Saturday, June 23, 2012

ဒါရိုက်တာ ချို တူး ဇော်ရဲ့  လက်ရာ

နယူးယောက်မြို့က ဓမ္မမိတ်ဆွေအပေါင်းတို့ ခင်ဗျား 
လာမယ့် ဆဲဗင်းဇူလိုင်မှာ နယူးယောက်ခ် မှာ “လွမ်းစိမ့်” ပြပါမယ်။

Art@apt က စီစဉ်တင်ဆက်မှာပါ။
အနုပညာသမားတွေ ပီပီ၊
ပန်းချီဆရာတွေ ပီပီ နယူးယောက်ခ် လွမ်းစိမ့် ပွဲ မှာ ဇာတ်ဝင်ခန်းထဲက သီချင်းတွေကို ဖျော်ဖြေတာတွေ၊ “ကာတွန်းဘောက်စ်” ကလေး ကို
လုပ်ပြထားတာတွေ စတဲ့ အတ်စ်ရှိုးလေးတွေ ပါ ပါဦးမယ်။
ထုံးစံအတိုင်း ဖရီးရှိုးပါ။
ပရိတ်သတ်တွေ ဆီ က စေတနာအလျောက်ထည့်မယ့် အလှူငွေ ကောက်ခံရတာ ကို
စစ်ဘေးသင့်နေတဲ့ ကချင်ပြည်သူတွေနဲ့
ပဋိပက္ခဘေးသင့်နေတဲ့ ရခိုင်ပြည်သူတွေ အတွက် လှူဒါန်းပါမယ်။

ရုပ်ရှင်ပြမည့်နေ့နှင့်နေရာ
7th July 2012 (Saturday)
05:00 pm to 08:00 pm
Place: PROJECT REACH
39 Eldridge Street, 4th Floor,
New York NY 10002

အားလုံး ကို ဖိတ်ခေါ်ပါတယ်၊ ကြွရောက်ကြပါဦး။
ခုချိန်ထိတော့ လွမ်းစိမ့် ဟာ
ဆင်ဆာဖြတ်ထားတဲ့ အခြေအနေနဲ့တောင်
ထွက်မလာနိုင်သေးပါဘူး။

၈၈ ကို ဖြတ်သန်းခဲ့တဲ့ ညီနောင်အားလုံး လာရောက်ခံစားကြစေချင်ပါတယ်။

ချစ်ခင်စွာ

ချိုတူးဇော်
 

No comments: