Wednesday, July 31, 2013

မဏ္ဍိုင်သုံးရပ်အား ပြည်သူနှင့် မီဒီယာများ စောင့်ကြည့်ဝေဖန် အကြံပြုသည့်အပေါ် လက်ခံသုံးသပ်ပြီး တာဝန်ကျေကြရမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား

မဏ္ဍိုင်သုံးရပ်အား ပြည်သူနှင့် မီဒီယာများ စောင့်ကြည့်ဝေဖန် အကြံပြုချက်များအပေါ် လက်ခံသုံးသပ်ပြီး တာဝန်ကျေကြရမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ဇူလိုင် ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၊ ပြည်ထောင်စုလွှတ်တော် နာယကတာဝန် လွှဲပြောင်းလက်ခံ အပြီးတွင် ပြောကြားသည့် နှုတ်ခွန်းဆက်စကား၌ သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းတစ်ဝက်အား နာယကအဖြစ် တာဝန်ယူဆောင်ရွက်မည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိတို့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့များ၏ ဆောင်ရွက်မှုများကို ပြည်သူများနှင့် မီဒီယာများက စောင့်ကြည့်ကာ အပြုသဘောဖြင့် ဝေဖန်အကြံပြုကြကြောင်း၊ ထိုသို့ အကြံပြုချက်များကို ကောင်းစွာလက်ခံပြီး ပြန်လည်ဝေဖန် သုံးသပ်ကာ ပိုကောင်းအောင် တာဝန်ကျေအောင် ဆောင်ရွက်ကြရမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ခေတ်အဆက်ဆက် အစိုးရ အဖွဲ့များသည် နိုင်ငံတော် တိုးတက်ရေးနှင့် နိုင်ငံသား အကျိုးစီးပွားဖြစ်ထွန်းရန် ရည်မှန်းချက်များ ချမှတ်လုပ်ဆောင် ခဲ့သော်လည်း ရည်မှန်းချက်အတိုင်း ဖြစ်မလာခဲ့ကြကြောင်း၊ နောက်ဆုံးအခြေအနေတွင် မိမိတို့ နိမ့်ကျနောက်ကျ နေရသည်ကို တွေ့ရှိရမည် ဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။
ယခု အစိုးရသစ် လက်ထက်တွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ရည်မှန်းချက်ထားရှိ လုပ်ဆောင်နေပြန်ပြီ ဖြစ်ကြောင်း၊ ယခုအကြိမ်တွင်မူ အတိတ်က ဖြစ်ရပ်များကို သင်ခန်းစာယူ၍ နိုင်ငံအတွက် အမှန်တကယ် ဆောင်ရွက်ဖို့လိုကြောင်း၊ ဆောင်ရွက်ရာတွင် မိမိတို့ အစိုးရအဖွဲ့ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့များသည် သစ္စာရှိစွာ၊ တာဝန်ကျေစွာ ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ သစ္စာရှိသည်ဟု ဆိုရာတွင် ပြည်သူနှင့် အမှန်တရားအပေါ် သစ္စာရှိခြင်း၊ တာဝတ်ကျေသည်ဟု ဆိုရာတွင် မိမိတို့ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ရမည့် ကိစ္စများကို တရားမျှတစွာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားကြခြင်း ဖြစ်ကြောင်းကိုလည်း ထပ်မံပြောကြားသည်။
သူရဦးရွှေမန်း၏ နှုတ်ခွန်းဆက် စကားများထဲတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ခြင်းအပေါ် ဝေဖန်မည့်အစား သင်ခန်းစာယူပြီး အဓိကထား သုံးသပ်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးတို့ ဆောင်ရွက်ရာ၌ မည်သည့်အားနည်းချက်များ ရှိသည်၊ မည်သို့ပြုပြင်မည် ဆိုသည်များကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသုံးသပ်ရမည်ဖြစ်ကြောင်း၊ လက်တွေ့ထိရောက်စွာ ဆောင်ရွက်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း၊ ယခု အချိန်ကျပြီဖြစ်ပြီး အခြေအနေကောင်းများလည်း ပေးနေပြီဖြစ်ကြောင်း၊ ထို့အတွက် အရေး၊ အပြော၊ ဆောင်ပုဒ်၊ ကြွေးကြော်သံများထက် ရိုးသားမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ နားလည်စာနာမှု၊ စိတ်ရှည်သည်းခံမှု၊ တရားမျှတမှုများဖြင့်သာ ပြည်ထောင်စု စနစ်ဖြင့် မိမိတို့နိုင်ငံကို တည်ဆောက်နိုင်မည်ဟုလည်း ပါရှိသည်။

မြန်မာပြည်မှ ကမ္ဘာ့ရှားပါးအဆင့် နံပတ် (၅) ကျောက်


=============================
ပုံမှာမြင်တွေ့နေရတဲ့ ကျောက်ဟာ Painite လို့အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက်ရတနာ ၁၀မျိုး စာရင်းထဲမှာ အဆင့် ၅ ဝင်တဲ့ ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါတယ်။



ရှာဖွေတွေ့ရှိခဲ့သူကတော့ အင်္ဂလိပ်လူမျိုး သတ္တုဗေဒ ပညာရှင် Arthur C.D.Pain ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်နောင်းပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်း၊ မိုးကုတ် ကျောက်တွင်းမှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သူ့အမည် Pain ကိုအစွဲပြုကာ Painite လို့အမည်ပေးလိုက်ခြင်းဖြစ်ပါတယ်

ဓာတုဗေဒအခေါ်ကတော့ Borateဖြစ်ပါတယ်။





ကယ်လ်ဆီယံ၊ ဇိုင်ကိုနီယမ်၊ ဘိုရွန်၊ အလူမီနီယံ၊ အောက်ဆီဂျင် စတဲ့သတ္တုဓာတ်တို့ပါဝင်ပြီး

ခရိုမီယံ၊ ဗနေဒီယံ စတဲ့ သတ္တုတို့နည်း အနည်းငယ်ရောစပ်ပါဝင်တယ်လို့ သိရပါတယ်။



ယင်းကျောက် Painite ရဲ့ထူးခြားချက်ကတော့ သူ့သဘာဝကို က ခြောက်မြောက်သဏ္ဍန် အဖြစ်

တည်ရှိနေခြင်း ဖြစ်ပါတယ်။ အနီရောင်၊ကြက်သွေးရောင်၊ လိမ္မော်နီရောင် အဆင်းသဏ္ဍန် ရှိတာကို

တွေ့ရမှာ ဖြစ်ပါတယ်။



နှစ်ပေါင်းကာလအတော်ကြာသည့်တိုင် Painite ဟာ တစ်ကမ္ဘာလုံးမှာမှ သုံးခုသာ ရှိခဲ့ပါတယ်။

သို့ပေမယ့် ၂၀၀၅ နှစ်မတိုင်မီကာလမှာတော့ ၂၅ခု ထက်နည်းတဲ့အရေအတွက်ထိရှိလာပါတယ်

ယင်းနောက်ပိုင်း တူးဖော်မှုမှာ Painite တွေ့ရှိမှု ရှိမရှိကတော့ စစ်တမ်းကောက်မထားပါဘူး။



သို့ပေမယ့် ယင်းကျောက်အမျိုးအစားဟာ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံမှာ ပဲ တွေ့ရှိသေးတဲ့

ကျောက်အမျိုးအစား ဖြစ်ပြီး ထိပ်တန်းရှားပါးဈေးကြီး ကျာက်ဖြစ်တယ်လို့ ကမ္ဘာက

အသိမှတ်ပြုထားပါတယ်။



၁ကာရက်ကို အမေရိကန်ဒေါ်လာ ၆သောင်းဝန်းကျင်တန်ဖိုးရှိ တဲ့ ကျောက်ဖြစ်တယ်လို့ သိရပါတယ်။

Painite အနည်းငယ်ကို သူဌေးသူကြွယ်အချို့က ပိုင်ဆိုင်ပါတယ်။

Painite အချို့ကိုတော့ ဗြိတိန် သဘာဝသမိုင်းပြတိုက်၊ အမေရိကန် ဘူမိဗေဒသိပ္ပံ၊

ကယ်လီဖိုးနီးယား နည်းပညာသိပ္ပံနဲ့ ဆွစ်ဇာလန် ကျောက်မျက်ရတနာ သုတေသနဓာတ်ခွဲခန်း တို့မှာ

ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။



Credit : International New for Myanmar

မြို့ပတ်ရထားလမ်းတစ်လျှောက် တွဲ ၁၀ တွဲဖြင့် အမှိုက်ရှင်းမည်



ရန်ကုန်၊ ဇူလိုင် ၃၀

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာ့ မီးရထားတို့ ပူးပေါင်းကာ မြို့ပတ်ရထား လမ်းတစ်လျှောက် ရထားသံလမ်းဘေးရှိ အမှိုက်များကို လာမည့် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၇ နာရီမှ စတင်၍ အထူး တပ်ဆင်ထားသော တွဲ ၁၀ တွဲ ဖြင့် မြန်မာ့ မီးရထားက လိုက်လံ သိမ်းဆည်းမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား (အောက် မြန်မာပြည်) အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

တွဲဆိုင်း ၁၀ တွဲခန့် ပါဝင်သည့် ရထားဖြင့် ရထားလမ်းတစ်လျှောက် အမှိုက်များကို သိမ်းဆည်းကာ လှော်ကားနှင့် မင်္ဂလာဒုံရှိ အမှိုက် စွန့်ပစ်ရမည့် နေရာများတွင် စွန့်ပစ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျောက်ရေတွင်း၊ ပုရွက်ဆိတ်ကုန်းနှင့် ပုဇွန်တောင် သံလမ်းပိုင်းရှိ အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်းကာ မြန်မာ့ မီးရထားက စက်သုံးဆီ စိုက်ထုတ်၍ ယခုနှစ်တွင် လုပ်ငန်း အပ်နှံစနစ် On Call စနစ်ဖြင့် ငါးကြိမ် သိမ်းဆည်းခဲ့ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

“ဒီလို အမှိုက်တွေ သိမ်းပြီးသွားရင် စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေကို အမှိုက်ပုံမှာသာ စနစ်တကျပစ်ဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ဦးထွန်းအောင်သင်းက ဆိုသည်။

မြန်မာ့ မီးရထား (မြို့ပြ ဌာန) ဘတ်ဂျက်ဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်း တစ်လျှောက်ရှိ အမှိုက်များ သိမ်းယူခြင်းနှင့် တောချုံ ခုတ်ခြင်း ဆောင်ရွက် ရန် ပုဂ္ဂလိကသို့ အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကာ သြဂုတ်လ ၆ ရက်တွင် တင်ဒါပိတ်မည် ဖြစ်ကြောင်း အဆိုပါ တင်ဒါ ကြော်ငြာတွင် ပါရှိသည်။

ရန်ကုန်မြို့ပတ် မီးရထားကို တစ်ရက်လျှင် ပျမ်းမျှ နိုင်ငံခြားသား ၅၀ ဦးနှင့် ခရီးသည် ကိုးသောင်းခန့် အသုံးပြုနေသည်ဟု ဦးထွန်းအောင်သင်းက ဆိုသည်။

ရထားတွဲဆိုင်းများ သုံး၍ အမှိုက်သိမ်းခြင်းကို ၁၉၉၇ ခုနှစ်မှ စတင်ခဲ့ကာ ယခုနှစ်တွင် လေးကြိမ် ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

" ပွင့်လင်းလွတ်လပ်ခေတ်ဆိုသော်လည်း ထောက်လှမ်းရေးတစ္ဆေများ မကျွတ်မလွတ်ရှိနေဆဲ"


=============================

မြန်မာနိုင်ငံ မန္တလေးမြို့။
။အများပြည်သူ၏နေ့စဉ်ဘဝများကို ပိုမိုပွင့်လင်း လွတ်လပ်သည့်အခြေအနေ မျိုး ဆောင်ကြဉ်းပေးရန် မြန်မာအစိုးရ သစ်က ကတိကဝတ်ပြုထားသည်မှာ ၂ နှစ်ကျော်လာခဲ့ပါပြီ။ သို့သော် ကျောင်း သားခေါင်းဆောင်ဟောင်းဦးမြအေး တစ်ယောက် အိမ်ပြန်လာမည့်အချိန်ကို အရပ်ဝတ်ထောက် လှမ်းရေးအရာရှိများ ကဆက်လက်မေးမြန်းစုံစမ်းနေတုန်းပါ ပဲ။

လူကျပ်ကျပ် လမ်းဘေးလက်ဖက် ရည်ဆိုင်တွေမှာလည်း ဒီမျက်နှာတွေပဲ။ ဖုန်းတွေလည်းခဏခဏဆက်။ မော် တော်ဆိုင်ကယ်နဲ့ နောက်ကတစ် ကောက်ကောက်လိုက်။ ဒီလိုနဲ့ သံတ မန်တွေ၊ စာရေးဆရာတွေ၊ ဂျာနယ်လစ် စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမား တွေဟာ စောင့်ကြည့်ခံနေရပါတယ်။

