Friday, May 31, 2013

ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှု ဝိုင်းဝန်း ဆန့်ကျင်ကန့်ကွက်ကြပါစို့



ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှု ဝိုင်းဝန်း ဆန့်ကျင်ကန့်ကွက်ကြပါစို့
တူမောင်ညို (၂၀၁၃ ခုနှစ်၊ မေလ ၃၁ ရက် )
မြေပြန့်/တောင်ပေါ်မခွဲ အကြမ်းဖက်၊ မီးရှို့၊ လူသတ်မှုတွေက ဘယ်မှာပဲဖြစ်ဖြစ် တစ်ပုံစံထဲပဲ။ ပစ်မှတ်နဲ့ လုပ်ရပ်က မူဆလင် ဘာသာဝင်များနဲ့ ၄င်းတို့ရဲ့ဘာသာရေးအဆောက်အအုံ၊ အသက်အိုးအိမ် စည်းစိမ်နဲ့ စီးပွားရေးလုပ်ငန်းတွေကို အကြမ်းဖက်ဖျက်ဆီးတာနဲ့ အကြမ်းဖက်သတ်ဖြတ်တာဖြစ်တယ်။
 နိုင်ငံတော်အစိုးရနဲ့အဆင့်ဆင့်အုပ်ချုပ်ရေးပိုင်းက လက်ပိုက်ကြည့်နေတာကလည်း ဘယ်မှာဖြစ်ဖြစ် တစ်ပုံစံထဲပဲ။
ဘာသာရေးနဲ့လူနေအဆောက်အအုံတွေ မီးလောင်ပျက်စီးပြီ၊ လူတွေသေကျေဒဏ်ရကုန်ပြီ စိစိညက်ညက် ကျေလောက်ပြီ ဆိုတော့မှစစ်တပ်နဲ့ရဲကဟန်ရေးပြပြီးမြို့ထဲကင်းလှည့်ထွက်လာပါတော့တယ်။ စိတ်ကြိုက် အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်နိုင်ဖို့အချိန်ပေး ထားတဲ့သဘောဖြစ် ပါတယ်။ ဒီလိုနဲ့လားရှိုးမြို့လည်း ပုဒ်၁၄၄ အောက်ရောက်သွားတယ်။ မြို့ခံလူထုတွေ ကျီးလန့်စာ စားရတဲ့ ဘဝကျ ရောက်သွားကြရတယ်။ မိထ္ထီလာက ပြည်သူတွေလို လားရှိုးကပြည်သူတွေလည်း စိုးရိမ်ပူပန်နေကြရတယ်။
            “ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန်  သွားရောက် နှိမ်နင်းနိုင်ရေး (Rapid Response) စီမံပေးရန်” ဆိုတဲ့ ပြည်ထဲရေးဝန်ကြီးဥက္ကဋ္ဌ အဖြစ်တာဝန်ယူတဲ့ “အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ”  ဘာလုပ် နေသလဲ။
 နိုင်ငံတော်အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်းဟာ အကြမ်းဖက် သမားတွေနဲ့ အကြမ်းဖက်မှုတွေနဲ့ နီးနီးကပ်ကပ်ဆက်စပ်နေတာ ထင်ရှားပါတယ်။ မင်းတို့ပီပီပြင်ပြင် အကြမ်းဖက်သတ်ဖြတ်ဖျက်ဆီးကြစမ်း ငါတို့မျက်စိမှိတ်နေမယ်။ အချိန်ဆွဲထားမယ်ဆိုတဲ့ သဘော ထားနဲ့လက်တွေ့အပြုအမူပဲဖြစ်ပါတယ်။
မေလ ၂၈ ရက်နေ့  ည ၈ နာရီမှ စတင်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သော်လည်း တုတ်ဓါးကိုင် ဆိုင်ကယ်စီးအကြမ်းဖက်သမားများသည် မေလ ၂၉ ရက်နေ့ ညနေပိုင်းအထိ အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှု ၇ ကြိမ် ထပ်မံ လုပ်ဆောင်ခဲ့ကြပါတယ်။ သို့အတွက် လူ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဤအချက်က အကြမ်းဖက်သမားကို တမင်လွှတ် ပေးထားကြောင်းပိုမိုထင်ရှားစေတဲ့ သာဓကဖြစ်ပါတယ်။ အကြမ်းဖက်သမားများဟာ  ပုဒ်မ ၁၄၄ ကို ပမာမထားဘဲ၊ အကြမ်းဖက်ခြင်း ဖြစ်ပြီး၊ အာဏာပိုင်များဘက်က ထိထိရောက်အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း အခိုင်အမာပြသနေတဲ့ သက်သေပြချက်လည်းဖြစ်ပါ တယ်။ ယခုလိုအကြမ်းဖက်မှုတွေကို တိုင်းပြည် အနှံ့အပြား (မြေပြန့်/တောင်ပေါ်)မှာ စစ်ဆင်ရေးတစ်ခုလို တစ်နေရာကနေ တိုက်ရိုက် အမိန့်ပေး ညွန်ကြား လုပ်ဆောင်နေတာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရကိုယ်တိုင်က  မျက်နှာသာပေးထားတဲ့ အကြမ်းဖက်မှုဖြစ်နေတော့ လက်သည်တရားခံပေါ်ဖို့/ ဖော်ထုတ်ဖို့ဆိုတာ မလွယ်ဘူး။ ဖော်ထုတ်တဲ့လူပုဂ္ဂိုလ်/အဖွဲ့အစည်းတွေအတွက် အသက်အန္တရာယ်ရှိပါတယ်။ လားရှိုးမှာသတင်းယူတဲ့ သတင်းထောက်ကို အကြမ်းဖက်သမားတွေက ကင်မရာလုယူပြီး၊ သံဒုတ်နဲ့ရိုက်ခဲ့တယ်မဟုတ်ပါလား။
မိထ္ထီလာမှာနဲ့ပဲခူးတိုင်းထဲက နေရာများမှာ အကြမ်းဖက်လူသတ်မီးရှို့မှုတွေဖြစ်ပွားနေစဉ်က ဖြစ်ရပ်များနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများဘက်က နိုင်ငံရေးအရကာကွယ်ပြောဆိုမှု၊ အရေးတယူပြုမှုတွေကို မတွေ့ခဲ့ရပါဘူး။ မဆိုင်သလို ပေယျလကန်ပြုနေခဲ့ ကြတယ်။
ရှမ်းပြည်နယ်၊လားရှိုးမြို့ပေါ်မှာ အကြမ်းဖက်မှုဖြစ်ပွားလာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ ထူးခြား သောကြေညာချက်ကို ဖတ်ရပါတယ်။ အဆိုပါကြေညာချက်ကို ဖတ်ပြီးနောက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။
  ကြေညာချက်တွင် “ရှမ်းတိုင်းရင်းသားအားလုံး ဤပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းမပြုကြပါရန် ” နှိုးဆော် တိုက်တွန်းထားပါ တယ်။
ယခုပေါ်ပေါက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် “အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ” ဆိုတဲ့ ဖြစ်ရပ်မျိုး၊ ကိစ္စမျိုးပင်ဖြစ် ပါတယ်။ သူတို့အိမ် မီးလောင်တာပဲ ငါတို့အနေသာချည်း ဆိုတဲ့စိတ်မထားသင့်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။
မူဆလင်တွေသေတာပဲ၊ ဗလီမီး လောင်တာပဲ ဒို့နဲ့မဆိုင်ဘူး၊  မြေပြန့်မှာဖြစ်နေတာပဲ။ ဒို့တောင်ပေါ်နဲ့ အနေသာချည်း။ ရှမ်းပြည်နယ်မှာဖြစ်နေတာပဲ။ ရခိုင်ပြည်နယ် မှာဖြစ် နေတာပဲ၊  ဒို့ကရင်ပြည်နယ် မှာဖြစ်နေတာမဟုတ်ဘူး၊ ဒို့ ရန်ကုန်တိုင်းမှာဖြစ်နေတာမဟုတ်ဘူးဆိုပြီး တာဝန်မဲ့/ စိမ်းကားကြရမယ့် ကိစ္စ မဟုတ်ပါဘူး။
ဝိုင်းဝန်းတားဆီးကာကွယ်ကြရမယ့်ကိစ္စဖြစ်ပါတယ်။ မတရားမှုကို လက်ပိုက်ကြည့်နေခြင်း/ မသိကျိုးကျွံပြုနေခြင်းဟာ မတရားမှု ကို အားပေးအားမြှောက်ပြုတဲ့ သဘောဖြစ်ပါတယ်။
အခုဆိုရင်ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုမီးတောက်တွေဟာ မြေပြန့်ကနေ တောင်ပေါ်သို့ ကူးစက်တက်ရောက်လာခဲ့ပြီ။

ဒါ့ကြောင့် ယခုလို “အကြမ်းဖက်၊ မီးရှို့၊ လူသတ်တဲ့ဖြစ်ရပ်များ”ကို တစ်တိုင်းတစ်ပြည်လုံးက လူမျိုးစုံပြည်သူများ တက်တက် ကြွကြွပါဝင်ပြီး ဝိုင်းဝန်းကန့်ကွက်၊ တားဆီးကာကွယ်ကြရပါမယ်။

ပြည်နယ်နှင့်တိုင်းအားလုံးရှိ ဘာသာပေါင်းစုံလူမျိုးပေါင်းစုံပြည်သူများအနေဖြင့် “ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှု ဆန့်ကျင် ကန့်ကွက်ရေးဆန္ဒပြပွဲများ” ကျင်းပကြပါရန်၊  ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံပြည်သူများ သွေးစည်းညီညွတ်ကြပါရန်နှင့် အဆိုပါ ဘာသာ ရေးလူမျိုးရေးအကြမ်းဖက်မှု ဆန်ကျင့် ကန့်ကွက်ရေးဆန္ဒပြပွဲများတွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများလည်း ပူးပေါင်းပါ ဝင်ကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
(Photo – A correspondent for The Associated Press who reached Lashio on Wednesday reported that mobs of young men on motorcycles roamed the city brandishing sticks and metal rods and throwing rocks. One was wearing monk’s robes, The A.P. )

တိုင်းရင်းသား ညီလာခံတွင် ၈ ပြည်ထောင်စုမူ ကိစ္စ ဆွေးနွေးမည် ထက်နိုင်ဇော်

နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် တိုင်းရင်းသားပါတီများ အပါအဝင် မဟာမိတ် ၁၀ ပါတီနှင့် သမ္မတ ဦးသိန်းစိန်တို့ ယမန်နှစ် ဇူလိုင်လအတွင်း တွေ့ဆုံကြစဉ် (ဓာတ်ပုံ – Hmuu Zaw facebook)
လာမည့် ဇွန်လလယ်ပိုင်းတွင် ကျင်းပမည့် ညီနောင် တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်း (NBF) ၏ ရှမ်းပြည်နယ် တောင်ကြီး ညီလာခံတွင် ဖက်ဒရယ်စနစ် ပေါ်ပေါက်ရန်အတွက် ၈ ပြည်ထောင်စုမူကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဧရာဝတီသို့ ပြောသည်။
“ကျနော် မေလ ၃ ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့တော့ ၈ ပြည်ထောင်စုပုံစံ စဉ်းစားသင့်ပြီလို့ ပြောခဲ့တယ်။ တိုင်း ၇ ခုကို ပေါင်းပြီးတော့ ပြည်မပြည်နယ် တခု အဖြစ် သတ်မှတ်ပေးဖို့ပါ” ဟု သူက ဆိုသည်။
၈ ပြည်ထောင်စုမူ ဆိုသည်မှာ ဗမာကိုလည်း တိုင်းရင်းသား အဖြစ် သတ်မှတ်၍ ပြည်နယ် တခုသာပေးရန်နှင့် ယခု ဖွဲ့စည်းပုံဖြစ်သော ပြည်နယ်နှင့်တိုင်း ၁၄ ခု အစား တိုင်းရင်းသား ၈ မျိုးကို အခြေခံ၍ ၈ ပြည်ထောင် စနစ်ကို
ပုံဖော်ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် တိုင်း ၇ တိုင်းနှင့် ပြည်နယ် ၇ ခုဟူ၍ ခွဲခြားထားသော ပုံစံကို ပြန်သုံးသပ် စေချင်ကြောင်း၊ ၈ ပြည်ထောင် စနစ်ကို ပြန်သွားရန် လိုအပ်ပြီး ဗမာသည်လည်း တိုင်းရင်းသားပင် ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ရှင်းပြသည်။
ညီနောင် တိုင်းရင်းသားများ ပါတီ ဖက်ဒရေးရှင်းက ဇွန်လလယ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ တိုင်းရင်းသား အခွင့်အရေးများ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ညီလာခံတရပ် ကျင်းပမည်ဖြစ်ရာ ၈ ပြည်ထောင်မူကို
တင်ပြလာပါက ဆွေးနွေးသွားမည် ဖြစ်ကြောင်း ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ဆလိုင်းကျဲလွဲထောင်းက ပြောသည်။

“အကုန်လုံး ပြည်နယ် ဆိုတာကတော့ အချိန်ယူရမယ်။ ကျနော်တို့က ဘယ်မူကိုမှ တရားသေ ဆုပ်ကိုင်မသွားဘဲနဲ့ တိုင်းရင်းသား အခွင့်အရေး ပြည့်ပြည့်၀၀ ရမယ်ဆိုရင် အကုန်လုံးနဲ့ ပေါင်းလုပ်မယ်” ဟု ၎င်းက ဆိုသည်။
NBF အနေဖြင့် ၈ ပြည်ထောင်မူကို လက်ခံရန် အဆင်သင့် မဖြစ်သေးသော်လည်း ရေရှည်တွင် ယင်းမူကို အကောင် အထည်ဖော်ရန် တိုင်းရင်းသား ခေါင်းဆောင်များက ဆန္ဒရှိနေကြောင်း သိရသည်။
ညီနောင် တိုင်းရင်းသားများ ပါတီ ဖက်ဒရေးရှင်းသည် အမြဲတမ်း အဖွဲ့ဝင် တိုင်းရင်းသား ၇ ပါတီရှိပြီး လေ့လာသူ တိုင်းရင်းသား ၁၃ ပါတီရှိကြောင်း၊ တောင်ကြီး ညီလာခံတွင် အမြဲတန်းအဖွဲ့ဝင် ၁၅ ပါတီအထိ ရှိလာမည်ဟု
ခန့်မှန်းထားကြောင်း ယင်းဖက်ဒရေးရှင်း ခေါင်းဆောင်များက ပြောသည်။

ဖက်ဒရယ်စနစ် ပေါ်ပေါက်ရန် ၈ ပြည်ထောင်မူကို သဘောကျသော်လည်း တိုင်းရင်းသား ခေါင်းဆောင်အားလုံး စားပွဲဝိုင်း ထိုင်၍ သေချာဆွေးနွေးရန် လိုအပ်ရုံသာမက လက်ရှိ နိုင်ငံ့ ခေါင်းဆောင်များကိုပါ သေချာစွာ ရှင်းပြရန် လိုအပ်ကြောင်း ကချင် တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာတူးဂျာက ဆိုသည်။
“မျက်နှာစုံညီ ဆွေးနွေးရမယ်။ အဖြေရှာရမယ်။ ဒီကိစ္စက လောလို့ မရဘူးနော်။ တိုင်းဆိုတဲ့ အသုံးထက် အားလုံးကို ပြည်နယ်အဖြစ် လုပ်ချင်တာက ကောင်းပါတယ်။ အခုအချိန်က လုပ်ရင် စောနေဦးမလား လို့တော့ ထင်တယ်” ဟု သူက ဆက်ပြောသည်။
တိုင်းရင်းသား ခေါင်းဆောင်များ ပြောဆိုနေသော ၈ ပြည်ထောင်စု မူအစား လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင့်သုံးနေသော ဗဟိုချုပ်ကိုင်မှုကို လျှော့၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လုပ်ပိုင်ခွင့် ပိုမို ပေးခြင်းကသာလျှင် လက်တွေ့ကျမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား လွှတ်တော်အမတ် ဦးရဲထွန်းက သုံးသပ်သည်။
လွှတ်တော်တွင် ရေးဆွဲထားသော တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်းကိစ္စကို NBF ၏ တောင်ကြီး ညီလာခံတွင် အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ယင်းဥပဒေကြမ်းသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်ကို ရေးဆွဲရန် တာဝန်ပေးထားသော ဥပဒေကြမ်း ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်ရန် စမ်းကြည့်သည့် သဘောဖြင့် ယခုနှစ် ဇန်န၀ါရီလမှ စတင်ကာ တိုင်းရင်းသား ဒေသများ၏ သယံဇာတ ခွဲဝေမှုနှင့် ပတ်သက်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ တခုကို ပြင်ဆင်နိုင်ရန် လွှတ်တော် အမတ်များ၏ လက်မှတ် လိုက်ယူခြင်းဖြင့် ကြိုးစားခဲ့သေးကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
“ပြည်နယ်တခုရဲ့ လွတ်လပ်ပိုင်ခွင့် အကုန်လုံးကို အလွတ်လပ်နိုင်ဆုံး ပေးသင့်တယ်။ ကိုယ့်ပြည်နယ်ကို ကိုယ်တိုင် အုပ်ချုပ်ပိုင်ခွင့်၊ ကြိုးစားပိုင်ခွင့် ရရမယ်။ ကျနော်တို့ ရှင်သန်ခွင့် လိုချင်တယ်။ ရှင်သန်ခွင့်ဆိုတာ အုပ်ချုပ်ခွင့်တို့၊
ပြဋ္ဌာန်းခွင့် တို့ကို ပြောတာပါ။ ဗဟိုရဲ့ စည်းနှောင်မှုကတော့ ရှိရမှာပေါ့” ဟု သူက ဆိုသည်။

ယခင်က လူမျိုးစု လွှတ်တော်ဟူ၍ ရှိခဲ့ပြီး ယခင် လူမျိုးစုလွှတ်တော်နှင့် ယခု အမျိုးသားလွှတ်တော်က တူကြောင်း၊ အမျိုးသားလွှတ်တော်တွင် တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ၁၂ ဦးကျစီ ပါဝင်ကြောင်း၊ သို့ရာတွင် လွှတ်တော် နှစ်ခု၏
လုပ်ပိုင်ခွင့် တူနေသောကြောင့် လွှတ်တော်နှစ်ရပ် ခွဲထားခြင်းမှာ အဓိပ္ပာယ် မဲ့နေသည်ဟု မြင်ကြောင်း ဒေါက်တာ အေးမောင်က ဆက်ပြောသည်။

“စစ်မှန်တဲ့ ပြည်ထောင်စု ပုံစံ ဖော်နိုင်အောင် အမျိုးသားလွှတ်တော်ကို လူမျိုးစုလွှတ်တော်လို ဖန်တီးပေးရမယ်။ တိုင်း ၇ ခုကို ပေါင်းပြီးတော့ ပြည်မ ပြည်နယ်တခု အဖြစ် သတ်မှတ်ပေးဖို့လိုတယ်” ဟု သူက ရှင်းပြသည်။
နိုင်ငံခြားရေး၊ သံတမန်ရေး၊ ငွေရေးကြေးရေးတို့ကို ပြည်ထောင်စု အစိုးရက တိုက်ရိုက် ချုပ်ကိုင်သင့် သော်လည်း ပြည်နယ်များ အနေဖြင့် ၀န်ထမ်းခန့်အပ်ခွင့်၊ ဋ္ဌာနမျိုးစုံကို စီမံခန့်ခွဲခွင့်နှင့် ပြည်နယ် လုံခြုံရေးကို ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူခွင့် စသည့် အခွင့်အရေးများ ရလိုကြောင်း၊ ပြည်နယ်တွင် အနိုင်ရရှိထားသော သူများက ပါလီမန်တွင် အစိုးရဖွဲ့၍ အရေးကြီးသော ၀န်ကြီး နေရာများ ရယူခွင့် လိုအပ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောဆိုကြသည်။
ဖက်ဒရယ် ၀ါဒသည် ခွဲထွက်ခြင်း မဟုတ်ဘဲ ပေါင်းစည်းခြင်းသာ ဖြစ်ကြောင်း၊ ဖက်ဒရယ်ကို ခွဲထွက်သည်ဟု ယူဆသူများမှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းသူများနှင့် ၎င်းတို့ နောက်လိုက်များ၏ အယူအဆသာ ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဖက်ဒရယ် စနစ် ကျင့်သုံးသော နိုင်ငံများသည် အတူတကွ ပေါင်းစည်းနေကြောင်း၊ ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် ပေးလာသော အခြေအနေပေါ် မူတည်၍ လက်တွေ့ကျကျ ဆောင်ရွက်လိုကြောင်း ချင်းတိုင်းရင်းသား ခေါင်းဆောင်တဦးက
ပြောသည်။

“ကမ္ဘာပေါ်မှာ လူဦးရေ သန်းတရာကျော်တဲ့ နိုင်ငံကြီးတွေ အားလုံး ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေပါတယ်။ ဖက်ဒရယ်ကို ခွဲထွက်တယ်လို့ ပြောတာ နိုင်ငံရေး လုပ်ကြံမှုပါ။ ကျနော်တို့ ဘယ်တုံးကမှ ခွဲထွက်ဖို့ မစဉ်းစားဘူး။ ဖက်ဒရယ် လုပ်ရင် ခွဲထွက်လို့ မရတော့ဘူး။ ဖက်ဒရေးရှင်း မလုပ်တော့ ပြောင်းပြန်အဓိပ္ပာယ် ဖြစ်သွားမယ်” ဟု သူက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲအများစု အနိုင်ရခဲ့ သော်လည်း ပါတီအနေဖြင့် အစိုးရ မဖွဲ့နိုင်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအရ သမ္မတက ၀န်ကြီးချုပ်ကို အဆိုပြု နိုင်သောကြောင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှာ ကြံ့ခိုင်ရေးပါတီမှ ရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင်
ဦးခင်မောင်ကြီးက ပြောသည်။

“၀န်ကြီးချုပ်ကို ပြည်နယ် လွှတ်တော်ကပဲ ရွှေးရမယ်။ ကျနော်တို့က အများစု နိုင်ရဲ့သားနဲ့ နေရာမရဘူး။ State လို့ ခေါ်ပေမယ့် တကယ့် State အဆင့် မရသေးပါဘူး” ဟု သူက ဆိုသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပမည့် NBF ညီလာခံသို့ တိုင်းရင်းသားပါတီ ၂၀ ကျော် တက်ရောက် မည်ဟု စုံစမ်း သိရှိရသည်။

တောင်ဥက္ကလာပမြို့နယ်နေပြည်သူများ၏ဆန္ဒဖော်ထုတ်ပွဲကျင်းပမည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် (၉)ရပ်ကွက်၊
ဝေဇယန္တာလမ်းနှင့်သစ္စာလမ်းထောင့်ရှိမြေကွက်
အများပြည်သူပိုင်/နိုင်ငံတော်ပိုင်မြေနေရာနှင့်ပတ်သက်ပြီး
တောင်ဥက္ကလာပမြို့နယ်နေပြည်သူများ၏ဆန္ဒဖော်ထုတ်ပွဲကျင်းပမည်။


