Saturday, November 30, 2013

သူခိုးကြီးများ ဓါးပြကြီးများအစိုးရ အားလုံးပေါ်ကုန်ပြီ.....






မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှရရှိသည့် ၀င်ငွေများကို တစ်ဒေါ်လာလျှင် ခြောက်ကျပ်နှုန်းဖြင့်သာတွက်၍ နှစ်ပေါင်းများစွာ နိုင်ငံ့ဂျီဒီပီထဲ ထည့်ဝင်ခဲ့ ----------------------------------------------------------------------------------- မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကာလအတွင်း သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှ ရရှိသည့် ၀င်ငွေများအား တစ်ဒေါ်လာလျှင် ခြောက်ကျပ်ဈေးနှုန်းဖြင့်သာ တွက်၍ နိုင်ငံ့ဂျီဒီပီထဲ ထည့်ဝင်ခဲ့ကြောင်း Arakan Oil Watch ၏ စစ်တမ်းအား ကိုးကား၍ နယ်သာလန်အခြေစိုက် TNI Report တွင် ထည့်သွင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်း Unification of Exchange Rate System အား ပြောင်းလဲကျင့်သုံးခဲ့သောကြောင့် ယခင်က တရားဝင်ဈးကွက်တွင် တစ်ဒေါ်လာလျှင် ခြောက်ကျပ်သာရှိခဲ့သော အမေရိကန်ဒေါ်လာအား ပြင်ပဈေးကွက်ပေါက်ဈေးနှင့် တရားဝင်ပေါက်ဈေး အတူတူ ပြဋ္ဌာန်းနိုင်သောကြောင့် တစ်ဒေါ်လာလျှင် ကျပ် ၈၅၀ နှင့် ကျပ် ၉၀၀ ကြားတွင် တွက်ချက် သုံးစွဲလာခဲ့သည်။ ယင်းကာလမတိုင်ခင် အချိန်များအတွင်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့မှ ရရှိသောဝင်ငွေများအား ခြောက်ကျပ်ဖြင့်သာတွက်၍ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။ မကြာခင်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း တိုးတက်လာခဲ့ပြီး ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း၊ ယင်းကဲ့သို့ တိုးတက်လာခဲ့ခြင်းမှာ သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရရှိသော ၀င်ငွေများနှင့် ဆောက်လုပ်ရေးနှင့် ၀န်ဆောင်မှုပိုင်းမှ ရရှိသော ၀င်ငွေများကြောင့် ဖြစ်ကြောင်း ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်၏ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှ ရရှိသောဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄ ဘီလျံရှိကြောင်းနှင့် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်မူ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။ "မြန်မာနိုင်ငံမှာ ၂၀၁၁ ရှေ့ပိုင်းကာလတွေမှာ အစိုးရအနေနဲ့ နိုင်ငံရဲ့ ဂျီဒီပီတို့ ဘတ်ဂျက်လိုငွေတို့နဲ့ ပတ်သက်ပြီး တိတိကျကျ ဘာမှမထုတ်ပြန်ဘူး။ ဒီအစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာမှ ဘတ်ဂျက်လိုငွေတွေ ဘာတွေကို ထုတ်ပြန်ကြေညာတာပါ" ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားသည်။ ယင်းကဲ့သို့သော အနေအထားများကြောင့် ၂၀၁၁ ရှေ့ပိုင်းကာလများတွင် ငွေလဲနှုန်း နှစ်မျိုးဖြစ်နေသည့်အတွက် ယင်းအနေအထားတစ်ရပ်သည် လာဘ်ပေးလာဘ်ယူမှုနှင့် အလွဲသုံးစားမှုများအား လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်နေကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။ နယ်သာလန်အခြေစိုက် TNI ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို တင်ပို့ရောင်းချသော ၀င်ငွေသည် မြန်မာ့ဂျီဒီပီ၏ ၁၃ ရာခိုင်နှုန်း ရှိကြောင်း၊ လက်ရှိအခြေအနေတွင်မူ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နေသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းလေးခုရှိနေပြီး ပြင်သစ်နိုင်ငံ Total ရေနံကုမ္ပဏီအနေဖြင့် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လည်းကောင်း၊ ကိုရီးယားအခြေစိုက် ဒေ၀ူးကုမ္ပဏီအနေဖြင့် ရခိုင်ကမ်းလွန်ရှိ ရွေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လည်းကောင်း၊ ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီမှ မုတ္တမကမ်းလွန်ရှိ ဇောတိစီမံကိန်းတွင် လည်းကောင်း ရင်းနှီးမြှပ်နှံနေပြီး Petronas ကုမ္ပဏီမှာ မလေးရှား အခြေစိုက် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လည်းကောင်း ရင်းနှီးမြုပ်နှံထားသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။ credit to ..Eleven Media Group

ဦးသန်းရွှေချောင်ပိတ်မိနေပြီဆိုတာ သေချာလောက်တယ်


(သံတမန်အသိုင်းအဝိုင်းမှပေးစာ)

ဦးသန်းရွှေချောင်ပိတ်မိနေပြီဆိုတာ သေချာလောက်တယ် ၊ စစ်ရေးအမြင်နဲ့ပြောရင် ဦးရွှေမန်းမရှိတုန်းလုပ်ချလိုက်တာဟာ သမ္မတနဲ့ကာချုပ်တို့ရဲ့ နာမည်ကို သုံးပြီး ဦးသန်းရွှေက အာဏာသိမ်းလိုက်တာပဲ ၊

ကြေငြာချက်ထွက်သွားတယ်ဆိုတော့ ဦးသန်းရွှေ လက်ဦးမှု ရသွားတယ်ပေါ့ ၊ ဒါပေမယ့် ဦးသန်းရွှေက လက်ဦးမှုရသွားတယ်တာပြောတာ အားကမပါလာတော့ဘူး ၊ သမ္မတနဲ့ ကာချုပ်က ဒီတစ်ခါဟာ ဦးသန်းရွှေစကားကို

နောက်ဆုံးအချိန်နားထောင်တာဖြစ်လောက်တယ် ၊

ကြေငြာချက်ကိုလည်း သေသေချာချာဖတ်ကြည့်ကြပါ ၊ အခြေခံဥပဒေကို မပြင်ဘူး မတွေ့ဘူးလို့ ပြောတာတွေ မပါပါဘူး ၊ လက်ရှိ လုပ်လက်စလမ်းကြောင်းအတိုင်း ဒီဇင်ဘာလကုန်လောက် မှာ အားလုံးတင်လာတာတွေကို ဝိုင်းကြည့်ပြီးမှ တွေ့သင့်တယ်ဆိုရင် တွေ့မယ်

လို့ ပြန်ပြောတာလေ ၊ ဒါကို သုံးသပ်ရရင် အချက်ပြန်ပြတဲ့ အထဲမှာ အလံဖြူက တစ်ဝက်လောက်ပါနေပြီ ၊

ဒီကြားထဲမှာ ဦးသန်းရွှေက ဦးအောင်သောင်း ဦးတင်အေးလိုမျိုး သူ့လူဟောင်းတွေကို အသုံးချပြီး တိုင်းပြည်ကို ခလောက်မဆန်ဖို့ပဲလိုပါတယ် ၊ အခုပဲ အင်တာနက်သတင်းမှာတွေ့လိုက်တယ် မြောက်ဥက္ကလာမှာ လက်ပစ်ဗုံး ၅၈ လုံးတွေ့တယ်တဲ့ ၊ အဲလိုသတင်းမျိုးတွေ နဲ့

ပြည်သူနဲ့စစ်တပ်ကို ယုံထင်ကြောင်ထင်ဖြစ်အောင်လုပ်ပြီး ခလောက်ဆန်ပစ်မှာကိုတော့ စိုးရိမ်ရတယ် ၊

ခုဆို ဦးဌေးဦးလိုလူမျိုးကတောင် ဦးသန်းရွှေဖက်မှာ ပြတ်ပြတ်သားသားရပ်တည်မယ်ဆိုတာမျီုးတွေ သိပ်မတွေ့ရတော့ဘူးလေ ၊ ဦးအောင်သိန်းလင်းလုပ်တာတွေလည်း လမ်းကြောင်းပေါ်ရောက်လာတာတွေ့ရတယ် ၊ ဦးဌေးဦး တို့ ဦးအောင်သိန်းလင်းတို့ကို အမတ်တွေ

အဖြစ် နဲ့လည်း မြင်ပါ ၊ စစ်ဗိုလ်ဟောင်းတွေအဖြစ်နဲ့လည်း မြင်ရပါမယ် ၊ တစ်သက်လုံးနီးပါး စစ်တပ်အထဲမှာ နေလာပြီ အခု ယူနီဖောင်းလဲ အမတ်ဖြစ်တာမှ ဘာကြာသေးလို့လဲ သုံးနှစ်ကျော်ကျော်ပဲရှိသေးတာလေ ၊ သူတို့ အတွေးအမြင်တွေထဲမှာ

ဒီမိုကရေစီအင်အားစုတွေ ကို ရန်ဖြစ်ဖက်ဆိုတဲ့ အမြင်တွေ ရှိနေသေး ကျန်နေသေးမှာပေါ့ ၊ ဒါပေမယ့် လက်ရှိအချိန်နဲ့ ပတ်ဝန်းကျင်ကြီးက သူတို့ကို နေ့စဉ် စိန်ခေါ်နေတယ်လေ ၊ တိုင်းပြည်က ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်အောက်ကိုရောက်နေပြီလေ ၊ တချို့ ကိစ္စတွေမှာ

သူတို့ချက်ချင်းကြီး တွေးခေါ်ဆုံးဖြတ်ချက် ချနိုင်မှာ မဟုတ်ဘူး ၊ နဲနဲတော့ အချိန်ပေးရမယ် ၊ သူတို့ ပြောတဲ့ စကားတွေကိုလည်း စကားလုံးအကျအနကောက်ပြီး အပြစ်ပြောနေလို့လဲ မရဘူးလေ ၊ သူတို့တကယ်ဘာလုပ်သလဲဆိုတာပဲကြည့်ရမှာပေါ့ ၊ သူတို့က ဒီဘဝကို

လိုလိုချင်ချင် နဲ့ ကြိုတင်ပြင်ဆင်ပြီးရောက်လာကြတာမှ မဟုတ်တာ ၊ ကလေးစကားပြောမယ်ဆိုရင် ကန်အချခံရလို့ ရောက်လာတဲ့သူတွေလေ ၊

ကဲပြန်ပြီး ရီဗျူးလုပ်ကြည့်မယ် ၊ ဦးသိန်းစိန် က သမ္မတဆိုပေမယ့် ဦးသန်းရွှေ ခိုင်းတာလုပ်နေရတဲ့ဘဝ သူလည်း ငြီးငွေ့လာပြီ ၊ နောက် ကာချုပ်မင်းအောင်လှိုင် သူ့ကို ပြည်သူတွေက မျှော်လင့်နေတယ် ၊ အဲဒါကို သူသိတယ် ၊ လူတစ်ယောက်မျက်နှာကိုကြည့်မလား

မြန်မာပြည်သူတစ်ရပ်လုံးမျက်နှာကိုကြည့်မှာလား ၊ မြန်မာတစ်ပြည်လုံးရဲ့ မျှော်လင့်ချင်ကို ဖျက်ပြီး ဦးသန်းရွှေ ဆီမှာ ကျွန်ဆက်ခံမှာ မဟုတ်တော့ဘူးလို့ယူဆမယ် ၊ ဦးရွှေမန်း ၊ သူကတော့ မြောက်ကိုးရီးယား နျူကလီးယား ကိစ္စကို ပြတ်ပြတ်သားသား ငြင်းလိုက်

ကတည်းက ဦးသန်းရွှေ နဲ့ လမ်းခွဲလိုက်တယ်လို့တောင် ပြောလို့ရတယ် ၊

အခု ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်မယ် ၊ အရင် ၂၀၁၂ တုန်းက ထောက်ခံခဲ့တဲ့ ပြည်သူတွေနဲ့ တချို့နေရာတွေမှာ သွေးခွဲခံရထားတယ် ၊ ရခိုင်ကိစ္စ လိုမျိုး ဘာသာရေး ကိစ္စ လူမျိုးရေးကိစ္စ နဲ့ လက်ပံတောင်းတောင်လို ကိစ္စတွေမှာပါ ပါတယ် ၊ နောက်ပြီး ၂၀၁၂

ရွေးကောက်ပွဲဝင်မယ်ဆိုကတည်းက အပြင်ရောက်နေကြတဲ့ ဒီမိုကရေစီအင်အားအများစုက လက်မခံကြဘူး ၊ အဲဒီအထဲက တချို့တွေက ဒီကနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပြောနေကြတုန်း ၊ နောက်ပြီး NLD ပါတီတွင်းမှာလည်း နေရာလုနေတာတွေ

ဒေါ်အောင်ဆန်းစုကြည်အနားကို ရောက်ချင်နေကြလို့ အချင်းချင်း ထိခိုက်တာတွေလည်းရှိတယ် ၊ နောက် ၈၈ မျိုးဆက် ကျောင်းသား အင်အားစုတွေ ၊ အဲဒီအထဲက တချို့တွေက ကျရာနေရာမှာ ဆက်လုပ်နေကြတယ် ၊ တချို့ကျနေတာ့ ဟိတ်ဟန်ထုတ်ပြိး လက်ရှိ

ရေပန်းစားမှုကလေးကို ကျေနပ်နေတယ် ဒီအတိုင်းမျှောနေလို့ ဘာမှ မဖြစ်ဘူး နော် ဆက်လုပ်မှ မှားသွားရင် အောက်ဆင်းသွားမှာ ဆိုပြီး ကြောက်နေတဲ့သူတွေလည်းရှိတယ် ၊ တစ်ချို့က သီးခြားပါတီထောင်ဖို့ ကြိုးစားနေတယ် ၊ ပြောရမယ်ဆိုရင် မြန်မာလူမျိုးတွေရဲ့

မွေးရာပါလဲပါတာပေါ့ ၊ အရေးကြီးရင်တော့ သွေးနီးတယ် ၊ အရေးမကြီးရင် အချင်းချင်းလှည့်ခွပ်နေတာပဲ ၊ ဒါက လက်ခံရမှာပဲ ၊

အဲဒီမှာ အရေးကြီးတာတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ပဲ ၊ သူက အဖြေမှန်ကိုသိထားတယ် ၊ အဖြေမှန်ရောက်ဖို့ ဖြေရှင်းနည်းပေါင်းများစွာကိုလည်း သိတယ် ၊ အသိဥာဏ်အမျှော်အမြင်ကြီးသလောက် လုပ်နည်းလုပ်ဟန်က ရိုးစင်းသေချာလွန်းတယ် ၊

