Wednesday, October 31, 2012

ဘဏ်ထုတ်အချို့တွင် အစစ်မဟုတ်ဟု သံသယရှိဖွယ် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ ပါဝင်လာသဖြင့် ဂရုပြန်ရန်လို


အစစ်မဟုတ်ဟု သံသယဖြစ်ဖွယ်ရှိသော ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ဘဏ်များမှ ထုတ်ယူသည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူများတွင် ရောနှောပါဝင်နေခြင်းကြောင့် သတိထားသုံးစွဲသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ကိုယ်တွေ့ကြုံရသူများက ပြောသည်။

ထိုကဲ့သို့ အစစ်မဟုတ်ဟု သံသယရှိဖွယ် ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို အသစ်အုပ်များတွင် တွေ့ရှိရခြင်းမဟုတ်ဘဲ ပြင်ပမှ တစ်ကျော့ပြန် လာသော ငွေစက္ကူများကို ပြန်လည် ထုတ်စည်းထားသည့် ဘဏ်ထုတ်အချို့တွင်သာ တွေ့ရှိရခြင်းဖြစ်ကြောင်း ယင်းတို့က ဆိုသည်။


အစစ်မဟုတ်ဟု သံသယရှိဖွယ် ဖြစ်နေသည့် ကျပ် ၅၀၀၀ တန်များကို မကြာခဏ တွေ့ရှိနေရသည်ဟု ပုဂ္ဂလိဘဏ်အချို့ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များထံမှ ကြားသိရခြင်းဖြစ်ပြီး ယင်းနှင့်စပ်လျဉ်းကာ ပြည်သူများအား သက်ဆိုင်ရာက အသိပညာပေး အစီအစဉ်များ ပြုလုပ်သင့်ကြောင်း ယင်းတို့က ပြောသည်။ အဆိုပါ ကျပ် ၅၀၀၀ တန် ငွေစက္ကူကိစ္စနှင့် စပ်လျဉ်း၍ ပြည်တွင်းပုဂ္ဂလိကဘဏ် တစ်ခု၏ ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက “အခု ကျပ် ၅၀၀၀ တန်တွေကိုတော့ ဘဏ်မှာ အထူးစစ်ဆေးနေပါတယ်။ အရေအတွက်ကိုတော့ စက်နဲ့ရေတွက်ပြီး ကျန်တာကိုတော့ လက်နဲ့ ရေတွက်ပါတယ်။ တစ်ခါတစ်ခါ ရောပြီးတော့ ပါလာတာတွေ ရှိတယ်။ ကျပ် ၅၀၀၀ တန်အစစ်က နံပါတ်လေးတွေမှာ အဖုလေးတွေ ပါတယ်။ အစစ်မဟုတ်တဲ့ ကျပ် ၅၀၀၀ တန်က ချောနေတယ်။ လက်နဲ့ စစ်ဆေးကြည့်မှ သိနိုင်တယ်” ဟု ပြောသည်။


ယင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက “ကျပ် ၅၀၀၀ တန်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပညာပေးလုပ်ငန်းတွေ လုပ်ဖို့တော့ လောလောဆယ်မှာ မရှိသေးပါဘူး။ ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။


http://myatlayngon.blogspot.ca/2012/11/blog-post_7199.html

8888newgenerations.blogspot.com

(၆) လတာ အပစ်အခတ် ရပ်စဲရေး အခြေအနေတွင် မည် သည့် အကျိုးမှ ဖြစ်ထွန်းမှု မရှိ

kcsn1အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့၏ (၆) လတာ အပစ်အခတ် ရပ်စဲရေး အခြေအနေတွင် မည် သည့် အကျိုးမှ ဖြစ်ထွန်းမှု မရှိကြောင်း ကရင်နီ အခြေပြု လူမှုအသင်း အဖွဲ့များ ကွန်ယက် (KCSN) မှ ယနေ့ ကျင်းပသော အခမ်းအနား တခု၌ ဦးဆေင် အဖွဲ့ဝင် တဦးဖြစ်သူ တော်ရယ်ဖိုးက ဝေဖန် ပြောဆို လိုက်ပါသည်။

“ကျနော်တို့က လက်ရှိ ပြဿနာတွင်းက တကယ့် ခံစားနေရတဲ့ လူတွေဖြစ်တဲ့ အတွက် အစစ်အမှန် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို အလိုရှိနေတာ အမှန်ဖြစ်ပါတယ်။ အခု KNPP က အစိုးရနဲ့ ယူထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ အစိုးရ ဘက်က ဘာတခုမှ လိုက်လျှောပေးမှု မရှိဘူးလို့ မြင်ပါတယ်။ ဒီတော့ ဘာမှ မထူးပါဘူးလို့ဘဲ ပြောချင်ပါတယ်” ဟု ဆိုပါသည်။


မြန်မာ အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့၏ (၆) လတာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် အပေါ် သုံးသပ်သည့် အခမ်းအနား တခုကို (KCSN) မှ ဦးစီးပြီး ယနေ့ နံနက် (၉း၃၀) နာရီ အချိန်၌ ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။ ထိုအခမ်းအနားသည် သတင်း မီဒီယာ အဖွဲ့များ၊ အခြားအဖွဲ့အစည်းများ ပါဝင်လူ (၂၀) ဦးခန့် တက်ရောက်ခဲ့ ပါသည်။


အဖွဲ့၏ လေ့လာတွေ့ရှိချက်အရ KNPP နှင့် မြန်မာ အစိုးရတို့သည် ၂၀၁၂ ခုနှစ်၊ မတ်လ တွင်ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအတွင်း KNPP ဘက်မှ အချက် (၂၀) ချက်ကို တင်ပြခဲ့သည်။ ယင်းတို့သည် ဇွန်လ (၉) ရက်နေ့တွင် က ယားပြည်နယ် လွိုင်ကော်မြို့တွင် ပြုလုပ်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီ ချက် (၁၄) ချက် ရရှိကာ နှစ်ဦးနှစ်ဘက် လက်မှတ် ရေးထိုး ထားခဲ့သည်ဟု ဆိုပါသည်။


သို့သော် လက်တွေ့၌ (၁) စစ်ရေးစစ်ရာတွင် သဘော တူညီမှများ ရှိထားသော်လည်း မြန်မာ အစိုးရတပ်မှ ထိုးစစ်ဆင်မှုပြု လုပ်နေခြင်း။ (၂) လူထုတောင်းဆိုသံကို နားမထောင်ဘဲ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ကျောင်း ဆက်လက် တည်ဆောက် ခြင်းနှင့် (၃) ရွာသစ်ရေကာတာ စီမံကိန်း အပါဝင် အခြား အကြီးစား စီမံကိန်းများ သဘောတူသည့် အတိုင်း လေ့လာခွင့် တားမြစ်ခံနေရပါသည်။ ဤ (၃) ချက်ကို အခြေခံပြီး (KCSN) အဖွဲ့မှ ဝေဖန်နေခဲ့ခြင်းဖြစ်ပါသည်။


KCSN_02KNPP နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဓါတ်ပုံ KNPP)


ထို့အပြင် အပစ်ရပ်ပြီးခါမှ ကရင်နီပြည်သူများသည် စစ်ပြေး ဒုက္ခသည် ဘဝမှ အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်း ဒုက္ခသည် ဘဝသို့ ပြန်လည်ရောက် ရှိနေရကြောင်း ဆိုပါသည်။


ဤသို့ကြောင့် အစိုးရသည် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် မြင်သာသည့် နိုင်ငံရေး ဖြေရှင်းချက်များ ပါဝင်သော ဘဝ အာမခံ ချက်ရှိသည့် ဒုက္ခသည် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ် တို့ကို စီစဉ်ပေးရန် လိုအပ်လှပါသည်။


ဒုက္ခသည် ပြန်လည် နေရာ ချထားရေးကို အကောင်အထည် မဖော်မှီ နှစ်ဦးနှစ်ဘက် သဘော တူညီချက် ရှိသည့်အတိုင်း အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း စီမံကိန်းနှင့် အခြား စီမံကိန်ကြီးများ ဝင်ရောက် လုပ်ကိုင်ရေးကို ပြည်သူ့ ဆန္ဒရယူ သင့်သည်ဟု KCSN မှ တင်ပြ သွားပါသည်။


“KNPP ဘက်ကတော့ သဘော တူညီချက် တွေကို လေးစားပြီး အကောင်အထည် ဖေါ်မယ်လို့ ခံယူထားတာဗျ။ ဒါပေမဲ့ အစိုးရ အဖွဲ့ ဖြစ်တဲ့ ဦးအောင်မင်းတို့ ကတော့ မူအရ သဘော တူညီချက်ဘဲ သဘောထားပါတယ် ဆိုတဲ့အတွက် လက်ရှိ KNPP နဲ့အစိုး ရ တို့ရဲ့ သဘော တူညီချက်ဟာ လက်တွေ့ဖြစ်ပါ့မလားလို့ ကျနော်တို့ သံသယဝင် လာတယ်ဗျ” ဟု ၄င်းက ဆိုပါသည်။


အခမ်းအနား အပြီးတွင် အစိုးရမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြေငြာရန်နှင့် တစ်နိုင်ငံလုံး နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို အမြန်ဆုံး ပြုလုပ်ရန် တောင်းဆိုချက်များ ပါရှိသည့် ထုတ်ပြန်ချက် တစ်ဆောင် ထုတ်ပြန် လိုက်ပါသည်။


(KCSN) အဖွဲ့သည် လက်ရှိမြန်မာနိုင်ငံ နိုင်ငံရေး ပြောင်းလဲမှု အခြေအနေ ဖြစ်သော မြန်မာပြည် အစိုးရနှင့် ကရင်နီ အမျိုး သား တိုးတက်ရေး ပါတီ (KNPP) တို့အကြား ပြည်တွင်း အပစ်အခတ် ရပ်စဲရေးနှင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် အမြဲ လေ့လာ အကဲခတ် နေကြသည့် အဖွဲ့ ဖြစ်ပါသည်။


ကရင်နီ အခြေပြုလူမှု အသင်းအဖွဲ့များ ကွန်ယက်သည် ၂၀၀၉ ခုနှစ်၊ ဇွန်လ တွင် ထိုင်း- ကရင်နီ နယ်စပ်ရှိ ကရင်နီ လူမှုအ သင်းအဖွဲ့ (၉) ဖွဲ့ ကိုယ်စားလှယ်များ တို့မှ စတင် ဖွဲ့စည်း ခဲ့ပါသည်။
KNPP ၏ အပစ်အခတ် ရပ်စဲရေး အပေါ် KCSN ကွန်ယက်က ဝေဖန်
www.phophtaw.org
ရွှေဟသာင်္သတင်းဌာန၊ ပြည်သူ့သတင်းဌာန၊ မွန်အမျိုးသား သတင်းဌာန

အမေရိကန်ရွေးကောက်ပွဲနှင့် စန္ဒီမုန်တိုင်း


(သတင်းသုံးသပ်ချက်)

ရွေးကောက်ပွဲစဖို့ ရက်ပိုင်းအလိုမှာ တိုက်ခတ်ခဲ့တဲ့ ရာစုနှစ်အတွင်း အကြီးမားဆုံး မုန်တိုင်းကြောင့် သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနိုင်မလဲ။


လက်ရှိမှာ သမ္မတ အိုဘားမားနဲ့

မစ်ဒ်ရွမ်နီ တို့ရဲ့မဲအခြေအနေက တူသလောက်ဖြစ်နေပြီး ရွမ်နီကတောင် နှာတဖျားလောက်သာနေတယ်လို့ ပြောလို့ ရပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေကိုလိုက်ပြီး လူထုရဲ့ စိတ်ဝင်စားမှုက ကွာခြားပါတယ်။ ဒီနှစ်မှာတော့ စီးပွားရေးကျဆင်းနေတာမို့ ဘယ်သမ္မတက တိုင်းပြည်ရဲ့ စီးပွားရေးပြန်ပြီး ဦးမော့လာအောင် လုပ်နိုင်မလဲ ဆိုတာကိုပဲ အများစုက စိတ်ဝင်စားကြတာပါ

သမ္မတ အိုဘားမားလက်ထက် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း စီးပွားရေး တိုးတက်နှုန်း နှေးကွေးနေတဲ့ ကိစ္စကို သမ္မတ အိုဘားမားရဲ့ ချို့ယွင်းချက် အဖြစ် ရီပါပလီကင်ပါတီက အဓိက ပစ်မှတ်ထား ပြောဆိုနေခဲ့ပါတယ်။ အလုပ်လက်မဲ့ဦးရေ များနေစဲ အနေအထား၊ ရေရှည်စွမ်းအင်ထုတ်နိုင်မဲ့ နေရောင်ခြည်သုံးစွမ်းအင်၊ လေအားသုံးစွမ်းအင်ထုတ်တာတွေမှာ ငွေအများအပြား ရင်းနှီးမြုပ်နှံပြီး အမြတ်မရတာတွေ၊ ဒေ၀ါလီခံတော့မယ့် ကားထုတ်လုပ်ရေးလုပ်ငန်းကို အစိုးရက ငွေစိုက်ထုတ်ကူညီခဲ့တဲ့အတွက် စက်ရုံဆက်ပြီး လည်ပတ်နေပေမဲ့ စီးပွားရေးရှုထောင့်ကကြည့်ရင် မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ် - စသဖြင့် အိုဘားမားရဲ့ ဆုံးဖြတ်မှု မှားယွင်းတယ်လို့ ပြစ်တင် ပြောဆိုတာတွေ ရှိပါတယ်။


တဘက်ကလည်း ရီပါပလီကင်သမ္မတ ဘွရှ်လက်ထက် ၈ နှစ်တာကာလ အတွင်းမှာ စတင်ခဲ့တဲ့ အီရတ်စစ်ကြောင့် တင်ခဲ့အကြွေးတွေကြောင့် နလံထနှေးခဲ့သလို ကမ္ဘာ့ငွေကြေးပြဿနာ တကမ္ဘာလုံးကိုရိုက်ခတ်ချိန်မှာ အမေရိကန်နိုင်ငံကိုလည်း ရိုက်ခတ်ခဲ့တာကြောင့် အခုလက်ရှိ ရှိနေတဲ့ အခြေအနေဟာ ဘယ်သမ္မတ တက်တက် ဒီထက်ပိုကောင်းအောင် မလုပ်နိုင်ဘူးဆိုတဲ့ တုန့်ပြန်မှုတွေလည်း ရှိနေပါတယ်။


အခုမုန်တိုင်းစတင်ချိန်မှာ သမ္မတ အိုဘားမားက အရင်သမ္မတ ဘွရှ်တုန်းကလို အချိန်စောင့်တာမျိုး မရှိဘဲ ချက်ခြင်းတုန့်ပြန်လိုက်တဲ့ အပေါ် လူတွေ အတော်ချီးကျူးပြောဆိုတာ တွေ့ရပါတယ်။ အရင် သမ္မတဘွရှ်လက်ထက်က မုန်တိုင်း (ကက်သရီးနာ) တိုက်တော့ ချက်ခြင်းတုန့်ပြန်တာမရှိခဲ့တဲ့
အတွက် လူတွေ ဒုက္ခပိုရောက်ခဲ့သလို အပျက်အစီးလည်း ပိုများခဲ့ပါတယ်။ အခုတကြိမ် အိုဘားမားက ချက်ခြင်းတုန့်ပြန်ချိန်မှာ အခြေအနေကို အသေအချာ မသိသေးချိန်မှာ တုန့်ပြန်တာ စောလွန်းတယ်လို့ ဘွရှ်လက်ထက်က မုန်တိုင်းအရေးပေါ် အခြေအနေ ကိုင်တွယ်ခဲ့သူက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဒါပေမယ့် မုန်တိုင်းက ထင်ထားတာထက်ကိုတောင် ပိုမို ပြင်းထန်နေပါတယ်။ အခုလို အလျင်အမြန်တုန့်ပြန်မှုကြောင့်
လည်း လူတွေရဲ့အသက်အိုးအိမ်ကို များစွာကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် မုန်တိုင်းဒဏ် အဆိုးဆုံးခံရတဲ့ ပြည်နယ်တခုဖြစ်တဲ့ နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ်တီက အိုဘားမားကို ဒီကနေ့မှာ ချီးကျူးပြောဆိုလိုက် ပါတယ်။ သတင်းမီဒီယာတွေနဲ့ မေးမြန်းချက်တွေမှာ သူက သမ္မတဟာ တချိန်လုံးသူတို့နဲ့အတူရှိနေပြီး ကူညီလုပ်ဆောင်ခဲ့တာကို လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့ပါတယ်။ သူဟာ ရီပါပလီကင်ပါတီက သြဇာရှိသူဖြစ်တဲ့အတွက် သူ့ရဲ့ ပြောဆိုချက်ဟာ အတော့်ကိုတာသွားတယ်လို့ သတင်းသုံးသပ်သူတွေ က ဆိုပါတယ်။

မုန်တိုင်းစတိုက်တဲ့အချိန်မှာ အိုဘားမားက မုန်တိုင်းအရေးဟာ ပထမဦးစားပေးဖြစ်ကြောင်း အိမ်ဖြူတော်ကနေ ထုတ်ပြန်ကြေငြာခဲ့ပြီး လျှပ်စစ်မီးပြန်ရရေးလုပ်ဆောင်ရာ
မှာလည်း ဆေးရုံ၊ ကျောင်းနဲ့ မဲရုံကို အစဉ်လိုက် ဦးစားပေးဆောင်၇ွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

လတ်တလော ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်နဲ့အမျှလုပ်နေရချိန် မုန်တိုင်းခရီးဆက်ရာ ပြည်နယ်တွေမှာ နှင်းထု ၃ ပေအထိကျနေစဲမို့ မပြီးဆုံးသေးပါဘူး။ ရွေးကောက်ပွဲစချိန်မှာတောင် နေရာအတော်များများမှာ မီးတွေက ပျက်နေအုန်းမှာ ဖြစ်ပြီး လူတွေကလည်း အရေးပေါ်စခန်းတွေမှာ နေရဆဲ ဖြစ်နိုင်ပါတယ်။


သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ မုန်တိုင်းကိစ္စအပေါ် ကိုင်တွယ်ပုံတွေကြောင့် ရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှု ဘယ်လောက်ရှိနိုင်မလဲ။ လေ့လာသူတွေကတော့ ဒီလုပ်ရပ်ကြောင့် ရွေးကောက်ပွဲအပေါ် သိသိသာသာ သက်ရောက်မှုရှိမယ်လို့ ပြောဖို့ စောသေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း စန္ဒီမုန်တိုင်းဟာ ရာစုနှစ်အတွင်း မကြုံစဖူး ရိုက်ခတ်မှု ကြီးမားလှတဲ့ နိုင်ငံတော် ပြဿနာကြီးတရပ်ဖြစ်လာတာမို့ လက်ရှိသမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ ဒီရက်ပိုင်းအတွင်း ဘယ်လို ကိုင်တွယ်နိုင်မလဲဆိုတာက အဆုံးအဖြတ် ပေးနိုင်ပါတယ်။

လာမယ့် ၄ နှစ် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူမယ့်သူကို စန္ဒီမုန်တိုင်းက ရွေးသွားနိုင်တယ်လို့ ပြောဆိုသံတွေ အတော်ညံလာတဲ့အကြောင်း တင်ပြလိုက်ပါတယ်။


(Burma-Newselite ရဲ့ သတင်းသုံးသပ်ချက်)


အေးချမ်းမွန်မှ Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါ
သည်။
Photo From :Burma-Newselite
Timeline Photos
အမေရိကန်ရွေးကောက်ပွဲနှင့် စန္ဒီမုန်တိုင်း (သတင်းသုံးသပ်ချက်) ရွေးကောက်ပွဲစဖို့ ရက်ပိုင်းအလိုမှာ တ...

နေကို စပိန်အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်သည်ဟုဆို၊ အသုံးပြုခတောင်း




။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။ စပိန်နိုင်ငံတွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက နေကို သူမ ပိုင်ဆိုင်တယ်လို့ ပြောဆိုပြီး နေရောင်ခြည် အသုံးပြုခ တောင်းခံတဲ့ ကိစ္စ ဖြစ်ပါတယ်။

သူမ ရဲ့ စိတ်ကူး ဒီလို ဖြစ်ပါတယ်။ အမေရိကန် ဘီလျံနာ တစ်ဦးဟာ လကမ္ဘာမှာ မြေကွက်တစ်ခု ဝယ်ယူပြီး သူပိုင်တဲ့ မြေကွက်လို့ ကြေညာ ခဲ့ပါတယ်။ ဒါကြောင့်မို့ အသက် ၄၉ နှစ် အရွယ် စပ
ိန်နိုင်ငံမှ အမျိုးသမီး Angeles Duran ကလည်း နေလုံးကြီးကို သူပိုင်ကြောင်း စာရွက်စာတန်း ပြု လုပ်လာပါတယ်။ ဒေသခံ ရှေ့ နေအချို့ နဲ့ တရားဝင်စာရွက် စာတန်းများ ပြု လုပ်ပြီး ဆိုလာစနစ်ရဲ့  အလယ် ဗဟိုတည့်တည့်က (ကမ္ဘာနှင့် ကီလိုမီတာ ၁၄၉ သန်း ပျှမ်းမျှဝေးသော) နေကို သူမပိုင်ဆိုင်တယ်လို့ ကြေညာ လိုက်ခြင်း ဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့  ဥပဒေအရဆိုရင်လည်း သူမကပဲ တကယ်ပိုင်ဆိုင် သလို ဖြစ်နေပါပြီ။
...
ရည်ရွယ်ချက်ကတော့ နယ်မြေပိုင်ဆိုင်မှုအတွက် ငြင်းခုံနေတဲ့ နိုင်ငံနဲ့ ပုဂ္ဂိုလ်များကို Trolling (သရော်ခြင်း) ဖြစ်ပါတယ်။

ဒါကြောင့် သူမရဲ့ စာရွက် စာတန်းအရ နေရောင်ခြည်စွမ်းအား အသုံးပြုသူ ကမ္ဘာပေါ်က လူသားအားလုံးကို အခွန်တောင်းဆိုဖို့ ကြိုးစားခဲ့ပါတယ်။ စပိန်အစိုးရ ကိုတော့ ဒီလို အခွန်တောင်းခံလွှာ ပို့ခဲ့ပါတယ်။ ပြည်သူတို့ ဆောင်နေကျ အခွန်ထက် ၅၀ ရာခိုင်နှုန်း တိုးကောက်ရပါမယ်။ ၂၀ ရာခိုင်နှုန်းကို အစိုးရ ကြွေးမြီ၊ ၁၀ ရာခိုင်နှန်းကို သုတေသန၊ ၁၀ ရာခိုင်နှုန်းကို ကမ္ဘာ တစ်အလွှားက ဒုက္ခသည်များ အတွက် ဖြစ်ပါတယ်။

ဒီတော့ ၁၀ ရာခိုင်နှုန်းက ကျန်ရှိနေပါသေးတယ်။ ကျန်ရှိတဲ့ ၁၀ ရာခိုင်နှုန်းကို တော့ သူမရဲ့ ဘဏ်အကောင့်ထဲ ထည့်ပေးပါ လို့ တောင်းဆိုခဲ့ ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Reference and Credit to ^..^
International News for Myanmar
http://innewsmyanmar.blogspot.com/2012/10/blog-post_31.html

ကောင်းကျိုးကိုယ်၌ တည်စေသောဝ်



ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
အောက်တိုဘာ ၃၁၊ ၂ဝ၁၂ MoeMaKa Burmese News & Media

“ဆီမီးရယ်က တထိန်ထိန်၊ အိုင်မင်းရေကြည်က ကြာငါးမည်၊ ငုံအာစွင့်တယ်၊ ဖူးပွင့်ခါချိန်၊ အဿဝတီ ယှဉ်ကာချဉ်းပါလို့၊ လင်းလာတဲ့ ငွေတာရိန်ငယ်၊ ပြာမှန်လျက် မြူခြေဆိုင်း၊ ဂါရဝေ သက္ကစံ္စ ပဏာမေနှင့်၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ၊ မစဲပေါင် ကုသိုလ်ကို နိုးကြတယ်၊ မျိုးမြန်မာ့ တိုင်း” ဟူသည့် မဟာဂီတ ဦးပြုံးချို၏ လင်္ကာကဗျာနှင့်အညီ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ၂ဝ၁၂ခုနှစ်၊ အောက်တိုဘာလ(၃ဝ)ရက် (အင်္ဂါနေ့) တွင် နာရေးကူညီမှု အသင်း (ရန်ကုန်)၌ မြတ်ဗုဒ္ဓ၏ ပဝါရဏာကျင့်စဉ်ကို စံထားကာ သုခအလင်း ပညာဒါနမှ ဖွင့်လှစ်သင်ကြားသည့် စာသင်စာကျက်ဝိုင်း ၂ဝ၁၂/၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်း ကျောင်း သား/သူများတို့မှ မေတ္တာ စေတနာတို့ဖြင့် သင်ကြားပေးခဲ့သော ဆရာ/မများတို့အား ဝါကျွတ်ကန်တော့ပွဲနှင့် မိဘဆရာတွေ့ဆုံပွဲအခမ်းအနား တစ်ရပ်ကို နေ့လည် (၁း၃ဝ) အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သုခအလင်း ပညာဒါနတွင် သင်ကြားနေသည့် ဆရာ ဦးအောင်ကျော်မင်းနှင့်
ဒေါ်ဆွေဝင်းမှ ကျောင်းသား/သူများအား ဆုံးမသြဝါဒ စကားပြောကြားခြင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ စေတနာရှင် ဆရာ/မများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်ခြင်း၊ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးစောထူးမှ ကျေးဇူးတင်စကားပြော ကြားခြင်း၊ နာရေးကူညီမှုအ သင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အားပေးစကားပြောကြားခြင်းတို့  အပြင် တက္ကသိုလ်ဝင်တန်း စာသင်/ကျက်ဝိုင်းတွင် တက်ရောက် သင်ကြားနေသော ကျောင်းသူ တစ်ဦးမှ ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ပြီး အခမ်းအနားအား မင်္ဂလာတရားနှင့် အညီ အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။

ဆက်လက်၍ ညနေ (၃းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂ဝ၁၁/၁၂ ခုနှစ် ဖွင့်လှစ်သင်ကြားပေးခဲ့သော သုခအလင်း ပညာဒါနမှ (အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်း၊ ကွန်ပြူတာသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ စာရင်းကိုင်သင်တန်း၊ လူမှုရေးမျိုးဆက်သစ် သင်တန်း၊ ဂျာနယ်လစ်ဇင်သင်တန်း၊ စွမ်းရည်မြင့်သင်တန်း၊ ခေါင်းဆောင်မှုဆိုင်ရာ သင် တန်း၊
ရှေးဦး သူနာပြုစုနည်းသင်တန်း၊ ရုပ်သံမီဒီယာသင်တန်း အစရှိသည့်သင်တန်းများမှ ဆရာ/မများ အား တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာ/မများတစ်ဦးချင်းမှ သင်ကြားခဲ့သော ဘာသာရပ်များ နှင့် အမည်နာမ များဖြင့် မိတ်ဆက်ခဲ့ကြပြီး အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ သုခအလင်း ပညာဒါန ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စတင်ဆောင်ရွက်ပုံအကျဉ်းအား ရှင်းလင်းပြော ကြား သွား ခဲ့ကာ သုခအလင်း ပညာဒါနနှင့် ပတ်သက်၍ လိုအပ်ချက်များအား အကြံပြုဆွေးနွေးခဲ့သည်။ ယင်းနောက် ဥက္ကဌ ဦးကျော်သူမှ နှုတ်ဆက်စကားပြောကြားပြီးနောက် ဆရာ/မများနှင့်အတူ အမှတ် တရဓါတ်ပုံ ရိုက်ပြီး အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

တဆက်တည်း၌ ညနေ (၅းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေး ဝန်ထမ်းများတို့မှ သီတင်းကျွတ်အခါသမယ အချိန်အခါတွင် ဂါရဝေါစ နိဝါတောစဆိုသည့် စကား အတိုင်း နာရေးကူညီမှုအသင်း(ရန်ကုန်)အား ဦးဆောင်ထမ်းရွက်နေသူများဖြစ်သည့် ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်နှင့် အသင်း ၌ နှစ်ရှည်ကြာမြင့် စွာ လုပ်ကိုင်ပေးဆပ်လျှက်ရှိသော သက်ကြီးဝါကြီးများတို့အား ဂါရဝပြုကန်တော့ခြင်း အခမ်းအနား ကို မြတ်စွာဘုရားရှင်အား ဦးထိပ်ပန်ဆင်၍ ခင်ပွန်းကြီး (၁ဝ) ပါးအပါအဝင် ကျေးဇူးရှင် လူကြီး၊ မိဘ၊ ဆရာ သမားအပေါင်းတို့အား တစ်နှစ်တာပါတ်လုံး ကာယကံ၊ ဝစီကံ၊ မနောကံ (ကံ၃ပါး)
ဖြင့် ပြစ်မှားမိခဲ့ခြင်းကို ခွင့်လွှတ်ရန်အတွက် ရှစ်ခိုးဦးချ တောင်းပန်ကန်တော့ခဲ့ကြပြီး ည (၇းဝဝ) နာရီအချိန်တွင် နာရေးကူညီ မှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် အသင်းသား/သူများ၊ ဝန်ထမ်း များ တို့သည် ဓမ္မစင်္ကြာရွတ်ဖတ် ပူဇော်ခြင်း၊ မြတ်စွာဘုရားရှင်အား ရည်စူး၍ ဆီမီးပူဇော်ခြင်းတို့အပြင် မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်း တို့ကို OK သျှမ်းအိုးစည်အဖွဲ့မှလည်း လာရောက် ချီးမြှင့် ပျော်ရွှင် စွာတီးခတ် ဖျော်ဖြေခဲ့ကာ အဘိဓမ္မာ အခါတော်နေ့ညအား မင်္ဂလာရှိစွာဖြင့် အဆုံးသတ်ခဲ့တော့ သည်။

ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေသောဝ်။

Aung Htet | October 31, 2012 at 8:59 pm | Categories: ကျော်သူ နဲ့ နာရေးကူညီမှုအသင်း | URL: http://wp.me/s2d6gG-28657

သူတို့တော်တော် နေတတ်ကြမှာမဟုတ်ဘူး မီးမရတာကြီးကို :D


ရက်ပေါင်းများစွာ စောင့်ရအုန်းမယ့် လျှပ်စစ်မီးမရခင် ဂျင်နရေတာနဲ့ လည်ပတ်ဖို့ နယူးဂျာစီပြည်နယ်တွင်း ဓာတ်ဆီဝယ်ဖို့ တန်းစီနေကြသူတွေပါ။ ဓာတ်ဆီဈေးတွေ ဒီရက်ပိုင်းတက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

နယူးယောက်နဲ့ နယူးဂျာစီအကြား အတော်ကြာကြာ ရထားပြေးစွဲနိုင်အုန်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အခုအချိန်မှာ အရေးကြီးဆုံးက တယောက်နဲ့ တယောက် အတတ်နိုင်ဆုံး ကူညီကြဖို့၊ ရေတခွက်၊ စက္ကူတရွက်ကအစ ကူနိုင်တာ အချင်းချင်းကူကြဖို့ နယူးဂျာစီ အုပ်ချုပ်ရေးမှူးက သတင်းမီဒီယာတွေကတဆင့် မေတ္တာရပ်ခံနေပါတယ်။

အေးချမ်းမွန်မှ Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Burma-Newselite
ရက်ပေါင်းများစွာ စောင့်ရအုန်းမယ့် လျှပ်စစ်မီးမရခင် ဂျင်နရေတာနဲ့ လည်ပတ်ဖို့ နယူးဂျာစီပြည်နယ်တွင်း ဓာတ်ဆီဝယ်ဖို့ တန်းစီနေကြသူတွေပါ။ ဓာတ်ဆီဈေးတွေ ဒီရက်ပိုင်းတက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

နယူးယောက်နဲ့ နယူးဂျာစီအကြား အတော်ကြာကြာ ရထားပြေးစွဲနိုင်အုန်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အခုအချိန်မှာ အရေးကြီးဆုံးက တယောက်နဲ့ တယောက် အတတ်နိုင်ဆုံး ကူညီကြဖို့၊ ရေတခွက်၊ စက္ကူတရွက်ကအစ ကူနိုင်တာ အချင်းချင်းကူကြဖို့ နယူးဂျာစီ အုပ်ချုပ်ရေးမှူးက သတင်းမီဒီယာတွေကတဆင့် မေတ္တာရပ်ခံနေပါတယ်။

အေးချမ်းမွန်မှ Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Burma-Newselite

မြန်မာလူငယ်တွေဖန်တီးတဲ့ သံလွင်မီဒီယာ - မိတ်ဆက်



မိုးမခ၊ အောက်တိုဘာ ၃၁၊ ၂ဝ၁၂ MoeMaKa Burmese News & Media

လွန်ခဲ့တဲ့ ၁ဝ ကျော်တုန်းက

မြန်မာအင်တာနက်ခေတ်မှာ လူငယ်တွေ စတင်တဲ့ ဘလောဂ့်၊ ဝက်ဆိုက်၊ အီးမေးအဖွဲ့တွေ ၁၉၉၉ နောက်ပိုင်းမှာ ပြည်ပတွင် အပြိုင်းအရိုင်း ပေါ်ပေါက်လာခဲ့ပါတယ်။ အဲသည်မှာ ထိုင်းနဲ့ စင်္ကာပူက ကျောင်းသားတွေ၊ လူငယ်တွေ ဖန်တီးတဲ့ အင်တာနက်စာမျက်နှာတွေ ထင်ရှားပါတယ်။ AIT ကျောင်းသားများ၊ NUS, NTU က ကျောင်းသားတွေ တင်ဆက်တဲ့ Yahoo & Geocities အီးမေးဂရုပ်တွေ၊ ၀က်ဆိုက်တွေကို အမှတ်ရကြဦးမယ် ထင်ပါတယ်။

သက္ကရာဇ် ၂ဝဝဝ နောက်ပိုင်း မြန်မာပြည်တွင်းမှာ အစိုးရထိန်းချုပ်တဲ့ အီးမေးစနစ် လူထုကြား ထဲ ရောက်လာပြီးနောက်ပိုင်းမှာ မြန်မာပြည်တွင်းနဲ့ အင်တာနက်ထိတွေ့မှု အရှိန်စတင်တယ်လို့ ဆိုနိုင်ပါတယ်။ ၂ဝဝ၂ နှစ်ဆန်းက စပြီး မြန်မာပြည်မှာ အင်တာနက်ဝန်ဆောင်မှုတွေ စတင်ခဲ့ရာက အာဏာပိုင်များ၊ လုပ်ငန်းရှင်များ၊ ပြည်ပကုမ္ပဏီများ စတဲ့ ကန့်သတ်ထားသော အသိုင်းအဝိုင်း ကနေ ပြည်တွင်း အလွှာအသီးသီးကို အင်တာနက်ထိတွေ့မှု ပြန့်နှံ့လာခဲ့ပါတယ်။

စစ်အစိုးရနဲ့ အပေါင်းအပါများရဲ့ ၂ဝဝ၃ မေလ ဒီပဲယင်းအရေးအခင်းနဲ့ အင်န်အယ်ဒီပါတီဝင်များနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်ဖို့ လုပ်ကြံမှုကြီးနောက်ပိုင်း အင်တာနက် ဆက် သွယ်ရေး ဟာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ လူထုနိုးကြားမှုဆီကို ဦးလှည့်လာခဲ့ပါတယ်။

အဲသည်အချိန်ကစလို့ ပြည်တွင်း၊ ပြည်ပမှာ အီးမေးအဖွဲ့များ၊ အင်တာနက်စာမျက်နှာများ၊ အများ အပြား ပေါ်ထွန်းလာပြီး အင်တာနက်ပေါ်က အမည်မခံဘဲ လျို့ဝှက်နိုးကြား တဲ့ မြန်မာ့ အရေး လှုပ်ရှားမှုများကနေ လူကိုယ်တိုင် အမည်ခံပြီး ဖြစ်စေ၊ ဒေသနဲ့ ကျောင်းအမည်တွေ ထုတ်ဖော်ပြီးဖြစ်စေ ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြပါတယ်။

သံလွင်အိပ်မက်နဲ့ မီဒီယာရဲ့ အစ

အဲသည်လို အင်တာနက်နဲ့ လူငယ်တွေရဲ့ လွတ်လပ်တဲ့ နိုးကြားမှု၊ လှုပ်ရှားမှုတွေထဲက ထင်ရှားတဲ့ လှုပ်ရှားမှုကို ပြောရမယ်ဆိုရင် သံလွင်မီဒီယာကို ကောက်နုတ်ပြရမယ် ဖြစ်ပါတယ်။ ဟိုးတုန်းကတည်းက စတင်ခဲ့ပြီး ယခုချိန်ထိလည်း ဆက်လက်တည်ရှိနေသေးတာကလည်း အဓိကအချက်တခု ဖြစ်ပါတယ်။

သူတို့ရဲ့ သံလွင်အိပ်မက်အကြောင်းကို သည်လို ရေးသားထားပါတယ်။

" …“သံလွင်” ဟု အတိုကောက် ခေါ်ဝေါ်ကြသော သံလွင်မီဒီယာကို ၂ဝဝ၄ ခုနှစ် သြဂုတ်လတွင် စာပေဝါသနာရှင် လူငယ်တစ်စုမှ စတင်ဖန်တီးခဲ့ကြပါသည်။ သံလွင်မီဒီယာ၏ သင်္ကေတ (Logo) မှာ အနက်ရောင် မြန်မာနိုင်ငံမြေပုံတွင် သံလွင်မြစ်ကို ထင်ရှားစွာ ထည့်သွင်းရေးဆွဲ ထားခြင်းဖြစ် ပါသည်။ wwww.thanlwin.com တွင် အခြေပြုသည့် သံလွင်မီဒီယာသည် လက်ရှိအချိန်အထိ အင်တာနက်တွင် ဖတ်ရှုနိုင်သည့် Online Media အဖြစ်သာ တည်ရှိနေသော်လည်း အနာဂတ် ကာလ တွင် ပိုမိုကျယ်ပြန့်၍ ပြည်သူကို အကျိုးပြုနိုင်သော မီဒီယာတစ်ခုအဖြစ် ရပ်တည် သွားနိုင် ရန် ရည်ရွယ်ပါသည်။ …"

သံလွင်အိပ်မက် ဖြတ်သန်းမှု ကောက်နုတ်ချက်များ
------------------------------------------------
သံလွင်အိပ်မက်

သံလွင်မီဒီယာနှင့်အတူ ပေါက်ဖွားလာသော သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းကို မြန်မာတို့အတွက် လိုအပ်လျက်ရှိသည့် e-zine ခေါ် အင်တာနက်ပေါ်တွင် ဖတ်ရှုနိုင်သည့် မဂ္ဂဇင်းအဖြစ် စီစဉ်ခဲ့ပါသည်။ ပုံနှိပ်မဂ္ဂဇင်းတစ်စောင် မဟုတ်သော်လည်း မဂ္ဂဇင်းတစ်စောင်တွင် ပါဝင်သင့်သော ကဏ္ဍများ စုံလင်စွာပါဝင်နိုင်ရန် အထူးပင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သံလွင်အိပ်မက်နှင့် ဝိုင်းတော်သား အယ်ဒီတာများ၏ ရည်ရွယ်ချက်များမှာ -

(၁) သုတ၊ရသ အဖုံဖုံပေးစွမ်းနိုင်သည့် စာပေဖန်တီးသူများအား မြေတောင်မြှောက်ပံ့ပိုးရန်
(၂) အဆိပ်အတောက်ကင်းသော စာပေများကို စုစည်း၍ စာဖတ်သူများထံ မျှဝေရန်
(၃) တိုင်းပြည်နှင့် လူမျိုးအကျိုးကို မီဒီယာ၊ မဂ္ဂဇင်းတစ်ခုအနေဖြင့် တာဝန်ကျေစွာ သယ်ပိုးဆောင်ရွက်သွားရန် တို့ဖြစ်ပါသည်။

၂ဝဝ၅ ခုနှစ်နောက်ပိုင်း သံလွင်အိပ်မက်ကို လူသိများလာပြီးနောက် အင်တာနက်ပေါ်တွင် စာရေးသူ၊ စာချစ်သူများအကြား ဆုံစည်းရာ၊ လက်ရည်သွေးရာ၊ ခံစားချက်များ ဖလှယ်ရာ အင်တာနက် စာမျက်နှာတစ်ခုအဖြစ် ရပ်တည်လာသည်မှာ ယခု ၂ဝ၁၂ ခုနှစ်တွင် ၈ နှစ်တိုင်ပြီဖြစ်ပါသည်။ ထို ၈ နှစ်တာဖြတ်သန်းခဲ့သော သံလွင်အိပ်မက် သမိုင်းကြောင်းကို အောက်ပါအတိုင်းမှတ်တမ်း တင်အပ်ပါသည်။

၂ဝဝ၎

ညီညီ(သံလွင်)၊ စည်သူ(သံလွင်) နှင့် ကိုဇေ(သံလွင်) တို့မှ ဦးစီး၍ သြဂုတ်လတွင် ပထမဆုံး သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်းကို စီစဉ်ဖြန့်ချီခဲ့သည်။ ၄ လ တစ်ကြိမ်ထုတ်ဝေရန် သဘောတူခဲ့ကြသည်။

၂ဝဝ၅

ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် ကိုဇေ(သံလွင်) အနားယူခဲ့ပြီး နေမျိုး(သံလွင်) (ခ) နေဘုန်းလတ် သံလွင်အိပ်မက် အယ်ဒီတာအဖွဲ့တွင် ပါဝင်လာခဲ့သည်။ စည်သူ(သံလွင်)မှ အယ်ဒီတာချုပ်တာဝန်ယူခဲ့သည်။

၂ဝဝ၆

အယ်ဒီတာအဖွဲ့တွင် ကိုငယ်(မန္တလေး) ပါဝင်လာခဲ့ပြီး ပိုမိုအင်အားတောင့်တင်းလာသဖြင့် သံလွင်အိပ်မက်ကို ၄ လ တစ်ကြိမ်မှ ၃ လ တစ်ကြိမ် ပြောင်းလဲ ထုတ်ဝေခဲ့သည်။

၂ဝဝ၇

ဘလော့ဂါမောင်ပွတ် အေးချမ်း(သံလွင်) အမည်ဖြင့် သံလွင်အယ်ဒီတာအဖွဲ့တွင် ပါဝင်လာခဲ့သည်။

၂ဝဝ၈

နေမျိုး(သံလွင်) ကို နိုင်ငံရေးပုဒ်မများဖြင့် ဇန်နဝါရီလတွင် ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလတွင် ထောင်တွင်း မျက်ကွယ်တရားရုံးမှ ထောင်ဒဏ် နှစ် ၂ဝ နှင့် ၆ လ ချမှတ်ခြင်းခံခဲ့ရသည်။ ညီညီ(သံလွင်)မှ အယ်ဒီတာချုပ်တာဝန်ကို ယူခဲ့ပြီး သံလွင် website ကို ခေတ်မီအဆင့်မြင့်ပုံစံအသစ်ဖြင့် စတင်လွှင့်တင်ခဲ့သည်။ သံလွင်ပရိသတ်များအတွက် မြန်မာနှင့် ကမ္ဘာ့သတင်းများကို သံလွင်မီဒီယာအနေဖြင့် ဖော်ပြခဲ့သည်။

၂ဝဝ၉

အပြောင်းအလဲအနေဖြင့် သံလွင်အိပ်မက်ကို အကြောင်းအရာ တစ်ခုအပေါ် အလေးပေးဖော်ပြသည့် Theme များ သတ်မှတ်ကာ ထုတ်ဝေခဲ့သည်။ သံလွင်မီဒီယာနှင့် သံလွင်အိပ်မက် ငါးနှစ်ပြည့်အထိမ်းအမှတ် အထူးထုတ် စာစောင်ကို ဇူလိုင်လတွင် စာမူအင်အား တောင့်တင်းစွာဖြင့် ထုတ်ဝေနိုင်ခဲ့ရာ အားပေးမှုအထူးရရှိခဲ့သည်။ ၎င်းနှင့် ပတ်သတ်၍ VOA အသံလွှင့်ဌာနမှ ရေဒီယိုအင်တာဗျူးတင်ဆက်ခဲ့သည်။

၂ဝ၁ဝ-၂ဝ၁၁

၂ နှစ်အတွင်း သံလွင်အိပ်မက် ၂ ကြိမ်သာ ထုတ်ဝေနိုင်ခဲ့သလို ပုံမှန်တင်ဆက်နေသည့် သတင်းကဏ္ဍကိုလည်း ရပ်နားခဲ့ရသဖြင့် ပရိသတ်နှင့် ထိတွေ့မှု အတန်အသင့် ကင်းကွာသွားခဲ့ရသည်။ သံလွင်မီဒီယာအတွက် Facebook စာမျက်နှာ ဖွင့်လှစ်ခဲ့သည်။

၂ဝ၁၂

အကျဉ်းချခံထားရသည့် အယ်ဒီတာ နေမျိုး(သံလွင်) (ခ) နေဘုန်းလတ် ဇန်နဝါရီလတွင် ပြန်လည် လွတ်မြောက်လာကာ အယ်ဒီတာချုပ်အနေဖြင့် သံလွင်အိပ်မက်ရှေ့ဆက်နိုင်ရန် အားဖြည့်ကူညီခဲ့သည်။ ဇူလိုင်လတွင် ညီညီ(သံလွင်) သံလွင်အိပ်မက်မှ အနားယူခဲ့သည်။

စာမူများကို စုဆောင်းထားပြီး ၃ လ တစ်ကြိမ်ထုတ်ဝေနေမည့် အစား ပြောင်း လဲမှု မြန်ဆန်သော
ခေတ်နှင့် လျော်ကန်မှု ရှိစေရန် သင့်လျော်ရာ စာမူများကို အချိန်အနည်းငယ်အတွင်း ဖော်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ မပြောင်းလဲမီ အချိန်အထိ သံလွင်အိပ်မက် အစောင် ၂ဝ ခန့် ထုတ်ဝေ ခဲ့ပြီး စာမူများကို အခြားမီဒီယာများနှင့် ပုံနှိပ်စာနယ်ဇင်းများမှ ဆင့်ပွားဖော်ပြခဲ့ကြသည်။

မီဒီယာတစ်ခုအနေဖြင့် သုတ၊ရသ စာပေများ တင်ဆက်ရုံသာမက အခြားအကျိုးပြုလုပ်ငန်း များ ဆောင်ရွက်နိုင်ရန် မြန်မာ့အရေးကို ဘက်စုံမှကူညီပံ့ပိုးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။

သံလွင်နဲ့ မိုးမခ - မိတ်ဆွေ

တကယ်တန်း သူတို့အကြောင်းကို ပြောနေတဲ့အချိန်မှာ ပြန်စဉ်းစားလိုက်တော့ မိုးမခ အွန်လိုင်း ကိုယ်တိုင်ကလည်း ၂ဝဝ၃ ဧပြီမှာ စတင်ခဲ့၊ ပြည်တွင်း ပြည်ပက စာပေနဲ့ စာနယ် ဇင်း သမားတွေရဲ့ စေတနာ့ဝန်ထမ်း ကူညီမှုတွေနဲ့ တင်ဆက်နိုင်ခဲ့၊ မြန်မာ့အရေး၊ ဒီမိုကရေစီနဲ့ လွတ် လပ် ခွင့်အတွက် မိမိတို့ ရောက်ရာ ရရာနေရာက ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ခုချိန်မှာမှ သူတို့ကို မိတ်ဆက်တဲ့ စာကို တင်ရတာ အားနာစရာပါ။

တကယ်တန်းကတော့ မြန်မာပြည်အရေးအတွက် တခရီးတည်းသွားကြသူတွေ ချစ်ခင်မှု အသိ အမှတ်ပြုမှု အထိမ်းအမှတ်ပါပဲ။

admin | November 1, 2012 at 2:30 am | Categories: ခေတ်ပြိုင်အတွေ့အကြုံ | URL: http://wp.me/p2d6gG-7sh

ပရိသတ်များ မဲပေးနိုင်ပါတယ်။



ကျွန်တော်တို့ ဘာလိုလိုနဲ့ ၂၀၁၂ခုနှစ် ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ၂၀၁၂ခုနှစ်အတွင်း အရယ်ရဆုံး ဟာသအမြောက်ဆုံး စကားပိုင်ရှင်ကို ရွေးချယ်မှာဖြစ်ပါတယ်။
အခု ဇကာတင်ရွေးချယ်ထားတာကတော့ စကား(၅)ခွန်းဖြစ်ပါတယ်။ အဲဒီထဲကမှ ပရိသတ်အကြိုက်ဆုံးစကားကို ဆုချီးမြှင့်မှာဖြစ်ပါတယ်။ ပရိသတ်များ မဲပေးနိုင်ပါတယ်။

စစ်ဖွတ်မတက်မီနဲ့ စစ်ဖွတ်တက်ပြီး မြန်မာနိုင်ငံ

ဗောင်းဗီကျွတ်တွားတာတောင် တယေကြိုးပဲနင်တေ့တယ် တယေကြိုးကို ကျိတ်နာဒယ်”

ကာလပေါ်ပုံပြင် (၂)
ဗောင်းဗီကျွတ်တွားတာတောင် တယေကြိုးပဲနင်တေ့တယ် တယေကြိုးကို ကျိတ်နာဒယ်”

