား တွေကို ကိုးကိုးကျွန်းကို ပို့ပြီး၊ ချုပ်နှောင်နှိပ်စက်ခြင်း အခြေခံဖြစ်တဲ့ ကိုယ်ထူကိုယ်ထ မူဝါဒကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ သမိုင်းမှတ်တိုင်ကြီး ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပေးရေးနဲ့ ပြည်မထောင်အခွင့်အရေးများ ကိုးကိုးကျွန်းမှာလဲ ရရှိရေး တောင်းဆိုချက်များနဲ့ တိုက်ပွဲဝင်ခဲ့ကြရာမှာ အသက်ပေးခဲ့ကြသော ရဲဘော်များရဲ့ အလောင်းစင်တွေရှေ့က ပိုစတာတွေပေါ် ထောင်ခဲ့ကြတဲ့ သူတို့ပြောခဲ့တဲ့ စကားတွေမှာ သူတို့ရဲ့ တော်လှန်ရေး စိတ်ဓာတ်နဲ့ ယုံကြည်ချက်တွေကို တော်လှန်ရေးလမ်းညွှန်သဖွယ် မီးမောင်းထိုးပြနေခဲ့ပါတယ်။

ဆံခြည်တမျှင်တောင်မှ နောက်မဆုတ်နဲ့။ ဆက်တိုက်။ (ရဲဘော်သိန်းကြည်)

လယ်သမားဟာ ထယ်ထိုးတဲ့အခါ အငုတ်အမြစ်ပါ မကျန်အောင်ထိုးရသလို၊ ရန်သူကိုတိုက်ရာမှာလည်း အငုတ်အမြစ် မကျန်အောင် တိုက်ရမယ်။ (ရဲဘော်အုန်းမော်)

ခိုင်မာတဲ့ သန္နိဌာန်သာရှိရင် မိုးအောက်မြေပြင်မှာ မလုပ်နိုင်တာ မရှိဘူး။ (ရဲဘော်ချစ်ဆွေ)

ကျွန်တော်ကတော့ အလုပ်သမားလူတန်းစားရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ဘယ်တော့မှ မလုပ်ဘူး။ (ရဲဘော်စိန်ချင်း)

ရန်သူ့နှလုံးအိမ်တွင်း စိုက်သွင်းထားတဲ့ ဓားမြှောင်နီ (ရဲဘော်လေးမောင်)

ပြည်သူ့သူရဲကောင်း ရဲဘော်ရှစ်ယောက် အသက်ပေးခဲ့ရတဲ့ ၅၃ရက် တိုက်ပွဲမှာလဲ အာဏာပိုင်တွေက အလျှော့ပေးခဲ့ရပါတယ်။

နိဂုံး

မဆလ၊ န၀တ၊ နအဖ၊ ဦးသိန်းစိန် ရုပ်သေးအစိုးရ စတဲ့ အာဏာရှင် အဆက်ဆက်တို့ရဲ့ အကျဉ်းထောင်တွေထဲမှာလဲ အစာငတ်ခံ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ အာဏာပိုင်တွေကို ဆန့်ကျင်အန်တုခဲ့ကြပါတယ်။ မတရားမှုဟာ ဥပဒေဖြစ်နေသရွေ့၊ အာဏာတည်နေသရွေ့၊ ဆန့်ကျင်တော်လှန်သူဆိုတာ ရှိနေစမြဲပါပဲ။ ဒီလို တော်လှန်သူတွေကို အကျဉ်းထောင်တွေထဲမှာ၊ တိုက်တွေထဲမှာ၊ ကျွန်းတွေမှာ နည်းမျိုးစုံနဲ့ ချုပ်နှောင်ထားရင်လဲ ကိုယ်ခန္ဓာကိုပဲ ချုပ်နှောင်လို့ရပေမယ့် တော်လှန်စိတ်ကိုတော့ ချုပ်နှောင်လို့ မရနိုင်ပါဘူး။ တော်လှန်စိတ်ကို မီးမောင်းထိုးပြတဲ့ အစာငတ်ခံ ဆန္ဒပြပွဲတွေ၊ ထောင်တွင်းတိုက်ပွဲတွေဟာ အချုပ်ခန်း၊ ထောင်အဆောင်များ၊ တိုက်များနဲ့ ကျွန်းတွေကနေ ပေါ်ထွက်ခဲ့၊ ပေါ်ထွက်ဆဲဖြစ်ပြီး၊ အာဏာရှင်စနစ် အဆုံးမသတ်သရွေ့ ဆက်လက် ပေါ်ထွက်နေဦးမှာပဲ ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၆၊ ၆၊ ၂၀၁၁)

NLD ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်

သတင်းတွေနဲ့ ဆောင်းပါးတွေ ဖတ် ပြီး နောက် . . ....
Ko Yin Aye 8:14pm Oct 30
သတင်းတွေနဲ့ ဆောင်းပါးတွေ ဖတ် ပြီး နောက် . . .

NLD မှတ်ပုံတင် မတင် .... တင်ခဲ့မယ် ဆိုရင် . . .

ဒေါ်စု အကျယ်ချုပ်က မလွတ်ခင် . . . NLD ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်
 ချမယ့်
အစည်းအဝေး ကို ဦးဥာဏ်ဝင်း ကတဆင့် ပေးပို့လိုက်တဲ့ အချက်(၃)ချက်ကိုပြန်ကြည့်ရပါမယ် . . .

၂၀၁၀ မတ်လ ၂၉ ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)

ဗဟိုဦးစီးအဖွဲ့ အထူးအစည်းဝေးသို့ ဒေါ်အောင်ဆန်းစုကြည်မှာ ကြားတဲ့အချက် ၆
ချက်အနက် အချက်အမှတ် (၁) (၂) (၃) ဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ရွှေဂုံတိုင်ကြေညာချ
က်ကို ကိုင်စွဲထားရမည်။

- တရားမျှတမှုမရှိ၊ တစ်ဖက်သတ်ရေးဆွဲထားသည့်ဥပဒေအရ မှတ်ပုံတင်ခြင်းကို

လုံးဝလက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်း ချက်များမှာ ဒီမိုကရေစီနည်းမကျ

- အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်၊


အခု ဟာက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်တာမဟုတ်သေးပါ . . . ရွေးကောက်ပွဲ ဥပဒေ ကိုပဲ နဲနဲ စာလုံးပြောင်းတဲ့ အဆင့်ပဲရှိပါသေးတယ် . . .


အနှစ် ၂၀ ကျော် ကြံ့ကြံ့ ခံ ခဲ့တဲ့ NLD အနေနဲ့ ဘယ်လမ်းကြောင်း ကိုရွေးချယ် မလဲ . . .


တခြား တိုက်ပွဲ လမ်းကြောင်းတွေ က လက်တွေ့မှာ အပြောင်းအလဲ အတွက် မသေချာဘူး ၊ အကောင်းဆုံး မဟုတ်တော့လို့

. . . သမတဦးသိန်းစိန် ရဲ့ စိတ်စေတနာဆိုတာကို ခန့်မှန်းကြည့်ပြီးတော့ ၊
ရွေးကောက်ပွဲ နဲ့ လွှတ်တော် တွင်း ဝင်တိုက် မယ့်လမ်း ကိုရွေး ရတော့မယ်ဆိုရင်တော့ . . .

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ
ရေးကောင်စီ(အကလ) ကကော ဘယ်လိုလဲ . . .

ရန်သူ့ထောင်ချောက်ထဲ သိသိကြီးနဲ့ ဆင်းတိုက် တော့ မလား ၊ ......


ဒါဟာနည်းပရိယာယ် တခုအနေနဲ့ ဟန်ပြရွေးချယ် ပြီးမှ ၊ ဒေါ်စုရဲ့ ပါဝါ

နဲ့ ဆောက်တည်ထားတဲ့ အင်အားတွေနဲ့ အချိန်တခုယူပြီး ပြန်တိုက် ယူ မှာလား . . .

စဉ်းစား ကြည့်မိသလောက်ကတော့ . . . ဒီ လမ်းဟာလည်း . . . လုံးဝ မလွယ်

ဘူးလို့ပဲ အဖြေ ရတယ် . . .

ဒါဆိုရင် . . . ဘယ် ပုံစံ နဲ့ ဆက်တိုက်မှာလဲ . . ဒီအတိုင်း ဆက်တောင့်ခံထားရင်ကော . . . .


US နဲ့ နိုင်ငံတကာ ကကော ဘယ်လိုလာမလဲ . .


.အခုတောင် NLD ကို PRESSURE ဘယ်လောက်ပေးထားပြီလဲ ....