''အရင်တုန်းကလောက်တော့ မ ဆိုးပါဘူး။ ဒါပေမဲ့လည်း တကယ်စိတ် ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ကို ရာဇဝတ်သားတွေလို ဆက်ဆံနေတာပါ။ မိသားစုဝင်တွေကိုလည်း လိုက်လံနှောင့် ယှက်နေပါတယ်။ ဒါဟာ မလေးစားတဲ့ သဘော၊ ခြိမ်းခြောက်နေတဲ့ သဘောပါ ပဲ။ ဒါမျိုးတွေ မဖြစ်သင့်တော့ပါဘူး''လို့ ဒီကနေ့အချိန်မှာ နိုင်ငံသားအခွင့်အ ရေးတွေအတွက် အချိန်ပြည့် နှစ်မြုပ် လုပ်ကိုင်နေတဲ့ ဦးမြအေးက ဆက်လက် ပြောကြားပါတယ်။

သဘောထားကွဲလွဲသူများကို နှိပ် ကွပ်ရန် အလွန်ကျယ်ပြန့်တဲ့ ထောက် လှမ်းရေးကွန်ရက်များ တည်ဆောက်ပြီး တိုင်းပြည်ကိုဆယ်စုနှစ်ငါးခုနီးပါး အုပ် ချုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ရပ် တန့်ဖို့ ၁၉၈၈ ခုနှစ်မှာ လှုပ်ရှားထကြွ ခဲ့ကြပါတယ်။ ဦးမြအေးဟာ အဲဒီမအောင်မြင်ခဲ့တဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်တစ် ယောက်ဖြစ်ပါတယ်။

လွန်ခဲ့သောနှစ်များက နင်းပြား ဘဝရောက်နေတဲ့ အများပြည်သူတွေရဲ့ အသိတရားထဲ စိုးရိမ်ကြောင့်ကြမှု ပျံ့ နှံ့သွားအောင်၊ တစ်လုံးတစ်ပါဒမျှ ဖွင့် ဟမပြောရဲအောင်၊ သဘောထားကွဲလွဲ သူ ထောင်ပေါင်းများစွာတို့ကို ထောင် ချပစ်ခဲ့ကြပါတယ်။

အတိုက်အခံများက ကန့်ကွက်ခဲ့ တဲ့ ရွေးကောက်ပွဲအပြီး ၂ဝ၁၁ ခုနှစ် မှာ ယခင်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ် သူ ဦးသိန်းစိန်သမ္မတဖြစ်လာပါတယ်။ အဲဒီအချိန်ကစပြီး ဖိနှိပ်မှုအတိုင်းအ တာသိသိသာသာ လျော့ပါးလာခဲ့တာ ပါ။ အစိုးရက သူ့ပြည်သူတွေကို စုံစမ်း ထောက်လှမ်းမှုတွေလုပ်တာကို ရပ်တန့် ပေးခဲ့တယ်။ နေ့စဉ် လွတ်လပ်စွာ ပြော ဆိုခွင့်ဟာလည်း
တော်တော်လေး အ ကောင်အထည်ပေါ်လာပါပြီ။

သို့သော် ငြားလည်း ''အကျင့်ဟောင်းတွေဟာ ပျောက်ဖို့ ခက်ခဲပါတယ်''လို့ အကျဉ်း ထောင်ထဲမှာ နှစ် ၂ဝ လောက် နေခဲ့ရ တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က AP သတင်းဌာနကို တယ်လီ ဖုန်းနဲ့ပြောနေစဉ်မှာပဲ ယခုတယ်လီ ဖုန်းလိုင်းကို ကြားဖြတ်နားထောင်နေမှာ စိုးရိမ်ကြောင်း ပြောပါတယ်။

NLD ပါတီဌာနချုပ်ရှေ့ လမ်း တစ်ဖက်က လက်ဖက်ရည်ဆိုင်တွေမှာ ရဲအရာရှိ ၆ ယောက်မှ ၈ ယောက်အထိ နေ့စဉ်စောင့်ကြည့်နေပြီး ဘယ်သူတွေ လာလဲဆိုတာ မှတ်သား၊ ရံဖန်ရံခါလည်း ဓာတ်ပုံရိုက်တာမျိုး လုပ်နေကြပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထောက်လှမ်းရေးအေးဂျင့်တွေ ဘယ် လောက်ရှိမလဲဆိုတာတော့ မသိနိုင်ပါ ဘူး။ အနည်းဆုံးတော့ သတင်းထောက် လှမ်းစုဆောင်းရေး လုပ်ငန်းလုပ်တဲ့ အဓိကအဖွဲ့အစည်းကြီး ၂ ခုရှိပါတယ်။ စစ်ဘက်ဆိုင်ရာလုံခြုံရေးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံသတင်းတပ် ဖွဲ့ပါ။

''ဒီကနေ့ခေတ်မှာ ဘယ်သူဘယ်ဝါ နောက်ကို လိုက်လံထောက်လှမ်းဖို့ အထက်က အမိန့်ပေးစေခိုင်းတာမျိုး မရှိပါဘူး။ ငယ်ရွယ်ပြီး တချို့အတွေ့အ ကြုံနုသေးတဲ့ အေးဂျင့်တွေကိုသာ သူ တို့တာဝန်ယူရတဲ့ နယ်မြေခွင်ထဲမှာ တွေ့တဲ့ လူစိမ်းတွေ၊ ထူးခြားဖြစ်စဉ်တွေ ကို အထက်ကိုသတင်းပို့ပေးဖို့ တာဝန် ပေးတာမျိုးပဲရှိပါတယ်''လို့အမည်မဖော်
လိုတဲ့အလယ်အလတ်အဆင့်ရှိ အရာရှိ တစ်ဦးက ပြောပါတယ်။

ယခုနှစ် အစောပိုင်းမိတ္ထီလာမြို့ မှာ လူမျိုးရေးအဓိကရုဏ်းကြောင့် ဆုံးရှုံး ပျက်စီးခဲ့တဲ့ နေရာတွေကို လေ့လာဖို့ အေပီသတင်းထောက်တွေသွားရောက် ခဲ့ပါတယ်။ စောင့်ကြည့်နေသူတွေဟာ နေရာအနှံ့ရှိနေပြီး နှစ်ဦးကတော့နောက် ကနေဆိုင်ကယ်နဲ့ ကပ်လိုက်လာခဲ့ပါတယ်။

မန္တလေးမြို့မှာ တည်းခိုတဲ့အခါ ဟိုတယ်ရှေ့မှာ စောင့်နေသူတွေပိုများ ပြီး ဂျာနယ်လစ်အဖွဲ့ဟာ သူတို့ကိုမျက် ခြည်ဖြတ်ဖို့ ကြိုးစားရပါတယ်။ နောက် ဆုံးလူထူထပ်တဲ့ဘုရားကျောင်းကန် တစ်ခုထဲဝင်ပြီး နောက် ဘက်တံခါး ပေါက်ကပြန်ထွက်။ ဒါမှသာ ပဋိပက္ခဖြစ် စဉ်ကနေ ရှင်ကျန်ရစ်သူတွေကို မေး မြန်းစုံစမ်းလို့ရပါတယ်။ အာဏာပိုင် တွေ က
သူတို့အိမ်မှာတွေ့ဆုံခွင့်မပေးတဲ့အတွက်ကြောင့် သူတို့ဟာ ကြောက် ရွံ့နေကြတာပါ။

''ဂျာနယ်လစ်သတင်းသမားတွေ ကိုသတင်းတပ်ဖွဲ့က စောင့်ကြည့် ထောက် လှမ်းတာမရှိပါဘူး။ ဒီကိစ္စက ထင်ယောင်ထင်မှားဖြစ်တာပါ''လို့ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲ ထွဋ်က ထိုအချိန်က အစဉ်တစိုက်ပြော ဆိုဖြေရှင်းခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကာလတုန်းက အကျဉ်းသားတွေနဲ့ အထိန်းသိမ်းခံရသူ တွေကို အိပ်စက်ခွင့်မပေးတာတို့၊ သတိ လစ်သွားတဲ့အထိ ထိုးကြိတ်ကန်ကျောက် တာတို့ စတဲ့ညှဉ်းပန်းနှိပ်စက်မှုတွေ ထောက်လှမ်းရေးအဖွဲ့တွေက လုပ်ခဲ့ပြီး ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းမှာ လည်း ဆန္ဒပြသူတွေကိုသတင်းတပ်ဖွဲ့ က ဓာတ်ပုံနဲ့ဗီဒီယိုရိုက်ထားပြီး နောက် မှာ လူထောင်နဲ့ချီပြီး ဖမ်းဆီးခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ပြောပါတယ်။

''ဖမ်းဆီးမှု၊ ထိန်းသိမ်းမှုနဲ့ တစ်ခါ တစ်ရံညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေတုန်း ပဲ။ သို့သော် တစ်စိတ်တစ်ပိုင်းအားဖြင့် မီဒီယာနဲ့တက်ကြွလှုပ်ရှားသူတွေဟာ ဒီလိုဖြစ်တာနဲ့ သတင်းပေးနိုင်လို့ ဖြစ် ပွားမှုနှုန်း သိသိသာသာကျဆင်းလာပါ တယ်'' လို့ နယူးယောက်အခြေစိုက် လူ့ အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ မြန်မာ့ အရေးကျွမ်းကျင် သူ ဒေးဗစ်မက်သီဆန် က ပြောပါတယ်။

အထူးသဖြင့် တစ်ချိန်တစ်ခါက ထောက်လှမ်းရေးရဲ့ သားကောင် သို့မ ဟုတ် ရန်ဘက်ဖြစ်ခဲ့ရတဲ့ လှုပ်ရှားတက် ကြွသူတွေ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေဟာ အခုလိုပြုပြင်ပြောင်းလဲ ရေးဖြစ်စဉ်ရဲ့ အဓိကအစိတ်အပိုင်းဖြစ် လာရတဲ့အခါမှာ လျှို့ဝှက်ထောက လှမ်း ရေးတပ်ဖွဲ့ဝင်တွေဟာ နောက်ဆုံးကျမှ ပဲ ပြောင်းလဲတတ်တဲ့ သဘာဝမျိုးရှိပါ တယ်။ ၂ဝ၁၁ ခုနှစ်မတိုင်ခင်ကဆိုရင် ရဲတပ်ဖွဲ့တွေ၊ တရားရုံးတွေနဲ့ စစ်တပ်က တရားဥပဒေ စိုးမိုးမှုခေါင်းစဉ်အောက် ကနေ သူတို့ရန်ဘက်တွေကို ခြိမ်း ခြောက်လို့ရတယ်။

ဂျာနယ်လစ်သတင်း သမားတွေကို ခြောက်လှန့်လို့ ရတယ်။ ဝေဖန်တဲ့သူတွေကိုလည်း ထောင်ချပစ် လို့ရကြပါတယ်။ အခု သူတို့အခုလို လုပ်ခွင့်မရှိတော့ပါဘူး။ သတိထားရပါ တယ်။ စောင့်ကြည့် ထောက်လှမ်းရမယ့် သူတွေလည်း နိုင်ငံသားတွေရော၊ နိုင်ငံ ခြားသားတွေပါ များပြားလာသလို တာ ဝန်ပေးမှု သဘောတရားကလည်း ကျိန်း သေမှုနည်းလာပါတယ်။

နိုင်ငံရေးအစီ အစဉ်တွေကလည်း နားလည်ရမလွယ် ကူပါဘူး။ ဒါတွေဟာအခုသူတို့ တွေ့ကြုံ နေရတဲ့ စိန်ခေါ်မှုတွေပါ။

မြေယာအခွင့်အရေး လှုပ်ရှားသူ ဦးဝင်းချိုက ဒီပြဿနာကို သူ့နည်းသူ့ ဟန်နဲ့ ဖြေရှင်းပုံကို အခုလိုပြောပြပါ တယ်။ ''ကျွန်တော်လုပ်မယ့် အစီအစဉ် အားလုံး သူတို့ကိုပြောပြရုံပါပဲ။

အာဏာ ရှိတဲ့သူတွေ၊ ချမ်းသာကြွယ်ဝတဲ့သူတွေ ရဲ့မြေယာသိမ်းပိုက်မှုတွေကို ဆန့်ကျင် နေတဲ့လယ်သမားတွေကို ကူညီဖို့ ရံဖန်ရံခါ ရန်ကုန်မြို့ပြင်ထွက်ရပါတယ်။ အဲဒီအခါ သတင်းတပ်ဖွဲ့ကို ဆန္ဒပြဖို့ ရှိ တယ်။ ဘယ်အချိန်ပြမယ်၊ ဘယ်လိုပြ မယ်၊ဘယ်နေရာမှာပြမယ်ဆိုတာ ပြော ပြလိုက်တယ်။ သူတို့ကျွန်တော့်နောက် ကိုလိုက်ပြီး ဒုက္ခခံစရာမလိုတော့ပါဘူး။ သူတို့အားလုံး သိပြီးသားတွေပါ''

ဒေသခံရဲတပ်ဖွဲ့တွေက သတင်း ပေးတွေကို သူတို့ဘာသာ မွေးထားပါ တယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်ဦး ဝင်းထိန် မိတ္ထီလာကို လာတုန်းက လိုက် လံစောင့်ကြည့်ရတဲ့ သတင်းပေးတစ်ဦး က အေပီသတင်းထောက်တွေနောက် ကိုလိုက်ရင်း ပြောပြခဲ့ပါတယ်။ အခုလို ပြောပြရတဲ့အကြောင်းရင်းကိုတော့ ၎င်းက ပြောဆိုဖို့ ငြင်းဆိုခဲ့တယ်။

လူမျိုး ရေး အဓိကရုဏ်းတွေကို ထိန်းသိမ်းဖို့ အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပျက်ကွက်မှုကို ထိုစဉ်က ဦးဝင်းထိန်က ဝေဖန်ခဲ့သူပါ။
စစ်တွေမြို့အနောက်ပိုင်းကို AP ဂျာနယ်လစ်အဖွဲ့တစ်ဖွဲ့ သွားတုန်းက လက်နက်ကိုင်ရဲတပ်ဖွဲ့တွေဟာ ထက် ကြပ်မကွာ လိုက်ခဲ့ပြီး သူတို့ကြားသမျှ ကို မှတ်သားရေးချကြပါတယ်။

လူမျိုး ရေးအဓိကရုဏ်းဒုက္ခသည်တွေရဲ့ စခန်း တွေမှာတွေ့ဆုံမေးမြန်းစဉ် ရဲအရာရှိ တွေဟာ ရောက်လာတတ်ကြတယ်။ ပြီးတဲ့အခါ ဂျာနယ်လစ်တွေနဲ့ ဘယ်သူ တွေတွေ့သလဲ၊ ဘာတွေ မေးသလဲ စုံ စမ်းမေးမြန်းကြပါတယ်။

ယခုနှစ် အစောပိုင်းက ကုလမူး ယစ်ဆေးဝါး ပပျောက်ရေးအေဂျင်စီနဲ့ အတူ ရှမ်းပြည်အရှေ့ဘက်တောင်တန်း ဒေသကို အေပီဂျာနယ်လစ်တွေ သွား ခဲ့တုန်းကလည်း မူးယစ်ထိန်းသိမ်းရေး ဗဟိုကော်မတီက မူးယစ်ရဲတပ်ဖွဲ့ဝင်သုံး ဦးပါတဲ့ အဖွဲ့တစ်ဖွဲ့က လိုက်လံစောင့် ကြည့်ခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရှိတဲ့ နေရာ ဒေသဖြစ်တဲ့အတွက် ဂျာနယ်လစ် သတင်းသမားတွေရဲ့ လုံခြုံရေးကို ကူညီ ဖို့ လိုက်လာတာလို့ ပြောကြပါတယ်။

သို့ပေမယ့် ရွာသားတွေနဲ့ အင်တာဗျူး လုပ်တဲ့အခါ ရုပ်ရှင်မှတ်တမ်းတင်ကြပြီး ညတိုင်းလက်ရေးနဲ့ရေးထားတဲ့ အစီရင် ခံစာများကို ဌာနချုပ်ရှိရာနေပြည်တော် ကို ဖက်စ်ပို့ကြတာတွေ့ရပါတယ်။

ဘာကြောင့် အခုလို လုပ်ရသလဲ ဆိုတာကို မေးမြန်းကြည့်တဲ့အခါ ''သင် တို့ဟာ ကျွန်တော်တို့ရဲ့အထူးဧည့်သည် များဖြစ်လို့ ဘာတွေလုပ်လဲ၊ ဘယ်သူနဲ့ စကားပြောလဲ၊ ဘာတွေစားလဲဆိုတာ တွေ အားလုံးမှတ်တမ်းတင်ထားချင်လို့ ပါ''လို့ ရဲမှူးအဆင့်ရှိတဲ့ ရဲအရာရှိတစ် ဦးက ဖြေကြားခဲ့ပါတယ်။ ။


ဤသတင်းဆောင်းပါးကို TODD PITMAN ရေးသား၍ နယူးဒေလီမှ တင်ဆူလီဗန်၊ ဘန်ကောက်မှ ဂျိုစီလင်း ဂက်ကာ၊ ရန်ကုန်မှရတနာထွန်းနှင့် အေးအေးဝင်းတို့မှ သတင်းအချက်
အလက်များကို ကူညီပံ့ပိုးပါသည်။ In Myanmar, internal spy network lives on သတင်းဆောင်းပါးကို လက်ျာထွန်း မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုသည်။

အခြေခံဥပဒေကို ပြင်ဖို့ဆန္ဒရှိရင် တစ်လအတွင်း ပြီးစီးနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား



၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်ပြောင်းလဲပြင်ဆင်လိုစိတ် ရှိတယ်ဆိုရင် ရက် ၃ဝ အတွင်း ဆောင်ရွက်နိုင်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးကော်မတီကတစ်ဆင့် ကြိုးပမ်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောလိုက်ပါတယ်။

"အန်တီတို့ဘက်ကလုပ်ရမှာကတော့ ကော်မတီကနေတဆင့် တတ်နိုင်သမျှလုပ်မယ်၊ ကော်မတီထဲမှာ NLD အဖွဲ့ဝင် ၇ ယောက်ပါပါတယ်၊ ၁ဝ၉ ထဲမှာ ၇ ယောက်ဆိုတော့ သိပ်မများဘူးဆိုပေမယ့်လည်း လွှတ်တော်ထဲမှာရှိတဲ့ အမတ်ဦးရေနဲ့စာလို့ရှိရင် မဆိုးပါဘူး၊ အန်တီတို့ကို များများစားစားနေရာပေးထားတယ်လို့ ပြောရမယ်လေ"

ဒီကနေ့ နေ့လည်က လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရေးရာ အဆောက်အဦးမှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောခဲ့တာပါ။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီအနေနဲ့လည်း ပြည်သူလူထုကိုချပြပြီး ရှင်းလင်းပွဲတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေးရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Ben Rhodes အပါအဝင် အဖွဲ့ဝင် ၅ ဦးနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
RFA

ပြန်လည်မျှဝေပါတယ်။

ကျောင်းသားများ မိမိတို့ တက္ကသိုလ်အတွင်း ခွင့်ပြုချက်မတင်ဘဲ အစည်းအဝေးပြုလုပ်က နိုင်ငံတော်ပုန်ကန်မှုဟု ဒု-ပါမောက္ခချုပ်ဆို


-------------------------------------------------------
ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ကျောင်းသား/သူများ အစည်းအဝေးပြုလုပ်နေသည်ကို တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့မှ တားမြစ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးပြုလုပ်နေစဉ် ပါမောက္ခချုပ်ရောက်ရှိလာပြီး သမဂ္ဂ-ဥက္ကဋ္ဌ မအိသဉ္ဇာမောင် ကို ရုံးခန်းသို့ ခေါ်တွေ့ခဲ့သည်။

ထို့နောက် ကျန်သည့် အမှုဆောင်များကို ကျောင်းအတွင်း အစည်းအဝေး လုပ်ရင် ခွင့်ပြုချက် အရင်တင်သင့်ကြောင်း၊ ခွင့်ပြုချက်မတင်ဘဲ ကျောင်းဝင်း အတွင်း အစည်းအဝေး ပြုလုပ်ပါက နိုင်ငံတော်ပုန်ကန်မှုဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ဒု-ပါမောက္ခချုပ်က ပြောကြားခဲ့သည်ဟု သတင်းရရှိ ပါသည်။
--------------------------------------------------------------
သတင်းနှင့်ပြန်ကြားရေး
ရမည်းသင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဇူလိုင်လ(၃၁)ရက်၊ ၂၀၁၃ခုနှစ်။

အီဂျစ်နိုင်ငံရေးတင်းမာမှုနှင့် ဆန္ဒပြသူများ၏ အကြမ်းဖက်မှုများ အထွတ်ထိပ်သို့ရောက်


ကိုင်ရို၊ ဇူလိုင် ၃၀

စစ်တပ် အာဏာသိမ်းပိုက်မှုကြောင့် သမ္မတမိုဟာမက်မော်စီ ရာထူးမှဖြုတ်ချခံ လိုက်ရမှု ဖြစ်ပွားခဲ့သည်မှာ တစ်လနီးပါးခန့် ရှိလာပြီဖြစ်သော အီဂျစ်နိုင်ငံတွင် နိုင်ငံရေး တင်းမာမှုများ အဆမတန် မြင့်တက်လျက်ရှိရာ နိုင်ငံသားများအပါအဝင် လေ့လာစောင့် ကြည့်သူများ၏ စိုးရိမ်ပူပန်မှုများလည်း ကြီးထွားလျက်ရှိကြောင်း CNN သတင်း ဌာနက “ယနေ့အီဂျစ်ရေးရာ” အထူးအခန်း ကဏ္ဍတွင် ရေးသားဖော်ပြသည်။

အီဂျစ်တွင် စစ်တပ်အာဏာသိမ်း ပိုက်လိုက်ကာ ကြားဖြတ်အစိုးရ တင်မြှောက်လိုက်သည့် အချိန်မှစ၍ သမ္မတဟောင်း မော်စီနှင့် မွတ်ဆလင်ညီနောင်များ အဖွဲ့ ကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများအ ကြား ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက် မှုများ အဆမတန် များပြားလာသောကြောင့် နိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုမှာ လွန်စွာ ကြီးထွားလျက်ရှိသည်ဟု ယင်းကဏ္ဍတွင် ဖော်ပြထားသည်။

လက်ရှိအနေအထားတွင် မော်စီကို ထောက်ခံသူများက ၄င်းအာဏာပြန်လည် မရရှိသရွေ့ ကိုင်ရိုမြို့ တော်အရှေ့ ဘက်၌ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြမှုများကို စွန့်လွှတ်မည်မဟုတ်ကြောင်း တောင်းဆို ထားသည်။

တစ်ချိန်တည်းမှာပင် မော်စီကိုဆန့် ကျင်ပြီး စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသူ အင်အားစုများကလည်း ဆန္ဒပြမှုများ ပြုလုပ်ကြရာ နှစ်ဖက်ထိပ်တိုက် တွေ့ဆုံကာ ပဋိပက္ခများဖြစ်ပွားသလို အပြန်အလှန် အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်ပွားလျက် ရှိသည်။

နေစဉ်ရက်ဆက်နီးပါး ပေါ်ထွက်နေ သည့် အဆိုပါဖြစ်စဉ်များကြောင့် ကိုင်ရိုမြို့ တစ်မြို့ တည်းတွင်ပင် လူပေါင်း ဒါဇင်နှင့်ချီ ၍သေဆုံးခဲ့ပြီး ရာပေါင်းများစွာဒဏ်ရာရရှိ ခဲ့ကြသည်။

အီဂျစ်အစိုးရကလည်း မော်စီကို ထောက်ခံသူများအနေနှင့် ဆန္ဒပြမှုများကို အမြန်ဆုံးအဆုံးသတ်ရန် သတိပေးကြေ ညာထားရာ ဆူပူအကြမ်းဖက်မှုများပိုမိုဖြစ် ပေါ်မည့် အလားအလာများရှိနေသည်။

ယခုတစ်ပတ် တနင်္လာနေ့က CNN သတင်းဌာနနှင့် ပြုလုပ်သောအင်တာဗျူး တွင် အီဂျစ်ကြားဖြတ် ဝန်ကြီးချုပ် ဟာဇန် အယ်လ်ဘက်လာဝီက "ဟုတ်ပါတယ်၊ အခြေအနေတွေက တင်းမာနေပါတယ်။ ကျွန်တော်တို့မှာ အင်မတန်ခက်ခဲတဲ့အခြေအနေ မျိုးဖြစ်နေတယ်ဆိုတာကို ဘယ်သူမှငြင်းနိုင် မှာ မဟုတ်ပါဘူး" ဟု ပြောကြားသည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော ဆန္ဒပြမှုများ တစ်လနီးပါးခန့် ဖြစ်ပွားခဲ့သော် လည်း အစိုးရအနေနှင့် အခြေအနေများ မူလအနေအထားအတိုင်း ပြန်လည်ရရှိနိုင် ရေးအတွက် အနည်းအကျဉ်းမျှသာ ကြိုးစား လုပ်ဆောင်နိုင်ကြောင်း ၄င်းကပြောကြား သည်။

လက်ရှိ အီဂျစ်နိုင်ငံ၏ အခြေအနေ မှာ ထိန်းမနိုင်သိမ်းမရပုံစံမျိုးဖြင့် ဖရိုဖရဲဖြစ် လျက်ရှိပြီး ယင်းဖြစ်ရပ်သည် ၂၀၁၁ ခုနှစ် အာဏာရှင်သမ္မတ ဟိုစနီမူဘာရက်အစိုးရ ကိုဖြုတ်ချသည့် လူထုဆန္ဒပြမှုကြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည်ဟု လေ့လာ စောင့်ကြည့်သူများကဆိုသည်။

အမေရိကန်ပြည်ထောင်စုကမူ အီ ဂျစ်နိုင်ငံသည် ချောက်ထဲကျလုဆဲဆဲ အခြေ အနေသို့ရောက်ရှိနေပြီး ယင်းအခြေအနေမှ အမြန်ဆုံး ပြန်လည်ဆုတ်ခွာရန် တိုက်တွန်း ပြောဆိုထားသည်။