နိုင်ငံရေးသမားပီသတယ် ၊၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်ကိုယ်သဘာဝအရကိုက အဖွဲ့အစည်းကြီးတစ်ခုဖွဲ့ပြီး တစ်သက်လုံးဗိုလ်နေရာက ဗိုလ်ကျသွားချင်တဲ့လူစားမျိုးမဟုတ် ၊ လိုတဲ့နေရာကို ဝင်ဖြည့်ချင်တဲ့ အမျိုးအစား ၊ သူလိုလူမျီုးက တည့်တည့်ပြောတတ်တော့

အမြဲတမ်း နားဝင်ချိုမှာမဟုတ် ၊

ဦးသန်းရွှေက စစ်တပ်ကို အပိုင်ကိုင်ထားတာ ၊ အပိုင်ကိုင်လို့ရအောင် စစ်ဗိုလ်ဆိုတာကိုရွေးကတည်းက ဆိုက်ကိုအောက်နေတဲ့သူ ကြောက်တတ်တဲ့သူ မှီခိုတတ်တဲ့သူ အများစုကို ပဲရွေးခဲ့တာ ၊ ဒါဆိုဗိုလ်ချုပ်တွေအထဲမှာ ထက်တဲ့သူမပါတော့ဘူးလားလို့မေးရင်တော့

ပါကောင်းပါနိုင်မယ် ဒါပေမယ့် အဲဒီထက်တာကို ဦးသန်းရွှေ မသိအောင် ဖွက်ထားနိုင်မှ ၊ မဟုတ်ရင် ဦးသန်းရွှေ သိသွားလို့ကတော့ ပညာပေးခံရမှာ ၊ စစ်သားတွေ ဆိုတာလည်း ဘာပညာမှမတတ် ပညာဆိုတာကို သင်ယူရကောင်းမှန်း မသိတဲ့သူတွေကိုပဲ

ရွေးထားသလား အောက်မေ့ရအောင် လုပ်ထားတာ ၊ ဒါပေမယ့် ဒါက လောကကို ဆန့်ကျင်ပြီးလုပ်ထားတာ ၊ အရင် စစ်အာဏာရှင်ဆိုတဲ့ ခေါင်းစဉ်အောင်မှာဆိုရင်တော့ ဒီပုံစံဟာ နှစ်ပေါင်းများစွာအထိ အဆင်ပြေတယ် ၊ ခု ခေါင်းစဉ်ပြောင်းသွားပြီ ၊ ဒီမိုကရေစီ စနစ်

ဒီတော့ အချိန်မြန်တာနဲ့ ကြာတာပဲကွာမယ် ၊ အားလုံးမျက်စိပွင့် နားပွင့်ဖြစ်လာပြီးဆိုရင် ဦးသန်းရွှေက စစ်တပ်ကို ကြာကြာဆက်မကိုင်ထားနိုင်ဘူး ၊ ဦးသန်းရွှေက အသက်ကြီးသွားလို့ မဟုတ်ဘူး ၊ ဒီနည်းဒီပုံစံကိုက ခေတ်နဲ့ အံမဝင်တော့တာ ၊ ဒါသဘာဝနော် ၊

ဘယ်သူမှ လွန်ဆန်လို့ မရတဲ့ သဘာဝ ၊

ကဲ အခု သမ္မတကြီး ဦးသိန်းစိန် နဲ့ ကာချုပ်မင်းအောင်လှိုင်တို့က ဦးသန်းရွှေ ကို မလှန်နိုင်ဘူးဖြစ်နေတယ် ၊ လက်ရှိအခြေအနေကိုပြောတာ ၊ ကဲ သူတို့ နှစ်ယောက် ဦးသန်းရွှေကို လှန်လိုက်ရင် ဘာဖြစ်မလဲ ၊ သူတို့ သူရဲကောင်းဖြစ်သွားမယ် ၊ ခုအချိန်မှာ ပြီးခဲ့တာတွေ

အားလုံးဟာ ဦးသန်းရွှေတစ်ယောက်ထဲကြောင့်ပဲလို့ ပြည်သူတွေက မှတ်ယူပေးလို့ရတယ် ၊ ဒီအချိန်မှာ အဲဒီ သမ္မတနဲ့ကာချုပ် ဒါကိုရွေးချယ်နေတယ် ၊

ကဲပြောကြည့်မယ် ၊ တကယ်လို့ အဲဒီ သမ္မတ နဲ့ ကာချုပ်က ပြည်သူတွေ မျက်နှာမကြည့်ပဲ ဦးသန်းရွှေတစ်မျက်နှာပဲကြည့်သွားတယ်ဆိုပါတော့ ၊ စိတ်မပူနဲ့ သိပ်မကြာခင်မှာ သူတို့အားလုံးကို ဆုံးမဖို့ နောက်တစ်ယောက်ထွက်လာလိမ့်မယ် ၊ အဲဒီလူက

စစ်တပ်အထဲကပဲထွက်လာမှာ ၊ အပြင်ကလာမှာမဟုတ်ဘူး ၊ မိုးပေါ်က ကျလာမှာမဟုတ်ဘူး ၊ အဲဒီ စစ်တပ်အထဲကပဲ ထွက်လာရမှာ ၊ အဲဒီတော့မှာ ထွက်လာတဲ့ နောက်တစ်ယောက်လည်း သူရဲကောင်းဖြစ် စစ်တပ်ကြီးလည်း ပြည်သူ့တပ်မတော်ဖြစ် ၊ ဒါရှင်းနေတာပဲ ၊

ဒီလမ်းကြောင်းအတိုင်းပဲဖြစ်ရမှာ ၊

ဒီတော့ စိတ်ရှည်ရမယ် ၊ မလောရဘူး ၊ စည်းချက်ညီရမယ် ၊ စည်းချက်ကဘယ်ကလာမှာလဲ ၊ စည်းချက်တီးတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ ၊ အရေးကြီးတာတစ်ခုရှိတယ် ၊ စစ်တပ်ကို နီးနီးကပ်ကပ်ရှိပြီး ပြည်သူတွေလိုချင်နေတာ ဘာလဲဆိုတာ

အောက်ခြေစစ်သားတွေ အရာရှိငယ်တွေ တပ်မှူးငယ်တွေ သိအောင် ပြောနေရမယ် ၊ တတွတ်တွတ်နဲ့ ကိုပြောနေရမယ် ၊ လူထုတိုက်ပွဲဆိုတာကြီးနဲ့ စိတ်ကူးမယဉ်နဲ့ လူထုတိုက်ပွဲဆိုတာ လူစိတ်မရှိတဲ့လူတွေလက်ထဲက သေနတ်တွေကို ကိုယ်တွေရဲ့ ရင်ဘတ်တွေ နဲ့

ရင်ဆိုင်တာ ၊ ဒါမျိုးဒေါ်အောင်ဆန်းစုကြည် အဖြစ်ခံမှာမဟုတ်ဘူး ၊ အဲလို သွေးတွေမြေမကျစေချင်လို့ ၂၀၁၂ ကတည်းက မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်လုပ်ခဲ့တာ ၊

ကဲဒါဆို နားလည်လောက်ပြီထင်ပါတယ် ၊ ဦးသန်းရွှေ ချောင်ပိတ်မိနေတယ်ဆိုတာ နားလည်လောက်ပြီထင်ပါတယ် ၊
(သံတမန်အသိုင်းအဝိုင်းမှပေးလာခြင်းဖြစ်သည်)

နိုင်ငံရေးအကျဉ်းသားတွေ အပြစ်ရှိခဲ့ကြတယ်လို့ ဦးခင်ညွှန့် ပြော

နိုင်ငံရေးအကျဉ်းသားတွေ အပြစ်ရှိခဲ့ကြတယ်လို့ ဦးခင်ညွှန့် ပြော
Saturday, November 30, 2013 ~ လင်းသန့် ~

အရင်စစ် အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသား ဆိုသူတွေဟာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်သား တွေ သာ ဖြစ် ပြီး အပြစ်ရှိ သူတွေ ဖြစ်တယ် လို့ တချိန်က အများပြည်သူ အလွန် ကြောက်ရွံ့ ခဲ့ကြရတဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဦးခင်ညွှန့် က ပြော လိုက်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံ ခဲ့ကြရတယ်လို့ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ ပြော ဆိုနေ ကြတာကိုလည်း သူက လက်မခံ ပယ်ချလိုက်ပါသေးတယ်။

ဦးခင်ညွှန့်ဟာ သူကိုယ်တိုင် ဆိုင်းငံ့ ထောင်ဒဏ် ၄၄ နှစ်ချမှတ်ခံ ရတာ လည်း ဥပဒေကို ချိုးဖောက် တယ်လို့ အစိုးရက ယူဆ ပြီး အပြစ်ရှိတယ်လို့ သတ်မှတ်တာကိုလည်း သူက လိုက်နာခဲ့တယ်လို့ ဆိုပြန်ပါတယ်။

ဦးခင်ညွှန့်ဟာ အဲဒီစကားတွေကို ဦးမြတ်ခိုင်ရေးတဲ့ ဝန်ကြီး ချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ အင်တာဗျူး စာအုပ် မိတ်ဆက် ပွဲ မှာ ပြောလိုက်တာပါ။

၁၉၈၈ ခုနှစ်က သတ်ဖြတ်ခံခဲ့လို့ သေဆုံးသွားရသူတွေ၊ အကျဉ်းထောင်တွေထဲ မတရား နှိပ်စက်ခံ ရ လို့ သေဆုံး သွားခဲ့ရသူတွေ အတွက် စစ်ခေါင်းဆောင်တွေ အနေ နဲ့ တောင်းပန်သင့်တယ်လို့ လွန်ခဲ့တဲ့လက NLD ပါတီ ထိပ် တန်းခေါင်းဆောင် လည်း ဖြစ်ဝါရင့်သတင်းစာ ဆရာကြီး လည်းဖြစ် တဲ့ ဦးဝင်းတင်က ဧရာဝတီနဲ့ အင်တာဗျူးမှာ တောင်းဆိုခဲ့ပါတယ်။

အဲဒီကိစ္စအပေါ် ဦးခင်ညွှန့် ရဲ့ မှတ်ချက်စကား သိလိုလို့ ဧရာဝတီ က မေးတဲ့အခါ သူက “ကျနော်က ဘယ် သူ့ကို တောင်းပန်ရ မှာလဲ” တဲ့။

နိုင်ငံရေး မလုပ်ပါဘူးလို့ အကြိမ်ကြိမ်လူသိရှင်ကြားပြောပြီး တချိန်က စစ်အစိုးရ လုပ်ရပ်တွေကို အခုထိ ကာကွယ်ပြော ဆိုနေတဲ့ ဦးခင်ညွှန့် ဘာတွေ ထပ်ပြောထားသေးလဲ ဆိုတာ ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာပေါ်မှာ The Political Prisoners Were Guilty: Khin Nyunt http://www.irrawaddy.org/burma/political-prisoners-guilty-khin-nyunt.html ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။

Photo : ဦးမြတ်ခိုင်ရေးတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲ မှာ တွေ့ရတဲ့ ဦးခင်ညွှန်

(ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)
15l
Khin Nyunt, Burma, Myanmar, military intelligence, political prisoners, amnesties, law
Khin Nyunt, the former chief of Burma’s military intelligence unit, speaks during a book launch in Rangoon on Thursday. (Photo: JPaing / The Irrawaddy)
RANGOON — The ex-chief of Burma’s feared military intelligence unit says political activists imprisoned under the former military regime were criminals who broke laws.
Speaking at an event in Rangoon on Thursday, Khin Nyunt rejected claims by former political prisoners that they had been arbitrarily detained.
“They are looking out for their own interests by saying they were imprisoned without reason. … Of course they broke the law, and they are guilty,” he said.
In addition to leading Burma’s powerful spy apparatus under military rule, Khin Nyunt was appointed as prime minister in 2003. He was purged from the government one year later, allegedly at the request of then-junta chief Than Shwe, and sentenced to 44 years in prison for corruption and insubordination. He served eight years under house arrest before being released in an amnesty for political prisoners in 2012, after a quasi-civilian government took power in 2011.
“Even I had to face 44 years of imprisonment because the government thought I was breaking the law,” he said. “I had to follow their decision. Determining whether a person is guilty depends on the rules and regulations of the government at the time. If the government assumes you broke the law and sues you, then you are guilty. There’s no reason to argue about this.”
The statements on Thursday came during a book launch event, in response to questions by reporters. The book by local journalist Myat Khine is a compilation of exclusive interviews with the former spy chief.
Khin Nyunt is said to have been among the key government players in a military crackdown on pro-democracy protesters in 1988, leading to the deaths of thousands of people. Members of his military intelligence unit were accused of torturing and jailing activists from across the country.
Hundreds of political prisoners have been released since 2012, and President Thein Sein’s administration has pledged to free the rest before the end of this year. The most recent amnesty of 69 prisoners earlier this month nearly cut in half the number of political prisoners who were believed to be behind bars according to the Assistance Association for Political Prisoners (AAPP), a Bangkok-based activist group.
Emboldened by recent reforms, former political prisoners have publicly blamed the military intelligence unit for arbitrary detention and torture.
Calls for an apology have come from veteran politician and journalist Win Tin, co-founder of the main opposition party, the National League for Democracy (NLD). In an interview last month, Win Tin told The Irrawaddy that he believed junta leaders should apologize for the deaths of those who were killed in the 1988 crackdown, and for the mistreatment of detainees in prisons.
On Thursday, when asked by The Irrawaddy to comment on these demands, Khin Nyunt responded with a question of his own. “To whom should I apologize?” he said, refusing further comment.
Min Zayar, an activist from the 88 Generation Students group and a former political prisoner, called on government leaders to take responsibility for rights abuses.
“An apology must be made to all citizens,” he said. “Of course they would say we were guilty—we were always against the junta. But he [Khin Nyunt] and the military leaders must know that our freedom of expression and right to protest was barred terribly under their rule.
“We were tortured physically and mentally during interrogations and in prison. Our families also suffered. Everyone was afraid of those generals and their people. Demanding an apology and an admission of wrongdoing does not mean we want revenge, but we want them to learn from the past so they do not walk the same path in the present or future.”
Ye Aung, a member of the Rangoon-based Former Political Prisoners (FPP) group, an NGO offering assistance to released prisoners, said he doubted the government would free all political prisoners. Despite reform, he said, activists calling for basic rights for farmers and laborers were continuing to face detention, trials and prison sentences.
“There will always be political prisoners because they have not given us freedom of expression,” he said.
“Khin Nyunt keeps boasting that there is more transparency than before, but we can clearly see from this recent book of his interviews and from statements by other generals that there is still a lack of transparency—they dare not speak openly yet. They are always trying to cover up the past.”