လူထုရဲ့ ပကတိ POWER ကကော ဘယ်လောက်ထိ ဆွဲတင်လို့ ရနိုင်မလဲ . . .


အားလုံးသော အခြေအနေတွေအပေါ်မှာ . . . လူထုခေါင်းဆောင်နဲ့ NLD ခေါင်းဆောင်တွေ . . .

အကောင်းဆုံးလမ်းကို ရွေးချယ် ရွေးချယ်နိုင်ပါလိမ့်မယ် . . .

အရေးကြီးဆုံး က ငါတို့တတွေ သာ အကောင်းဆုံး ဘာတွေ ပြင်ဆင်ထားကြမလဲ . . .


ဘာပဲလုပ်လုပ် အင်အားက အရေးကြီးပါတယ် . . .စည်းလုံးညီညွတ်မှု အင်အား ဟာ

အရာရာကို အဆုံးအဖြတ်ပေးနိုင်မှာ . .

အဲဒီ စစ်မှန်ခိုင်မာတဲ့ စည်းလုံးညီညွတ်မှု ဆို တာ ငါတို့အတွင်းမှာ . . .ပိုင်ပိုင်နိုင်နိုင်

ရရှိထားကြပြီလား . . .လား ...လား ..... လား ...

ငါတယာက်ထဲ အတွက်တော့ . . .လုံလောက်တဲ့ အဖြေမရသေးဘူး . . .


ဒါကို အားလုံးလဲ . . . ခံစား နားလည်နေကြပြီ လို့တော့ ယုံ ကြည်နေတယ်....


ဘယ်လို ရအောင်လုပ်ကြမလဲ . . . .


ငါတို့ အတွက် အချိန် ကကော ဘယ်လောက်ပဲ ရှိတော့လဲ . . .


အဲဒီ စစ်မှန်ခိုင်မာတဲ့ စည်းလုံးညီညွတ်မှု ဆို တာ ရဖို့ ငါတို့ ဘာတွေ ပေးဆပ်ဖို့လိုနေလဲ . . .


အများကြီး ၊ အကြီးအကျယ်ကြီးတော့မထင်ဘူး . . ......


ငါတို့ရဲ့ အတ္တမာန . . .နဲ့ . . .ငါ့ ရဲ့ နည်းလမ်း၊ ငါ့ရဲ့ စဉ်းစားတွေဒခေါ်မှုကလွဲပြီး ၊

ကျန်တဲ့သူတွေရဲ့ တွေးခေါ်မှုတွေ ဟာ မပြည့်စုံ၊ မမှန်ကန်နိုင်ဘူးလို့ ထင်နေတဲ့
အထင် တခု ပါပဲ . . . .

ဟုတ်တယ် . .

.ငါတို့အားလုံး ဟာ စိတ်စေတနာကလည်း ပြောစရာမလိုဘူး . . . အနစ်နာခံမှု ၊
ဇွဲ ရှိမှု ၊ ရန်ငါစည်းပြတ်မှု ၊ အားလုံး ဟာ အနှစ်၂၀ကျော်ဖြတ်သန်းမှု မှာ
ဘယ်သူဘာလဲ ထင်ရှားနေပါပြီ . . .

ဒါဆိုရင် ..အဲဒီလို စစ်မှန်တဲ့အင်အားတွေ

အနှစ် ၂၀ ကျော်မှာ ဘယ်လောက် ပဲကျန်လဲ . .
.အဲဒီ့အင်အားတွေ ဘာလို့စုစည်းလို့မရရမှာလဲ . .

ငါတို့ရောက်နေတဲ့နေရာ တိုင်းကနေစပြီး ဒီ အခြေခံလိုအပ်ချက်ကို . . ဘာဖြစ်လို့ စဆောက်တည်လို့မရရမှာလဲ . . .


ဒီနေ့ဒီအချိန် မှာ ငါ ကစပြီး ၊ ဒီ အလိုအပ်ဆုံး အခြေခံ ကို စပြီးရအောင်ဆောက်တည် သွားမယ်ဆိုရင်တော့ . . . . .


ငါတို့ အတွက်တော့ အချိန်မှီကောင်းပါရဲ့ . . .


ငါတို့ရဲ့ သူငယ်ချင်းတွေ ..ညီ အစ်ကို ၊ မောင်နှမတွေ .. လုပ်ဖော်ကိုင်ဖက်၊ရဲဘော်ရဲဘက်ေ
တွ ..အားလုံး..အားလုံး ..အတွက်

မပြီးသေးတဲ့ ၊ ငါတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်း အတွက် . . . .