ဒ ဂု န် တာ ရာေ နွ ဦး ( ၉ )


“ဒီမိုကရေစီရမှ
အမျှဝေပါ”
             (၀င်းမော်ဦး)

နွေဦးရေ...
ကြားလား
ငါ ခေါ်နေတယ်
အောင်ဝေး ခေါ်နေတယ်။

အတ္တလန္တိတ်သမုဒ္ဒရာကမ်းခြေကနေ
ငါ လှမ်းမျှော်ကြည့်တယ်
အော်သံကြားလား နွေဦး။

ပစိဖိတ်သမုဒ္ဒရာကမ်းခြေကနေ
ငါ ရမ်းရော်မိတယ်
အော်သံကြားလား နွေဦး။

အက်ဒွပ်မန့် ခ်ျ ရဲ့ 
“အော်သံ” မဟုတ်ပါဘူး။

ဒါ...ပြည်ပြေးတစ်ယောက်ရဲ့ 
အော်သံ
အိမ်လွမ်းသူရဲ့ အော်သံပါ။

လစ်ဘာတီရုပ်တုခြေရင်းမှာ
အကျဉ်းထောင်ထဲက
မင်းကိုနိုင်ကို လွမ်းဖူးတယ်။

ဂိုးလ်ဒင်းဂိတ်တံတားကြီးပေါ်မှာ
ဒေါ်အောင်ဆန်းစုကြည်ကို လွမ်းဖူးတယ်။

လင်ကွန်းအောက်မေ့ဖွယ်ဗိမာန်မှာ
ဒဂုန်တာရာရဲ့ စန္ဒရားသံကို
လွမ်းဖူးတယ်။

အလွမ်းဆုံးကတော့
သွေးဆုံးသွားတဲ့ အနာဂတ်ကိုပါပဲ။

ဖုန်းမော်ဖြစ်ဖြစ်
စိုးနိုင်ဖြစ်ဖြစ်
ဖြစ်လေရာဘ၀မှာ
ငါတို့ ကိုခွင့်လွှတ်ပါ။

၂၅ နှစ်ကြာတဲ့အခါ
စစ်အာဏာရှင်စနစ်ဟာ
လိုင်စင်ရတစ္ဆေတစ်ကောင်ဖြစ်လာခဲ့လေရဲ့ ။     ။

အောင်ဝေး
ဇူလိုင် ၃၀-၂၀၁၃။

မြဝတီမြို့မှာ ရေဘေးသင့် ဒုက္ခသည် နှစ်သောင်းခွဲကျော် အကူအညီတွေ လိုအပ်



ရေကြီးနေတာ ၃ ရက်ရှိပြီဖြစ်တဲ့ မြဝတီမြို့မှာ ဘေးလွတ်ရာပြောင်းရွှေ့ပေးလိုက်ရသူ နှစ်သောင်းခွဲကျော်ရှိနေပြီ လို့ လူမှုဝန်ထမ်းအဖွဲ့တွေကပြောသလို၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့လိုနေတယ် လို့ ဒေသခံတွေကပြောကြပါတယ်။

ဒီနေ့ ရေက ၁ ပေကျော်လောက်ကျသွားပေမဲ့ ထူးခြားမှုမရှိသေးပဲ နောက်ရက်တွေမှာ ရေကြီးမကြီးဆိုတာ ထိုင်းနိုင်ငံဘက်က ဆည်ဖွင့်ချမယ့်အပေါ်မှာ မူတည်နေတယ်လို့ မြဝတီမြို့က ကုန်သည်တစ်ယောက် ကပြောပါတယ်။

မြဝတီမြို့နဲ့ မဲဆောက်မြို့ကြားကနေစီးဆင်းနေတဲ့ သောင်ရင်းမြစ်ဟာ တောင်ဘက်ကနေ မြောက်ဘက် ကို ပြောင်းပြန်စီးတဲ့မြစ်ဖြစ်ပြီး သောင်းရင်းမြစ်အထက်ပိုင်း ထိုင်းနိုင်ငံဘက်မှာ ဆည်တွေတည်ဆောက်ထားပါတယ်။ အခုလိုမိုးကြီးတဲ့ကာလတွေမှာဆို ရေကာတာကျိုးမှာစိုးတဲ့အတွက် ဆည်ဖေါက်ချလေ့ရှိပြီး ရေကြီးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အနှစ် ၂ဝ ကျော်မှာ အဆိုးဆုံး ရေကြီးမှုဖြစ်တယ်လို့ သိရပါတယ်။

မြဝတီမြို့ရဲ့ ၄ ပုံ ၃ ပုံ ရေကြီးနေတဲ့အတွက် လောလောဆယ်မှာ သောက်သုံးရေရှားပါးလာပြီလို့ လည်း သိရပါတယ်။ ဈေးတွေ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးတဲ့အပြင်၊ ဘဏ်တွေကိုပါရေဝင်တဲ့အတွက် ပိတ်ထားရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စေတနာ့ဝန်ထမ်းဆရာဝန်တွေ၊ ဆေးမှူးတွေက လိုက်လံကူညီနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြဝတီကော့ကရိတ်ကားလမ်းမှာလဲ တောင်ပြိုတဲ့အတွက် လမ်းတွေပိတ်နေပြီး၊ ကုန်စည်သွားလာမှု အတွက်ရော ခရီးသည်သွားရေးတွေအတွက်ပါ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့ရဲ့ မြို့လည်ခေါင်မှာတော့ ပြီးခဲ့တဲ့ရက်က ရေလွှမ်းခဲ့ပေမယ့် မြို့ရဲ့ ရေနှုတ်မြောင်း စနစ်ကောင်းတဲ့အပြင်၊ သောင်ရင်းမြစ်ကမ်းပါးကိုလဲ ထိမ်းသိမ်းထားနိုင်တဲ့အတွက် ရေပြန်ကျသွားပြီဖြစ် လို့ ဒေသခံတွေအတွက် ရေဘေးဒဏ်ဆိုးဆိုးဝါးဝါးမခံလိုက်ရဘူးလို့ သိရပါတယ်။

ကော့ကရိတ် - မြ၀တီ လမ်း အပိုင်း မြေပြိုသည့် နေရာတစ်ခု ..


စံချိန် တင် လောက်အောင် မိုး ဆက်တိုက် ရွာသဖြင့် ..
ကော့ကရိတ် - မြ၀တီ လမ်း အပိုင်း နေရာ ၂၀ ကျော် လောက်မှာ မြေပြိုမှုများဖြစ်သည်။
ကားအသွားအလာ များလုံးဝ ရပ်သွားပြီ ဖြစ်ည်။..
ဆိုင်ကယ် ဖြင့် သွားလျှင် မြေပြိုပြီး လမ်းပိတ်သည့် သည့်နေရာရောက်တိုင်း
ဆိုင်ကယ်ကို လူအားဖြင့် ၀ိုင်းမ ပြီး သွားနေရသည်။
ဆိုင်ကယ်ကို ၀ိုင်းမ ရွှေ့ပေးသည့်ဝန်ဆောင်ခ ငွေတစ်ထောင် ကျပ်ပေးရပြီး
ကော့ကရိတ် မှ မြ၀တီ လမ်း အထိ ဆိုင်ကယ် စရိတ် သုံးသောင်းကျော် ကုန်ကျသည်။

မျောက် ၅ ကောင်ပုံပြင်



တစ်ခါက…သိပ္ပံပညာရှင်တစ်စုဟာ မျောက် ၅ကောင်ကို လှောင်အိမ်ထဲထည့်ပြီး စမ်းသပ်မှုတစ်ခုကိုပြုလုပ်ကြပါတယ်..။ လှောင်အိမ်ရဲ့  အလယ်မှာတော့ လှေခါးတစ်ခုကိုထောင်ထားပြီး လှေခါးထိပ်မှာ ငှက်ပျောသီးတစ်ဖီးကိုတင်ထားပါတယ်..။ မျောက်တစ်ကောင်ကောင်ဟာ လှေခါးထိပ်ကငှက်ပျောသီးကို တက်ယူတဲ့အခါတိုင်း မျောက်လှောင်အိမ်ပေါ်ကနေ မျောက်အားလုံးပေါ်ကို ရေခဲရေနဲ့လောင်းချပါတယ်..။
ခဏကြာမှာတော့ မျောက်တွေဟာ ငှက်ပျောသီးတက်ယူရင် ရေခဲရေလောင်းချခံရတာကို သတိထားမိလာကြပါတယ်..။ ငှက်ပျောသီးကိုယူဖို့လည်း လက်လျော့လိုက်ကြတယ်..။သူတို့ထဲက တစ်ကောင်ကောင်က လှေခါးပေါ်တက်တိုင်း ကျန်မျောက်တွေက ဆွဲချ..ထုကြထောင်းကြသတဲ့..။
သိပ္ပံပညာရှင်တွေဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကိုထုတ်ပြီး မျောက်အသစ်တစ်ကောင်ကို အစားထိုးထည့်လိုက်ပါတယ်..။ မျောက်အသစ်က ရေခဲရေအကြောင်းကိုမသိတော့ ငှက်ပျောသီးမြင်တာနဲ့ တက်ယူဖို့ကြိုးစားတာပေါ့..။ သူလှေခါးပေါ်တက်တိုင်း ကျန်တဲ့မျောက်တွေက ဆွဲချရိုက်နှက်ကြပါတော့တယ်..။ ဒီတော့ နောက်ရောက်လာတဲ့မျောက်ကလည်း ငှက်ပျောသီးယူရင် အထောင်းခံရတယ်ဆိုတာသိပြီး လက်လျော့လိုက်တယ်…။
နောက်တစ်ခါ မျောက်အဟောင်းထဲကတစ်ကောင်ကို အခြားမျောက်သစ်တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်..။ အလားတူပဲ ဒီမျောက်သစ်လည်း ငှက်ပျေားသီးတက်ယူတာနဲ့ အထောင်းခံရတာပဲ…။ စိတ်ဝင်စားစရာကောင်းတာက ပထမဆုံးအလဲခံရတဲ့ မျောက်ကလည်း ဒုတိယမျောက်သစ်ကို ဝင်ဆော်ပါသတဲ့..။ဘာလို့လည်းဆိုတော့ သူ့တုန်းကလည်းဒီလိုပဲ အထောင်းခံရလို့ သူကလည်းပြန်ထောင်းတာပါ..။
ဒီလိုနဲ့မျောက်တွေကို တစ်ကောင်ချင်း အစားထိုးလိုက်တာ..နောက်ဆုံးမှာ မျောက်အသစ်တွေချည်းပဲကျန်ပါတော့တယ်…။ သူတို့ဟာ ရေခဲရေအကြောင်းကို မသိပါဘူး။ ဒါပေမယ့်..ငှက်ပျောသီးကိုမယူရ၊ ယူတဲ့မျောက်ကို ထုထောင်းရမယ်..ဆိုတဲ့အယူကိုတော့ ဆက်လက်ကျင့်သုံးနေမြဲပါပဲတဲ့..။
ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်းဆုံးဖြတ်ချက်တွေချနေကြရပါတယ်..။ နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ ကိုယ့်အတွေ့အကြုံတွေ သူတစ်ပါးအတွေ့အကြုံတွေ ဓလေ့ထုံးတမ်းလုပ်ရိုးလုပ်စဉ်တွေရဲ့  လောင်းရိပ်မိနေတ⁠တ်ကြပါတယ်..။ ဒါကြောင့် ကျနော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းလေးနှစ်ခုလောက်မေးကြည့်ဖို့လိုပါလိမ့်မယ်…။
(၁) သင်ခံယူထားတဲ့ အတွေးအခေါ်အယူအဆတွေဟာ..ကိုယ်တိုင်စိစ⁠စ်ပြီးအမှန်တရားကိုမြင်လို့ ကျင့်သုံးနေတာလား..
(၂) သင်လုပ်ဆောင်နေတဲ့ အပြုမူတွေဟာလည်း လုပ်ရိုးလုပ်စဉ်မို့၊ သူများလုပ်တာတွေ့လို့ လိုက်လုပ်နေတာလား ၊ ကိုယ်တိုင်စီစ⁠စ်ပြီး လုပ်သင့်လို့ လုပ်နေတာလား ဆိုတာကိုယ့်ကိုယ်ကို မေးကြည့်ပါ…
ဒီမေးခွန်းတွေအတွက် အဖြေမရှိရင်တော့.. ကျုပ်တို့ဟာ ပုံပြင်ထဲကမျောက်တွေလိုပါပဲ..။
အထူးအဖြင့် ကျနော်တို့ နိုင်ငံကလူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ပုံသွင်းခံ၊ မှိုင်းတိုက်ခံထားရပါတယ်…။ ပုံပြင်ထဲက မျောက်တွေကို လုပ်ထားသလိုမျိုးပါပဲ…။ ဘာလို့လဲဆိုတော့ “ တို့လူလေးများ ဆိုသလေး….” လို့ဆိုလိုက်ရင် “ ဝေ.. လေ…လေး…” ဆိုတာတွေများပါတယ်…။ ဝေလေေ⁠လတွေများတယ်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘူး။ ဘယ်သူမှရှေ့ မထွက်ချင်ဘူး။ မထွက်ရဲဘူး။ သူများထွက်ရင်လည်း နောက်ကနေဆဲတယ်..။ ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ online ပေါ်ကနေ လက်သီးလက်မောင်းတွေတမ်းကြ.၊ ပစ်ပစ်နှစ်နှစ်တွေဆဲလိုက်ကြ..။ ဆဲတဲ့သူတွေကြည့်ပြန်တော့ ဘယ်သူမှန်းမသိ ဘယ်ကမှန်းမသိ ၊ ဘာမှ ကိုယ်ရေးအချက်အမှန် .. ဓာတ်ပုံမှန်မတင်ရဲတဲ့..ကိုယ့်စကားကိုယ်တာဝန်မယူရဲ ကိုယ်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူတွေဖြစ်နေပြန်တယ်..။
ဒါတွေအသာထားလို့ ကျနော့သယ်ရင်းတွေအနေနဲ့တော့ ပတ်ဝန်းကျင်ရဲ့  မှိုင်းတိုက်မခံရအောင် ပုံသွင်းမခံရအောင်.. ကိုယ့်ရဲ့  အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို စိစ⁠စ်ကြဖို့ အမှန်တရားကိုရှာဖွေကြဖို့ စေတနာစကားပါးလိုက်ရပါတယ်ဗျာ