တခါက ရွာတရွာမှာ ချစ်ချစ်ဆိုတဲ့လူတယောက်ရှိတယ်။ ဗိုလ်ရှစ်မောင်က
ရှောက်လုံးပြူးနဲ့ မြက်ချောကို ရှောက်ရှက်ပစ်တာ
တရှက်ပဲချပ်မှန်ပီးအကုန်ရှော်သွားတယ်ဆိုတဲ့ “ရှ” နဲ့ “ချ”
ကိုတလွဲသုံးပြောတဲ့လယ်ဝေးသားတွေအပြောနဲ့ဆိုယင် ရှစ်ရှစ်ပေါ့။ ရှစ်ရှစ်
အဲလေ ချစ်ချစ်ဆိုလို့ ဣိတ္ထိယခေါ် မိန်းမတယောက်တော့မဟုတ်ဖူး။ ယောင်္ကျားမှ
အဆင်း အင်္ဂါ အလုံးအရပ်ကော သတ္တိကော ကောင်းတဲ့ ယောင်္ကျားကြီးလုံးလုံးဖြစ်သော
ပုရိဿပေါ့။ ဒါပေမယ့် ထိုးထွင်းသိမြင်ဝေဖန်ပိုင်းခြားခြင်း
ကြံရည်ဖန်ရည်ဆိုတဲ့ ဗျတ္တိကတော့ နဲရှာတယ်အဲလေ နဲနဲချာတယ်။
စိတ်ရောဂါဆန်ဆန်တခုကြောင့်ဒီလိုဖြစ်နေတာပဲ။ ဒီအချက်ကိုတော့
နီးစပ်ရာလူတချို့ပဲသိတယ်။ နာမည်ရင်းကတော့ ဘချစ်တဲ့။ တကယ်တော့ သူ့ရဲ့အဆင်း
အင်္ဂါ အလုံးအရပ်ကော သတ္တိကော ကောင်းတဲ့အရည်အချင်းတွေ
အပြင်ရပ်ကျိုးရွာကျိုးကိုလည်းတတ်စွမ်းသလောက်စေတနာကောင်းကောင်းနဲ့အားကျိုးမာန်တက်ဆောင်ရွက်တတ်တာကြောင့်
“ဘ”တင်မက ဘွားကော၊ ဦးကော ဒေါ်ပါမကျန်တရွာလုံးကဝိုင်းချစ်ကြ
ဦးစားပေကြရတဲ့ ရွာ့မင်းသား ရွာ့မျက်ရှုပေါ့။ ဒါကြောင့်လည်းချစ်စနိုးနဲ့
ဘချစ်ကို ချစ်ချစ်လို့ အဖျားဆွတ်ခေါ်နေကြတာပဲ။ ရှစ်ရှစ် အဲလေ
ချစ်ချစ်ဟာတနေ့မှာ
ရွာကိုတိုးတက်ကြီးပွားအောင်လုပ်ပေးနိုင်လိမ့်မယ်လို့လဲမျှော်လင့်ကြတယ်။
ဒါပေမယ့်အထက်မှာပြောခဲ့သလို စိတ်ရောဂါဆန်ဆန်အကျင့်တခုကရှိနေတယ်။
သူ့သဘောကနေရာတကာမှာ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းရှိစေချင်တယ်၊
ဖြစ်စေချင်တယ်။ ပွင့်လင်းရောဂါပေါ့။ ဒါကြောင့်အပိတ်အဆို့တွေ
အတားအဆီးတွေလို့ထင်တဲ့ တံခါးမှန်တွေတွေ့ယင် သားရေကြိုးတချောင်းနဲ့
ရိုက်မခွဲပဲမနေနိုင်ဘူး။ သူ့စိတ်အထင်က ဒီမှန်တံခါးတွေမရှိယင်
လွတ်လပ်သွားမယ် ပွင့်လင်းသွာမယ်ထင်နေတာ။ ဒီတံခါးတွေဘာ့ကြောင့်ရှိနေတာ
ဘယ်လိုရှိနေတာကိုသူမသိဘူး။ အစပိုင်းတော့ဒီရောဂါက သိပ်မဆိုးဘူး။
ကွဲသွားတဲ့မှန်တွေအတွက် ငှက်ပစ်ယင်းချော်သွားလို့ပါလို့
ဆင်ခြေပေးတန်တာပေး၊ လျော်တန်တာလျော်နဲ့
ရောဂါကိုလူမသိအောင်ဖုံးဖိနိုင်သေးတယ်။ နောက်ပိုင်းအခြေနေတွေဆိုးလာတော့
ဆင်ခြေပေးဖို့ခက်လာတယ်။ ဖုံးဖိဖို့ခက်လာတယ်။
ဒါကြောင့်နီးစပ်ရာတွေက ဆေးကုမှဖြစ်တော့မယ်ဆိုပြီး
စိတ်ကုဆရာဝန်ရှိရာမြို့ကိုခေါ်လာကြတယ်။ မြို့ဆေးခန်းရောက်တော့
ထုံးစံအတိုင်းတန်းစီ တိုကင်ပြားယူ ကိုယ့်အလှည့်စောင့်ပေါ့။
ကိုယ့်အလှည့်ရောက်တော့ ရှစ်ရှစ် ဆိုပြီးခေါ်လာတယ်။
ကုလားဆရာဝန်ကလဲစကားမပီတော့ ချစ်ချစ်ကို ရှစ်ရှစ်လို့ပဲခေါ်တာပေါ့။
ဒါနဲ့အဖော်တယောက်နဲ့ဆရာဝန်အခန်းကိုဝင်သွားကြတယ်။
အထဲရောက်တော့ပါလာတဲ့အဖော်ကဖြစ်ကြောင်းရယ်ကုန်စင်
ချစ်ချစ်ရဲ့ရောဂါအခြေနေကိုပြောပြတယ်။ ချစ်ချစ်ကတော့ ဘေးနားကနေဘာမှ
မဟုတ်ပဲ ဒီလူတွေရောဂါမဟုတ်တာကို ရောဂါလုပ်နေတယ်၊ သူကတော့ပုံမှန်အေးဆေးပဲ၊
ဒီလူတွေစိတ်ချမ်းသာဖို့
လုပ်ချင်တာလုပ်ပြောချင်တာပြောလိုက်လျောပေးနေတာဆိုတဲ့အပေါက်နဲ့နားထောင်နေတယ်။
အဖော်ပါတဲ့သူကအကျိုးအကြောင်းစုံကိုပြောပြီးတာနဲ့ ဆရာဝန်က
ကျုပ်ချစ်ချစ်နဲ့နှစ်ယောက်တည်းဆွေးနွေးစရာရှိတယ်ဆိုပြီးအဖော်ပါလာတဲ့သူကိုအခန်ပြင်ထွက်ခိုင်းလိုက်တယ်။
နှစ်ယောက်တည်းရှိတဲ့အခါ ဆရာဝန်က ချစ်ချစ်ကိုမေးတယ်။
“ဒီလူပြောတာတွေဘယ်လိုလဲ”
“အလကားပါဗျာ ဒီလူတွေကကျုပ်ကို အစိုးရိမ်လွန်ပြီးပေါက်နေကြတာ “
“မှန်တွေကိုသားရေကြိုးနဲ့ခွဲပစ်နေတာကြတော့ကော”
“ဒါကတော့ဟုတ်ပါတယ်၊ ဟုတ်တယ်လေဗျာ
ဒီတံခါးတွေမှန်တွေရဲ့သဘောကအပိတ်အဆို့တွေ၊ အချုပ်အနှောင်တွေ၊ ဒါတွေမရှိမှ
လွတ်လပ်လာမယ် ပွင့်လင်းလာမယ် ဒါကြောင့်ကျနော်ကခွဲပစ်နေရတာ”
“မှန်တာပေါ့၊ ပွင်းလင်းလာဖို့က ဒီတံခါးတွေမရှိမှဖြစ်မှာပေါ့ “
“ဆရာက သဘောပေါက်လွယ်တယ်၊ ကျနော့ရွာကလူတွေကတော့ မနိပ်ပါဘူး၊
အာပေါက်အောင်ရှင်းပြလဲသဘောကမပေါက်ကြဘူး ကျနော့တောင် အရူးထင်နေကြတယ်”
“ဟုတ်တာပေါ့ ရှစ်ရှစ်ရာ၊ သူတို့ကစာမှသိပ်မတတ်ကြပဲ။ ဒါနဲ့ ဒီတံခါးတွေ
ဘာကြောင့်ဖြစ်လာတယ် ဘယ်လိုရှိနေတယ်ဆိုတာကိုစဉ်းစားကြည့်ပါအုံး”
“ဒါတွေစဉ်းစားနေယင်အချိန်တာပဲ အဖတ်တင်မယ်၊
လက်တွေ့လုပ်နိုင်တာအယင်လုပ်ရမှာပဲ။ ကျုပ်ကစိတ်ကူးယင်သမားမဟုတ်ဖူးဗျ။
ဒီရွာသားတွေနဲ့တော့ခက်တယ်ဗျာ၊ သူတို့လွတ်လပ်ပွင့်လင်းဖို့အတွက်
ဒီတံခါးတွေ မှန်တွေကို ရိုက်ခွဲရမယ်ဆိုတာနားမလည်ကြဘူး၊
ဒါကြောင့်ကျုပ်ကစေတနာနဲ့ဒိုင်ခံရိုက်ခွဲပေးနေရတာ။
ကျုပ်စေတနာတွေဘယ်လောက်ကြီးမားပြင်းထန်နေသလဲဆို မှန်တံခါးနဲ့
သားရေကြိုးတွေ့ယင် နေကို မနေနိုင်ဘူးရိုက်ခွဲလိုက်ရမှ ဆရာရဲ့၊
ဆရာလဲရွာသားတွေကိုလွတ်လပ်ပွင့်လင်းစေချင်ယင် ကျနော်နဲ့ပူးပေါင်းပါ”
“ကောင်းပါပြီ ရှစ်ရှစ်ရယ်၊ ဒါနဲ့စကားမစပ်တခုမေးမယ်”
“မေးပါဆရာ၊ ဆရာ မရှင်းတာတွေ နားမလည်တာတွေ အကုန်ကျနော်ရှင်းပြပေးပါ့မယ်။
ကျနော်ကပွင့်လင်းမှကြိုက်တယ်”
“ဒီလိုဗျာ ရှစ်ရှစ်.. အကျော်အမော် အချောအလှမော်ဒယ်လေးတယောက်နဲ့ ခင်ဗျား
နှစ်ယောက်တည်း မှန်လုံခန်းကြီးထဲမှာရှိနေတယ်၊ မော်ဒယ်လေးကလဲ ခင်ဗျားကို
ရွှန်းလဲ့တဲ့မျက်လုံးရွဲကြီးတွေနဲ့ ဖိတ်ခေါ်သလိုကြည်နေမယ်ဆိုယင်
ခင်ဗျားဘာလုပ်မလဲ”
“ဟာဗျာဆရာကလဲ သိသားနဲ့မေးနေရတယ် ဟဲဟဲ”
“ပြောပါအုံး ခင်ဗျားဘာလုပ်မလဲ ဆွေးနွေးတဲ့သဘောပေါ့”
“ဟဲ ဟဲဆရာကလဲ..ပထမဆုံး ဟေ့ အလှလေး..ရုပ်ကလေးကလှသလို
မင်းရဲ့နာမည်လေးကလဲလှမယ်ဆိုတာကိုယ်သိပါတယ်၊
မင်းရဲ့နာမည်လှလှလေးကဘာများပါလိမ့်..ဆိုပြီးသူနားကပ်ထိုင်လိုက်မယ်ဆရာ”
“နောက်ပြီးတော့ကော” “ သူ့လက်ကလေးကိုကိုင်မယ်ဆရာ”
“ပြီးတော့ကော”“ပါးလေးကိုကိုင်မယ်ဆရာ”
“ပြီးတော့ကော” “နမ်းမယ်ဆရာ”
“ပြီးတော့ကော” “အင်္ကျီကိုချွတ်မယ်ဆရာ”
“ပြီးတော့ကော”“အောက်ခံအင်္ကျီကိုလဲချွတ်မယ်ဆရာ”
“ပြီးတော့ကော” “နမ်းမယ်ဆရာ”
“ပြီးတော့ကော” “ထမိန်ကိုချွတ်မယ်”
“ပြီးတော့ကော” “အောက်ခံဗောင်းဗီကို ချွတ်မယ်”
“ပြီးတော့ကော” “အောက်ခံဗောင်းဗီက သားရေကြိုးကိုထုတ်ပြီး
ဘေးကမှန်တွေကိုခွဲပစ်မယ်ဆရာ” လဲဆိုရော ကုလားဆရာဝန်လဲ သူ့နဖူးသူလက်နဲ့
အားကုန်ရိုက်ပြီးရေရွတ်လိုက်တာက “ ဟရေး
ဘားဗရေး..ဗောင်းဗီကျွတ်တွားဒါတောင် တယေကြိုးပဲနင်တေ့တယ် တယေကြိုးဂို
ကျိတ်နာဒယ်”

ဖေ့ဘွတ်မှာ တင်ထားတဲ့ စတိတ်မန့်လေး။ ကောင်းလွန်း လို့ ဖတ်စေချင်ပါတယ်။

 
(၁) တိုင်းပြည် ပြုပြင်ပြောင်းလဲရေးလုပ်နေချိန်နဲ့ ချိန်ကိုက်ပြီး ရိုလင်ဂျာအရေးကို မရိုးမသားလုပ်နေတဲ့ ပြည်ပက ကုလားတွေကြောင့်၊ အပြစ်မဲ့ ရခိုင်လူမျိုးတွေနဲ့ မြန်မာမွတ်စလင်တွေလည်း ခံကြရရှာတယ်။ ပြည်ပက ကုလားတွေရဲ့ ကလီကမာ လုပ်မှုကို မြန်မာအစိုးရကလည်း ကောင်းကောင်းအသုံးချနိုင်ခဲ့တယ်။
 
(၂) ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက အန်အယ်ဒီ အကွဲကို ဦးဆောင်သူ ဒေါက်တာသန်းငြိမ်းတို့ကို ငွေထောက်ပံ့ပေးရင်း ကုလားအရေးကို လွှတ်တော်ထဲမှာ မီးရူးမီးပန်းဖေါက်ပြီး နေရာခင်းဖို့ကြိုးစားနေသော ပြည်ပကုလားများရဲ့ အကြံ ထင်သလို မဖြစ်ခဲ့ပါ။ ဖေ့ဘွတ်မှာ နှင်ထုတ်ခံရ၊ ဘလောက်လုပ်ခံရသည့် ကြောင်တောင်တောင် ကုလားအဖြစ်သာ လူသိများခဲ့ရှာပါတော့တယ်။  
 
(၃) ဒီလို စိတ်မချမ်းမြေ့စရာကောင်းတဲ့ အဖြစ်ဆိုးကြီးကိုတွန်းပို့ခဲ့တဲ့ အဓိက တရားခံတွေကတော့ ဘင်္ဂလားဒေ့ရှ် ပါမောက္ခ အူဒင်း (ခ) ငါးပူတင်း နဲ့ ပြည်ပမှ ကူလီကူမာ ကုလားများ ဟာ ပထမ တရားခံတွေဖြစ်ပြီး၊ ဒုတိယ တရားခံကတော့ မြန်မာအစိုးရဖြစ်ပါတယ်။
 
(၄) ထို့ကြောင့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြောနေသည့် နောက်ကွယ်မှ ကြိုးကိုင်သူများ ဆိုသူတွေဟာ ငါပူတင်း အူဒင်း နှင့် အဖွဲ့၊ ကြံ့ဖွံ့အစိုးရ တို့ အုပ်စုနှစ်စုသာ ဖြစ်နိုင်ပါတယ်။ အမြန်ဆုံး ကြိုးစင်တင်သင့်ပါတယ်။
 
(၅) လူမျိုးစုသတ်ဖြတ်ရေးကို လက်မခံပါဘူး လို့ ဟန်လုပ်ပြောနေသော ကလီကမာ ကုလားများကလည်း ခုတော့ မသေချာမရေရာသည့် အဖွဲ့အစည်းတချို့ကို ကိုးကား ကာ လူမျိုးစုသုတ်သင်ရှင်းလင်းရေးဆိုသည့် စကားလုံးကို ယူငင်သုံးစွဲနေပြန်ပါပြီ။
ကိုယ်မွေးတဲ့ မီး ကိုယ့်ဘာသာ ပြန်ငြိမ်း ဖို့ လိုကြပါလိမ့်မယ်။
 
မီဒီယာ ကွန်တက်-
ဗလာဝီ ချာလာဝီ ( ကုန်စုံဆိုင်)
 

ဘာတေးလ်၏ ဆောင်းပါးသစ် ကို သုံးသပ်ခြင်း။ Bertil Lintner's recent article: (Myanmar) Old Atrocity and New Implications


by Aye Aye Soe Win on Thursday, November 1, 2012 at 4:31am ·
Bertil Lintner's recent article: (Myanmar) Old Atrocity and New Implications 

သူ. စူး ရှတဲ. ကလောင် နဲ. တည်.တည်.ပစ်၊ တည်.တည်.ရေး၊ ဒေါင်.စေ.လေ တဲ. သတင်းသမားလည်းဖြစ်၊  မြန်မာပြည်အကြောင်းအထူး ကျွမ်း ကျင်တဲ. စာရေးဆရာ လို. ကျော် ကြားလေတဲ. ချင်းမိုင် အခြေစိုက် ဘာတေး လင်.တ်နာ က Asia Times အေရှား တိုင်းမှာ ဒီနေ.ပဲ ဆောင်းပါးတပုဒ်တင်ဆက်ခဲ.ပါတယ်။သူ. ဆောင်းပါး ရဲ. ခေါင်းစဉ်က Old Atrocity and New Implications အတိပ်ကရက်စက်ကြမ်းကြုပ်သတ်ဖြတ်မှု နှင်.တကျော.ပြန်အသစ်ပေါ်လာသော ရှုတ်ထွေးမှု များ ( မြန်မာနိုင်ငံ) လို. ဆိုရပါမယ်။

ဘာတေးဆောင်းပါး က ပြည်.စုံပါတယ်။ ပြုသူနဲ. အပြုခံရသူ တနည်း ကျုးလွန်သူနဲ. ကျူးလွန်ခံရသူ ဒါတွေကို စကားလုံးများများ မသုံးပဲ တင်ပြခဲ.ပါတယ်။ မတရားမှူကြီးတခုနဲ. ဒီအမှုသက်ရောက်ရာ လမ်းကြောင်းကိုတော. တွေးတတ်သလိုတွေးနိုင်ဖို. ဖွင်.ပေးထားတယ်လို.ထင်ပါတယ်။

ဆောင်းပါးကောင်း တပုဒ်  အင်္ဂံလိပ်ဘာသာနဲ. ရေးရင်  ပြည်ပကလူတွေ နဲ. သံတမန်တွေအတွက် သိပ်အဆင်ပြေပါတယ်။ ဒါမျိုးဟာ မြန်မာအချင်းချင်းမုန်းတီးလို.၊ မသင်.မြတ်လို. ဒီမို အုပ်စုတွေကြား တကြော်ကြော် ထအော်၊ တမင် ဖေါ်နေကြတာမျိုးမဟုတ်ပဲ ၊ အချိန်လည်းသင်.ပြီမို.   သမိုင်းတကျော.ပြန်ဖြစ်ရပ်မှန်အနေနဲ.သာ  ထူးခြားစွာ ပေါ်ထွက်လာခြင်းပဲ ဖြစ်တယ်။  ခု အင်္ဂံင်္ံလိပ်ဘာသာနဲ. ဒီဆောင်းပါးဟာ၊ မြန်မာ မဟုတ်သော၊ သို.သော်မြန်မာ နိုင်ငံ နှင်.ပါတ်သက်နေသော  အဖွဲ. အစည်းတွေ ကို စာပို.ရင် ကိုးကားပြော ဖို. အလွန်သင်.ပါတယ်။  အမှန်တရားကို မြတ်နိုးတဲ. မြန်မာတွေ အများကြီး ပြည်တွင်းပြည်ပမှာ ရှိတယ်။ သူတို. အားလုံး  သိချင် လွန်းတဲ. မေးခွန်းကို ဘာတေးဆောင်းပါး ရှင် က လည်းမေးသွားတယ်။ ဒေါက်တာနိုင်အောင်ဟာ ဘာကြောင်. ပြည်ပကထောက်ပံ.ငွေ  (အမေရီကန်ကွန်ဂရက် က   တိုက်ရိုက်ဆင်းသက်တဲ. NED နဲ. တခြား အန်ဂျီအိုတွေအပါအ၀င်ငွေတွေ) ဒါတွေကိုဒီလောက်ကြာကြာရခဲ.သလဲ။

သူ. အမဲစက်ကြီး ရှိပါရဲ. သူ.လူတွေက ဘာကြောင်. အပြောမခံကြလဲ ဆိုတာတွေ ဆက်စက်စဉ်းစားဖို.လိုပါတယ်။ ခံရသူတွေအတွက် ဘယ်တုန်းကမှ တရား မျှတစွာ အကြည်.မခံခဲ. ရတဲ. ဒီဇတ်လမ်း ကို၊ တချိန်ကတော. စပိုင်တွေ သုတ်သင်ရေး လို. သူတို. ကျူးလွန်သူတွေဖက်က က ခေါင်းစဉ်တပ်ပါတယ်။ ၂၀၁၂ ဇန်န၀ါရီ မှာ အေဘီက ထုတ်တဲ. စာ တမ်းမှာ လည်း စပိုင်တွေမို. လုပ် ရပါတယ် ပဲ ထပ်ပြောခဲ.ပါတယ်။ ဒါပေမဲ.၊ အမှန်က ၂၀၁၂ နွေမှာ ထွက်လာတဲ.  ဦးမောင်မောင် ရွှေကရ၀ိတ် ရဲ. စာအုပ်ခေါင်းစဉ်လိုပဲ၊ ဘယ်ဒေါင်. ဘယ်ကွေ.ကကြည်.ကြည်.  ဒီ မိုကရေစီ ဘက်တော်သား ဆိုတဲ. အချင်းချင်းကြားထဲ ရက်ရက်စက်စက်ဇတ်တူသားစားခြင်းသာဖြစ်တယ်ဆိုတာ ဘာတေး က အတည်ပြုပေးသွားပါတယ်။ ၁၉၉၂  ဇူလိုင်လ မှာ ဘာတေး ဒီ အကြောင်းအရာအပေါ်မှာပဲ Far Eastern Economic Review က ဆောင်းပါးတပုဒ် ရေးခဲ.ပါသေးတယ်။  အဲဒီ. အချိန်က ဖြစ်ပြီးစ လေး ငါး လ အကြာမှာဆိုတော.၊  ပြုသူတွေ အချိန်နဲ. အမျှ  ပြန်ရတဲ. ပြစ်ဒဏ် ကို ဆွေးနွေးပြောဆိုဖို.  စောလွန်းနေသေးတဲ.ကာလလို. ဆိုရမယ်။ ဒါပေမဲ. နှစ်၂၀ အကြာ ခု ၂၀၁၂ မှာတော. ၊ ဒီ လုပ်ကြံသတ်ဖြတ်မှုကြီးရဲ.  အကျိုးသက်ရောက်မှု တွေ က တစစ ပေါ်လာပါပြီ။   


NED National Endownment for Democracy က မသိတာလား။ မသိချင်ယောင်ဆောင်တာလား။ ဒါမှ မဟုတ် အသိပေးမှုမှာ ဖိအားသိပ်မပါလို.လား။

ဒါတွေ ကို စာဖတ်သူတွေက ဆက်စဉ်းစားရမှာဖြစ်ပါတယ်။ ( ဖြတ်ပြောရမယ်ဆိုရင် အမေရိက က သူသူငါငါ နိုင်ငံသားတွေ  ပေးနေတဲ. အခွန်တွေနဲ. ဒီက အစိုးရနဲ.ဆိုင်ရာ အဖွဲ. အစည်းတွေက ဒီလိုလူမျိုးတွေကိုလည်းထောက်ပံ.တယ်။ဒီလိုလူမျိုးတွေကိုထောက်ပံ.တာ အလွန်မှားနေတယ် ဆိုတာကို တခါတလေ စိတ်ပေါက်လာမှ ထတိုင်တဲ.သူ အချို. ရှိပေမဲ.၊ NED ထဲက သူတို. အတွင်းလူများကပါ ပေါင်းစားထားလေတော.၊ ဒီ လောက် ကြီးမားတဲ.
သတ်ဖြတ်ရက်စက်မှုကြီးကို အမေရိက က လွှတ်တော်အမတ်တွေ၊အကုန်မသိတာ မဆန်းပါဘူး။ ငွေပေးနေတဲ. အန်ဂျီအိုတွေ၊ သူတို. အထက်က စူပါဗိုက်ဇာတွေက တော. မသိတာထက် မသိချင်ယောင်ဆောင်ခဲ.တာဖြစ်ဖို.ပိုများပါတယ်။ ဒါမှမဟုတ် လူဖြူတွေသိအောင် ဖေါ်ထုတ်ရတဲ. လူ တဦးစ ၂ဦးစ၊ တဖွဲ. တအုပ်စုက စိတ် ပင် ပန်းပြီး ရပ်လိုက်တာလား၊ ဒါမှမဟုတ် နိုင်အောင်.အပေါ်ကျလာမဲ. ပြစ်ဒဏ်ကျွေးကို သူ.ကိုခင်မင်မှုနဲ. အားနာပြီး ရပ်လိုက်ကြတာလား။ ဒါတွေကိုတော. ဆက် စဉ်းစား ရမှာဖြစ်ပါတယ်။)