NLD နဲ့ ဒေါ်စု သည် . .အကောင်းဆုံးလမ်းကိုရွေးချယ်မှာ
ဖြစ်သလို . .
.ငါသည် လည်း အကောင်းဆုံးလမ်း အတွက် ၊
အလိုအပ်ဆုံး ကို အစွမ်းကုန် ပြင်ဆင်ရတော့မယ် လို့ ...

ကိုရင်အေး

အောက်တိုဘာ ၃၁ ၊ ၂၀၁၁ ။ မနက် ၃ နာရီ ခွဲ

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်တယ်လို့ ဦးဥာဏ်ဝင်း ပြောဆို

2011-10-29

Monday, October 24, 2011

ပေါက်မြို့ ရေကြီးသတင်း

11:12am Oct 24
(ပေါက်မြို့ ရေကြီးသတင်း)
၁၉.၁၀ .၂၀၁၁ရက် ည၉နာရီမှာ မုန်တိုင်းအရှိန်ကြောင့်မိုးများပြီး တောင်ကျရေစတက်လာတယ်။ ၁နာရီအတွင်းအားလုံးရေမြှပ်သွား
တယ်။ တက်လာတဲ့ရေလှိုင်းအမြင့်ပေ၂၀လောက်ရှိတယ်။ အဆိုပါ ရေကြီးနေတဲ့ ဒေသခံတွေဆီကရတဲ့ စာရင်းအတိအကျက ပေါက်မြို့နယ်၃၈ရွာမှာ အိမ်ခြေ၆၈၃၀ရှိ ပါတယ်။ ရေမြုပ်တာ၂၇၇၅အိမ်ဖြစ်ပါတယ်။ အဲဒီထဲကအိမ်ကျွတ်ပြီးမျောပါသွားတာ ၃၈၀အိမ်ဖြစ် ပါတယ်။ ဘုန်းကြီးကျောင်း၃ကျောင်းစာသင်ကျောင်း၂ကျောင်းလဲ မျောပါသွားပါတယ်။ သေဆုံးသူဦး ရေ ကျား ၁၅ဦး မ ၆ဦး စုစုပေါင်း၂၁ဦးဖြစ်ပါတယ်။

အဆိုးဆုံးရွာက ရေပြာရွာလို့ ခေါ်ပြီး အဲဒီရွာမှာ ၁၄၆အိမ်ရှိတယ်။ ရေမြုတ်တာ၁၂၅အိမ်ဖြစ်ပါတယ်။ အဲဒီထဲမှာ ၃၁အိမ်ကအိမ်လုံးကျွတ်မျောသွား
တယ်။ ဓမ္မာရုံ၁ရုံပါ ပါသွားတာပါ။

နောက်အဆိုးဆုံးတစ်ရွာက ကျွန်းရင်းရွာပါ။ အိမ်ခြေ ၃၈၅အိမ်ရှိပါတယ်။ ရေမြုပ်တာ၃၀၂အိမ်ဖြစ်ပြီး မျောသွားတာအဲဒီထဲမှာ ၉၃အိမ်ဖြစ်ပါတယ်။ သေတာကျား ၆ဦး မ ၁ဦး ပေါင်းရဦးဖြစ်ပါတယ်။ ရေမျောတာ ဘုန်းကြီးကျောင်း၂ကျောင်းပါသွား
တယ် စာသင်ကျောင်း၁ကျောင်းလဲပါသွားတယ်။ အခု ရေကျသွားတော့ ရေချိုတွင်းတွေအားလုံး ရွှံ့ တွေ သဲတွေဖုံးသွားတယ်။ တမြို့ လုံး သောက်စရာ ရေချိုလုံးဝမရှိဘူး။ တမြို့ လုံး အဓိက သောက်ရေနဲ့  အစားအစာအခက်အခဲဖြစ်နေတယ်။
အာဏာပိုင်တွေပိတ်ဆို့ ထားလို့  အလူရှင်တွေဝင်လို့မရဘူးဖြစ်ေ
နတယ်။
ဒီစာရင်းက စာရင်းမှန်ပါ။ အဖြစ်အပျက်အမှန်ကို အာဏာပိုင်တွေကမထုတ်ပြန်ဘူး။

ပခုက္ကူမြို ရေဘေး

Posted: 23 Oct 2011 08:31 PM PDT
နိုင်ငံတော် အကြီးအကဲတဦးဖြစ်တဲ့ ဒေါက်တာ စိုင်းမောင်ခမ်းဟာ မနေ့ က အောက်တိုဘာ ၂၃ ရက်နေ့ ရေကြီးပြီး ၄ရက်မြောက်နေ့မှာ ပခုက္ကူကို ရောက်လာခဲ့ပါတယ်။ အမှတ် ၃ ရပ်ကွက် တိလောကရာမကျောင်း ဓမ္မာရုံမှာ လုပ်တဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ တခြားသူတွေဖိနိပ်မစီးကြဘဲ သူက ရှူးဖိနိပ်ကိုမချွတ်ဘဲ လူတွေလိုက်နုတ်ဆက်နေတယ်။ အလှူငွေတွေပေးနေတယ်။ ဓမ္မာရုံဆိုတာ ရဟန်းတော်များတောင် ဖိနပ်ချွတ်ဝင်ရပါတယ်။ ဘုန်းကြီးကျောင်းဝိုင်းထဲဆိုရင်တော့ ကျောင်းထိုင်ဘုန်းကြီးက ခွင့်ပြုရင်စီးခွင့်ရှိပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာနိုင်ငံမှာ ခုလိုနိုင်ငံတော်အကြီးအကဲတယောက်က ဘာသာရေးကို မထေမဲ့မြင်လုပ်တာတော့ ရှုံ့ချကန့်ကွက်လိုက်ပါတယ်။အောက်ကပုံတွေမှာ ရူစားကြပါကုန်
Posted: 23 Oct 2011 07:27 AM PDT
ပခုက္ကူမြို့မှာ ချောင်းတိုက်စားလို့ ရေထဲမျောပါသေဆုံးသူစာရင်းဟာ အရင်ရက်က ၈၃ယောက်ရပြီလို့ ပြောပေမယ့် မနေ့ညကနောက်ဆုံးရရှိတဲ့စာရင်းအရ တရာကျော်သွားပြီလို့ ဒီအကြောင်းစာရင်းပြုစုနေသူတွေအပြောအရ သိရပါတယ်။ ရေဘေးသင့်ဒေသခံတွေအတွက် အနီးနားတ၀ှိုက်မှာရှိတဲ့ မိုးကုတ်ရိပ်သာ၊ တိလောကရာမ၊ မတ္တထောင်နဲ့ ကျောက်မိကျောင်း ဘုန်းကြီးကျောင်းတွေက ရေဘေးဖြစ်ဖြစ်ခြင်း ကူညီဖို့ အသင့်လုပ်ထားခဲ့ကြတဲ့အကြောင်း ဆရာတော် ဦးစန္ဒောဘာသက မိန့်ပါတယ်။
ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေတဲ့ ဒုက္ခသည်တွေ ၂ထောင်ကျော်အတွက် သက်ဆိုင်ရာက ထမင်းထုပ်ဝေတာ လောက်ငှမှုမှရှိတာတွေကိုတော့ ဘုန်းကြီးကျောင်းတွေကဘဲ ချက်ပြုတ်ကျွေးနေရတယ်လို့ သိရပါတယ်။ ရေဘေးဖြစ်ပြီးလို့ ဒီကနေ့ ၄ရက်မြောက်တဲ့နေ့မှာတော့ နိုင်ငံတော်ဒုသမတ ဒေါက်တာစိုင်းမောက်ခမ်း ပခုက္ကူကိုရောက်လာပြီး နိုင်ငံတော်အနေနဲ့ ကူညီသွားတဲ့အခြေအနေကို မြိုမိမြို့ဖ တဦးက ပြောပါတယ်။
ခုနိုင်ငံတော်အနေနဲ့ ပေးတဲ့ သိန်း ၃ထောင်ကျော်ဟာ ပခုက္ကူ ခရိုင်တွင်းမှာရှိတဲ့ ပခုက္ကူ မြိုင် ပေါက် ဆိပ်ဖြူ စတဲ့ မြို့နယ်အားလုံးက ပျက်စီးသွားတဲ့ ရွာပေါင်း ၆၀ ကျော်အတွက်လို့ သိရပါတယ်။ ခုလိုမကြုံစဖူး ဖြစ်ပျက်ခဲ့ရတဲ့အကြောင်းအရင်းမှန်ဟာ မိုးရွာတာသက်သက်ကြောင့်မဟုတ်ဘဲ မြိုင်နယ်မှာရှိတဲ့ ဗင်းဂန် သစ်ကြီးတော နဲ့ ကိုင်း စတဲ့နေရာတွေကဆည်တွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ဒီအကြောင်းအသေးစိပ်ရေးသားနေတဲ့ စာရေးဆရာ ဒေါက်တာသက်လွင်ပြောပြပါတယ်။
ဒီနေ့ထုတ် အစိုးရသတင်းစာမှာတော့ ပခုက္ကူမြို့က သေဆုံးသူစာရင်းဟာ ၅၈ ဦး၊ ပေါက်မြို့နယ်မှာ ၁၉ ဦး မြိုင်မြို့နယ်မှာ ၅သေဆုံးပြီး ပျောက်ဆုံးသူတွေ ရှိသေးတယ်လို့ ရေးထားပေမယ့် ပခုက္ကူဒေသခံတွေကတော့ လက်ရှိသေဆုံးစာရင်း ၁၀၀ ကျော်ရထားပြီးဖြစ်လို့ သေဆုံးစာရင်းစုစုပေါင်းရင် ၂၀၀ ကျော်မယ်လို့ ပြောဆိုနေကြောင်းပါခင်များ
ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတဲ့ ရေးဘေး ဒုက္ခသည်များ