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် (၉)ရပ်ကွက်၊
ဝေဇယန္တာလမ်းနှင့်သစ္စာလမ်းထောင့်ရှိမြေကွက်
အများပြည်သူပိုင်/နိုင်ငံတော်ပိုင်မြေနေရာနှင့်ပတ်သက်ပြီး
တောင်ဥက္ကလာပမြို့နယ်နေပြည်သူများ၏ဆန္ဒဖော်ထုတ်ပွဲကို

(၂.၆.၂၀၁၃)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီတွင်ပြုလုပ်မည်ဖြစ်ပါသည်။
ထိုမြေနေရာကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးဖုန်းမြင့်အောင်မှ

တောင်ဥက္ကလာပမြို့နယ်နေပြည်သူများနှင့်တွေ့ဆုံရှင်းလင်းပွဲကိုလည်း
မြို့နယ်တွင်းရှိ ဓမ္မာရုံ၌ (၂၆.၅.၂၀၁၃)ရက်နေ့၊

နေ့လည်(၁း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုမြေကွက်သည်
တောင်ဥက္ကလာပမြို့စတင်တည်ထောင်စဉ်ကတည်းက

အားကစားကွင်း၊ မီးတားကွင်း၊ စာပေဟောပြောပွဲကွင်း စသည့်မြို့နယ်တွင်းရှိ

ဒေသနေပြည်သူများ၏ပညာရေး၊ကျန်းမာရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရန်အတွက်
ရည်ရွယ်ထားရှိခဲ့ခြင်းဖြစ်ကြောင်း၊
ထိုအများပိုင်မြေနေရာကို ပြည်ခိုင်ဖြိုးအသင်းမှ ၁၉၉၆ခုနှစ်တွင်
အသင်းရုံးအဖြစ်သိမ်းယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၀တွင် အသင်းမှ

နိုင်ငံရေးပါတီအဖြစ်သို့ကူးပြောင်းပြီးနောက် ဆက်လက်အသုံးပြုနေပြီး ယခုအခါ

(၈)ထပ်အဆောက်အဦဆောက်လုပ်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း၊
အနီးဝန်းကျင်ရှိရပ်ကွက်နေပြည်သူများမှ နိုင်ငံတော်သမ္မတဆီအထိ

စာတင်ခဲ့ခြင်း၊ လွှတ်တော်အမတ်ဦးဖုန်းမြင့်အောင်မ
လွှတ်တော်တွင်း၌ထိုကိစ္စကို မေးခွန်းမေးမြန်းခြင်းများပြုလုပ်ခဲ့ပါသော်လည်း

ယခုအချိန်အထိ အကြောင်းမထူးခဲ့ကြောင်း၊ မေးခွန်းကိုလည်း
ဥပေက္ခာပြုထားကြောင်း၊ ယနေ့အချိန်တွင်

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက (၈)ထပ်အဆောက်အဦအတွက်

ဆောက်လုပ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းနှင့် သို့ပါ၍
ဒေသနေပြည်သူတို့မှ

ဆန္ဒဖော်ထုတ်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း တို့ကို
ထိုတွေ့ဆုံရှင်းလင်းပွဲအရ သိရှိရပါသည်။ ၄င်းနေ့ရက်တွင်
မြို့နယ်နေပြည်သူများမှ ယင်းမြေကွက်ကို ယခင်အတိုင်း

အားကစားကွင်းအဖြစ်သာထားရှိစေလိုကြောင်းနှင့်
ရယူသိမ်းပိုက်ထားသည့်နိုင်ငံရေးပါတီအနေဖြင့်လည်း

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဖြင့်ညိစွန်းနေသဖြင့် အရေးယူစေလိုကြောင်း၊
ပြုပြင်ပြောင်းလဲရေးဟုဆိုသော်ငြားလည်း
ပြည်သူများ၏ဆန္ဒကိုလစ်လျူရှုထားကြောင်းနှင့် ၄င်းအပြင်

လွှတ်တော်၏သရုပ်သဏ္ဍာန်မှာလည်း မနှစ်မြို့စရာဖြစ်နေကြောင်း သိရှိရပါသည်။
အသေးစိတ်အချက်အလက်များကို ဦးဖုန်းမြင့်အောင်(ဖုန်း-09-73080969)နှင့်

ဒေါက်တာစောနိုင်(ဖုန်း-09-5033687)တို့သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လူကြီးမင်း၏မီဒီယာတွင် သတင်းဖော်ပြပေးနိုင်ပါရန်
(၂၆.၅.၂၀၁၃)ရက်နေ့တွင်ပြုလုပ်ခဲ့သည့်

ဦးဖုန်းမြင့်အောင်၏ပူးတွဲပါဖိတ်စာနှင့်အတူ ပေးပို့တင်ပြအပ်ပါသည်။

ပြည်သူတစ်ဦး
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် (၉)ရပ်ကွက်၊
ဝေဇယန္တာလမ်းနှင့်သစ္စာလမ်းထောင့်ရှိမြေကွက်
အများပြည်သူပိုင်/နိုင်ငံတော်ပိုင်မြေနေရာနှင့်ပတ်သက်ပြီး
တောင်ဥက္ကလာပမြို့နယ်နေပြည်သူများ၏ဆန္ဒဖော်ထုတ်ပွဲကျင်းပမည်။


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် (၉)ရပ်ကွက်၊
ဝေဇယန္တာလမ်းနှင့်သစ္စာလမ်းထောင့်ရှိမြေကွက်
အများပြည်သူပိုင်/နိုင်ငံတော်ပိုင်မြေနေရာနှင့်ပတ်သက်ပြီး
တောင်ဥက္ကလာပမြို့နယ်နေပြည်သူများ၏ဆန္ဒဖော်ထုတ်ပွဲကို

(၂.၆.၂၀၁၃)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီတွင်ပြုလုပ်မည်ဖြစ်ပါသည်။
ထိုမြေနေရာကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးဖုန်းမြင့်အောင်မှ

တောင်ဥက္ကလာပမြို့နယ်နေပြည်သူများနှင့်တွေ့ဆုံရှင်းလင်းပွဲကိုလည်း
မြို့နယ်တွင်းရှိ ဓမ္မာရုံ၌ (၂၆.၅.၂၀၁၃)ရက်နေ့၊

နေ့လည်(၁း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုမြေကွက်သည်
တောင်ဥက္ကလာပမြို့စတင်တည်ထောင်စဉ်ကတည်းက

အားကစားကွင်း၊ မီးတားကွင်း၊ စာပေဟောပြောပွဲကွင်း စသည့်မြို့နယ်တွင်းရှိ

ဒေသနေပြည်သူများ၏ပညာရေး၊ကျန်းမာရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရန်အတွက်
ရည်ရွယ်ထားရှိခဲ့ခြင်းဖြစ်ကြောင်း၊
ထိုအများပိုင်မြေနေရာကို ပြည်ခိုင်ဖြိုးအသင်းမှ ၁၉၉၆ခုနှစ်တွင်
အသင်းရုံးအဖြစ်သိမ်းယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၀တွင် အသင်းမှ

နိုင်ငံရေးပါတီအဖြစ်သို့ကူးပြောင်းပြီးနောက် ဆက်လက်အသုံးပြုနေပြီး ယခုအခါ

(၈)ထပ်အဆောက်အဦဆောက်လုပ်ရန်စီစဉ်နေခြင်းဖြစ်ကြောင်း၊
အနီးဝန်းကျင်ရှိရပ်ကွက်နေပြည်သူများမှ နိုင်ငံတော်သမ္မတဆီအထိ

စာတင်ခဲ့ခြင်း၊ လွှတ်တော်အမတ်ဦးဖုန်းမြင့်အောင်မှ
လွှတ်တော်တွင်း၌ထိုကိစ္စကို မေးခွန်းမေးမြန်းခြင်းများပြုလုပ်ခဲ့ပါသော်လည်း

ယခုအချိန်အထိ အကြောင်းမထူးခဲ့ကြောင်း၊ မေးခွန်းကိုလည်း
ဥပေက္ခာပြုထားကြောင်း၊ ယနေ့အချိန်တွင်

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက (၈)ထပ်အဆောက်အဦအတွက်

ဆောက်လုပ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းနှင့် သို့ပါ၍
ဒေသနေပြည်သူတို့မှ

ဆန္ဒဖော်ထုတ်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း တို့ကို
ထိုတွေ့ဆုံရှင်းလင်းပွဲအရ သိရှိရပါသည်။ ၄င်းနေ့ရက်တွင်
မြို့နယ်နေပြည်သူများမှ ယင်းမြေကွက်ကို ယခင်အတိုင်း

အားကစားကွင်းအဖြစ်သာထားရှိစေလိုကြောင်းနှင့်
ရယူသိမ်းပိုက်ထားသည့်နိုင်ငံရေးပါတီအနေဖြင့်လည်း

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဖြင့်ညိစွန်းနေသဖြင့် အရေးယူစေလိုကြောင်း၊
ပြုပြင်ပြောင်းလဲရေးဟုဆိုသော်ငြားလည်း
ပြည်သူများ၏ဆန္ဒကိုလစ်လျူရှုထားကြောင်းနှင့် ၄င်းအပြင်

လွှတ်တော်၏သရုပ်သဏ္ဍာန်မှာလည်း မနှစ်မြို့စရာဖြစ်နေကြောင်း သိရှိရပါသည်။
အသေးစိတ်အချက်အလက်များကို ဦးဖုန်းမြင့်အောင်(ဖုန်း-09-73080969)နှင့်

ဒေါက်တာစောနိုင်(ဖုန်း-09-5033687)တို့သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လူကြီးမင်း၏မီဒီယာတွင် သတင်းဖော်ပြပေးနိုင်ပါရန်
(၂၆.၅.၂၀၁၃)ရက်နေ့တွင်ပြုလုပ်ခဲ့သည့်

ဦးဖုန်းမြင့်အောင်၏ပူးတွဲပါဖိတ်စာနှင့်အတူ ပေးပို့တင်ပြအပ်ပါသည်။

ပြည်သူတစ်ဦး

မြန်မာနိုင်ငံတွင် ဆေးလိပ်ကြော်ငြာကုမ္ပဏီ များကို အရေးယူမှု မရှိသေးဟုဆို


..........................................................................................
ရန်ကုန်၊ မေ ၃၁

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို ရောင်းအားမြှင့်တင်ရေး အတွက် အသုံးပြုနေသော ကြော်ငြာများကို ဥပဒေဖြင့် တင်းကျပ်စွာတားမြစ်ထားရန် အကြောင်းကြားထားသော်လည်း မြန်မာနိုင်ငံတွင် ဆေးလိပ်ကြော်ငြာ ကုမ္ပဏီများကို အရေးယူဆောင်ရွက်မည့် အစီအစဉ်မရှိသေးကြောင်း ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (အခြေခံကျန်းမာရေး)က The Voice သို့ပြောကြားသည်။

“လတ်တလော အရေးယူမယ့် အစီအစဉ် မရှိသေးဘူး။ အရင်စည်ပင်သာယာ ဦးစီးဌာန ရှိတုန်းက ဆေးလိပ်ကြော်ငြာခွင့် မပြုဖို့ စာပို့တားမြစ်ထားတာ ရှိဖူးတယ်“ ဟု ၄င်းကထပ်လောင်း ပြောကြားသည်။ သို့သော် နည်းဥပဒေမရှိသည့် အတွက် ထိထိရောက်ရောက် မဆောင် ရွက်နိုင်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး (အခြေခံကျန်းမာရေး) က ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက အခြေခံပညာအဆင့် စာသင်ကျောင်းများတွင် ကောက်ခံထားသော အချက်အလက်များ အရ ကျောင်းသားလူငယ်များ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ပတ်ဝန်းကျင်တွင် ဆေးလိပ်ကြော်ငြာများကို တွေ့မြင်နေပြီး ၉ ရာခိုင်နှုန်းခန့်မှာ ဆေးလိပ်အမှတ် တံဆိပ်ပါသော ပစ္စည်းအသုံးအဆောင်များ ရရှိဖူး၍ ၁၂ ရာခိုင်နှုန်းခန့်မှာ အခမဲ့ ဝေငှသော ဆေးလိပ်များ ရရှိကြသည်။

ထို့အပြင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို ဆေးလိပ်ရောင်းချခြင်း၊ ပေးကမ်းခြင်းနှင့် ဆေးလိပ်ရောင်းချ ဖြန့်ဖြူးရာ၌ စေခိုင်းခြင်း၊ စာသင်ကျောင်း၏ ပေ ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခွင့် မပြုခြင်းတို့ကို ဥပဒေအရ အရေးယူနိုင် သော်လည်း လက်တွေ့ဆောင်ရွက်မှု အားနည်းချက်ကြောင့် လူငယ်များကြား ဆေးလိပ်သောက်သုံးမှုများ ပိုလာကြောင်း ကျန်းမာရေးနှင့် ပညာရေးအသိုင်းအဝိုင်း ထံမှသိရသည်။

“ဆေးလိပ်ထက် ကွမ်းစားတဲ့သူတွေ ပိုများလာတာ တွေ့ရတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး တိုက်ဖျက်ရေး စီမံကိန်းများ ဆောင်ရွက် နေသူ ဆရာဝန်တစ်ဦးက The Voice သို့ ပြောဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဆေးလိပ် သောက်သုံးသူစာရင်း ကောက်ခံထားမှု မရှိသော်လည်း ကွမ်းစားသုံးသူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပိုလာပြီး ကမ္ဘာပေါ်တွင် ဆေးရွက် ကြီးစားသုံးသူ အမြင့်ဆုံးတွင် ပါဝင်လျက် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၊ အရှေ့တောင် အာရှဒေသဆိုင်ရာ ဆေးလိပ်နှင့် ဆေးရွက်ကြီး တိုက်ဖျက်ရေး အကြံပေးအရာရှိ ဒေါက်တာ ညိုညိုကြိုင်က ရှင်းပြသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ဦးဆောင်မှုဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် သဘောတူလက်မှတ် ရေးထိုးထားပြီး ၂၀၀၄ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် အတည်ပြုခံရပြီးနောက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှု ထိန်းချုပ် ရေးဥပဒေကို ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့ တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ကျပ်သိန်း ၂၆၀ ဖောက်ထွင်းမှု ခြောက်နာရီအတွင်းမိ


...........................................................
ပုသိမ်၊ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ဈေးချောင်းလမ်းရှိ နေလ ဆောက်လုပ်ရေးပစ္စည်းဆိုင်မှ မေလ ၂၄ ရက်နေ့က ဖောက်ထွင်းခိုးယူခံရသည့် ကျပ်သိန်း ၂၆၀ ကို စတင်တိုင်ကြားချိန်မှ ခြောက်နာရီအကြာတွင် ပြန်လည်ဖမ်းဆီး ရမိကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

လွန်ခဲ့သော ရှစ်လခန့်က ယင်းဆိုင်တွင် အလုပ်လုပ်ဖူးသည့် အသက် ၂၀ အရွယ် လပြည့်(ခ) ပါစီကွေးက မေလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင် မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် ယင်းဆိုင်နံဘေးရှိ ရေပိုက်မှတွယ်တက်ကာ လေသာဆောင် ပြတင်းပေါက်ကိုဖျက်၍ ကျပ်သိန်း ၂၆၀ ရှိ ငွေအိတ်ကိုယူသွားခြင်းဖြစ်ကြောင်း အသည်ကြီး ရဲစခန်းစစ်ချက်များအရ သိရသည်။

ဆိုင်ရှင်လာရောက် တိုင်ကြားသည်မှာ မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့် ဖြစ်ပြီး ငွေထုပ်သယ်ယူသွားသူကို ပုသိမ်-ငပုတော-စဥ့်ကူးကြီးသွား ရေယာဉ်ပေါ်တွင် ယင်းနေ့မွန်းတည့် ၁၂ နာရီခန့်က ဖမ်းဆီးရမိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ရန်နိုင်လတ် က ပြောကြားသည်။

သင်္ဘောပေါ်တွင် ဖမ်းမိစဉ် လပြည့် (ခ) ပါစီကွေးထံတွင် ပီနံအိတ်ဖြင့်ထည့်ထား သော ကျပ် ၂၅၈ သိန်းနှင့် ၎င်း၏ဇနီးထံမှ ကျပ်တစ်သိန်းရှစ်သောင်း ပြန်လည်သိမ်း ဆည်းရမိသည့်အတွက် လပြည့်(ခ) ပါစီကွေး ကို ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ဇနီးဖြစ် သူကိုလည်း ပူးပေါင်းကြံစည်မှုဖြင့် အရေးယူ မည်ဖြစ်ကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းအမှုကို အမြန်ဆုံး ဖော်ထုတ်နိုင်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များကို ဆုငွေ ကျပ်ငါးသိန်းနှင့် ရဲတပ်ဖွဲ့စခန်းတွင် အသုံးပြုရန် ကွန်ပျူတာနှင့် ပရင်တာတစ်စုံ လှူဒါန်းခဲ့ကြောင်း နေလ ဆောက်လုပ်ရေးပစ္စည်းဆိုင် လုပ်ငန်းရှင် ဦးထွန်းထွန်းက ပြောကြားသည်။

တန်ဖိုးကြီးအမှုများ ပေါ်ပေါက်သည့် အတွက် ဝမ်းသာသော်လည်း ခြံဝင်းအတွင်း ရပ်ထားသည့် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုမျိုး ကဲ့သို့ အမှုများကိုလည်း ပေါ်ပေါက်ရန် ဆောင်ရွက်စေ လိုကြောင်း ဆိုင်ကယ် ပျောက်ဆုံး၍ အမှတ်(၁)ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားသူ အမှတ်(၅)ရပ်ကွက်မှ ဦးမျိုးမြင့် က အကြံပြုသည်။

လားရှိုးပဋိပက္ခမှု များတွင် ပါဝင်သူများကို အရေးယူပေးရန် အစ္စလာမ်အဖွဲ့များ တောင်းဆို


.....................................................................................
ရန်ကုန်၊ မေ ၃၁

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ဖြစ်ပွားစေရန် လှုံ့ဆော်သူများ၊ အကြမ်းဖက်ကျူးလွန်သူများနှင့် တာဝန်လစ်ဟင်းသူနှင့် တာဝန်မဲ့သူများ အားလုံးကိုမခွဲခြားဘဲ အရေးယူရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ထံ တောင်းဆိုကြောင်း အဖွဲ့ ၁၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် ကွန်ရက်ပေါင်းစု (Unity for Peace Networks) က မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါသဘောထား ထုတ်ပြန်ချက်တွင် မူးယစ်ဆေးစွဲ စိတ်ဝေဒနာရှင်တစ်ဦးက အမျိုးသမီး တစ်ဦးကို မီးရှို့မှုအပေါ် ရှုတ်ချကြောင်း ပြစ်မှုကျူးလွန်သူကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူပါရန်နှင့် ယင်းရာဇဝတ်မှုကို အခွင့်ကောင်းယူကာ ဗလီ ဝတ်ကျောင်းတော်များနှင့် မိဘမဲ့ စာသင်ကျောင်းများ မီးရှို့ဖျက်ဆီးပြီး ဘာသာရေး ပဋိပက္ခ အသွင်ဆောင်ကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပျက်ပြားစေသော လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အပါအဝင် အချက် ၁၀ ချက် ပါဝင်သည်။

လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်က အမျိုးသမီး တစ်ဦးကို ဘာသာမတူသူ အမျိုးသားတစ်ဦးက ဓာတ်ဆီပက် မီးရှို့ ခဲ့ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းပဋိပက္ခမှုများတွင် ပါဝင်ပတ်သက်သူဟု ယူဆရသူ ၃၉ ဦးကို ဖမ်းဆီး ထားပြီးဖြစ်ကြောင်း လားရှိုးမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ပဋိပက္ခမှုများကြောင့် အစ္စလာမ် ဘာသာဝင်များကို မေလ ၂၉ ရက်နေ့မှ စတင်ကာ မန်ဆူရှမ်းကျောင်း ပရဟိတ စာသင်တိုက်သို့ လုံခြုံရေး အကူအညီဖြင့် ပို့ဆောင်ခဲ့ရာ အစ္စလာမ်ဘာသာဝင် ၆၀၀ ကျော် အပါအဝင် စုစုပေါင်းဒုက္ခသည် ၁၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ယင်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးပုညက မိန့်ကြားသည်။

ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လားရှိုးမြို့တွင် ဖြစ်ပွားနေသည့် ဆူပူအကြမ်းဖက်မှုများမှာ မေလ ၃၀ ရက် နေ့မှ စတင်ကာ ပုံမှန်အခြေအနေကို
ပြန်လည်ရောက်ရှိနေပြီဟု ဒေသအာဏာပိုင် များထံမှ သိရှိရသည်။

ဘယ်သူတက်တက် တပ်မတော်သား ဆိုတာ အမိန့် နာခံတယ်


ဧရာဝတီ

ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် အစိုးရ တာဝန်ရှိသူများတို့ ကချင်ပြည်နယ် မြစ်ကြီးနားတွင် မေ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးတွင် ယင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးအား ဧရာဝတီ သတင်းထောက် ရွှေစင်နှင့် မေခတို့က သီးသန့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့သည်။ ထိုသို့ မေးမြန်းခွင့်ရခြင်းသည့် နှစ်ပေါင်း များစွာအတွင်း တပ်မတော် အရာရှိကြီး တဦးက မီဒီယာသို့ ပထမဆုံးအကြိမ် ပွင့်လင်းစွာ တွေ့မေးခွင့် ပြုခြင်း ဖြစ်သည်။ ယင်း တွေ့ဆုံမေးမြန်းခန်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် တပ်မတော်၏ အခန်းကဏ္ဍ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာပါက တပ်မတော်က မည်သို့ ရပ်တည်မည်၊ တပ်မတော် စီးပွားရေးနှင့် စီးပွားရေး ဦးပိုင် ကျောထောက်နောက်ခံ ပြုမှု အစရှိသည်များကို ပွင့်လင်းစွာ ဖြေကြားသွားပါသည်။