  မြန်မာပြည် အရှေ.မြောက်ပိုင်း ကချင်နယ်မြေထဲက အေဘီ အကိစ်ဒီ အက်ဖ် တောတွင်းစခန်းမှာ ဒီပြစ်မှုကို  စိမ်ပြေနပြေ ကျူးလွန်ခဲ. တဲ.သူတွေ၊ အမိန်.ပေးခဲ.တဲ.သူတွေ၊ ကျူးလွန်မှုမှာ ၀င်မတားပဲ  ရပ်ကြည်.နေခဲ.သူတွေ၊ ဒီ.အပြင် နှစ် ၂၀ လုံးလုံး တုပ်တုပ်မလှုပ် အပြစ်ကို ၀န်မခံခဲ.တာတွေ၊ ပြီးတော.  တာဝန်ရှိတဲ.  အေဘီ ဥက္ကဌနိုင်အောင် နဲ. ကျူးလွန်သူများ ကို အနောက်နိုင်ငံတွေ က အန်ဂျီအို အချို.နဲ. ငွေပေး ထောက်ပံ.နေတဲ.  အဖွဲ.အစည်းတွေ။ သူတို. တုပ်တုပ်မလှုပ် မြုံနေ၊ တမင် အသံတိပ်ပေးနေတာတွေ ကိုလည်း ဘာတေးက အများကြီး မရေုးပဲ၊ တကြောင်း တပုဒ်နဲ.ပဲ အလွန်ပြည်.စုံစွာ ရေးသားခဲ.ပါတယ်။ 

ကျမမြင်တာကတော. ဒီလိုပါ။  ဘာတေးရဲ. ဒီဆောင်းပါးမှာ၊ဒါတွေပေါ်လွင်ပါတယ်။
--ကိုထွန်းအောင်ကျော်၊ ခင်ချိုဦးကို သတ်နည်း နှိပ်စက်နည်း နဲ.တကွ (ဒုတ် ဒါး လှံ ခဲလုံး သုံးတဲ. အလယ်ခေတ် က လူရိုင်းများလို ) ပြုသူ ကျူးလွန်သူတွေ ရှိခဲ.တယ်။စပိုင်တွေဆိုပြီး နှီပ်စက်၊ မတရားရယူခဲ.တဲ.ထွက်ချက်တွေကို သုံးပြီး အေဘီအက်စ်ဒီဖက်ဖ်က သူ.ကိုယ်သူ အကာအကွယ်ပြုခဲ.တယ်။
--ဒီကျူးလွန်မှုကို  ထပ်သက်သေပြစရာ မလိုတော.တဲ. အချိန်ရောက်ခဲ.ပြီ။ နှစ်၂၀။
--ခံရသူတွေဖက်က မတရားမှုကို ခဲယဉ်းစွာ ထုတ်ဖေါ်ရတယ် ဆိုနိုင်ပေမဲ.၊ အချို.နည်းတွေက ကျူးလွန်ခဲ.သူတွေကို  တည်.တည်.ပစ် တည်.တည်.မှန်ခဲ.တယ်။ --တပိုင်းတစ အောင်မြင်ခဲ.တယ်။ အစိုးရကို အားကိုးလို. မရတဲ. ရှင်းလင်းနည်းတွေမှာ၊ လုပ်လို.ရတာတွေကိုလည်း၊ ဘာတေး က သွယ်ဝိုက်ပြော သွားတယ်လို.ထင်ပါတယ်။
မှန်ပါတယ်။ ထိရောက်တဲ.နည်းတွေကို ပဲ ဆက်တိုက်သုံးရတော.မယ်။    



ဘာတွေ ထိရောက်ခဲ.သလဲ။

၁- နိုင်ငံတကာအဖွဲ.များ၊ ငွေလှုထောက်ပံ.ပေးနေသော အန်ဂျီအို အသီးသီး များထံ နိုင်အောင်. မတရားမှုတွေနဲ.ပါတ်သက်ပြီး ရောက်သောတိုင်စာ အသီးသီးရှိခဲ.တယ်၊
 (သုံးသပ်ချက်--တိုင်စာတွေ ကန်.ကွက်စာတွေ ထိရောက်မှုသိပ်မရှိခဲ.ပါ။ ပြည်ပနယ်ခြားအုပ်စုများ နိုင်ငံရေး သို. စစ်အစိုးရ ဆန်.ကျင်းရေးမှာ မြေအောက် အသွင်ဆောင်၊  လှို.၀ှက်လုပ်ငန်းများ ဆိုတဲ. သူတို.ခေါင်းစဉ်နဲ.အသံလှိုင်းတွေကြားမှာ သူတို. မိုးကောင်းခဲ.ပါတယ်။ နိုင်အောင် သောင်းထွန်း ဇော်ဦးကို လုပ်ပိုင်ခွင်.တွေပေးပြီး လုပ်ချင်ရာ လုပ်ခွင်.ပြုခဲ. သူကိုယ်တိုင်က  ဦး စိန်ဝင်းဖြစ်ခဲ.ပါတယ်။ ဒေါ်စု နဲ.တော. လုံးလုံးမဆိုင်ပါ။ စစ်အစိုးရ ၀မ်းသာမှာ စိုးလို.  ကျူးလွန်ခဲ.သူတွေကို  ကို တန်ပြန်ဖို.၊ တန်ပြန်လော်ဘီ လုပ်နိုင်တဲ.သူတွေ၊ ထိထိရောက်ရောက် စွမ်းတဲ. သူတွေကလည်း ၀ါရှင်တန် ဒီစီ ဧရိယာမှာ ရှိမနေကြပါ။ ဒီတော. -အဲဒီ. ကာလတွေ မှာ နိုင်ငံရေးအရ ဟိုဝင်ဒီဝင် လုပ်လို.ရတဲ. အဖွဲ.ဆို ပြောရရင်  (အများက မနှစ်သက်သော်လည်း)  political mandate ရှိသလိုလို ဖြစ်နေတာဆိုလို. သူတို.ချည်းပဲဖြစ်နေတဲ. ဒီတချက် ပါ ပါတယ်)

၂--နိုင်အောင် ဟားဗတ် တက္ကသိုလ် မှာ ၂၀၀၂ က ၀င်ခွင်.ရပြီးမှ  အငြင်းခံ ၊အထုတ်ခံရတဲ. ကိစ္စ ထည်.ပြောထားပါတယ် ( သုံးသပ်ချက်--ဟားဗာ.တ် ကျောင်းကို ရောက် သွားတဲ. စာ သိပ်ထိရောက်ပါတယ်။ တချက်ထဲ သော မြှားက တချက် ပစ် တချက်ထိပါတယ်၊ ဟားဗတ် ကျောင်းဝင်ခွင်.ကော်မတီ ဘုတ်အဖွဲ.မှာ ဒီ ကိစ္စ ကို ပေါ်လာချင်းချင်း၊ ဘယ်သူက စလို.တိုင်သည်ဖြစ်စေ ၊ယဉ်ကျေးမှုမြင်.မားတဲ.ကျောင်းတကျောင်း၏တာဝန်ခံများအနေနဲ.  ဘယ်လိုဖြေရှင်း ရမယ်ဆိုတာ သူတို. တက္ကသိုလ်တခု ရဲ. အဆင်.အတန်း တန်ဖိုးတွေ နဲ. အညီ သက်သေပြသွားပါတယ်။ ၂၀၀၂ မှာ ဧရာဝတီမှာ ဒီ အကြောင်းအရာကိုပဲ အင်္ဂံလိပ်လို ရေးသားခဲ.ပါတယ်။)

၃- ရော်နယ်အောင်နိုင် BBC က ၂၀၀၈ မှာ အလုပ်ပြုတ်ခြင်း ( သုံးသပ်ချက်--ထိရောက်ပါတယ်။ ဒီအရေး လှုပ်ရှားပေးခဲ.သူတွေ လိုတာချက်ချင်းမရသော်လည်း၊  ဒေါ်တင်ထားဆွေကို ဆန်.ကျင်ပြီး ပင်ပင်ပန်းပန်း အဆင်.ဆင်.တက်ခဲ. ရပေမဲ.၊ ရော်နယ်အောင်နိုင် ၂၀၀၈ မှာ ဘီဘီစီက ရင်နာနာနဲ. ထွက်ခွာ ခဲ.ရပါတယ်။ တဖန် ၂၀၁၂ နှစ် ဥိး မှာ လန်ဒန်က ထိန်လင်း သန်းကြီးမ ဆောင်းပါးအပြီး  သူ.ကို အလုပ်ပေးထားတဲ. အင်တာနယူးက ရော်နယ်ကို မဖြစ်မနေ ဖယ်ရှားပစ်လိုက်ရပါတယ်။ တဖန် ၂၀၁၂ နွေ လတွေမှာ  ချင်းမိုင်မှာ လုပ်မဲ. သတင်းသမားများ စီမီနာ မှာ သူ. ကို သင်တန်းဆရာ လေ.ကျင်.ရေးမှုးအဖြစ်လျာ ထားပြီးမှ၊ သူ. အမည်ပါလို. တခြား အထင်ကရ ဂျာနယ်လစ်စ်တွေကကန်.ကွက်ခဲ. တဲ. အတွက်၊ အဲုဒီ. သတင်းသင်တန်းကို ငွေပေး စပွန်စာလုပ်တဲ. အမေရီက အခြေစိုက် အန်ဂျီအို ဒါရိုက်တာက သူဆွဲခဲ.ခဲ.တဲ. အစီအစဉ်အတွက် တောင်းပန်ခဲ.ရပြီး ရော်နယ်ကို ချင်းမိုင် မှာ သင်တန်းစကာနီး လေး မှာပဲ၊ အပြင်ကဖိအားတွေကြောင်.ထုတ်ပယ်ပစ်ခဲ.ရပြန်ပါတယ်။ )

၎-- ၂၀၁၂ မှာ ဒီကိစ္စ အတွက် တရားမျှတမှုကို အများ ပြည်သူနဲ. မိသားစုတွေက တောင်းဆိုနေ  ကြပါတယ်။   (သုံးသပ်ချက်--လိုချင်တဲ. အဖြေမရသေးသော်လည်း၊  ထိရောက်ပါတယ်။ အချိန်တန်လာလို.လားမသိ၊ ပြည်တွင်းပြည်ပ စာနယ်ဇင်းတွေကပါ ဖေါ်ထုတ်မှုတွေ အသီးသီး အားကောင်းလာကြတယ်။  သေချာတဲ. လူတွေက လမ်းဆုံးတဲ. အထိလိုက်မယ်၊ မတရားမှုကြီးပေါ်ကိုပေါ်ရစေမယ်လို. အာမခံထားကြတယ်၊ ဒီနှစ် စပ်ကူးမတ်ကူးကာလမှာ အစိုးရဖက်က ဖိတ်လို. ဆိုပြီး ပြည်တွင်းရောက်သွားတဲ. နိုင်အောင် နဲ. သူ. အမှုတွဲတွေကို ကို တည်တည်ငြိမ်ငြိမ်ရင်.ရင်.ကျက်ကျက် နဲ. ဆက် ဖေါ်ဆောင်လှုပ်ရှားသွားမဲ.သူတွေ အများကြီး ကျန်နေပါသေးတယ်။ ဦးးအောင်မင်းလည်း သူ. ရှုး သူပါတ်မှာ ကြောက်ပြီး နိုင်အောင်ကို ကုန်းတွင်းခရီးနဲ.ပဲ စက်တင်ဘာ တတိယပါတ်မှာ မြန်မာပြည်ကပြန်ခိုင်းလိုက်ပါတယ်။ နိုင်အောင်ပြည်တွင်းမှာ ငုတ်တုပ်ကြီး ရှိနေပါလျှက်နဲ. ဘာကြောင်. သူ.ကို အရေး မယူုနိုင်ရတာလဲ ဆိုတဲ . မေးခွန်းကို အေဘီ မြောက်ပိုင်းစခန်းမှာ အသတ်ခံခဲ.ရသူတွေရဲ.  မိသားစုဝင်တွေ က မေးတဲ.အခါ ဤ.မေးခွန်းကို အစိုးရ ဖက်က မဖြေဆိုနိုင်ခဲ.ပါ။ ဒီတော. သူတို. လုံခြုံရေးမပေးနိုင်တော.တဲ. နိုင်အောင်.ကို ပဲ မဲဆောက်ပြန်ခိုင်းလိုက်ပါတယ်။)

--ဒီဆောင်းပါးမှာ ဘာတေး ရေးသားထားချက်တွေအရ၊ ဒေါက်တာနိုင်အောင်၊ ရော်နယ်အောင်နိုင် အစသဖြင်. ကျူးလွန်သူများဘက်က ပြန်ရခဲ.တဲ. ပြစ်ဒဏ်ပမာဏနဲ. ထိရောက်မှု ရှိမရှိ ကို ကျမ မြင်တဲ.အတိုင်း ကိုယ်.အယူအဆနဲ.ကိုယ် အလွတ်ပြောခြင်းမျိုးပါပဲ။ ဒီကိစ္စနဲ.ပါတ်သက်ပြီး အမေရီကမှာ  လွတ်လပ်ပွင်.လင်းနေပြီး အများသူငါပါဝင် လို. ရတဲ. Open Campaign လုပ်လို.ရမဲ. အချိန်သင်.ပြီလို. ထင်ပါတယ်။

ကဲ၊ တော်လောက်ပြီ။ ပြည်.စုံပြီးသား ဘာတေးလင်.နာ ဆောင်းပါးကို သုံးသပ်ရတာ၊ သိပြီးသားတွေအတွက် မလိုပါဘူးလို.  ဆို နိုင်ပေမဲ.၊ သူ. မူရင်းကို ဖတ်ကြပါ၊  ဖတ်ပါ၊ဖတ်ပါလို. အထူးတိုက်တွန်းချင်ပါတယ်။ သူ.ဆောင်းပါးက   ငြင်းမရတဲ. အချက်တွေ ကို ယူသုံးပါ။ လုပ်လို.ရတာ တွေကို အားလုံးက ကျွမ်းကျင်စွာ ၊သပ်ယပ်စွာ မကြွားမ၀ါပဲ၊ ရိုးသားစွာ လုပ်နိုင်ကြပါစေ။ ဘာတွေ လုပ်ကြရမလဲ လို.ဆိုရင် --  လွတ်လပ်ပြီး ၊တရားမျှတမှုကို တန်ဖိုးထားတဲ. တက်ကြွစွာ အလုပ်လုပ်နိုင်တဲ. လူသားတွေ အနေနဲ.၊ ဆိုင်ရာအစိုးရတွေနဲ. အဖွဲ.အစည်းတွေကို မေးခွန်းထုတ်ပါ လို.ပြောချင်တယ်။ စနစ်တကျ ရေးသား၊ ဇွဲကြီးကြီး နဲ. တိုင်ကြားကြပါ။ သူတို. အဖြူတွေ အကြောင်းပြန်မှာ မဟုတ်ဘူးဆိုတဲ.၊ ဆင်ခြေနဲ. ဘာမှ မလုပ်ပဲ ထိုင်မနေပါနဲ.။ လမ်းကြောင်းမှန်ပြီ ဆို မိမိဖက်က ဇွဲ ကြီးကြီးနဲ. လုပ်ဖို.သာ လိုအပ်တယ်။  လူသတ်သမားတွေက မျက်နှာပြောင်တိုက်ခဲ.တယ်။ သူတို.ကို အရေးယူနိုင်ဖို.ဝေးစွ၊ ယဉ်ကျေးပါတယ်ဆိုတဲ. နိုင်ငံကြီးတွေက အဖွဲ. အစည်းကြီးတွေ နဲ. သူတို. အတွင်းစည်း လူအချို.ကပင်  သူတို.ကို အကူအညီတွေပေးခဲ.တယ်။ အမှန်ကတော. အဆိပ်ပင် ရေလောင်းတာပါပဲ။ ဘာကြောင်. ဆိုတာ လူတိုင်းက၊ အထူးသဖြင်. ဒီနိုင်ငံမှာ ၀င်ငွေခွန်ပေးနေတဲ.သူတွေက သူတို.အစိုးရတွေကို  မေးခွန်း ထုတ်ရဲ မေးရဲ စိမ်ခေါ်ရဲ ရပါမယ်။

နောက်ဆုံး အတွေးတစ
 
စဉ်းစားကြည်.ပါတယ်။ ကျူးလွန်ခဲ.သူတွေပဲ  သိပ်တော်နေတာလား။ အတွေးအခေါ်အရ၊ ရပ်တည်ချက်အရ မခံနိုင်ဘူး၊ ဒီလောက်အမှားကြီး ကို တုန်.ပြန်ရမယ် လို.ဆိုတဲ.သူတွေပဲ ညံ.ဖျင်းနေတာလား။ နှစ် ၂၀ ကျော် တချက်လှမ်းပြန် ကြည်.ရင်၊ ဘာမှန်းမသိရတဲ. ပလပ်စတစ် အတောင်ပံတွေနဲ. သူတို. ပျံသန်းရပ်တည်နေတာ ကို အများက ဖာသိဖာသာ နေတာလား။ ကြိုက်လို. လက်ခံထားတာလား။ သူတို.ကို မိမိရရ တားသူဆီးသူ ကန်.သတ်သူတွေ မရှိလေတော.၊  ဒီလူတွေကပဲ သူ.မျက်ခုံး ၊ ကိုယ်.မျက်ခုံးမွှေးမှာ လာနား။  ဒီလိုဆို-သူတို.မှာ လိပ်ပြာ ဒါမှမဟုတ် ကိုယ်စောင်.နတ်ဆိုတဲ. အရာတွေ မပါလို.လား။  တဖက်မှာလည်း--  သူတို.ကို ပြန်ထိန်းချုပ် စရာက  ငါ.တာဝန်မဟုတ်ဘူး။ ငါနဲ.မဆိုင်ဘူး။ ငါလုပ်စရာမလိုဘူး လို. အများက ဒီကျူးလွန်မှုကြီးအပေါ် တစစနဲ.  သွေးအေးသွားခဲ.ကြရင်၊ မတရားတဲ.နည်းတွေသုံးပြီး သူတို. ရှင် သန်နေခြင်းမှာ သူတို. ရဲ. ရေသောက်မြစ်တွေကို ကိုယ်.ဖက်က ထိထိမိမိ မဖြတ်နိုင်ခဲ.တဲ. ညံ.ဖျင်းမှုတွေလည်းပါတယ်ဆိုတာ၊ အမှန်တရားကို ကြိုက်လှပါတယ်ဆိုတဲ. သူသူငါငါ အားလုံးက ၀န်ခံ ရပါလိမ်.မယ်။

ကျေးဇူးပါ။
အေးအေးစိုးဝင်း
အောက်တိုဘာ ၃၁ ၂၀၁၂

ပွင့်လင်းမြင်သာမှုရှိသော နိုင်ငံတော်

Aung Khaing Myint 9:42pm Oct 31
ပွင့်လင်းမြင်သာမှုရှိသော နိုင်ငံတော် အကြွေး၊ ပျောက်ဆုံးနေသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရေပေါ်ဆီများတဲ့ အနာဂတ် တိုင်းပြည်
၀၂ နိုဝင်ဘာ ၂၀၁၂
ပွင့်လင်းမြင်သာမှုရှိသော နိုင်ငံတော် အကြွေးများ

မြန်မာပြည်တွင် နှစ်ပေါင်းများစွာ တောက်လောင်နေသော ရေရှည်ပြည်တွင်းစစ်သည် တိုင်းပြည်ကို ဆင်းရဲတွင်းနက်ယုံမက အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိုင်ငံ၏စီးပွားရေး အပါအ၀င် အစစအရာရာ၌ အောက်ကျနောက်ကျ ဖြစ်ခဲ့ရပေသည် ။


ပထမ ကမ္ဘာစစ် ၊ ဒုတိယ ကမ္ဘာစစ် အပါအ၀င် ဘာသာရေး ၊ လူမျိုးရေး ၊ စီးပွားရေး နှင့် နယ်ချဲ့ လိုမှုများကြောင့် ဖြစ်ပွားရသည့် လူသားအားလုံးကို အကျိုးမပြုသော စစ်ပွဲမှန်သမျှသည် နောက်ဆုံး၌ စားပွဲဝိုင်းတွင် နိုင်ငံရေးနည်းဖြင့် ညှိနှိုင်း ဆွေးနွေး အဖြေရှာ ရစမြဲ ဖြစ်သည်ကို သမိုင်းသင်ခန်းစာများအား ကြည့်ခြင်းဖြင့် ကောင်းစွာ သိမြင်နိုင်ပါသည် ။


ထို့ ကြောင့်တိုင်းပြည်၏ ဖွိ့ ဖြိုးတိုးတက်မှုများကို အဟန့် အတားဖြစ်စေသော စစ်ပွဲများနေရာတွင် နိုင်ငံ၏အနာဂတ်အား လှပစွာ ပုံဖော်တည်ဆောက်နိုင်မည့် ငြိမ်းချမ်းရေးဖြင့် အစားထိုးရမည်ကို မြန်မာပြည်၏ လက်ရှိအစိုးရအပါအ၀င် အတိုက်အခံ နိုင်ငံရေး ၊ တော်လှန်ရေး အဖွဲ့ အစည်း အသီးသီးမှ ဓမ္မဓိဌာန်ကျကျ ရှုမြင်သုံးသပ်ရမည့် အချိန်အခါလည်း ဖြစ်ပါသည် ။


တခြားတစ်ဖက်တွင်လည်း ပြည်သူများမှ ငြိမ်းချမ်းရေး လိုလားကြောင်း ဆန္ဒပြပွဲများဖြင့် အကြိမ်ကြိမ်တောင်းဆိုလျက် မီးမောင်းထိုးပြပြီးဖြစ်သော်လည်
း မည်သို့ မျှမပြောင်းမလဲ ဆက်ဖြစ်နေ သည့်ကချင်ဒေသမှ စစ်ပွဲများ ၊ ရခိုင်ဒေသမှ မတည်ငြိမ်မှုများသည် မည်သည့်အကြောင်းပြချက်များကြောင့် ဖြစ်ပွားစေကာမူ ငြိမ်းချမ်းရေးကို လိုလားသော လူထုဆန္ဒအား မလေးမစား သွေဖီရာရောက်ပါသည် ။

တိုင်းပြည်၏ ပြည်သူ့ ဘဏ္ဍာငွေများသည် ဆင်းရဲမွဲတေနေသော တိုင်းပြည်၏ပြည်သူ့ ဘ၀တိုးတက်မြင့်မားရေးလုပ်ငန်း
များဖြစ်သော ကျန်းမာရေး ၊ ပညာရေး ၊ အလုပ်အကိုင်ဖန်တီးရေး လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ သုံးစွဲရမည့်အစား တိုင်းရင်းသားလူမျိုးအချင်းချင်း သတ်ဖြတ်နေသော စစ်ပွဲများတွင် သုံးစွဲလျက်ရှိသည်ကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ နေရပေသည် ။

အောက်တိုသာလ ၊ ၂၀၁၂ မှာ ကျင်းပသော ပြည့်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပြည်တွင်း ပြည်ပ သို့ ပေးဆပ်ရန် ရှိသော ကြွေးမြီနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းကပြောကြားရာတွင်
“မြန်မာနိုင်ငံပြည်ပကြွေးမီက ဒီ ၁၉၈၈ မတိုင်မီက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၆၀၂.၀၁၉ ရှိပြီး ၁၉၈၈ နောက်ပိုင်း မှာ ပြည်ပကြွေးမီ ဒေါ်လာသန်းပေါင်း ၃၄၈၇.၄၁၅သန်းရှိကာ ၁၉၈၈ကနေ ၂၀၁၂ အထိ ပြည်ပကြွေးမီက စုစုပေါင်း ဒေါ်လာသန်းပေါင်း ၁၅၀၈၉.၄၃၄ ရှိကြောင်းသီရပါသည် ။

စီးပွားရေး ဂယက်နှင့် ကြွေးမြီပြဿနာ ရင်ဆိုင်နေရသော နိုင်ငံတစ်ချို့ ၏ အပြောင်းအလဲ


ခေတ်မီ တိုးတက်နေသော ဆက်သွယ်ရေးနည်းပညာများကြောင့် ကမ္ဘာကြီးသည် နေ့ ချင်းညချင်း တစ်ဟုန်ထိုး ပြောင်းလဲတိုးတက်နေပေရာ ကမ္ဘာ့ရွာတွင် နိုင်ငံအသီးသီးသည် စီးပွားရေးဆိုင်ရာ နိုင်ငံရေးဆိုင်ရာ အကောင်းအဆိုးများကို မလွှဲမရှောင်သာ မျှဝေ ခံစားရပေသည် ။

ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို စံချိန်တင်ထားသော နှစ် ( ၆၀ ) ကျော်ကြာ ပြည်တွင်းစစ်အား ဆိုးဆိုးဝါးဝါး ခံစားနေရသည့် မြန်မာနိုင်ငံကို မဆိုထားနှင့်ပြည်တွင်းစစ် မရှိသောနိုင်ငံများသည် ပင် စီးပွားရေးဂယက်များရိုက်ခတ်လျက် တိုင်းပြည်သည် အကြွေးပတ်လည် ၀ိုင်းနေရပေသည် ။

ဥရောပနိုင်ငံ ရှိနိုင်ငံပေါင်း ( ၂၇ ) နိုင်ငံဖြင့် ဖွဲ့ စည်းထားသော ဥရောပ သမဂ္ဂတွင်ပါဝင်သော ဂရိနိုင်ငံသည် စီးပွားရေး ဂယက်ရိုက်ခတ်မှုကို ပြင်းထန်စွာ ခံရပြီး တိုင်းပြည်၏ ကြွေးမြီသည် စီးပွားရေးစစ်တမ်းအရ ၂၀၁၁တွင်ယူရိုသန်းပေါင်း ၃၅၅.၆၅၈ ဘီလီယံရှိခဲ့ပြီး ၂၀၁၂၏ ပထမ ဘဏ္ဍာရေးနှစ်တွင် အကြွေး ယူရိုသန်းပေါင်း ၂၈၀ ဘီလီယံရှိခဲ့ပေသည် ။