Friday, November 29, 2013

မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်း၊

 
 
 
မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်း၊ တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ နီးပါးအထိ ရောက်ရှိလာ နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွင် အမေရိကန် ဒေါ်လာတန်ဖိုးမှာ တက်ရိပ်ပြလာပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျင် ကျပ်၉၉၀ ၀န်းကျင်အထိ မြင့်တက်လာကြောင်း ဗဟို ဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ နှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။ နိုဝင်ဘာ ၁ ရက်မှ ၈ ရက်ထိ သိမ်ဖြူ ငွေလဲကောင်တာတွင် အမေရိကန်တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၇၅ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၆၇ ကျပ်ဝန်းကျင် တွင်ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန်တစ် ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ကျပ် ၉၇၀၊ ၀ယ်ဈေး ၉၆၉ ကျပ်ဝန်းကျင် တွင်တည်ရှိ နေကြောင်း သိရသည်။ နိုဝင်ဘာ ၂၂ ရက်မှစတင်၍ နိုင်ငံခြား ငွေလဲလှယ်မှုနှုန်းတွင် သိမ်ဖြူငွေလဲကောင် တာ၌ အမေရိကန် တစ်ဒေါ်လာတန်ဖိုး ရောင်းဈေး ၉၈၂ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၇၂ ကျပ်ဝန်းကျင်သို့ စတင်မြင့်တက်လာ ပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန်တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေးကျပ် ၉၈၀၊ ၀ယ်ဈေး ၉၇၂ ကျပ်ဝန်းကျင်သို့ ရောက်ရှိ လာကြောင်း သိရသည်။ ယခုလအတွင်း တက်ရိပ်ပြလာသော အမေရိကန်ဒေါ်လာ တန်ဖိုးသည် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက် ၀န်းကျင်တွင် သိမ်ဖြူ ငွေလဲကောင်တာရောင်းဈေး ၈၈၅ ကျပ်မှ ၈၈၇ ကျပ်ဝန်းကျင်တွင်ရှိလာခဲ့ပြီး ပြင်ပ ဈေးကွက်တွင်မူ အဆိုပါ ရက်များအတွင်း တစ်ဒေါ်လာရောင်းဈေးမှာ ၈၈၉ ကျပ်ဝန်း ကျင်သို့  ရောက်ရှိလာခြင်းနှင့်အတူ တရားဝင်ငွေလဲကောင်တာ၏ ငွေလဲနှုန်းထက် တစ်ကျပ် ပိုလာခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၈ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၉၈၂ ကျပ်သတ်မှတ်ထားပြီး သိမ်ဖြူငွေလဲကောင်တာတွင် (နံနက် ၁၁ နာရီ အဖွင့်ဈေး) အမေရိကန်တစ် ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၈၈ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၇၈ ကျပ်ဝန်းကျင်တွင် ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၉၀ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၈၈ ကျပ်ဝန်းကျင် သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။ ယခုဖြစ်ပေါ်နေသော ငွေလဲလှယ်မှုနှုန်းသည် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒ်ါလာ ၁၀၀၄ ကျပ် အထိ မြင့်တက်လာပြီး နောက်သုံးလကျော် အတွင်း အမြင့်ဆုံးငွေလဲနှုန်းဖြစ်ခဲ့ပြီး ဇွန် ၂၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ပြင်ပငွေလဲ လှယ်မှုနှုန်းရောင်းဈေးကျပ် ၉၉၀ ၀န်းကျင်၊ ၀ယ်ဈေး ၉၈၈ ကျပ်ဝန်းကျင်သို့  ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိန်းကျောင်းမှု ရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ် ပေါက်ဈေးသာရှိရာမှ ယခု ၁၉ လအကြာ ကာလအတွင်း တစ်ဒေါ်လာလျှင် ၁၇၅ ကျပ် ကျော်အထိ ဈေးနှုန်းဆက်လက် မြင့်တက်လျက်ရှိသည်။ တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း AD လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင် နှုန်း နှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ (သမ၀ါယမဘဏ်၏ ငွေလဲစင်တာတွင် ငွေလဲလှယ်နေသည်ကို တွေ့ရစဉ်)

မျှဝေခံစားတတ်ကြပါစေ



alt
 
ဝါးတဲလေးပေါ်ကကျောင်းပေါ်မှာ
 
အတန်းလည်းတူတယ် ကျောင်းလည်းတူတယ်
 
အသက်တွေလည်းရွယ်သူတွေမို့
 
အတူစား အတူကစားချင်ပေမယ့်
 
ဆင်းရဲတဲ့သမီးကိုလေ
 
အတူမစား အတူမကစားကြဘူး..။
 
သမီးဝမ်းနည်းမိတယ်
 
အတူမကစားရတဲ့ဘဝကို 
 
ဒါပေမယ့်.....
 
သူတို့ကစားနေတာကြည့်ပြီး သမီးပျော်တယ်။
 
သမီးစိတ်မကောင်းဖြစ်မိတယ်
 
ဟင်းမပါတဲ့ ထမင်းကိုအမြဲလိုလိုစားနေရလို့
 
ဒါပေမယ့်.....သမီးပျော်တယ်
 
သူငယ်ချင်းတွေပျော်ပျော်ပါးပါး
 
သမီးအနားမှာ ဟင်းရနံ့သင်းသင်းနဲ့
 
ထမင်းလက်ဆုံစားနေကြတာ။ 
 
အမေကတော့ ညအိပ့်ရာဝင်တိုင်းဆုတောင်းနေတာပဲ
 
ဆင်းရဲတွင်း ဝဋ်ဒုက္ခကကျွတ်ပါစေလို့
 
ဒါပေမယ့် မဖြစ်ခဲ့ဘူးလေ..။
 
တနေ့က....အဖေနဲ့ အမေ
 
တိုးတိုးတိတ်တိတ်ပြောဆိုသံတွေ
 
မအိပ့်သေးတဲ့သမီး ကြားလိုက်မိတယ်၊
 
သမီးဟာ စာတော်ပေမယ့်
 
ငါတို့အခြေနေက သမီးကို
 
ပညာတတ်ကြီးဖြစ်စေဖို့ ဖြည့်ဆည်းမပေးနိုင်တော့ဘူးတဲ့။
 
သမီးဖြေပါတယ် တရှိုက်ရှိုက်ငိုရင်း
 
သမီးရဲ့ ဘဝပေးကံကြမ္မာက
 
ဒီလောက်ဆို ဒီလောက်ပဲပေါ့..။
 
alt
 
ကျနော်လဲဒီလိုပဲ
 
မနိုင်ဝန်ကိုထမ်းပြီး ဝမ်းရေးကို
 
ငယ်ငယ်ကတည်းကကျောင်းနေရသူပါ..။
 
ဒီအလုပ်မှမလုပ်ရင် ကျမ္မာရေးချူချာနေတဲ့ အမေ့ဆေးဖိုး
 
ဘယ်သူကလာကူပေးမှာလဲ..။
 
ပျော်ချင်တာပေါ့ အခြားကလေးတွေနဲ့ အတူတူ
 
ဝတ်ချင်တာပေါ့ အခြာခလေးတွေနဲ့ တန်းတူ
 
သွားချင်တာပေါ့ အများခလေးများနည်းတူ ကျောင်းကို
 
စားချင်တာပေါ့ ဝက်သားတုံးကြီးဆီပြန်ဟင်း၊
 
ဒါပေမယ့် မဖြစ်ခဲ့ဘူးလေ..။
 
တနေ့ကချောင်းတဟွန့်ဟွန့်နဲ့ အမေ
 
ကျနော်အုတ်သယ်နေတာတွေ့ပြီး
 
တရှိုက်ရှိုက်နဲ့ ငိုနေတယ်လေ၊
 
ကျနော်ကဘယ်ချော့တတ်မလဲ
 
အမေငိုတော့ ကျနော်လည်းငိုတာပေါ့၊
 
အငိုဆုံးတော့ အမေကပြောတယ်
 
သားကိုအမေမခိုင်းရက်ဘူး
 
အမေ့ကိုနားလည်ပေးပါနော်....လူလေးရယ်တဲ့။
 
ကျနော်ဘာပြန်ပြောရမလဲ အမေ
 
ကြောင်အန်းအန်းနဲ့
 
ပိန်လှီလှီ ပြားချပ်ချပ်အမေ့ခန္ဒာလေးကိုကြည့်ပြီး
 
ကျနော်ခေါင်းညိတ်လိုက်တယ်..။
 
ကျနော်မှမကူရင် အမေ့ကိုဘယ်သူကူမလဲ.....အမေရယ်။
 
ကျနော်ပျော်ပါတယ်.....အမေရယ်
 
တချို့ခလေးတွေက ခလေးသရုပ်ဆောင်နဲ့
 
အဖေအမေတွေကို လုပ်ကျွေးသမှုပြုကြတယ်၊
 
တချို့ခလေးတွေက သီချင်းတွေဆိုပြီး
 
အဖေအမေတွေကို လုပ်ကျွေးသမှုပြုကြတယ်၊
 
ပုံသဏ္ဍန်ကတော့ မတူဘူပေါ့
 
ဒါပေမယ့်.....ကျနော်ပျော်ပါတယ်။
 
( ကိုဗလိုင် )
 
ဤကဗျာဖြင့် အဖြစ်သနစ်ဆိုးတွေကိုခံစားနေကြရတဲ့ ခလေးငယ်များကို
 
ဂုဏ်ပြုအပ်ပါသည်..။ ခလေးငယ်များအားလုံး ဒုက္ခဘေးဆိုးမှ လွတ်မြောက်ကြပါစေ..။
 
(( ကျနော်- ဒီကဗျာကိုစပ်ဆိုရင်း မျက်ရည်လည်ခဲ့ရပါတယ်..အားလုံးမျှဝေခံစားတတ်ကြပါစေ..။ ))
 
၂၇. ၁၁. ၂၀၁၃  ၇း၀၀

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ရိုးသားရန် ဦးပီတာလင်းပင် ပြောခြင်း – အံ့ခေါင်မင်း ငွေကြေး၊ နေအိမ်၊ ကားများပေး၍ ပြည်ထောင်စုဝန်ကြီးများ စည်းရုံးမှု အကြောင်းစုံဖွင့်ချပြီ


Ko MoeJee 
 
 သူတို့ကို ပုဂ်္ဂိုလ်ရေး မုန်းတီးမှု လုံးဝမရှိဘူး ဦးအောင်မင်းကိုလည်း ကျွန်တော် မုန်းတီးမှုမရှိဘူး ကျွန်တော်က ဘာကိုမုန်းလဲဆိုရင် လိမ်တာ၊ ညာတာ၊ လှည့်တာ၊ ကောက်တာကို မုန်းတယ် . . . ဘယ်သူ မရိုးသားဘူး၊ ရိုးသားတယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိတယ် . . .

မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ အတွဲ(၂)၊ အမှတ်(၃၇) နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်တွင် အစိုးရသစ် လက်ထက် မြန်မာနိုင်ငံသို့ ပထမဦးဆုံး ပြန်လည် ၀င်ရောက်လာေ သာ ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးပီတာလင်းပင်နှင့် တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြခဲ့ပါသည်။ ထိုတွေ့ဆုံ မေးမြန်းခန်းပါ အကြောင်းအရာ အချို့နှင့် ပတ်သက်၍ တိုက်ရိုက် သက်ဆိုင်နေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ မြန်မာသံတော်ဆင့်မှ တိုက်ရိုက်တွေ့ဆုံ မေးမြန်းလိုကြောင်း နိုဝင်ဘာလ (၂၁)ရက် နေ့ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။ သို့သော် ယနေ့အချိန် ထိ ပေးပို့စာနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီးထံမှ တစ်စုံတစ်ရာ ဆက်သွယ် အကြောင်းပြန်ကြားမှု မရှိသေးသော်လည်း နိုဝင်ဘာလ (၂၇)ရက်နေ့ ထုတ် 7 Day သတင်းဂျာနယ်တွင် ၎င်းပြည်ထောင်စုဝန်ကြီး တွေ့ဆုံမေးမြန်းခန်း ဖော်ပြ ပါရှိခဲ့ရာ မြန်မာသံတော်ဆင့်မှ တွေ့ဆုံမေးမြန်းခွင့် တောင်းခံထားသော အကြောင်းအရာကို ဦးစွာအဓိကထား မေးမြန်း ထားမှုများကို တွေ့ရှိရပါသည်။ ထိုနေ့တွင်ပင် ဦးပီတာလင်းပင်က မြန်မာသံတော်ဆင့်သို့ ဆက်သွယ် လာသဖြင့် ပြည်ထောင်စု ၀န်ကြီးထံ တွေ့ဆုံမေးမြန်း ခွင့် တောင်းခံထား သည့် မြန်မာသံတော်ဆင့်တွင် ဖော်ပြခဲ့ပြီး 7 Day သတင်းဂျာနယ်တွင် ထပ်မံဖော်ပြခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်အား ယုံကြည် ဖတ်ရှုလျက် ရှိကြသော ပြည်သူလူထုအမြင် ရှင်းလင်းမှု ရှိစေရန် ဦးပီတာလင်းပင်အား ထပ်မံ၍ ပြည့်စုံစွာ ပြောကြားပေး ပါရန် မေတ္တာရပ် ခံခဲ့ပါသည်။ ပြည်သူလူထု ရှင်းလင်းစွာ အကြောင်းအရာ ဖြစ်ရပ်အစုံအလင် သိရှိနိုင်စေရန် မြန်မာသံတော်ဆင့်၏ မေတ္တာရပ်ခံချက်နှင့်အတူ 7 Day သတင်းဂျာနယ်ပါ ပြည်ထောင်စုဝန်ကြီး၏ ပြောကြားမှုများကို ပြန်လည် ရှင်းလင်းလိုသည့် ဦးပီတာလင်းပင်၏ သဘောထားများကို ယခု ဖော်ပြအပ် ပါသည်။ …

7 Day ဂျာနယ်မှာ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော်တို့ မြန်မာသံတော်ဆင့်က ဖော်ပြခဲ့တဲ့ အန်ကယ် ပြန်လည် ၀င်ရောက်လာချိန် ဦးအောင်မင်း၊ ဦးစိုးသိန်းတို့က အန်ကယ့်ကို ကား၊ ငွေကြေး၊ နေအိမ် စတာတွေ ပေးခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး ဦးအောင်မင်းကို မေးမြန်း ဖော်ပြထားတာ တွေ့ရတယ်။ ဒါပေမဲ့ ဒီပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံ ခန်း ပြောကြားချက်တွေက ကျွန်တော် ဖတ်ရတာ သိပ်ရှင်းလင်းမှု မရှိသလို ဖြစ်နေတယ်။ အန်ကယ့်အနေနဲ့ အပန်းမကြီးဘူးဆိုရင် ဒီအကြောင်းအရာရဲ့ အဖြစ်အပျက် အစုံအလင်ကို ပြောကြား ပေးနိုင်မလားခင်ဗျာ။