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁နှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်း




၂၉-၇-၂၀၁၃ရက်နေ့က ကျင်းပခဲ့သော ၁၅ရက်မြောက်နေ့
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒေါ်စန္ဒာမင်း (ဇမ္ဗူသီရိမဲဆန္ဒနယ်)၏ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အပိုဒ်ခွဲ(၁)တွင် မည်ကဲ့သို့သော အကျဉ်းသားများ အကျုံးဝင်သည် (သို့မဟုတ်) အကျုံးမဝင်သည်၊ မည်ကဲ့သို့သော
ပြစ်မှုကျူးလွန်လျှင် ပြစ်ဒဏ်မှခံစားခွင့် (သို့မဟုတ်) ကင်းလွတ်ခွင့်ရှိ
သည်ကို သိလိုပါကြောင်းမေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုဟ်မှူးချုပ်ကျော်ဇံမြင့်က အကျဉ်းသားများ၏
ပြစ်ဒဏ်များကိုဆိုင်းငံ့ထားခြင်း၊ လွတ်ငြိမ်းသက်သာခွင့်
ပေးခြင်းနှင့်လျှော့ပေါ့ပြောင်းလဲခြင်းတို့နှင့် စပ်လျဉ်း၍ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)တွင် ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ
နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်း ခံရသူ သဘောတူသည့် စည်းကမ်းချက်တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့်
ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၎င်းကိုစီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ်အပိုင်း တစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်ဟူ၍ ပြဋ္ဌာန်းထားရာ နိုင်ငံတော်သမ္မတ
သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အကျဉ်းထောင် အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် တည်ဆဲဥပဒေများအရ ပြစ်ဒဏ်ကျခံလျက် ရှိသည့် မည်သည့်အကျဉ်းသားများမဆို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)နှင့် အကျုံးဝင်ပါကြောင်း၊ မည်သည့်အကျဉ်းသားများသည် အကျုံးမဝင်ကြောင်းနှင့် ပြစ်ဒဏ်အမျိုးအစား ခွဲခြားသတ်မှတ်
ပြဋ္ဌာန်ခြင်းမရှိပါကြောင်း၊ တည်ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်သူများ
အား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ထိုက်သင့်သော ပြစ်ဒဏ်များကိုကျခံပြီး မိမိအကျိုး၊
ဒေသအကျိုးနှင့် နိုင်ငံ့အကျိုးအတွက် အများပြည်သူနှင့်အတူ တစ်ဖက်တစ်လမ်းမှ တာဝန် ထမ်းဆောင်သွားနိုင်စေရန် ရည်ရွယ်၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)တွင် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်ပါကြောင်းဖြင့်
ပြန်လည်ဖြေကြားခဲ့ပါသည်။


=================================
အကြောင်းအရာ အပြည့်အစုံကို အောက်ပါ<<>>တွင်ဆက်လက် ဖတ်ရှုနိုင်ပါသည်။
=================================
http://www.pyithuhluttaw.gov.mm/answer/ပြစ်မှုဆိုင်ရာ-ကျင့်ထုံးဥပဒေ-ပုဒ်မ-၄၀၁-အပိုဒ်ခွဲ-၁တွင်-မည်ကဲ့သို့သော-အကျဉ်းသားများအကျုံး

(၂၅)နှစ်မြောက်ရှစ်လေးလုံးနှစ်ပါတ်လည်စစ်အာဏာရှင်ဆန် ကျင်ရေးနှင့် (၂၀၀၈) ဖွဲ့ စည်းပုံခြေခံဥပဒေအားမီးရှို့ ဆန့် ကျင်ပွဲတပ့်လှန့် နှိုးဆော်ဖိတ်ကြားခြင်း

အ၀တ်လဲခန်း၌ စကားများခြင်း

@ အ၀တ်လဲခန်း၌ စကားများခြင်း @ .. ဆလိုင်းနွေ(မင်းတပ်)

၁၉၆၅ ခုနှစ်မှာ
လီကွမ်ယုကြီးက ကြုံးဝါးတယ်
နောင် အနှစ်နှစ်ဆယ် မြန်မာနိုင်ငံကို မီရမယ်
ကဲ .. အခု မီနိုင်ပြီလား။
(ယ)ယပက်လက်တွေက ငယ်နိုင်ပါဆိုရင်
လာအိုကို မနည်းကျုံးနေရတဲ့အခါ
ကျွန်တော် အသံပြာလာတယ်။
ဗီယက်နမ်မှာ အောင်ကျော်ကျော်က အစ
သုဝဏ္ဏကွင်းမှာ ကျော်ကိုကို အဆုံး
သင်ခန်းစာတွေ ကုန်သွားပြီလား
သယံဇာတတွေ ပေါကြွယ်ဝတာ မှန်တယ်
ကျွန်တော်က သစ်ပင်တစ်ပင် ခုတ်မရောင်းဘူး
ကျောက်ခဲတစ်လုံး အပြင်မထုတ်ဘူး
တိုးစရာ ပင်စင်မရှိတော့လည်း
ငေးနေကျအတိုင်း ကျွန်တော်ငေးတယ်။
ဆင်းရဲမွဲတေမှုပပျောက်ရေးမှာ
ဆေးညွှန်းတွေကို ကျွန်တော်မဖတ်တတ်ဘူး
ဈေးကွက်စီးပွားရေး ပြောနေရုံနဲ့
သူတစ်ပါးလက်ထဲက ပိုက်ဆံတွေ
ကျွန်တော့်အိတ်ကပ်ထဲ ခေါင်းထိုးမ၀င်ဘူး။
ချက်တင်ဝင်ဖို့ ဖေ့စ်ဘုတ်ဟာ
အပေါစား အချစ်ဗိုင်းရပ်စ်တွေ
စက္ကန့်တံတွေကို ၀ါးမြိုတယ်
အဆင့်မြင့်တိုက်ခန်းပေါ်က ခုန်ချဖို့
စင်္ကာပူနိုင်ငံကိုပဲ ရွေးချယ်ရမလား
နောက်ကြောင်းတော့ ပြန်မလှည့်ဘူး
နောက်ကြောင်းမှ မကောင်းခဲ့တာ။

ဆလိုင်းနွေ(မင်းတပ်)

ရုပ်ရှင်တေးကဗျာ
မေ၊ ၂၀၁၂။

အဖျက်ဆီးမခံရရန် ဥရောပသို့ပို့ထားသော ရှစ်လေးလုံးသမိုင်းဝင် ဓာတ်ပုံ ၅ဝဝ ကျော်အား ပြန်လည်တောင်းခံထား


Wednesday, July 31, 2013

ဥရောပနိုင်ငံမှ မော်ကွန်းတိုက်တစ်ခုသို့ ပို့ဆောင်သိမ်းဆည်းခဲ့သည့် ရှစ်လေးလုံးအရေး အခင်းကာလတွင်း ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ၅ဝ၇ ပုံ ကို ပြန်လည်တောင်းခံထားကြောင်း ဓာတ်ပုံ ဆရာ ထိန်ဝင်းက ပြောသည်။

ဓာတ်ပုံဆရာ ထိန်ဝင်းအနေနှင့် ရှစ်လေး လုံးအရေးခင်းဓာတ်ပုံများကို ထိန်းသိမ်းရန် ခက်ခဲ သည့်အတွက် နီးစပ်သူ မိတ်ဆွေများမှတစ်ဆင့် ဥရောပ နိုင်ငံတစ်နိုင်ငံအတွင်းမှ မော်ကွန်းတိုက် တစ်ခုသို့ ပေးပို့ သိမ်းဆည်းခဲ့ရသည်ဟု ဆိုသည်။

မော်ကွန်းတိုက်အမည်နှင့် နိုင်ငံကိုမူ ယခု အချိန်တွင် ထုတ်ဖော်မပြော လိုသေးဟု ၄င်းက ထပ်ပြောသည်။

၎င်းအနေဖြင့် ရှစ်လေးလုံး အရေးအခင်း တစ်လျှောက် ဓာတ်ပုံများစွာ ရိုက်ကူးခဲ့ပြီး အချို့ကို ကိုယ်တိုင်နှင့် မိတ်ဆွေများထံ ခွဲခြမ်းအပ်နှံခဲ့ သည်။

”အဲဒီ့အချိန်က မှတ်တမ်းဘာညာတွေ့ရင် စစ်ဆေးခံရတာလေ။ သူငယ်ချင်းတွေဆီမှာ အပ်ထားတဲ့ နဂ္ဂတစ်ဖလင်တွေက မီးရှို့တာခံလိုက် ရ တယ်။ သူတို့လည်း ကြောက်တာကို” ဟု ၄င်းက ဆက်ပြောသည်။

သို့သော် ၄င်းထံတွင် နဂ္ဂတစ် ဖလင် တစ်ရာကျော်နီးပါး လက်ဝယ် ကျန်ရှိခဲ့ပြီး ယင်းဓာတ်ပုံများအတွင်းမှ ထူးခြားသည့် သမိုင်းဝင်ဓာတ်ပုံ သုံး ဆယ်ခန့်ကိုမူ လာမည့် သြဂုတ်လ တွင် ကျင်းပမည့် ရှစ်လေးလုံးငွေရတု အခမ်း အနား၌ ပြသသွားမည် ဖြစ်သည်။

ပြသမည့်ဓာတ်ပုံများတွင် ၁၉၈၈၊ သြဂုတ်လ ၂၆ ရက်၌ ရွှေတိဂုံစေတီ အနောက်ဘက် မုခ်တွင် ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထု ၏ တွေ့ဆုံပွဲမြင်ကွင်းများပါ ပါဝင်မည် ဖြစ် သည်။

ဓာတ်ပုံအချို့မှာ နဂ္ဂတစ် ဖလင် များမှ ပြန်လည် ကူးယူရခြင်း ဖြစ်သည့် အတွက် ဆေးသားပျက်စီးမှုများ ရှိနိုင် ပြီး အများစုကို အဖြူ၊ အမည်းဖြင့် သာ ပြသသွားမည် ဖြစ်သည်။

မော်ကွန်းတိုက်သို့ ပေးပို့ထား သည့် ဓာတ်ပုံ ၅ဝ၇ ပုံအနက် ဓာတ်ပုံ ၁၄ ပုံမှာ မော်ကွန်းတိုက်မှ ဓာတ်ပုံဆရာ နာမည် ရေးထိုး၍ အွန်လိုင်း၌ ဖြန့်ဝေ ခဲ့ပြီး လက်ရှိတွင် ၄င်းဓာတ်ပုံအချို့မှာ စာအုပ်အချို့၌ ခွင့်ပြုချက်မရှိဘဲ ကူးယူ အသုံးပြုခြင်းများလည်းရှိနေသည်ဟု သိရသည်။