နိုင်ငံပေါင်းစုံ ပါဝင်သော ကမ္ဘာ့ခရီးသွားလုပ်ငန်အဖွဲ့ ၏ အစီရင် ခံစာအရ ဂရိနိုင်ငံသည် တိုးရစ် ခရီးသွားများလာရောက်လည်ပတ်မှုတွ
င် ဥရောပနိုင်ငံများ၌ နံပါတ် ( ၇ ) နေရာ၌ချိတ်ပြီး ကမ္ဘာပေါ်တွင်တိုးရစ် ခရီးသွားများလာရောက်လည်ပတ်မှုတွင် နံပါတ် ( ၁၆ ) ချိတ်ပေသည် ။

တခြားတစ်ဖက်တွင်လည်း ဂရိအစိုးရသည် တိုင်းပြည်၏စီးပွားရေးကျဆင်းမှုန
ှင့်အတူ အလုပ်အကိုင် ဖန်တီးမှုများ မလုပ်ပေးနိုင်ခြင်းကြောင့် တိုင်းပြည်၏ အလုပ်လက်မဲ့ ဦးရေသည် နှစ်စဉ်နှစ်တိုင်း တိုးတက်လျက်ရှိပေသည် ။ ၂၀၁၂ ဇွန်လတွင် ဂရိနိုင်ငံ၏ အလုပ်လုပ်နိုင်စွမ်းရှိသော လူငယ်ထု၏ ၅၅.၄%မှာ အလုပ်လက်မဲ့ ဖြစ်လျက်ရှိပေသည် ။

သို့ ဖြစ်၍ လူထုလူတန်းစားပေါင်းစုံပါဝင်သော ဆန္ဒပြပွဲများကို ဂရိအစိုးရသည် ရင်ဆိုင်ခဲ့ရသည် ။ နောက်ဆုံးတွင် မလွှဲသာ မရှောင်သာ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ရပြီး ၂၀၁၂ ဇွန်လတွင် ရွေးကောက်ပွဲမှ တက်လာသော New Democracy Party သည် အမတ် ( ၃၀၀ ) ရှိသော ပါလီမန်တွင် အမတ် ( ၁၂၉ ) နေရာဖြင့် အများစုအနိုင်ရကာ အစိုးရဖွဲ့ နိုင်ခဲ့ပေသည် ။


စီးပွားရေး ပညာရှင်များ၏ သုံးသပ်ချက်အရ ဂရိနိုင်ငံ၏ စီးပွားရေး ဂယက်နှင့် ကြွေးမြီ ပြဿနာသည် ဥရောပ သမဂ္ဂကို ပင် ရိုက်ခတ်ခဲ့ပေသည် ။


ကမ္ဘာပေါ်တွင် ချမ်းသာသော နိုင်ငံဖြစ်သော အမေရိကန် နိုင်ငံသည်ပင် ၂၀၁၁ ဘဏ္ဍာရေးစစ်တမ်းအရ

အစိုးရ၏ ၀င်ငွေသည် ၂.၁၇ ထွီလိယံ ($2.17 trillion)ြ ဖစ်ပြီး သုံးစွဲငွေမှာ ၃.၈၂ ထွိလီယံ ( $3.82 trillion )ဖြစ်ခြင်းကြောင့် တိုင်းပြည်သည် လိုငွေ $1.48 trillion ပြနေပေသည် ။

ထို့ ကြောင့်လည်း အကြွေးတင်နေသော အမေရိကန်နိုင်ငံ၏ သမ္မတ ရွေးကောက်ပွဲများတွင် တိုင်းပြည်၏ သဏ္ဍာငွေအား မည်သို့ မည်ပုံ ခွဲဝေသုံးစွဲမည်ကို သမ္မတလောင်းများမှ ပြည်သူအား မဲဆွယ်စည်းရုံးရပေသည် ။ သို့ ဖြစ်၍ ၂၀၀၈ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း အိုဘားမားသည် တိုင်းပြည်၏ စစ်အသုံးစားရိတ်ကို လျော့ချသည့် အနေဖြင့် အီရတ်မှ အမေရိကန်စစ်သားများအား သူရွေးကောက်ပွဲတွင်အနိုင်ရပါကြ
ပန်လည်ခေါ်ယူမည်ဟု ဂတိပြုယုံမက တိုင်းပြည်၏စီးပွားရေး ဦးမော့လာအောင် လုပ်ဆောင်မည်ဟု ပြောဆိုမှုကြောင့် ပြည်သူ့ နှလုံးသားကို ဆုပ်ကိုင်နိုင်ခဲ့ပေသည် ။
၂၀၁၂ ရွေးကောက်ပွဲသည် လာမည့် နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပမည်ဖြစ်သော်လည်း လက်ရှိဖြစ်ပွားနေသောအမေရိကန် ပြည်သူပြည်သား ( ၆၁ ) ယောက်သေဆုံးသော
Sandy မုန်တိုင်းကြောင့် အမေရိကန် ရွေးကောက်ပွဲဝင် မည့် လက်ရှိသမ္မတ အိုဘားမားမှ ရွေးကောက်ပွဲ မဲဆွဲစည်းရုံးမှုများကို ရပ်တန့် ထားပေသည် ။ယင်းအဖြစ်အပျက်ကို နှိုင်းယှဉ်လျက်
၂၀၀၈ တွင် နာဂစ်မုန်တိုင်း ဒဏ်ကြောင့် မြန်မာပြည်သူပြည်သား တစ်သိန်းကျော် သေဆုံးသည့်ကြား၌ပင် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လူထုဆန္ဒမပါပဲ စစ်အစိုးရမှ အတင်းအကြပ် အတည်ပြုခဲ့မှုအပေါ် သတင်းမီဒီယာများ အပါအ၀င် ဖေ့ဘုတ် လူမှုကွန်ယက်စာမျက်နှာများတွင် ပြောဆို သုံးသပ်မှုများ ကြားနေရပေသည် ။

ပျောက်ဆုံးနေသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရေပေါ်ဆီများတဲ့အနာဂတ် တိုင်းပြည်


မြန်မာပြည်၏ အစိုးရနှင့် အတိုက်အခံကြား တွင် တစ်ဖက်နှင့်တစ်ဖက် အတိတ်မှ အမှားများကို လက်ညှိုးထိုးစွပ်စွဲမှုအစား အနာဂတ် တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားအတွက် တူညီတာများကို ပူးပေါင်းလုပ်ဆောင်နေမှုများသည် နိုင်ငံတကာကိုပင် အံ့အားသင့်စေခဲ့ပါသည် ။


ဆိုလိုသည်မှာ လူထုဆန္ဒကို လစ်လျူရှုကာ အကြမ်းဖက်မှုများဖြင့် ဖြိုခွဲ နှိမ်နှင်း သတ်ဖြတ်နေသော ဆီးရီးယားနိုင်ငံ၏ အဖြစ်ဆိုးမျိုး မြန်မာပြည်တွင် မဖြစ်ပေါ်ခဲ့ ခြင်းက လက်ရှိ အစိုးရ ၊ အတိုက်အခံနှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စု
များ၏စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားသော စိတ်ဓာတ်ကို ပြသရာရောက်ပေသည် ။

တစ်ချိန်ထဲတွင်ပင် တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေသော ဖယ်ဒရယ်ပြည်ထောင်စုသည် ခွဲထွက်ရေးမဟုတ်ပဲ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးကို လေးစားလိုက်နာတာ တန်းတူရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသော
အချက်များသည် ဗဟိုအစိုးရနှင့် ပြည်နယ်များကြား အာဏာကို မည်သို့ မည်ပုံ ခွဲဝေမည့် ပေါင်းစည်းရေးဖြစ်ကြောင်းအား စစ်တပ်အပါအ၀င် လက်ရှိ အစိုးရမှ သဘောပေါက်ကာ နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းဖြင့် အဖြေရှာကြမည်ဖြစ်ကြောင်း ကောင်းသတင်းများ ဟိုနားတစ်စ ဒီနားတစ်စ ကြားနေရပေသည် ။ လက်ရှိအနေဖြင့် ကချင် ဒေသမှလွဲ၍ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲထားပြီး ဖြစ်သော်လည်း တိုင်း ရင်းသားဒေသရှိ ပြည်သူပြည်သားအများစုမှာ ကျီးလန့် စာ စားနေရစဲဖြစ်ကြောင်း သတင်းများလည်းဖြစ်ပေါ်လျက်ရှိပေသည် ။

ယခင် စစ်အစိုးရ အဆက်ဆက်မှ ရေပေါ်ဆီ စစ်ဗိုလ်ချုပ်ကြီးများအပါအ၀င် အစိုးရအရာရှိကြီးများသည် စီးပွားရေးလုပ်ငန်းရှင် ခရိုနီများနှင့်ပူးပေါင်းကာ လူတစ်စုကောင်းစားရေး တံခါးဖွင့် စီးပွားရေးအား ကျင့်သုံးခဲ့ပေသည် ။ တိုင်းပြည်နှင့်လူထုအား အကျိုးပြုမှုများဖြစ်စေသည့်အပေါ် လူထုမှသံသယဖြစ်စေ ယုံမက ပွင့်လင်းမြင်သာမှုမရှိသော စာရင်းအင်းများအရ အကြီးအကျယ် လာပ်ပေးလာပ်ယူမှုများကို ဖြစ်ပေါ်စေခဲ့ပါသည် ။ ရေတို အကျိုးစီးပွားကိုသာ အာရုံစိုက်ခဲ့သော အကျိုးဆက်အဖြစ် ရေရှည်၌ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးလျက် လူထုဘ၀မှာ လယ်ယာမဲ့ အိမ်ယာမဲ့ အခြေအနေမဲ့ဖြစ်ကာ လူမှု ဒုက္ခမျိုးစုံကို နေ့ စဉ်နှင့်အမျှ ကြုံတွေ့ နေမှုများက ခေတ်ဆိုး၏ ပုံရိပ်အဖြစ် ယခုအခါ သက်သေခံလျက်ရှိပေသည် ။


အမေရိကန် နိုင်ငံအပါအ၀င် နိုင်ငံတကာမှမြန်မာပြည်အပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုများကို အတန်အသင့် ဖြေလျော့ ပေးပြီးဖြစ်သော်လည်း စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးပျောက်ဆုံးကာ စစ်ဖြစ်နေသော တိုင်းပြည်တွင် စီးပွားရေး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် နိုင်ငံတကာမှ လက်တွန့် နေပေရာ မြန်မာပြည်၌ စစ်ပွဲများ အမြန်ဆုံး ရပ်ရန်လိုအပ်နေပါသည် ။ အထက်တွင် ဖော်ပြခဲ့သလို ဂရိနိုင်ငံ၏ စီးပွားပျက် ဂယက်သည် ဥရောပ နိုင်ငံများအား ရိုက်ခတ်သည့် နည်းတူ မြန်မာ့အရေးသည်လည်း အာဆီယံအတွက် ရင်လေးဖွယ်ရာဖြစ်နေပေသည် ။


သို့ ဖြစ်ပါ၍ ကမ္ဘာ့ရွာတွင် အတူတစ်ကွ ယှဉ်တွဲနေထိုင်နေသော မြန်မာနိုင်ငံသည် ၂၀၁၃ တွင်ပြုလုပ်မည့် ဆီးဂိမ်း အားကစားပွဲတော် ၊ ၂၀၁၄ တွင်ပြုလုပ်မည့် အာဆီယံ ဥက္ကဌ ၊ အနာဂတ်တွင် အာဆီယံနိုင်ငံပေါင်းစုံ၌ ပါဝင်မည့် အဖွဲ့ ဝင် နိုင်ငံတစ်နိုင်ငံ အနေဖြင့် ကောင်းမွန်သော နိုင်ငံရေး ၊ စီးပွားရေး အခင်းအကျဉ်းများကို လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းရေးအား အခြေခံသည့် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ အားလုံးပူးပေါင်း ဖန်တီးယုံမှလွဲ၍ အခြားနည်းလမ်းများသည် လမ်းအိုလမ်းဟောင်းများသာဖြစ်ြေ
ကာင်း တိုက်တွန်းရေးသားလိုက်ရပါသည် ။

အောင်ခိုင်မြင့်

၀၂ နိုဝင်ဘာ ၂၀၁၂

http://8888newgenerations.blogspot.ca/2012/10/blog-post_6337.html#links

အာဗြဲခြောက်တစ်ချောင်းနှင့် ကျွန်တော့်ဒုက္ခ


အာဗြဲခြောက်တစ်ချောင်းနှင့် ကျွန်တော့်ဒုက္ခ

သီရိညွန့် (ABSDF)

(၁၉၉၁ ခုနှစ် ABSDF ဗဟို ကော်မတီဌာနချုပ် ရုံးတည်ရှိရာ မာနယ်ပလော၊ လောခွါးလူတောင်ကုန်းတွင် တာဝန်ကျခဲ့သော ကွယ်လွန်သူ ရဲဘော်ကြီး မောင်ခန့်(တပ်ရင်း-၁ဝ၂) နှင့်တကွ တပ်ရင်း အသီးသီးမှ ABSDF ကျောင်းသားရဲဘော်များ အားလုံးသို့ အမှတ်တရ)

စားဖိုဆောင်အတွင်းမှာ လူတွေပြည့်ကျပ်နေ ၏။ နေရာမှာ မာနယ်ပလော၊ လောခွါးလူတောင် ကုန်းရှိ ABSDF ဗဟိုကော်မတီဌာနချုပ်၏ စားဖို ဆောင်။သည်ကနေ့ ညစာထမင်းကျက်ချိန် နောက် ကျလို့ အားလုံးဗိုက်ဆာနေကြသည်။ ဟင်းအိုးက ကျက်နေပြီ။ ထမင်းအိုးကမကျက်သေး။ သည်နေ့ ထမင်းချက်အလှည့် ကျသည့်သူတွေကို ဝိုင်းပြီး မေတ္တာပို့နေကြ၏။ သည်နေ့ ထမင်းချက်အလှည့် ကျသည့်သူတွေက နိုင်ငံရေးနှင့် စည်းရုံးရေးဌာနမှ ကိုမြင့်ဆွေနှင့်ကို ဖော်ထွန်းတို့အဖွဲ့။ နေ့လည် ကတည်းက ထမင်းချက်ရမှာမချက်ဘဲ ပျောက် ချက်သားကောင်းနေခဲ့ကြသည်။ ညနေ သုံးနာရီ လောက်ကျမှ အူယားဖားယား ပြန်ရောက်လာကြ ပြီး အသည်းအသန် ချက်ပြုတ်နေကြတာတွေ့ရ သည်။ နေ့ခင်းတုန်းက သူတို့ဘယ်ရောက်နေလဲ လို့စုံစမ်းလိုက်တော့မှ ကရင်ဆေးရုံ ထူးဝါးလူ ဆေးရုံကို ရောက်နေခဲ့ကြတာကို သိရတော့သည်။
ထူးဝါးလူဆေးရုံမှာက ကရင်သူနာပြုဆရာမ ချောချောကလေးတွေ အများကြီးရှိသည်။ ထူး ဝါးလူဆေးရုံကိုတာဝန်ဖြင့် စေလွှတ်တော့မည်ဆို လျှင် အမောင်ကျောင်းသားများ အရိုးကြေကြေ အရေခမ်းခမ်း ကျေပွန်စွာ တာ ဝန်ထမ်းဆောင်ကြ ဖို့အသင့်။
အဲဒီဆေးရုံကိုပဲအကြောင်းမရှိ အကြောင်းရှာ သွားချင်နေကြသည်။ သူတို့ကိုမေးကြည့်တော့ ကရင်မြန်မာချစ်ကြည်ရေးအတွက် စည်းရုံးရေး ဆင်းတာပါဟုဆိုသည်။ တပ်ရင်း ၂၁၂မှ တော ကြက်၊ အောင်ကျော်၊ ဝမ်းသာ၊ လိပ်ပုတို့အဖွဲ့ သံပန်းကန်ပြားလေးတွေ ကိုယ်စီကိုင်ပြီး ဗျစ် တောက်ဗျစ်တောက်နှင့် မကျေမနပ်ဖြစ်နေကြပြီ။ သူတို့ အားလုံးတစ်နေ့ခင်းလုံး ဝါးခုတ်၊ တော ရှင်းလုပ်ထားကြရလို့ မောမောပန်းပန်းနှင့် ဆာ လောင်မွတ်သိပ်နေကြပါပြီ။
”နောက်ဆိုရင် မီးဖိုဆောင်ဘေးမှာ ကရင် ဆေးရုံလာဆောက်ထားရင် ကောင်းမယ်၊ ဒါမှ ငါတို့ထမင်းစောစောစားရမှာ” အရပ်ငါးပေ မကျော်သည့် ဂျပုလေးအောင်ကျော် စူပွ စူပွနှင့် မြည်တွန်တောက်တီးနေပါပြီ။ မီးဖိုဆောင်ထဲမှ ငှက်ပျောအူဟင်းနံ့ကလေးကလည်း တသင်းသင်း နှင့် အနံ့ပေး၊ မြှူဆွယ်နေ၏။ ဟိုမှသည်မှ တဖွဲဖွဲ နှင့် ရောက်ရှိလာနေကြသည့် ရဲဘော်များအား ပို၍ပို၍များများလာသည်။ စားဖိုဆောင်ထဲမှ ပွစိ ပွစိအသံတွေကလည်း ပိုပိုပြီးကျယ်လာခဲ့သည်။
”ကျက်ပြီဟေ့ ဒေါင်”
ဇော်ထွန်း၏ အသံပြဲပြဲကြီးနှင့် ဒယ်အိုးကို ယောက်မဖြင့် တီးထည့်လိုက်သည့် အသံတို့ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာချိန်မှာတော့ သမဝါယမဆိုင်မှာ ရေနံဆီပေးတဲ့နေ့လိုပဲ ရဲဘော် တွေ ထမင်းအိုးနှင့်ဟင်းအိုးအနားသို့ အလုအယက် စုပြုံတိုးလာကြသည်။
အောင်ကျော်တစ်ယောက် လူကြားထဲမှာ ညပ်နေ၏။ အသံပဲကြားရတော့သည်။ လူကို မမြင်ရတော့။ ဟေး ဝါးနှင့် အသံတွေ ဆူညံနေ သည်။ ကိုမြင့်ဆွေတစ်ယောက် လူအုပ်ကြားထဲမှ ပုဆိုးမနိုင်၊ ပုဝါမနိုင် ချွေးတရွှဲရွှဲဖြင့် ရုန်းထွက်လာ သည်။ ကျွန်တော့်ကိုတွေ့တော့ စပ်ဖြဲဖြဲနှင့် ရယ် ပြသည်။ ”တန်းစီပါ တန်းစီပါ နိုင်ငံကြီးသား ပီသပါ” စားဖိုအလှည့်ကျ တာဝန်ခံ ဇော်ထွန်း တစ်ယောက် ခြေကားရား၊ လက်ကားရားဖြင့် အော်နေရှာ၏။ ထမင်းအိုးကိုကျောပေးပြီး သူက အော်နေသည်။ နောက်က ဟင်းအိုးကိုနှိုက်သည့် သူကနှိုက်နေသည်။
”ဟိုမှာ မင်းအမေလင်က နှိုက်နေပြီ”
စိတ်တိုတိုနှင့် ကိုသိန်းနိုင် (ကျောင်းဆရာ) က လှမ်းအော်လိုက်၏။ အားလုံး ဝါးကနဲ ပွဲကျ သွားသည်။ ကျွန်တော်လည်း ပန်းကန်အလွတ်ကို မြှောက်ပြီး သူတို့ကြားထဲဝင်တိုးလိုက်သည်။ စတု ဒိသာအလှူမဏ္ဍပ်မှာ အလုအယက်ဝင်တိုးနေရ သလို ပျော်ဖို့လည်းကောင်းသည်။
”စိတ်ချမ်းသာသလို လုပ်ကြတော့ဟေ့”
နိုင်ငံကြီးသားဇော်ထွန်း ဘာမှမတတ်နိုင် တော့။ စိတ်ပျက် လက်ပျက်နှင့်မတတ်နိုင်သည့် အဆုံးလွှတ်ပေးလိုက်ရ၏။ ကြာလျှင် သူပါဟင်း အိုးထဲ ရောက်သွားတော့မည်။
”နောက်ကျရင် ငတ်မှာပဲ တိုးထား”
ဤငှက်ပျောအူဟင်းရေကြဲလေးကိုပဲ နေ့စဉ် အလုအယက်တိုးဝှေ့ စားကြရသည်။ တခြားစား စရာမရှိ။ကျွန်တော်တို့မှာ နံနက်စာ (Breakfast) ဆိုတာမရှိ။ နေ့စဉ် နံနက်ဆယ်နာရီမှာ နေ့လည်စာ Lunch ကိုကြွေးသည်။ ညနေ လေးနာရီမှာ ညစာကိြုေ<ွကးသည်။ သည်အချိန်မှာ ဗိုက်ဝအောင် စားထားရ၏။ တခြားဘာမှ မလာတော့။ နေ့စဉ် ဒီထမင်းနှစ်နပ်ကိုပဲ အားထားစားကြရသည်။
ယခုရက်ပိုင်းအတွင်း ဗဟိုရုံး၊ ပုံမှန် တာဝန် ကျနေသူတွေအပြင် တပ်ရင်းအသီးသီးမှ တာဝန် ကိုယ်စီဖြင့် ရောက်နေကြသူများလည်းရှိနေတာမို့ နောက်ကျလျှင် ငတ်နိုင်သည်။ လူ စာရင်းနှင့် တိတိကျကျတိုင်းချက်ပေမယ့် ညနေစောင်းရောက် မှ တခြားနယ်မြေ အသီးသီးမှ ထပ်ရောက်လာသူ တွေ ရှိတတ်လို့ စိတ်မချရ။ နေ့စဉ် ဆယ်ယောက် စာလောက်တော့ပိုထည့်ချက်ကြပေမယ့် ရိက္ခာက တာဝန်မှူးထံမှ လူစာရင်းအတိုင်း နေထိုင်မည့် ရက် ပိုင်းတို့ကိုကြည့်ပြီး အတိအကျတွက် ချက် ထုတ်ပေးထားတာမို့ အပိုဆိုတာ မရှိ။
”ထမင်းက နပ်လည်းမနပ်ဘူး”
”သောက်စကားမများနှင့် စားမှာစား”
အသံတွေက မျိုးစုံထွက်နေ၏။ နောက်က နေပြီး တစ်စုံတစ်ယောက်က လက် လာကုတ်လို့ လှည့်ကြည့်လိုက်တော့ တပ်ရင်း ၂ဝ၇မှ တင်ဝင်း လေး(သူ့ကို နားပိတ်တင်ဝင်းလို့ ချစ်စနိုးခေါ်ကြ သည်။)
ကျွန်တော့်ကို အသာအယာ မျက်ရိပ်ပြပြီး ကျွန်တော့်လက်ကြားထဲ တစ်စုံတစ်ခုကို ထိုးထည့် ပေးသည်။ ပထမတော့ ဘာမှန်းမသိ။ လက်ကို အသာ အယာဟကြည့်လိုက်တော့ အာပြဲခြောက် ကလေးတစ်ချောင်း။ မီးဖုတ်ပြီးသား။ ဒီကောင် ကြီး ဘယ်ကရလာသလဲတော့မသိ။ လက်တစ် ထွာသာသာ အာပြဲခြောက်ကလေးကို ကျွန်တော့ ထမင်းပန်းကန်အောက်မှာ လက်ဖဝါးဖြင့်ညှပ်ပြီး ဖွက်ထားလိုက်သည်။
ကျွန်တော့်အလှည့် ထမင်းကို ပန်းကန်ထဲ ထည့်ပြီးတော့ ထမင်းတွေအောက် အာပြဲခြောက် ကလေးကို မသိမသာအလျင်အမြန်ထိုးသွင်းလိုက် ရသည်။
ဘယ်သူမှ မြင်မှာမဟုတ်လို့ဆို ပြီး ကိုယ့်ဖာ သာကိုယ်တော့ ထင်လိုက်မိသည်။ ဒါပေမဲ့ တစ် ယောက်က မြင်သွားခဲ့၏။ ကျွန်တော်တို့ တပ်ရင်း မှ မောင်ခန့်ကြီး။
”အစ်ကိုကြီး”
မောင်ခန့် တစ်ယောက်အငြိမ်မနေ လှမ်းအော် လိုက်၏။ ကျွန်တော့်မှာ သူခိုးလူမိဖြစ်သွားရ သလို ပြူးတူးပျာတာဖြင့် မောင်ခန့်ကြီးကို အသာ မျက်ရိပ် လှမ်းပြရသည်။ မောင်ခန့်ကြီး ပြုံးဖြီး ဖြီးဖြင့် ကျွန်တော့်အနားကပ်လာ၏။
”ဟကောင်ကြီး ငြိမ်ငြိမ်နေ”
မောင်ခန့်ကို ကြိတ်ပြီးဆူလိုက်ရသေးသည်။ ဟင်းရည်ထည့်ပေးသူက ကျွန်တော့်ထမင်းပန်း ကန်ထဲ ငှက်ပျောအူဟင်းကို ဆမ်းချလိုက်၏။ ပန်းကန်ထဲ ပုံထားသည့် ထမင်းပုံလေးပုံပျက် သွားသည်။ အာပြဲခြောက်ကလေး ခေါင်းပြူထွက် လာ၏။ လူမမြင်အောင် အသာအယာပြန်ဖိထည့် လိုက်ရသည်။ ထည့်ရင်းနှင့် တစ်ဝက်ကိုဖဲ့ပြီး မောင်ခန့်ကိုပေးလိုက်ရသည်။ အာပြဲခြောက် တစ် ချောင်းနှင့်ကျွန်တော့်မှာလည်း တစ်ဒုက္ခ။ ထမင်း စားပွဲနှင့် ခုံတန်းရှည်လွတ်သည့်နေရာမှာ ဝင်ထိုင် လိုက်ကြပြီး ထမင်းကို ဟန်မပျက်စပြီး စားကြ သည်။ ဘေးဘီကိုလည်း အသာ အကဲခတ်ကြည့် ရသေးသည်။ တော်တော်ကြာ မောင်မောင်ကြီးတို့၊ တင့်အောင်တို့၊ အောင်ကျော်တို့ အုပ်စုသိသွားလျှင် မလွယ်၊ မောင်းခတ်ပြီးသား ဖြစ်သွားလိမ့်မည်။ ရှိစုမဲ့စု ငါးခြောက်လက်ကျန်အပိုင်းလေးလည်း တစ်စစီဖြစ်ပြီး မြင်သာမြင်ရ၊ မကြင်လိုက်ရဆို တာမျိုးဖြစ်သွားနိုင်သည်။
ပြဿနာက ထမင်းပုံအောက်က ငါးခြောက် ကို လူမမြင်အောင် ထိန်းစားနေရခြင်းပင်။ ငါး ခြောက်လာပေးသော တင်ဝင်းတစ်ယောက်လည်း ကျွန်တော့်လိုပင် သူ့ငါးခြောက်နှင့်သူဒုက္ခ ရောက် နေပါပြီ။
ဒုက္ခမှ ဒုက္ခ
ကိုယ့်ငါးခြောက်တောင် ကိုယ်ထုတ်မစားဝံ့ သည့်ဒုက္ခ။
ကျွန်တော့်ဘေးမှ မောင်ခန့် ကျွန်တော့်အဖြစ် ကိုကြည့်ရင်း ခွီးခနဲရယ်ချလိုက်သည်။ အဲဒီမှာ တင်မောင်ခန့်တို့ အဖြစ်ဆိုးခြင်း ဇာတ်လမ်းစတော့ သည်။ ထမင်းပလုပ်ပလောင်းနှင့် မောင်ခန့်ရယ် ချလိုက်တော့ သူ့ပါးစပ်ထဲက ထမင်းလုံးတွေ ဖွာထွက်လာသည်။ ကျွန်တော့်ပန်းကန်ထဲ တချို့ ရောက်လာသည်။ ကံဆိုးချင်တော့ သူ့ ရှေ့တည့် တည့်မှာထိုင်စားနေသည့် တပ်ရင်း ၂ဝ၁ မှ ဆရာ ကိုအောင်ခင် ပန်းကန်ထဲတချို့ရောက်သွား၏ မျက်မှန်ကြီးကိုပင့်ပြီး ဆရာကိုအောင်ခင် မော့ ကြည့်သည်။ သူ့ကို ပမာမခန့် လုပ်လာသူကို သေသေချာချာ စိုက်ကြည့်နေသည်။ အလေးမ၊ အားကစားလိုက်စားထားသော ဆရာ့လက်မောင်းြ<ွကက်သားတွေကိုကြည့်ရင်း မောင်ခန့်အတွက် ရင်လေးမိသည်။
မောင်ခန့်တစ်ယောက် မီးပုံပေါ်မှာ ဖင်ခုထိုင် မိသလို ခြေမကိုင်မိ၊ လက်မကိုင်မိနှင့် အသည်း အသန် ဖြေရှင်းပြနေသည်။ တောင်းပန်နေသည်။ မျက်လုံးကြီးပြူးလျက်၊ ပါးစပ်ထဲမှာလည်းထမင်း တွေပလုပ်ပလောင်းနှင့် အသံက ဝူးဝါးဝူးဝါးဆို ပြီးတော့ပဲ ကြားနေရသည်။
ရယ်ချင်တာကို မအောင့်နိုင်သော ရဲဘော် တချို့ ထိုင်စားနေရာမှ ထပြေးကြ၏။ မောင်ခန့် အဖြစ်ကို အားလုံးဝိုင်း အာရုံစိုက်နေကြတုန်း ကျွန် တော့် ထမင်းပုံအောက်က ငါးခြောက်ကလေးကို ပါးစပ်ထဲ ကပျာကယာအမြန်ထိုး ထည့်လိုက်ရ သည်။ ပြီးတော့ပန်းကန်ကိုမပြီး စားဖိုဆောင်ထဲမှ မသိမသာ အသာလေးလစ်ထွက်လာခဲ့လိုက်၏။ မောင်ခန့်နှင့် ဆရာအောင်ခင်တို့ ဘာတွေဖြစ်ကျန် ခဲ့သလဲတော့မသိ၊ အပြင်ဘက်သစ်ပင်အောက်မှာ ဆောင့် ကြောင့်ထိုင်ချလိုက်ပြီး ကျန်နေသည့် ထမင်းကို ဆက်စားလိုက်သည်။ ပါးစပ်ထဲမှ ငါး ခြောက်အရသာလေး ပျောက်မသွားမီ ထမင်းကို တစ်လုပ်ပြီး တစ်လုပ် အမြန်ထိုးထည့် စားလိုက် ရသည်။ တစိမ့်စိမ့်နှင့်ဝါးရင်း အခုမှ လူစင်စစ် ကနေ နွားဘဝရောက်ရတော့သည်။ စားမြုံ့ပြန် လို့ကို မပြီးနိုင်တော့။
ငတ်တော့လည်း သူများတွေ မမြင်အောင် ဖွက်စားရသည့် ငါးခြောက်ကလေးက တကယ့် ကိုအရသာ ရှိလှသည်။ အဲဒါကတော့ ဖြစ်ရပ်မှန် ငါးခြောက်တစ်ချောင်းနှင့် ကျွန်တော့်ဒုက္ခ။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်နေ



ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်နေ

စစ်တွေ၊အောက်တိုဘာ-၃၀

လတ်တလောဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှု များကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူများအတွက် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိ ကြောင်း ဒုက္ခသည်များနှင့် အကူအညီပေးရေးအဖွဲ့အစည်းများက ပြောသည်။

အထူးသဖြင့် ကလေးသူ ငယ်များနှင့် အမျိုးသမီးများအ တွက် အကူအညီများ လိုအပ် လျက်ရှိကြောင်း ၎င်းင်းတို့ကပြော သည်။ ပဋိပက္ခဖြစ်စဉ်များအ တွင်း နေအိမ်များ မီးလောင်ဆုံး ရှုံးမှုများကြောင့် မည်သည့်ပစ္စည်း မှ မကျန်အောင် ဆုံးရှုံးမှုများ ဖြစ် ပွားခဲ့ကြောင်း ထွက်ပြေးတိမ်း ရှောင်လာခဲ့သူများကပြောသည်။

''အ၀တ်တစ်ထည်၊ ကိုယ် တစ်ခုနဲ့ ပြေးလာရတာဆိုတော့ လိုတာကအားလုံးပဲ။ လောလော ဆယ်တော့ ဆန်လှူတဲ့သူရှိပေ မယ့် ဟင်းစားအတွက် အခက်အ ခဲရှိတယ်။ အ၀တ်အစားလည်း လို တယ်"ဟု မြောက်ဦးမြို့ အလို တော်ပြည့်ကျောင်းဆရာတော်က မိန့်ကြားသည်။

မြောက်ဦးမြို့တွင် မတည် ငြိမ်မှုများကြောင့် အောက်တိုဘာ၂၂ ရက်က ထွက်ပြေးတိမ်းရှောင် လာသည့် ရခိုင်တိုင်းရင်းသား ၈၀၀ခန့်ကို အလိုတော်ပြည့် ကျောင်းအတွင်း စောင့်ရှောက်ထားသည်။ ၎င်းတို့ထဲမှ အများစုမှာ ကလေးသူငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြောင်း စာရင်းများအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လများအတွင်း ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများကြောင့် ပြောင်း ရွှေ့နေထိုင်ရသည့် ဒုက္ခသည်များ အားလည်း ပြန်လည်နေရာချထား မှုများ မပြုလုပ်နိုင်သေးဘဲ ဒုက္ခသည်စခန်းများအတွင်းတွင်သာ နေထိုင်လျက်ရှိသည်။ အဆိုပါ ဒုက္ခသည်စခန်းများတွင်လည်း အစိုးရအစီအစဉ် အကူအညီဖြင့် ထောက်ပံ့မှုများကို အဓိကထားပြီး ရပ်တည်နေရသည်။

''အခုက စပါးရိတ်ချိန်လေ။ စိုက်တဲ့အချိန်မှာလည်း ပြဿနာ ဖြစ်လို့ ဒုက္ခရောက်တယ်။ ရိတ်တဲ့ အချိန်ကျတော့လည်း ပြဿနာ ဖြစ်တယ်။ ၀မ်းစာတောင်စိုးရိမ် နေရတယ်"ဟု ကျောက်တော်မြို့ နယ်အတွင်းမှ ဒေသခံတောင်သူ ကပြောသည်။

ဒုက္ခသည်များက လတ်တ လောတွင် စေတနာရှင်များနှင့် အ စိုးရ၏အစီအစဉ်ဖြင့် ထောက်ပံ့မှု များဖြင့် ရပ်တည်နေရသော်လည်း ရေရှည်တွင် အခက်အခဲကြုံတွေ့ နိုင်ကြောင်းပြောသည်။

''သောက်ရေသန့်တွေ အဓိ ကလိုတယ်။ စားဖို့အတွက် ဝေ ပေမယ့် ခြိုးခြံပြီးစားရတယ်"ဟု ဘောဒူဗဒုက္ခသည်စခန်းမှ ဦးမောင်အေးမောင်ကပြောသည်။

ဒုက္ခသည်စခန်းများအတွင်း အညစ်အကြေးစွန့်ရန်အတွက် အိမ်သာများ ထားရှိပေးထားသော် လည်း အိမ်သာဖြင့် အညစ်အ ကြေးစွန့်ပစ်လေ့မရှိသည့် ဓလေ့ များကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားမည်ကို စိုးရိမ် လျက်ရှိကြသည်။

ဒုက္ခသည်များအား အကူ အညီပေးနေသော ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ ၏အဆိုအရ နေရာပေါင်းစုံမှ ဒုက္ခသည်များထံ အကူအညီများ ရောက်ရန် အခက်အခဲများစွာရှိ ကြောင်းလည်း သတင်းရရှိသည်။

မတည်ငြိမ်မှုများကြောင့် မီး လောင်မှုများအတွင်း ဆုံးရှုံးခဲ့ရာ တွင် ပစ္စည်းဥစ္စာအားလုံးနီးပါး ဆုံးရှုံးခဲ့ရကြောင်း၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ လုပ် ဆောင်ရာတွင် နေအိမ်အဆောက် အအုံများအပြင် အားလုံးလိုအပ် လျက်ရှိကြောင်း ဒုက္ခသည်များက ပြောသည်။

ဗဟိုစည် ဆေးရုံ မှားယွင်း ကုသသည်ဟု ဆိုကာ သမ္မတ ထံတိုင်ကြား



ဗဟိုစည် ဆေးရုံ မှားယွင်း ကုသသည်ဟု ဆိုကာ သမ္မတ ထံတိုင်ကြား

31 OCTOBER 2012

အောက်တိုဘာ ၁၃ ရက်နေ့က ကြီးမားသော ဆေးကုသမှု မှားယွင်း ပေါ့လျော့မှုကြောင့် ဟုဆိုကာ ဗဟိုစည် ဆေးရုံအား ကာယကံရှင် လူနာမိသား စုက သမ္မတထံတိုင်ကြားခဲ့ကြောင်း လူ ထုပုံရိပ်မှ စုံစမ်းသိရှိရသည်။ ကာယကံရှင်လူနာ ဒေါ်လှစိန် အသက်၆၉နှစ်သည် မြိတ်မြို့မှ လာ ရောက်၍ ဗဟိုစည်ဆေးရုံဒုတိယ အ လွှာ၊ အခန်းအမှတ် ၂၁၁ ၌ ကျောက် ကပ်ပိုင်းဆိုင်ရာ ဆေးကုသမှုအား အော
က်တိုဘာ ၁၁ ရက်တွင် ကုသမှု ခံယူရာ အောက်တိုဘာ ၁၃ ရက်တွင် အကြောထဲဆေးသွင်းမှုကြောင့် ဆေး ထိုးခံရသည့်လက်တွင် အရည်ကြည်ဖု များ ဖောင်းပွလာပြီး လက်မှာညိုပုပ် လာကြောင်း ကာယကံရှင် ဒေါ်လှစိန် ၏ သားဖြစ်သူက ဖြစ်စဉ်ကို လူထုပုံရိပ် သို့ပြောသည်။
"၁၁ ရက်နေ့မှာ ဒီဆေး ပဲ ၅ လုံးထိုးတယ်၊ ၁၂ ရက်နေ့မှာ လည်း ၅ လုံးထိုးတယ်၊ ၁၃ ရက်နေ့ကျ တော့ တစ်ဖက်ပဲထိုးနေရလို့ဆိုပြီး လက်ပြောင်းထိုးတယ်၊ ထိုးထိုးချင်း နှစ် မိနစ်လောက်မှာ အမေကနာတယ် ပြောတယ်၊ ဆေးထိုးပေးတဲ့ဆရာမက ဒီဆေးက ဒီလိုပဲ နာတတ်တယ်လို့ပြော တော့ အမေက ကြိတ်ခံတယ်၊ ဒါပေမဲ့ မိနစ် ၂၀ လောက်လဲရောက်ရော အမေကမခံနိုင်တော့လို့ ကျူကျူပါ အောင်ငိုတော့မှ ရပ်လိုက်တယ်၊ ဆေး ကလည်း အဲဒီနေ့က သုံးလုံးပဲထိုးလိုက် ရတယ်၊ ပြီးတော့လက်က ဓာတ်ပုံထဲ မှာ မြင်တဲ့အတိုင်းဖြစ်သွားတာပဲ"ဟု ၄င်းကပင် ဆက်လက်ရှင်းပြသည်။ မိမိတို့အနေဖြင့် မိခင်ဖြစ်သွားသည့် အပေါ် သက်ဆိုင်သည့်ဆရာဝန်များ အနေဖြင့် ဆေးပညာရှင်များသို့ အ ကြောင်းကြားသော်လည်း ချက်ချင်း ရောက်မလာနိုင်ဘဲ အချိန်အတော် ကြာမှ ရောက်လာကြောင်း၊ ထို့နောက် မိခင်၏ လက်အားထောင်ထားပါက ပျောက်သွားမည်ဟု ဆရာဝန်မက ပြောကြောင်း၊ အမှန်တကယ်ဆိုလျှင် ၄င်းတို့အနေနှင့် သိသင့်ပြီး ချက်ချင်း ဆေးကုသမှုပိုင်းဆိုင်ရာကို ပြုလုပ်ပေး သင့်ကြောင်း၊ မိမိတို့၏ မိခင်မှာ ရောဂါ ဝေဒနာခံစားနေရသည့်ကြားမှ ဆေးရုံ ၏ ပေါ့လျော့မှုကြောင့် လက်ထိခိုက် သွားသည့် ဝေဒနာခံစားနေရသည်ကို ရင်နာကြောင်း ၄င်းက ဆိုသည်။
" အသည်းအထူးကုဆရာဝန်ကြီး ဦးခင်မောင်ဝင်းရောက်လာတော့မှ ဒါ ဘာလုပ်နေတာလဲ၊ မြန်မြန်ခွဲစိတ်၊ ဘယ်သူ့အမိန့်ကိုမှ မစောင့်နဲ့၊ ငါလုပ် ခိုင်းတာဆိုမှ ၁၅ ရက်နေ့က ခွဲစိတ် လိုက်တယ်၊ ကျွန်တော့်အထင် လက် က အကောင်းပကတိအတိုင်းဖြစ်ဖို့ မ လွယ်တော့ဘူး၊ တော်တော်ကြီးဖြစ် သွားတာပါ၊ ဆရာဦးခင်မောင်ဝင်းက တော့ ဒါမဖြစ်သင့်ဘူး၊ ပထမပိုင်းနာ တယ်ဆိုကတည်းကရပ်သင့်တယ်၊ မရပ်ဘဲ ဆက်ထိုးလိုက်တော့ သွေး ကြောမျှင်တွေပေါက်ပြီး ဖြစ်သွားတာ၊ အရင်ဆုံး check လုပ်သင့်တယ်၊ အတင်းထိုးလို့ ဖြစ်သွားတယ်ဆိုပြီး ပြောတယ်။ ၁၈ ရက်နေ့မှ ဗဟိုစည် MD ဦးကျင်ထွန်းကလည်းဝန်ခံတယ်၊ လူနာရဲ့ ရောဂါကြောင့်ဆိုပြီး အဖြစ်မှန် ကို လိုက်ဖုံးတယ်"ဟု လူနာရှင် ဒေါ်မြ စိန်၏သားကပင်ပြောသည်။ မိမိတို့အနေဖြင့် လျော်ကြေးတောင်း ယူမှုမရှိသလို ရယူမှုဆန္ဒလည်းမရှိ ကြောင်း၊ မိခင်ဖြစ်သွားသည့်အပေါ် နစ်နာသည်ဟု ယူဆသဖြင့် မှားယွင်း စွာ ကုသခြင်း၊ အဖြစ်မှန်ဖျောက်ကွယ် ထားခြင်းကြောင့် ယခုကိစ္စအား သမ္မတ ထံတိုင်ကြားလိုက်ပြီဖြစ်ကြောင်း၊ မိခင် အား ယင်းဆေးရုံတွင်ပင် ဆေးကုသ စရိတ်ပေး၍ ဆေးကုသမှုခံယူနေ ကြောင်း၊ မိခင်ဖြစ်သွားသည့်နေ့က သူနာပြုနှင့် တာဝန်ရှိဆရာဝန်၏ အမည်အား လုံးဝစုံစမ်း၍မရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ လူထုပုံရိပ်မှ ဗဟိုစည်ဆေးရုံသို့ အောက်တိုဘာ ၂၂ ရက်နေ့တွင် သွားရောက်မေးမြန်းရာ အစပထမပိုင်း တွင် တာဝန်ရှိသူများမရှိဟု ဒေါက်တာ ဒေါ်စန်းဝင်းကဆိုသောကြောင့် တိကျ သည့်အဖြေမရရှိခဲ့သော်လည်း ယင်း နေ့ ညနေတွင်ပင် ဆက်သွယ်မေး မြန်းရာ ဒေါက်တာဒေါ်စန်းဝင်းကပင် အ ထက်လူကြီးများ၏ ညွှန်ကြားချက်အရ ယခုကိစ္စအား လူနာရှင်နှင့် လူနာရှင် အားကုသသည့်ဆရာဝန်မှ လွဲ၍ ပြင်ပ သို့ပြောမည်မဟုတ်ကြောင်း ဖြေဆို ထားသည်။

အေးချမ်းမွန်မှ THE PUBLIC IMAGEတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :THE PUBLIC IMAGE

“ ဂျော်ဂီရာ မယ်ကို ကျော်ဖြတ်ပြီး ပထမနေရာရဖို့ မြန်မာကိုယ်စားပြု Miss Myanmar ယမုံမိုးအားပေးမှုများစွာ လိုအပ်နေ ”



“ ဂျော်ဂီရာ မယ်ကို ကျော်ဖြတ်ပြီး ပထမနေရာရဖို့ မြန်မာကိုယ်စားပြု Miss Myanmar ယမုံမိုးအားပေးမှုများစွာ လိုအပ်နေ ”

အမေရိက ကမ်းခြေတစ်ဝှိုက်ပြင်းထန်စွာ တိုက်ခတ်သွားတဲ့ မုန်တိုင်းဆန်ဒီကြောင့် voting peroid ကို နိုဝင်ဘာ ၂ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်းကြေငြာခဲ့ပြီးဖြစ်ပါတယ် ။ ဂျော်ဂီရာ မယ်ကို ကျော်ဖြတ်ပြီး ပထမနေရာရဖို့ မြန်မာကိုယ်စားပြု Miss Myanmar ယမုံမိုးအားပေးမှုများစွာ လိုအပ်လျှက်ရှိပါတယ် ။ ယမုံမ
ိုးမှာ မြန်မာဝတ်စုံနဲ့မရှိဘူး မြန်မာစကားမတတ်ဘူးလား မြန်မာလို မရေးတတ်ဘူးလားစသဖြင့် ဝေဖန်ချက်ပေါင်းများစွာကို လူမှုကွန်ယက် စာမျက်နှာများမှာ တွေ့ခဲ့ကြပြီးဖြစ်ပါတယ် ။ အဲဒီဝေဖန်ချက်တွေအတွက် ကျွန်တော်ဖြေရှင်းချက်လေးတွေပေးချင်ပါတယ် ။

၁ ။ ယမုံမိုးဟာ ကျွန်တော်တို့သိပ်မသိခဲ့ကြပေမယ့် အမေရိကမှာ ထင်ရှားကျော်ကြားလှတဲ့ Professional Model တစ်ဦးအဖြစ်အသက် ၁၄ နှစ်ကတည်းက ဂုဏ်သိက္ခာရှိစွာ ရပ်တည်လာခဲ့သူတစ်ဦးဖြစ်တယ်

၂ ။ သူ့မှာ မြန်မာဝတ်စုံကိုမြတ်နိုးပြီး ရိုက်ထားတဲ့ပုံပေါင်းများစွာရှိပါတယ် ။ ကျွန်တော်အခွင့်သင့်တဲ့အခါ တင်ပေးမှာဖြစ်ပါတယ် ။ အမေရိက မှာ အကြောင်းအမျိုးမျိုးကြောင့်ရောက်နေပေမယ့် ကမ္ဘာကိုမြန်မာကသိအောင် မြန်မာ့စလွယ်ကို လွယ်လို့ ၀င်ပြိုင်တာဟာတကယ်တော့ ကဲ့ရဲ့စရာကိစ္စမဟုတ်ပါဘူးး။ ကျွန်တော်တို့ အားပေး ကူညီ ဂုဏ်ယူရမှာဖြစ်ပါတယ် ။

၃ ။ သူ့အင်တာဗျုးဗွီဒီယိုတွေ ယူကျု့မှာရော တခြားဆိုက်တွေနဲ့သူ့စာမျက်နှာတွေမှာရှိပါတယ် ။ အဲဒီမှာ သူမြန်မာလိုပြန်ဖြေထားတာတွေရှိပါတယ် စကားသံနည်းနည်းဝဲပေမယ့် မြန်မာလို ကျွန်တော်တို့လိုပဲ မြန်မာစကားကို မြန်မာလို သိမ်မွေ့စွာပြောတာတွေ့ရမှာဖြစ်ပါတယ် ။

၎ ။ သူ့မှာ ဇော်ဂျီဖောင့် လက်ကွက်မရှိတာမှန်ပါတယ် ။ ဒါပေမယ့် ဇော်ဂျီဖောင့်တော့သွင်းထားတယ်လို့သိရပါတယ် ။ ဒီတော့ ဝေဖန်အားပေးမှုမှန်သမျှ သူ မြင်နေရပါတယ် ။ တိုက်ခိုက်ဝေဖန်ခံရမှုပေါင်းများစွာအောက်မှာ မျက်နှာမပျက်ပဲ စိတ်အားမငယ်ပဲ . . .ရသမျှ ပရိတ်သတ်လေးကိုပဲ အားတက်အောင်လုပ်လို့ သူ့ကိုယ်သူရပ်တည်နေခဲ့တာလည်း သူ့ပရိတ်သတ်များ အသိဆုံးဖြစ်ပါလိမ့်မယ် ။ နောက်တစ်ခုပြောချင်ပါသေးတယ် လူတစ်ယောက်မကောင်းကြောင်းကို ကွယ်ရာမှာ ပြောရင်တောင်အရမ်းအားနာဖို့ကောင်းတာ အခု လို စာမျက်နှာထက်တွေမှာ ရုပ်ဆိုးလိုက်တာ သံပုရာသီးစုပ်ထားတဲ့ရုပ် လုံးဝအားမပေးဘူး စသဖြင့်ပြောနေကြတာ ကာယကံရှင်အတွက် လုံးဝကို အထိနာစေပါတယ် . .တကယ်အားမပေးချင်ရင်တောင်ကျော်ဖတ်သွားလို့ရတာပဲမဟုတ်လား အခုလို မျိုး ၀ိုင်းနှိမ်ကြတာတော့ မကောင်းဘူးလို့ ကျွန်တော်မြင်ပါတယ် နန်းခင်နဲ့ သူနဲ့ယှဉ်ပြီးပြောနေကြတာ ကျွန်တော်နားလည်ပါတယ် ဒါပေမယ့် အခြေအနေခြင်းမတူပါဘူး ကွာခြားချက်ပေါင်းများစွာထဲမှာ ကျွန်တော်တို့ MYANMAR ကိုသာအားပေးရမှာဖြစ်ပါတယ် ခေါင်းစဉ်တစ်ခုတည်းအောက်က အကြောင်းအရာတွေကို ရှုပ်ရှုပ်ထွေးထွေးမတွေးစေချင်ပါဘူး ။ ရုပ်လှခြင်းမလှခြင်းဆိုတာ ဘ၀ပေးကုသိုလ်ကံနဲ့သာဆိုင်ပါတယ် ။ ဘယ်လို ထိုးနှက်နှက်မယိုင်လဲသွားတဲ့ စိတ်ဓါတ်ကသာ မြန်မာပီသကြောင်းပြနေတာပါ ။