ဒီကိစ္စက ကျွန်တော် ပြောခဲ့သလို ရှင်းရှင်းလေးပါပဲ။ ကျွန်တော် ပြန်ရောက်လာတဲ့ အချိန်မှာ ဒေါက်တာ နေဇင်လတ်တို့နဲ့ ဆက်သွယ်မိပြီး ဒေါက်တာနေဇင်လတ်ရဲ့ ဟိုတယ်မှာ တည်းတယ်။ အဲဒီဟိုတယ်ကို ရောက်ပြီး သုံးလေးရက်လောက်နေတော့ ဦးလှမောင်ရွှေက ကျွန်တော့်ဆီ ရောက်လာတယ်။ ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ သင့်တယ်ဆိုပြီး အဆိုပြုလို့ ကျွန်တော်ကလည်း ယုံယုံကြည်ကြည်နဲ့ လက်တွဲပြီး ဆောင်ရွက်ဖို့ ပြန်လာတာ ဖြစ်တဲ့အတွက် တွေ့ဖို့ လက်ခံ လိုက်တယ်။ ဒီတော့ ဦးအောင်မင်းတို့နဲ့ တွေ့ကြတယ်။ ကျွန်တော် ရိုးသားစွာ အမှန်အတိုင်း ပြောခဲ့ပြီးသားပဲ။ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့ တွေ့တဲ့ အချိန်မှာ Myanmar Egress က ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဦးဆန်နီညွန့်သိန်းတို့ ပါတယ် ဆိုတာတောင် ပြောခဲ့သေးတာပဲ။ ဦးအောင်မင်း 7 Day မှာ ပြောတဲ့အထဲမှာ ကျွန်တော်က မြန်မာနိုင်ငံကို ပထမဦးဆုံး ပြန်ဝင်လာတယ်ဆိုတာ ဟုတ်တယ်။ သူပြောတဲ့ အခွင့်အရေး ဆိုတာတွေ တောင်းခဲ့တာလည်း ဟုတ်တယ်။ ဒါပေမဲ့ သူပြောတာက ပြည့်စုံမှု တိကျမှု မရှိဘူး။ တကယ့် အကြောင်းအရာတွေ ကျန်နေတယ်။

အန်ကယ်ပြောသလိုပါပဲ။ ဒီ 7 Day နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အန်ကယ့်ကို ငွေတွေ၊ အိမ်တွေ၊ ကားတွေပေးတဲ့ ကိစ္စ မေးမြန်းတဲ့အခါ ““အဲဒါတွေမပြောခင် သူတို့ လုပ်နေတဲ့ကိစ္စလေး ပြောချင်ပါတယ်ဆိုပြီး သမ္မတကြီးက ၂၀၁၁ ခုနှစ်က အခြေပြ မိန့်ခွန်းပြောခဲ့တာ ဒီမိန့်ခွန်းထဲမှာ အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့ တာ၊ သမ္မတကြီး ဖိတ်ခေါ်ပြီးနောက် အန်ကယ်က ပထမဆုံး ပြန်လည်ဝင်ရောက်လာပြီး ဦးအောင်မင်းတို့နဲ့ တွေ့ဆုံမှု ရှိခဲ့တာ၊ ပြီးတော့ အန်ကယ်က အခွင့်အရေးတွေ တောင်းတယ်။ ဒါပေမဲ့ အခုက ခေတ် ပြောင်း သွားပြီ၊ တန်းတူညီမျှပဲ ဘယ်သူမှ အခွင့်အရေး ပိုယူလို့မရဘူး။ ဒါကြောင့် သူတို့အနေနဲ့ ဘာမှပေးလို့ မရဘူးလို့ ဆိုထားတယ်””။ ဒါက ပထမမေးခွန်းမှာ ဖြေတဲ့ အကြောင်းအရာတွေ ဒီတော့ မေးတဲ့သူက အန်ကယ်က ဘာအခွင့်အရေးတွေ တောင်းတာလဲဆိုတာ ဒုတိယမေးခွန်းအနေနဲ့ မေးခဲ့တယ်။ ဒီတော့ ဦးအောင်မင်းက““အန်ကယ်က အန်ကယ့်ရဲ့ပင်စင်လစာ ပြန်လည်ခံစားခွင့်၊ ပြီးတော့ မေမြို့က အန်ကယ့်ရဲ့ အိမ်မြေကွက်ဂရန် ပျောက်သွားတဲ့ကိစ္စ ပြန်လျှောက်ဖို့တွေ ပြောတယ်။ ဒီအခါမှာ ဦးအောင်မင်းတို့အနေနဲ့ ဘာပဲဖြစ်ဖြစ် ပြည်ပက ပြန်လာတဲ့ လူတစ်ယောက် အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပြောပေးတာ တို့၊ လုပ်ပေးတာတို့ ဒီလောက်ပဲ ရှိတယ်””လို့ ပြန်ဖြေတယ်။ အဲဒီတော့ ဒီတွေ့ဆုံ မေးမြန်းခန်းမှာ အန်ကယ်နဲ့ ပတ်သက်ပြီး မေးတာ၊ ဖြေတာ ဒီနှစ်ခုပဲ တွေ့တယ်။ နောက်ပိုင်းမှာ ဘာမှ ဆက်မတွေ့တော့ဘူး။ အခု အန်ကယ်က ဦးအောင်မင်း အနေနဲ့ ပြောတာ ပြည့်စုံမှု မရှိဘူးဆိုတော့ ဘာတွေ ကျန်နေတာလဲ။

အဓိကက ပထမ မေးခွန်းမှာပါတဲ့ ကျွန်တော့်ကို ကားတွေ၊ ငွေတွေ၊ အိမ်တွေ ပေးတယ်ဆိုတဲ့ ကိစ္စ ဖြေထားတာ မတွေ့ဘူး။ မဖြေလို့ ထပ်မေးတာလည်း မတွေ့ဘူး။ နောက်ပြီးတော့ အဲဒီအခွင့်အရေးတွေ ဆိုတဲ့ကိစ္စ သူပြောတာ လွဲနေတယ်။ ကျွန်တော်ပြောပြမယ်။ ကျွန်တော်နဲ့ တွေ့တဲ့အချိန်မှာ သူတို့ကစပြီး Offer လုပ်တာ။ ကျွန်တော် က ဒီကိစ္စကို လိမ်ပြောစရာလည်း မလိုဘူး။ အမှန်ကို အမှန်အတိုင်းပဲ။ ကျွန်တော်က ကြောက်တဲ့ သူလည်းမဟုတ်ဘူး။ ကျွန်တော့်ကို သူတို့က ကားသုံးစီးထဲက တစ်စီး ယူသွား၊ နေစရာမရှိရင် အင်လျား ကန်စောင်းမှာ ဗိုလ်ချုပ်တွေ ပြောင်းသွားလို့ နေရာတွေ လွတ်နေတယ်။ အဲဒီက တစ်နေရာ လုပ်ပေးမယ်။ လောလောဆယ် သုံးဖို့လည်း အသုံးစရိတ် သိန်းတစ်ထောင်ပေးမယ်။ ဒါကို သူတို့က စပြီး Offer လုပ်တာ။ သူတို့ အဲဒီလိုပြောတော့ ကျွန်တော်က ဒါတွေယူဖို့ လာတာမဟုတ်ဘူး။ ဒီတော့ ကားကိုလည်း ကျွန်တော့် ဘာသာ စာတင်ပြီး ရောင်းဖို့ လျှောက်မယ်။ နောက်ဖုန်းလည်း တရားဝင်လျှောက်မယ်။ နောက်နေဖို့ အခန်းလည်း ရောင်းပေးဖို့ ကိုယ့်ဘာသာ လျှောက်မယ်ဆိုတာ ပြောခဲ့တယ်။ အဲဒါကို ဦးလှမောင်ရွှေက စာရေး တင်လိုက်ပါဆိုလို့။ အဲဒီနောက် ဒေါက်တာ နေဇင်လတ်ဆီက တစ်ဆင့် ကျွန်တော် တကယ်လည်း လျှောက်ခဲ့ တယ်။ ဒါပေမဲ့ အခုအချိန်ထိ ဘာမှ အကျိုးအကြောင်း မသိရဘူး။ ဒီတော့ 7 Day ထဲမှာ သူရှင်းတာ၊ သူဖြေ ထားတာကိုက ဒီကိစ္စတွေ မပါဘူး။ သူတို့က လိုချင်ရင် အခု ဒါတွေ၊ ဒါတွေ ယူသွားလို့ offer လုပ်တာ။ ကျွန်တော်က မယူဘဲ ကိုယ့်ဘာသာ တရားဝင် လျှောက်မယ်လို့ ပြန်ပြောခဲ့တာ။ ဒါကအခု ဦးအောင်မင်း ပြန်ရှင်းတဲ့ အထဲမှာ မပါတဲ့ကိစ္စ။ သူပြောတဲ့ ပင်စင်တို့၊ ဂရန်တို့ ဆိုတာက ပင်စင်က ကျွန်တော် ပြည်ပထွက် သွားတော့ အသိမ်းခံလိုက်ရတာ ဒါကိုပြန်ရဖို့ လျှောက်တာ။ နောက် ဂရန်ကလည်း ကျွန်တော် နိုင်ငံခြား ထွက်သွားတဲ့ အချိန် ဘယ်သူ ယူသွားမှန်း မသိဘဲ ပျောက်သွားလို့ ပြန်လျှောက်ဖို့ လုပ်တာ။ ဒါတွေက ကျွန်တော့် ရပိုင်ခွင့်တွေကို ကျွန်တော်တောင်းတာ။ ဒေါက်တာ နေဇင်လတ်ဆီမှာပဲ အဲဒါတွေနဲ့ ပတ်သက်ပြီး စာပေးခဲ့တယ်။ ဒါတွေမကဘူး အခုဖွဲ့ထားတဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေမှာ လည်း အကုန်ပူးတွဲပြီး တင်ထားတာ။ ဒါတွေ အကုန်လုံး အခုချိန်ထိ ရှင်းရှင်းပြောရင် ပြန်မရသေးဘူး။ ပင်စင်လစာ ဆိုတာ ကျွန်တော် လိုချင်လို့ မဟုတ်ဘူး။ ကိုယ့်အခွင့်အရေး အနေနဲ့ ရသင့်တယ်ထင်လို့ မတရားမှုကို တိုက်ရမှာမို့ ပြန်တောင်းတာ။ နောက် သူပြောတဲ့အထဲမှာ မပါတဲ့ကိစ္စက ၉၀ လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့တွေနဲ့ ပတ်သက်ပြီး သမ္မတကြီးကို ပူးပေါင်းဖို့ ထောက်ပံ့ ကူညီဖို့ စာတင်ခဲ့တာလည်း ရှိတယ်။ ဒါတွေကို အခွင့်အရေး တောင်းတယ်လို့ ပြောရင် ကျွန်တော်ရဲရဲကြီး ပြောရဲတယ်။ ဟုတ်တယ်။ ကျွန်တော် အခွင့်အရေး တောင်းခဲ့တယ်လို့ပဲ။ ကျွန်တော်က ရိုးရိုးသားသား လုပ်တဲ့သူဆိုတော့ အကုန်လုံး အမှန်အတိုင်း ပြောရဲတယ်။

အန်ကယ်ပြောသလိုပါပဲ။ ဒီတွေ့ဆုံ မေးမြန်းခန်းမှာ အဓိကကျတဲ့ အန်ကယ့်ကို ဦးအောင်မင်းတို့က ကားတွေ၊ အိမ်တွေ၊ ငွေစတာတွေ ပေးမပေး ပထမမေးပေမယ့် ဦးအောင်မင်း ဖြေတဲ့အထဲမှာ ပေး မပေး အတိအကျ မဖြေထားဘူး။ ဒါကိုလည်း နောက်ပိုင်း အဖြေအတိအကျ ရအောင် ထပ်မေးတာမျိုး မတွေ့ရဘူး။ ဒါပေမဲ့ ဒါက သူတို့မေးတဲ့၊ ဖြေတဲ့အပိုင်းမို့ ထားလိုက်ပါတော့။ တစ်ခုရှိတာက ကျွန်တော်တို့က အန်ကယ်နဲ့ တွေ့ဆုံ မေးမြန်းခန်းကို မဖော်ပြခင် ကတည်းက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်ဆီကို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခွင့် ပေးဖို့ တင်ခဲ့တယ်။ ဒါပေမဲ့ အခုအန်ကယ်နဲ့ တွေ့နေတဲ့ အချိန်ထိ အကြောင်းပြန်ချက် မရှိသေးဘူး။ ဒါပေမဲ့ ဒီနေ့ 7 Day မှာ ဒီတွေ့ဆုံ မေးမြန်းခန်း ပါလာတယ်။ တွေ့ဆုံ မေးမြန်းခန်းရဲ့ မေးခွန်းတွေကို ကြည့်ရင် ကျွန်တော်တို့ သံတော်ဆင့် ထွက်ပြီးမှ ဒီတွေ့ဆုံ မေးမြန်းခန်း လုပ်ထားတာ ငြင်းလို့ မရဘူး။ ဒီတော့ ဒီအကြောင်းအရာတွေကို တရားဝင် ဖော်ပြခဲ့သလို ဒါတွေနဲ့ ပတ်သက်ပြီး မေးမြန်းခွင့်လည်း အစောကတည်းက တောင်းထားပေမယ့် မရဘဲ အခုလို 7 Day မှာ တွေ့ဆုံ မေးမြန်းခန်း ပါလာတဲ့အပေါ် အန်ကယ့် အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။

ကျွန်တော်တို့ တွေ့ဆုံမေးမြန်းခွင့် လှမ်းတင်တုန်းကပဲ ဦးအောင်မင်းရဲ့ ကိုယ်ရေးအရာရှိက ၀န်ကြီးအနေနဲ့ အခမ်းအနားတွေမှာ သတင်းမီဒီယာတွေနဲ့ ဆုံတွေ့မေးမြန်းနေတာမို့ သီးသန့် တွေ့ဆုံမေးမြန်းမှုမျိုး ဘယ်သူ့ကိုမှ ပေးလေ့မရှိပါဘူးလို့ ကြိုပြောထားတဲ့ အသံဖိုင်လည်း ကျွန်တော့်ဆီမှာ ရှိတယ်။

