Monday, March 31, 2014

တောင်နှင့် မြောက်ကိုရီးယား အပြန်အလှန်ပစ်ခတ်


တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်တပ်တွေဟာ ဒီကနေ့မှာ ရေပိုင်နက် နယ်စပ်မျဉ်းတစ်လျှောက် အပြန်အလှန် ပစ်ခတ်ခဲ့ကြလို့ အနီးအနား ကျွန်းတွေပေါ်က လူတွေ ဗုံးခိုကျင်းတွေထဲ ဝင်ပြီး တိမ်းရှောင်နေခဲ့ရပါတယ်။
မြောက်ကိုရီးယားဘက်က စတင် ပစ်ခတ်တာကို တောင်ကိုရီးယားက လက်တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။
တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံဟာ သူတို့ရဲ့ ရေပြင် နယ်နိမိတ်တွေကို ကျော်ဖြတ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်ရာက ဗုံးဆန်တွေ တောင်ကိုရီးယား ရေပိုင်နက်ထဲ ကျရောက်ခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့တာလို့ တောင်ကိုရီးယားဘက်က ဆိုပါတယ်။
သူတို့ ရေပိုင်နက်ထဲကို ဗုံးဆန်တွေ ကျရောက်လာလို့ တစ်ဘက်ကို ပြန်လည် ပစ်ခတ်ခဲ့တာ ဖြစ်တယ် လို့ တောင်ကိုရီးယားက ပြောပါတယ်။
အခင်းဖြစ်ပွားရာ နယ်နိမိတ် စည်းအနီးအနားမှာ နေထိုင်တဲ့ လူတွေကို သတိ တင်ကြိုထားတဲ့ အနေနဲ့ ဗုံးခိုကျင်းတွေထဲ သွားနေဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ နယ်နိမိတ် အပိုင်းအခြားကို မြောက်ကိုရီးယားက အသိအမှတ် ပြုထားခြင်း မရှိဘဲ အဲဒီ နယ်စည်းအနီး အခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်။
BBC Burmese

အသက်(၁၄)နှစ်အရွယ်အိမ်အကူမိန်းကလေးကိုညှင်းပန်းနှိပ်စက်ခဲ့သည့်အိမ်ရှင်ကိုမ...

သိုက် တူးမဲ့သူတွေ လာပါပြီ





--- သိုက် တူးမဲ့သူတွေ လာပါပြီ ---
လပေါင်းများစွာ စောင့်မျှော်ခဲ့ရတဲ့ အကြိမ်ပေါင်းများစွာ ရွှေဆိုင်းခံခဲ့ရတဲ့ မြန်မာ့ကမ်းလွန်ရေတိမ် ရေနက် လေလံအောင်စာရင်း
ပြီးခဲ့တဲ့ သတင်းပတ်က ပေါ်ထွက်လာခဲ့ပါတယ်။ ဦးဦးဖျားဖျား ဧရာဝတီ ဝက်ဆိုဒ်မှာ ဖတ်ရပါတယ်။
ဧရာဝတီ ဆောင်းပါးမှာ မြန်မာစွမ်းအင် ဖေ့ဘုတ်ကို ညွှန်ထားလို့ အပြေးအလွှားကြည့်လိုက်ရပါတယ်။
ရေတိမ်အကွက်တွေမှာ ပြည်တွင်းက ဘယ်သူတွေပါ သလဲ ဆိုတာကိုလည်း သိချင်နေလို့ပါ။
ဒါပေမဲ့ အဲဒီဝက်ဆိုက်မှာ အကွက်နံပါတ်နဲ့ ပြည်ပကုမ္ပဏီ နာမည်ကိုသာတွေ့ရပါတယ်။

ထုံးစံအတိုင်း အင်တာနက် မှာဘဲ ရှာဖတ်ရပါတယ်။
မနှစ် ဧပြီလက အခု လေလံပွဲကို တင်ခဲ့ တဲ့ အကွက်ပေါင်း ၃၀(ရေနက်၁၉+ရေတိမ်၁၁) စာရင်းထွက်လာရာမှာ နာမည်ကျော် ခရိုနီကြီးများ ရယူထားတဲ့ ရေတိမ်အကွက် ၃ကွက်ဟာ လေလံစာရင်းထဲမှာ ပါနေတာကလည်းစိတ်ဝင်စားစရာ တချက်ဖြစ်ခဲ့ပါတယ်။
ခရိုနီကြီးများ ဟာ ဆန်ရှင် ထိထားသူများဖြစ်နေတော့ ၄င်းတို့ရဲ့ တွဲဘက် ပြည်ပကုမ္ပဏီ အနေနဲ့ မလှုပ်သာမလူးသာ ဖြစ်နေလို့ ခရိုနီများကို စွန့်ခွာသွားခဲ့လို့လား၊ တွဲဘက် ပြည်ပကုမ္ပဏီများ ဘိုင်ကျသွားလို့ ပြန်အပ်လိုက်တာလား စသဖြင့် စဉ်းစားရင်း ဒီလေလံအောင်စာရင်းကို လပေါင်းများစွာနဲ့ စောင့်ခဲရတာပါ။

ခရိုနီကြီးများပိုင်ခဲ့တဲ့ ရေတိမ်အကွက်များကတော့ A4 A5 နဲ့ A7 သုံးကွက်ဖြစ်ပါတယ်။ ပုံမှာ အနီရောင်လိုင်းများဖြင့် ညွှန်ပြထားပါတယ်။
-- A4 --
A4 ဟာ စတီဗင်လော ရခဲ့တဲ့ အကွက်ပါ။ တရုပ်ကုမ္ပဏီ CNOOC တွဲပြီးကိုင်ခဲ့တဲ့ အကွက်ပါ။ ၂၀၀၉နှစ်အထိ အဲဒီအကွက်မှာ ဘာမှ စ မလုပ်ရသေးဘူးလို့ ဝီကီလိ ကြေးနန်းများမှာဖတ်ခဲ့ဘူးပါတယ်။ တကယ်တော့ စတီဗင်လော ဟာA4 တင်မက M2 နဲ့ M10 ပါ ရထားသူပါ။ သို့သော် ၂၀၀၈မှာ M2 ကို CNOOC က ဘာမှမလုပ်နိုင်ဘဲ MOGE ထံ ပြန်အပ်ခဲ့ရပါတယ်။
M10 မှာတော့ ဒေါ်လာသန်း၅၀ လောက်သုံးခဲ့တယ်။ နောက်ထပ် သန်း၁၀၀လောက်ထိသုံးစွဲဘို့စီစဉ်ထားပေမဲ့ နောက်ထပ်ဆိုက်စမစ် တိုင်းတာရေးများကို ဘယ်အကွက်မှာမှ လောလောဆယ်လုပ်နိုင်မှာမဟုတ်ဘူးလို CNOOC ဥက္ကဌ က ပြောကြောင်း ဝီကီလိမှာ ရေးထားပါတယ်။ တကယ်ကို နောက်ထပ်ဘာမျှမလုပ်နိုင်ဘဲ၊ M2 ကို ပြန်အပ်ခဲ့သလို A4 ကိုလည်းအဲဒီနောက်ပိုင်းမှာပြန်အပ်ခဲ့ရဟန်တူပါတယ်။
အခု အဲဒီ A4 ကို Woodside + BG က ရသွားပါပြီ။ ဒေသခံ တွဲဘက် ပါတနာကတော့ A6 အကွက်ပိုင်ရှင် မိုက်ကယ်မိုးမြင့်ဘဲဖြစ်ပါတယ်။အဲဒီ A4ကို မိုက်ကယ်မိုးမြင့်ရဲ့ MPEP က ၁၀%ရှယ်ရာ လို့ဆိုပါတယ်။

-- A5 --
A5 က တော့ ကျနော်တို့ရဲ့ အချစ်တော် အောင်သောင်းကြီးရဲ့ သားညီနောင်ရထားတဲ့ အကွက်ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်းခရိုနီများဟာ တကွက်ထဲမယူပါဘူး M1 ဆိုတဲ့ မုတ္တမ ခေါင်းလောင်းပုံ အကွက်ကိုလည်း သူတို့ပိုင်ပါတယ်။ ၂၀၀၇ မှာ မလေးရှားကုမ္ပဏီ Rimbunan Petrogas နဲ့ နှစ်၃၀ ရှယ်ယာတွဲဘက် အဖြစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၂၀၀၈ ကုန်ခါနီးမှာ Rimbunan Petrogas ဟာ ငွေကြေးကြပ်တည်းမှု ကြောင့် A5 အကွက်က နှုတ်ထွက်သွားတယ်လို့ ဝီကီလိမှာ ဖတ်ရပါတယ်။ စွမ်းအင်ဌာန က MOGE ကို ဒီညီနောင်မှာ နောက်ထပ် တွဲဘက်ပါတနာကုမ္ပဏီ ရှာမတွေ့သေးခင် အဲဒီအကွက်ကို ထိန်းသိမ်းထားစေဘို့ အခွင့်ပေးဘို့ပြောပါသတဲ့။ ဥပဒေအရဆိုလျင် နိုင်ငံခြား တွဲဘက်ပါတနာကုမ္ပဏီ ထွက်သွားလျင် အဲဒီအကွက်ကို MOGE ထံပြန်အပ်ပြီး တင်ဒါအသစ်ခေါ်ရမှာပါ။ ဒါကို တင်ဒါအသစ်မခေါ်စေဘဲ ပါတနာအသစ်ကိုသာ ရှာစေခဲ့ပါတယ်။ ညီနောင် ၂ပါးဟာ အိန္ဒိယ ပိုင် Reliance ကုမ္ပဏီကို ၂၀၀၉ မှာ ရသွားတယ်လို့ ဝီကီလိမှာရေးထားပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဘယ်လိုဖြစ်တယ် ဆိုတာ ဝီကိ ကလည်း ထပ် မ "လိ" တော့တာမို့ မသိနိုင်တော့ပါ။ ညီနောင် ၂ပါးဟာ နောက်ဆုံးမတော့ A5 ကို ပြန်အပ်လိုက်ရဟန်ရှိပါတယ်။ ဒါကြောင့်လည်း အခုလေလံမှာ A5 ဟာပြန်ပါလာခဲ့တာပါ။
A5 ကို Cheveron က အခု ရသွားပါပြီ။ ဒေသခံမြန်မာကုမ္ပဏီ Royal Marine Engineering (RME) ဟာ Cheveron ရဲ့တွဲဘက်ပါတနာပါ။ Cheveron က ၉၉% ပိုင်ပြီး Royal Marine Engineering (RME) က ၁% ပိုင်တယ်လို့ Cheveron ဝက်ဆိုဒ်မှာ ဆိုပါတယ်။

-- A7 --
A7 ကတော့ အများသိကြတဲ့ ခရိုနီကြီးတေဇရဲ့ လက်အောက်ခံ Silver Wave ကုမ္ပဏီ ပိုင်ခဲ့တဲ့အကွက်ပါဘဲ။ Silver Wave ဟာ ၂၀၀၆ နှစ်ကုန်ပိုင်းမှာ အိန္ဒိယကုမ္ပဏီ GAIL နဲ့ ပူးပေါင်းပြီး A7 အကွက်ကိုလုပ်ကြဘို့ စာချုပ် ချုပ်ဆိုခဲ့ကြတာပါ။ Silver Wave က ၇၀% GAIL က ၃၀% ပါဝင်တယ်လို့ဆိုပါတယ်။ အဲဒီနောက် မရှေးမနှောင်းမှာ Silver Wave ဟာ ရုရှား ကုမ္ပဏီ Sputnik နဲ့ ကုန်းပေါ် B2 အကွက် (စစ်ကိုင်းတိုင်း)မှာ ရေနံရှာဖွှေရေးလုပ်ကြဘို့စာချုပ် ချုပ်ကြပြန်ပါတယ်။ အဲဒီမှာ ၂တွင်း တူးလိုက်တာမှာ ရေနံလဲမရ ဂက်စ်လဲမရတဲ့ တွင်း ခြောက် ဖြစ်နေခဲ့ပါတယ်။ဒေါ်လာ သန်း၆၀လောက်ကုန်သွားပြီး ငွေကြေးအကြပ်အတည်းဆိုက်ခဲ့တဲ့ အပြင် A7 ရဲ့ ပါတနာ အိန္ဒိယကုမ္ပဏီ GAIL က A7 အကွက်ရဲ့ အလားအလာများကို သိပ်အားမရလို့ A7မှာ သူပိုင် ရှယ်ယာများကို Silver Wave ကို ရောင်းခဲ့ပြီး ခွာ သွားခဲ့ပါတယ်လို့ ဝီကီလိမှာဖတ်ရပါတယ်။ (တချို့သတင်းများမှာတော့ အိန္ဒိယဟာ ရွှေ ဂက်စ် သူ့ကို မရောင်းလို့ စိတ်ကောက်ပြီးထွက်သွားတာလို ဆိုကြပါတယ်)။
Silver Wave ဟာ A7မှာ ၂တွင်း၂၀၀၉မှာ တူးရမှာ ဖြစ်သော်လည်း မတူးနိုင်ဘဲ ပြန်အပ်ခဲ့ရဟန်တူပါတယ်။ ဒီတခေါက် လေလံမှာ A7 ကို Woodside + BG ကရပြန်ပါတယ်။ ဒေသခံ တွဲဘက် ပါတနာ ကလည်း ကပ်ရက် A6 ပိုင်ရှင် မိုက်ကယ်မိုးမြင့်ရဲ့ MPEP ဖြစ်ပြန်ပါတယ်။ ဒီမှာလဲဘဲ မိုက်ကယ်မိုးမြင့်ရဲ့ MPEP က ၁၀%ပါဘဲ။

၂၀၁၂မှာ မိုက်ကယ်မိုးမြင့်ရဲ့ A6 အကွက်ဟာ ဂက်စ် အကြောကို ထိခဲ့ တဲ့အခါမှာ တော့ A4 A5 A7 အကွက်တွေကို လက်လွှတ်ခဲ့ရသူများအတွက်ရင်ထုမနာ ဖြစ်စရာပါဘဲ။ ဗိုလ်ချုပ်ကြီးက အခွင့်ရေးပေးခဲ့သော်လည်း ရွှေပင်လယ်က လက်မခံခဲ့ပါဘူး။ တနေ့ တနေ့ကို
ဒေါ်လာ တသိန်း တသန်း အနည်းဆုံးဥ ပေးမဲ့ အကွက်ကောင်းများကို လွဲခဲ့ရပါပြီ။

ပုံကို ကြည့်လိုက်ပါ။
ရခိုင်ကမ်းမြှောင် ထိပ်ဆုံးက အနီစက်ကလေး သုံးစက် (ရွှေ) နဲ့
မြစ်ဝကျွန်းပေါ်အောက်နားက အနီစက် (ရတနာ)ကို မျဉ်းဖြောင့်လေးတကြောင်း မျက်စေ့နဲ့ စိတ်ကူးလေးနဲ့ ရေးဆွဲကြည့်လိုက်ပါ။ အဲဒီမျဉ်းဖြောင့် လေးဟာ A7 A6 A5 A4 တို့ကို ဖြတ်သန်းသွားတာကို မိတ်ဆွေ မြင်တွေ့ရပါမယ်။ စောင့်ကြည့် ကြ ရအောင်ပါ။

ဒီတချီ ဒီအကွက်တွေကို ရယူကြသူများရဲ့ ခေါင်းထဲမှာက ရေနံနဲ့ဓါတ်ငွေ့ကို ပထမ ထား တွေးဆပြီး လုပ်မဲ့သူတွေပါ။ သိုက်တူးမဲ့သူတွေပါ။
တကယ့် ရေနံနဲ့ဓါတ်ငွေ့သိုက်ကို တူးမဲ့သူတွေပါ။
ငွေ ကိုသာအာရုံထားပြီး ငွေသိုက်ကို တူးချင်ကြသူများနောက် ဆုတ်ပေးလိုက်ရပါပြီ။
တကယ့်သိုက် ကို တူးမဲ့သူတွေ အဲဒီအကွက်တွေကို ဝင်ရောက်လာပါပြီ။

ဗြိတိသျှနိုင်ငံမှသိပ္ပံပညာရှင်များက ကမ္ဘာကို ၁၀နှစ်သာတွင်း ဒိုင်နိုဆောအကောင်များကို ကိုယ်ပွားပြုလုပ်သည့်နည်းပညာသုံးခြင်းဖြင့်ခေတ်ဟောင်းကိုပြန်ခေါ်လာတော့မှာ

ဗြိတိသျှနိုင်ငံမှသိပ္ပံပညာရှင်များက ကမ္ဘာကို ၁၀နှစ်သာတွင်း ဒိုင်နိုဆောအကောင်များကို ကိုယ်ပွားပြုလုပ်သည့်နည်းပညာသုံးခြင်းဖြင့်ခေတ်ဟောင်းကိုပြန်ခေါ်လာတော့မှာပါ။ -
Liverpool မြို့  John Moore University မှ သိပ္ပံပညာရှင်များက ဒိုင်နိုဆောအကောင်ကို ကိုယ်ပွားပြုလုပ်သည့်နည်းနဲ့ စမ်းသပ်ရာအောင်မြင်
ခဲ့ပါတယ်။ မတ်လ ၂၉ရက်နေ့ မှာ ထိုထဲမှသက်ဆိုင်ရာ
တစ်ဦးကအခုလို ဖြေကြားခဲ့ပါတယ်။

"ဒိုင်နိုဆောက Apatosarus (ခေါ်) Spot အမည်ကဆင်းသက်လာတာဖြစ်ပါတယ်။ အခုဆို University College of Veterinary Medicine မှာ Cloning လုပ်ထားတဲ့အကောင်ပေါက်ကလေးကိုကျွေးမွေးပြုစုထားပါတယ်။
သိပ္ပံပညာရှင်များက တူးဖော်ရရှိထားသော Apatosarus အရိုး၏ DNA မှရယူထားပြီး ထိုအရိုးကို သဘာဝသိပ္ပံပြတိုက်မှာထားရှိထားပါတယ်။ ထိုရယူထားသော DNA ကို သေချာသုံးသပ်ပြီး၊ သိပ္ပံပညာရှင်များက ငှက်ကုလားအုပ်သားအိပ်တွင်ဥသန္ဓေသယ်ခဲ့ပါတယ်။"
"ငှက်ကုလားအုပ်က ဒိုင်နိုဆောမျိုးဆက်နဲ
့တော်တော်ကြီးနီးစပ်တဲ့ သက်ရှိတစ်မျိုးပါ။" ဟုလည်း ဒေါက်တာ Gerrard Jones, သက်ရှိဆိုင်ရာပါမောက္ခကပြောခဲ့ပါတယ်။ "ထိုငှက်ကုလားအုပ်များရဲ့ဥအကာက Apatosaurus နဲ့ ဆင်တူနီးပါးဖြစ်နေပါတယ်။

အဲ့ဒါကြောင့်လည်း Cloning နည်းပညာနဲ့ သုံးရာမှာအောင်မြင်ခဲ့
တာဖြစ်ပါတယ်။"

ထို့ အပြင် ဓါတုဗေဒ ပါမောက္ခ ဖြစ်သူ ဒေါက်တာ Gemma Sheridan က "ကျွန်တော်ဒီလိုအကောင်တွေကို ဇာတ်ကားထဲမှာ
ဘဲဖြစ်နိုင်တယ်ထင်ထားခဲ့တာပါ။

ဒါပေမယ့် အခုတော့ကျွန်တော်တို့ Lab ထဲမှာတင်ဖြစ်လာအောင်
လုပ်နိုင်ခဲ့ပါတယ်။ အဲ့အတွက်လည်းကျွန်တော်အလွန်ဝမ်းသာပါတယ်။"

Cloning နည်းပညာသုံးခြင်းဟာ ဘာသာရေးအရ အကျိုးမပေးပေမယ့် သဘာဝအရ မျိုးစပ်သစ်များပြုလုပ်ရာမှာအလွန်အသုံးဝင်ပါတယ်။
"သိပ္ပံပညာရှင်တွေက Jurassic ခေတ်ကြီးမှအကောင်တွေ
ကိုတစ်ဖန်ပြန်ခေါ်လာတော့မှပါ။ စောင့်တာကြည့်နေပေတော့" ဟု ဒေါက်တာ Sheridan ကပြောခဲ့ပါတယ်။ သူမရဲ့ဝါသာနအရနဲ့  ထိုကဲ့သို့ နည်းပညာသုံးတဲ့အခွင့်အရေးပေးရင် Dinosaur မျိုးစပ်တွေ အများကြီးထွက်လာတော့မှာဖြစ်ပါတယ်။

"၁၀နှစ်သာအတွင်းကျွန်မတို့ ကမ္ဘာကြီးမှာ ဒိုင်နိုဆောတွေပွားများလာအောင်လုပ်သွားနိုင်မှာပါ။" လို့ ထပ်မံပြောခဲ့ပါတယ်။ အခုဆိုထို DNA မှမွေးဖွားလာသော ဒိုင်နိုဆောပေါက်ကလေးက ပုံမှန်အခြေအနေအဆင့်တွင်ရှိနေပြီး.. သိပ္ပံပညာရှင်တွေကထိုအကောင်ကလေး စမ်းသပ်မှုတွေပြုလုပ်နေပါတယ်။
အောက်မှာပြထားတဲ့ပုံကလေးက Cloning နည်းပညာနဲ့ 
ပြုလုပ်ပြီးမွေးဖွားလာတဲ့ ဒိုင်နိုဆောပေါက်ကလေးပါ။

Mr. News

ငြိမ်းချမ်းရေး ဖြစ်စဉ် ပိုမို တိုးတက်ရေး အားပေးရန် နိုင်ငံတကာကို The Elders တိုက်တွန်းမည်


*************************************************************
  မြန်မာအစိုးရကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပူးပေါင်း ပါဝင်စေရန် တိုက်တွန်းခဲ့ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ် ပိုမို တိုးတက်ရေး အားပေးရန် နိုင်ငံတကာကို တိုက်တွန်း ပြောကြားမည် ဖြစ်ကြောင်း The Elders အဖွဲ့က ဆိုသည်။

ဖင်လန် သမ္မတဟောင်း မစ္စတာ Martti Ahtisaari နှင့် နော်ဝေ ၀န်ကြီးချုပ်ဟောင်း မစ္စ Gro Harlem Bruntland တို့ ဦးဆောင်သည့် The Elders ကိုယ်စားလှယ် အဖွဲ့သည် မတ်လ ၂၄ ရက်မှ ၂၈ ရက် အထိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိစဉ် The Elder အဖွဲ့အား ဧရာဝတီက သီးသန့် တွေ့ဆုံ မေးမြန်းရာ၌ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် အလွန် အရေးကြီးပြီး အစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လူမှု အဖွဲ့အစည်းများအကြား ယုံကြည်မှု ကင်းမဲ့နေသည်များကို ကျော်လွှားရန် အားလုံး ကြိုးစားသွားရမည် ဖြစ်ကြောင်း The Elders က ဆိုသည်။
“ကျနော်တို့ ကမ္ဘာတလွှားက ပဋိပက္ခတွေမှာ ဝင်ရောက် ဖြေရှင်းမှုတွေ လုပ်ပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခက အနှစ်သာရအားဖြင့် တမူထူးနေတယ်လို့ မထင်ပါဘူး။ ပြောရရင် ယုံကြည်မှု အတော်ကင်းမဲ့ နေတာပါ” ဟု လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ အဆုံးသတ်ရေး ကြားဝင် ဆောင်ရွက်နေသူ နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဖင်လန် သမ္မတဟောင်း Martti Ahtisaari က ဧရာဝတီကို ပြောသည်။
The Elders အဖွဲ့ ဒု ဥက္ကဋ္ဌ နော်ဝေ ဝန်ကြီးချုပ်ဟောင်း မစ္စ Gro Harlem Bruntland နှင့် ဖင်လန် သမ္မတဟောင်း မစ္စတာ Martti Ahtisaari တို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ပူးပေါင်း ပါဝင်မှုရှိရှိ လုပ်ဆောင် သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်ဟု သိရသည်။
“The Elders အဖွဲ့ အနေနဲ့ မြန်မာပြည်က အခြေအနေကို ဘက်ပေါင်းစုံက သဘောထားတွေ သိရဖို့ လေ့လာပါတယ်” ဟု မစ္စ Gro Harlem Bruntland က ဧရာဝတီကို ပြောသည်။ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော တိုင်းရင်းသား ပဋိပက္ခများကို ဖြေရှင်းရာတွင် သက်ရောက်မှုရှိသည့် လူမှုအသိုင်းအဝိုင်း အားလုံး ပါဝင်သော ဖြေရှင်းချက် တရပ်ကို ပံ့ပိုးသွားရန် The Elders က ကတိပြုထားသည်။
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ကင်းမဲ့မှုနှင့်၊ အကြိမ်ကြိမ် ဖြစ်ပွားနေသည့် ပဋိပက္ခ အကြမ်းဖက်မှုများ အပေါ် စိုးရိမ်ကြောင်း The Elders က ထုတ်ဖော် ပြောဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက်သည့် ဒုတိယအကြိမ် ခရီးစဉ်အတွင်း The Elders ကိုယ်စားလှယ် အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးရှိ ဒုက္ခသည် စခန်းတခု ဖြစ်သည့် ရွှေဇက် ဒုက္ခသည် စခန်းကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သွားရောက် ခဲ့ကြောင်း သိရသည်။
ယင်းအပြင် The Elders ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ဆေးခန်းနှင့် မယ်လ ဒုက္ခသည် စခန်းများသို့ မတ်လ ၂၇ ရက်နေ့က သွားရောက် လေ့လာခဲ့သည်။
ဒုက္ခသည်များ သာမက မြန်မာနိုင်ငံသား အားလုံး အတွက် အနာဂတ် ခိုင်မာစေမည့် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ သာမက ကျွမ်းကျင် ပညာရှင်များ၊ လေ့ကျင့် သင်ကြားပေးမှုများ ပိုမို ဖြစ်ထွန်းစေရေး အတွက် နိုင်ငံတကာကို တိုက်တွန်း ပြောဆိုမှုများ လုပ်ဆောင်သွားမည်ဟု မစ္စ Gro Harlem Bruntland က ဧရာဝတီကို ပြောသည်။
မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ထိရောက်မှု ရှိစေရေး အတွက် The Elders က တိုက်တွန်း ပြောဆိုမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက် လာမှုများသည် အပြုသဘောဆောင် တိုးတက်မှု ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေ ရန်ပုံငွေများကို The Elders က တတ်စွမ်း သရွေ့ ဆက်လက် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့တော့ လွန်ခဲ့တဲ့ ၄ လ အတွင်းမှာ တိုက်ပွဲတွေ လျော့နည်း လာတယ်လို့ သူက ပြောတယ်၊ ဒါက တိုးတက်မှုပေါ့” ဟု မစ္စ Gro Harlem Bruntland က ပြောသည်။
ငြိမ်းချမ်းရေး အကျိုးဆောင် လုပ်ဆောင် နေသည့် မြန်မာငြိမ်းချမ်းရေး စင်တာ MPC အား ရန်ပုံငွေများ အများအပြား ပေးနေသော်လည်း မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လက်တွေ့၌ ထင်သလောက် အလုပ်မဖြစ်ဟု ဝေဖန်မှုများ ရှိနေသည့် အပေါ် The Elders က ယခုလို တုံ့ပြန် ပြောဆိုသည်။
“ငြိမ်းချမ်းရေး ရန်ပုံငွေတွေ ပေးတာ ရပ်လိုက်ရင် အခြေအနေက နောက်ပြန်ဆုတ်သွားပြီး ဒီထက် ပိုဆိုးသွားလိမ့်မယ်” ဟု မစ္စ Gro Harlem Bruntland က ဆိုသည်။
The Elders အဖွဲ့သည် ၂၀၁၃ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံသို့ ပထမဆုံး ခရီးအဖြစ် လာရောက်ခဲ့ပြီး ယင်းခရီးစဉ်တွင် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ ဖင်လန် သမ္မတဟောင်း မစ္စတာ Martti Ahtisaari နှင့် နော်ဝေ ဝန်ကြီးချုပ်ဟောင်း မစ္စ Gro Harlem Bruntland တို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
The Elders အဖွဲ့ကို ၂ဝဝ၇ ခုနှစ်က တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မန်ဒဲလား အပါအ၀င် နိုင်ငံခေါင်းဆောင်များက စုစည်း တည်ထောင် ဖွဲ့စည်းခဲ့ပြီး ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေး၊ တရား မျှတမှုနှင့် လူ့အခွင့်အရေး အတွက် ၄င်းတို့၏ အတွေ့အကြုံများနှင့် သြဇာလွှမ်းမိုးမှုများကို အသုံးပြုကာ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။
The Elders ကိုယ်စားလှယ် အဖွဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်စဉ် (ဓာတ်ပုံ – theelders.org)
လင်းသန့်|
Credit : ဧရာဝတီ

မဟာသန္တိသုခကျောင်းတိုက်ကြီးပေါ်မှဖယ်ရှား ပေးရန်သံဃာ့မဟာနာယကအဖွဲ့မှစာထုတ်ခဲ့သည့်အရေးနှင့် စပ်လျဉ်းပြီး

ယနေ. နေ.လည်က ကမ္ဘာ့သာသနာပြုပီနန်းဆရာတော်ဘုရားကြီးအားယနေ့ ၃၁.၃.၂၀၁၄ နေ့နောက်ဆုံးထား၍မဟာသန္တိသုခကျောင်းတိုက်ကြီးပေါ်မှဖယ်ရှား
ပေးရန်သံဃာ့မဟာနာယကအဖွဲ့မှစာထုတ်ခဲ့သည့်အရေးနှင့် စပ်လျဉ်းပြီး
သွားရောက်ခဲ့ပါသည်။

ရှင်းလင်းပွဲပြုလုပ်နေစဉ်မှာပင် Myanmar Peace Centre (MPC)မှ ကိုညိုအုန်းမြင့်နှင့်
တာဝန်ရှိသူတစ်ချို.ရောက်ရှိလာခဲ့ပြီး၊ ပီနန်ဆရာတော်ကြီးအားဖူးမြော်တွေ.ဆုံ
ဖူးမြော်ခဲ့ကြပါသည်။

ထိုသို.တွေ.ဆုံစဉ် ဆရာတော်ဘုရားကြီးကမိန့်ကြားတာကတော့...
"အရှည်ကြီးမပြောလိုဘူး..တဖက်မှာပိုင်ဆိုင်ကြောင်း
ဘာအထောက်အထားရှိလည်းပြသဖို.လိုတယ်။
ငါ့မှာ ပိုင်ဆိုင်မှုနှစ်(၉၀) ဂရန်နှင့်အခြားအထောက်အထားအပြည့်အစုံရှိတယ်။
ငါမှားတယ်ဆိုဒီနေ့ကျောင်းပေါ်ကဆင်းပြီးပီနန်ပြန်သွားမယ်။
ငါခုလုပ်နေတာကျောင်းလုနေတာမဟုတ်ဘူး။ နေစရာကျောင်းမရှိလို.လည်း
မဟုတ်ဘူး၊ ငါ့ကျောင်းတွေ ကမ္ဘာ့အနှံအပြားမှာ အများကြီးရှိတယ်။ အဓိကက
ဗုဒ္ဓသာသနာတော်အတွင်း အဓမ္မဝါဒမပြန့်ပွားမလာအောင် တိုက်နေတာ"
ဟုမိန့်ကြားသွားခဲ့ပါသည်။

ထို.နောက် ပီနန်ဆရာတော်ဘုရားကြီး၏ ပြည်တွင်းပြည်ပရှိသံဃာတော်
အရှင်သူမြတ်များ၊ ဒကာဒကာမများနင့်အခြားအဖွဲ့အစည်းများမှမဟာသန္တိသုခ
ကျောင်းတိုက်ကြီးနင့်ပါတ်သက်၍ သဘောထားဆန္ဒဖော်ထုတ်တင်ပြချက်အား
ပေးအပ်လိုက်ပါသည်။

ကျော်စွာမြင့်
(၁၉၈၈-၁၉၉၂ ဗ.က.သ)


 

အမေရိကန်အဆင့်မြင့် နည်းပညာသုံးကိရိယာနဲ့ မလေးလေယာဉ်ပျောက် ရှာဖွေ


********************************************************
လယာဉ်ပျံသန်းမှုကို မှတ်တမ်းတင်တဲ့ black box ကိုရှာဖွေနိုင်မယ့် အမေရိကန်လုပ် အဆင့်မြင့်နည်းပညာသုံးစက်တပ်ထားတဲ့ Australia စစ်သင်္ဘောတစီး
ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေဖို့သွားနေပြီလို့ Australia တာဝန်ရှိသူတွေကပြောပါတယ်။

လေယာဉ်ပျက်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရတဲ့နေရာဆီ black box ရှာ စက်တပ်ထားတဲ့ HMAS Ocean Shield စစ်သင်္ဘော ရောက်ဖို့ ရက်အနည်းငယ်ကြာမှာ ဖြစ်ပါတယ်။ Australia နိုင်ငံ Perth မြို့ရဲ့ အနောက်ဖက် India သမုဒ္ဒရာထဲက ကျယ်ပြောလှတဲ့နေရာမှာ သင်္ဘော ၁၀
စီးနဲ့ လေယာဉ် ၁၀ စီးသုံးပြီး လေယာဉ်ပျောက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာရှာနေကြပါတယ်။

တချိန်တည်းမှာပဲ ဒေါသထွက်နေကြတဲ့ တရုတ်မိသားစုဝင် ဒါဇင်နဲ့ချီဟာ မလေးရှားနိုင်ငံ Kuala Lumpur မြို့ဆီ ဒီကနေ့ ရောက်လာကြပါတယ်။ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို မလေးရှားအစိုးရက ဖုံးကွယ်ထားတယ်လို့ စွပ်စွဲပြီး သူတို့မိသားစုဝင်တွေ ပါသွားတဲ့ လေယာဉ်
ဘာဖြစ်သွားတာလဲဆိုတာကို ထဲထဲဝင်ဝင်ပြောပြဖို့ တောင်းဆိုနေကြပါတယ်။

၈ ရက်နေ့ကတည်းက ပျောက်သွားတဲ့ လေယာဉ်ပေါ်မှာ တရုတ်လူမျိုးတွေ အများစုပါသွားတာဖြစ်ပါတယ်။ မလေရှားလေကြောင်းလိုင်းလေယာဉ်နဲ့
အရောင်ဆင်တူတဲ့ အရာဝတ္ထုတွေကို တရုတ် ရှာဖွေရေး လေယာဉ်တွေပေါ်ကနေ စနေနေ့က တွေ့ရှိခဲ့ပါတယ်။

အဲဒီအရာဝတ္ထုတွေရော ဆယ်ယူနိုင်ခဲ့တဲ့ အရာတွေပါ မလေးရှားလေယာဉ် အပိုင်းအစတွေဖြစ်တယ်ဆိုတာ အတည် မပြုနိုင်သေးဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
Credit : VOA

သားသတ်ရုံအ၀၌ ဒူးထောက်ငိုကြွေး အသနားခံသော နွားကြီးအား တရုတ်ဘုန်းကြီးကျောင်းထံသို့ လွှဲအပ်

သားသတ်ရုံအ၀၌ ဒူးထောက်ငိုကြွေး အသနားခံသော နွားကြီးအား တရုတ်ဘုန်းကြီးကျောင်းထံသို့ လွှဲအပ်
Monday, March 31, 2014

မယုံမရှိနဲ့ ဤအဖြစ်အပျက်သည် ဟောင်ကောင်၌ အမှန်တကယ် ဖြစ်ခဲ့သည်။ အလုပ်သမားတစ်စုက နွားကြီးတစ်ကောင်ကို သားသတ်ရုံကို ဆွဲခေါ်လာခဲ့ရာ ၀င်ပေါက်ဝအနားအရောက်၌ သနားစရာ နွားကြီးခမျာ ရှေ့ခြေထောက် ၂ ချောင်းကို ညွှတ်၍ ဒူးထောက်ချလိုက်သည်။ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြီး ရှေ့ဆက်သွားခိုင်းလို့လည်း မရတော့ပေ။

နွားတစ်ကောင်က အသတ်ခံရတော့မည်ဆိုသည်ကို သားသတ်ရုံအထဲမှ မရောက်သေးခင် မည်ကဲ့သို့ သိပါသလဲ။ မျက်မြင်များကတော့ ပြောမယုံ ကြုံမှသိ ဖြစ်ခဲ့ရသည်။

မစ္စတာရှုးဆိုတဲ့ သားသတ်သမားကြီးက `ဒီနွားကြီးရဲ့ မျက်လုံးမှာ ကြောက်ရွံ့စိုးထိတ်မှုတွေနဲ့ ငိုကြွေးနေတာ မြင်တဲ့အခါ ကျွန်တော်လည်း တုန်လှုပ်မိတယ်၊ ဒါကို ကျွန်တော်က ကျန်တဲ့လူတွေကို ခေါ်ပြတယ်။ မြင်သူတိုင်း အံသြကြတယ်။ ဒါနဲ့ ကျွန်တော်တို့ ရှေ့ကို ဆက်သွားခိုင်းတော့ မလှုပ်မယှက်နဲ့ ငိုပြီးရင်း ငိုနေတော့တာပဲ´ ဟုဆိုသည်။