Worst Flooding in Decades Swamps Thailand



OCT 12, 2011 | 23
Heavy monsoon rains have been drenching Southeast Asia since mid-July, causing mudslides and widespread flooding along the Mekong River. Parts of Thailand are now experiencing the worst floods in half a century, as water inundates villages, historic temples, farms, and factories. At least 281 people have been killed in Thailand, and another 200 in neighboring Cambodia. Rescue workers are scrambling to prevent a humanitarian disaster, and Thailand's prime minister is warning businesses not to use the flooding as an excuse to raise prices. About 8.2 million people in 60 of Thailand's 77 provinces have been affected by the flooding, and economic losses are so far estimated to top $2 billion. Collected here are recent images of the crisis in Thailand as some 10 million residents in Bangkok keep a wary eye on the approaching surge of floodwater, due to reach the capital in a few days.
Children play in a flooded street in Sena district, Ayutthaya province, about 80 km (50 miles) north of Bangkok, on September 12, 2011. Monsoon rains, storms, floods and mudslides have killed at least 280 people since July, authorities said. (Reuters/Sukree Sukplang)
Rain clouds approach the city center of Thailand's capital Bangkok, on September 23, 2011. (Reuters/Sukree Sukplang) #
Thai motorists travel through a flooded street during a heavy monsoon downpour in Bangkok, on September 3, 2011. Dozens of people have died in northern Thailand over the past few weeks in floods that have also affected over a million people.(Christophe Archambault/AFP/Getty Images) #
This aerial picture shows an under-construction temple surrounded by floodwater outside the ancient Thai capital of Ayutthaya, north of Bangkok, on October 11, 2011. (Christophe Archambault/AFP/Getty Images) #
A "reclining Buddha" inundated with floodwaters on October 10, 2011 at an ancient temple -- one of a number of UNESCO World Heritage sites in Ayutthaya province. (Pornchai Kittiwongsakul/AFP/Getty Images) #
A Buddhist monk walks through floodwater on a street at a temple in Ayutthaya province, on October 7, 2011.(Reuters/Sukree Sukplang) #
Buddhist monks are evacuated on a pickup truck on a flooded street in Ayutthaya province, central Thailand on October 9, 2011.(AP Photo/Apichart Weerawong) #
Rattanaporn, 13, floats along the swollen Yom river near her home on August 23, 2011 in Phinchit, Thailand.(Paula Bronstein /Getty Images) #
Cars sit submerged in floodwater at a Honda car factory outside the ancient Thai capital of Ayutthaya, north of Bangkok, on October 11, 2011. (Christophe Archambault/AFP/Getty Images) #
Flooded houses outside Ayutthaya, north of Bangkok, on October 11, 2011. (Christophe Archambault/AFP/Getty Images) #
A vendor sells her wares in her flooded shop in Ayutthaya province, on September 30, 2011. (Reuters/Sukree Sukplang) #
A man rests in a shelter after he was evacuated from the flooded area of Ayutthaya province, on October 9, 2011.(Reuters/Chaiwat Subprasom) #
A railroad track hangs in mid-air after a flash flood caused by heavy rain swept away the ground in Chiang Mai province, northern Thailand, on August 26, 2011. (AP Photo/Wichai Taprieu) #
Thai emergency workers carry the body of a child from a collapsed building on September 12, 2011 in Saraburi, Thailand.(Paula Bronstein /Getty Images) #