မေး။ ။ကချင်ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး တပ်မတော်က ဘယ်လိုအခန်း ကဏ္ဍတွေကနေ ထပ်မံ ပါဝင်သွာဦးမလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးက ပြီးသွားပြီလေ။ ဆက်လက် ပါဝင်ဖို့ဆို တပ်မတော် တာဝန်က နိုင်ငံကို ကာကွယ်ရေး တာဝန်လေ၊ ကာကွယ်ရေးတာဝန် ထမ်းဆောင်ရေးနဲ့ တခုကတော့ လေ့ကျင့်ရေး တာဝန်ပေါ့။ နောက် ပြည်သူ့အကျိုးပြု တာဝန်တွေ ဆက်လုပ်သွားမယ်။ ဒီမှာ ပြည်သူ့ အကျိုးပြု တာဝန်တွေ လုပ်တာမှာ ကချင်ပြည်နယ်ကလည်း ကိုယ့်တိုင်းရင်းသားတွေ ပြည်သူလူထုပဲ။ ဒီတော့ ဒုက္ခသည်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးထားတာလည်း ရှိတယ်။ သူတို့အတွက် လယ်တွေ ပေးဖို့ရှိတယ်။ ဒီမှာ တပ်မတော်သားတွေ ကနေ လိုအပ်ရင် ၀ိုင်းပြီး ထွန်ယက် လုပ်ဆောင်ပေးမယ်။ တပ်မတော်က ဘယ်အခန်းက ပါမလဲဆိုရင် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်တွေ ရပ်သွားပြီဆိုရင်တော့ ပြည်သူ့ အကျိုးပြုတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ။ KIO အဖွဲ့နဲ့လည်း ဒုက္ခသည်တွေကို ဘာတွေပြန် လုပ်ပေးမလဲဆိုတာ တပ်မတော်ဘက်က လုပ်ပေးနိုင်တာကို ပြောခဲ့တယ်။

မေး။ ။ ခေတ်ကာလ တခုမှာ တပ်မတော် ရပ်တည်မှုက ပြည်သူတွေအမြင်မှာ အားကိုးဖို့ထက် ကြောက်ရွံ့စရာ တခုလို့ မြင်တာတွေ ရှိနေခဲ့တဲ့အပေါ် အားကိုးထိုက်တဲ့ တပ်မတော်ဖြစ်ဖို့ ဘယ်လိုပြန်လည် လုပ်ဆောင်သွားမလဲ သိချင်ပါတယ်။

ဖြေ။ ။ အရင်တုန်းကတော့ တပ်မတော်ဟာ အုပ်ချုပ်တဲ့အစိုးရ။ အစိုးရနဲ့ ပြည်သူဆိုတာက ပြည်သူအမြင်မှာ အစိုးရဆိုတာ ၁၀၀ ရာခိုင်နှုန်း မကောင်းနိုင်ဘူး။ အဲဒီလိုဆိုတော့ တပ်မတော် အပေါ်လည်း ဘယ်လိုမှ ကောင်းစရာ အကြောင်းမရှိဘူး။ ဘယ်လို ကောင်းအောင် လုပ်လုပ် အဆိုးမြင်တာလည်း ရှိတယ်၊ အကောင်းမြင်တာလည်း ရှိတယ်။ အခုက တပ်မတော်က အုပ်ချုပ်တဲ့ အစိုးရထဲမှာ မပါဘူး၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် တခုပဲပါတယ်။ အခုဆို မိတ္ထီလာမှာ ဖြစ်တဲ့ ပဋိပက္ခ တွေမှာဆို တပ်မတော်က အရင်ဆုံး အုပ်ချုပ်မှု ကိစ္စတွေ ဆောင်ရွက်ပေးရတယ်။ ငလျင်လှုပ်တုန်းကလည်း ဒီလိုပဲ။ ကိုယ်တိုင် သွား တာဝန်ယူရတယ်။ အဲဒီမှာဆို အမျိုးသမီးတွေ ထိုင်ကန်တော့တာတွေရှိတယ်။ ကြွားပြောတာမဟုတ်ဘူး။ တပ်မတော် ရောက်လို့ သူတို့တွေရဲ့ပစ္စည်းတွေ မပျက်ခဲ့ဘူးဆိုပြီး ကန်တော့လာခဲ့တာတွေ ရှိတယ်။ အဲဒါဘာလဲဆိုရင် ခေတ်စနစ်ရဲ့ ဒီနေ့ စနစ်မှာ တပ်မတော်သည် ဘယ်အခန်းက ပါသလဲပေါ့၊ စဉ်းစားကြည့်လို့ ရပါတယ်။ ပြည်သူနဲ့ တသားတည်းရှိပြီး တသားတည်း ဖြစ်အောင် ကြိုးစားနေတာပေါ့လေ။ ပြောင်းလဲတယ်ဆိုတာ ဒါပဲ။ ပြည်သူတွေ အရေးကို တပ်မတော်က ကြိုးစား ဆောင်ရွက် နေတယ်။ ဒီကနေ့ တပ်မတော်ဟာ ဒီတိုင်းပဲ ဆောင်ရွက်နေပါတယ်။ ကချင်ငြိမ်းချမ်းရေးမှာ ဆိုလည်း ဒီအတိုင်းပဲ။ KIO အဖွဲ့နဲ့ ကိုယ်တို့တွေ ဆွေးနွေးတယ်။ တပ်မတော်အနေနဲ့ ဘယ်လောက်အထိ ဆောင်ရွက်လာသလဲ ဆိုတာကို သူတို့ ယုံကြည်တယ်။

ဒီနေ့ပြောတယ်၊ အပစ်အခတ် ရပ်စဲရေး၊ ပါးစပ်ကပြောနေတယ်။ အရင်တုန်းကလည်း ပြောနေတာပဲ ပြောကြမယ်။ သူတို့ မယုံရင် ဘယ်လို ဖြစ်လာမှာလဲ။ ပြောင်းလဲလာတဲ့ တပ်မတော် အနေအထားအပေါ်မှာ သူတို့ ယုံကြည်လာတယ်။ အလားတူပဲ ကျန်တဲ့ ပြည်သူတွေလည်း ဒီအပေါ်မှာ ကိုယ်တို့အပေါ် ယုံကြည်မှုတွေ အထိုက်အလျောက် ရမယ် ထင်ပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ပြောင်းလဲမှုတွေကို တချို့ ပြည်သူလူထုက လက်ခံလာတာတွေ ရှိတယ်။ လက်မခံနိုင် သေးတာလည်း ရှိတယ်။ သို့သော်လည်းပဲ အရင်တုန်းက န၀တထက် စာရင်တော့ တပ်မတော်ကို ပြည်သူတွေ ယုံကြည် အားကိုးမှု ပိုလာတယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ ပြည်သူတွေနဲ့ ပတ်သတ်ပြီး တချိန်က တပ်မတော်ဘက်က သိမ်းယူထားခဲ့တဲ့ မြေတွေကို ပြန်ပေးမယ် ဆိုတဲ့ ကိစ္စကကော ဘယ်လိုအခြေအနေ ရှိပြီလဲ။ ဘယ်တော့လောက် ပြန်ပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ဒီကိစ္စကတော့ ကိုယ်က စစ်ဆင်ရေးပဲ တာဝန်ယူရတာပေါ့။ စစ်ရေး၊ စစ်ထောက်၊ စစ်ဦးစီး ဆိုတာ ကိုယ်တို့ တပ်မတော်မှာ ရှိပါတယ်။ ဒီကိစ္စက စစ်ထောက်ပိုင်းက တာဝန်ယူရမှာပေါ့။ အသေးစိတ်တော့ သေချာမသိဘူးပေါ့။ သို့သော်လည်းပဲ တပ်မတော် ဆိုတာက ပြည်သူတွေ ဒုက္ခရောက်အောင် ဘာတခုမှ မလုပ်ရဘူး။ ဒါတွေကိုလည်း ဆက်လက် ဆောင်ရွက်နေမယ်။ ကိုယ်ထင်ပါ တယ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒကလည်း ပြည်သူ့အကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက်ပေးမယ် ထင်ပါတယ်။

မေး။ ။ လက်ရှိ တပ်မတော်က ပြောင်းလဲနေပြီလို့ ပြောနေပြီ။ ငြိမ်းချမ်းရေးတွေလည်း ၁၀ ဖွဲ့နဲ့ လုပ်ဆောင်ပြီး နေပြီ ဆိုပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်နေရတာတွေ ရှိတယ်နော်။ ဒီအပေါ်မှာ စစ်ဆင်ရေး တာဝန်ယူထားသူ တဦးအနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒါတွေက လုပ်ပြီး ယူနေတာလား၊ တကယ်ဖြစ်တာလား ဆိုတာ သိကြမယ်ထင်ပါတယ်။ တခုပဲ သူတို့က ကိုယ်တို့အပေါ်မှာ ယုံကြည်ရင်တော့ ဘာမှ ဖြစ်လာစရာမရှိဘူး။ မယုံကြည်ရင်တော့ ဖြစ်မှာပဲ။ ယုံကြည်တယ် မယုံကြည်ဘူး ဆိုတာတော့ စဉ်းစားကြည့်လေ။ တခုပဲ ဥပမာ ပေးချင်တယ်၊ နီးနီးနားနားဆို KIO နဲ့ တပ်မတော်ဟာ နားလည်မှု တခု ရလာလို့ ဒီနေ့လို အခြေအနေအထိ ရောက်လာတာပါ။ ဒါကြောင့်မို့ တပ်မတော်က ပြီးပြီးရော ပြောတာပဲ၊ ပြီးရင် ဒုံရင်းအတိုင်း ပြန်ဖြစ်မှာပဲ ဆိုတာက မရှိဘူး။ ဒီမှာ မီဒီယာ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ရွှေလီ KIO ဆွေးနွေးပွဲမှာ တပ်မတော်နဲ့ KIO ဆွေးနွေးပွဲဟာ အလှမ်းကွာဝေးဆဲလို့ ရေးကြတယ်။ တပ်မတော်နဲ့တော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး။ ဒီနေ့ဖြစ်လာပြီ။ တပ်မတော်က အပြောထက် အလုပ်နဲ့ သက်သေပြလာပြီ။ ဘာပဲပြောပြော ယုံကြည်မှုပါပဲ။ သူတို့ ယုံကြည်မှုတွေ ပေါ်မှာပဲ မူတည်ပါတယ်။ တယောက်နဲ့ တယောက် ယုံကြည်မှု ရှိရင် ဘာမှဖြစ်မလာနိုင်စရာ မရှိပါဘူး။

မေး။ ။ လက်ရှိ KIO ဆွေးနွေးပွဲ ရလဒ်က တပ်မတော်ဘက်က တကယ်ပဲ စိတ်ထဲကပါပါ လုပ်ဆောင် လာခဲ့တာလား၊ တပ်မတော်က အလျှော့ပေးခဲ့တာ များလား။

ဖြေ။ ။ အခုက ဘယ်သူက အလျှော့ပေးတယ်၊ ဘယ်သူက လျှော့လိုက်တယ် ဆိုတာ မရှိပါဘူး။ တပ်မတော် ကလည်း လျှော့ပေးတာ မဟုတ်သလို KIO ဘက်ကလည်း လျှော့ပေးခဲ့တာမျိုး မဟုတ်ပါဘူး။ တခုပဲရှိတယ်၊ နားလည်မှု ဆိုတာပဲ ရှိပါတယ်။ နောက် တခုကတော့ အပြန်အလှန် လေးစားမှုပဲ။ အကုန်လုံး သိနိုင်ပါတယ်။ လုပ်ယူပြီး ဆောင်ရွက်ခဲ့တာ မရှိပါဘူး။

မေး။ ။ ဗိုလ်ချုပ်ဂွမ်မော်က ကချင်ပြည်သူတွေနဲ့ တွေ့တာမှာ တချိန်မှာ KIO ဟာလည်း ကချင်ကို ကာကွယ်တဲ့ တပ်တခု ဖြစ်လို့ နိုင်ငံကို ကာကွယ်နေတဲ့ တပ်မတော်မှာ ပါဝင်နိုင်ဖို့ တောင်းဆို သွားမယ်ပြောတယ်။ ဒီမှာ တိုင်းရင်းသား တပ်မတော်က ၁၁ ဖွဲ့တောင် ရှိတော့ ပူးပေါင်းမယ်ဆို လက်ရှိ တပ်မတော်က လက်ခံမှာလား။

ဖြေ။ ။ ဟုတ်ပြီ။ တခုက ဗမာဆိုတာ မရှိဘူး။ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကယား အကုန် တိုင်းရင်းသားစုံ အတူတူ နေထိုင်တာ မြန်မာပြည်။ တပ်မတော်ဆိုတာ ဖွဲ့စည်းပုံ အခြေခံမှာဆိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လုပ်ရမှာက လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တစုတဝေးတည်း ရှိရမယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ ဒါတွေလည်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် လက်အောက်မှာပဲ ရှိရမယ်။ အဲဒါ ဖွဲ့စည်းပုံ အခြေခံမှာ အတိအလင်း ပြောထားပြီးသားပဲ။ အဲဒီလို ပြောလို့ ဗမာ့ တပ်မတော်က နယ်မြေအသီးသီးကို လွှမ်းမိုးချုပ်ကိုင် ထားမယ်။အဲဒီလို မဟုတ်ဘူး။ အဲဒါတွေက နားလည်မှု ရှိဖို့လိုတယ်။

မေး။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်မတော်သား ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့အပေါ်၊ ဒီဖွဲ့စည်းပုံဟာ တပ်မတော်အတွက်ပဲ ရည်ရွယ်ဆွဲထားတယ်လို့ ပြောကြတဲ့အပေါ် တပ်မတော်သား တဦး အနေနဲ့ ဘာများပြောချင်မလဲ။

ဖြေ။ ။ အဲဒါကတော့ အမေရိကန်မှာ နိုင်ငံတော် သမ္မတကြီး ဖြေသွားတာရှိပါတယ်။ အဲဒီအတိုင်းပါပဲ။ သမိုင်း အစဉ်အလာ အရပေါ့။ နိုင်ငံရေး အစဉ်အလာမှာ ပါဖို့ ကိုယ့်ကို ၀န်ကြီးလုပ်ပါလားမေးရင် ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်မလုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က တပ်မတော်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန် ထမ်းဆောင်နေတာမှာ ၀န်ကြီးလုပ်စရာ အကြောင်းမရှိဘူး။ ဆိုတာကတော့၊ လူတိုင်းကတော့ သူရာထူး အဆင့်နဲ့ သူ့ဘာသာရှိပါတယ်။ လူတွေ စိုးရိမ်နေကြသလို တပ်မတော်က လိုက်ပြီး ရာထူးတွေ ယူနေကြတယ်။ အဲဒီလို မရှိပါဘူး။ တချို့နေရာတွေမှာ တန်ရာတန်ရာ ပေးတာတွေတော့ ရှိတာပေါ့လေ။ ဝေါဟာရလည်း ရှိပါတယ်။ လူဆိုတာ တန်ရာတန်ရာ ဖြစ်တယ်ဆိုတာ၊ ဒီလို တန်ရာတန်ရာ ဖြစ်ကောင်း ဖြစ်မှာပေါ့။ အဲဒါနဲ့ ပတ်သတ်လို့ လွှတ်တော်မှာ တပ်က ၅၀ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်းပါတယ် ဒီလိုဆိုပြီး ပြဿနာတွေလည်း မရှိပါဘူး။ တပ်မတော်သား တွေကလည်း ဒီလွှတ်တော်မှာ မပါရလို့ ဘာဖြစ်မလဲ၊ ဘာမှမဖြစ်ပါဘူး။ သို့သော်လည်းပဲ နိုင်ငံလိုအပ်ချက် အရ ဖွဲ့စည်းပုံက ရေးဆွဲထားတဲ့ အပေါ်မှာ တို့တွေက ဘာငြင်းလို့ရမလဲ။ မပါလို့ကော တပ်မတော်က ဘာများပြောစရာ ရှိလာမှာလဲ။ No Problem ကိစ္စပါ။

မေး။ ။ တပ်မတော်ဟာ ဖွဲ့စည်းပုံမှာ အခုလို နေရာရနေတဲ့ အပေါ် တချိန်ချိန် အာဏာပြန်ရယူ နိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်နေကြတဲ့အပေါ် ဘာများပြောချင်မလဲ။

ဖြေ။ ။ တခုက ကိုယ်ကိုယ်တိုင် ဒီထဲကို ဘွဲ့ရပြီးမှ ၀င်ခဲ့တာပါ။ အရေးအခင်းတွေ အကုန် ကိုယ်မီပါတယ်။ ဦးသန့်တို့၊ ဇွန် ၆ တို့ ကောင်းကောင်း မီခဲ့တာပေါ့။ မှိုင်းရာပြည့်တို့ ကြုံခဲ့တယ်။ တပ်မတော်ဟာ ခေတ်စနစ်အရ ပြောင်းလာတာ။ ကိုယ်လည်း မ၀တ လုပ်လာခဲ့ဖူးတယ်။ တပ်မတော်ဟာ ခေတ်စနစ်အရ ပါဝင်ရတာပဲ။ ဒီနေ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေးလို့ ပြဌာန်းထားတယ်။ ပြည်သူရွေးတဲ့ အဆိုက ပေါ်လာပြီ။ အဲဒီအပေါ်မှာ တပ်မတော်သား တွေက ဘာများ စထူးပြီး မက်မောတွယ်တာ စရာများ ရှိနေမှာလဲ။ ဒါက ဘာမှပြဿနာ မရှိဘူး။ တချို့ ထင်မယ်၊ နေရာယူတယ်တို့၊ တပ်မတော်သား တွေက မိုးကျရွှေကိုယ်တို့၊ ဒါတွေက တခေတ်တခါကတော့ ဟုတ်ကောင်းဟုတ်မှာပေါ့။ ဒီနေ့ခေတ်မှာ တချို့ အပိုင်းတွေက ခေတ်စနစ်အရ ပြောင်းလဲသွားပြီဆိုတာ ဧရာဝတီကနေလည်း ပြောချင်တယ်။ ဒါက ဘာပြဿနာ ကြီးကြီးမားမားမှ မဟုတ်ဘူးလို့။

ရှင်းရှင်းပြောရရင် ကိုယ်လည်း တက္ကသိုလ် ကျောင်းသား ဘ၀ပြီးမှ တပ်ထဲ ရောက်တာ။ စစ်တပ်ကို မုန်းတဲ့အထဲမှာ ကိုယ်လည်း ပါတယ်။ ဦးသန့် အရေးအခင်း တုန်းကဆို ကိုယ်ပါခဲ့တယ်။ အဲဒီတုန်းကဆို တပ်မတော်သားတွေဆို တအား မုန်းတယ်။ ဒါပေမယ့် အခြေအနေတခု အရ တပ်ထဲရောက်တယ်။ တပ်ထဲ ရောက်တော့ အထက်က ပေးတဲ့ အမိန့်အတိုင်း ဆောင်ရွက်ရတယ်။ တာဝန်ပေးလို့ လုပ်ရတာပေါ့လေ။ ဒါကြောင့် ခေတ်စနစ် အနေအထားကြောင့် တပ်မတော် ဆိုတာလည်း ပြောင်းလဲသွားတာပါပဲ။ ဘယ်သူတွေ ဘာတွေ မဟုတ်ပါဘူး။ ဒီမှာဆို ဒေါ်ဒွဲဘူတို့ ပြောတယ်၊ အရင်က တပ်မတော်သားဆို ကြောက်တယ်တဲ့၊ တကယ် ပေါင်းကြည့်တော့ တပ်မတော်သားတွေက ခင်စရာကောင်း တယ်တဲ့။ ဒီလိုပါပဲ။ တချို့လည်း မောက်မာတာတွေ ရှိတာပဲ။ အားလုံး အတူတူတော့ မဟုတ်ပါဘူး။ သိမ်းကြုံး ပြောလို့တော့ မရဘူးလေ။ တချို့က အတ္တကြီး အယူကြီးတဲ့ လူတွေရှိခဲ့မှာပဲ။ ဒါနဲ့ တပ်မတော်ဆိုတာ အတူတူပဲ လို့တော့ ပြောလို့ မရဘူးပေါ့။

မေး။ ။ လက်ရှိ တော်တော်များများက သမ္မတကြီးက စစ်မဖြစ်ဖို့ ပြောချိန်မှာ တပ်မတော်ဘက်က စစ်ရေး အရှိန်တွေ မလျှော့ဘဲ ရှိနေတာ တပ်မတော်က သမ္မတကြီး အထက်မှာရှိနေလို့ မလွန်ဆန်နိုင်တာလို့ ပြောနေကြတဲ့အပေါ် ဘယ်လိုများ ပြောချင်ပါသလဲ။

ဖြေ။ ။ သမ္မတကြီးက ၂၀၁၂ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အမိန့်ထုတ်တယ်။ ခုခံစစ်မှလွဲပြီး စစ်မထိုးရပေါ့။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်တယ်။ ဒါက အယူအဆ အမျိုးမျိုးပေါ့။ တပ်မတော်မှာ တပ်မတော် စစ်ဦးစီးချုပ်ဟာ အမိန့် မနာခံတတ်ဘဲတော့ ဒီလိုနေရာမှာ ရောက်မလာနိုင်ဘူး။ အနည်းဆုံး ရှေ့ကြည့်၊ သတိ၊ သက်သာ၊ အေးစေ ဆိုတာမရှိဘဲနဲ့ တပ်မှာ နေလို့မရဘူး။ တပ်မတော်မှာ မတထောင်သားတွေ ပေါင်းထားတာ။ ဥပမာ မနက်ဖြန် ဗိုလ်ချုပ်ဂွမ်မော် ပြန်မှာ ကိုယ်တို့က လုံခြုံရေး လုပ်ခိုင်းပြီ။ ဒီမှာဆို လမ်းမှာ မသင်္ကာစရာ တွေ့ပြီ၊ ပစ်မယ်လေ။ သူ့တာဝန်ပဲ။ မသင်္ကာစရာ လူက KIO ဆို ဟိုကလည်း ပြန်ပစ်ပြီ။ ဒီမှာဆို တဘက် တဘက် တိုက်ပွဲမဖြစ်ဘူးလား၊ ဖြစ်ပြီပေါ့။ ဒီမှာ ရည်ရွယ်ချက်က ဘာလဲ၊ ခိုင်းလို့လား။ အခြေအနေ အရလား၊ ဖြေ။ ဒီလိုတွေဖြစ်တာ တပ်မတော်နဲ့ သူတို့ နားလည်မှုတွေ မရှိသေးလို့ပါ။ ယုံကြည်မှု ရှိလာရင် ဘာမှဖြစ်လာစရာ မရှိဘူး။ ဒီလိုဆိုတော့ ယုံကြည်မှုတွေ တည်ဆောက်ပြီးပြီ၊ ထပ်မဖြစ်ဖို့ အာမခံနိုင်လား ထပ်မေးရင်တော့ အာမမခံ နိုင်သေးဘူး။ တချို့ဟာတွေမှာ နားလည်မှု လွဲနိုင်စရာတွေ ရှိသေးတယ်။ နားလည်မှု လွဲစရာတွေ ဖြစ်လာရင် နည်းနည်းပါးပါးတော့ ဖြစ်ချင်ရင် ဖြစ်လာဦးမှာပဲ။

မေး။ ။ ဒါဆို အခုဖြစ်နေတာတွေက နားလည်မှု လွဲတာ တခုကြောင့်ပဲ ဆက်ဖြစ်နေတာလို့ ပြောချင်တာလား။