အဆိုပါ သားသတ်ရုံပိုင်ရှင်ဖြစ်သူ ဘီလီဖောင်းက `လူတွေက တိရစ္ဆာတွေဟာ လူတွေလို မငိုတတ်ဘူး ထင်ကြတာ၊ ဒါပေမယ့် ဒီနွားကြီးက ငိုတာမှ ကလေးလေး တစ်ယောက်အတိုင်းပဲ´ ဟု ပြောသည်။ ထိုအဖြစ်အပျက်အား လူ ၁၀ ယောက်ကျော် မြင်ခဲ့ရပြီး မြင်သူတိုင်းကို စိတ်ထိခိုက်စေခဲ့သည်။ ၎င်းနွားကြီးအား သတ်ဖြတ်ရန် တာဝန်ကျသူ သားသတ်သမားများအဖို့ ပို၍စိတ်ထိခိုက်ရပြီး မျက်ရည်များပင် ကျကြလေသည်။

သားသတ်ရုံမှ အခြားအလုပ်သမားများလည်း အသနားခံနေသည့် နွားကြီးအား လာရောက်ကြည့်ရှုရာ လူများ ပြည့်ကြပ်သွားသည် ဆိုသည်။ သားသတ်သမား ၃ဦးက ၎င်းတို့အနေနှင့် ဤနွားကြီးအား ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်ဟု ပြောသည်။

နွားကြီးနှင့်အတူ လူများပါ ငိုကြွေးလျှက်ရှိကြရာ ယင်းနွားကြီးအား သတ်ဖြတ်ရန်အလို့ငှာ မည်သူမျှ တတ်နိုင်မည် မဟုတ်ကြောင်း အားလုံးက သဘောပေါက်သိရှိသွားကြပြီး နောက်ဆုံး၌ ယင်းနွားကြီးအား ငွေစု၍ ၀ယ်ယူပြီး ဘုန်းကြီးကျောင်းသို့ လှူဒါန်းခဲ့ကြသည်။ ဘုန်းတော်ကြီးများက နွားကြီးအား တစ်သက်တာလုံး ဂရုစိုက်ပေးကြ ပေမည်။

ထိုကဲ့သို့ ၀ယ်ယူ၍ ဘုန်းကြီးကျောင်းသို့ လှူဒါန်းရန် ဆုံးဖြတ်ချက်ချခဲ့ကြပြီးနောက် အံအားသင့်ဖွယ်ရာ နောက်ထပ်အဖြစ်တစ်ခု ကြုံကြရပြန်သည်။
`သူ့ကို မသတ်တော့ပါဘူးလို့ ဂတိပေးလိုက်တော့မှ ခေါ်ရာနောက် လိုက်တော့တယ်´ဟု အလုပ်သမားတစ်ဦးက ပြောသည်။

`ယုံမလားတော့ မသိဘူး။ ပြောပြလို့ ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမယ့် တကယ် ဖြစ်ခဲ့တာ´ ဟု မစ္စတာရှုးက ပြောသည်။ နွားကြီးသည် သားသတ်သမားများ၏ ဘ၀နှင့် ခံယူချက်အား အတိုင်းအတာတစ်ခုအထိ ပြောင်းလဲပေးနိုင်ခဲ့သည်မှာ သံသယ ဖြစ်ဖွယ်ရာ မရှိ။

တိရစ္ဆာန်များကို လူသားများ၏ အသုံးခံသက်သက်အဖြစ် မသတ်မှတ်ထိုက်။ ဇီဝဗေဒနှင့် တိရစ္ဆာတို့၏ စိတ်ခံစားမှု၊ ခံစားနိုင်စွမ်းကို နားလည်ခြင်းက အရေးကြီးပါသည်။ သို့သော် ယခုအဖြစ်အပျက်ကဲ့သို့ လူသားနှင့် တိရိစ္ဆာအကြား နှလုံးသားချင်းဆက်သွယ်မှုကို လက်တွေ့ မြင်ရခြင်းက ပိုမိုစွမ်းပကားထက်လှသည်။

Ref ; Conspiracy Watch
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အိန္ဒိယမှာ ဘာ‌ကြောင့်‌ဗုဒ္ဓသာသနာကွယ်‌‌ပျောက်‌ခဲ့ကြရသလဲ

Written by Khin Win
ဒီရက်‌ပိုင်း‌တွေအတွင်းမှာကျွန်‌‌တော်‌ အိန္ဒိယမှာ ဘာ‌ကြောင့်‌ဗုဒ္ဓသာသနာကွယ်‌‌ပျောက်‌ခဲ့ကြရသလဲဆိုတာ ကို သိချင်‌‌ဇောနဲ့ စာအုပ်‌များစွာ ဖတ်‌ရှု‌လေ့လာ‌နေခဲ့မိပါတယ်‌ တိုင်းကြီး တဆယ့်‌‌ခြောက်‌တိုင်းနဲ့ အခြားပ‌ဒေသရာဇ်‌နယ်‌ပယ်‌များ မှာထွန်းကား‌နေတဲ့ ဗုဒ္ဓရဲ့ဓမ္မဟာ ရာစုနှစ်‌အနည်းအငယ်‌ အတွင်းမှာ‌ ဘာ‌ကြောင့်‌ အဲဒီ‌နေရာက‌နေ အပြီးတိုင်‌ ကွယ်‌‌ပျောက်‌ ခဲ့ရပါသလဲ ဆိုတာ ကလည်း အလွန်‌သိချင်‌စရာ ‌ကောင်းလှပါတယ်‌ အဲဒီသိချင်‌စိတ်‌နဲ့ ရနိုင်‌သမျှ‌ရှေး‌ဟောင်းအိန္ဒိယသု‌တေသနစာတမ်းနဲ့ ကျမ်းအချို့ ကို‌လေ့လာဖတ်‌ရှုပြီးချိန်‌ မှာ‌တော့ အင်‌မတန်‌ ပင်‌ပမ်းတဲ့ ခရီးရှည်‌ကြီးတခုက‌အောင်‌မြင်‌ စွာပြန်‌‌ရောက်‌လာရတဲ့ ခရီးသည်‌ တ‌ယောက်‌ ရဲ့‌ကျေနပ်‌ခြင်းမျိုးခံစားခဲ့ရပါပြီ ကျွန်‌‌တော်‌ရဲ့ ဗဟုသုတကို‌ဝေမျှတဲ့အ‌နေနဲ့ အခုပြန်‌လည်‌‌ဖောက်‌သည်‌ချပါရ‌စေ အရင်‌ဆုံးမိတ်‌ဆက်‌‌ပေးချင်‌တဲ့ စာ‌ကြောင်း‌လေးက‌တော့ ဗုဒ္ဓဘာသာနဲ့ ‌ရှေး‌ဟောင်းအိန္ဒယအ‌ကြောင်းကို ‌လေ့လာ‌နေတဲ့အင်‌စတီကျုတခုရဲ့ ကနဦးintro စာ‌ကြောင်း‌လေးတ‌ကြောင်းပါပဲThe earliest Buddhist sources that predict the decline or disappearance of Buddhism are unanimous in attributing this catastrophe to the failings of the Buddhists themselves.အ‌စောဆုံးဗုဒ္ဓဘာသာဝင်‌‌တွေရဲ့ အရင်းအမြစ်‌‌တွေဟာ သူတို့ကိုယ်‌တိုင်‌‌ကြောင့်‌ပဲဒီ ဗုဒ္ဓဘာသာ ‌နိမ့်‌ကျ‌ပျောက်‌ကွယ်‌ခဲ့ခြင်းဆိုတဲ့‌ဘေးဆိုးကြီးကို ‌တွေ့ကြုံခဲ့ရတယ်‌လို့ တညီတညွတ်‌ထဲလက်‌ခံခဲ့ကြတယ်‌ဆိုတာပါပဲDr Jan Nattier ရဲ့Once Upon a Future Time: Studies in a Buddhist Prophecy of Decline (1991:120-132)မှာ‌တော့ summarizes the factors singled out by the canonical sources into the following seven categories ဆိုပြီး‌တော့‌ဖော်‌ပြထားတာကိုလည်း‌တွေ့ရှိရပြန်‌ပါတယ်‌ သူမဟာယ‌နေ့ကမ္ဘာ‌ပေါ်က ‌ရှေး‌ဟောင်းအိန္ဒိယကို ‌လေ့လာ‌နေကြတဲ့ဘွဲ့လွန်‌‌ကျောင်းသား‌တွေအလွန်‌‌လေးစားပြီး ပညာရှင်‌အချင်းချင်းလည်း ‌နေရာ‌ပေးခံထားရသူပါ သူမရဲ့စာအုပ်‌ကို ဖတ်‌ပြီးအကျဉ်းချုပ်‌ကြည့်‌မယ်‌ဆိုရင်‌ ဗုဒ္ဓဘာသာဟာအိန္ဒိယမှကွယ်‌‌ပျောက်‌သွားခြင်းက အဓိက ကဗုဒ္ဓဘာဝင်‌များကိုယ်‌တိုင်‌နဲ့ သာသနာ့ဝန်‌ထမ်းရဟန်းတို့ကိုယ်‌တိုင်‌‌ကြောင့်‌ဆိုတဲ့ အချက်‌ခုနစ်‌ ချက်‌ကို‌တွေ့ရပြီး external cause က‌တော့ နှစ်‌ချက်‌သာ‌တွေ့ရပါတယ်‌ (1) the admission of women into the monastic community; (2) the lack of respect toward various elements of the Buddhist tradition; (3) the lack of diligence in meditation practice; (4) carelessness in the transmission of the teachings; (5) the emergence of divisions within the Sangha; (6) the emergence of false or “counterfeit” Dharma; and (7) excessive association with secular society. Later texts also mention external causes of the religion’s decline of which there are two: (8) the invasion of India by foreign, non-Buddhist powers; and (9) excessive state control ပထမအချက်‌က အမျိုးသမီးများကို သာသနာထဲဝင်‌ခွင့်‌ပြုခဲ့ခြင်းပါ ဒုတိယ‌မြောက်‌အချက်‌ကဗုဒ္ဓဘာသာဝင်‌‌တွေရဲ့ အမျိုးမျိုး‌သောအ‌ခြေခံမူလတရားများကို အ‌လေးထားမှု‌လျော့နည်းလာခြင်းပါ တတိယ‌မြောက်‌အချက်‌က ဝိပဿနအလုပ်‌မှာ ဝါယမစိုက်‌မှု‌လျော့ပါးလာခြင်းပါ..စတုတ္ထအချက်‌ကစာ‌ပေပရိယတ်‌ကို သင်‌ကြားပို့ချမှုမှာ ‌ကြောင့်‌ကြမဲ့‌နေခဲ့မှုပါ ပဉ္စမ‌မြောက်‌အချက်‌ကသံဃာဂိုဏ်းကွဲပြားမှု‌ပေါ်‌ပေါက်‌လာခြင်းပါ ဆဋ္ဌမ‌မြောက်‌အချက်‌က အတု‌တွေ‌ပေါ်‌ပေါက်‌လာခြင်းသို‌မဟုတ်‌ တရားတုတရား‌ယောင်‌များ‌ကြောင့်‌ပါ
သတ္တမ‌မြောက်‌က ‌လောကီလူ့အဖွဲ့အစည်းနဲ့အလွန်‌အကျွံအသင်းအပင်းဖြစ်‌လာခြင်းပါတဲ့ ဒါက internal causes များပါ ‌နောက်‌ဆုံးပြင်‌ပအဖျက်‌‌ကြောင်းနှစ်‌ခုမှာတစ်‌ခုက ပြင်‌ပ မှအိန္ဒိယကိုကျူး‌ကျော်‌ဝင်‌‌ရောက်‌မှုပါ ဥပမာ တူရကီအင်‌ပါယာချဲ့ထွင်‌မှုကို‌ပြောတာဖြစ်‌နိုင်‌ပါတယ်‌ ‌နဝမ‌မြောက်‌အချက်‌ကနိုင်‌ငံ‌တော်‌ရဲ့ဘာသာ‌ရေးအ‌ပေါ်ချုပ်‌ကိုင်‌မှုများပြားလာလွန်းတဲ့အချက်‌ပါပဲတဲ့..ဒီ‌နေရာမှာ မာန်‌လည်‌ဆရာ‌တော်‌ဘုရားကြီးရဲ့..မဃ‌ဒေဝလင်္ကာသစ်‌ကတစ်‌ပိုဒ်‌‌ကို သတိရမိပါတယ်‌.. ရဟန်း ရဟန်း မည်‌ပြဌာန်းလျက်‌ ရဟန်းလူလစ်‌ ‌ခေါ်ရာဖြစ်‌ရုံ စနစ်‌‌ခေါက်‌ချိုး ချုပ်‌ရိုးဆန်းဆန်း ဖန်‌ရည်‌စွန်းသား သက်‌န်းဝါဝါ ဦးပြည်းကာဖြင့်‌ ပညာကင်းပ သီလမဲ့မျိုး အတွင်းဆိုးကား အကျိုးတစိ ဘယ်‌မှာရှိလိမ့်‌