၅ ။ သူ့အားသာချက်ကို ကျွန်တော်ပြောပြီးပါပြီ ။ သူ့မှာ ပရိတ်သတ်ကို လေးစားတယ် ပြန်အဖက်လုပ်တယ် ကွန်းမန့်ပြန်ရေးတယ် မက်ဆေ့ကနေ ပြန်ဖြေတယ် ဒါဟာ Keep in touch ဖြစ်တဲ့သဘောပါ အားပေးရတဲ့သူလည်း အားတက်ဖို့ကောင်းပါတယ် ။

အခုပြိုင်နေတဲ့ ပွဲဟာအ မေရိကကို အကြောင်းအမျိုးမျိုးကြောင့်လာရောက်ခိုလှုံနေကြတဲ့ကမ္ဘာအရပ်ရပ်က မော်ဒယ်တွေပြိုင်တဲ့ပွဲ နိုင်ငံတကာအဆင့်မှီပွဲဖြစ်သလို MI 2012 တုန်းကလိုပဲ လှတာတစ်ခုတည်းမဟုတ် အထွေထွေဗဟုသုတသာမက . . .ယဉ်ကျေးမှုထုံးတမ်းစဉ်လာ လျှပ်တပြတ်မေးခွန်းတွေ Personaility တွေ Attitude တွေပါ ယှဉ်ပြိုင်ရတာဖြစ်ပါတယ် ။

စစချင်း အယောက် ၅၀ ပြိုင်တဲ့အခါ အခု ဇကာတင် ၂၄ ယောက်ထွက်ပေါ်လာပါပြီ ။ မြန်မာ က ယမုံမိုးဟာ အခြေအနေအရမ်းကောင်းနေပါတယ် ။ သူ့ကြိုးစားမှုက အံ့မခန်းလိလိနဲ့ Professional ဆန်လှပါတယ် ။ တဖြည်းဖြည်း လူတွေပြုတ်လာလိုက်တာ အာရှ မှာ မြန်မာက ယမုံမိုးတစ်ယောက်ပဲကျန်ပါတော့တယ် ။ ကဲ ကျွန်တော်တို့ အားမပေးသင့်ဘူးလား ။

အသက် ၁၄ နှစ်ကတည်း ဒီအလုပ်နဲ့ရပ်တည်ခဲ့သူပီပီ အခု အွန်လိုင်း voting ကလည်း သူ့ဖိုင်နယ်အဖြေအတွက် ၁၀ %အထောက်အကူပေးမှာဖြစ်ပါတယ် ။ ကျန်တဲ့ ၉၀% ကတော့ သူ့ကြိုးစားမှုအပေါ်မူတည်ပါတယ် ။ မကြာခင် နိုဝင်ဘာ ၃ ရက်နေ့မှာ ဖိုင်နယ်ပွဲစဉ်ရောက်လာတော့မှာဖြစ်ပါတယ် ။ ကျွန်တော်တို့ အခြေအနေ ကောင်းနေတယ်ဆိုပေမယ့် ဂျော်ဂီယာကို လျှော့တွက်လို့လုံးဝမရတော့ပါဘူး ။

ငါးမိနစ်အတွင်းမှာ မြန်မာက like ၅၀ တက်ပြီး ဂျော်ဂီယာက ၁၀၀ တက်နေပါတယ် ။ ဒီနှုန်းအတိုင်းသာဆို ကျွန်တော်တို့ကို ခဏလေးအတွင်းမှီသွားနိုင်ပါတယ် ။ ပြိုင်ပွဲကျင်းပသူတွေက တစ်ယောက်ချင်းစီကို မက်ဆေ့ပို့ထားတာလည်းရှိပါတယ် ။အဲဒါကတော့ fake account တွေမသုံးဖို့နဲ့ real account ကိုသာသုံးကြဖို့ဖြစ်ပါတယ် ။ ကျွန်တော့်အမြင်တော့ created date ရယ် Insufficient data တွေကိုမူတည်ပြီး အကောင့်စစ်ဟုတ်မဟုတ်ကို စုံစမ်းတဲ့အဖွဲ့သူတို့မှာ ဖွဲ့ထားပြီးဖြစ်ပါတယ် ။

ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ ။ အခုအချိန်မှာ သိပ်မကျန်တော့တဲ့ အချိန်မှာ ကျေးဇူးပြုပြီး အမြင်မတူတာတွေကို ခဏအသာချထားလို့ ငါတို့ မြန်မာ့စလွယ်လေး ငါတို့နိုင်ငံကိုကိုယ်စားပြုနေတယ်ဆိုတဲ့ မြန်မာဆိုတဲ့အတွေးလေးနဲ့ like လေးတွေပြုလုပ်ပေးကြပါ ။

အရေးအကြီးဆုံးက like ပြုလုပ်ပြီးသူများလည်း ဒီပို့စ်လေးကို ရှဲပေးကြပါလို့ လေးစားစွာတောင်းဆိုပါတယ် ။

----------------------------------

အဆင့်၁ ။ https://www.facebook.com/DiasporaModels ကိုသွားပြီး Like လုပ်ပါ ပြီးတော့ မြန်မာပုံကိုရှာပြီး like လုပ်ပေးရမှာပါ ကျွန်တော်လိုက်ရှာတာတော့အောက်ပါလင့် ၂ ခုကိုတွေ့ပါတယ် အဆင်သင့်ဖြစ်အောင် အောက်မှာဖော်ပြပေးထားပါတယ် ။

အဆင့် ၂ ။ https://www.facebook.com/photo.php?fbid=10151123454943892&set=a.190030878891.129096.8336438891&type=1&relevant_count=1 ကိုဖွင့်ပါ Like လုပ်ပါ ။ ဖေ့ဘုတ်အကောင့်တစ်ခုကို like တစ်ကြိမ်ပဲရပါတယ် ။

အဆင့် ၃ ။ https://www.facebook.com/photo.php?fbid=10151136887763892&set=a.190030878891.129096.8336438891&type=1&relevant_count=1 ကိုဖွင့်ပါ like လုပ်ပါ ။ ဖေ့ဘုတ်အကောင့်တစ်ခုကို like တစ်ကြိမ်ပဲရပါတယ် ။

--------------------------------

၅း၂၃ update

မြန်မာ - ၁၀၀၄၀+၈၇၈၀ = ၁၈၈၂၀
ဂျော်ဂီရာ - ၅၇၉၅ +၈၅၂၇ = ၁၄၃၂၂

----------------------------

တချို့လူတွေ ပြောသလို သိပ်ပြီး မကြီးကျယ်ဘူး မခမ်းနားဘူးဆိုပါစို့ . . ဒါပေမယ့် ဘယ်နေရာမှာပဲဖြစ်ဖြစ် မြန်မာဆိုတာ ဒီလိုအားပေးကြပါလား မြန်မာဆိုတာ ဒီနိုင်ငံလေးပါလားဆိုတာ သိသွားရင်ပဲ ကျွန်တော်တို့အချိန်ကုန်ခံရကျိုးနပ်တယ်လို့မြင်မိပါတယ် ။ တိုက်တစ်လုံးလုံးမဆောက်နိုင်ပေမယ့် အုတ်တစ်ချပ် သဲတစ်ပွင့်လေး ကူလိုက်ရင်ပဲ . . တကယ့်ကို အကျိုးရှိလှပါတယ် ။

သက်တန့်ချို
၃၁ အောက်တိုဘာ ၂၀၁၂

MYANMAR ကို အားပေးကူညီကြစို့ ။

ယမုံမိုးရဲ့ပါစင်နယ်အကောင့် - https://www.facebook.com/nidataylor.m
ယမုံမိုးရဲ့ ဖန်ပေ့ခ်ျ - https://www.facebook.com/fanpage.nidataylor
— with Aung Htun and Soetin Aungthann.

မ.က.ဒ.တ အစ ၈၈၈၈ လုံးက



ကျောင်းသား တပ်မတော်ရဲဘော်များရဲ့ တောတွင်းတနေရာ ၊ ဓာတ်ပုံ- ဆလိုင်း ယောအောင်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသား တပ်မတော်) ခေါင်းဆောင် 

ဟောင်းများဖြစ်သည့် ကိုမိုးသီးဇွန် နှင့် ကိုနိုင်အောင်တို့ ပြည်တွင်းသို့ လေ့လောရေး သွားရောက်ပြီးနောက် မကဒတ (ကျောင်းသားတပ်မတော်) နှင့် ပက်သက်ပြီး အဆိုးမြင် ပြောဆိုဝေဖန်မှုများ ဖေ့စ်ဘုတ် လူမှု ဆက်သွယ်ရေး ကွန်ယက်၊ ပြည်တွင်း ဂျာနယ်တွေနှင့် အင်တာနက် စာမျက်နှာတွေမှာ ထွက်ပေါ်နေ တာ တွေ့ရပါတယ်။ 


ကျနော်တို့သာ စစ်နိုင်ခဲ့ရင် ဒီလိုပြောကြမှာမဟုတ်ပါဘူး သူရဲကောင်းအဖြစ်ချီးမွန်းကြမှာပါ။ 


အဆိုးဆုံးကတော့ ကိုညိုအုန်းမြင့် ရဲ့ မြစ်မခနဲ့ အင်တာဗျူးဖြစ်ပါတယ်။ ကျနော်တို့လဲ ကျောချမှ ဓါးပြ မှန်းသိရတဲ့ ဘ၀ဖြစ်ပါတယ်။ 


ဒါကြောင့် မကဒတရဲ့ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ပေးဆပ်မှု စွန့်လွှတ်မှုနှင့် တိုင်းပြည် အတွက် ဆောင်ရွက်ချက်တွေကို အသက်ပေးဆပ်သွားတဲ့ မကဒတ ရဲဘော်များ၊ ခန္ဓာကိုယ် အစိတ် အပိုင်း ပေးလှူလိုက်ရသော ရဲဘော်များအတွက် တာဝန်ရှိသည်ဆိုသော အသိဖြင့်၎င်း၊ မကဒတ အကြောင်း သိပြီးသားသူတွေလည်း ပိုသိအောင် မသိသေးတဲ့ မျိုးဆက်သစ်တွေလည်း ခံစားနိုင်အောင်ဆို တဲ့ ရည်ရွယ်ချက်နဲ့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။ 


ကျနော့်အမည်က ဆလိုင်းယောအောင် ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသား မဟုတ်ပါ ဗမာလူမျိုး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် မှ ယခုထက်ထိ မကဒတ မှာ ရဲဘော်တယောက်အဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။


၁၉၈၇ ခုနှစ် ငွေစက္ကူ ဖျက်သိမ်းလိုက်သည့် အရေးအခင်း၊ ၁၉၈၈ ခုနှစ် မတ်လတွင်ဖြစ်ပွားခဲ့သည့် ဖုန်းမော် ကျောင်းသား လှုပ်ရှားမှု နှင့် ၁၉၈၈ ခှုနှစ် သြဂုတ်လ မြန်မာ့ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုများ တွင် လူငယ်တယောက်၊ ကျောင်းသား တယောက်အနေဖြင့် မိမိအပေါ်ကျရောက်လာသော သမိုင်းပေး တာဝန်များကို နောင်တော် ကျောင်းသားများထံမှ သမိုင်းအမွေအဖြစ် လက်ခံရယူကာ ပါဝင်ဆောင်ရွက်ခဲ့ သူဖြစ်ပါတယ်။ 


မိသားစု အနေဖြင့်လည်း မြန်မာ့ ဒီမိုကရေစီရေး လှူပ်ရှားမူအတွင်း ထိုက်သင့်သော ပေးဆပ်မှုများကို ပေး ဆပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဆက်လက် ပေးဆပ်ရန်လည်း သံန္ဓိဌာန်ချထားပြီးဖြစ်ပါတယ်။


ဘာကြောင့်လဲဆိုတော့ ဒီမိုက ရေစီအရေးဟာ ကျနော်တို့ မိသားစုအရေးနှင့် တထပ်တည်း ကျတဲ့အတွက် 

ဖြစ်ပါတယ်။ 


လိုရင်းကိုတင်ပြပါရစေ - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ကျောင်းသား တပ်မတော်) အင်္ဂလိပ်လို All Burma Students’ Democratic Front (ABSDF – Students’ Army) ဆိုတာ ရိုင်းရိုင်း နှင့် တည့်တည့် ပြောရရင် အုပ်ကြားမြက်ပေါက် ပေါ်လာခဲ့တဲ့ အဖွဲ့အစည်းတခု မဟုတ်ပါဘူး။ 


မြန်မာ တင်မက ကမ္ဘာမှာပါ သမိုင်းတွင်ခဲ့တဲ့ လူထု လူတန်းစား အလွှာပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင် တဲ့ မြန်မာတ နိုင်ငံလုံး အနှံ့အပြား လှည်းနေ လှေအောင်း မြင်းဇောင်းပါမကျန် ဒီမိုကရေစီ ဆိုတဲ့ အသံကို တသံတည်း မိုးယံထိအောင် ကျယ်လောင်စွာ တောင်းဆိုခဲ့ကြတဲ့ ရွက်လွှင့်တိုက်ပွဲဝင်ခဲ့ကြတဲ့ လူထု ဒီမိုကရေစီ အရေးတော် ပုံကြီးက မွေးဖွားပေးလိုက်တာဖြစ်ပါတယ်။ 


ဒါက သမိုင်းဖြစ်ပါတယ်။ သမိုင်းကို ဘယ်သူကမှ ဘယ်အဖွဲ့ အစည်း ကမှ ဖျောက်ဖျက် ဖုံးကွယ်ထားလို့ မရပါဘူး။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၅)ရက်နေ့အထိ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု အကူ အညီနဲ့ KNU နယ်မြေ ၀မ်ခစခန်းမှာ စခန်းအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတဲ့ ညီလာခံ ကနေ ဖွဲ့စည်းတည်ထောင်လိုက်တာ ဖြစ်ပါတယ်။ 


မကဒတ ဟာ အောက်ပါ နိုင်ငံရေး ဦးတည်ချက်(၄)ရပ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ် - 


(၁) တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး 


(၂) ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ရရှိရေး 


(၃) ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး 


(၄) ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့ ဖြစ်ပါတယ်။ 



ကျနော်တို့တတွေ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တိုက်ပွဲဝင်ဘို့ တိုင်းရင်းသားနယ်မြေတွေကို ထွက်ခွာခဲ့ကြတာဟာ ၀ါသနာပါလွန်းလို့ သွေးဆာ နေလွန်းလို့ ကလဲ့စားချေခြင်လွန်းလို့ မဟုတ်ပါဘူး။ 


ကိုလိုနီလက်အောက်အပါအ၀င် မြန်မာ့သမိုင်း တလျောက် မှာ ကျောင်းသားတွေဟာ လူထုနှင့် တိုင်းပြည် အတွက် ငြိမ်းချမ်းသည့် နည်းဖြင့်သာ လိုအပ်ချက်တွေကို တောင်း ဆိုတိုက်ပွဲဝင်ခဲ့ တာ တွေ့ရ မှာဖြစ်ပါ တယ်။


နောက်ဆုံး ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးမှတပါး အခြားမရှိတဲ့ အတွက် ဗိုလ်ချူပ်အောင်ဆန်း နှင့် ရဲဘော် သုံးကျိပ်ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါတယ်။ 


ကျနော်တို့လည်း ဒီမိုကရေစီကို ငြိမ်းချမ်းတဲ့နည်းနဲ့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ် သို့သော်လည်း အကြမ်း ဖက် ဖြိုခွဲခြင်းခံခဲ့ရပြီး နောက်ဆုံး ရွေးချယ်စရာ လမ်းမရှိတဲ့အတွက် လက်နက်ကိုင် တော်လှန်းရေး ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။ 


ထိုခရီးလမ်းက ကြမ်းတမ်းတယ် ပင်ပန်းတယ် နောက်ဆုံးရလဒ်က သေခြင်းတရား ဆိုတာသိပါတယ်။ သို့သော်လည်း သမိုင်းတာဝန်ကျေခြင်တာကြောင့် ရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်။ 


မြန်မာနိုင်ငံမှာ တတိုင်းပြည်လုံး အကျိုးကို ဆောင်ရွက်ခဲ့တဲ့ တပ်မတော် (၂) ခု ပေါ်ပေါက်ခဲ့တယ် ဆိုရင် မမှားနိုင်ပါဘူး။ အဲဒီ တပ်မတော်တွေကတော့ ဗိုလ်ချူပ်တည်ထောင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်နဲ့ ၁၉၈၈ လူထု အရေး တော်ပုံကြီးက ဒီမိုကရေစီရေးအတွက် မွေးဖွားပေးလိုက်တဲ့ ကျောင်းသား တပ်မတော် ဘဲ ဖြစ်ပါတယ်။ 


ကျောင်းသားတပ်မတော်ဟာ မြန်မာ့ မြေပေါ်မှာသာမက ကမ္ဘာ့မြေပေါ်မှာပါ တကယ်ပေါ်ပေါက်ခဲ့တာဖြစ် တယ်။ တကယ်ရှိခဲ့တာဖြစ်တယ် ရှိနေဆဲလည်းဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။


အဲဒီအချိန်က ဒေါ်စုကို နိုင်ငံတကာ သတင်းဌာနတွေ က ကျောင်းသားတွေ တောခိုသွားတာနှင့် ပက်သက် ပြီး အင်တာဗျူးလုပ်ခဲ့တာ အမှတ်ရနေဆဲဖြစ်ပါတယ်။ သတင်းဌာန အချိန်ကာလနှင့် စကားလုံး အတိအကျ ကိုတော့ မမှတ်မိတော့ပါ။ 


ကျနော်တို့ တော်ခိုသွားတဲ့ကိစ္စနှင့် ပက်သက်ပြီး ဆန့်ကျင်ပြောဆိုမှု မတွေ့ရပါ။ မှတ်မိသလောက်ပြောရ ရင် တော ထဲရောက်သွားတဲ့ ကျောင်းသားတွေအတွက် အစိုးရမှာတာဝန်ရှိကြောင်းနှင့်အခုလို ကျောင်းသား

တွေ တော ထဲရောက်သွားရတာ အစိုးရကြောင့်ဖြစ်တယ်လို့ ပြောခဲ့တာမှတ်မိပါတယ်။ 


၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့မှာ စစ်တပ်က တိုင်းပြည်အာဏာ သိမ်းယူခဲ့ပြီးနောက် 

ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ ၀န်ထမ်း၊ စစ်မှုထမ်းဟောင်းနှင့် လက်ရှိတာဝန် ထမ်းဆောင်နေ တဲ့ စစ်သည်အချို့ဟာ အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား နယ်မြေအသီးသီးကို စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်ရန် ရောက် ရှိ ခဲ့ကြပါတယ်။ 


အဲဒီအထဲမှာ ကျနော်က ကရင်တိုင်းရင်းသား နယ်မြေဖြစ်တဲ့ သေ့ဘောဘိုးစခန်းကို ၁၉၈၈ ခုနှစ် 

အောက်တိုဘာလ (၁) ရက်နေ့မှာ ရောက်ခဲ့ပါတယ်။ ရောက်ပြီးနောက် ကရင့်တော်လှန်ရေး နှင့် ကရင် လူမျိုးများ အကြောင်း လေ့လာစဉ် ပထမဦးဆုံး ကြားလိုက်ရတဲ့ စကားလုံးက မဟာဗမာ လူမျိုးကြီးဝါဒ ဆိုတဲ့ စကားလုံး ဖြစ်ပါတယ်။ 


ရုတ်တရက် ဘ၀မှာ တခါမှ မကြားဘူးတဲ့ ထူးဆန်းတဲ့ စကားလုံးဖြစ်နေတာကြောင့် နားမရှင်းသလို ဖြစ် သွားရပါတယ်။ ဒါကြောင့် ထိုစကားလုံးပြောလိုက်တဲ့ ကရင်အရာရှိကို ပြန်မေးရပါတယ် အခုနက ဘာပြော လိုက်တာလဲလို့။ သူကလဲ မဟာဗမာ လူမျိုးကြီးဝါဒလို့ ပြောတာလေကွာလို့ ထပ်ပြောပါတယ်။ ကျနော်ထပ် မမေးတော့ပါ အဲဒီစကားလုံး အကြောင်း စဉ်းစားရင်းနဲ့ဘဲ ညများစွာ ကုန်ဆုံးခဲ့ရပါတယ်။


အဲဒီနောက် ကေအင်ယူမှ တာဝန် ရှိသူများ၊ ရွာမှ တာဝန်ရှိသူများက အကြောင်းအရာကိစ္စ တခုခုကြောင့် အ စည်းအဝေးလုပ်တိုင်း မဆလ အစိုးရ၊ စစ်အစိုးရတို့နဲ့ပက်သက်ပြီး ရှင်းပြတဲ့အခါတိုင်းလိုလိုမှာ ထို စကားလုံး ကို ကြားရပါတယ်။ 


ကျနော်တို့ ရောက်လာကြတဲ့သူ အတော်များများကလည်း ဗမာများဖြစ်ကြတော့ ဗမာကတော့ ဟုတ်ပါပြီ မဟာ ကတော့ ဘာလဲဆိုပြီး ကျနော်တို့အကြားမှာ စဉ်းစား ဆင်ခြင်စရာဖြစ်လာပါတယ်။ တာဝန်ရှိသူ အချို့နှင့် အလွတ်သဘောတွေ့တဲ့ အခါမှာတော့ ကျနော်တို့ သိခြင်တဲ့ ကရင့်နိုင်ငံရေး အတွေ့အကြုံများ အပါအ၀င် မဟာဗမာ လူမျိုးကြီးဝါဒ အကြောင်းကို မေးကြည့်မိပါတယ်။ 


သူတို့က ဗမာလူမျိုးများရဲ့ တိုင်းရင်း သားများအပေါ် အနိုင်ကျင့် ဖိနှိပ်စော်ကားမှု လူမျိုးကြီးဆန်မှု အရာရာကို ဗမာလူမျိုးများကသာ လွှမ်းမိုးချုပ် ကိုင်ထားမှုများကို ရှင်းပြပါတယ်။ အဲဒီအခါကျမှသာ ဗမာလူမျိုးများနဲ့ပက်သက်ပြီး ဖြစ်လာတဲ့ မဟာဗမာ လူ မျိုးကြီးဝါဒအကြောင်း နားလည်သဘောပေါက် ခဲ့ရပါတယ်။ 



အဲဒီဝေါဟာရဟာ ကရင်တိုင်းရင်းသား နယ်မြေ မှာတင်ကြားရတာ မဟုတ်ပါဘူး ကျနော်တို့ အခြေချတဲ့ တိုင်းရင်းသား နယ်မြေအားလုံးမှာ ကြားရတာ ဖြစ်ပါတယ်။ ဒါက ကျနော် ပထမဆုံး ကြုံတွေ့ရတဲ့ တိုင်းရင်း သားတွေရဲ့ ခံစားချက်ပါ။ 


အဲဒီနောက်ပိုင်းမှာတော့ စစ်အာ ဏာရှင်တွေရဲ့ တပ်တွေ တိုင်းရင်းသားနယ်မြေတွေကို ထိုးစစ်ဆင်တဲ့ အခါ မှာ ၎င်းတို့စစ်ချီရာ လမ်းတလျောက် မှာရှိတဲ့ ကျေးရွာက အမျိုးသားတွေကို ပေါ်တာအဖြစ်ဖမ်းပါတယ်။ အမျိုးသမီးတွေကို သူတို့ရဲ့ ကာမ ဖျော်ဖြေ မှုအတွက်သုံးပါတယ် ဆန္ဒပြည့်ပြီးတဲ့အခါမှာတော့ မထင်ရင် မထင်သလို သတ်ပစ်ပါတယ်။ 



အချို့ ရွာသားတွေ ဆိုရင် ကိုယ့် အမေ အမ ညီမ သမီးကို စစ်သားတွေက ကိုယ်အရှေ့မှာ မတရား 

ပြုကျင့်ပြီး သတ် ပြီးတော့ အိမ်ကို မီးရှိုတာတွေကြောင့် မခံနိုင်ဘဲ မိမိကိုယ်မိမိ အဆုံးစီရင် သွားတာတွေ ရူးသွပ်သွားတာတွေ ရှိပါတယ်။ 


အဲဒီလူ တွေ စစ်တပ်နှင့် ဗမာလူမျိုးကို ဘယ်လောက် နာကျည်း ရွံရှာကြမလဲဆိုတာ စဉ်းစားကြည့်စေ ချင်ပါတယ်။ ခင်ဗျားတို့သာ သူတို့ နေရာမှာဆို ဘယ်လိုနေမလဲဆိုတာ ခံစားကြည့်ပါ။ သူတို့ နားလည် လက်ခံတားတာက စစ်တပ်ကို ဗမာလို့ နားလည်ထားကြတာဖြစ်ပါတယ်။ 