ဖြေ။ ။ အဲဒီလို တခုတည်းကြောင့်တော့ မဟုတ်ဘူး။ တချို့အပိုင်းတွေမှာလည်း ရည်ရွယ်ချက်ပေါ့။ ကိုယ်တို့က ရိက္ခာပို့တယ်၊ ဒီမှာ အောက်ခြေက ကျတော့ သူတို့က ဒီလိုမထင်ဘဲ ပစ်ဆိုတော့ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ အောက်ခြေ အဆင့်အထိ အမိန့်တွေ မရောက်တာလည်း ဖြစ်တတ်ပါတယ်။ နားလည်မှုလည်း လိုတယ်။ ဖြစ်နိုင်တာက အများကြီး။ ဒါတွေမဖြစ်အောင် ဆက်ထိန်းဖို့ပဲ လိုတာပေါ့။

မေး။ ။ မြောက်ပိုင်း ဘက်တွေမှာ တပ်မတော်က စစ်အင်အား ထပ်တိုးတယ်၊ တပ်သား စုဆောင်းတာတွေ ရှိနေတယ် လို့ သိရတယ်။ ဒါကကော ဘယ်လိုရည်ရွယ်ချက် ရှိနေမလဲ။ လိုအပ်ချက် ကြောင့်လား။ ဘယ်လို တခြားအကြောင်းများ ရှိနေဦးမလဲ သိချင်ပါတယ်။

ဖြေ။ ။ လိုအပ်ချက် ကြောင့်တော့ မဟုတ်ဘူးပေါ့။ မေးကြည့်ပေါ့။ ကိုဂွမ်မော်လည်း ဒီဟာကို ထည့်ပြော ပါတယ်။ တချို့ကျတော့လည်း အောက်ခြေမှာ နဂိုကတည်းက သူတို့ခံယူချက်၊ လိုအပ်ချက် အမှားတွေ ရှိတာပေါ့။ ဒီမှာ သူတို့ လုပ်ဆောင်ချက် လွဲမှားသွားတဲ့အပေါ်မှာ တဖွဲ့လုံး ကိုယ်စားပြုချင်မှ ပြုမှာပေါ့။ ဥပမာ - ချီဗွေမှာ ဖြစ်တာမျိုးတွေပေါ့။ လုပ်တာကိုင်တာ မျိုးတွေက တယောက် အမှားကြောင့် တဖွဲ့လုံးကို ကိုယ်စားပြုချင်မှ ပြုနိုင်မှာပေါ့။ ဆက်ကြေး ကောက်တယ်၊ ဘာလုပ်ပါလို့ သူတို့တွေ၊ ကိုယ်တို့တွေ အထက်ပိုင်းက မပြောထားပေမယ့် အောက်ခြေမှာ လုပ်တာတွေရှိမယ်။ အဲဒါတွေ ဖြစ်တာမျိုးတွေ ရှိကောင်း ရှိပါတယ်။

မေး။ ။ ဒါဆို အစိုးရစစ်တပ် အင်အားတိုးတာတွေ ရှိနေတာကကော။ အထက်ပိုင်းက မသိခဲ့ဘဲ တိုးနေ တာမျိုးရှိလား။

ဖြေ။ ။ အဲဒါက တပ်အင်အား၊ တပ်နေရာချမှု၊ တပ်ရွှေ့ပြောင်းမှုကတော့ ကိုယ်တို့ အထက်က မသိဘဲ ဘာမှလုပ်မရပါဘူး။ သံချပ်ကာတွေ ဘာတွေနဲ့ တပ်ရွှေ့တယ်၊ ၄ လတခါ တပ်လဲရတယ်၊ ရိက္ခာပို့ရတယ်၊ ဖျားနာရဲဘော် ပြန်ပို့ရတယ်။ အဲဒီမှာ လုံခြုံရေး အပိုင်းကိုလုပ်ရတယ်။ ဒီမှာ နားမလည်ရင် တလွဲထင်တယ်။ အခု ဒီနေ့ ကိုယ်တို့ဆွေးနွေးတယ်။ ဗန်းမော်မှာ တပ်ရင်း ၂ ခု လဲဖို့ တက်လာပြီ။ အဲဒါဆို ဒါကို တပ်အင်အား တိုးတာလို့ ပြောမရဘူး။ မသိတဲ့ လူတွေက ဒါကို နားလည်မှု လွဲတာပါ။

မေး။ ။ ကလေးတချို့ကို စစ်သားအဖြစ် စုစောင်းတာတွေ ရှိနေတယ်လို့ ပြောနေတဲ့အပေါ်မှာကော ဘယ်လိုများ ပြောချင်ပါ သလဲ။

ဖြေ။ ။ ဒါက ယူနီဆက်နဲ့ လုပ်နေတယ်။ ကိုယ်တို့ဆီမှာ အဲဒီရာခိုင်နှုန်းက တပ်မတော်ရဲ့ ကလေးစစ်သား ဆိုတာ ရာခိုင်နှုန်း ဘယ်လောက်မှ မရှိပါဘူး။ တချို့ကျတော့ ၁၈ နှစ် ပြည့်ပြီလို့ ပြောပြီး ၀င်လာတယ်။ နောက်ပိုင်း ပြန်စစ်တော့ ပြဿနာ ဖြစ်ကော။ ၁၈ နှစ် မပြည့်ဘဲ တပ်မှာ စုရိုး ထုံးစံမရှိပါဘူး။ မျက်မြင် ၁၃ ချက် မပါဘဲ မစုဘူး။ အဲဒါတွေကို အမျိုးမျိုး ပြောကြတယ်။ တကယ် ၁၈ နှစ် မပြည့်ရင် မစုပါဘူး။ ပြန်သွားဖို့ ခွင့်ပြုနေပါတယ်။

မေး။ ။ နောက်ပိုင်း လွှတ်တော် အစည်းအဝေးတွေကို လွှတ်တဲ့ တပ်မတော်သား တွေကို တခြားပြည်သူတွေလို ရွေးကောက်ပြီးမှ လွှတ်ဖို့ အစီအစဉ်များ ရှိလာမလား။

ဖြေ။ ။ ဘယ်လိုလုပ်ပြီး ရှိလာနိုင်မလဲ။ တပ်မတော်သား ကိုယ်စားလှယ်ဆိုတာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရွေးတာပဲ ရှိမယ်။ တပ်မတော်မှာ မဲဆန္ဒနဲ့ ရွေးတာမရှိဘူး။

မေး။ ။ အမိန့်နဲ့ပဲ ရွေးတာပေါ့။

ဖြေ။ ။ ဟုတ်ပါတယ်။

မေး။ ။ ခုနက ပြောသွားတဲ့ အထဲမှာ တပ်မတော်က ပြည်သူတွေကို မထိခိုက်ရဘူးလို့ ပါတယ်။ နစ်နာတာတွေ မလုပ်ရဘူးလို့ ပြောပါတယ်။ မနှစ်က ကချင်မှာဆိုလည်း တော်တော် ကြားရတယ်။ ကချင်အမျိုးသားတွေ ဖမ်းတယ်၊ အမျိုးသမီးတွေ ဆိုလည်း ဆွန်လွတ်ရာဆိုတဲ့ အမျိုးသမီးဆို တော်တော် နာမည်ကြီးပါတယ်။ အမှုတွေက မပေါ်ဘူး။ အမျိုးသား အချင်းချင်း စော်ကား တာတွေတောင် ရှိတယ်လို့ ကြားတယ်။ ဒါတွေ အမှုမပေါ်တာ ရှိတယ်၊ ဒီလိုတွေ ကျတော့ တပ်ပိုင်း အရေးယူမှုတွေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။

ဖြေ။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း တွေ့ပါလိမ့်မယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမိန့်သည် အတည် ဆိုတာ။ တပ်မတော်မှာ ဥပဒေ နှစ်ခုကို တပ်မတော်သားတိုင်း လိုက်နာရပါတယ်။ တခုက တပ်ဥပဒေ၊ နောက်တခုက ပြည်သူလူထု ပြဌာန်းထားတဲ့ ဥပဒေ၊ ဒီနှစ်ခုကို လိုက်နာရပါတယ်။ တပ်မတော် ဥပဒေအရ ချိုးဖောက်ခံရလည်း အရေးယူခံရမှာပဲ။ အရပ်ဘက် ဥပဒေအရ ဥပမာ - ပုဒ်မ ၃၂၀ နဲ့ ငြိလည်း အရေးယူမှာပါပဲ။ တပ်မတော် မှာလည်း ဥပဒေ တင်းကျပ်တဲ့ အတွက် စုံစမ်း စစ်ဆေးရေး ခုံရုံးတို့၊ ဒါတွေရှိတယ်။ အမှုပေါ်ရင် အရေးယူ ခံရမှာပဲ။

မေး။ ။ အဲဒီ အမှုတွေက မြုပ်နေတာ ကကော။

ဖြေ။ ။ မမြုပ်ဘူး။ နိုင်ငံတော် တရားသူကြီး အထိ တက်ပြီး အမှုက စစ်ပြီးပြီ။

မေး။ ။ ထုတ်ပြန်ဖို့ကော ရှိပါသလား။

ဖြေ။ ။ သတင်းထုတ်တာက ဟိုဘက်အပိုင်း။ တပ်မတော်ကတော့ သတင်းထုတ်စရာ အကြောင်းတော့ မရှိဘူး ထင်တယ်။ တခုက အယူခံ ၀င်တာတို့ ဘာတို့ လုပ်လို့ရတယ်။ တချို့ အပိုင်းတွေမှာ ကျတော့ ဒီပြည်သူတွေလို တပ်မတော်မှာ ဖြစ်တာကိုတော့ သတင်း ထုတ်ပြန်မှု မရှိဘူး။

မေး။ ။ ဒါတွေက တပ်ကို နားလည်မှုလွဲစေတာ မျိုးတွေ မရှိနိုင်ဘူးလား။

ဖြေ။ ။ ကိုယ်သိတာကတော့ သတင်းစာတွေမှာ ဆောင်းပါးတွေ ပြန်ရေးတာတွေ ဘာတွေ ရှိပါတယ်။ တပ်မတော် အနေနဲ့ ဖြေရှင်းတဲ့ သဘောပဲ၊ ကိုယ်ထင်တယ်။ အပိုင်းကဏ္ဍ တခုအနေနဲ့ ပြီးသွားပြီလို့ ကိုယ်ထင်ပါတယ်။

မေး။ ။ ဒါဆို နိုင်ငံပိုင် သတင်းစာတွေက ထုတ်ပြန်တာက တရားဝင်တဲ့ သဘောပေါ့။

ဖြေ။ ။ သတင်းစာမှာ ပြောတာသည် ပြည်သူကို အသိပေးတာလေ။ ကိုယ်တို့ လဂျားယန်ဘက် ရိက္ခာပို့ရင်း ဖြစ်တာဆို မြ၀တီသတင်းစာမှာ ပါတာပဲ။ ဆောင်းပါးတွေ ရေးတာ အသိပေးတာပဲ။

မေး။ ။ အခု နောက်ပိုင်း တပ်မတော်သားတွေကြောင့် နစ်နာတာတွေ၊ ဆုံးရှုံးတာတွေ တော်တော် ကြားလာရတယ်နော်။ ဒါက အထက်ပိုင်း အုပ်ချုပ်မှုပိုင်း လျော့လာလို့လား။ လူတွေအပေါ်မှာ တပ်မတော်သားတွေက နိုင်လိုမင်းထက် ရှိလာလို့လား။ ဘယ်လိုများ ပြောချင်ပါသလဲ။

ဖြေ။ ။ ဒါက ဘယ်နှခုရှိနေလို့လဲ။ ကြားနေရတာနဲ့တော့ ခြုံပြီးတော့ မပြောနဲ့လေ။ ကောလာဟလတွေ ရှိတယ်။ ကိုယ်တို့မှာ ကောလာဟလ အကြားတွေ ဖြစ်နေတယ်။ ဒီလိုဆို မဆုံးနိုင်တော့ဘူးပေါ့။ ကိုယ်တို့မှာ သတင်းထုတ်ပြန်ရေး ဆိုတာ ရှိပါတယ်။ မေးလို့ ရပါတယ်။ ကောလာဟလနဲ့သာ ပြောမယ်ဆိုရင်တော့ တပ်မတော်လည်း ရစရာရှိမှာ မဟုတ်သလို၊ ဘယ်လိုမှလည်း ဆုံးစရာမရှိဘူး။

မေး။ ။ တပ်မတော်သား တယောက် ဥပဒေနဲ့ ငြိစွန်းပြီဆို ဘယ်လိုမျိုး ကျခံရလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ဥပဒေတွေက ရှိပြီးသား။ ပုဒ်မ ၆၅၊ ၇၃၊ ၇၁ ဆိုတာ ရှိတယ်။ တပ်မတော်သား တွေသာ မေးကြည့်။ ဘယ်လို အပြစ်လုပ်ရင် ဘယ်လိုကျသလဲ ဆိုတာ ပေါ့ပါးတဲ့ အမှုဆိုတာ တပ်မှာ မရှိပါဘူး။

မေး။ ။ ခုနက တပ်မတော်သားဟာ နိုင်ငံကို ကာကွယ်တဲ့ တပ်မတော်၊ နောက် အမိန့် နာခံတတ်တဲ့ တပ်မတော်လို့ ပြောပါတယ်။ အခုက သမ္မတ ဆိုတဲ့ ရွေးကောက် တင်မြှောက်တဲ့ အုပ်ချုပ်သူတွေ ပေါ်လာပြီဆိုတော့ ဥပမာ ၂၀၁၅ မှာများ တစုံတဦး၊ အနီးစပ်ဆုံးဆို ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံ့ခေါင်းဆောင် အဖြစ် ပြည်သူက ရွေးလာခဲ့ရင် တပ်မတော်ဟာ သူ့ရဲ့ အမိန့်တွေ အတိုင်း နာခံတတ်တဲ့ တပ်မတော် အနေနဲ့ ရပ်တည်နိုင်မလား သိချင်ပါတယ်။

ဖြေ။ ။ (ရယ်လျက်) မေးသူ ကိုယ်တိုင်ကော ဘယ်လိုထင်သလဲ။ ကိုယ်တိုင် ဖြေကြည့်ပေါ့။ တပ်မတော်သားမှာ သစ္စာ ၄ ချက် ရှိတယ်။ အထက်က ပေးအပ်သော အမိန့်နဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ် ဆိုတာပါတယ်။ အဖြေကဒါပဲ။ တပ်မတော် ယူနီဖောင်း ၀တ်သမျှ ဒါလုပ်ဆို လုပ်ရတာပဲ။ အထက်က ပေးအပ်သော အမိန့်နဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ် ဆိုတာက ကိုယ်တို့ အထက်မှာ အမိန့်ပေးတာ ဘယ်သူရှိမလဲ။ သမ္မတက ဦးသိန်းစိန်မှ မဟုတ်ဘူး။ ဘယ်သူတက်တက် တပ်မတော်သား ဆိုတာ အမိန့် မနာခံတတ်သူ မရှိပါဘူး။ ကမ္ဘာမှာလည်း မရှိဘူး။ နိုင်ငံမှာလည်း မရှိဘူး။ ဒီအတွက် ဘာမှမပူနဲ့။ တပ်မတော်သား မှန်ရင် အထက်က ပေးအပ်သော အမိန့်နဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ် ဆိုတာကို လက်တွေ့ အကောင်အထည် ဖော်မယ့် သူချည်းပဲ။

မေး။ ။ လက်ရှိ တပ်ရဲ့ ဘဏ္ဍာ ငွေသုံးစွဲမှုကကော ဘယ်လိုများ သုံးနေသလဲ သိချင်ပါတယ်။

ဖြေ။ ။ ဘက်ဂျက်တွေ၊ ဘာတွေက ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တပ်မတော်က ကိစ္စမရှိဘူး။ တပ်မတော်က ကိုယ့်ခြေထောက်ပေါ် ရပ်ဖို့ ကြိုးစားနေတာပဲ။

မေး။ ။ ဒါဆို တပ်မတော် အသုံးစရိတ်ကို ကာမိအောင် အစီစဉ်တခုခု၊ လုပ်ငန်း တခုခုများ ရှိနေမလား။

ဖြေ။ ။ ရှိတယ် မရှိဘူး ဆိုတာတော့ ပြောမရဘူး။ ဒါပေမယ့် တပ်မတော်က ၀န်ထုပ်ဝန်ပိုး ဖြစ်တာမျိုး မရှိစေရဘူး။ ကိုယ့်ဘာသာ စိုက်မွေး ရပ်တည်တယ်။ အဲဒီလို ဖြစ်အောင် လုပ်တယ်။ တည်ဆောက်ရေးမှာတော့ ဘက်ဂျက်တော့ လိုတာပေါ့။

မေး။ ။ ဒါဆို အခု လက်ရှိ တည်ဆောက်ရေး အပိုင်းမှာ ဘက်ဂျက်လိုတာ ရှိတယ်ဆိုရင် တပ်မတော်က နိုင်ငံကို အပြည့်အ၀ ကာကွယ်နိုင်တဲ့ စစ်ပစ္စည်းတွေ ရှိပါ့မလား။

ဖြေ။ ။ အလုံအလောက် မရှိစရာလည်း မရှိဘူး။ နိုင်ငံကို ကာကွယ်ဖို့ကလည်း ဘာမှပြဿနာမှ မရှိဘူး။ တပ်မတော်မှာ မသိနိုင်တဲ့ အကြောင်းတရားတွေ ပြောလို့ မရတာ အများကြီးရှိတယ်။ ဒီကနေ့ တပ်မတော် ဘာတွေလုပ်လဲ မေးရင် ကိုယ်တို့လည်း ပြောလို့ မရဘူး။ လုပ်နေတာကတော့ အများကြီးပဲ။

မေး။ ။ ဒါဆို တပ်မတော်ရဲ့ စီးပွားရေးတခု ဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီက တိုးချဲ့ သွားဖို့ ရှိနေတာလား။

ဖြေ။ ။ ဦးပိုင် တိုးတာ မတိုးတာတော့ ကိုယ်မသိဘူး။ ကိုယ်က ဦးပိုင်ဥက္ကဋ္ဌ မဟုတ်ဘူး။ မဟုတ်တဲ့ အတွက်ကြောင့် မသိဘူး။ တပ်မတော်ကတော့ သူ့ခြေထောက်ပေါ် သူရပ်နိုင်အောင်တော့ လုပ်နေတယ်။ ဒါပဲ ပြောနိုင်တယ်။

“လားရှိုးမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်မိသားစု၏ မချွန်းမချန် ပြောဆိုချက်”



“လားရှိုးမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်မိသားစု၏ မချွန်းမချန် ပြောဆိုချက်”
===========================================
ကျိုင်းတုံမြို့မှ အစ္စလာမ်ဘာသာဝင် မောင်နေဝင်း(၄၂)သည် အခင်းဖြစ်ပွားမည့်နေ့ ၂၈-၅-၂၀၁၃-ရက်နေ့ နံက်(၈း၀၀)နာရီ အချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၈) နယ်မြေ(၁၅) နယ်မြေမှူး၏ သမီး မအေးဝင်း(၂၉) ပိုင်ဆိုင်သော ဆီဆိုင်နား၌ အထုပ်ကြီးနှင့် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက် လုပ်နေပါ သည်ဟု ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။ ညနေ (၄း၉၀)မိနစ်တွင် မအေးဝင်း(၂၉)သည် မူဆယ်မှ ခင်ပွန်းသည် ပို့လိုက်သော လေထိုးတံကို စစ်ဆေးရန် ဆီဆိုင်ရှိရာသို့ ဦးတည်လာစဉ် မောင်နေဝင်းသည် ပုဆိုးဝတ်ထားရာမှ ဘောင်းဘီလဲလိုက်သည်ဟု ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။
ထိုသို့ လဲလိုက်ပြီး မအေးဝင်း(၂၉)၏ အနားသို့ ချင်းကပ်လာပါသည်။ မအေးဝင်း(၂၉)က ချင်းကပ်လာသော မောင်နေဝင်းအား “ဘာလုပ်ဖို့လဲ”-ဟု မေးရာ မောင်နေဝင်း(၄၀)သည် မအေးဝင်း(၂၉)အား ဝါးစစ်ပိတ် ဒုတ်နှင့် ရိုက်လိုက်သောခါ မအေးဝင်း(၂၉)က ရှောင်လိုက်ရာ မောင်နေဝင်း(၄၀)က ဝါးစစ်ပိတ်ဒုတ်ကို ပစ်ချလိုက်ပြီး၊ အသင့်ပါလာသော အထုတ်ထဲမှ ဓာတ်ဆီဘူးကို ယူပြီး မအေးဝင်း(၂၉)အား လောင်းပါသည်။ မအေးဝင်း(၂၉)က လမ်းမကြီးကို ကျော်၍ လမ်းကြားထဲ ပြေးဝင်းသွားပါသည်ဟု မမြတ်အိဖြူက ပြောပါသည်။
ထိုစဉ် ဆီရောင်းသူ မမြတ်အိဖြူက “ဆီတွေနဲ့ လောင်းနေပြီ၊ ဆီတွေနဲ့လောင်းနေပြီ”ဟု အော်ပါသည်။ ထိုသို့ အော်ရာ ဆီဆိုင်အနီးရှိ ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ထွက်လာပြီး၊ မောင်တင်မိုးမင်းက လိုက်ဖို့ကြည့်လိုက်တော့ ကားရှုပ်နေတာနဲ့ ခဏစောင့်ပြီး လမ်းကူးသွားတော့ လမ်းကြားထဲတွင် မအေးဝင်း(၂၉)အား မတွေ့တော့ပါ-ဟု မောင်တင်မိုးမင်းက ပြောပါသည်။ မအေးဝင်း(၂၉)သည် ဦးဘိုအေး ဝက်ရှော့အိမ်ထဲသို့ ဝင်းပြေးသွားပြီး အဖွားဒေါ်အေးရီအား လူတစ်ယောက် ဓာတ်ဆီနဲ့လိုက်လောင်းနေသည် မိမိ၏ အမေအား ဖုန်းဆက်ပေးရန် ပြောပါသည်။ အဖွားက “နင့် အမေ ဖုန်းနံပါတ်မှ မသိတာ”ဟု ပြန်ပြောပါသည်။
ထိုစဉ် မောင်နေဝင်းရောက်လာ၍ မအေးဝင်း၏ အင်္ကျီကို ဆွဲကာ လက်ကျန်ဆီတစ်ဝက်ကျော်ကို ခေါင်းမှ လောင်းထည့်လိုက်ပါသည်။ အဖွားက မလုပ်နဲ့ဟု ပြောပြီး ခွဲရာ မောင်နေဝင်းက အဖွားအား တွန်းလိုက်ပါသည်။ အဖွားလဲကျသွားစဉ် မအေးဝင်းအား မီးခြစ်ဖြင့် မီးရှို့ပါသည်။ မအေးဝင်းသည် တစ်ကိုယ်လုံး မီးလောင်းသွားပြီး၊ အိမ်ထဲသို့ ပြေးဝင်သွားရာ အဖွားက ငြိမ်းသတ်ပေးသော်လည်း မရ၊ အဖွားရော မအေးဝင်းပါ အိမ်ပြင်သို့ လိမ့်ကျသွားသောကြောင့် မီးမှာ အနည်းငယ်ငြိမ်းသွားပါသည်။
ထိုအချိန်တွင် ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ရောက်လာပြီး ဆက်လက် ငြိမ်းသတ်လိုက်ကာ မီးရှို့သူ မောင်နေဝင်းအား မောင်တင်မိုးမင်းနှင့်အတူ အနီးအနားမှ လူအများနှင့် လိုက်လံဖမ်းဆီးပါသည်ဟု မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ပြောပါသည်။
မီးရှို့သူ မောင်နေဝင်းအား ဒေသခံပြည်သူများမှ ဝိုင်းဝန်းရိုက်နက်ကြစဉ် မောင်နေဝင်းက “င့ါကို သတ်ချင်သတ်လိုက်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက် သတ်ရရင် ကြေနပ်တယ်”ဆိုပြီး ပြောတော့ မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ခြေထောက်ဖြင့် မျက်နှာကို ကန်လိုက်သည်ဟု ကာယကံရှင် မိသားစုမှ မချွန်မချန် ဖြစ်ရပ်မှန်ကို ဖွင့်ဟပြောဆိုပါသည်။
သတင်းအမှန်အတိုင်း ဖြစ်စေလိုကြောင်း ဂျာနယ်များ အင်တာနက်များတွင် မအေးဝင်းက ဆီရောင်းသည်ဟု ပြောဆိုခြင်း၊ မအေးဝင်း(၂၉)နှစ်သည် မောင်နေဝင်း(၄၀)နှစ် အစ္စလမ်ဘာသာဝင်၏ ဇနီးဟု ပြောဆိုခြင်းတို့သည် ကာယကံရှင်မိသားစုမှ လုံးဝလက်မခံနိုင်ကြောင်း သတင်းအမှန်ဖြစ်စေရန် မချွန်းမချန် မအေးဝင်း (၂၉)နှစ်၏ ညီမ မခင်းဝင်းရီ၊ မမြတ်အိဖြူ၊ မောင်တင်မိုးမင်း၊ ဦးကိုကိုဝင်း အဖွား ဒေါ်အေးရီတို့မှ ပြောဆိုပါသည်။
ဆက်သွယ် စုံစမ်းရန်=
မခင်းဝင်းရီ 09-403725028
ဦးကိုကိုဝင်း 09-5351222
မောင်တင်မိုးမင်း 09-36034146