သုတလင်း
Popular Myanmar News Journal

ဒါဒို့ပြေ (ပြည်) ဒါဒို့မြေ … ဒို့ပိုင်တဲ့ ပြေ


------------------------------
-----------
ဆွေမျိုးပေါက်ဖေါ်ကြီးရဲ့ တုန်လှုပ်ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အနောက်တောင် (စနေ) အရပ်ယွန်းယွန်းဆီမှ အရှေ့မြောက် (တနင်္ဂနွေ) အရပ် တရုတ်ပြည်သို့ ထွက်ပေါက်ပြုကာ ရှည်လျားလွန်းလှသည့် ဓါတ်ငွေ့ပိုက် ကြီးသည် သွေးစုတ် မျှော့ကောင်ကြီးအလား အာရှ၌ အလှပဆုံးသော မြန်မာ့ပြည်နယ် တောင်တန်းအသွယ်သွယ်များကို ဒေါင့်ဖြတ်သတ်ထားကာ အညာမြေဖြစ်သော ပြည်ထောင်စု ဝမ်း ဗိုက်ကို ဖေါက်ကာ စတင်စီးဆင်းနေပါပြီ။ ပိုက်လှိုင်းများချရာ မြေနေရာတို့ကို လျော်ကြေးပေးရာ မြန်မာ့မြေဝယ်ယူကာ လုပ်ဆောင်ခြင်းကြောင့် နိုင်ငံနှင့်လူမျိုး၏ ဆုံးရှုံးမှု ဂုဏ်တန်ဖိုးက ကြီးမားလွန်းလှတာမို့ ကြေကွဲဝမ်းနည်းစရာ ကောင်းလှပါ တယ်။ မိမိနိုင်ငံနှင့် လူမျိုးကို ရန်သူမျိုးငါးပါး လက်နက်နှင့် ချိန်ရွယ်ထားသည့်ပမာအချိန်မရွေး ဖြစ်ပေါ်ကျရောက်လာနိုင် သည့် မီးဘေး၊ ရေဘေးနှင့် ရန်သူမျိုးငါးပါး ဘေးအန္တရာယ်တို့က ခံစား၍ ကြည့်မြင်နိုင်ပါတယ်။

မြန်မာနှင့်တရုတ် ဆွေမျိုးပေါက်ဖေါ်ဆိုတဲ့ စည်းဖေါက်ခဲ့ပါလျှင် ဆည်ရေကာတာများ ရေလျှံကျိုးပေါက် ချိုးဖေါက်ခံဘဝနှင့် ရွှေဂတ်စ်မီးကြောင့် မြန်မာပြည်မီး ဟုန်းဟုန်းတောက်မည့် အရေးက နိုင်ငံနှင့်လူမျိုး ရေမျှောကမ်းတင်ဘဝ၊ အမိမဲ့သား၊ ရေနည်းငါးဘဝ ဆိုက်ရောက် လေမလား မတွေးဝံ့စရာ။ နိုင်ငံတကာမှ သဘာဝ အရင်းမြစ်များ စောင့်ကြည့်လေ့လာရေးဆိုင်ရာနှင့် စိးပွါးရေးဆိုင်ရာများကိုအသေးစိတ်စောင့်ကြည့်နေတဲ့ ဂါဘီကိုးလင်းစ်(Gabe Collins)၏ တင်ပြချက် စာတမ်းမှာ နှစ်ပေါင်း ၅၀ စာချုပ်ဟာ မြန်မာ့ ကမ်းလွန် ရခိုင်ဒေသမှ သဘာဝ ဓါတ်ငွေ့ အရင်းမြစ်အားလုံး
ကုန်ခန်းသွားစေသော အခြေနေထိသို့ပင် ရှိကြောင်း ထောက်ပြထားလေရဲ့။တရုတ်ကနေပြီး မြန့်မာ့ သဘာဝဓါတ်ငွေ့များတွေကိုပြန်လည်သန့်စင် ချက်လက် ထုတ်လုပ်မည့် အလွန်ကြီးမားသော ရေနံချက်စက်ရုံနှင့် သဘာဝဓါတ်ငွေ့ သန့်စင်စက်ရုံကြီးတွေလည်း ယူနန်ပြည်နယ် ကူမင်းမြို့ရဲ့ မြောက်ဘက် ၅၅ မိုင်အကွာမှာတည်ဆောက်ပြီးသွားပြီ ။ (Global Health Watch) ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ကြည့်မှု ဆိုင်ရာအဖွဲ့က ၄င်းစက်ရုံကြီးများမှ ထုတ်လွှတ်လာမည့် ကာဗွန်ဒိုင်နှင့် လေထုထဲမှာ အဆိပ်ဖြစ်ပေါ်စေနိုင်သော ဓါတုအဆိပ်ငွေ့မိးခိုးထုများ မြန်နိုင်ငံတောင်တန်းဒေသနှင့် မန္တလေးတိုင်း စစ်ကိုင်းတိုင်းတို့ အထိပင် ရှောက်၇ှိပြန့်နှံပြီး မိုးအဖြစ် တဖန် ပြန်လည်ရွာချပါက ဒေသခံမြန်မာပြည်သူများ၏ ၈၀ ရာနုံန်းမှာ အချိန်ကြာလာသည်နှင့် အမျှ ရောဂါဆန်းများခံစားရပြီး လူ့သက်တန်းများ တဖြေးဖြေး ယုတ်လျော့ တိုတောင်းလာမည် ဖြစ်ကြောင်း ဆိုထားပြန်ပါတယ်။

ယနေ့ကဲ့သို့သော မြန်မာသမိုင်းစဉ်တွင် သေရေးရှင်ရေး ဒီမိုကရေစီ အရေး လမ်းချိုးလေးသို့ ရောက်နေကြသည့် ကာလ၌ကို ပေါက်ဖေါ်တရုတ်နိုင်ငံက မြန်မာပြည်မှစီးပွားရေး၊ စစ်ရေး အရရှားပါး လှစွာသော အခွင့်အရေးကြီးများကို မြန်မာစစ်သူကြီး တို့၏ ကျေးဇူးတော်ဖြင့် ရရှိလျက်ရှိနေပါတယ်။ထို့ပြင်မက ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ကျောက်ဖြူလေယာဉ်ကွင်းသစ် ဖောက်လုပ်ရေးရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းနှင့် အပြိုင်မီးရထားလမ်းများကို တရုတ်ပြည်ရှိကူမင်းမြို့အထိ ဖောက်လုပ်ခွင့် ပေးထားပါသေးတယ်။

စစ်ရေးအရကြည့်ရင် တိုင်းတပါး စစ်သည်များအတွက် အရှေ့မြောက်မှ အနောက်သို့ ရွှေလမ်းငွေလမ်းဖေါက်ပေး ထားသကဲ့သို့ပင်…. အရှေ့မြောက်အရပ်တွင် လူဦးရေသန်း ၁၃၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံ။ အနောက်ဘက်တွင်ကား လူဦးရေ သန်းတစ်ထောင်ကျော်ရှိသည့် အိန်္ဒိယနိုင်ငံနှင့် လူဦးရေသန်း (၂၀၀) နီးပါးရှိသည့် ဘင်္ဂလားဒေ့နိုင်ငံ တို့ရှိနေပါတယ်။ ထိုလူဦးရေ လွန်နိုင်ငံများကြားတွင် မြေဆီသြဇာကောင်းသော၊ သဘာဝသံယံဇာတကြွယ်ဝသော မြန်မာနိုင်ငံကြားညှပ် နေပါတယ်။ အနောက်ဘက်မှ ဝင်လာသူ များနှင့် အရှေ့မြောက်မှဝင်လာသူများ ကြောင့် မြန်မာနိုင်ငံ၏ရှေ့ကာလ လူမျိုးဆက်များမှာ ကုလားပေါက်ဖေါ်လေးများသာ ဖြစ်လာကြပြီး ရုတ်မြန်လား ကာပြားပေါက်ဖေါ်ကလေးများသည် နောင် တချိန်တွင် တရုတ်ပြည် (ဘေဂျင်း) ပီကင်းမြို့တော်ရှိတာ ယင်နန်မန်ဥယျာဉ်တော်ကြီးတွင် တရုတ် သစ္စာတော်ခံ စစ်သူကြီး သန်းရွှေ၏ ရုပ်ထုကို သွားရောက် ပန်းခွေချအလေးပြုကြရပေတော့မည်။

-----------------------------------------------------------------------------------------------------

စာသား Credia : Zaw Wonn Maung

ကာတွန်းဟန်လေး၏ ကာတွန်းအား ... ငရဲသား ထပ် ကလိပါသည်...။

ဆယ်တန်းစာမေးပွဲ သင်္ချာမေးခွန်းမှားသဖြင့် ပြင်းထန်စွာ သတိပေးထားသည်ဟုဆို



ယုဝေ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၀၇ မိနစ်

လွန်ခဲ့သည့် လေးလကျော်က ဖြေဆိုခဲ့သည့် ဆယ်တန်းစာမေးပွဲတွင် ပညာရေးဝန်ကြီးဌာနက ပဲခူးတိုင်း အနောက်ပိုင်းအတွက် ထုတ်သည့် သင်္ချာမေးခွန်း၌ ပုစ္ဆာတစ်ခု မပြည့်စုံသဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့က မေးခွန်းထုတ်သူကို ပြင်းထန်စွာ သတိပေးထားကြောင်း ဇူလိုင်၃၀ ရက်တွင် ထုတ်ပြန်သည်။

ငါးမှတ်တန် သင်္ချာပုစ္ဆာ မေးခွန်းနံပါတ်၁၂(ခ)သည် ပုစ္ဆာမပြည့်စုံသဖြင့် ယင်းကိစ္စကို အဆိုပါအဖွဲ့ထံ ပြည်သူအချို့က တိုင်ကြားကြသဖြင့် ဇူလိုင် ၃၀ရက်တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ယခုလို ဖြေရှင်းလိုက်ခြင်းလည်း ဖြစ်သည်။

ထိုကိစ္စကို “အမှတ်ပေးစည်းမျဉ်း ရေးဆွဲစဉ်ကတည်းက စစ်ဆေးတွေ့ရှိခဲ့ပြီး ဖြစ်ပါသည်” ဟုလည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့၏ ကြေညာချက်တွင် ပါရှိသည်။

ယင်းပုစ္ဆာဖြေဆိုသူတိုင်းကို ငါးမှတ်အပြည့် ပေးခဲ့ကြောင်းလည်း ထိုအဖွဲ့က ထုတ်ပြန်ချက်တွင် ထည့်ရေးထားသေးသည်။

ပြည်သူ့ဝန်ဆောင်မှုများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့သည် ၀န်ကြီးဌာနများနှင့် ပတ်သက်၍ မကျေလည်သည်များကို ပြည်သူများ မေးမြန်းစုံစမ်းနိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပြီး ယခုကိစ္စကို မကျေလည်သေးပါကလည်း ၎င်းတို့ကို ထပ်မံမေးမြန်းရန် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော် ယခု သင်္ချာမေးခွန်းမှားယွင်းမှုနှင့် ပတ်သက်၍ မည်သည့်ပုဂ်္ဂိုလ်ကို ပြင်းထန်စွာ သတိပေးထားခြင်းဖြစ်ပြီး နောင် ထိုအမှားမျိုးကျူးလွန်လျှင် မည်သို့ အပြစ်ပေးမည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

ပြင်ဦးလွင်မြို့ရှိ စာပန်းအိမ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ် ဦးကြည်သော်က “ဒီလိုမျိုး မေးခွန်းမှားတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ တိုင်းနဲ့ပြည်နယ်အလိုက် မေးခွန်းတွေ အများကြီးထုတ်လို့ ဖြစ်တာပါ။ အဲဒီလိုမျိုးတွေ မဖြစ်ပေါ်စေဖို့အတွက် တစ်နိုင်ငံလုံးမှာ မေးခွန်းတစ်စုံပဲထုတ်ပြီး သေချာ စစ်ဆေးစေချင်ပါတယ်”ဟု သုံးသပ်ပြောကြားသည်။

ထို့ပြင် သင်္ချာမေးခွန်းသည် စာတစ်လုံးမှားသည်နှင့် ကျောင်းသားအတွက် အခက်အခဲများ ဖြစ်ပေါ်စေနိုင်ပြီး စိတ်ရှုပ်ထွေးစေကာ နောက်ပိုင်းမေးခွန်းများအတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟုလည်း သူက ဆက်လက်ပြောကြားသည်။

ဘင်္ဂလား ပင်လယ်အော်က မုန်တိုင်း စစ်တွေအနောက်ဘက်ကို ဗဟိုပြုနေ



By - blog.irrawaddy.org

ယမန်နေ့က ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့ တဲ့ လေဖိအားနည်း ရပ်ဝန်းဟာ အားကောင်း လာရာက မုန်တိုင်းငယ် အဖြစ်ရောက်ရှိသွားပြီး မြန်မာနိုင်ငံ စစ်တွေမြို့ရဲ့ အနောက်ဘက် မိုင်း ၃၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ဒီကနေ့မနက် မြန်မာစံတော်ချိန် ၅ နာရီခွဲ တိုင်းထွာချက်ကို ထုတ်ပြန်ထားပါတယ်။

လက်ရှိ နိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းအားလုံးနီးပါး မိုးကြီးမှုဒဏ်ခံနေရ တဲ့ မြန်မာနိုင်ငံအတွက် သတိထား စရာ အချက်တခုက မိုး/ဇလရဲ့ ဒီနေ့ မနက်ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ နောက်ထပ် ၂ ရက် အထိ မုတ်သုံလေ အားကောင်းမယ်လို့ ဖော်ပြထားပါတယ်။

မနေ့က မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကို ဧရာဝတီ က ဆက်သွယ် မေးမြန်းရာမှာ မုတ်သုံလေ အားကောင်းလာရင် နောက်ရက်တွေ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု ပိုများ လာနိုင်ပြီး ရေလွှမ်းမှု အန္တရာယ်နဲ့ ကြုံနိုင်တဲ့ ဒေသတွေများ လာမှာဖြစ် တယ်လို့ ပြောဆိုထားပါတယ်။

မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကလည်း ဘင်္ဂလား ပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတဲ့အတွက် သြဂုတ်လ ၄ ရက်နေ့အထိ မိုးကြီးနိုင်ပြီး ရေဖုံးလွှမ်းခံရတဲ့ ဒေသတွေ တိုးလာနိုင် တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ချက်

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလား ပင်လယ်အော်အခြေအနေ။

ယနေ့ မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက် ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ ဘလာဆိုမြို့
၏ တောင်-အရှေ့ တောင်ဘက် မိုင်(၇၀)ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့ ၏အနောက်ဘက် မိုင် (၃၂၀) ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက် လက်ရွေ့ လျားပြီး၊ နောက် (၁၂)နာရီ အတွင်း အိန္ဒိယနိုင်ငံ ၊သြရိသ ကမ်းခြေသို့ ဖြတ်ကျော် ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားကောင်း ရာမှ အားအလွန်ကောင်းနေပါ သည်။” ဟု မိုးဇလ အင်တာ နက် ဝဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ နိုင်ငံအတွင်း ပြည်နယ်နှင့် တိုင်း အားလုံးမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒီအထဲမှာမှ ကရင်ပြည် နယ်နဲ့ မွန်ပြည်နယ် တို့မှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထား ပါတယ်။

မြန့်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်ကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တနာရီလျှင် မိုင် ၄၀ အထိ တိုက် ခတ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

လက်ရှိအနေအထားမှာတော့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွေမှာ မိုးသည်း ထန်မှုကြောင့် ရေ ကြီးပြီး ဈေးဆိုင်တွေ၊ ကျောင်းတွေ၊ ရုံးတွေ ပိတ်ထား ရပြီး မြေပြိုမှု၊ လမ်းပျက်စီးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ကျော်ခ ~

ကိုယ့်အားပေးတဲ့ဘောလုံးအသင်းကိုနိုင်စေချင်ရင်


ကိုကိုဦး(သူပုန်မျိုးဆက်-၈၈) ဆန်ခဘူရီ

သူငယ်ချင်းတို့ရေ
တွန်းတွန်းတိုက်တိုက်ကစားရတဲ့ ဒီနေ့
ဘော်လုံးစကားနဲ့ပြောရမယ်ဆိုရင်
ဒီနေ့ရှစ်ဆယ့်ရှစ်မျိုးဆက်ဆိုသူတွေဟာ
လက်ရွေးစင်ဟောင်းနဲ့သိပ်တူနေပါတယ်၊
သူငယ်ချင်းတို့ရေ ကိုယ့်အားပေးတဲ့
ဘောလုံးအသင်းကိုနိုင်စေချင်ရင်
လက်ရွေးအသစ်တွေကို ပြိုင်ပွဲကိုဝင်ခွင့်ပေးရမယ်၊
အားတက်သရောအားပေးရမယ်၊
လက်ရွေးစင်ဟောင်းတွေကိုတော့
အထူးတန်းမှာလက်မှတ်အလကားပေးပြီး ကြည့်ခွင့်ပေးရင်လုံလောက်မယ်လို့ထင်ပါတယ်၊
ဒါကြောင့် ဒီနေ့လက်ရွေးစင်သစ်ဘယ်သူဖြစ်သင့်သလည်းဆိုတာ
ကျနော်တို့ဟာကျနော်တို့ဆုံးဖြတ်ပေးရမဲ့အချိန်ဖြစ်တယ်၊

ဒေါက်တာ ဇော်ဦးအား အဓိက စကားပြောကြားမည့်သူအဖြစ် အဆိုတင်သွင်းခြင်းအား ကန့် ကွက်

ပြည်တွင်းတွင် ကျင်းပမည့် ၂၅ နှစ်မြောက် ၈၈၈၈ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ငွေရတုအခမ်းအနားတွင် (၂၅) နှစ်တာကာလအတွင်း မည်သည့် ကိုယ်ကျိုးစွန့် လွှတ်မှုမှ မရှိဘဲ အာဏာရှင်နှင့် စတင်ပူးပေါင်းခဲ့သည့် ဒေါက်တာ ဇော်ဦးအား အဓိက စကားပြောကြားမည့်သူအဖြစ် အဆိုတင်သွင်းခြင်းအား ကန့် ကွက်လိုက်ပါသည်။

ယခုကဲ့သို့  ပြောဆိုခြင်းသည် ကန့် ကွက်ထိုက်သည့် အကြောင်းရင်းများ ရှိ၍ ဖြစ်သည်၊ ထို့ အတူ ဒေါက်တာဇော်ဦးအား ကန့် ကွက်ခြင်းအပေါ် ၄င်းနှင့် နီးစပ်သူ (သို့ ) ၄င်း၏ သြဇာကို မလွန်ဆန်နိုင်သူ ကျေးဇူးတရားရှိသူများမှ မခံမရပ်နိုင်ဖြစ်ပါက ကိုယ့်သမိုင်းကို ကိုယ်ရေးပါရန် ပြောကြားလိုပါသည်။

၈၈၈၈ ရှစ်လေးလုံး ငွေရတုသမိုင်းအား ဦးဆောင်ကျင်းပသောသူများ၏ လုပ်ဆောင်ချက်များအား ကြိုဆိုသည်ဖြစ်သော်ငြားလည်း ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးဖြစ်သည့် ဒီမိုကရေစီရရှိရေး အာဏာရှင်စနစ်ပြုတ်ကျရေး ဦးတည်ချက်အရ အာဏာရှင်နှင့် ပေါင်းစပ်၍ မိမိကိုယ်ကျိုးကိုသာ လုပ်ဆောင်ကာ ဟန်ဆောင်လုပ်ပြသည့် အခွင့်အရေးသမားများကိုမူ ပြတ်သားစွာ ဆန့် ကျင်မည် ဖြစ်သည်။

၈၈၈၈ ရှစ်လေးလုံး ငွေရတုသမိုင်းအား အုတ်ရောရော ကျောက်ရောရောဖြင့် အခွင့်အရေးသမားများ အခွင့်အရေးယူမှုကို ဆန့် ကျင်သကဲ့သို့ ၊ ၈၈၈၈ ရှစ်လေးလုံး သမိုင်းအား ယခုထိတိုင် အသိအမှတ်မပြု ကြောက်ရွံ့ နေသည့် အာဏာရှင်များအားလည်း ဆက်လက်တိုက်ပွဲဝင်နေဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံ ပြည်တွင်းတွင်သာမက နိုင်ငံတကာတွင် ၈၈၈၈ ရှစ်လေးလုံး ငွေရတုသမိုင်းအား ဖေါ်ထုတ်ဂုဏ်ပြုကြရန် တိုက်တွန်းပါသည်။ သို့ သော် ၈၈၈၈ ရှစ်လေးလုံး ငွေရတုသမိုင်းအား အခွင့်အရေးယူ အသုံးချမည့် အာဏာရှင်များနှင့် ကိုယ်ကျိုးအသုံးချသူများကိုမူ ဖေါ်ထုတ်ဆန့် ကျင်မည်ဖြစ်သည်။

၈၈၈၈ ရှစ်လေးလုံး ငွေရတုသမိုင်းသည် ကျောင်းသားကျောင်းသူ ရဟန်းရှင်လူ ပြည်သူအပေါင်း၏ သွေးနှင့် ပေးဆပ်ခဲ့ရသော သမိုင်းဖြစ်သည့်အတွက် မမှန်မကန် ဆောင်ရွက်မှုများ၊ မမှန်မကန် ဆောင်ရွက်သူများ ရှိပါက သွေးစိမ်းစိမ်းအန်၍ ရောက်ရှိရာဘ၀၌ ဆိုးရွားသော ဘ၀အဆုံးသတ်မှုများ ကြုံရပါစေသား။

အာဏာရှင်လက်အောက် သေဆုံးခဲ့ကြရသည့် ထောင်ပေါင်းများစွာသော ရဟန်းရှင်လူပြည်သူများ၏ အသက်ဝိညာဉ်အား တိုင်တည်၍ ဤ ကျိန်စာအား ဆိုအပ်သည်။

“အမေ့သား စကားတိုးတိုးပြောလှည့်ပါ ”



ကာရံချိုမြ
သွေးစစွန်းထင်းနေတယ်
တယောကြိုးလည်း
တီးတိုးငိုကြွေးနေတယ်
ဂစ်တာတလက်
အုတ်ခုံထက်မှာ
အသက်မရှိရှာတော့ဘူး။

အမေ့အိမ်နား
ဒီညများမှာ
စစ်သားဖိနပ်
တခွပ်ခွပ်နဲ့
ရပ်လို့စောင့်နေတယ်။

အိမ်လည်ကြူးတဲ့သား
မိုးစက်တွေကြားမှာ
ငှက်ဖျား မိနေရော့သလား။

အမေ့နားမှာ
သားခေါ်သံများ
တိုးတိုး ကြားလျင်
နားကိုလှည့်စား
ဒီညများ
ဘယ်သွားနေလဲ လူကလေးရယ်။

သားတို့ကျောင်းက
ခွပ်ဒေါင်းလံကလေး
ရေမြောင်းဘေးမှာ
သွေးတွေစွန်းလျက်
ညနေဘက်က
အရပ်ထဲကလူတွေတွေ့ခဲ့သတဲ့။

အမေ့သား
စကားတိုးတိုးပြောလှည့်ပါ ။ ။

တင်မိုး
(ဒေါင်းအိုးဝေ အတွဲ (၁) ၊ အမှတ် (၇) အောက်တိုဘာလ၊၁၉၈၉ မှ)

Tuesday, July 30, 2013

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ယူခဲ့တဲ့ ဗိုလ်ချုပ်လက်ရေးမူ စာအုပ် စစ် ၊ မစစ် အာမမ ခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို



ဇူလိုင်လ (၁၉) ရက်နေ့၌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ဗိုလ်ချုပ် အောင်ဆန်းတက်ရောက်ပညာ သင်ကြားခဲ့ဖူးသော ရေနံချောင်း အမှတ် (၁) အခြေခံပညာအထက်

တန်းကျောင်းသို့သွားရောက်ခဲ့စဉ် အတွင်း ကျောင်း၌သိမ်းဆည်းထား သော ဗိုလ်ချုပ်အောင်ဆန်းလက် ရေးမူဆိုသည့်စာအုပ်ကို ကျောင်းအုပ်ဆရာမကြီး၏လှူဒါန်း ချက်အရလက်ခံခဲ့ပြီး

အဆိုပါ စာအုပ်မှာ ဗိုလ်ချုပ်၏လက်ရေး မူအစစ်ဟုတ်ခြင်းမဟုတ်ခြင်းအ တွက် မူ မိမိအနေဖြင့် တစ်စုံတစ်ရာ သော အာမခံချက် မပေးနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်၌
ဒေါ်အောင်ဆန်းစုကြည်မှ Hot News ၏မေးမြန်းချက်အားဖြေ ကြားသည်။

“ဒီကိစ္စအမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ တွေ့တုန်းကလည်း ကျွန်မပြောခဲ့ပါတယ်။ အဓိကက တော့စစ်တယ်။ မစစ်ဘူးပေါ့နော်။ ကျွန်မမှာလည်း ဖေဖေရဲ့လက်ရေး မူတွေ သိမ်းထားတာရှိပါတယ်။

ဒီရေနံချောင်းက စာအုပ်ကဘာလို့ စစ်တယ်၊ မစစ်ဘူး။ အာမမခံနိုင် ရသလဲဆိုတော့ လက်ရေးဆိုတာ က အပြောင်းအလဲရှိလာတတ် တယ်။ ဒီတော့ ကျွန်မမှာရှိတဲ့ ဖေဖေ့လက်ရေးမူတွေနဲ့ တိုက်စစ် မယ်။

အဲသလိုတိုက်ဆိုင်စစ်ဆေး ကြည့်လို့စစ်တယ်ဆိုရင် နိုင်ငံခြား ကပညာရှင်တွေကို အကူအညီ တောင်းပြီးတော့ သူတို့ဆီမှာရှိတဲ့ စက္ကူထိန်းသိမ်းရေးပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ သေသေချာချာ ထိန်းသိမ်းရမယ်။

သေသေချာချာ ထိန်းသိမ်းပြီဆိုမှ Scan ပွားပြီး လုပ်လို့ရပြီပေါ့နော်။ ဒါပေမဲ့ စစ်ဆေးမှုတွေတော့လုပ်ရဦးမယ်။ ခုဟာနဲ့ပတ် သက်ပြီးတော့ ဖေဖေ့ လက်ရေးမူအစစ်ဟုတ်တယ်၊ မဟုတ်ဘူးကျွန်မကမမခံနိုင်သေး ပါဘူး”ဟုဒေါ်အောင်ဆန်းစုကြည် ကပြောကြားသွားခဲ့သည်။

အင်တာနက်စာမျက်နှာများ ၌ အဆိုပါစာအုပ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ၏သဘော ထားအချို့အားဖော်ပြထားရာ၌ ဗိုလ်ချုပ်လက်ရေးမူစစ်မှန်ပါက ဗိုလ်ချုပ်တက်ရောက်ပညာသင် ကြားခဲ့သော