သူတို့ လုပ်ရပ်တချို့က လှည့်စားနေတာ။ ကျွန်တော်က သူနဲ့ပေါင်းပြီး လုပ်စားတယ်လို့ အဖြစ်မခံနိုင်ဘူး။ ဒီတော့ ဘယ်သူ ဘာလုပ်တယ်ဆိုတာ ပြည်သူကသိသလို ဒီအဖြစ်အပျက်တွေကို ကြည့်တာနဲ့ နိုင်ငံရေး အတွေ့အကြုံရှိတဲ့ လူတွေက သိတယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တာ တိုင်းပြည်မှာ ဗရုတ်ဗရက် အခက် တွေ့အောင် လုပ်နေတဲ့သူတွေ အုပ်ချုပ်နေတာ မဖြစ်အောင်လို့ တစ်ချိန်လုံး တားဆီးလာတာ၊ မသေမချင်း လည်း အမှန်တရားပဲ လုပ်သွားမှာ ဒီကိစ္စက ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာ လူတိုင်းသိတယ်။

စကားမစပ်ခင်ဗျ။ ကျွန်တော် မရှင်းတာလေး တစ်ခုလောက် မေးပါရစေ။ အန်ကယ် ပြောတဲ့အထဲမှာ ဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့က ကားသုံးစီးရှိတယ်။ ကြိုက်တဲ့ တစ်စီးယူသွားလို့ ပြောတယ်ဆိုတော့ အဲဒီကားတွေက သူတို့စီးလာတဲ့ ကားတွေလား။ ဘာအမျိုးအစားတွေ များလဲ။

သူတို့ စီးလာတာ မဟုတ်ဘူး။ အဲဒီ့အချိန်က ဦးစိုးသိန်းက စက်မှုဝန်ကြီးဆိုတော့ သူတို့စက်ရုံက ထုတ်ပြီး အခုအပြင်မှာ တက္ကစီ ဆွဲနေတဲ့ ကားတွေ ရှိတယ်။ အဲဒီလိုကားမျိုးတွေ။ အဲဒီထဲက တစ်စီး ယူသွားဖို့ ပြောတာ။ ပြန်သွားရင် ယူသွားရုံပဲ အဲဒီလို ပြောတာ။

ဒါဆို အန်ကယ်က ဒီကားပေးတာကို လက်မခံဘဲ ကိုယ့်ဘာသာ တရားဝင် လျှောက်ဖို့ ဆိုတာက ဘယ်ကားကို ပြောတာလဲ။ အစိုးရဆီက ကားကိုလား။

ဦးစိုးသိန်းတို့ စက်ရုံက ထုတ်တဲ့၊ သူတို့ယူသွားလို့ ပြောတဲ့ ကားမျိုးပဲ လျှောက်ခဲ့တာ။ အဲဒါကလည်း သူတို့နဲ့ တွေ့ပြီးနောက်မှ စာရေးပြီးတော့ ဦးလှမောင်ရွှေ ဆီကနေ တစ်ဆင့်လျှောက်တာ။

အခု အန်ကယ့် ကိုယ်တွေ့ကိစ္စရပ်နဲ့ ပတ်သက်ပြီး အခုလို ကြုံတွေ့ရတဲ့ အပေါ်မှာရော အန်ကယ့်အနေနဲ့ တစ်စုံတစ်ရာ ပြောချင်တာ ရှိပါသလား။

ရှင်းရှင်းပြောရရင် ကျွန်တော်က ယောက်ျား တစ်ယောက်။ နိုင်ငံရေးသမား။ ပြည်သူကို လိမ်ဖို့လည်း မစဉ်းစားဘူး။ ဘယ်သူ့ကိုမှလည်း လိမ်ဖို့မစဉ်းစားဘူး။ အမှန်ကို အမှန်အတိုင်း ဖြစ်စေချင်လို့။ တချို့က ဘယ်လိုပြောလဲ ဆိုရင် ယူသွားတယ်လို့ သတင်းထွက်လာတယ်။ နိုင်ငံခြားမှာ ယူသွားတယ်လို့ သတင်း ထွက်လာတယ်။ ဒီမှာလည်း သို့လောသို့လော ရသွားတယ်လို့ ပြောနေတဲ့လူတွေ ရှိတယ်။ မဟုတ်ပါဘူး ဆိုတာ ကျွန်တော် တိတိကျကျ ပြောပါတယ်။

ကျွန်တော်ကပဲ သူနဲ့ပေါင်းပြီး လုပ်စားတယ်လို့ အဖြစ်မခံနိုင်ဘူး။ ဒီဟာတွေ ဖြစ်လို့လည်း သူတို့ကို ပုဂ္ဂိုလ်ရေး မုန်းတီးမှု လုံးဝမရှိဘူး။ ဦးအောင်မင်းကိုလည်း ကျွန်တော် မုန်းတီးမှု မရှိဘူး။ ကျွန်တော်က ဘာကိုမုန်းလဲ ဆိုရင် လိမ်တာ၊ ညာတာ၊ လှည့်တာ၊ ကောက်တာကို မုန်းတယ်။ ကျွန်တော့် သဘောထားက ဒါပဲ။ ကျွန်တော် တပ်မတော် အပေါ်လည်း ဒီအတိုင်းပဲ။ တပ်မတော်ကို မုန်းတီးလို့ မဟုတ်ဘူး။ တပ်မတော်ထဲမှာ ချစ်စရာ ကောင်းတဲ့လူ၊ တိုင်းပြည်ကိုချစ်တဲ့ လူအများကြီးပဲ။ ကိုယ့်အတွက်ကိုယ် လုပ်နေတဲ့၊ ကိုယ့်အကျိုးအတွက် လုပ်နေတဲ့ ဟာတွေ အများကြီး ရှိနေတာကိုသာ တိုက်တာ။ ဒီတော့ ဦးအောင်မင်း အနေနဲ့လည်း ရိုးသားပါလို့ ပြောချင်တယ်။

အခု သူတို့ငြိမ်းချမ်းရေး လုပ်ငန်းတွေကို တတ်နိုင်သလောက် ကြိုးစားနေတယ်လို့ ပြောတယ်။ ဒီတော့ ဒီလုပ်ငန်းတွေ မအောင်မြင်ဘူး၊ အောင်မြင်တယ် ဆိုတာက ရိုးသားမှုမှာ မူတည်တယ်။ ရိုးသားရင် အောင်မြင်မှာပဲ။ ရိုးသားဖို့ပဲ အရေးကြီးတယ်။ ကိုယ်ကျိုးကို လျှော့ပြီးတော့ တိုင်းကျိုး ပြည်ကျိုးကို လုပ်ကြပါ။

အန်ကယ်အခုပြောသွားတဲ့အထဲမှာ ကိုယ်ကျိုးအတွက် လုပ်နေတဲ့ သူတွေရှိသလို တိုင်းပြည်ကို တကယ်ချစ်တဲ့ သူတွေလည်း ရှိတယ်ဆိုတဲ့အခါကျတော့ ပြည်သူတွေ အနေနဲ့ အန်ကယ့်လို ခွဲခြား သိမြင်နိုင်အောင် ပြောပြပေးပါဦး။

ဘယ်သူမရိုးသားဘူး၊ ရိုးသားတယ် ဆိုတာကိုယ့်ကိုယ်ကိုယ် သိတယ်။ ပြီးတော့ ကျွန်တော်တို့ အချင်းချင်း ငြိမ်းချမ်းရေး ဖြစ်စေချင်တယ်။ ဖြစ်အောင်လည်း တစ်ဖက်နဲ့ တစ်ဖက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး မဖြစ်တာ ပြည်သူတွေ အရမ်းနစ်နာတယ်။ တိုင်းပြည် ဆုတ်ယုတ်မှုတော့ ရှိတယ်။ တကယ့် ဒီမိုကရေစီ လမ်းကို သွားမယ်ဆိုရင် ငြိမ်းချမ်းရေးရမှ တပ်မတော်ရဲ့ လှုပ်ရှားမှုက နည်းသွားမယ်။ ပြီးရင် အရပ် အုပ်ချုပ်ရေးက ၀င်လာမယ်။ ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် အန်ကယ်ပါမယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို နှစ်ဖက်ဖြစ်အောင် လုပ်ပါလို့ ကျွန်တော်မေတ္တာရပ်ခံ ပါတယ်။

လောကကြီးမှာ မိသားစု တစ်ခုတောင်မှ ကောင်းတဲ့လူရှိတယ်။ မကောင်းတဲ့လူ ရှိတယ်။ လုပ်စားနေတဲ့လူ တော်တော်များများလည်း ရှိသလို ပြည်ထောင်စု အရေးကို ဆောင်ရွက်နေတဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ အရေးအကြီးဆုံးက လုပ်မစားဘဲနဲ့ ပြည်ထောင်စု အကျိုးကို လုပ်မယ့် လူတွေနဲ့ လုပ်လို့ရှိရင် အောင်မြင်မှာပဲ။ တကယ့် ပြည်ထောင်စု အကျိုးကို လိုချင်ရင် ငြိမ်းချမ်းရေးကို လုပ်မယ်။ ငြိမ်းချမ်းရေး မရှိရင် စစ်အုပ်ချုပ်ရေးက ကြာမယ်။ ပြီးရင် တရား ဥပဒေစိုးမိုးရေး လုပ်ရမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘာကြောင့် ရေးဆွဲရလဲ ဆိုတာကို အုပ်ချုပ်သူ လူတန်းစားကနေ အုပ်ချုပ်ခံ လူတန်းစားကို ဖိနှိပ် မချုပ်ချယ်နိုင်အောင် ရေးဆွဲရမယ်။ ပြည်သူတွေ ရွေးချယ်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေက နေပြီးတော့ တရားဥပဒေ နားလည်တဲ့လူတွေ၊ ကျွမ်းကျင်တဲ့လူတွေ၊ တိုင်ပင်ပြီးတော့ ဒီဟာတွေကို ရေးဆွဲပါ။ အခုက တစ်ဖွဲ့တည်းက ရေးဆွဲပြီးထားတော့ ပြောစရာမလိုဘူး။ ရေး ဆွဲထားတာ အားလုံးကို ကြည့်ရင်လည်း ပြည်သူ့အကျိုး မဟုတ်ဘဲနဲ့ တပ်မတော်အကျိုးကို အများဆုံး ထည့်ထားတယ်။ အဲဒါတွေ ကတော့ လုပ်နေသမျှ ကာလပတ်လုံး ဒီမိုကရေစီဟာ ဟန်ပြပဲဖြစ်မယ်။ ပြည်သူတွေ ရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက လွှတ်တော်မှာ ရှိရမယ်။ ကြေးစားလုပ်တဲ့ ၀န်ထမ်းတွေက ကြေးလည်းစား၊ ပြီးလို့ရှိရင် လွှတ်တော်ထဲလည်း ၀င်တယ်ဆိုတော့ အလုပ်နှစ်ခု လုပ်စရာမလိုဘူး။ ကြေးစား လုပ်မယ်ဆိုရင် ၀န်ထမ်းတစ်ခုက တကယ့် နိုင်ငံရေး လုပ်မယ်ဆိုရင် အဲဒီအလုပ်က ထွက်ပြီးတော့ နိုင်ငံရေးပဲ သူလုပ်ရမယ်။ အခုက လုပ်လို့မရဘူး။ တပ်မတော်က ကြေးလည်း စားထားသေးတယ်။ ကြေးစားတပ်မတော် ဖြစ်နေတယ်။ လွှတ်တော်ထဲ ၀င်တယ်ဆိုတာ မဖြစ်သင့်တဲ့အလုပ်။ စစ်တပ်ကို ပိုပြီးတော့ ပေးထားတဲ့ အခွင့်အရေးက စစ်က ၂၄ နာရီ အလုပ်လုပ်နေရလို့ စစ်တပ်ကို အခွင့်အရေးတွေ အများကြီး ပေးထားရတယ်။ အဲဒါတွေ အားလုံးက ပြည်သူက ပေးထားတဲ့ အခွင့်အရေးတွေ။ http://myanmarthandawsint.com/2013/11/29/ပြည်ထောင်စုဝန်ကြီး-ဦးေ/

အုန်းရည်ကြည်

အုန်းရည်ကြည်
လူတစ်ယောက်ရဲ့ သွေးကြောထဲကို နေ့စဉ် သောက်သုံးနေတဲ့ ရေတွေသွင်းလို့ မရပါဘူး။ ပြင်းအားမတူတဲ့အတွက် ရေတွေ သွင်းလိုက်မယ်ဆိုရင် သွေးဥတွေ ပေါက်ကွဲတာ၊ ဖောရောင်တာတွေဖြစ်ပြီး အသက်သေဆုံးနိုင်ပါတယ်။ ဒါပေမယ့် အုန်းရည်ကိုတော့ သွင်းလို့ ရပါတယ်။ အုန်းရေဟာ လူရဲ့ သွေးရည်ကြည် (Plasma) နဲ့ နီးစပ် ဆင်တူတယ်လို့ ဆိုပါတယ်။ ပစိဖိတ် စစ်ပွဲအတွင်းမှာ သွေးကြောထဲကို သွေးရည်ကြည်အစား အုန်းရည်သွင်းပြီး လူထောင်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

နောက်ထပ် ထူးခြားတဲ့ အချက်က အုန်းရည်ဟာ နွားနို့ထက်ပိုပြီး အဟာရပြည့်ဝပါတယ်။ အုန်းရည်မှာ လူကို လန်းဆန်းစေတဲ့ သကြားဓာတ်၊ ဆားဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ အပြည့်အ၀ ပါပါတယ်။

အုန်းရည်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စွမ်းအားဖြည့် အချိုရည် (Energy Drink) ဖြစ်ပါတယ်။ ပြီးတော့ သဘာဝ အချိုရည်လည်း ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ တွေ့ရတဲ့ အချိုရည် အများစုထက် အုန်းရည်မှာ ပိုတက်စီယမ်ဓာတ်တွေ ပိုမို ပါဝင်ပါတယ်။ အုန်းသီးတစ်လုံးက ရတဲ့ အုန်းရည်မှာ ကလိုရိုက်ဓာတ် ၁၁၈ မီလီဂရမ် ပါဝင်ပါတယ်။ သကြားဓာတ်က ၅ မီလီဂရမ်လောက် ပါဝင်ပါတယ်။

အရေးအကြီးဆုံးအချက်ကတော့ အုန်းရည်မှာ ပါဝင်တဲ့ ဆိုဒီယမ်ဓာတ်ဟာ အခြားအချိုရည်တွေမှာ ပါဝင်တဲ့ ဆိုဒီယမ်ဓာတ်ထက် နည်းတယ်ဆိုတာပါပဲ။