လယ်ယာသုံးနွားများကို ဈေးကောင်းပေးဝယ်ယူခြင်း ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အခက်ကြုံလာနိုင်

လယ်ယာသုံးနွားများကို ဈေးကောင်းပေးဝယ်ယူခြင်း ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အခက်ကြုံလာနိုင်


လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုသော နွားများကို ဈေးကောင်းပေး ၀ယ်ယူနေသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် နွားရှားပါးမှု ပြဿနာ နှင့် ကြုံတွေ့လာနိုင်ကြောင်း လယ်သမားများက ပြောသည်။

မြန်မာနိုင်ငံတွင် နွားများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိက ခိုင်းစေရန် အတွက် မွေးမြူကြပြီး ယင်းခိုင်းနွားများကို အိမ်နီးချင်းနိုင်ငံများ၏ ၀ယ်လိုအားကြောင့် ဈေးကောင်းပေးကာ ၀ယ်ယူလျက်ရှိ ကြောင်း သိရသည်။

“ကျွန်တော်တို့က ဆိပ်ကမ်းသာ ကျေးရွာရဲ့ မော်တော်ဆိပ်နားမှာ နေတာပါ။ ညဖက်တစ်နာရီ ၀န်းကျင်လောက်ရောက်ပြီဆိုတိုင်း ကားကြီးကားငယ်တွေနဲ့ လာပြီးတော့ နွားတွေကို တင်ပါတယ်။ တစ်ခါတစ်လေကျရင် ကားအနေ အထားပေါ်မူတည်ပြီး အကောင်များရင် များသလို နည်းရင်နည်းရင် နည်းသလို ပါတယ်။ နှစ်ရက်ခြား သုံးရက်ခြား တစ်ခါလာပါ တယ်”ဟု မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလုပ်ငန်းများကို ပြုလုပ်ရန် အတွက် ခရွဲကျေးရွာ၊ လက်ပံ့ကျေးရွာ၊ စန်းစုကျေးရွာနှင့် မုတ်ကမော့ကျေးရွာတို့မှ နွားများကို ဆိပ်ကမ်းသာကျေးရွာရှိ ဒေသခံတစ်ဦးမှ ပွဲစားအဖြစ်ကြားခံ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ရွာထဲကနွားတွေကို ဘီးလင်းကို အရောက်ပို့ပြီး ဘီးလင်းကနေတစ်ဆင့် ရွှေရောင်ပြလမ်းကို သွားတယ်။ အဲဒီ ရောက်တော့ နွားတွေကိုချပြီး တောင်တက်လမ်း ကနေတစ်ဆင့် မြ၀တီကို တင်ပို့နေတာကိုတော့ သိတယ်။ ကျွန်တော်တို့ကလည်း ဈေးသည်တွေ။ မိုးလင်းတာနဲ့ ဆိုင်ဖွင့်ရတော့ ဒီဘက်ကဒေသခံတွေနဲ့ ဒီလုပ်ငန်းနဲ့က အလွန်အဆင်မပြေ ဖြစ်နေပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါကျေးရွာတွင်းရှိ နွားတစ်ကောင်၏ပေါက်ဈေးမှာ ကျပ် ၁၀ သိန်း ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။ “သူတို့တွေ လုပ်ငန်းလာလုပ်တဲ့ ညတိုင်း အိပ်ရေးကိုဝအောင်မအိပ်ရပါဘူး။ အိပ်ရေးပျက်ပေါင်းတွေလည်း များပါပြီ။ ပြီးတော့သူတို့တွေက လက်နက်တွေလည်း ပါနေတော့
ကျွန်မတို့ဒေသခံတွေရဲ့ လုံခြုံရေးကလည်း စိတ်မချရပါဘူး။ ဒီလိုမျိုးကို ခံစားနေရတာ ကျွန်မတို့ကျေးရွာတစ်ရွာလုံးအပါအ၀င်ပါပဲ။ လုပ်ငန်း လုပ်ကိုင်နေတဲ့ နေရာကလည်း ကျွန်မတို့ဒေသက အိမ်တွေနဲ့ ဘယ်လောက်မှ မဝေးပါဘူး။ တာဝန်ရှိသူတွေအနေနဲ့ကလည်း ကြပ်မတ်ပေး ကြပါ”ဟု ဆိပ်ကမ်းသာကျေးရွာနေသူ တစ်ဦးက ပြောသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး ရေစ ကြို မြို့နယ်ရှိ ဆင်ခြေရာ၊ ရွှေလှန်မြေစွန်း၊ တော်ရွာသစ်၊ ဇရပ်နီကျေးရွာအပါအ၀င် မြောင်မြို့နယ်ရှိ မြစ်ဆုံ၊ မြစ်သာ၊ ငါးရံ့အို၊မင်းလှကျေးရွာတို့ရှိ နွားများကိုလည်း ဈေးမဆစ်ဘဲ ၀ယ်ယူလျက်ရှိ ကြောင်း သိရသည်။

ယင်းကျေးရွာများရှိ ဒေသခံတောင် သူများထံမှ နွားများကို ဆိုဈေးကို မဆစ်ဘဲ ၀ယ်ယူလျက်ရှိနေပြီး ၁၀ ကောင် ခန့်ဝယ် ယူပြီးပါကအငှား မောင်းသူက မောင်းယူသွားကြောင်း၊ ယခုကဲ့သို့ လတ်တလော
ငွေကြေးအကျိုးအမြတ်ကိုကြည့်ကာ နွားများကို စည်းကမ်းမဲ့ရောင်းချ နေခြင်းကြောင့် စိုက်ပျိုးရာသီတွင် ခိုင်းနွားမရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းများ တွင် ထိခိုက်လာနိုင်ကြောင်း ဒေသခံတို့က ပြောသည်။

ယခင်က နွားများကိုဝယ်ယူရာတွင် ကျေးရွာနှင့် မြို့နယ်ဖြတ်ကျော်မှုတို့ အတွက် ကျေးရွာဥက္ကဋ္ဌများက နွား၏ အမွေး၊ အရပ်အမြင့်၊ အမွေးအရောင်၊ ချိုအမျိုးအစား တို့ကို မှတ်သားကာ ရောင်းသူဝယ်သူတို့ တန်ဖိုးနှင့် သယ်ယူမည့်နေရာ၊ သယ်ယူသူအမည်၊ လိပ်စာစသည့် ထောက်ခံချက်ယူပြီး မှ သယ်ဆောင်ခဲ့ရကြောင်း၊ ယခုအခါတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲကင်းသို့ အသိပေးတိုင်တန်းခြင်းမရှိဘဲ လုပ်ဆောင်နေခြင်းကို စည်းကမ်းတကျပြုလုပ်စေရန်နှင့် လယ်ယာလုပ်ငန်းခွင် အန္တရာယ်မရှိ
စေရေးအတွက် သက်ဆိုင်ရာဘက်မှ ထိန်းသိမ်းကြပ်မတ်ပေးရန် ဒေသခံတို့ဘက်မှ လိုလားလျက်ရှိကြောင်း သိရသည်။

“၀ယ်တဲ့သူတွေကလည်း ကြိုက် ဈေးပေးဝယ်တယ်။ ဒါကိုရောင်းတဲ့ သူတွေကလည်း ရှိနေတယ်။ စားဝတ်နေ ရေးပိုင်းမှာ အဆင်မပြေတော့ လည်း ရောင်းတဲ့သူတွေကိုတော့ အပြစ်မဆိုနိုင်ဘူးလေ။ ဒါပေမယ့် နောင်တစ်ချိန်မှာတော့ လယ်ယာလုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့ နွားတွေမျိုးတုန်းကုန်ရင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိလာနိုင်တယ်”ဟု ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်မှ လယ်သမား တစ်ဦးက ပြောသည်။

-ဂျူးမေဇင် - The Farmer Media

မြန်မာပြည်တွင် ကားပညာရှင်များ လိုအပ်သည်

မြန်မာပြည်တွင် ကားပညာရှင်များ လိုအပ်သည်


ဒီစာက လူငယ်တွေအတွက် အဓိကထား ရေးတာပါ။ လူငယ်ဆိုတာထက် လူလတ်ပိုင်းတွေလည်း ပါဝင်ပါတယ်။ အကြောင်း အရင်းကတော့ မြန်မာပြည်
အနာဂတ် အတွက်ပေါ့။

မြန်မာပြည်မှာ တွေ့ရမြင်ရသလောက် Automotive Engineering ဆိုပြီး တစ်သီးတစ်ခြား ခွဲထွက်တဲ့ ဘာသာရပ် တစ်ခု မရှိသေးဘူး။ Automotive Engineering နဲ့ စက်မှု အင်ဂျင်နီယာနဲ့တောင် မတူသေးပါဘူး။ လွယ်လွယ်ကော မော်တော်ယာဉ် အင်ဂျင်နီယာဆိုတာ ရွေ့ လျား စက်ပစ္စည်းများ ဖြစ်တဲ့ကား၊ ဆိုင်ကယ် တို့ကို အဓိကထားပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Automotive Engineering ဘာသာရပ်ကို တစ်သီးတစ်ခြားသင်ကြားတယ်။ အထူးသဖြင့် ဂျပန်၊အမေရိကန်တို့လို
နိုင်ငံမှာပါ။ သူတို့နိုင်ငံရဲ့  GDP တန်ဖိုးတတ်ဖို့ အဓိက လုပ်ဆောင်ပေးသူ
ထဲမှာ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချရေးလည်း ပါဝင်ပါတယ်။ ဒါကြောင့် မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ ပက်သက်လို့ အားလုံး သိရှိနားလည်မယ့် ပညာရှင်မျိုးကို မွေးထုတ်ဖို့အတွက် Automotive Engineering ဆိုတာ ပေါ်ပေါက်လာပါတယ်။

သင်ကြားပေးမယ့် အခြေခံ ပညာများက - သတ္တုများအကြောင်း၊ လျှပ်စစ်အကြောင်း၊ အီလက်ထရောနစ်အကြောင်း၊ ဆော့ဖ်ဝဲနဲ့ လုံခြုံရေး ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် တို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇိုင်း၊ ထုတ်လုပ်မှု၊ ကုန်ကျစရိတ်တွက်ချက်မှု၊ စီမံခန့်ခွဲမှု၊ မော်တော်ယဉ်ဆိုင်ရာ အိုင်တီဘာသာရပ်၊ စနစ် ထိန်းချုပ်ရေး ဘာသာရပ်၊ ကွန်ပြူတာချိတ် ဆက် မော်တော်ယာဉ် ပြုပြင်ခြင်း၊ အိုင်တီပစ္စည်းအသုံးပြု မော်တော်ယာဉ် ထုတ်လုပ်ခြင်း၊ ဝပ်ရှော့ စီမံခန့်ခွဲမှု ဘာသာရပ် အစရှိသဖြင့် ခေါင်းစဉ်ပေါင်း များစွာ၊ ဘာသာရပ်ပေါင်းများစွာ ပူးတွဲသင်ကြား ပေးပါတယ်။

ယနေ့အခြေအနေကတော့ စက်မှုအင်ဂျင်နီယာဘွဲ့ရသူများက Automotive အတွက် စာတွေ ပြန်ဖတ်ပြီး ကားအင်ဂျင်နီယာ ပိုင်းကို ဆက်ကူး ပါတယ်။ ကောင်းပါတယ်။ သို့သော်လည်း မကုန်သင့်တဲ့ အချိန်ကုန်ရပြီး Automotive Engineering ကို တစ်စိုက် မတ်မတ် လေ့လာသူများနဲ့စာရင် အားနည်းသွားရ ပါတယ်။ နောက်ပြီးတော့ ယနေ့ ဝပ်ရှော့တွေမှာ လုပ်နေသူတွေကို လေ့လာရင် အတွေ့အကြုံ နဲ့ နေရာယူလာသူတွေပါ။ ဒီတော့ နောက်ပိုင်းဝင်လာတဲ့ အမြင့်ကားတွေကို မကိုင်နိုင်တော့ပါဘူး။ ကိုင်နိုင်ရင်တောင် Troubleshooting ကို ကောင်းကောင်းမရတော့ပါဘူး။ ယနေ့ ကားဝပ်ရှော့အတော်များများမှာလည်း အမှန်အတိုင်းပြောရင် Technical Terms သိပ်မသုံး ပါဘူး။ ဒီတော့ နောက်ပိုင်းနိုင်ငံတကာ ကားပညာရှင်တွေဝင်ရောက်လာတဲ့အခါ လိုက်မမှီတဲ့ အနေအထား တစ်ခု ဖြစ်လာနိုင်ပြီး ပြည်ပ ပညာရှင်အားကိုးရတဲ့အနေအထား အထိတောင် ဖြစ်လာနိုင်ပါတယ်။

ယနေ့ စက်မှုဇုန်တွေမှာ သင်တန်းလာလာပေးနေတာတော့ သိရပါတယ်။ အဆင့်မြင့် ကားဆိုင်ရာစက်ပစ္စည်းများ ကိုင်တွယ်ပုံ၊ ပြုပြင်ပုံများကို သင်ကြားပေးနေပြီး ဂျပန်ကုမ္မဏီက လာရောက်သင်တန်းပေးလို့ ဒီပလိုမာ သင်တန်းတက်နေတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။ ပွင့်ပွင့်လင်း
လင်းပြောပါမယ်။ စာရေးသူတို့ သတင်းပဲ ကြားရတာပါ။ ပတ်ဝန်းကျင်မှာ ယင်းပညာရှင်တွေ မတွေ့ရပါဘူး။ ဒီတော့ ရှိတော့ရှိတယ်။ ရှားတယ်လို့
ဖြစ်နေပါတယ်။ ဒီတော့ မြန်မာပြည်မှာ မော်တော်ယာဉ် ထုတ်လုပ်ဖို့ နေနေ
သာသာ သူများနိုင်ငံကပို့လာတဲ့ အမြင့်ကားတွေကိုတောင် မနည်းထိမ်းစီး
ရတဲ့ အနေအထားမှာ ရှိပါတယ်။

Automotive Engineering ဘာသာရပ်သီးသန့်အနေနဲ့ မြန်မာပြည်ရဲ့  စက်မှုဇုန်အချို့ မှာသင်ကြားတယ်လို့ သိရပါတယ်။ ယင်းသင်တန်းတွေ ကိုတော့ အင်ဂျင်နီယာဘွဲ့ရသူများအတွက်ပါ။ ၁၀ တန်းအောင်ပြီး လူငယ်တွေကိုလည်း တိုက်တွန်းချင်ပါ သေး တယ်။ ငွေအရင်း အနှီးတတ်နိုင်ရင် နိုင်ငံခြားမှာ သင်စေချင်ပါတယ်။ အနီးစပ်ဆုံးအနေနဲ့ စင်္ကာပူမှာ ရှိပါတယ်။ အိန္ဒိယမှာ ရှိပါတယ်။ မလေးရှားတို့မှာလည်း ရှိပြီး ဂျပန်၊ အမေရိကား၊ အင်္ဂလန် နဲ့ ဂျာမနီတို့ဆိုရင်မေးစရာ မလိုလောက်အောင်း ရှိပါတယ်။ ဒီအတွက် မြန်မာပြည် အစိုးရအနေနဲ့လည်း ပညာသင်များ လွတ်ပြီး သေချာ လေ့ကျင့် ပျိုးထောင်ပေးနိုင်ရင်အကောင်း ဆုံးပါပဲ။ စာရေးသူ ဆန္ဒဆိုရင် မော်တော်ယာဉ်များမွေးဖွားရာ ဂျာမနီ အထိတောင် သွားစေချင် ပါတယ်။

ဒါဟာ အနာဂတ်မှာ တကယ် အခွင့်အလမ်းကောင်းများ ရှိလာမယ့် ပညာရပ်ပါ။ လက်ရှိ စက်မှုအင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ မက်ကယ်ထရောနစ် အင်ဂျင်နီယာ ဘာသာရပ်လေ့လာလိုက်စားနေ တဲ့ ကျောင်းသားများလည်း Automotive ပိုင်းကို အလွယ်ကူ ကူးဆက်သွား
လို့ ရပါတယ်။ အနည်းဆုံး ၂ နှစ်ကြာတဲ့ နိုင်ငံတကာ Automotive Engineering တက်လိုက်ရင် ဒီပလိုမာရပြီး တကယ့် မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံကြီးတွေမှာ ဌာနခွဲငယ်တွေမှာ မန်နေဂျာရာထူး တစ်ခါတည်း ရတယ်လို့ ကြားသိရပါတယ်။ တကယ့်အခွင့်အလမ်းကောင်း
ပါ။ ပြည်တွင်းမှာဆိုရင် မော်တော်ယာဉ် ထုတ်လုပ်နေတဲ့ စက်ရုံတွေမှာ စုံစမ်းသင့်ရင် စုံးစမ်းရ ပါမယ်။ ဘာလို့လဲဆိုသူက အနာဂတ်မှာ တကယ်လို
အပ်လာမယ့် ပညာရပ်လေ။ တတ်မြောက်ထားရင် တစ်နေ့ရွှေဖြစ်ဖို့ အာမခံပါတယ်။

စာရေးသူက ရေကြောင်းအင်ဂျင်နီယာဘာသာရပ်နဲ့ ဒီပလိုမာဘွဲ့ရပေမယ့် သင်္ဘောမလိုက်ပဲ ယခု အိုင်တီ Networking ပိုင်းကို လိုက်နေပါတယ်။ သို့ပေမယ့် Automotive Engineering ပိုင်းကိုလည်း ကူးခွင့်ရရင် ဆက်ကူးအုံးမှာပါ။ Networking ကရတဲ့ System Knowledge နဲ့ Automotive မှာ ပြန်ပေါင်းစပ်ရင် မော်တော်ယာဉ်ဆိုင်ရာ အိုင်တီ ဘာသာရပ်မှာ အကောင်းဆုံး လုပ်နိုင်မှာမို့ပါ။ Marine Engineering နဲ့ Automotive Engineering က သိပ်မကွာပါဘူး။ ကုန်းပေါ်က စက်နဲ့ ရေပေါ်ကစက် ကွာသလောက်ပါပဲ။ ရေကြောင်း အင်ဂျင်နီယာများ အားတက်ဖို့ပါ။ အခြားသော စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ အိုင်တီ အင်ဂျင်နီယာ၊ လျှပ်စစ်-စက်မှု အင်ဂျင်နီယာများအတွက် ပိုပြီးတောင် ကောင်းတဲ့ အလားအလာ တစ်ခုပါ။

စာရေးသူဆိုရင် အသက်က ၂၁ ပဲရှိသေးတော့ နောက် ၅ နှစ်အတွင်း ဖြစ် လာအောင် လုပ်ယူလို့ရနိုင်ပါတယ်။ ခုလည်း ပြည်ပကို ယာယီရောက်နေ
တော့ မျက်စိရှေ့ မှာ တကယ်ဖြစ်ပျက်နေ တာတွေကို တွေ့မြင်နေရပါတယ်။ တကယ် ရေပန်းစားတဲ့ ပညာရပ် တစ်ခုပါ။ ဒါဆို အသက် ၁၆ နှစ်အရွယ် ၁၀ တန်းအောင်စ လူငယ်များအတွက် ဘာလို့အခွင့်အလှမ်းက မရှိရမှာလဲ။
ရွှေဆိုတာ တူးမှရတာပါ။ ကိုယ်တိုင် စုံစမ်းပြီး လေ့လာစေချင်ပါတယ်။
ငွေရှိရင်ရှိသလို၊ မရှိရင် ရှိသလို ငါဒီပညာရပ်ကို ဘယ်လိုလေ့လာလို့ရမလဲ။ ဘယ်လမ်းကနေသွားရင် ပိုနီးစပ်မလဲ အစရှိသဖြင့် လေ့လာလို့ ကြိုးစားရန် အကြံဥာဏ်ပေး တိုက်တွန်းလိုက်ရပါတယ်။
--
အောင်ခမ်း (ColayOnline)
ColayOnline:Automobile

ရခိုင်ပြည်နယ်က NLD

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (20)

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၁၉)
(အင်ဖား ထောင်ထဲက ဘ၀)

“ပါလီ..ပါလီ..ပါလီ”
နံနက် နေရောင်နဲ့အတူ စူးစူးဝါးဝါး အော်လိုက်တဲ့အသံကြောင့် အဆောင် အသီးသီးက အကျဉ်းသားတွေ ကမန်းကတန်းနဲ့ပဲ ကသဲ မယ်တော်ကြီး နတ်ကွန်းနားက မြေကြီးတွေနဲ့ ပေကျံမဲညစ်နေတဲ့ အ၀တ်စုတ်အပိုင်းအစတွေကို အလုအယက်ပြေးကောက်ကြတယ်။ တချို့ကလည်းရေပုံးတွေကိုင်ပြီး ထောင်ရဲတွေ ခွဲခြမ်းသတ်မှတ်ပေးတဲ့
မြေကွက်တွေကို ရေစိုအ၀တ်နဲ့ ပွတ်တိုက်ရပါတော့တယ်။