Flooded Chaiwattanaram Temple, a UNESCO World Heritage site, in the ancient Thai capital of Ayutthaya, north of Bangkok on October 11, 2011. (Christophe Archambault/AFP/Getty Images) #
An elephant helps people moving their belongings through a flooded area in Ayutthaya province, on October 8, 2011.(Reuters/Sukree Sukplang) #
A disabled man waits for assistance to cross a flooded street in the town of Sena, Thailand, on September 13, 2011.(Reuters/Sukree Sukplang) #
Prisoners sit near the flooded Ayutthaya prison as they wait to be evacuated to another jail north of Bangkok, on October 6, 2011.(Reuters/Chaiwat Subprasom) #
A soldier looks through the window of a helicopter over a flooded area in Ayutthaya province, on October 10, 2011.(Reuters/Sukree Sukplang) #
An aerial view of a flooded area in Ayutthaya province, on October 10, 2011. (Reuters/Sukree Sukplang) #
A resident in a boat tries to catch relief goods distributed from a helicopter in Ayutthaya province, on October 12, 2011.(Reuters/Sukree Sukplang) #
Residents catch relief goods distributed from a helicopter in Ayutthaya province, on October 12, 2011. (Reuters/Sukree Sukplang) #
An aerial view of a flooded area in Ayutthaya province, on October 12, 2011. (Reuters/Sukree Sukplang) #
Men herd cows through floodwater outside Ayutthaya, north of Bangkok, on October 11, 2011.(Christophe Archambault/AFP/Getty Images) #
Villagers ride on a pickup truck past a broken flood barrier in Pathumthani province, central Thailand Tuesday, on October 11, 2011.(AP Photo) #
A Thai soldier carries a Buddhist monk evacuated from a hospital as floods continue to inundate Ayutthaya province, north of the capital Bangkok, on October 10, 2011. (Pornchai Kittiwongsakul/AFP/Getty Images) #
A dog stands on a car inundated with floodwater in Ayutthaya, Thailand, on October 12, 2011.(Pornchai Kittiwongsakul/AFP/Getty Images) #
Part of a flooded ancient temple in Ayutthaya province, on October 10, 2011. (Pornchai Kittiwongsakul/AFP/Getty Images) #
Children swim near houses affected by flooding in Phnom Penh, Cambodia, on September 26, 2011. The death toll from flooding in Thailand since mid-July has risen to more than 280, while some 200 people have died in neighboring Cambodia, authorities in the two countries said.(Reuters/Samrang Pring) #
A man rides a motorbike through flooded streets in Ayutthaya province, on October 7, 2011. (Reuters/Sukree Sukplang) #
A man signals for help from a roof of a submerged house in the flooded area of Ayutthaya province, on October 9, 2011.(Reuters/Chaiwat Subprasom) #
Family members watch TV lifted onto a cabinet to avoid floodwater at their home in Bangkok, Thailand, on October 3, 2011.(AP Photo/Sakchai Lalit) #
A traffic policeman gestures to a car as he directs traffic along a flooded street in Nonthaburi province on the outskirts of Bangkok, on October 12, 2011. (Reuters/Chaiwat Subprasom) #
Thailand's Prime Minister Yingluck Shinawatra (front right) greets people as she visits a flooded area in Nonthaburi province on the outskirts of Bangkok September 18, 2011. (Reuters/Sukree Sukplang) #
A Thai man smokes a cigarette as he sits in the flooded streets on October 10, 2011 in Ayutthaya, Thailand.(Paula Bronstein /Getty Images) #
A Thai Buddhist monk sits with local residents as they cross floodwaters by boat in Ayutthaya, Thailand, on October 12, 2011.(Pornchai Kittiwongsakul/AFP/Getty Images) #
An aerial view of a flooded area along a river in Nonthaburi province, Thailand, on October 12, 2011. (Reuters/Sukree Sukplang) #