ဝန်ကြီးချုပ်ယင်းလပ်မဲခွဲရာမှာ မဲနဲ့ အနိုင်ရခဲ့

* လွှတ်တော်မှာ အယုံအကြည်မရှိအဆိုတင်ပြီး မဲခွဲခဲ့ပေမဲ့ ရင်းလတ်အနိုင်ရ *




ဝန်ကြီးချုပ်ယင်းလပ် ရာထူးက စွန့်လွှတ်ဖို့ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံမှာ လွှတ်တော်အတွင်း ယင်းလပ်ကို အယုံအကြည်မရှိ မဲခွဲရာမှာ ယင်းလပ်က မဲနဲ့ အနိုင်ရခဲ့ပါတယ်။ သို့ သော်လည်း သူ့ ကိုဆန္ဒပြမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ဆန္ဒပြမှုတွေကို ဦးဆောင်နေတဲ့ ဒုဝန်ကြီးဟောင်း Suthep ကတော့ ယင်းလပ်နဲ့ ပြောဆိုညိနှိုင်းစရာ ဘာမှ မရှိတော့ဘူး၊ နိုင်ငံရေးပြောင်းလဲမှုက လူတွေနဲ့ ဘဲလုပ်ရမှာဖြစ်ပြီး နိုင်ငံရေးသမားတွေ အတွက်နေရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ်ယင်းလပ်ကတော့ ဆန္ဒပြတာတွေကို အကြမ်းဖက် ဖြေရှင်းမှာမဟုတ်ဘဲ ညှိနိုင်းမှုနဲ့ အဆုံးသတ်ဖြေရှင်း ချင်တယ်လို့  ဆိုပါတယ်။ံH http://www.ibtimes.com/thai-pm-yingluck-shinawatra-prevails-no-confidence-vote-amid-anti-government-protests-1489050

ဖြစ်ပြန်ပြီ

ဖြစ်ပြန်ပြီ
ငါ မီဒီယာဆိုပီး လုပ်ချင်ရာလုပ်ကြ တာလား။.... ကိုယ်.လူ အပြစ်ကို ဖုံးကွယ်ခြင်လို. ဆေး၇ုံ ကို အသလွတ် အပြစ်ရှာခြင်တာလား။... မန္တလေးဆေးရုံ မှသိခဲ.ရတဲ. သတင်း အမှန်... ၁၉-၁၁-၁၃ ည ၁၁း၃၀ မှာ ထိခိုက်ပြီး ၂၀-၁၁-၁၃ မနက် ၁နာရီ ဆေး၇ုံ ပြင်ပလူနာဋ္ဌာန ရောက်တယ်။သူ. အဖေါ် media man တယောက်ပါတယ်။ ဆရာဝန် က စမ်းသပ် ခေါင်းဓါတ်မှန်၇ိုက်ပြီး ဦးခေါင်းခွံရိုး အက်တာတွေ.လို. ဆေး၇ုံတက်ခိုင်းတယ်၊ လူနာရော လူနာရှင်ရော ငြင်းဆံလို. ကွန်ပြူတာဓါတ်မှန် မနဲရိုက်ခိုင်းရတယ်၊ CT မှာ ခေါင်းခွံတွင်း သွေးယိုနေပြီ အဖြေ ထွက်လို. ချက်ခြင်း ခွဲစိတ်ဆရာဝန် အကြောင်းကြားပြီး ခွဲဖို.ပြင်တယ်၊ ကံမကောင်းစွာပဲ လူနာ. အဖေါ် media man က အကြောင်း အမျိုးမျိုး ပြပြီး ခွဲစိတ်ကုသမှုခံယူဖို. သဘောတူကြောင်း လက်မှတ်ထိုးမပေးဘူး၊ အဲတာမို.လို. ခွဲစိတ်ကုသမှု ကို ၂၀-၁၁-၁၃ မနက် ၈း၃၀ မှ စတင်နီုင်ခဲ.တယ်။ ဒါကို ဘာဖြစ်လို. သူတို.သတင်းထဲမှာ ( ဆေးရုံရောက်ပြီး ၂ နာရီ ခွဲလောက်ကြာမှ “အချိန် အတော် နှောင်းသွားခါမှ” ဆရာဝန်က စမ်းသပ် ခွဲစိတ်မှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။ ) လို. ပြောရတာလဲ။ ငါ မီဒီယာဆိုပီး လုပ်ချင်ရာလုပ်ကြ တာလား။.... ကိုယ်.လူ အပြစ်ကို ဖုံးကွယ်ခြင်လို. ဆေး၇ုံ ကို အသလွတ် အပြစ်ရှာခြင်တာလား။... မူရင်း ဆရာ၏ ပြောပြချက်... I am really sorry for the loss of this good media man. This is the story I got from the hospital. The accident happened as you all have heard in media report. The time of accident was round 11:30PM on 19th Nov. By 1 Am on 20th Nov 13, they (accompanied by his friend media man) arrived at OPD MGH and OPD MO examine and took Skull X-ray. His BP is 110/70 with PR of 50/min. He had dizziness and few bout of vomiting. GCS is 15. Skull X ray show fracture and OPD MO told them to get hospitalization. But they refused MO suggestion and MO again persuaded them to take CT. They took CT and the scan show EDH. By the time CT diagnosis of EDH is revealed , his GCS fall to around 7/8. Then MO inform the neurosurgeon and counseling was done for operation. But unluckly, consent for operation was not given by his attendant media man for various reasons (how bad it was, there is no body to give consent on behalf of him). At that time, emergency neurosurgery operations are going on. So he was left with medical treatment till the morning. The operation of craniotomy for his TP EDH was done on 08:30Am of 20th Nov 2013 as the first case in Elective procedure. This prove their wrong statement in their report as ဆေးရုံရောက်ပြီး ၂ နာရီ ခွဲလောက်ကြာမှ “အချိန် အတော် နှောင်းသွားခါမှ” . Delay occurs because of patients factor and he may have survived from TP EDH if there is one wise man who can give consent for him at that time. Zaw Min Chit ရည်ညွှန်း http://www.youtube.com/watch?v=7Ct5L0WbbJo&feature=youtu.be ဆေးရုံရောက်ပြီး ၂ နာရီ ခွဲလောက်ကြာမှ “အချိန် အတော် နှောင်းသွားခါမှ” ဆရာဝန်က စမ်းသပ် ခွဲစိတ်မှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။ (5:00 min) လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ ပထမဆုံး ပြည်တွင်း သတင်းထောက်ဖြစ်တဲ့ ကိုမိုးသူအောင်

ထိုင်းအစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲတွေ ဆက်


ထိုင်းအစိုးရ နှုတ်ထွက်ရေး တောင်းဆိုပြီး ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ်ကို ဆန့်ကျင်သူတွေ ဘန်ကောက်မြို့ ကြည်းတပ် ဦးစီးချုပ်ရုံးကို ဝင်ရောက်ပြီး ဆန္ဒပြဖို့ ကြိုးစားမှုတွေ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အာဏာသိမ်းပွဲတိုင်းမှာ ကြည်တပ် ဦးစီးချုပ်တွေကသာ ဦးဆောင်ခဲ့တာ ဖြစ်လို့ အခုလည်း စစ်တပ်က အာဏာသိမ်းဖို့ တွန်းအားပေးတဲ့ အနေနဲ့ ဆန္ဒသွားပြတာလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကတော့ စစ်တပ်က အကြမ်းဖမ်းမှုကို ပါဝင် မလုပ်ဖို့နဲ့ အစိုးရကို ကျောထောက်နောက်ခံ မလုပ်ပေးဖို့ သွားရောက်ဖိအားပေးတာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းစစ်တပ်ကို သွားရောက် ဆန္ဒပြတာနဲ့ပတ်သက်ပြီး ကျူလာလောင်ကောင်း တက္ကသိုလ် နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာဌာနက ပါမောက္ခပနိထန်း ဝပ်ထနားကောန်း က အခု နိုင်ငံရေး တင်းမာမှုမှာ စစ်တပ်က တစုံတရာ ဝင်ပြောတာ မရှိဘူး၊ ကြားနေတဲ့ သဘောတော့ ရှိတယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့်လည်း အစိုးရဝန်ထမ်း ဖြစ်တဲ့အတွက် အစိုးရကို ကျောထောက်နောက်ခံ ပေးရမယ့် သဘောတော့ ရှိတယ် လို့ ပြောသွားပါတယ်။

သူက ဆက်လက်ပြီး "ဆန္ဒပြသူတွေ ဘက်က ရပ်တည်ပေးဖို့ ဆန္ဒပြသူတွေက ကြိုးစားတဲ့ သဘောရှိတယ်။ လက်ရှိ အနေအထားအရ ပြောရရင် ပြည်သူ အများစုဟာ အာဏာသိမ်းတာကို လက်မခံသလို အကြမ်းဖက် နှိမ်နှင်းတာကိုလည်း လက်မခံတော့ဘူး။ ဆွေးနွေး အဖြေရှာဖို့ပဲ တိုက်တွန်းနေတယ်။ ဆွေးနွေးနိုင်မယ့် အနေအထားတော့ လောလောဆယ် မတွေ့သေးဘူး" လို့ ဆက်ပြောပါတယ်။

ထိုင်းစီးပွားရေး နှစ်ဆန်းပိုင်းက စပြီး တိုးတက်သင့်သလောက် မတိုးတက်တဲ့ကြား အခု နိုင်ငံရေး တင်းမာမှုမှာ စီးပွားရေး ရိုက်ခတ်မှုတွေ ဖြစ်လာနေပြီ လို့ ပြည်တွင်း ခရီးသွား လုပ်ငန်းရှင် မိုင်းယရတ် ဖီးရာ့ယား ကိုးစေ့စ် က ထောက်ပြပါတယ်။

ဆန္ဒပြပွဲက ဘန်ကောက်ရော နယ်မြို့တွေမှာပါ ဖြစ်နေတော့ ခရီးသွားလုပ်ငန်းကို ထိခိုက်နေပြီး ကမ္ဘာလှည့် ခရီးသည် ၃ဝ ရာခိုင်နှုန်းကျော် ခရီးစဉ်ဖျက်လိုက်ပြီး ဖြစ်ပါတယ်။ နောက်ထပ် ခရီးသည်တွေကလည်း အခြေအနေကို စောင့်ကြည့်နေကြဆဲပါ။ ခရီးသွား လုပ်ငန်းနဲ့ အတူ ဟိုတယ်၊ သယ်ယူ ပို့ဆောင်ရေးနဲ့ စားသောက်ဆိုင်တွေလည်း ရိုက်ခတ်လာပြီ သူက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေ ဆန္ဒပြပွဲမှာ ဝင်မပါဖို့နဲ့ လုံခြုံရေး သတိရှိဖို့ကို ဘန်ကောက် မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက သတိပေး ပြောကြားပါတယ်။ ဆန္ဒပြပွဲက ရက်ကြာလာတဲ့အတွက် စီးပွားရေး ရိုက်ခတ်မှုတွေ ရှိလာသလို မြန်မာလုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံသားတွေကြားတွေ အပါအ၀င် မြန်မာအသိုင်းအဝိုင်း ကြားမှာလည်း စိုးရိမ်မှုတွေ ရှိလာပြီလို့ သိရပါတယ်။

ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်နဝပ်အနေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမယ့် ဆန္ဒပြသူတွေရော အတိုက်အခံ ပါတီကပါ လက်ရှိ အစိုးရနဲ့ ဆွေးနွေးစရာ မရှိဘူးလို့ ပြောဆိုနေတုန်း ဖြစ်ပါတယ်။

မြိတ်မြေသိမ်းမှု့ များ တိုင်ကြားခြင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျောက်ဖျာ
ကျေးရွာအုပ်စု နှင့် စန္ဒဝတ် ကျေးရွာအုပ်စု ရှိ ကျေးရွာ
(၁၃)ရွာမှ ဒေသခံ တောင်သူများ၏ လယ်ယာမြေ နှင့်
အခြားမြေများအား--
(က)။ အဏ္ဏဝါစိုး ကုမ္ပဏီ
(ခ) ။ ပြည့်ဖြိုးထွန်း ကုမ္ပဏီ
(ဂ) ။ ဖိုးလမင်း ကုမ္ပဏီ
(ဃ)။ သစ် အ ခြေ ခံ စက်မှုဇုံ
(င) ။ ရေ မှော် ကုမ္ပဏီ
(စ) ။ သန်းဖြိုးသူ ကုမ္ပဏီ နှင့်
အခြားကုမ္ပဏီ (၁၅) ခုမှ လည်းကောင်း
ခ.လ.ရ (၂၆၅) -စစ်လက်နက် ပစ္စည်းတပ်(၃၄၂) မှ
လည်းကောင်း သိမ်းဆည်းရယူထားခဲ့ရာ ယခုအခါ
နိုင် ငံတော် အစိုးရမှ လယ်ယာမြေနှင့် အခြားသိမ်း
ဆည်းခံရသူ တောင် သူများအား ဆုံးရှုံးနစ်နာမှု မရှိ
စေ ရေးအတွက် ပြည်သူ့လွတ်တော်တွင် ကော်မတီ
တစ် ရပ် ဖွဲ့စည်း၍ ဆုံးရှုံး နစ်နာခဲ့ရ သော တောင် သူ
လယ်သမား များထံသို့ ပြန်လည် ပေးအပ်နေပြီ ဖြစ်
သဖြင့် သက်ဆိုင် ရာ ဌာနများသို့ ယ နေ့(၂၈.၁၁.၂၀၁၃)
ရက်စွဲဖြင့် မြိတ်စာတိုက်မှ စာအမှတ်(၃၄-၃၅-၃၆-၃၇)
ဖြင့် ပေးပို့ခဲ့ကြောင်း ဦးမိုးသူအောင်(၈၈ မျိုးဆက် -
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တောင် သူ
လယ်သမားရေးရာ ကော်မတီ တာဝန်ခံ) ထံမှ သိရ
သည်။
ထို့အတူ မှတ်ပုံတင် ခွင့် ချမ ပေးသော လယ်ယာမြေ
နှင့် အခြားမြေ ကိစ္စ များလည်း ပါဝင်ကြောင်းသိရပါသည်။ (via Myat Htut)

စင်ပြိုင်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးပီတာလင်းပင်နှင့်ပြောခြင်း

 – အံ့ခေါင်မင်း

““လွှတ်တော်က ထည်ဝါခမ်းနားပြီး ပြည်သူတွေက ငတ်လို့. . . ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နေတာ . . . စစ်တပ်ရဲ့ အုတ်တံတိုင်းကြီးတွေက ဟိန်းနေတယ် . . .ဆေးရုံတွေက စုတ်ပြတ်နေတယ် . . . ကျောင်းတွေက ဇရပ်လိုပဲ . . .””