“ပါလီ” ဆိုတာ မြေကြီးတွေကို ရေစိုအ၀တ်နဲ့ ပွတ်တိုက်ပြီးမြေကျံတဲ့ အလုပ်ကိုပြောတာပါ။ အကျဉ်းဆောင် ပတ်ပတ်လည် နဲ့ နံရံ ဘေး တလျှောက် မြေကြီးမှန်သမျှ ပါလီလုပ်ရတယ်။ မနက်တိုင်း မပျက်မကွက် လုပ်ရတယ်။ ထောင်ထဲက မြေမှန်သမျှ ပြောင်ရှင်း ညီညာနေတာပဲ။ အကျဉ်းသားတွေ ပုံမှန်အလုပ်ဆိုလို့ နေ့စဉ်မြေကြီး ကျံရတာရယ်၊ စားပြီးသားပန်းဂံခွက်ယောက်တွေ ဆေးကြောရတာ ရယ်၊ မိမိတို့အခန်း တမန်သလင်းကို အစာမစားခင်တကြိမ်၊ အစားစားပြီးတကြိမ် ရေစိုအ၀တ်နဲ့ပွတ်တိုင်သန့်ရှင်းရတာပဲဖြစ်တယ်။ အဲဒါတွေအားလုံးကို အစုအဖွဲ့နဲ့ တာဝန်ခွဲလုပ်ရတာပါ။

အကျဉ်းသားထဲက လက်မှုလုပ်ငန်းကျွမ်းကျင်တယ် ဆိုရင်တောင်
ထောင်ထဲကအလုပ်ရုံတွေမှာ အာဏာပိုင်တွေက တရားဝင်ခေါ် ခိုင်းတာမျိုး လုပ်ခွင့်မရှိဘူး။ ကာယကံရှင် အကျဉ်းသားက ကျနော် လက်သမားပညာတတ်ပါတယ်။ လက်သမားလုပ်ပါရစေလို့ အလုပ်တောင်းလို့ ထောင်ပိုင်ကလည်း လိုအပ်ချက်အရ သဘောတူတယ် ဆိုရင် ထောင်က သတ်မှတ်တဲ့ အခကြေး နည်းနည်းပေးပြီး ခိုင်းတတ်ပါတယ်။

တကယ်တော့ ကျနော်တို့ကို ထားတာ ထောင်ဆိုပေမဲ့ ထောင်အချုပ်သာဖြစ်တယ်။ ပြစ်ဒါဏ်အမိန့်ကျ အဆောင်တွေမှာထားတာမဟုတ်ဘူး။ ပြစ်ဒါဏ်ကျပြီးသားတွေကို သီးခြား အဆောင်တွေမှာချုပ်နှောင်ထားတာဖြစ်တယ်။ ပြစ်ဒါဏ်ကျ အကျဉ်းသားတွေဆို အလုပ်လုပ်ရင် ပိုက်ဆံရတယ်။ အချုပ်ထောင်က အကျဉ်းသားတွေထက်လည်း အနေအထိုင်၊ အစားအသောက် ပိုချောင်တယ်။ ကျနော်တို့တတွေကတော့ အမှုတန်းလန်းနဲ့ စစ်ဆေးဆဲတွေချည်းစုပြုံထားတာဖြစ်တယ်။ ပေ၂၀ ×၃၀ အခန်းလေးမှာ လူ အနည်းဆုံး ၂၅ယောက်ကနေ၄၀နီးပါးရှိတတ်တယ်။ ကျနော်တို့ထောင်ထဲရောက်တော့ ဆောင်းတွင်းကြီးဆိုတော့ လူက ၃၀ ကျော်ကျော်လေးပဲ။ အများအားဖြစ်လူငယ်တွေ။ တိတိကျကျပြောရရင် မူးယစ်ဆေးဝါးအမှုနဲ့ တရားစွဲခံရသူတွေနဲ့ မိဘက ဆိုဆုံးမ မရတာကြောင့် ရဲ နဲ့နားလည်မှုယူပြီး ထောင်ထဲ ထည့်ထားတာမျိုးလည်း အများကြီးပဲ။ တချို့မဏိပူရလူငယ်တွေက တက္ကသိုလ် ကောလိပ် ပညာသင်တွေ။ အငေါင်းပါး လို့ နာမည်ပေးထားတဲ့ မူးယစ်ဆေးစွဲနေတဲ့ ကောလိပ်ကျောင်းသားလေးတယောက်နဲ့ ကျနော် ရင်းနှီးတယ်။သူ့ မိဘတွေက ဆေးစွဲနေတဲ့ သူ့ကို ထိမ်းလို့မရတာကြောင့်ရဲကို ငွေပေးပြီး ထောင်ထဲထည့်ထားတာလို့ပြောတယ်။ ကျနော်က သူ့ကို ပြောပြတယ်။ “ ငါတို့နိုင်ငံမှာလည်း ကျောင်းသား လူငယ်တော်တော်များများ ထောင်ထဲမှာ ရောက်နေတယ်၊ ဒါပေမဲ့ ဆေးစွဲလို့မဟုတ်ဘူး၊ နိုင်ငံရေးလုပ်လို့” ဆိုတော့ သူအံ့သြတယ်။ ဒီမှာတော့ လူငယ်တယောက်ထောင်ထဲဝင်လာပြီဆို အများစုက မူးယစ်ဆေးပဲ။ ထောင်ထဲရောက်တာနဲ့ ပုံစံပေးခံရတော့တာပဲ။ ကျနော်နဲ့ညီညီလွင်စရောက်တဲ့ည၊ အိပ်ရာပြင်ပြီးစကားဝိုင်းဖွဲ့နေတုံး၊ ထောင်အလှည့်ကျရဲ တယောက်ရောက်လာတယ်။ ဒီက ရဲတွေက လေးပေလောက်ရှည်ပြီး ကျပ်စေ့ဝိုင်းလောက်တုတ်တဲ့ ကြိမ်လုံးကိုင်လေ့ရှိတယ်။ ရဲက ကျနော့ကိုအရင်ခေါ်တယ်။ သံတိုင်တွေကြားကနေ လက်နှစ်ဘက်ကို ဆန့်ပြီး အပြင်ဘက်ထုတ်ခိုင်းတယ်။ ကျနော်က ထုတ်ပေးတော့ အင်္ကျီလက်ရှည် နှစ်ဘက်လုံး လက်မောင်းအထိ ပင့်တင်ခိုင်းတယ်။ ကျနော်လည်း ဘာအပြစ်မှ မရှိပဲ လက်ဝါးဖြန့်ပြီး ကြိမ်လုံးစာကျွေးတော့မယ်ထင်နေတာ။ သူက ကျနော့လက်နှစ်ဘက်လုံး လက်ကောက်ဝတ်နဲ့ လက်ဖျံတလျှောက် လက်မောင်းရင်းထိ သေသေချာချာလိုက်ကြည့်တယ်။ အမှန်တော့ အပ်ပေါက်ရာတွေကြည့်တာ။ ဘိန်းဖြူထိုးသူတွေဆို အပ်ရာတွေက ထင်းကနဲပဲ။ ကျနော်တို့နှစ်ယောက်လုံးကို ဘာမှမလုပ်ဖူး။ လူသစ်ဝင်လာရင် ထိုင်ထလုပ်ခိုင်းတာမျိုးတောင် မခိုင်းခဲ့ဖူး။ အင်း..အပ်ပေါက်တွေ့ရင်တော့ မချောင်ဖူး။ လက်နှစ်ဘက်လုံးကို သံတိုင်အပြင်ဘက် မှောက်ပြီးထုတ်ခိုင်းတယ်။ ပြီးတော့သူ့လက်နှစ်ဘက်လုံးနဲ့ ကြိမ်ကို ဆုတ်ကိုင်ပြီး အသားကုန်လွှဲရိုက်တော့တာပဲ။ ဆေးသက် အနုအရင့်အလိုက်ပေါ့။ အနည်းဆုံး ၅ချက်ကနေ ၁၀ချက်ထိရိုက်တယ်။ ရဲရိုက်နေတုံး အထဲက အကျဉ်းသားတွေက “ တစ်..နှစ်..သုံး…လေး..” နဲ့ သံပြိုင် အချက်ရေ လိုက်ရေပေးရသေးတယ်။ တချို့ကိုတော့ ခြေသလုံးအနှံ့ အရှိုးရာထပ်ပြီး ယောင်ကိုင်းနေအောင်ရိုက်တာပဲ။ အဲဒါ ရဲအသစ်တယောက်ပြောင်းရင် တခါခေါ်ပြီး အရိုက်ခံရတာ။ ထောင်ထဲဝင်လာစ ဘိန်းစားတွေဆို ရိုက်ခံရလို့ နာတာကတမျိုး၊ ဆေးစွဲတဲ့ ဒါဏ်ကြောင့်တကိုယ်လုံးကိုက်ခဲပြီး တညလုံး မအိပ်နိုင် မစားနိုင် ငရဲရောက်တော့တာပဲ။ ဘ၀တူကိုယ်ချင်းစာသမားတွေက ဆေးရင်းထပြီး ကိုက်ခဲ ငြီးတွားနေသူကို ခြေမ ချိုး၊ ခြေချောင်း လက်ချောင်းတွေဆွဲ ကြွက်သားတွေထုထောင်းနှိပ်နယ်ပေးကြတယ်။ ဆေးသမားတွေ လေး ငါးရက် နေပြီးရင် ဆေးပြတ်ပြီး သက်သာသွားတာပဲ။ ဒါကို လုံးဝမူးယစ်ဆေးပြတ်ပြီမထင်နဲ့။ မူးယစ်ဆေးမရတောင် “ခိုင်နီး” လို့ခေါ်တဲ့ ပါးစောင်မှာငုံခဲရင် ရိပ်တိတ်ရိပ်တိတ် နဲ့မူးနေတဲ့ ဆေးပေါင်းလေးတွေရယ်၊ ဆေးရွက်ကြီးအမှုန့်လို ငုံဆေးတွေရယ် ခိုးသွင်းပြီးငုံတတ်ကြတယ်။ ထောင်ထဲမှာ ဆေးလိပ်လုံးဝမသောက်ရဘူး။ ဘီဒီလို့ခေါ်တဲ့ လက်သန်းလောက်သာရှည်ပြီး တံပျက်စည်းချောင်းလောက်ပဲတုတ်တဲ့ ဆေးလိပ်တလိပ်အခန်းထဲရောက်လာပြီဆို တခန်းလုံးရှုရှိုက်ကြတော့တာပဲ။ ဆေးလိပ်မီး ရှာဖွေပုံကလည်းအံ့မခန်းပါ။ ရှောစောင်တွေက ချည်စအမျှင်လေးတွေကို ခိုင်နီးသံဗူးအခွံသေးသေးမှာသိပ်ထည့်ပြီး နေ့ရောညပါ အိမ်သာမီးလုံးနား သွားကပ်ထားတယ်။ မီးလုံးအပူရှိန်ကြောင်း ချည်စတွေက ကျွတ်ကျွတ်ရွနေပြီ။ အဲ..ဆေးလိပ်ရပြီဆိုရင် တယောက်က သံမံတလင်း ခတ်ကြမ်းကြမ်းနဲ့ သံချောင်းတချောင်းကို ပွတ်ပြီးဆွဲတယ်။ နောက်တယောက်က စောစောက လောင်ကြွမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့ ချည်စလေးနဲ့ ခိုင်နီးဗူးခွံလေးကို သံချောင်းခြစ်ပြီးထွက်လာတဲ့ မီးပွားစတွေရှေ့ သွားခံတယ်။ မီးပန်းစနဲ့ ချည်စတွေ့တာနဲ့ ပါးစပ်နဲ့ဖြေးဖြေးချင်းမှုတ်ပြီးမီးမွှေးတယ်။ အဲဒီတော့ ခိုင်နီးဗူးခွံထဲက ချည်စတွေကို မီးစွဲပြီး ဆေးလိပ်မီးညှိတယ်။ ကျောက်ခေတ်တုံးက ကမ္ဘာဦးလူတွေ မီးခတ်ကျောက်နဲ့ မီးမွှေးယူနေသလိုပါပဲ။
ထောင်ထဲမှာ မီးခြစ်မဆောင်ရဘူး၊သံအတိုအစတွေ၊ ပုလင်းကွဲတွေ လုံးဝမတို့မထိရဘူး။ ဒါပေမဲ့လဲ “ ပါလီ” လုပ်ရင်း(၁၀)ပေမြင့်တဲ့ ထောင်နံရံတွေထိတ်ကပုလင်းကွဲ အပိုင်းအစတချို့ ကောက်ပြီးလက်သဲညှပ်ကြတယ်။ တချို့က ပုလင်းကွဲနဲ့တောင် ဆံပင်ညှပ်တယ်။ သံဆူးကြိုးကို လိမ်ဖြတ်၊ နေ့စဉ် အချိန်အားသရွေ့တမံသလင်းနဲ့ ပွတ်တိုက်ပြီး အပ်ဖြစ်အောင်သွေးတယ်။ အပ်ပေါက်ဖောက်ပြီး အပ်ကို ထောင်ဒေါ်လာနဲ့ရောင်းတယ်၊ အပ်တချောင်းဆို အနဲဆုံး၃ဒေါ်လာကနေ ၅ဒေါ်လာထိရတယ်။ ထောင်ဒေါ်လာဆိုတာက မနက်စောစော ဝေတဲ့ ဂျုံနဲ့လုပ်တဲ့ “လိုတီး” ကိုပြောတာ။ မနက်အိပ်ရာထရင် မီးနဲ့ကင်ထားတဲ့ ဂျုံပြားလေးတချပ်နဲ့ လဘက်ခြောက်နည်းနည်း၊ သကြားနည်းနည်း၊ ကရဝေးရွက် ထည့်ကြိုထားတဲ့ ကျငမ်း လို့ခေါ်တဲ့ နို့မပါ နီကျင်ကျင် ကျဲတောက်တောက် လဘက်ရေဟာ စောစောစီးစီး ဟာနေတဲ့ ၀မ်းမီးငြိမ်းစေဖို့ နတ်သုဓ္ဒါပဲ။ မှိုင်းကိုင်စက္ကူတချပ်လို ဟိုဖက်ဒီဖက် ဖောက်မြင်ရမတတ် ပါးလျှလျှ လိုတီး ဟာ ထောင်တွင်း အလဲအလှယ်၊ အရောင်းအ၀ယ်ကဏ္ဍမှာ အဓိက ကျတဲ့ ဒေါ်လာဖြစ်တယ်။ လိုတီး ၃ချပ် ဆို ရေချိုးဆပ်ပြာတခဲ၊ ၅ဒေါ်လာဆို ရှောစောင်ခြုံထည် တထည်၊ ၁၀ဒေါ်လာဆို၊ အနွေးထည် ဒါမှမဟုတ် ဂျင်းဘောင်းဘီတထည်၊ အဲလို အမျိုးမျိုး အစားစား ဈေးဖြတ်ကြတယ်။ ကျနော်နဲ့ ညီညီ ရောက်စတုံးက မနက်ဆို လိုတီး မစားပဲ အစာအိမ်ဟောင်းလောင်းနဲ့ စောင်လေး၊ ဆပ်ပြာလေး၊ တဘက်လေးတွေစုဆောင်းရတယ်။
နေ့လည်စာကို မွန်းတည့်ချိန်မှာစားရတယ်။ အစောပိုင်းတွေက ထမင်းကိုကြိုက်ဆွဲ၊ အ၀စားရပေမဲ့ ကျနော်တို့ရောက်ပြီး ၂လလောက်မှာ ထမင်းလည်း တပန်းဂံပဲ ရတယ်။ ထမင်းကို မြန်မြန်နပ်အောင် ပွားအောင် ဆော်ဒါ ထည့်ချက်ဟန်တူတယ်။ ထမင်းက ပွပြီး ဘယ်လောက်စားစား မကြာခင်ပြန်ဆာတယ်။ စားနေကျဟင်းကတော့ ပဲဟင်းကျဲကျဲတခွက်၊ အာလူးနဲ့ ဟင်းရွက်တချို့ရောချက်တာတခွက်ပါ။ တပတ်တခါ အသားကျွေးတယ်။ အများနဲ့ ရောချက်တဲ့ ထောင်ထမင်းဟင်းဆိုတော့လည်း အကောင်းကြီးမဟုတ်ပေမဲ့ သန့်ရှင်းတယ်၊ စားလောက်တယ်။ ထမင်းမြိန်ချင်ရင်တော့ ရွှေလှံဗိုလ်ငြုပ်သီး နဲ့ ဆားနဲ့ ကြိတ်ပြီးစားကြတယ်။ ရွှေလှံဗိုလ်ဆိုတာ အင်မတန်မှ ပူလောင် စပ်ဖျင်းတဲ့ငြုပ်ပါ။ နွားပေါင်တပေါင်ချက်ရင် ငြုပ်သီးတတောင့်ဆို အတော်ပဲလို့တောင်ပြောကြတယ်။ မြန်မာပြည်မှာတော့ ရွှေလှံဗိုလ်ငြုပ်ကို ဟင်းချက်ရင် ဒီအတိုင်း ထည့်ချက်တာမဟုတ် ရေခွက်တခွက်ထဲ ငြုပ်သီးအခြောက်ကို စိမ်ထားပြီး ခွက်ထဲက ရေကိုပဲ ဟင်းထဲထည့်ချက်တာလို့တောင်ပြောကြတယ်။ ဒီလောက်စပ်တဲ့ငြုပ်သီးကို ကျနော်တို့ ဒုက္ခသည်စခန်းမှာ မီးဖုတ်ပြီး ဆားနဲ့တို့် စားကြတယ်။ ၀မ်းကိုက်ဝေဒနာဖြစ်တာတောင် အစားကမရပ်။ ရွှေလှံဗိုလ်ငြုပ်ဟာ စွဲတယ်။ သူမပါရင် စားမမြိန်ဘူး။ တခါတလေ အခန်းထဲ မျက်စေ့လည်ပြီး ကြွက်ကလေး တကောင်စ နှစ်ကောင်စ ၀င်လာတတ်တယ်။ အဲဒီအခါ အကျဉ်းသားတချို့ (ကသဲတွေကတော့ ကြွက်မစားဘူး) ကြွက်ကို ပိတ်ဆို့ဖမ်းတယ်။ ကြာကြာမဖမ်းရဘူး မိတယ်။ ကြွက်ကို အရည်ဆုတ် ခေါင်းဖြတ် တုတ်ချောင်းနဲ့ နဲ့ သီပြီး အိမ်သာမီးလုံးနား သွားကပ်ထားလိုက်တယ်။ ဒါနဲ့ ရက်အနည်းငယ်လောက်မှာ ကြွက်ကင်ကိုစားကြတယ်။ ကျနော်တို့ရောက်တဲ့ကာလက ခေတ်ပျက်တဲ့အချိန်လို့ ပြောလို့ရတယ်။ အရင် ၁၉၈၀ မတိုင်ခင်အထိ ထောင်ထဲမှာ ကိုယ့်ဖာသာ ဟင်းချက်စားလို့ရတယ်တဲ့။ ထောင်ဖောက်ပြေးမှု ဖြစ်ပြီးတဲ့နောက်ပိုင်း ကိုယ်ပိုင် ချက်စားတာ ခွင့်မပြုတော့ဘူး။ ထောင်ဖောက်ပြေးသူတွေက ဗမာပြည်သားတချို့လည်းပါတယ်။ ရိက္ခာပို့ကား၊ ရေသယ်ကားနဲ့အတူ သံတူရွင်း၊ ဂေါ်ပြားတွေခိုးသွင်းပြီး မြေအောက်လှိုင်ခေါင်းဖောက်ပြီး ထွက်ပြေးကြတာလို့ ကသဲ အကျဉ်းသားဟောင်းတချို့က ပြောဖူးတယ်။
ထောင်ထဲမှာတနေ့တာ ဖြတ်သန်းရတာ ပျင်းစရာကောင်းပေမဲ့ ကြံဖန်ပြီး စိတ်ပျော်အောင်နေရပါတယ်။ အဆောင်တွေမှာ တနာရီ အထဲဝင်၊ တနာရီအပြင်ပြန်ထွက်ရတာဖြစ်တယ်။ တချိန်လုံး အပြင်ထုတ်ထားတာမဟုတ်။ မိုးရွာရင်တော့ အပြင်မထုတ်ဖူး။ အခန်းတခါးဖွင့်ရင် အရင်ဆုံး လုပ်လေ့ရှိတာက ကိုယ့် အ၀တ်အစားတွေ နဲ့ စောင် တွေကို နေပူလှမ်းကြတာပဲ။ ပြီးတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် ဟိုဟိုဒီဒီပြောကြပေါ့။ ကျနော်တို့ဗမာကျောင်းသားတွေက နိုင်ငံရေးစကားတွေ၊ စာအကြောင်းပေအကြောင်း ရုပ်ရှင် ၊ ဘ၀အတွေ့အကြုံ၊ အတင်းအဖျင်းကအစ တနေ့တနေ့ ပြောမကုန်ဘူး။ အာလည်း ကျယ်ကြတယ်။ ကသဲတွေက “ဟေး..ဘားမီးစ် ဘားမီစ်း” နဲ့ကို သတိပေးယူရတယ်။ စကားပြောရင်း ကိုယ့်အကျီင်္လေးတွေ ကိုယ်စီချွတ်လို့..သန်းမကြီးတွေတုပ်ရတယ်။ ကျနော့်ဘ၀မှာ ကိုယ်သန်း လို့ခေါ်တဲ့ အဖြူရောင် သန်းမကြီးတွေကိုအဲဒီကျမှ တအံ့တသြမြင်ဖူးတာ။ ပန်းချီထိန်လင်းရဲ့ မြောက်ပိုင်း အေဘီအက်စ်ဒီအက်ဖ် အကျဉ်းစခန်းက ရေနွေးနဲ့ပြုတ်သတ်ရတဲ့ ပေါလောပေါ် သန်းမကြီးတွေလောက် မဆိုးပေမဲ့ မဏိပူရထောင်ထဲက ကိုယ်သန်းတွေကလည်း ခေသူမဟုတ်ပါ။ အကျီဂုတ်တွေ၊ ရျိုင်းနဲ့ကိုယ်က ကင်းခြေလိုက်ထားတဲ့ အကျီင်္ဂျောင်ကြိုေ၈ျာင်ကြားတွေမှာ ခိုကပ်နေတဲ့ သန်းတွေဟာ နေ့စဉ် နှိမ်နင်းသုတ်သင်လို့ကို မကုန်နိုင်မခမ်းနိုင်ပဲ။ သန်းဖြူတွေလိုပဲ ဒုက္ခပေးတာက ဂျပိုးပဲ။ အင်ဖားထောင်ဂျပိုးက နံရံပေါ်က ဆေးသုတ်ထားတဲ့ အင်္ဂတေ အခွံနဲ့ အုတ်အကြိုအကြားမှာ အသိုက်ဖွဲ့နေတာ။ နေ့ဆို အိပ်ပြီး ညပိုင်းဆို တပ်စုတပ်ဖွဲ့အလိုက်ချီတက်ပြီး တကိုယ်လုံးသမတယ်။ ဂျပိုးကိုက်လွန်းလို့ လန့်ပြီးတောင်နိုးတယ်။ အိမ်သာမီးရော၊ အခန်းမီးရော တညလုံးထိန်ထိန်လင်းနေတော့ တရေးနိုး ဂျပိုးထသတ်သူတွေတောင်ရှိတယ်။ ထောင်ကသန့်ရှင်းတယ်။ အနံ့အသက်လည်းကင်းတယ်။ ရေကန်ထဲမှာ ရေမပြတ်ဖြည့်ထားတယ်။ ပုံစံခွက်နဲ့ ရေးချိုးစရာမလို။ ကြိုက်သလောက်ချိုး။
ထောင်ထဲမှာ ပုံမှန်ပြုကျင့်တဲ့အရာတခုက ညနေ ၅နာရီဆို Suching တပ်ဖွဲ့ (ရှာဖွေရေးတပ်) တွေပုံမှန်ရောက်လာတာပဲဖြစ်တယ်။ သူတို့က အိန္ဒိယတောင်ပိုင်းမှာနေထိုင်တဲ့ မာဒရာဇီ၊ တေလဂူ နဲ့ကယ်ရီလာ လူမျိုးတွေ။ ကာကီရောင် ယူနီဖောင်းဝတ်ပြီး အသားမဲမဲတွေနဲ့ တုတ်ရှည် ကိုယ်စီကိုင်ရင်းလာကြတာပါ။ Suching လာပြီဆို အခန်းထဲက စောင်တွေ၊ အခင်းနဲ့ အ၀တ်အစား ပိုင်ဆိုင်တာအားလုံး ပွေ့ချီကိုင်မပြီး အပြင်မှာတန်းစီရပ်ရတယ်။ မိမိစောင်တွေ အ၀တ်တွေတော့ ကိုယ့်ရှေ့မှာချထား။ သူတို့အဖွဲ့တွေ ထောင်ထဲ ချောင်ကြိုချောင်ကြားမကျန် တုတ်တွေနဲ့ထိုးဆွစစ်ဆေးတယ်။ ပုလင်းကွဲ၊ အပ်၊ သံချောင်း ကြိုး ဘောပင်၊ခဲတံ တွေကအစ စည်းကမ်းနဲ့မညီတာတွေ့ရေင် မချောင်ဖူး၊ ရေရေလည်လည် ရိုက်ခံရသလို ဆဲလ် ခန်း(သီးခြား တိုက်ခန်း)ကိုပို့ပြီးချုပ်နှောင်တယ်။ သူတို့ကိုယ့်ရှေ့လာရပ်ရင် ပုံစံအတိုင်းခေါက်ထားတဲ့စောင်တွေ အ၀တ်တွေ ခါပြ ရတယ်။ ပြီးတော့ တကိုယ်လုံး ရှာတယ်။ လက်မြှောက်ပေးရတယ်။ ထောင်ထဲရောက်ပြီး ၄လလောက်အကြာမှာ အခန်းထဲက ကသဲတယောက် မတော်တဆ တိုက်လိုက်ရာက ကျနော့ရဲ့ မျက်မှန် ကျကွဲသွားတယ်။ ကံဆိုးချင်တော့ မှန် ၂ဖက်လုံးကွဲသွားတာ။ မှန်တဖက်က လုံးဝသုံးမရတော့အောင် လေး ငါးစိတ်ကွဲသွားပေမဲ့ တဖက်ကတော့ သုံးစိတ်လောက်ကွဲသွားတာ။ ကျနောမျက်စိက ၀ါးတရိုက်လောက်ဝေးတဲ့လူဆိုရင်တောင် မျက်နှာ ဘယ်သူဘယ်ဝါ မသဲကွဲဘူး။ တော်တော်ကိုမှုန်တာ။ ဒီတော့ နည်းနည်းကြီးတဲ့ မှန်ကွဲစလေးတခုကိုတော့ လွှင့်မပစ်ရက်ဖူး။လက်ညှိုးနဲ့ လက်မလေးနဲ့ကိုင်ပြီး အဝေး ကြည့်မှန်အဖြစ်သုံးရတယ်။ ထောင်အာဏာပိုင်တွေ၊ လူကြီးတွေလာရင် ခိုးကြည့်ရတယ်။ လသာတဲ့ညတွေဆို ထောင်နံရံကနေတက်လာတဲ့ လပြည့်ဝန်းဝန်းကြီးကို ပြူတင်းပေါက်သံဇကာတွေကြားကနေ ကြည့်ရတဲ့အခါ မှန်ကွဲလေး ကြောင့် ကြည်ကြည်လင်လင်မြင်ရတာ။ ဒီမျက်မှန်ကွဲလေးနဲ့ပဲ သဘ၀အလှတွေ ရှု့မြင်ခံစားပြီး ထောင်ထဲမှာ ကဗျာလေး၊ သီချင်းတွေ ရေးဖြစ်တာ။ ကွဲနေသောမှန်တစ ဆိုပေမဲ့ ကျနော့အတွက် သိတ်ကို အဖိုးတန်တယ်။ မှန်ကွဲစလေးကို လက်ထဲအမြဲကိုင်ထားရတယ်။ စောစော Suching တပ်တွေ လာပြီဆိုရင်လည်း စည်းကမ်းအရ မှန်ကွဲကိုအခန်းထဲ ဖွက်မထားရဲဘူး။ မိလို့ အရိုက်ခံရတာထက် ခန္ဒာကိုယ် အစိတ်အပိုင်းတခုလိုဖြစ်နေတဲ့ မျက်မှန်ကွဲလေး ပြန်မရတော့မှာစိုးရိမ်တာ။ ဒီတော့ မှန်ကွဲလေးကို ကျနော့လက်ခလယ်နဲ့ လက်ညှိုးကြားမှာ ညှပ်ပြီး ရှာဖွေရေးရဲတွေ ကိုယ့်နားရောက်တာနဲ့ အမြန်လက်မြှောက်ပေးလိုက်တယ်။ သူတို့က ကျနော့ လက်ချေင်းတွေမှာ အာရုံစိုက်တာမဟုတ်လို့ တော်သေးတယ်။ ကျနော့ရဲ့ သတိကောင်းမွန်မှုကြောင့်လား ဘုရားမလို့လားမသိဖူး၊ မှန်ကွဲနဲ့ ပတ်သက်ပြီး တခါမှ ပြဿနာမတက်ဘူး။ ကျနော်လည်း ထောင်ကလွတ်တဲ့အထိ အဲဒီပုံစံအတိုင်းပဲ ရင်ဆိုင်သွားတယ်။
ညနေ၆နာရီ ညစာစားပြီးရင် ည ၉နာရီဟာ အိပ်ချိန်ပဲ။ မအိပ်ခင် ၀ိုင်းဖွဲ့စကားပြော စလိုက်နောက်လိုက်နဲ့။ ပြီးရင် အခန်းအပြင်က ထမင်းပန်းဂံနဲ့ ပုံစံခွက်လေးတွေကို စီပြီး တီးဝိုင်းစတော့တာပဲ။ တခါတလေ ကသဲအဆိုတော် တွေလည်း မူးယစ်ဆေးအမှုနဲ့ ရောက်လာတတ်တယ်။ အဲဒီကျရင် အထူးပွဲပဲ။ တီးဝိုင်းကိုစောစောစတယ်။ သာယာဝတီထောင်က ကိုဝင်းမော်တို့လို ဂစ်တာတွေဘာတွေတော့ လုပ်ခွင့်မရှိဖူး။ ကြိုးတပ်တူရိယာမပါတဲ့ ပါကားရှင်းနဲ့ ပါးစပ်တီးလုံးသက်သက်ပဲ။ နာမည်ကြီး ဟိန္ဒူ ရုပ်ရှင်ထဲက သီချင်းတွေ၊ ကသဲကားဇာတ်ဝင်သီချင်းတွေနဲ့ ပုံစံခွက် ဗုံသံ၊ ပုံစံပန်းဂံပြား တာပလာသံ မြူးမြူးကြွကြွနဲ့ပေါ့။
လူတယောက်ဟာ သူအဆင်မပြေတဲ့ ဘယ်နေရာပဲ ရောက်နေပါစေ..အနုပညာ နဲ့ကိုယ်နဲ့ တွဲရှိနေရင် စိတ်ကျဉ်းကြပ်မှုတွေကိုကျော်လွှားနိုင်တာပဲ။ ကျနော်ဟာထောင်ထဲက တစိမ်းတရံတွေ၊ ဘာသာမတူ၊ စကားမတူ၊ စရိုက်မတူသူတွေကြားမှာ ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီးခွင့်မရပဲ စိတ်ဓာတ်တွေ ပြိုကျနေတာကို ကိုယ့်ရဲ့ ခံစားတတ်တဲ့ အနုပညာစိတ်နဲ့ပဲ ထိန်းမတ်ခဲ့ရတာပါ။