ရန်ကုန်တက္ကသိုလ် တွင် သမိုင်းဝင်အထိမ်းအမှတ်တစ် ခုအနေဖြင့် ထားရှိစေလိုကြောင်း နှင့် မစစ်မှန်ပါကလည်းမူလ ယူ ဆောင်ခဲ့ သည်ရေနံချောင်းအထက (၁) ၌သာပြန်လည်ထားရှိစေ လို ကြောင်းဖော်ပြထားပါသော်လည်း

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးခင်အောင်မြင့်ကမူ နိုင်ငံတော် အဆင့်ဝင်သမိုင်းပစ္စည်းတစ်ခုဖြစ် သည်နှင့် အညီနိုင်ငံတော်မှ ထိန်းသိမ်းပါက ပိုမိုသင့်လျော်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။


ခန့်ခန့်(ဒဿနိက)
Hotnews Journal
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ယူခဲ့တဲ့ ဗိုလ်ချုပ်လက်ရေးမူ စာအုပ် စစ် ၊ မစစ် အာမမ ခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

ဇူလိုင်လ (၁၉) ရက်နေ့၌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ဗိုလ်ချုပ် အောင်ဆန်းတက်ရောက်ပညာ သင်ကြားခဲ့ဖူးသော ရေနံချောင်း  အမှတ် (၁) အခြေခံပညာအထက်

တန်းကျောင်းသို့သွားရောက်ခဲ့စဉ် အတွင်း ကျောင်း၌သိမ်းဆည်းထား  သော ဗိုလ်ချုပ်အောင်ဆန်းလက် ရေးမူဆိုသည့်စာအုပ်ကို ကျောင်းအုပ်ဆရာမကြီး၏လှူဒါန်း  ချက်အရလက်ခံခဲ့ပြီး 

အဆိုပါ စာအုပ်မှာ ဗိုလ်ချုပ်၏လက်ရေး မူအစစ်ဟုတ်ခြင်းမဟုတ်ခြင်းအ တွက် မူ မိမိအနေဖြင့် တစ်စုံတစ်ရာ သော အာမခံချက် မပေးနိုင်ကြောင်း  ပြည်ထောင်စုလွှတ်တော်၌
 ဒေါ်အောင်ဆန်းစုကြည်မှ Hot News  ၏မေးမြန်းချက်အားဖြေ ကြားသည်။

“ဒီကိစ္စအမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ တွေ့တုန်းကလည်း ကျွန်မပြောခဲ့ပါတယ်။ အဓိကက တော့စစ်တယ်။ မစစ်ဘူးပေါ့နော်။ ကျွန်မမှာလည်း ဖေဖေရဲ့လက်ရေး မူတွေ သိမ်းထားတာရှိပါတယ်။ 

ဒီရေနံချောင်းက စာအုပ်ကဘာလို့  စစ်တယ်၊ မစစ်ဘူး။ အာမမခံနိုင် ရသလဲဆိုတော့ လက်ရေးဆိုတာ က အပြောင်းအလဲရှိလာတတ် တယ်။ ဒီတော့ ကျွန်မမှာရှိတဲ့ ဖေဖေ့လက်ရေးမူတွေနဲ့ တိုက်စစ် မယ်။ 

အဲသလိုတိုက်ဆိုင်စစ်ဆေး  ကြည့်လို့စစ်တယ်ဆိုရင် နိုင်ငံခြား  ကပညာရှင်တွေကို အကူအညီ တောင်းပြီးတော့ သူတို့ဆီမှာရှိတဲ့ စက္ကူထိန်းသိမ်းရေးပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ သေသေချာချာ ထိန်းသိမ်းရမယ်။

 သေသေချာချာ  ထိန်းသိမ်းပြီဆိုမှ Scan ပွားပြီး လုပ်လို့ရပြီပေါ့နော်။ ဒါပေမဲ့ စစ်ဆေးမှုတွေတော့လုပ်ရဦးမယ်။ ခုဟာနဲ့ပတ် သက်ပြီးတော့ ဖေဖေ့ လက်ရေးမူအစစ်ဟုတ်တယ်၊ မဟုတ်ဘူးကျွန်မကမမခံနိုင်သေး ပါဘူး”ဟုဒေါ်အောင်ဆန်းစုကြည် ကပြောကြားသွားခဲ့သည်။

အင်တာနက်စာမျက်နှာများ ၌ အဆိုပါစာအုပ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ၏သဘော ထားအချို့အားဖော်ပြထားရာ၌ ဗိုလ်ချုပ်လက်ရေးမူစစ်မှန်ပါက ဗိုလ်ချုပ်တက်ရောက်ပညာသင် ကြားခဲ့သော 

ရန်ကုန်တက္ကသိုလ် တွင် သမိုင်းဝင်အထိမ်းအမှတ်တစ်  ခုအနေဖြင့် ထားရှိစေလိုကြောင်း နှင့် မစစ်မှန်ပါကလည်းမူလ ယူ ဆောင်ခဲ့ သည်ရေနံချောင်းအထက (၁) ၌သာပြန်လည်ထားရှိစေ လို ကြောင်းဖော်ပြထားပါသော်လည်း  

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးခင်အောင်မြင့်ကမူ နိုင်ငံတော် အဆင့်ဝင်သမိုင်းပစ္စည်းတစ်ခုဖြစ် သည်နှင့် အညီနိုင်ငံတော်မှ ထိန်းသိမ်းပါက ပိုမိုသင့်လျော်မည်  ဖြစ်ကြောင်းပြောကြားခဲ့သည်။


ခန့်ခန့်(ဒဿနိက)
Hotnews Journal
ဗိုလ်ချုပ်အောင်ဆန်း လက်ရေးစာမူကို နိုင်ငံတော်က ထိန်းသိမ်းသင့်တယ် ဆိုပြီး...အဓမ္မယူဆောင်သွားခြင်းအပေါ် .....ဒေါ်အောင်ဆန်းစုကြည်က ထပ် ဆင့် ထောက်ခံလိုက်တဲ့အတွက် ...အထူးစိတ်မကောင်းဖြစ်မိပါတယ်... ကျနော်တို့ ဒေသခံများ မကျေနပ်တာက....အဓမ္မလုပ်ရပ်ကိုပါ...။ ၁၉၆၂ တော် လှန်ရေးကောင်စီ တက်လာတဲ့အခါ...ပြည်သူများပိုင်ဆိုင်တဲ့ လုပ်ငန်းတွေ ရေနံတွင်းတွေ ၊ ပိုင်ဆိုင်မူ့တွေကို အဓမ္မ သိမ်းယူတုန်းက ခံစားရမူ့မျိုးး ယခု ခံစားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲဒီအချိန်ကာလတုန်းက သိမ်းယူ မူ့ဟာ ကိုယ်ပိုင် ပစ္စည်း ဥစ္စာတွေဖြစ်လို့...မခံချင်လည်း ကျိတ်မှိတ်ခံရတာဖြစ် ပေမဲ့.....ယခု ကိစ္စဟာ လူထုပိုင်ဖြစ်တဲ့အတွက်...ကျိတ်မှိတ်ခံမှာမဟုတ်ဘူးလို့ ဒေသခံတွေဆီက ရင်ဖွင့်သံများကိုလည်းကြားရပါတယ်.......။ တကယ်လို့ အန်တီစုပြောသလို...ဦးခင်အောင်မြင့် ဟာ ဗိုလ်ချုပ် ကိုတန်ဘိုးထားလို့ ဒီလို သိမ်းယူသွားတာပါဆိုရင်.....အောက်ပါ အချက်များကိုလည်း ဆက်လက်တန် ဘိုးထားဘို့ အလေးအနက်တောင်းဆိုခြင်ပါတယ်......။ ၁ - ငွေစက္ကူများပေါ်တွင် အတိတ်ကာလက ဗိုလ်ချုပ်ပုံများထဲ့သွင်းခြင်းကို ကာ လတစ်ခုမှာ ဖျက်သိမ်းခဲ့ပါတယ်...ယင်းဖျက်သိမ်းထားခြင်းကို ပယ်ဖျက်ပြီး ဗိုလ်ချုပ်ပုံများကို ငွေစက္ကူများပေါ်တွင် ပြန်လည် ရိုက်နှိပ်ပေးပါ။ ၂ - ဌာနဆိုင်ရာများ ၊ ကျောင်းများ ၊ ရုံးများတွင် ဗိုလ်ချုပ်ပုံအား ညွှန်ကြားချက် ဖြင့် ( အမျိုးသားခေါင်းဆောင်အဖြစ် ) အသိမှတ်ပြု ဂုဏ်ပြုရန် ပြန်လည်ချိတ် ဆွဲပေးပါ။...................ဒီ အချက်နှစ်ချက် ကိုလုပ်ဆောင်ပေးရန် ပျက်ကွက် ခဲ့ပါလျှင်....ဗိုလ်ချုပ်လက်ရေးစာမူကိစ္စအား....အဓမ္မယူဆောင်သွားခြင်းသည် နိုင်ငံရေးအမြတ်ထုတ်လိုခြင်း ၊ မလျှော်သြဇာ သုံးစွဲခြင်း ၊ မရိုးသားသောကြံ စည်မူ့တစ်ခုအတွက် အားထုတ်ခြင်းဖြစ်သည်ဟု အကြွင်းမဲ့ ယုံကြည်သွားမည် ဖြစ်ကြောင်း ဒေသခံများဆီမှ ပြောဆိုမူ့များကိုကြားရပါတယ်။ ဆက်လက်ပြီး အစွမ်းကုန် တိုက်ပွဲဝင်သွားမှာလဲဖြစ်ပါတယ်......။ ဒေသဆိုင်ရာ လှုတ်ရှားမူ့ တင်မက...တစ်နိုင်ငံလုံး လိုက်ပါ ဆောင်ရွက်နိုင်ရေးကိုပါ ကြိုးစားလုပ်ဆောင် သွားမည်ဖြစ်ပါတယ်။ ( အယူရှိလျှင်...အပေးရှိရမည် )....။ အပေးမရှိပဲ..ယူ ဆောင်သွားခြင်းသည်...အဓမ္မ ကိစ္စဖြစ်သည်.....။ မောင်မောင်ဝမ်း ၃၀ - ၇ - ၂၀၁၃

WikiLeaks သတင်းပေါက်ကြားသူ ရန်သူအားပေးမှုကလွတ်


ဗွီအိုအေ (မြန်မာပိုင်း)
31.07.2013

အင်တာနက်ပေါ်မှာ လျို့ဝှက်သတင်း အချက်အလက်တွေကို ဖော်ပြနေတဲ့ WikiLeaks ကို အမေရိကန် အစိုးရရဲ့ လျို့ဝှက်ချက်တွေ ပေါက်ကြားမှုနဲ့ အရေးယူခံထားရတဲ့ အမေရိကန်စစ်သား Bradley Manning အနေနဲ့ ရန်သူကို အားပေးကူညီမှု စွပ်စွဲချက် အတွက် အပြစ်မရှိကြောင်း စစ်ခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။

တသက်တကျွန်း ပြစ်ဒဏ်အထိ ကျခံရနိုင်တဲ့ အမှုနဲ့ ပတ်သက်လို့ တိုက်ရိုက် စွပ်စွဲနိုင်ခြင်း မရှိဘူးဆိုပြီး Oklahoma ဇာတိ Manning အပေါ် ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့လည်း ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူမှု၊ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးမှု၊ ကွန်ပြူတာကို အသုံးပြုပြီး မသမာမှု စတဲ့ ပြစ်ဒဏ် သက်သာတဲ့ စွပ်စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ၀ါရှင်တန်မြို့တော်အနီး မေရီလန်းပြည်နယ် Fort Meade တပ်တွင်း ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အမှုတွေ အားလုံးအတွက် စီရင်ခံရမယ်ဆိုရင်တော့ အနှစ် ၁၀၀ ကျော်အထိ ကျခံရမှာပါ။

သူဟာဆိုရင် WikiLeaks ၀ဘ်ဆိုဒ်ကို အမေရိကန် အစိုးရရဲ့ သတင်းအချက် အလက် မှတ်တမ်းပေါင်း ၇ သိန်းကျော် ပေါက်ကြားခဲ့မှုနဲ့ ဆက်နွယ်ပြီး ရာဇ၀တ်မှု ၂၁ မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေထဲမှာတော့ အမေရိကန် သံတမန်တွေရဲ့ လျို့ဝှက်ကြေးနန်းစာတွေ၊ အီရတ်နဲ့ အာဖဂန် စစ်ပွဲက စစ်ဘက်ဆိုင်ရာ အစီရင်ခံစာတွေ ပါဝင်ခဲ့တာပါ။ အခုနောက်ဆုံး ကျန်နေသေးတဲ့ အမှုတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အပြစ်ရှိကြောင်း တရားခွင်မှာ ၀န်ခံတာမျိုးတော့ မရှိသေးပါဘူး။

အေးချမ်းမွန် Credit To >> VOA< Re-posted By ACM 31-7-2013
https://www.facebook.com/excellencemedia