အထက်‌ပါမဃ‌ဒေဝလင်္ကာသစ်‌မှာပါ‌သော လင်္ကာတစ်‌ပိုဒ်‌သည်‌ငယ်‌ပင်‌ငယ်‌ငြား‌သော်‌လည်း စာအသွားအလာ‌လေးနက်‌ ထိ‌ရောက်‌ပုံက မသူ‌တော်‌အလဇ္ဇီ ရဟန်းတို့အဖို့ ပိဿာ‌လေးနှင့်‌‌ဘေးကို ပစ်‌သကဲ့သို့ ရှိလိမ့်‌မည်‌..သာမ‌ညောင်‌ညလူတဦး၏အကျင့်‌သီလ ပျက်‌ပြားခြင်းသည်‌ ထိုလူတစ်‌ဦးကိုသာ ဆိုးကျိုးက သက်‌‌ရောက်‌လိမ့်‌မည်‌ ထို့ထက်‌လွန်‌‌သော်‌လည်း ၄င်း၏မိသားတစ်‌စု ထို့ထက်‌မက အလွန့်‌အကျွံဆိုလျှင်‌ သူ၏‌နေထိုင်‌ကျင်‌လည်‌ရာ တရပ်‌တရွာ ထက်‌‌တော့ ‌ကျော်‌လွန်‌၍ဆိုးကျိုး‌ပေးနိုင်‌မည်‌မဟုတ်‌‌ချေ..အဘယ်‌‌ကြောင့်‌ဆို‌သော်‌ ထိုသူသည်‌သာမန်‌လူတ‌ယောက်‌မျှသာဖြစ်‌‌လေရာ များစွာ‌သောလူတို့အ‌ပေါ်လွှမ်းမိုးနိုင်‌ရန်‌အခွင့်‌အ‌ရေးမရှိခြင်း‌ကြောက့်‌တည်း.သို့်‌သော်‌ ‌လောက ၌ လူများစွာတို့အ‌ပေါ်လွှမ်းမိုးနိုင်‌စွမ်းရှိသူတဦးတ‌ယောက်‌က မိမိ‌စောင့်‌ထိန်းအပ်‌‌သောသီလမလုံ၍ကျိုး‌ပေါက်‌‌ပြောက်‌ကြား‌သောအခါ ၌မူ များစွာ‌သောလူတို့အတွက်‌ အကျိုးဆုတ်‌ယုတ်‌ရန်‌အ‌ကြောင်းရှိ‌
‌ပေသည်‌.ယခု ကာလ ဘာသာ‌ရေးကို အ‌ကြောင်းပြု၍ ဖြစ်‌ပျက်‌လှုပ်‌ရှားလာ‌သော လူမှု ပဋိပက္ခတို့သည်‌ မိမိတို့ ဗုဒ္ဓဘာသာဝင်‌တို့အတွက်‌ သာမက အခြားယုံကြည်‌ရာ ကိုးကွယ်‌ကြကုန်‌‌သောသူအ‌ပေါင်းတို့အတွက်‌လည်း လွန်‌စွာ အန္တရာယ်‌ကြီးမားလှ‌ကြောင်း သိသူကသိကြ‌ပေလိမ့်‌မည်‌ သို့‌သော်‌ မြတ်‌ဘုရား၏ လက်‌ဝဲ လက်‌ယာ အဂ္ဂသာဝက အ‌လောင်းအလျာ နှစ်‌ပါး၏လက်‌ဦးဆရာ ဖြစ်‌‌သော သိဉ္စည်းဆရာကြီး၏ အ‌ပြောအရ လူလိမ္မာကနည်းပါး၍လူမိုက်‌သာ‌ပေါများ‌သော ဤကမ္ဘာ‌လောကဝယ်‌ ယ‌နေ့မြန်‌မာပြည်‌၏ ဗုဒ္ဓဘာသာ ကွယ်‌‌ပျောက်‌မည့်‌အ‌ရေးကို မသိ‌သော လူမိုက်‌များကသာ သာ၍များ‌နေ‌ကြောင်းလည်း ချင့်‌ချိန်‌နိုင်‌‌ပေသည်‌. Dr jan natieer ၏ သုံးသပ်‌ချက်‌အရအတွင်းရန်‌ ခုနစ်‌ချက်‌ကလည်း သာသနာ့ဝန်‌ထမ်းရဟန်းတို့ရဲ့ အပြစ်‌များကိုမီး‌မောင်းထိုးပြခြင်းပဲမဟုတ်‌ပါလား ထို့‌ကြောင့်‌ပင်‌လျှင်‌ ဒုတိယ‌မြောက်‌ဖြစ်‌‌သောအချက်‌ဖြစ်‌သည့်‌သာသနာ့‌နောက်‌လိုက်‌ ဘာသာဝင်‌တို့သည်‌ ဗုဒ္ဓ၏အစဉ်‌အလာ အဆုံးအမတို့အ‌ပေါ် အကြည်‌ညိုပျက်‌ခဲ့ကြခြင်းဟု‌ပြောနိုင်‌ခြင်းပင်ဖြစ်‌‌တော့သည်.‌ခေါင်း‌ဆောင်‌နွားလား‌ဖြောင့်‌‌ဖြောင့်‌မသွား‌တော့ပြီမဟုတ်‌ပါလား အကယ်‌စင်‌စစ်‌ ပြည်‌ပ ဘာသာခြားတို့ကျူး‌ကျော်‌ဝင်‌‌ရောက်‌မှု‌ကြောင့်‌ပျက်‌စီးရခြင်းသည်‌ ထန်းသီး‌ကြွေခိုက်‌ ကျီးနင်းခိုက်‌ဖြစ်‌၍ နိုင်‌ငံ‌ရေးကိစ္စသက်‌သက်‌သာလျှင်‌ဖြစ်‌ရ‌ပေမည်‌ သာသနာကွယ်‌ခြင်းသည်‌ နိုင်‌ငံ‌ရေးဆုတ်‌ယုတ်‌ပျက်‌ယွင်းခြင်းအ‌ပေါ်၌အ‌ကြောင်းရင်းမခံခဲ့သလို နိုင်‌ငံ‌ရေးဆုတ်‌ယုတ်‌ပျက်‌ယွင်းရခြင်းသည်‌လည်း သာသနာ‌ရေးဘာသာ‌ရေးက တာဝန်‌ခံယူနိုင်‌ရန်‌အ‌ကြောင်းမဟုတ်‌‌ကြောင်းအလွယ်‌တကူအမြင်‌ရှင်းသင့်‌ကြပါပြီ..‌နောက်‌ထပ်‌ပညာရှင်‌တ‌ယောက်‌ဖြစ်‌‌သော Dr k.jamanadas ၏ the decline and falling of buddhism in india စာအုပ်‌မှ တစ်‌ခု‌သောစာပိုဒ်‌ကိုထုတ်‌နှုတ်‌ပြပါဦးမည်‌‌ခေါင်းစဉ်‌ငယ်‌မှာ ဗြဟ္မဏများ၏ဗုဒ္ဓဘာသာကို အနိုင်‌ကျင့်‌ခြင်းဖြစ်‌သည်‌ဟုအဓိပ္ပါယ်‌ရနိုင်‌ပါသည်‌....်‌Brahmins usurpedBuddhism...
Brahmans became the leaders of Buddhism because of their learning, and first disfigured it thoroughly with ritualism and images, and then destroyed its separate organization of monasteries and monks with the help of the fore ign masters who came into power. But the Buddhism of Harsha and Nagarjuna did not disappear, it formed the nucleus of the later Hinduism, superadded with horrors of caste. To become the sole leaders of the country and to enforce their system of castes, has always been the prime motive of Brahmanism, and if Buddhist order of monks and monasteries had survived, the Brahmins could not have achieved this goal. So they completely destroyed the external institution of Buddhism, the monks and monasteries. Brahmins became the undisputed leaders, and a new popular religion, Hinduism, emerged with important aspect of caste, as Dharmatitha observed