ကိုညို
၃၁ မေလ ၂၀၁၃

ဒီမိုကရေစီခေတ်မှာ ငွေတွင်းက နက်တာကိုးဗျ။

"ဒီမိုကရေစီခေတ်မှာ ငွေတွင်းကလည်းနက်လိုက်တာ။ ချစ်သူက ရှင် ကျွန်မကို ကြိုက်တာတော့
ဟုတ်ပါပြီ။ တစ်လ ၀င်ငွေ ဘယ်လောက်ရှိသလဲဆိုပြီး မေးနေတယ်။ သူ ကွမ်းယာရောင်းတာက
တစ်နေ့ ၁၀,၀၀၀ လောက်ကျန်သတဲ့။ သူ့ထက်ပိုပြီး ၀င်ငွေရှိမှ စဉ်းစားမယ်လည်း ပြောသေးတယ်။
အစ်ကိုကြီးဆီမှာ ငွေအလွယ်ရမယ့် ရေခွင်လေး ဘာလေးရှိရင် မျှပါဦးဗျာ"လို့ အမေးတော်ရှိလာသူ
ကတော့ တပည့်မောင်ကြွက်နီ ပေါ့ခင်ဗျာ။

အရွယ်တော် တစ်ဆိတ်ဟိုင်းမှ ကောင်မလေးတစ်ယောက် (အမှန်ကတော့ ကောင်မလေးလို့သာ
ပြောရတယ် အသက်က ၃၀ နားကပ်နေပြီ) ကို ပထမဆုံးအကြိမ်ချစ်ဖို့ ကြိုးစားနေတဲ့ လူပျိုမှိုတက်
ကြီးပေါ့။

အရင်တုန်းက ညနေဆိုရင် သူရာ ရည်လေး သောက်၊ လမ်းဘေးဆိုင် ထမင်းစားရာက အခုတော့
သတ္တဘာဂီလို့ခေါ်တဲ့ မြားနတ်မောင် လက်သရမ်းတာကိုခံလိုက်ရပြီထင်ပါ့။ ဒါပေသည့် အမေးရှိရင်
အဖြေက ရှိရမယ်လေ။

"မောင်ကြွက်နီရယ်၊ မင်းက အခု ပိုက်ဆံလိုချင်မှ ဆရာ့အနား ပြန်ကပ်တာကိုး။ လောကကြီးမှာ
လူနပ်ချမ်းသာဆိုတဲ့စကား ကြားဖူးတယ်မဟုတ်လား။ ပိုက်ဆံအလွယ်ရတဲ့နည်းတွေက များလွန်း
လို့ မင်းကို ဘာပြောရမှန်းတောင် မသိဘူး"

"ဒါဆိုလည်း မြန်မြန်ပြောစမ်းပါဗျာ။ ခင်ဗျားကို ကျွန်တော် ဂါပါ့မယ်။ သိတတ်ပါတယ်ဗျ"တဲ့။

ဘယ်လောက်တောင် ပိုက်ဆံလိုချင်နေသလဲမသိဘူး၊ သူ့ပါးစပ်က ချက်ချင်းထွက်လာတယ်။

"အေး ဒါပေသည့် မင်းပိုက်ဆံရှာရမယ့်နေရာက ရိုးမထဲမှာနော်"

"ဗျာ ဘာလဲ၊ ရိုးမထဲမှာ ကျားအရှင် ဖမ်းခိုင်းမလို့လား"

"ဟာ ဟာ ဟ၊ ရိုးမထဲမှာ ကျားမပြောနဲ့၊ တောကြောင်တောင် မရှိတော့ဘူး။ ဒါပေသည့် ငွေတွေ
တော့ အများကြီးရှိတယ်"

"ဒါဆိုလည်း ပြောဗျာ"

"မင်း ပထမဆုံးလုပ်ရမှာက စွမ်းအင်ဝန်ကြီးဌာနက ရေနံပိုက်လိုင်းဖြတ်မယ့်နေရာကို သိအောင်လုပ်
ရမယ်။ ဒါကလည်း သိပ်မခက်ပါဘူး။ အလံအနီတွေ ထောင်ထားတာပဲ။ ပြီးရင် သူတို့ ရိုးမထဲမှာ
ပိုက်လိုင်းချနေတဲ့နေရာနဲ့ သုံးရက်ခရီးလောက်မှာ"

"ဘာလဲ၊ လူတွေစုပြီး ပိုက်လိုင်း ဒီနားကနေ မဖြတ်ရဘူးလို့ ဆန္ဒပြရမလား"

"ဟေ့ကောင်၊ ငါစကားပြောနေတုန်း ဖြတ်ဖြတ်မပြောနဲ့။ ငါက မင်းကို ဒီလိုအောက်တန်းကျကျ
အကြံပေးမယ့်သူမျိုးလား။ အဲဒီလိုဆန္ဒပြရင် မင်းဘယ်က ပိုက်ဆံရမှာလဲ" ဆိုပြီး ဟောက်လိုက်မှ
မျက်နှာသေလေးနဲ့

"နို့ဆန္ဒပြရင် ပိုက်ဆံရတယ် ကြားဖူးလို့လေ။ သမ္မတကြီးလားမသိဘူး ပြောတာ။ ကဲပါ အစ်ကိုကြီး
ပြောတာကို နားထောင်ပါမယ်"

"ပိုက်လိုင်းဖြတ်ဖို့ အလံနီတွေ ထောင်ထားတဲ့နေရာရဲ့ ဘေးတွေမှာမင်းက သစ်ပင်တွေစိုက်ရမယ်"

"ဒါဆိုရင် စွမ်းအင်ဝန်ကြီးဌာနက ကျွန်တော့်ကို သစ်ပင်စိုက်ခ ပေးမှာပေါ့နော်၊ တစ်ပင် ဘယ်ဈေး
ပေးမှာလဲဟင်"

"ဒီတစ်ခါ ဖြတ်ဖြတ်ပြောရင် အကြံတော့ မပေးတော့ဘူး။ မင်းကို နားရင်းပဲ ထအုပ်တော့မယ်။
မင်းကို သစ်ပင်ရှင်အောင်စိုက်ခိုင်းနေတာမဟုတ်ဘူး။ သစ်ပင်အတု စိုက်ခိုင်းမှာ"

"ဗျာ ကျွန်တော် နားမလည်တော့ဘူး"

"ဘယ်နားလည်မလဲ၊ မင်းလိုကောင်မျိုးတွေနားလည်ရင် အားလုံး ဒီလိုလုပ်စားနေကြတော့မှာပေါ့။
သေသေချာချာ နားထောင်၊ ပိုက်လိုင်းတူးရင်မြေစာ တွေထွက်မယ်။ မြေစာတွေကို ဘက်ဟိုး နဲ့
ကော်ပြီး လမ်းဘေးမှာ စွန့်ပစ်နေကျ။ မင်းက အဲဒီပိုက်လိုင်းဘေးမှာ သစ်ပင်စိုက်ရင် မင်းစိုက်တဲ့
သစ်ပင်တွေအပေါ် မြေစာတွေပိမယ်"

"သဘောပေါက်ပြီ။ ဒီတော့မှသတင်းစာရှင်းလင်းပွဲလုပ်ပြီး လျော်ကြေးတောင်းဖို့ မဟုတ်လား။
ဒါဆိုရင် မင်းဓမ္မလမ်း ပျိုးပင်ဆိုင်တွေက အပင်ပေါက်တွေ ပြေးဝယ်လိုက်မယ်"

"ရေးရေးတော့ မင်းသဘောပေါက်လာပြီမဟုတ်လား။ ဒါပေသည့် ပိုက်ဆံများများရဖို့က လိုသေး
တယ်။ သစ်ပင်ထဲမှာ ဈေးကြီးတဲ့ သစ်မွှေးလို၊ ကော်ဖီလိုအပင်တွေဝယ်ပြီး စိုက်ရမယ်။ ပြီးရင် အခုမှ
စိုက်တာမဟုတ်ကြောင်း ဆွဲနုတ်ရင် ပါမလာအောင် လုပ်ရမယ်"

"ဒါတော့ မလွယ်ဘူးထင်တယ်။ ကျွန်တော်က သုံးလေးရက်အလိုလောက် ကပ်စိုက်တာဆိုတော့
လက်နဲ့ ဆွဲကြည့်ရင် ပါလာမှာဗျ"

"အေးလေ၊ မင်းမတွေးတတ်တာကို သိနေလို့ ငါက မင်းရဲ့ဆရာဖြစ်နေတာပေါ့ တပည့်ကြီးရ" ဆိုပြီး
ကြုံတုန်း နှိမ်လိုက်ရသေးတယ်။

"ဟုတ်ပါပြီ၊ ခင်ဗျားကို လုံးဝ ဥဿုံ ဆရာတင်ပါတယ်။ ဆရာစားမချန်ဘဲပြောပြစမ်းပါ"

"အေး မင်းစိုက်မယ့် သစ်ပင်တွေ ဆွဲနုတ်ရင် ပါမလာအောင် သံချောင်းလေးတွေကို သွပ်နန်းကြိုးနဲ့
သစ်ပင်မှာ တွဲချည်ပြီး မြေကြီးထဲထိုးထည့်ရမကွဲ့"

"အတော်တော့ လက်ဝင်မှာနော်"

"ဒါတွေ မင်းလုပ်စရာမလိုဘူး။ လိုက်ပြီး ကန်ထရိုက်စနစ်နဲ့ လုပ်ပေးနေတဲ့ သစ်ပင်အတုစိုက်အဖွဲ့
တွေ ရှိတယ်။ သူတို့က လျော်ကြေးဘယ်လောက် လိုချင်ရင် ဘယ်လိုအပင်မျိုးကို အရေအတွက်
ဘယ်လောက် စိုက်ရမလဲအထိသိတယ်။ ရော့ ဆက်သွယ်ဖို့လိပ်စာ"

"ခင်ဗျားကတော့ တကယ့်ကျေးဇူးရှင်ကြီးပါပဲဗျာ။ ပုသိမ်က အဖေ့အိမ်ကို ပေါင်ပြီး ရသမျှနဲ့ ရခိုင်ရိုးမ
ထဲမှာ သစ်ပင်အတုတွေ သွားစိုက်တော့မယ်။ ရရင် ဆရာသမားအတွက် ၁၀ ရာခိုင် နှုန်း ကန်တော့
ပါမယ်"ဆိုပြီး ပြန်သွားလေရဲ့။

အဆင်တော့ ပြေမယ်ထင်တာပဲ။ မာဂျေလည်း အဖွဲ့တစ်ဖွဲ့က အဲဒီလို လုပ်တာ တိုးတိုးတိတ်တိတ်
ကြားလာလို့ ပြောပြလိုက်တာ။

မောင်ကြွက်နီ အလှည့်ရောက်မှ လျော်ကြေးမရဘဲ အရိုက်ခံရရင်တော့ ကိုယ်လည်း မတတ်နိုင်ပေ
ဘူး။ ငွေတွင်းက နက်တာကိုးဗျ။

မာဂျေ | မြန်မာတိုင်း(မ်)

ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ချက်ကို အစိုးရက ခုခံတုန့်ပြန်


Friday, May 31, 2013

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုအပတ် အစောပိုင်းတွင် ထောက်ပြဝေဖန် မေးခွန်းထုတ်ခဲ့ခြင်းနှင့် ပတ်သက်...၍ အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်သူ ဒေါက်တာကံဇော်က အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာမှ အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ခံကြကြောင်းဖြင့် ယနေ့ ကာကွယ်ပြောဆိုလိုက်သည်။

“ပြုပြင်ပြောင်းလဲရေးတွေ ကျနော်တို့ လုပ်နေပါတယ်။ နိုင်ငံရေးနဲ့ စတယ်၊ ပြီးတော့ စီးပွားရေး။ ဒါကို ပြည်တွင်းကရော၊ ကျနော်တို့ရဲ့ နိုင်ငံတကာက အရေးပါတဲ့မိတ်ဆွေတွေကရော သဘောကျ ထောက်ခံကြပါတယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာကံဇော်က ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်မှုနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနမှ မေးမြန်းခဲ့ရာတွင် ပြောကြားသည်။

ယခုအပတ် အစောပိုင်းက ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေးတွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အဓိက အတိုက်အခံအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ ထင်သာမြင်သာရှိတဲ့ ပြောင်းလဲမှု လုံးဝမတွေ့ရဘူး၊ အထူးသဖြင့် တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကဏ္ဍတွေမှာ ဖြစ်တယ်။ ပြုပြင်ပြောင်းလဲရေးကို ၂၀၁၀ မှာစခဲ့တယ်။ အခု ကျမတို့ မေးခွန်းထုတ်ဖို့ လိုလာပြီ။ ခုချိန်ထိ ကျမတို့မှာ သိသာမြင်သာတဲ့ ရလဒ်မျိုးရခဲ့ရဲ့လား” ဟု ဝေဖန်ပြောဆိုခဲ့သည်။

နောက်အပတ် နေပြည်တော်တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economics Forum) အတွက် ရန်ကုန်မြို့တွင်ပြုလုပ်သည့် အကြို အခမ်းအနားတွင် ဒေါက်တာကံဇော်က တုန့်ပြန်ပြောကြားခြင်းဖြစ်ပြီး သူနှင့် အတူ အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်ကြသည့် ဦးဌေးအောင်၊ ဦးစိုးသိန်း နှင့် ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့ အတူ တက် ရောက်ခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ အာရှဒေသမှ နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင် ၁၀၀၀ ကျော်တက် ရောက်ကြမည်ဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဌာန၀န်ကြီး ဦးဌေးအောင်ကလည်း ငြိမ်းချမ်းရေးအတွက် ပြုပြင်ပြောင်းလဲမှုများတွင် မျှော်လင့်ချက်မှေးမှိန်နေသလို ဖြစ်နေခြင်းနှင့်ပတ်သက်၍ တိုင်းပြည်၏ အသွင်ကူးပြောင်းရေးသည် မွေးကင်းစ အနေအထားမှာသာ ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံက အပြင်ကမ္ဘာနဲ့ အခုမှစပြီး ထိတွေ့ဆက်ဆံ ရတာပါ။ ကျနော်တို့က ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခရီးလမ်းကို တည်ဆောက်ဖို့ စတင်နေတုန်းပဲရှိပါသေးတယ်” ဟု သူကဆိုသည်။