ကျွန်တော်ပြန်လာမယ် ဆိုတုန်းက မိုးသီးတို့၊ ထွန်းအောင်ကျော်တို့က ပြောတယ် ခင်ဗျားမပြန်နဲ့ ဥခံရမယ်တဲ့ အခု ဥခံရတာ သူတို့ ဦးအောင်မင်းတို့ ဥတာလေ ဦးအောင်မင်းတို့ဆိုတာ တရုတ်ကို ကျေးဇူးရှင်လို့တောင် ပြောတဲ့သူတွေ . . .သူတို့အထောက် အပံ့ မယူဘူး နားမလည်တဲ့ သူတွေယူမှာ ဒီလူတွေက လုပ်စားနေတာ . . .
နယ်ချဲ့အင်္ဂလိပ်အား ပထမဦးဆုံး တော်လှန် တိုက်ခိုက်ခဲ့သည့် လင်းပင် မင်းသားကြီးနှင့် မြန်မာ့သမိုင်း၏ အထင်ကရပုဂ္ဂိုလ် တိုင်တားမင်းကြီးတို့၏ မျိုးဆက်ဖြစ်သလို နယ်ချဲ့ တော်လှန်ရေး သမိုင်းဝင် မြန်မာ့ တပ်မတော်ကို စတင် တည်ထောင်သူ တစ်ဦးဖြစ်သည့် ဦးသိမ်းမောင်၏ မြေးဖြစ်ပြီး အာဏာရှင် စနစ် တော်လှန်ရေးကို တစိုက်မတ် မတ် ဆောင်ရွက်ရင်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြင်ဦးလွင်မြို့နယ် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံတော် ညွှန့်ပေါင်း အစိုးရ နိုင်ငံခြားရေး ၀န်ကြီး (၁၉၉၀-၉၃)၊ နိုင်ငံတော် အမျိုးသားကောင်စီ (NCUB) သဘာပတိအဖွဲ့ဝင် နိုင်ငံခြားရေး တာဝန်ခံ၊ ပြည်ပရောက် လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့(MPU) ဥက္ကဋ္ဌ၊ ညွှန့်ပေါင်းအစိုးရ တိုင်းရင်းသား များနှင့် တိုးချဲ့ ဖွဲ့စည်းရေးအဖွဲ့ ငါးဦးကော်မတီ ခေါင်းဆောင် တာဝန်များ ကို ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် NLD/LA ဗဟိုကော်မတီဝင်၊ အခြေခံ လူတန်းစားများနှင့် ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ခေါင်းဆောင်၊ စာရင်းစစ် အဖွဲ့ခေါင်းဆောင်၊ မဲဆောက်မြို့ အခြေစိုက် မင်းမဟော် ဖောင်ဒေးရှင်း အမြဲတမ်း သဘာပတိအဖွဲ့ဝင်၊ ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အမြဲတမ်း ကော်မတီ ငါးဦးအဖွဲ့ အတွင်းရေးမှူး တာဝန်တို့ကို ဆောင်ရွက်လျက် ရှိသည့် ပြည်တွင်းသို့ ပထမဦးဆုံး ပြန်လည် ၀င်ရောက်လာခဲ့သော ဦးပီတာလင်းပင်နှင့် ပြောကြား ဖြစ်ခဲ့သည်များကို မူရင်းအတိုင်း ဖော်ပြ အပ်ပါသည်။ ယခင်အပတ်မှအဆက် …
ပြည်ပကို ရောက်သွားတဲ့ နိုင်ငံရေးသမား အားလုံးနီးပါး အခုပြန်ရောက်နေတဲ့ ပီနန်ဆရာတော်ကြီးနဲ့ မကင်းခဲ့ဘူးလို့ သိရတယ်။ အန်ကယ်ရော ပီနန်ဆရာတော်ကြီးနဲ့ ဆုံခဲ့သေးလား။
ပီနန်ဆရာတော်ကြီးနဲ့ တွေ့ခဲ့ဖူးတယ်။ ဆရာတော်ကြီးက နိုင်ငံရေး မလုပ်ဖူးဘူး။ ဒါပေမဲ့ နိုင်ငံရေး လုပ်တဲ့ သူတွေကို အများကြီး ထောက်ပံ့တယ်။ ပြီးတော့ ပီနန်ဆရာတော်ကြီးက အများကြီး လှူတယ်။ လှူလွန်း အားကြီးလို့ အချို့ ဘုန်းကြီးတွေကတောင် မကျေနပ်ဘူး။ ပီနန် ဆရာတော်ကြီး မိန့်တာက ဘုန်းကြီးဆိုရာမှာ ဒုက္ခရောက်နေတဲ့ သူတွေကို လှူရမှာတဲ့။ ပီနန်ဆရာတော်ကြီး ဒီမှာ လှူထားတာ ရှိတယ်။ တာမွေမှာလေ။ မဟာသန္တိသုခ ကျောင်းလေ။ အဲဒါကြီးကိုလည်း သိမ်းထားပြီး ကပွဲရုံကြီးလို လုပ်ထားတယ်။ ဒီတော့ ဘုန်းကြီးက စိတ်မကောင်းဘူးပေါ့။ ဘုန်းကြီးက တကယ်လှူ၊ တကယ်ပေးတဲ့ ဘုန်းကြီး။ ကျွန်တော်တို့ကိုလည်း ပေးခဲ့ဖူးတယ်။ ကျွန်တော်တို့ သွားတော့ မင်းတို့က တကယ်လုပ်နေတဲ့ သူတွေကွ။ ငါက အဲဒီ လိုလူမျိုးတွေကို ပေးမှာတဲ့။ လုပ်တဲ့သူတွေ အားလုံးကို ပေးတယ်။ တစ်ခုပဲ မင်းတို့ မလွဲကြနဲ့တဲ့။ ဒီလိုဘုန်းကြီး။ မိုးသီးဇွန်တို့ဆို မကောင်းဘူး။ သူတို့လုပ်သွားတာ ကျွန်တော် မကြိုက်ဘူး။ (၉ လေးလုံး လှုပ်ရှားမှု ပြုမည်ဆိုကာ ပီနန် ဆရာတော်ကြီးထံမှ ဒေါ်လာ သောင်းဂဏန်းနီးပါး ကိုမိုးသီးဇွန်တို့က ရယူသွားဖူးသည်ဟု NLD(LA) ဥက္ကဋ္ဌ ဟောင်း စာမော်ကွန်း ဦးဝင်းခက်က ပြောကြားဖူးသည်။ ယင်းကို ရည်ညွှန်း ပြောခြင်း ဖြစ်သည်။) ကိုမိုးသီးက ဟိုလိုဒီလို လုပ်သွားတာ။ သူက နဂိုကတည်းက ခုံလိုချင်တဲ့သူ။ ကျွန်တော် သူ့အကြောင်း ကောင်းကောင်း သိတယ်။ ကျွန်တော်နဲ့ နိုင်ငံခြားမှာ နေခဲ့ဖူးတယ်။ ဘယ်တော့မှ သူ မလုပ်ဘူး။ သူများလုပ်ပြီဆို သူလုပ်သလို လာလုပ်တယ်။ အဲဒီလိုမျိုးတွေလည်း အများကြီးပဲ။ ကျွန်တော် ပြန်လာမယ်ဆိုတုန်းက မိုးသီးတို့၊ ထွန်းအောင် ကျော်တို့က ပြောတယ်။ ခင်ဗျားမပြန်နဲ့ ဥခံရမယ်တဲ့။ အခု ဥခံရတာသူတို့။ ဦးအောင်မင်းတို့ ဥတာလေ။ ဦးအောင်မင်းတို့ဆိုတာ တရုတ်ကို ကျေးဇူးရှင်လို့တောင် ပြောတဲ့သူတွေ။ တိုင်းပြည်မှာကုန်ပြီ။ မန္တလေး ဆိုလည်း အကုန် တရုတ်တွေ ချည်းပဲ။ ဒါက သူတို့ လုပ်ခဲ့တာ။ ဗမာတွေက အကုန် ဘေးရောက်ကုန်ပြီ။ အဲဒီလို လူတွေက ချမ်းသာတော့ တကယ့် ပညာတတ်တွေက နိုင်ငံခြားကို ထွက်သွားရတာ။ အခု ပြန်လာတဲ့ သူတွေ၊ အစစ်တွေ မဟုတ်ဘူး။ ကျွန်တော် ရိုးရိုးသားသား ပြောတာ။ အစစ်တွေက လိုချင်တာ မဟုတ်ဘူး။ ငြိမ်းချမ်းချင်တာ။ အခုပြန်လာတဲ့သူတွေက လုပ်စားချင်တဲ့ သူတွေ။ ကျွန်တော် အသိဆုံးပဲ။ အခုငြိမ်းချမ်းရေး လုပ်နေတဲ့ ဗိုလ်ချုပ် …. တို့က အတွေ့အကြုံ မရှိဘဲ ဆန္ဒစောပြီး လုပ်နေတာ။ နောက် တစ်ယောက် ရှိသေးတယ်။ …. ပိညက် ပိညက်နဲ့ ကျွန်တော် ကောင်းကောင်းသိတယ်။ အတူတူနေလာတာ။ သူတို့ကို ဟိုမှာ နိုင်ငံရေးနဲ့ ဘယ်သူမှ သုံးမစားဘူး။ အနာခံတဲ့ သူတွေ မဟုတ်ဘူး။ အခုပြန်လာပြီ။ သူက အဲ လက်မှတ် ထိုးနေတယ်။ သူထိုးလည်း ပြီးမလား။ အခုငြိမ်းချမ်းရေးဆိုတာ အကုန်လုံး ပြန်လုပ်ရမှာ။
အန်ကယ် အခုလုပ်မယ့် ၉၀ ကိုယ်စားလှယ် အစုအဖွဲ့အတွက် ဦးအောင်မင်းတို့ Myanmar Egress က ငွေကြေး ထောက်ပံ့မယ်လို့ ကြားနေရတယ်။
တစ်ပြားမှမရှိဘူး။ သူတို့ အထောက်အပံ့ မယူဘူး။ နားမလည်တဲ့ သူတွေယူမှာ ဒီလူတွေက လုပ်စားနေတာ။ ဦးအောင်မင်းတို့ကို ကြည့်ပါလား။ ကျွန်တော် အခုလုပ်မှာက ၉၀ အမတ်တွေကို ကျွန်တော် စည်းရုံးပြီးပြီ။ သူတို့က ကျွန်တော့်ကို ပေးလိုက်ရင် ငြိမ်သွားမယ် ထင်တာ။ ကျွန်တော်မယူဘူး။ အခုလုပ်မှာ ကျွန်တော့်ခြံကို ရောင်းပြီး ငွေထည့်လုပ်မှာ။
ဒါဆို ဒီသတင်း ထွက်တာက အန်ကယ် ပြန်ရောက်စက သူတို့ ပေးတယ်ဆိုတဲ့ဟာနဲ့ ရောပြီး ထွက်တာလား။ ဒါမှမဟုတ် တမင်သတင်းလွှင့်တာ ဖြစ်မလား။
ကျွန်တော့်ဘက်က ရှင်းတယ်။ ကျွန်တော် ပြောတာတွေ သတင်းစာထဲ ထည့်ရေးလိုက်။ ကျွန်တော် မယူဘူး။ သူတို့က ဇဝေဇ၀ါ ဖြစ်အောင် လုပ်တာ ဖြစ်မှာပေါ့။ သူတို့က ကျွန်တော်နဲ့ တွေ့တုန်းက ဓာတ်ပုံတွေ တွဲရိုက်တယ်။ ပြီးတော့ ဓာတ်ပုံတွေ ထည့်တယ်။ ဒီတော့ နိုင်ငံခြားက လူတွေက ကျွန်တော့်ကို သူတို့နဲ့ ပေါင်းပြီး တောင်ကြီးမှာ ချမ်းချမ်းသာသာ နေနေရပြီ ထင်နေတာ။ ကျွန်တော် ၀င်လာတော့ မိုးသီးဇွန် တို့က တားတာပဲ။ အခုဘယ်သူ ပေါင်းပြီး ငြိမ်နေလဲ။ ကျွန်တော်က တကယ် ငြိမ်းချမ်းရေး လိုချင်တာ။ တရားဥပဒေ စိုးမိုးရေး လိုချင်တာ။ ဒီအတွက် အခုလည်း တိုက်မှာပဲ။ ဘာစစ်တပ်က ၂၅ ရာခိုင်နှုန်း ယူနေစရာလိုလဲ။ သတ္တိ ရှိရင် ၀င်အရွေးခံမလား။
ကိုမိုးသီးဇွန်တို့နဲ့ရော ပြည်တွင်းမှာ တွေ့သေးလား။
ကိုမိုးသီးတို့နဲ့ သူလာစမှာ တွေ့သေးတယ်။ ကိုထွန်းအောင်ကျော်နဲ့တောင် သုံးဆယ်ဘက်မှာ ထောင်ထဲမှာ ကျနေတဲ့သူတွေကို ပစ္စည်းတွေ သွားလှူပေးတယ်။ ဒီ မောင့်ကိုတော့ လေးစားတယ်။ ဒီကျောင်းသား လောကထဲမှာ သူက ပထမ။ ABSDF မှာပေါ့ သူလုပ်တာမှားလို့ စစ်တပ်ဖြစ်ပြီဆို မဲနဲ့ရွေးရတာ မဟုတ်ဘူး။ မဲနဲ့ရွေးတော့ သူ ရှုံးသွားတာပေါ့။ သူက တရားမျှတမှုကို ကြိုက်တော့ ဖယ်ပေးလိုက်ပြီး အေးဆေးနေတာ။ ဟိုနှစ်ယောက်ကတော့ တက်ရွေးပြီး ကွဲကုန်တော့ ABSDF နှစ်ခု ဖြစ်ရတယ်။ နောက်ပြီး သူတို့ထဲမှာ ကျောင်း သားတွေကို သတ်တာဖြတ်တာ သူတို့တွေ။ နိုင်အောင်တို့။ သူတို့က တပ်မတော်နဲ့ ပေါင်းပြီး ထောက်လှမ်းရေး လုပ်တယ်ဆိုပြီး သတ်ပစ်တာပေါ့။ မတရားမှုတွေ။ သူတို့ကို ကျွန်တော် ပြောထားတယ်။ ကျွန်တော့်မှာ စာရှိတယ်။ မင်းတို့ မြန်မာပြည် ပြန်ဝင်လို့ နိုင်ငံရေး ဆက်လုပ်မယ်ဆိုရင် မင်းတို့ကို ငါအဲဒါ ဖော်မှာလို့။ အခု ကျွန်တော် ဖော်စရာ မလိုတော့ဘူး။ သူ့ဘာသာပေါ်တာ။ မကောင်းမှုဆိုတာ ဘယ်တော့မှ မတည်မြဲဘူး။ မြှောက်ပေးတာကလည်း KIO က။ ကျောင်းသားတွေ ညီညွတ်လို့ အားကြီးရင် သူတို့သြဇာ ကျမှာစိုးလို့။ ဒါပဲ အာဏာရူး သွားရင် ပျက်တာပဲ။ အခုလည်း သူတို့က အာဏာရူး၊ ငွေရူးနေတာ။
အခု ပြည်ပမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေတွေရော ဘယ်လိုရှိလဲ။
နိုင်ငံခြားက တချို့ကတော့ ပြန်လာမှာ မဟုတ်တော့ဘူး။ နိုင်ငံသား ခံထားတာ များတယ်။ မိသားစုတွေနဲ့ အိမ်တွေ ဘာတွေ ၀ယ်ထား၊ ကလေး ပညာရေးတွေကလည်း ရှိနေကြတယ်။ တချို့ကတော့ ပြန်လာကြမှာပါ။
ဦးစိန်ဝင်းတို့ကရော။
ဦးစိန်ဝင်းတို့ကတော့ ပြန်လာမယ် မထင်ဘူး။ ဦးစိန်ဝင်းတို့ ကိုယ်တို့ နေရာပေးတာက အကြောင်း(၃)ချက် ရှိတယ်။ သူက ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမျိုး၊ ဦးဘ၀င်းရဲ့သား။ ပြီးတော့သူက Ph.D ရထားတယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ နိုင်ငံရေးမှာ ပြည်သူကို သိဖို့ အရေးကြီးတယ်။ ပြီးတော့ သူက နိုင်ငံရေးလုပ်တာ။ သူ့ကို သူများ ဝေဖန်မှာ ကြောက်တယ်။ ဆင်းရဲမှာ ကြောက်တယ်။ အဲဒါမဖြစ်ဘူး။
စင်ပြိုင်အစိုးရ၊ ညွန့်ပေါင်း အစိုးရအဖွဲ့က ပျက်သွားပြီဆိုတော့ အဲဒီအဖွဲ့က လူတွေရဲ့ ရပ်တည်မှုကရော။
ကျွန်တော့် ယုံကြည်ချက်ကတော့ ကျွန်တော်က ငယ်ငယ်က ကင်းထောက် လုပ်ဖူးတော့ ကင်းထောက်မှာ သစ္စာဆိုရတာ ရှိတယ်။ ကင်းထောက် တစ်ခါဖြစ်ဖူးရင် အမြဲကင်းထောက်ရဲ့ကတိနဲ့ သစ္စာကို တည်ရတယ်။ အခု လူတွေကတော့ ဒါမရှိတော့ —-နဲ့ ရပ်တည်မှုတွေ ပျက်ကုန်တယ်လို့ ပြောရမှာပေါ့။ ဒါတွေက တကယ်ဆို အသက်နဲ့ ပေးပြီး လုပ်ရမှာ။ အခုတော့ ငြိမ်သွားတယ်။ ကျွန်တော်က ဦးဝင်းတင်ကို သဘောကျတယ်။ နိုင်ငံရေးက ဒီလိုပဲ ပန်းတိုင် မရောက်မချင်း မပြောင်းဘဲ လုပ်ရမှာ။ ဦးဝင်းတင်ဆို အခုထိ အောက်ခြေ ပြည်သူတွေအတွက် တိုက်နေတာ။ ဦးဝင်းတင်သာ အာဏာ၊ ငွေလိုချင်ရင် အခုသူ တို့နဲ့ပေါင်း သူလိုချင်တာ ပေးမှာ။ ဒါပေမဲ့ ဦးဝင်းတင် မလုပ်ဘူး။ အဲဒါမျိုးပဲ သဘောကျတယ်။ ဒါမျိုးကို အားလုံး ဖြစ်ရမှာ။ အခုက အားလုံးက ပေါင်းပြီး စားသွားပြီ။ ကျွန်တော် ကြည့်ရတာ တော်တော် စိတ်ဓာတ်ကျတယ်။ လုပ်စားကုန်ကြ တာပေါ့။
အခု ငြိမ်းချမ်းရေး လုပ်နေကြတာ အန်ကယ် ပြောပုံအရဆို လုပ်စား နေကြတာပေါ့။ အဲဒီလိုလား။
တစ်ခုပဲကြည့်လေ။ စေတနာပါရင် ပျက်အစဉ် ပြင်ခဏ။ ခဏလေးနဲ့ လုပ်လို့ရတယ်။ အခုက စွဲနေကြတာ။ ဦးအောင်မင်းတို့။ သူတို့ ရာထူးက မပြုတ်သရွေ့ သူတို့ မသေသေးသရွေ့၊ သူတို့ရာထူးတွေ ဆက်ရနေအောင် ရေရှည် ဆွဲထားကြတာ။ လွှတ်တော်ကလည်းကြည့်၊ အခုအလုပ်တောင် မလုပ်ရသေးဘူး။ ဘာမှမဖြစ်သေးဘူး။ လခတွေ တိုးတောင်းနေတာ။ အခု သူတို့ တွေ့နေတဲ့ နိုင်ငံတကာက လူတွေ အန်ကယ်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အကုန်တွေ့ပြီးပြီ။ သူတို့မေးကြည့်။ နိုင်ငံတကာမှာ လွှတ်တော်ဆိုတာ သေးသေးပဲ။ ဒီလို အဆောင်ဆောင် အခန်းခန်းတွေ မရှိဘူး။ လွှတ်တော်လာ စကားပြောပြီးရင် ရေလေး တိုက်လိုက်ပြီး ပြန်ပဲ အလုပ်လုပ်သွားတာ။ အခုက လွှတ်တော်က ထည်ဝါခမ်းနားပြီး ပြည်သူတွေက ငတ်နေတယ်။ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နေတာ။ ပန်းခင်းကြီးတွေနဲ့ လှလို့။ ဒီပန်း တွေရဲ့ စရိတ်က ဆင်းရဲသားတွေ ထမင်းစားလို့ရတယ်။ ဆေးရုံတွေမှာ မရှိတဲ့ ဆေးတွေ ၀ယ်ပြီး ကုပေးလို့ရတယ်။ အုတ်တံတိုင်းကြီးတွေများ ဟည်းလို့။ အဲဒီ အုတ်တံတိုင်းကြီးတွေ ဆောက်မယ့်အစား လမ်းတွေခင်းရင် မြန်မာပြည်က လမ်းတွေ အကုန်ကောင်းနေပြီ။ ကျွန်တော်က အဲဒါတွေ ကြည့်ပြီး ရင်နာတယ်။ ပြည်သူ၊ ပြည်သူနဲ့ အော်ပြီး အဲယားကွန်းခန်း ကျယ်ကြီးထဲမှာ ပြည်သူ ချွေးပြိုက်ပြိုက် ကြနေတယ်။ ဒါတွေ အမှန် သိစေချင်တယ်။ သူတို့က တိုင်းပြည်ကို ၀ါးမျိုနေတာ။ ပြီးတော့ ကျေးဇူးမတင်တဲ့ အပြင် ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ရမှာ။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ လုပ်သေးတယ်။ ပြီးရင် စစ်တပ် က အုတ်တံတိုင်းကြီးတွေက ဟိန်းနေတယ်။ ဆေးရုံတွေက စုတ်ပြတ်နေတယ်။ ကျောင်းတွေက ဇရပ်လိုပဲ။ ဒါကို ပြောင်းလဲတယ်လို့ ပြောနေတယ်။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်က သွားတယ်။ အခုလည်း ဒီ အတိုင်းပဲ။ ဒါအဖြေပဲ၊ ဘာမှ မကြည့်နဲ့။
ဟုတ်ကဲ့ခင်ဗျ။ အခုလို ပြောကြားပေးတာ ကျေးဇူးပါပဲ။
အံ့ခေါင်မင်း