ကျနော် ၀မ်ခ (ကော့မူးရာ ခံစစ်)တွင် တာဝန်ကျစဉ် ကရင်ရဲဘော် ၂ ယောက် တယောက်က သူ့ရဲ့ နဖူး မှာ ခွေးဗမာ ငါသတ်မည် လို့ ဆေးမှင်ဖြင့် ထိုးထားပြီး။ နောက်တယောက် ကတော့ နေ၀င်းမသေ အိမ် မပြန်လို့ လက်ဖျံမှာရေးထိုးထားတာ မြင်ဘူးပါတယ်။ 


ဒါဟာ သူတို့ရဲ့ ဗမာတွေအပေါ် နာကျည်းမူတွေကို စကားလုံးတွေနဲ့ ဖေါ်ပြတားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရွာတွေမှာ လူကြီးတွေက သူတို့ကလေးကို ပြောမရရင် အငိုတိတ်စေခြင်ရင် ဗမာတွေလာပြီလို့ပြောပြီး ကလေးကို ခြောက် တတ်ပါတယ် ကလေးကလဲ အဲဒီလို ပြောလိုက်ရင် အငိုတိတ်သွားလေ့ရှိပါတယ်။


ဗမာတွေကို အင်မတန် မသထီစရာ အလွန်ကြောက်စရာ ကောင်းတဲ့ သတ္တ၀ါအဖြစ် ပုံဖေါ်ခဲ့တာဖြစ်တယ်။ အဲဒီလို နာကျည်း သူတွေက ဗမာတွေအပေါ် တစုံတရာ နားလည် သဘောပေါက်လာအောင် ဘယ်သူ 

တွေ ဆောင်ရွက်ခဲ့ကြသလဲ - ကျနော် တို့ ကျောင်းသားတပ်မတော်က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 


လူတယောက်ရဲ့ နက်နက်နဲနဲ ခံစာချက် ပြေ လျော့ သွားအောင် တရက် တလ တနှစ် လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး သူတို့နဲ့ အတူနေ အတူစား အတူ တိုက်ပွဲဝင်ပြီးမှ ရလာတဲ့ ရလဒ်တွေ ဖြစ်ပါတယ်။


အဲဒီရလဒ်တွေကို ထိန်းသိမ်းထားရမှာက ကျနော်တို့ မကဒတမှာတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ ပြည် တွင်း ပြည်ပရှိ ဗမာလူမျိုးများအားလုံးမှာ တာဝန်ရှိပါတယ်။ မီဒီယာများနှင့် ကိုညိုအုန်းမြင့်ရဲ့ ပုံဖော်မှုကြောင့် မကဒတနှင့် မြန်မာ့ ဒီမိုကရေစီရေးအတွက် ဆောင်ရွက်နေကြသည့် ဒီမိုကရက်တစ် အင်အားစုများ ကို မြန်မာလူထု အတော်များများက အာဏာယစ်မူးနေကြသူများဟု ထင်မှတ်နိုင်သလို လှုပ်ရှားမှု (၂၄) နှစ် တာ ကာလအတွင်းမှာ တိုင်းပြည်အတွက် ဘာတွေများ လုပ်ခဲ့ကြသလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ 


မကဒတ က ဘာတွေလုပ်ခဲ့ပါသလဲ - 


၁။ မြန်မာ့ ဒီမိုကရေစီအရေး လှူပ်ရှားမှုကြီးကို ကမ္ဘာက သိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ 


၂။ အမျိုးသား အခွင့်အရေးတိုက်ပွဲဝင်မှုများကို ကမ္ဘာက ပိုမိုသိရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။ 


၃။ တိုင်းပြည်အတွက် အရေးကြီးဆုံးဖြစ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဆင့်တဆင့် အထိ ရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ 


၎။ တိုင်းပြည်အနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကမ္ဘာကသိအောင် ဆောင် ရွက်နိုင်ခဲ့ပါတယ်။ 


၅။ လူထုအတွင်း နိုင်ငံရေးအသိ ပိုမိုမြင့်မားလာစေရန်၊ တိုင်းပြည်အတွင်း အမှန်တကယ်ဖြစ်ပျက်နေသော သတင်းများ မြန်မာ နှင့် ကမ္ဘာက သိရှိနိုင်ရန်၊ မိမိတို့ရင်ဖွင့်လိုသော အကြောင်းအရာများအား လွတ်လပ် စွာပြောဆိုနိုင်ရန် ဒီမိုကရက်တစ်မြန်မာ့အသံဖြစ်ပေါ်လာနိုင်ရေးအတွက် အဓိကအင်အားစု အဖြစ် ဆောင် ရွက်ခဲ့ပါတယ်။ 

 ၆။ အနာဂတ်မြန်မာပြည်အတွက် မရှိမဖြစ်လိုအပ်သည့် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တိုင်းရင်းသားအင်အားစုများ နှင့် နိုင်ငံရေးအင်အားစု များ သဘောတူလက်ခံနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ 

၇။ တိုင်းရင်းသားအင်အားစုများနှင့် နိုင်ငံရေးအင်အားစုများအကြား အနာဂတ်မြန်မာပြည်အတွက် လိုအပ် 

သော နိုင်ငံရေးစာချူပ်များဖြစ်သည့် မာနယ်ပလောစာချူပ်နှင့် သူမွဲကလိုးစာချူပ်များ ချူပ်ဆိုရာတွင် မကဒတ ပါဝင်ခဲ့ပါတယ်။ 


၈။ မြန်မာ့ စစ်ရေးသမိုင်းမှာ စစ်အစိုးရ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဗိုလ်ချူပ်မောင်လှကိုယ်တိုင် လက် မှတ်ရေးထိုးပြီး တဖတ်သတ်အပစ်အခတ်ရပ်စဲခဲ့ရတဲ့ နိုင်ငံရေးအရအလွန်အရေးပါတဲ့ မာနယ်ပ လော ကာကွယ်ရေးတိုက်ပွဲမှာ မကဒတ ပါခဲ့တယ်။ 


၉။ နိုင်ငံရေးအရအရေပါတဲ့ မဲသဝေါ၊ ကော့မူးရာ (၀မ်ခ)၊ ဖလူး တိုက်ပွဲတွေမှာ မကဒတ ပါခဲ့တယ်။


၁၀။ မြန်မာ့ အမျိုးသမီးများ တိုင်းပြည်နေရာအနှံ့အပြားတွင် အမျိုးသမီး အခွင့်အရေးချိုးဖောက်ခံရမှု များ၊ အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးနှင့် မြန်မာ့ အမျိုးသးမီးလှုပ်ရှားမှု မြှင့်တင်ရေးအတွက် မြန်မာ့ အမျိုးသမီး သမဂ္ဂကိုဖွဲ့စည်းတည်ထောင်ပြီး ဆောင်ရွက်နိုင်ခဲ့ပါတယ်။


၁၁။ ကျောင်းသားတပ်မတော်ကိုတည်ထောင်ပြီး စစ်အာဏာရှင်စနစ်ကို ယနေ့ထက်ထိ တိုက်ပွဲဝင် နေ ဆဲဖြစ်တယ်။ 


စသည့် တခုလုံးသဘောဆောင်တဲ့ နိုင်ငံရေးအလုပ်များကို ဆောင်ရွက်ခဲ့ပါတယ်။ 



အဲဒီအတွက် မကဒတ (ကျောင်းသားတပ်မတော်) ရဲဘော် ၆၂၉ ယောက် အသက်ပေးခဲ့ရပြီး ၄၀၂ ယောက် ခန္ဓာကိုယ်စွန့် လွှတ်ခဲ့ ရပါတယ်။ အဲဒီရဲဘော်တွေ အတွက် အမြဲဂုဏ်ယူလျက်ရှိပြီး အဲဒီ ရဲဘော်တွေ ကို မွေးဖွား ပေးလိုက်တဲ့ မိဘတွေ အတွက်လည်း ဂုဏ်ယူမိပါတယ်။ 


ထို့အတူ ကျောင်းသားတပ်မတော်သား တယောက်ဖြစ်ရတဲ့အတွက် ကျနော့် ကိုယ် ကျနော် ကျေနပ်မိပါ တယ်။ 


မကဒတ (မြောက်ပိုင်း)မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို သေသေချာချာ ဆန်းစစ်ကြည့်ပါက စနစ်ကြောင့်ဖြစ်ခဲ့ရ တဲ့ ပြဿနာဖြစ်ပါတယ်။ 


ကျနော်တို့က ဒီမိုကရေစီကို ငြိမ်းချမ်းတဲ့နည်းနဲ့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကသာ ဒီမိုကရေစီ ရခဲ့ရင် ဒီအဖြစ်အပျက်တွေလည်း ဖြစ်လာနိုင်စရာမရှိပါ။ စနစ်ကိုယ်က ကျနော်တို့အကြားမှာ တဦးနှင့်တဦး သံသယဖြစ်အောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။ 


စစ်အာဏာရှင်တွေ အုပ်စိုးခဲ့တဲ့ သမိုင်းတလျောက် ကို ပြန်ကြည့်ရင် ထောက်လှမ်းရေး သူလျှိုတွေ ကို နေရာတိုင်း လိုလိုမှာ အသုံးပြုခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ 


ဥပမာ ပြရလျင် - ဦးနေ၀င်းလက်ထက် အရေးပါတဲ့ ဌာနတွေမှာ သူ့ကိုဆန့်ကျင်မှု ပြုလုပ်တာတွေကို သိရှိနိုင်ရန် အတွက် ထောက်လှမ်းရေးကို အသုံးချပြီး ဖြုတ်ထုတ်ရှင်း လုပ်ခဲ့တာတွေရှိခဲ့ပါတယ်။ လူထု အတွင်းမှာလည်း နိုင်ငံရေးစကား ပြောလို့မရအောင် မပြောရဲအောင် အကြောက်တရားဖြင့် လက်မရွံ့ အာဏာပိုင် ယန္တယားကို အသုံးပြုကာ ဖိနှိပ်အုပ်ချူပ်ခဲ့ပါတယ်။ 


တက္ကသိုလ်အတွင်းမှာတောင် ထောက်လှမ်းရေးများ သွတ်သွင်းပြီး ကျောင်းသူ/ သားများ အကြား ဆရာ/မ များ အကြား နိုင်ငံရေး လှူပ်ရှားမှုအခြေအနေများကို စောင့်ကြည့် သတင်းယူခဲ့တာတွေရှိခဲ့ပါတယ်။ ဂျပန်ခေတ် က ကင်ပေတိုင်တွေလို ထောက်လှမ်းရေးတွေကို အထူးလုပ်ပိုင် ခွင့်အာဏာများ ပေးခဲ့ တာဖြစ်ပါတယ်။


နောက် ဥပမာတခုပေးရရင် ၈၈၈၈ လူထုအရေးတော်ပုံအတွင်းမှာပင် ထောင်ကျ ရာဇ၀တ်သားများနှင့် မရှိ ဆင်းရဲသားများကို ငွေပေးပြီး စိတ်ကြွဆေးများထိုးကာ လူထုကို အဆိပ်ခတ်သတ်ခဲ့ပါတယ်။ ထို လုပ်ကြံမှု ကို သတိရကြမယ်ထင်ပါတယ်။ 


စစ်အာဏာရှင်တွေဟာ ၎င်းတို့ကို ဆန့်ကျင် တဲ့ မြေပေါ်မြေအေက် အင်အားစုအားလုံးကို မတူတဲ့နည်းနာ 

တွေ အသုံးပြုပြီး ဖြိုခွဲခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ 


၈၈၈၈ လူထု အရေးတော်ပုံပြီးနောက် မြေပေါ်မှာ သတင်းပေးများအဖြစ်မွေးပြီး လက်နက်ကိုင် အင်အားစု များ အတွင်းကိုတော့ ၎င်းတို့ အမာခံ ထောက်လှမ်းရေးများကို နိုင်ငံရေးတက်ကြွသူများအဖြစ်၎င်း၊ စစ်တပ် မှ လက်နက်ချများအဖြစ်၎င်း၊ ပေါ်တာပြေးများအဖြစ်၎င်း၊ ထောင်ကျပေါ်တာများအဖြစ်၎င်း စသည့် နည်း လမ်း ပေါင်းစုံဖြင့် ချည်းကပ်ပြီး ဖြိုခွဲခဲ့ပါတယ်။ 


မကဒတကလည်း ၎င်းတို့ရဲ့ အဓိကပစ်မှတ်တခု ဖြစ်ခဲ့ပါတယ်။ မကဒတ (မြောက်ပိုင်း)ကိစ္စမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် မိသားစုနှင့်ထပ်တူ ၀မ်းနည်းခြင်းဖြစ်ရပါတယ်။ 


လူသားမဆန်တဲ့ ဆောင်ရွက်မှုများအတွက် ထိုအချိန်က တာဝန်ယူခဲ့သူတွေကို ရှုတ်ချပါတယ်။ ကျနော်တို့ ရင်ထဲမှာ အမြဲရှိနေတဲ့ကိစ္စဖြစ်ပြီး တနေ့နေ့ တချိန်ချိန်မှာ ဖြေရှင်းရမယ်ဆိုတာ ခံယူထားပြီး ဖြစ်ပါတယ်။ အမှန်တရားနှင့်တရားမျှတမှု ဖေါ်ထုတ်ရေးအလုပ်အဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ 


ဒီလို မိမိအ ဖွဲ့အစည်း အတွင်း ဖြစ်ခဲ့တဲ့ကိစ္စနှင့်ပက်သက်ပြီး တရားမျှတမှုအတွက် တာဝန်ယူဆောင်ရွက် တာ ယနေ့အထိ မြန်မာ့သမိုင်းမှာ မကဒတ (ကျောင်းသားတပ်မတော်) တခုဘဲ ရှိပါသေးတယ်။ 


စစ်အစိုးရတဖြစ်လဲ အရပ်ဝတ် အစိုးရအနေဖြင့် ဒီမိုကရေစီရေးကို ဖေါ်ဆောင်နေသော အစိုးရ၊ သန့်ရှင်း 

သော အစိုးရ ဖြစ်ခြင်တယ်ဆိုရင် ယခင် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန် ရှိကြောင်း တရားဝင် လူထုထံ ၀န်ချတောင်း ပန်ခြင်း သို့မဟုတ် ကျူးလွန်ခဲ့သူများကို အရေးယူမှုများ သိုမဟုတ် လွတ်လပ်သော တရားမျှတမှု စုံစမ်းစစ် ဆေးရေးကော်မရှင်မျိုး ဖွဲ့ပြီးဆောင်ရွက်ဘို့လိုပါတယ်။ 


မကဒတ (မြောက်ပိုင်း)ကိစ္စမှာ ကျဆုံးခဲ့သူ တဦးရဲ့ သမီးဖြစ်သူက မြောက်ဥက္ကလာပ ရဲစခန်းမှာ ထို အဖြစ် အပျက် ဖြစ်စဉ်က တာဝန်ရှိခဲ့တဲ့သူတွေကို တရားစွဲခဲ့ တာသိရပါတယ်။ ရဲစခန်းကလည်း ထိုအမှုကို လက်ခံ ခဲ့ပါတယ်။


ကောင်းပါတယ်။ ထိုကဲ့သို့ပင် နအဖလက် ထက်က ဖိနှိပ်ညှင်းပန်းမှုများကို ခံခဲကြရသူများနှင့် အသက် ဆုံးရှုံးခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားများ၊ တိုင်းရင်းသား နယ်မြေ အသီးသီးမှာ နအဖ တပ်တွေ ကျူးလွန် ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ထိုအ ချိန်က တာဝန်ရှိသူတွေကို တရားစွဲဆိုမည်ဆိုပါက လက်ခံပါမည်လား ဆိုတာမေးစရာရှိလာပါတယ်။ 


လက်ခံ ခြင်တဲ့အမှုကို လက်ခံပြီး လက်မခံခြင်တဲ့အမှုကို လက်မခံတဲ့ မျှတမှုမရှိတဲ့ အစိုးရတခုရဲ့ အုပ်ချူပ်မှု 

အောက်မှာ တရားမျှတမှုမရှိတာကို သံသယဖြစ် စရာမလိုပါ။ မကဒတ (မြောက်ပိုင်း)နှင့် ပက်သက်ပြီး မီဒီယာများမှ အမှန်တရား ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ချက်များကို အသိအမှတ်ပြုပါတယ်။ 


ထိုသို့ဆောင်ရွက်ရာမှာ မကဒတ ရဲဘော်ဟောင်းများနှင့်တင် မလုံ လောက်သေးဟု ယူဆပါတယ်။ 


အမှန်တရားကို တကယ်မြတ်နိုးတယ်ဆိုရင် ထိုကိစ္စမှာ အဓိကအခန်းက ကြိုးကိုင်ခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး တာဝန်ယူခဲ့တဲ့ ဦးခင်ညွန့်နှင့် အပေါင်းအပါများကို လည်း မေးဘို့ တိုက်တွန်းလိုပါတယ်။ 



ထို့အပြင် ဦးနေ၀င်း အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ အ ဆက်ဆက် တာဝန်ယူခဲ့တဲ့ စစ် အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုများကိုလည်း ဖော် ထုတ်သင့်ပါတယ်။ မကဒတ အဖြစ်အပျက်က တတိုင်းပြည်လုံးအရေးနဲ့စာရင် အစိတ်အပိုင်း တခုမျှသာ ဖြစ်ပါတယ်။ မကဒတအတွင်းမှာ အခုလို ရက်ရက် စက်စက် အနိုင်ကျင့်မှုများဖြစ်အောင် ဖန်တီးခဲ့သူဟာ စစ်အာဏာရှင်တွေ ဖြစ်ပါတယ်။


ကျနော်တို့ လူ့အဖွဲ့အစည်းကိုက တယောက်နှင့်တယောက် အဆင်မပြေမှုများ ဖြစ်လာရင် ဆွေးနွေး ညှိနှိုင်း အဖြေရှာရေးထက် လက်ရုံးအားကိုး ဖြေရှင်းရေးဖက်ကို တွန်းပို့ကြတာများပါတယ် ဆွေးနွေး ညှိနှိုင်း အဖြေ ရှာရေးကို အလျင်းလုံးဝ စဉ်းစားခြင်းမရှိပါ။ 


ဒါကြောင့်လဲ ပြည်တွင်းစစ် အနှစ် (၆၀) ကျော်ခဲ့တာ ဖြစ်ပါတယ်။ ကြုံတုန်း ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ အဖြစ်အပျက်တခု တင်ပြလိုပါတယ် ကျနော် မူလတန်း ကျောင်းသား ဘ၀ကဖြစ်ပါတယ်။ 


ကျနော့် သူငယ်ချင်း တဦးက သူနဲ့ ရန်ဖြစ်ခဲ့တဲ့ အခြားကျောင်းသား တယောက်နဲ့ ထိုးဘို့ ကျနော့် ကို မြှောက်ပေးပါတယ်။ ကျနော်ကလည်း သူမြှောက်ပေးတာကို လက်ခံပြီး သူနဲ့ ရန်ဖြစ်ခဲ့တဲ့ သူနဲ့ထိုး ပါတယ်။ အဲဒီ ကျောင်းသားက ကျနော့်ထက် ကိုယ်လုံးထွားပြီး အရပ်မြင့်ပါတယ်။ အစ ပထမတော့ သူတပြန် ကိုယ်တပြန်ပါဘဲ ကြာလာတဲ့အခါကျတော့ သူကအပေါ်စီးကနေ ကျနော့်ကို ထိုးပါတော့တယ်။ 


ကျနော့ မျက်နှာလဲ ညိုမဲနေပြီး သွေးနဲ့ဖုန်လူးနေတာကြောင့် ကြည့်လို့မကောင်းတဲ့ အခြေအနေ ရောက်

နေပါတယ်။ သို့သော် ပွဲကမရပ်သေးပါ။ ကျနော်လည်း ကြံရာမရ ဖြစ်နေရင်း နောက်ဆုံးသူ့ရဲ့ ဘယ်ဖက် ရင်အုံ ကို အသားကုန် ကိုက်လိုက်ပါတော့တယ်။ အဲဒီအခါကျမှာသာ ပွဲရပ်ပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြ ပါတော့တယ်။ 



ဆိုလိုချင်တာက ပွဲကြည့်ပရိတ်သတ်ထဲမှာ ကျနော်တို့ထက် ကြီးသူတွေလည်း ပါပါတယ်။ သို့သော် မည်သူမျှ ဖြန်ဖြေ ပေးခြင်းမရှိပဲ ထိုးဘို့သာမြှောက်ပေးပါတယ်။ အဲဒီလိုပတ်ဝန်းကျင်မှာ ကျနော်တို့ကြီးပြင်း ခဲ့ရတာ ဖြစ်တဲ့အတွက် ကျနော်တို့မှာလည်း အတုမြင်အတတ်သင်ဖြစ်ခဲ့ပါတယ်။ 



ကျနော်တို့တိုင်းပြည်ဟာ ပဒေသရဇ် ခေတ်မှာ လည်း အာဏာအတွက် အပြန်အလှန် သတ်ဖြတ်ခဲ့ကြ ပါတယ်။ ၁၈၈၅ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှ လက်အောက်မှာ ကိုလိုနီ လွတ်မြောက်ရေးတိုက်ပွဲ ၆၃ နှစ် စစ်ဖြစ်ခဲ့ပါတယ်။ 


လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ပြည်တွင်းစစ် ၆၄ နှစ် စစ်ဖြစ်နေဆဲပါ။ စုစုပေါင်း ၁၂၇ နှစ် စစ်ဖြစ်နေဆဲ ဖြစ်ပါတယ်။ အဲဒီစစ်ကြီးက ကျနော်တို့အတွက် ဘာတွေများ အကျိုးပြုခဲ့ ပါသလဲ။ ဘယ်လိုရလဒ်ကောင်းတွေ ရခဲ့ပါသလဲ။ အကျိုးပြုခဲ့တာတွေများရှိရင် ကျနော့ကို ဖြေပေးကြပါ။ 


သေချာတာကတော့ အမုန်းတရားတွေ၊ နာကျည်း မှုတွေ၊ ကလဲ့စားချေလိုမှုတွေ ရစ်ပတ်တုတ် နှောင်ခဲ့ပြီး အသက် ခန္ဓာကိုယ်တွေ၊ တိုင်းပြည် သယံဇာတတွေ ဆုံး ရှုံးခဲ့တာဘဲ အဖတ်တင်ပါတယ်။


စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကတော့ ချမ်းသာခဲ့ပါတယ်။ ပြည် တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည် မှာ မွေးဖွားခဲ့တဲ့ လူတယောက်နဲ့ ပြည်တွင်းစစ်မရှိတဲ့ တိုင်းပြည်မှာမွေးဖွားခဲ့တဲ့ လူတယောက် စဉ်းစား 

တွေးခေါ်ပုံခြင်း မတူကြပါဘူး။ 


ကျနော်တို့တတွေဟာ မွေးကတဲက အကြောက်တရားကို အဖေါ်လုပ်ခဲ့ရတာဖြစ်ပါတယ်။ အခု အချိန်မှာ ကျနော်တို့ မျိုးဆက်သစ်တွေကို ဘယ်လိုဖြစ်စေခြင်သလဲ ဆိုတာ စဉ်းစားကြရမဲ့ အချိန်ရောက်နေပါပြီ။


ပဋိပက္ခတွေကို အမွေအဖြစ် ဆက်ပေးခဲ့ကြမလား သို့မဟုတ် အဆုံးသတ် ကြမလား ဆိုတာ လေးလေး နက်နက် စဉ်းစားကြရမှာပါ။ ထို့ကြေင့် ကျနော်တို့ တိုင်းပြည် တကယ်ငြိမ်းချမ်းသင့်ပါပြီ။ လက်ရှိအစိုးရ အနေဖြင့် တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်တယ်ဆိုရင် အရှိတရားကို လက်ခံရမှာ 

ဖြစ်ပါတယ်။ 


အင်အားစုအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာဘို့လိုပါတယ်။ နယ်မြေရှိခြင်း မရှိခြင်း၊ အင်အားရှိခြင်း မရှိခြင်း၊ လက်နက်ကိုင်ခြင်း မကိုင်ခြင်းနှင့် မဆိုင်ပါဘူး။ တိုင်းရင်းသားအင်အားစုတွေနဲ့ အပစ်အခတ် ရပ်စဲရုံနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရ နိုင်ပါဘူး။ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရှိမခြင်း ပြဿနာတွေ ရှိနေအုံး မှာပါဘဲ။ 


တိုင်းပြည်လဲ အဖက်ဖက်က ယိုယွင်း နေအုံးမှာပါဘဲ။ 


ဒါကြောင့် ကျနော်တို့ ကိုယ်တိုင် စိတ်ဓါတ်တွေကို ပြုပြင်ပြီး တဦးနှင့်တဦး အကြားမှာရှိတဲ့ ပဋိပက္ခတွေ ကို ဘေးဖယ်ကာ တိုင်းပြည်ကောင်းကျိုး အတွက် တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုရင် မကဒတ (မြောက်ပိုင်း) ကဲ့သို့သော ကိစ္စရပ်များ ထပ်မံပေါ်ပေါက်ရန် မဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။ 


ဆလိုင်းယောအောင် (မကဒတ) 


၂၉၁၀၂၀၁၂ (၁၀၁၃)