မြန်မာသမ္မတ ဦးသိန်းစိန်၏ အဓိက အကြံပေးပုဂ္ဂိုလ်ဖြစ်သော ၀န်ကြီးဦးစိုးသိန်း ကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များသည် စိုးရိမ်စရာကောင်းသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ၀န်ခံပြောဆိုလိုက်သည်။ ရှမ်းပြည်နယ် လားရှိုးမြို့တွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်နှင့် မူဆလင်ဘာသာဝင်တို့၏ ပဋိပက္ခများနှင့်ပတ်သက်၍ ပြင်သစ် သတင်းဌာနတခု၏ မေးမြန်းမှုကို ဖြေကြားခဲ့ရာတွင် ဦးစိုးသိန်းက “ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ တွေ့လာပါတယ်။
အားနည်း ချို့ယွင်းချက်တွေလည်း ရှိနေနိုင်ပါတယ်” ဟု ပြောခဲ့သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၏ အကြီးဆုံးမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုသည် မူဆလင်အမျိုးသားတယောက်က ဗုဒ္ဓဘာသာ အမျိုးသမီးတယောက်ကို မီးရှို့တိုက်ခိုက်ရာမှ စတင်ခဲ့သည်။ ထိုမှတဆင့် သင်္ကန်းဝတ်ထားသည့် ဘုန်းကြီးများ အပါအ၀င် ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင် လူအုပ်ကြီးက မူဆလင်နေအိမ်များ၊ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးပစ် ကြသည့် အခြေအနေအထိ ဆိုက်ရောက်သွားစေပြီး လူတဦးလည်းသေဆုံးခဲ့သည်။ ထိုဖြစ်ရပ်သည် မြန်မာနိုင်ငံအတွင်း ဆက်တိုက် ဖြစ်ပွားနေသော ဗုဒ္ဓဘာသာနှင့် မူဆလင် ဘာသာရေး ပဋိပက္ခတို့၏ နောက်ဆုံးထွက်ရှိလာသည့် ဖြစ်ရပ်လည်း ဖြစ်သည်။

ထိုကဲ့သို့သော ဆူပူမငြိမ်သက်မှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာများအပေါ်သို့ ဆိုးကျိုးသက်ရောက်နိုင်သည်ဟု စီးပွားရေးအကြံပေးတဦး ဖြစ်သူ McKinsey က ယခုတပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ၎င်း၏ အစီရင်ခံစာတွင်ရေးသားဖေါ်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ဆက်တိုက်ဖြစ်ပေါ်နေသော ဘာသာရေး၊ လူမျိုးရေး တင်းမာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို လျော့ကျစေနိုင်သည်ဟု သူက ဆိုသည်။ လုံခြုံမှုကင်းမဲ့ခြင်းက မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာကောင်းများကို အဟန့်အတားဖြစ်စေပြီး တိုင်းပြည်၏ စီးပွားရေးကို ၂၀၃၀ တွင် လေးဆ မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်ကိုလည်း ထိခိုက်စေလိမ့်မည်ဟု McKinsey က ရေးသားခဲ့သည်။

“စီးပွားရေး ဖွံ့ဖြိုးမှု နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုတာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အောက်မှာ အားလုံးတူတူရှိနေကြပါမှ ဖြစ်လာနိုင်ပါမယ်။ လူမျိုးစုတွေနဲ့ ဘာသာကွဲတွေကြားမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်ခဲ့မယ်ဆိုရင် ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ငြိမ်းချမ်းစွာ နိုင်ငံရေးအသွင်ကူးပြောင်းမှု ရဲ့ အမှတ်အသားဖြစ်လာပါလိမ့်မယ်” ဟု McKinsey က သူ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်တွင် မြန်မာအစိုးရက မကြာခင် ပြုလုပ်တော့မည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သည် ပြင်ပကမ္ဘာနိုင်ငံများကို ဆွဲဆောင်နိုင်မည့် အခွင့်အလမ်းကောင်းတခုအဖြစ် ရှုမြင်နေသည်။ “ကျနော်တို့ အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာနိုင်ငံရဲ့ အရေးပါမှုကို ပိုပြီး သိမြင်လာအောင် လုပ်ပေးနိုင်ပါလိမ့်မယ်” ဟု ၀န်ကြီး ဦးဌေးအောင်က ပြောသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဒေသတွင်း အားကစားပွဲတော် တခုဖြစ်သော အရှေ့တောင်အာရှအားကစားပွဲတော် မတိုင်မီ ခြောက်လအလိုတွင် ပြုလုပ်ခဲခြင်းဖြစ်ပြီး နောက်တနှစ် အကြာတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ၏ ဥက္ကဌတာဝန်ကို ပထမဆုံးအကြိမ်အဖြစ် ထမ်းဆောင် ရတော့မည်ဖြစ်သည်။

ယခင်က ASEAN အဖွဲ့၏ ဥက္ကဌ နေရာကိုရယူရန် အခွင့်အရေးများ ရရှိခဲ့သေးသော်လည်း စစ်အုပ်ချုပ်ရေး စနစ်ကိုကျင့် သုံးနေသည့် ကာလဖြစ်သည့် အတွက် အာဆီယံအဖွဲ့အနေဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတွင် အတားအဆီး ဖြစ်လာစေရန် ဥက္ကဌနေရာ ရယူရေးကို ရွှေ့ဆိုင်းခဲ့ရသည်။

နိုင်ငံ ၁၀ ခု ပါဝင်သော ASEAN အဖွဲ့သည် ၂၀၁၅ ခုနှစ် မတိုင်မီ အဖွဲ့ဝင်နိုင်ငံအားလုံး ပူးပေါင်းပါဝင်မည့် စီးပွားရေး အသိုက်အ၀န်းတခုကို တည်ထောင်ရန်ရည်ရွယ်ထားသည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်တွင် ဥက္ကဌတာဝန်ကို ထမ်းဆောင်မည့် မြန်မာနိုင်ငံသည် အဖွဲ့၏ ရည်မှန်းချက်အောင်မြင်နိုင်ရေး အတွက် အရေးပါသည့် ရှေ့တန်း နေရာကို ယူရတော့မည်ဖြစ်သည်။

စီးပွားရေးပညာရှင်များက ASEAN စီးပွားရေး အသိုက်အ၀န်းသည် ဖြစ်လာနိုင်ဖွယ်မရှိဟု ဆိုကြသည်။ မြန်မာနိုင်ငံသည် ASEAN အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသည့် ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာ ပြီး အရှေ့တီမောနိုင်ငံသည်လည်း မကြာမီ အချိန်ကာလတွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာမည်ဟု မျှော်လင့်ထားကြသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ စီးပွားရေးဖိုရမ်ကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ အာရုံစိုက်နေမှုကို ဆက်လက်ထိန်း ထားနိုင်သည်ဟု ဆိုနိုင်ပါသည်။
လွန်ခဲ့သောနှစ်ပတ်က ဂျပန်ဝန်ကြီးချုပ် Shinzo Abe မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်ခဲ့သည်။ ၎င်း၏ ခရီးစဉ်သည် ၁၉၇၇ နောက်ပိုင်း ဂျပန်နိုင်ငံမှ ထိပ်သီးခေါင်းဆောင်တယောက် ပထမဆုံးရောက် ရှိ လာခြင်းပင်ဖြစ်သည်။

လွန်ခဲ့သော သုံးပတ်ခန့်ကလည်း ၁၉၆၆ နောက်ပိုင်း ပထမဆုံးသော မြန်မာသမ္မအဖြစ် ရောက်ရှိလာသော ဦးသိန်းစိန်ကို အမေရိကန်အိမ်ဖြူတော်က ကော်ဇောနီခင်း၍ ကြိုဆိုခဲ့သေးသည်။
ဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ရန်ကုန်မြို့နှင့် နာရီဝက် ခရီးအကွာရှိ သီလ၀ါ ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ထောင်ရန် အတွက် ဂျပန်နိုင်ငံမှ ယန်းငွေ ၂၀ ဘီလီယံ ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။

သီလ၀ါ ဒေသအပေါ်တွင် အာရုံစိုက်လုပ်ဆောင်နေသည့် အတွက် မြန်မာနိုင်ငံအတွင်းရှိ အခြားသော အထူးစီးပွားရေးဇုန်များ၏ အရေးပါမှု လျော့ကျ သွားစေနိုင်ပါသလားဟု ဧရာဝတီက မေးမြန်းသည့်အခါ ၀န်ကြီး ဒေါက်တာကံဇော်က ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် မြန်မာနိုင်ငံတောင်ပိုင်းမှ ထားဝယ်တို့တွင် ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်းများ တည်ထောင်ရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

“ထားဝယ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် မြန်မာနဲ့ ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားပြီး ဖြစ်ပါတယ်၊ စီမံကိန်းရဲ့ ပထမအဆင့်ကို ၂၀၁၄ ကနေ ၂၀၁၇ အတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်။ မကြာတော့မယ့် ကာလမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်တွေ့ရတော့မှာပါ” ဟု ဒေါက်တာကံဇော်က ပြောသည်။
(Simon Roughneen ၏ Minister defends government reforms against Suu Kyi criticism ကို နိုင်မင်းသွင် ဘာသာပြန်သည်)

ဧရာဝတီ
ကမ္ဘာ့စီးပွားရေးဖိုရမ်အတွက် ရန်ကုန်မြို့တွင်ပြုလုပ်သည့် အကြို အခမ်းအနားတွင် ဒေါက်တာကံဇော်က တုန့်ပြန်ပြောကြားခြင်းဖြစ်ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်ကြသည့် ဦးဌေးအောင်၊ ဦးစိုးသိန်း နှင့် ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့ အတူ တက်ရောက်သည်။ (ဓာတ်ပုံ- ဆိုင်မွန်ရောက်ဂ်နင်း)
Photo: ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ချက်ကို အစိုးရက ခုခံတုန့်ပြန်
Friday, May 31, 2013

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုအပတ် အစောပိုင်းတွင် ထောက်ပြဝေဖန် မေးခွန်းထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်သူ ဒေါက်တာကံဇော်က အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာမှ အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ခံကြကြောင်းဖြင့် ယနေ့ ကာကွယ်ပြောဆိုလိုက်သည်။

“ပြုပြင်ပြောင်းလဲရေးတွေ ကျနော်တို့ လုပ်နေပါတယ်။ နိုင်ငံရေးနဲ့ စတယ်၊ ပြီးတော့ စီးပွားရေး။ ဒါကို ပြည်တွင်းကရော၊ ကျနော်တို့ရဲ့ နိုင်ငံတကာက အရေးပါတဲ့မိတ်ဆွေတွေကရော သဘောကျ ထောက်ခံကြပါတယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာကံဇော်က ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်မှုနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနမှ မေးမြန်းခဲ့ရာတွင် ပြောကြားသည်။

ယခုအပတ် အစောပိုင်းက ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေးတွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အဓိက အတိုက်အခံအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ ထင်သာမြင်သာရှိတဲ့ ပြောင်းလဲမှု လုံးဝမတွေ့ရဘူး၊ အထူးသဖြင့် တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကဏ္ဍတွေမှာ ဖြစ်တယ်။ ပြုပြင်ပြောင်းလဲရေးကို ၂၀၁၀ မှာစခဲ့တယ်။ အခု ကျမတို့ မေးခွန်းထုတ်ဖို့ လိုလာပြီ။ ခုချိန်ထိ ကျမတို့မှာ သိသာမြင်သာတဲ့ ရလဒ်မျိုးရခဲ့ရဲ့လား” ဟု ဝေဖန်ပြောဆိုခဲ့သည်။

နောက်အပတ် နေပြည်တော်တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economics Forum) အတွက် ရန်ကုန်မြို့တွင်ပြုလုပ်သည့် အကြို အခမ်းအနားတွင် ဒေါက်တာကံဇော်က တုန့်ပြန်ပြောကြားခြင်းဖြစ်ပြီး သူနှင့် အတူ အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်ကြသည့် ဦးဌေးအောင်၊ ဦးစိုးသိန်း နှင့် ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့ အတူ တက် ရောက်ခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ အာရှဒေသမှ နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင် ၁၀၀၀ ကျော်တက် ရောက်ကြမည်ဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဌာန၀န်ကြီး ဦးဌေးအောင်ကလည်း ငြိမ်းချမ်းရေးအတွက် ပြုပြင်ပြောင်းလဲမှုများတွင် မျှော်လင့်ချက်မှေးမှိန်နေသလို ဖြစ်နေခြင်းနှင့်ပတ်သက်၍ တိုင်းပြည်၏ အသွင်ကူးပြောင်းရေးသည် မွေးကင်းစ အနေအထားမှာသာ ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံက အပြင်ကမ္ဘာနဲ့ အခုမှစပြီး ထိတွေ့ဆက်ဆံ ရတာပါ။ ကျနော်တို့က ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခရီးလမ်းကို တည်ဆောက်ဖို့ စတင်နေတုန်းပဲရှိပါသေးတယ်” ဟု သူကဆိုသည်။

မြန်မာသမ္မတ ဦးသိန်းစိန်၏ အဓိက အကြံပေးပုဂ္ဂိုလ်ဖြစ်သော ၀န်ကြီးဦးစိုးသိန်း ကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များသည် စိုးရိမ်စရာကောင်းသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ၀န်ခံပြောဆိုလိုက်သည်။ ရှမ်းပြည်နယ် လားရှိုးမြို့တွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်နှင့် မူဆလင်ဘာသာဝင်တို့၏ ပဋိပက္ခများနှင့်ပတ်သက်၍ ပြင်သစ် သတင်းဌာနတခု၏ မေးမြန်းမှုကို ဖြေကြားခဲ့ရာတွင် ဦးစိုးသိန်းက “ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ တွေ့လာပါတယ်။ 
အားနည်း ချို့ယွင်းချက်တွေလည်း ရှိနေနိုင်ပါတယ်” ဟု ပြောခဲ့သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၏ အကြီးဆုံးမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုသည် မူဆလင်အမျိုးသားတယောက်က ဗုဒ္ဓဘာသာ အမျိုးသမီးတယောက်ကို မီးရှို့တိုက်ခိုက်ရာမှ စတင်ခဲ့သည်။ ထိုမှတဆင့် သင်္ကန်းဝတ်ထားသည့် ဘုန်းကြီးများ အပါအ၀င် ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင် လူအုပ်ကြီးက မူဆလင်နေအိမ်များ၊ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးပစ် ကြသည့် အခြေအနေအထိ ဆိုက်ရောက်သွားစေပြီး လူတဦးလည်းသေဆုံးခဲ့သည်။ ထိုဖြစ်ရပ်သည် မြန်မာနိုင်ငံအတွင်း ဆက်တိုက် ဖြစ်ပွားနေသော ဗုဒ္ဓဘာသာနှင့် မူဆလင် ဘာသာရေး ပဋိပက္ခတို့၏ နောက်ဆုံးထွက်ရှိလာသည့် ဖြစ်ရပ်လည်း ဖြစ်သည်။

ထိုကဲ့သို့သော ဆူပူမငြိမ်သက်မှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာများအပေါ်သို့  ဆိုးကျိုးသက်ရောက်နိုင်သည်ဟု စီးပွားရေးအကြံပေးတဦး ဖြစ်သူ McKinsey က ယခုတပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ၎င်း၏ အစီရင်ခံစာတွင်ရေးသားဖေါ်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ဆက်တိုက်ဖြစ်ပေါ်နေသော ဘာသာရေး၊ လူမျိုးရေး တင်းမာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို လျော့ကျစေနိုင်သည်ဟု သူက ဆိုသည်။ လုံခြုံမှုကင်းမဲ့ခြင်းက မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာကောင်းများကို အဟန့်အတားဖြစ်စေပြီး တိုင်းပြည်၏ စီးပွားရေးကို ၂၀၃၀ တွင် လေးဆ မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်ကိုလည်း ထိခိုက်စေလိမ့်မည်ဟု McKinsey က ရေးသားခဲ့သည်။

“စီးပွားရေး ဖွံ့ဖြိုးမှု နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုတာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အောက်မှာ အားလုံးတူတူရှိနေကြပါမှ ဖြစ်လာနိုင်ပါမယ်။ လူမျိုးစုတွေနဲ့ ဘာသာကွဲတွေကြားမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်ခဲ့မယ်ဆိုရင် ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ငြိမ်းချမ်းစွာ နိုင်ငံရေးအသွင်ကူးပြောင်းမှု ရဲ့ အမှတ်အသားဖြစ်လာပါလိမ့်မယ်” ဟု McKinsey က သူ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်တွင် မြန်မာအစိုးရက မကြာခင် ပြုလုပ်တော့မည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သည် ပြင်ပကမ္ဘာနိုင်ငံများကို ဆွဲဆောင်နိုင်မည့် အခွင့်အလမ်းကောင်းတခုအဖြစ် ရှုမြင်နေသည်။ “ကျနော်တို့ အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာနိုင်ငံရဲ့ အရေးပါမှုကို ပိုပြီး သိမြင်လာအောင် လုပ်ပေးနိုင်ပါလိမ့်မယ်” ဟု ၀န်ကြီး ဦးဌေးအောင်က ပြောသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဒေသတွင်း အားကစားပွဲတော် တခုဖြစ်သော အရှေ့တောင်အာရှအားကစားပွဲတော် မတိုင်မီ ခြောက်လအလိုတွင် ပြုလုပ်ခဲခြင်းဖြစ်ပြီး နောက်တနှစ် အကြာတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ၏ ဥက္ကဌတာဝန်ကို ပထမဆုံးအကြိမ်အဖြစ် ထမ်းဆောင် ရတော့မည်ဖြစ်သည်။

ယခင်က ASEAN အဖွဲ့၏ ဥက္ကဌ နေရာကိုရယူရန် အခွင့်အရေးများ ရရှိခဲ့သေးသော်လည်း စစ်အုပ်ချုပ်ရေး စနစ်ကိုကျင့် သုံးနေသည့် ကာလဖြစ်သည့် အတွက် အာဆီယံအဖွဲ့အနေဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတွင် အတားအဆီး ဖြစ်လာစေရန် ဥက္ကဌနေရာ ရယူရေးကို ရွှေ့ဆိုင်းခဲ့ရသည်။

နိုင်ငံ ၁၀ ခု ပါဝင်သော ASEAN အဖွဲ့သည် ၂၀၁၅ ခုနှစ် မတိုင်မီ အဖွဲ့ဝင်နိုင်ငံအားလုံး ပူးပေါင်းပါဝင်မည့် စီးပွားရေး အသိုက်အ၀န်းတခုကို တည်ထောင်ရန်ရည်ရွယ်ထားသည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်တွင် ဥက္ကဌတာဝန်ကို ထမ်းဆောင်မည့် မြန်မာနိုင်ငံသည် အဖွဲ့၏ ရည်မှန်းချက်အောင်မြင်နိုင်ရေး အတွက် အရေးပါသည့် ရှေ့တန်း နေရာကို ယူရတော့မည်ဖြစ်သည်။

စီးပွားရေးပညာရှင်များက ASEAN စီးပွားရေး အသိုက်အ၀န်းသည် ဖြစ်လာနိုင်ဖွယ်မရှိဟု ဆိုကြသည်။ မြန်မာနိုင်ငံသည် ASEAN အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသည့် ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာ ပြီး အရှေ့တီမောနိုင်ငံသည်လည်း မကြာမီ အချိန်ကာလတွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာမည်ဟု မျှော်လင့်ထားကြသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ စီးပွားရေးဖိုရမ်ကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ အာရုံစိုက်နေမှုကို ဆက်လက်ထိန်း ထားနိုင်သည်ဟု ဆိုနိုင်ပါသည်။
လွန်ခဲ့သောနှစ်ပတ်က ဂျပန်ဝန်ကြီးချုပ် Shinzo Abe မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်ခဲ့သည်။ ၎င်း၏ ခရီးစဉ်သည် ၁၉၇၇ နောက်ပိုင်း ဂျပန်နိုင်ငံမှ ထိပ်သီးခေါင်းဆောင်တယောက် ပထမဆုံးရောက် ရှိ လာခြင်းပင်ဖြစ်သည်။

လွန်ခဲ့သော သုံးပတ်ခန့်ကလည်း ၁၉၆၆ နောက်ပိုင်း ပထမဆုံးသော မြန်မာသမ္မအဖြစ် ရောက်ရှိလာသော ဦးသိန်းစိန်ကို အမေရိကန်အိမ်ဖြူတော်က ကော်ဇောနီခင်း၍ ကြိုဆိုခဲ့သေးသည်။
ဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ရန်ကုန်မြို့နှင့် နာရီဝက် ခရီးအကွာရှိ သီလ၀ါ ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ထောင်ရန် အတွက် ဂျပန်နိုင်ငံမှ ယန်းငွေ ၂၀ ဘီလီယံ ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။

သီလ၀ါ ဒေသအပေါ်တွင် အာရုံစိုက်လုပ်ဆောင်နေသည့် အတွက် မြန်မာနိုင်ငံအတွင်းရှိ အခြားသော အထူးစီးပွားရေးဇုန်များ၏ အရေးပါမှု လျော့ကျ သွားစေနိုင်ပါသလားဟု ဧရာဝတီက မေးမြန်းသည့်အခါ ၀န်ကြီး ဒေါက်တာကံဇော်က ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် မြန်မာနိုင်ငံတောင်ပိုင်းမှ ထားဝယ်တို့တွင် ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်းများ တည်ထောင်ရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

“ထားဝယ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် မြန်မာနဲ့ ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားပြီး ဖြစ်ပါတယ်၊ စီမံကိန်းရဲ့ ပထမအဆင့်ကို ၂၀၁၄ ကနေ ၂၀၁၇ အတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်။ မကြာတော့မယ့် ကာလမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်တွေ့ရတော့မှာပါ” ဟု ဒေါက်တာကံဇော်က ပြောသည်။
(Simon Roughneen ၏ Minister defends government reforms against Suu Kyi criticism ကို နိုင်မင်းသွင် ဘာသာပြန်သည်)

ဧရာဝတီ
ကမ္ဘာ့စီးပွားရေးဖိုရမ်အတွက် ရန်ကုန်မြို့တွင်ပြုလုပ်သည့် အကြို အခမ်းအနားတွင် ဒေါက်တာကံဇော်က တုန့်ပြန်ပြောကြားခြင်းဖြစ်ပြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်ကြသည့် ဦးဌေးအောင်၊ ဦးစိုးသိန်း နှင့် ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့ အတူ တက်ရောက်သည်။ (ဓာတ်ပုံ- ဆိုင်မွန်ရောက်ဂ်နင်း)