သူက ဆွာမိကြီးDharmatitha ရဲ့‌တွေ့ရှိမှုလိုပါပဲတဲ့ ဗြဟ္မဏ‌တွေက အစ‌တော့ ဗုဒ္ဓဘာသာထဲဝင်‌‌ရောက်‌ပြီးသင်‌ကြားကြရင်း‌ခေါင်း‌ဆောင်‌‌တွေဖြစ်‌လာပါတယ်‌‌ပထမဦးဆုံး ဒီဗုဒ္ဓဘာသာဝင်‌ဗြဟ္မဏ‌တွေက ဗုဒ္ဓဘာသာကို သူတို့ရဲ့ယဇ်‌ပူ‌ဇော်‌ခြင်း ပုံရိပ်‌‌တွေနဲ့ဖုံးလွှမ်း‌ဖျောက်‌ဖျက်‌ကြပါတယ် ထို့‌နောက်‌ တသီးတခြားဖြစ်‌‌နေတဲ့ ဘုန်း‌တော်‌ကြီး‌ကျောင်းများနဲ့ရဟန်းတို့ကို ပြင်‌ပက ဝင်‌‌ရောက်‌လာတဲ့အင်‌အားကြီးမားသူ‌တွေရဲ့အကူအညီနဲ့လည်းဖျက်‌ဆီးခဲ့ကြပါတယ်‌ ဒါ‌ပေမဲ့ Harsha နဲ့ Nargarjuna တို့က‌တော့ကွယ်‌‌ပျောက်‌မသွားခဲ့ကြပါဘူးတဲ့ သူတို့က‌နောက်‌ပိုင်း ဟိန္ဒူဝါဒရဲ့အမြု‌တေ‌တွေဖြစ်‌သွားပါတယ်‌တဲ့ ဒီ‌နေရာမှာ Harsha နဲ့ နာဂဇုနအ‌ကြောင်းကို‌တော့ ရှင်းပြချင်‌ပါတယ်‌ Harsha ဆိုတာ ဂုပတ္တ‌ခေတ်‌အလွန်‌မှာ‌ပေါ်‌ပေါက်‌လာတဲ့ ရှင်‌ဘုရင်‌ပါ သူဟာ ဗုဒ္ဓဘာသာဝင်‌တစ်‌ဦးပါဒါ‌ပေမယ့်‌ အဲ့ဒီ‌ခေတ်‌ကအိန္ဒယမှာအမြစ်‌တွယ်‌‌နေပြီဖြစ်‌တဲ့မဟာယာနဗုဒ္ဓဘာသာဝင်‌ပါ သူဟာ နာလန္ဒတက္ကသိုလ်‌ကို တည်‌‌ထောင်‌‌ပေးခဲ့သူလို့ဆိုကြပါတယ်‌ အဲဒီ တက္ကသိုလ်‌မှာ နာဂဇုနက ဂုရု တပါးပါ သူ့ရဲ့ မဟာယာနတရား‌တွေကို တွင်‌တွင်‌ကျယ်‌ကျယ်‌ သင်‌ကြားပို့ချ‌ပေး‌နေသူအ‌ကျော်‌အ‌မော်‌တဦးပါ..‌နောက်‌ဆုံးမှာ‌တော့ အိန္ဒိယရဲ့မဟာယာနဗုဒ္ဓဘာသာဝင်‌‌တွေဟာ ဗြဟ္မဏတို့ရဲ့ ‌ဝေဒကျမ်းလာအယူဝါဒများနဲ့ ‌ရော‌ထွေးသွားပြီး နာလန္ဒတက္ကသိုလ်‌ကြီးမီးခပြီးတဲ့‌နောက်‌ ဟိန္ဒူဘာသာဝင်‌‌တွေအဖြစ်‌အပြီးတိုင်‌သွတ်‌သွင်းခံလိုက်‌ကြရပါတယ်‌ မတိမ်းမယိမ်းကာလ‌လောက်‌မှာပဲ ရှန်‌ကရဆိုတဲ့ ဂျိန်းဘာသာ‌ရေး‌ခေါင်း‌ဆောင်‌က သူ့ကို ချီး‌မြောက်‌တဲ့ ရှင်‌ဘုရင်‌နဲ့‌ပေါင်းပြီး ယိုင်‌နဲ့နဲ့‌လေးဖြစ်‌‌နေတဲ့ မဟာယာန ရဟန်း‌တော်‌များရဲ့အယူဝါဒကို စကားစစ်‌ထိုး‌ချေဖျက်‌ပြီးရှုံနိမ်းသူများကို လူထွက်‌‌စေခြင်း ညဉ်းပမ်းသတ်‌ဖြတ်‌ခြင်းများပြုလုပ်‌ခဲ့တယ်‌ဆိုတာကိုလည်း အိန္ဒိယသမိုင်းစာအုပ်‌‌တော်‌‌တော်‌များများမှာ‌တွေ့ရပါ‌သေးတယ်‌ ‌ဒီ‌နေရာမှာစော‌စောက‌
‌ကြောက်‌စရာ‌ကောင်းတဲ့ဇာတ်‌ဝါဒနဲ့ ‌ပေါင်းစပ်‌ခြင်းခံခဲ့ရတဲ့ဗုဒ္ဓဝါဒီတို့ အ‌ကြောင်းကို ပြန်‌‌ပြောလိုပါတယ်‌ ဗြဟ္မဏဝါဒက အ‌ခြေခံ မူလ ဖြစ်‌‌နေ‌စေရန်‌မှာသူတို့ဟာ တိုင်းပြည်‌ရဲတမျိုးတည်း‌သော့ ခေါင်း‌ဆောင်‌‌ဖြစ်‌လာ‌စေရန်‌နဲ့သူတို့ရဲ့ဇာတ်‌စနစ်‌ ခိုင်‌မာလာ‌စေရန်‌အ‌ကြောင်း‌တွေဟာ ဗုဒ္ဓအဆုံးအမကိုလိုက်‌နာတဲ့ ရဟန်း‌တော်‌‌တွေနဲ့ဘုန်းကြီး‌ကျောင်း‌တွေ ရှင်‌သန်‌ကျန်‌ရစ်‌ခဲ့မယ်‌ဆိုရင်‌သူတို့ရည်‌မှန်းချက်‌ပန်းတိုင်‌‌တွေ‌အောင်‌မြင်‌အထ‌မြောက်‌မှုရှိလိမ့်‌မှာမဟုတ်ပါဘူးတဲ့ ဒါ‌ကြောင့်‌သူတို့က ဗုဒ္ဓသား‌တော်‌ရဟန်းများနဲ့ ပြင်‌ပန်းဗဟိဒ္ဓိများဖြစ်‌တဲ့‌ကျောင်း‌တော်‌‌တွေကို အကြွင်းမဲ့ဖျက်‌ဆီးခဲ့ကြတာပါ..ဒီလိုနဲ့အိန္ဒိယမှာ ဗြဟ္မဏဝါဒဟာ ဇာတ်‌စနစ်‌ရဲ့ အဓိကအစိတ်‌အပိုင်‌ဖြစ်‌လာခဲ့ပြီး ‌ခေတ်‌စားတဲ့ဘာသာ‌ရေးအသစ်‌တစ်‌ခုအဖြစ်‌‌ပေါ်‌ပေါက်‌ခဲ့ပါတယ်‌ ဗြဟ္မဏ‌‌တွေက‌တော့ တိုင်းပြည်‌ရဲ့ငြင်းပယ်‌မရတဲ့‌ခေါင်း‌ဆောင်‌‌တွေဖြစ်‌လာခဲ့တယ်‌လို့ ဆိုထားပါတယ်‌ ‌နောက်‌ထပ်‌ကိုးကားပြစရာ ‌တွေများစွာကျန်‌‌နေ‌သေး‌သော်‌လည်း အနည်းအငယ်‌ရှည်‌သွားခဲ့ပြီဖြစ်‌တဲ့အတွက်‌ဒီမှာပဲနိဂုံးချုပ်‌စကား‌ပြောချင်‌ပါတယ်‌ ဗုဒ္ဓကိုယ်‌‌တော်‌တိုင်‌‌ဟောခဲ့တဲ့ ပိဋကတ်‌သုံးပုံကို‌မွေ‌နောက်‌ရှာ‌ဖွေကြမယ်‌ဆိုရင်‌လည်း ‌နေရာတချို့မှာ သာသနာ့ဝန်‌‌ဆောင်‌ပုဂ္ဂိုလ်‌တို့ရဲ့ သီလကျိုး‌ပေါက်‌မှု သင်‌အံ‌လေ့ကျက်‌မှုနည်းပါးမှု တရားတုများဖုံးလွှမ်းဝါးမျိုမှု ဆိုတဲ့ အတွင်းစည်းကျိုး‌ပေါက်‌တဲ့‌အ‌ကြောင်းတရားများကသာ သူ့သာသနာ‌တော်‌ကိုကွယ်‌‌ပျောက်‌‌စေမှာမှာဖြစ်‌‌ကြောင်း‌ဟော‌တော်‌မူခဲ့တာ‌တွေ့ကြရမှာပါ..ဘယ်‌သူမပြုမိမိမှုပါ ဗုဒ္ဓဝါဒဟာအားလုံးသိကြတဲ့အတိုင်း
အတ္တကိုပယ်‌သတ်‌ရတဲ့တရားပါ အနတ္တကို မြင်‌‌အောင်‌ရှုရမယ့်‌အယူဝါဒလမ်းစဉ်
ပါ ဒါကို အတ္တအသွင်‌ထင်‌မြင်‌လို့ ရှုမှတ်‌‌ကျင့်‌သုံး‌နေကြမယ်‌ဆိုရင်‌ဖြင့်‌ ကျွန်‌‌တော်‌တို့ရဲ့သား‌မြေးများလက်‌ထက်‌‌ရောက်‌ရင်‌ဖြင့်‌ ‌ရှေး‌ဟောင်းအိန္ဒိယသားများကဲ့သို့ ကြမ္မာဆိုးကြုံကြရမှာ‌မြေကြီးလက်‌ခတ်‌မလွဲပါပဲ..‌‌စော‌စောက‌ဖော်‌ပြခဲ့တဲ့ မဃ‌ဒေဝလင်္ကာမှာပါတဲ့အတိုင်း ရဟန်းဆိုးရဟန်းညစ်‌ ဘုရားဥပ‌ဒေကို လက်‌တစ်‌လုံးခြားလုပ်‌လိုတဲ့ ဒုဿီလရဟန်းကို‌ခေါင်း‌ဆောင်‌တင်‌ထားကြမယ်‌ဆိုရင်‌ဖြင့်‌.... များစွာ ‌ပြောရန်‌မမြင်‌‌တော့ပါ..ကိုယ့်‌ထီးကိုယ်‌ထမ်းကိုယ့်‌လမ်းကိုယ်‌‌လျှောက်‌ကြရုံသာရှိ‌တော့မည်‌ဟု.......