ဗိုင်းရပ်စ်တွေလို မြန်မာပြည်ကို ချိနဲ့ ပြိုလဲအောင် စားနေကြတယ်

ဗိုင်းရပ်စ်တွေလို မြန်မာပြည်ကို ချိနဲ့ ပြိုလဲအောင် စားနေကြတယ်
ငယ်သူငယ်ချင်းမ တစ်ယောက်က မေးပါတယ် ။

သူငယ်ချင်းရေ နိုင်ငံရေး နဲ့ ပတ်သက်ပြီး အမေစုကို သိပ်နိမ့်တဲ့
အတွေးအခေါ်တွေနဲ့ ဝေဖန်နေတဲ့ comment တွေ ဖတ်ရရင်
တိုင်းပြည်အနာဂတ်အတွက် အားငယ်မိတယ်။
လူတစုကပဲ ဒီလို ရိုင်းစိုင်းတဲ့ အလုပ်တွေ လုပ်ကြတာလား။
တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ဥာဏ်ရည်တွေ နိမ့်ဆင်းသွားတာလား
သူငယ်ချင်း အမြင် ပြော ကြည့်ပါ ဦး။

ကျွန်တော် ချက်ချင်း ပြန်ဖြေလိုက်ပါတယ် ။

သူတို့က အဓိက ၂ အုပ်စုပေါ့ ။

ပထမက စစ်အစိုးရ လော်ဘီတွေပါ ။ သူတို့က account တွေ အများကြီး ၊
တာဝန်နဲ့လို လုပ်နေရတာတွေလည်း အသေအချာ ရှိပါတယ် ။
နောက် လိုင်းပေါ်တက်ဖြစ်နေတဲ့ စစ်အစိုးရလော်ဘီ မလိုင်အီလစ်တွေလည်းပါတယ်။
သူတို့ကတော့ အပြောလွတ် အပြစ်လွတ် သူများရေးတာတွေလည်း ရှယ်တတ်တယ်။
တပ်မတော်က စစ်အာဏာရှင်နဲ့ ပရော်ဖက်ရှင်နယ်အမျိုးသားတပ်မတော် မကွဲလွဲဘူး
ဖြစ်နေတဲ့ အုပ်စုစွဲ အရာရှိ အရာခံတွေလည်း ပါတတ်ပါတယ် ။ (ငြိမ်း တွေလည်းပါ)
ဒါပေမယ့် သူတို့ စစ်အစိုးရကြောင့် တိုင်းပြည်နိမ့်ပါးနေတာ သိသိကြီး ဖြစ်ပါတယ်။
မူမှန်စိတ် ၊ မူမှန်အတွေး ၊ မူမှန်အကျင့်အကြံ မရှိဘူး ဆိုရင် ရမယ်ထင်ပါတယ် ။
ရိုးရိုးသားသား ရူးချင်ယောင်ဆောင်တာ မဟုတ်ပါ ။ မရိုးမသား ဖြစ်ပါတယ် ။
ဥပမာ ၂၀၁၅ စစ်အစိုးရ ဆက်အုပ်ချုပ်စေချင်ကြတာ မှန်တယ် ။ ရေပက်မဝင်
အကြောင်းတွေ ပြမယ် ။ ဒါပေမယ့် တိုင်းပြည် သိသိသာသာ တိုးတက်လာပါ့မယ်
မတရား အဓမ္မပြုကျင့်နေတာတွေ အလွဲသုံးစားလုပ်နေတာတွေ ပပျောက်စေမယ်
အာမဘန္တေလေးမှ သီ တယ်ဆိုရုံလေးတောင် တာဝန်မခံတတ်ကြပါဘူး ။

ဒုတိယက တိုင်းရင်းသားတွေပါ ။ သူတို့က ဒေါ်စုကို နေနိုင်ရက်တယ်
ထင်မိကြသူတွေပါ ။ ( ဒီမှာ NGO လုပ်လို့ သူ့အလုပ်အတွက် အကျိုးပြုအောင် ပိုပိုသာသာ အော် ပေးနေတာတွေလည်း ရှိတတ်ပါတယ် ) ။
သာမန် တိုင်းရင်းသားတွေကတော့ သူတို့ လက်ရှိတိုင်းရင်းသားခေါင်းဆောင်တွေ
အမြင်ကို သိပ် မထင်ဟပ်တာပါ ။ ထစ်ကနဲပေါက်ကွဲလွယ်ပြီး ပြသနာအရင်းခံထက်
စစ်အစိုးရ ဆွ လို့ ကြွလာတဲ့စိတ်ကလေးကလွဲရင် မျက်တောင်မွေးတစ်ဝက်ပဲ
မြင်တတ်ကြတာမျိုးပါ။ ဥပမာ ကချင်ကိုတိုက်နေတဲ့ စစ်တပ်ကို ဒေါသထွက်တယ် ။
စစ်တပ်နဲ့ ဒေါ်စုကို တပြေးညီကြီးထားပြီး အပြစ်ဆိုနေတာကြီးက မတရားပါဘူး ။
တကယ်တမ်း တိုင်းရင်းသားခေါင်းဆောင် အများစုက ဒေါ်စုကို လိုလားကြတာ
အတိအလင်း ထုတ်ပြောထားကြတာတွေက ပို များပါတယ် ။ ဥပမာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဒေါ်စု ပါသင့်တယ်ကအစ သမ္မတနေရာ နိုင်ငံသားအစစ်ဖြစ်လို့
ရသင့်တယ် ဆိုတာမျိုးတွေဖြစ်ပါတယ် ။ ဒီနေရာမှာလည်း တိုင်းရင်းသားခေါင်းဆောင်
စစ်စစ် (စစ်စစ်) တွေကို ရည်ညွှန်းပါတယ် ။ ဘိန်းချ အနှိပ်ခန်းထောင် ခရိုနီလို
အထူးရပိုင်ခွင့်တွေနဲ့ နိုင်ငံရေးဘဝ လဲရဲတဲ့ ကြံဖွံ့နဲ့ လုံးပြီး လုပ်စားတဲ့(လုပ်စားပြီးမှ
အဝေမတည့်ပြန်လို့ ပြန်ငြိစွန်းတာလည်းရှိ ) ဖောက်ပြန်ရေးသမားတွေ မပါပါဘူး ။
သူတို့ကတော့ စစ်အစိုးရခိုင်းလေသမျှ ခင်းသေမျှ ဒေါ်စုကို မကျပ်တည်း
ကျပ်တည်းအောင်တောင် လုပ်ကြချင်သေးပါတယ် ။

ဘာပဲပြောပြော သူတို့အားလုံး ဗိုင်းရပ်စ်တွေလို မြန်မာပြည်ကို ချိနဲ ပြိုလဲအောင်
စား နေတယ်ကြတယ်လို့ပဲ အောက်မေ့ပါတယ် ။