လယ်တီသိမ် ဖျက်သိမ်းရေးစတင်


***********************
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆက်ပြီးဆောင်ရွက်နိုင်ဖို့ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်တဲ့ လယ်တီသိမ်ကို ဖြိုဖျက်ဖို့ မတ်လ ၃၀ ရက်နေ့မှာ သံဃာအပါး ၃၀ နဲ့ သိမ်နုတ်တာကို စတင်ဆောင်ရွက်နေပြီဖြစ်တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ တနေ့တည်းမှာပဲ ရန်ကုန်မြို့မှာ လယ်တီသိမ်ဖျက်တာကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူတွေကထဲက တဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားကပဲ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်နေကြပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှုမရှိဘူးလို့ ဒေသခံတွေက ဆိုတာပါ။ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာတော့ စီမံကိန်းအတွင်းမှာရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ လယ်တီသိမ်ကို ဖြိုဖျက်ဖို့ သိမ်နုတ်တာကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း စမ်းမြဝတီကျောင်းတိုက်က ဆရာတော် ဦးအာလောက-က အခုလို မိန့်ပါတယ်။
“ဒီကနေ့မနက် ၅ နာရီကစပြီးတော့ သိမ်ကိုဖြိုဖျက်နိုင်ဖို့ သိမ်နုတ်တယ်ပေါ့ဗျာ။ ရဟန်းသံဃာ ၃၀ နဲ့စတင်နုတ်ပြီပေါ့ဗျာ။ မကြာခင် အတောအတွင်း သိမ်နဲ့ဘုရား ဖြိုဖျက်ခွင့်အတွက် ဦးပိုင်က ကြိုးစားနေပြီဖြစ်ပါတယ်။ အဟောင်းဖြစ်အောင် လုပ်ပစ်လိုက်တော့ သိမ်ပျက်သိမ်ဆွေးပေါ့နော်-အဲဒါမျိုးဖြစ်အောင် သိမ်ကိုနုတ်ပစ်ပါတယ်။ အဲလို သိမ်ပျက်သိမ်ဆွေးဖြစ်သွားပြီး သိမ်ရာ-သိမ်ပျက်သွားပြီပေါ့ဗျာ။ အဲလိုဆိုရင် သိမ်ဖျက်ဖို့ရာ မခဲယဉ်းတော့ပါဘူး။ အဲဒါကြောင့်မို့လို့ သိမ်ကိုအရင်နုတ်လိုက်ခြင်း ဖြစ်ပါတယ်။ ကြိုးဆွဲရာကနိုင်မယ့်ဘုန်းကြီးတွေပေါ့ဗျာ။ ငွေပေးရင်ရနိုင်မယ့် ဘုန်းကြီးတွေကို ခေါ်ပြီး ပင့်ဆောင်ပြီးတော့ ဦးဇင်းတို့ တကယ်ရွှေ့ပြောင်းခံရတဲ့ ဒေသခံ ဒီနားပတ်ဝန်းကျင်က ဘုန်းကြီးရဟန်းတွေ တစ်ပါးမှ မပါပါဘူး။ သိမ်ဆိုတဲ့အရာက ဖြစ်ဖို့ရာ အင်မတန်မှ ခဲယဉ်းပါတယ်။”
လယ်တီသိမ်စတင်ဖြိုဖျက်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာအတိုင်း လုပ်မလုပ် သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့
မေး။ ။ လက်ပံတောင်းတောင်မှာ သိမ်စနုတ်ပြီလို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါသလားရှင့်။
ဖြေ။ ။ ဒါကတော့ သာသနာရေးဆိုင်ရာ ကိစ္စဆိုတော့ သီးခြား ဝန်ကြီး ဦးစိုးဝင်းလေ၊ သူတို့ရဲ့စီစဉ်ဆောင်ရွက်မှုဖြစ်ပါတယ်နော်၊
မေး။ ။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လုပ်တာလားရှင့်။
ဖြေ။ ။ သာသနာရေး ဒုတိယဝန်ကြီးကို မေးပါဗျာ။
သာသနာရေးဝန်ကြီးကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
လယ်တီသိမ်ကို ဖြိုဖျက်ဖို့ ဆောင်ရွက်ခြင်းဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ကိုက်ညီမှုမရှိဘူးလို့ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
“အစီရင်ခံစာရဲ့ အဓိကပြောချင်တာကတော့ မူလအခြေအနေနဲ့ အနေအထားမပျက် ပြည်သူလူထုကနေ လက်ခံနားလည်လို့ရှိရင် မူလအခြေအနေမပျက် ပြောင်းရွှေ့ပေးရမယ်လို့တော့ ပြောထားတယ်။ ဒါပေမယ့် အခု သူတို့ပြောင်းရွှေ့မယ့်ပုံစံက အန်တီသိရတာတော့လေ- ဒီဟာကို ဖြိုပြီးတဲ့အခါကျတော့မှ ပြောင်းမယ်လို့ ပြောတယ်။ ကျမတို့ကတော့ အစီရင်ခံစာပေါ်မှာအတိုင်း တွက်ထားတဲ့လူတွေ ဖြစ်တယ်။ ဒါက
အစီရင်ခံစာအတိုင်း ကိုက်ညီမှု မရှိဘူးဆိုတာ သေချာတာပေါ့လေ။”

ညနေ ၃ နာရီကျော်မှာတော့ ကျောင်းသားလူငယ်တွေဟာ ရန်ကုန်တိုင်း၊ ကျောက်တံတားရဲစခန်းရှေ့က ကားလမ်းကို ပိတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြနေတဲ့ ကျောင်းသားတစ်ဦးပြောပြတာက -
“ကျနော်တို့ကို ကျောင်းလမ်းကိုပိတ်ပြီးတော့ လယ်တီသိမ်နဲ့ သာသနိကအဆောက်အဦးတွေကို လူတစုရဲ့ အကျိုးစီးပွားအတွက် ဖျက်ဆီးမယ့် ကိစ္စကိုရပ်တန့်ပေးဖို့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ဆိုင်းဘုတ်ကိုကိုင်ပြီး ကျနော်တို့ လူငယ် ၅ ယောက်တည်းနဲ့ လမ်းပိတ်ပြီးတော့ ကြွေးကြော်သံ ကြွေးကြော်ပြီးတော့ လာတာ။”
ဆန္ဒပြသူတွေထဲက ကျောင်းသားတစ်ဦးကို ကျောက်တံတားရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ကျောက်တံတားရဲစခန်းကို သတင်းမေးဖို့ရောက်နေတဲ့ လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုက ပြောပါတယ်။
“နာမည်က ကိုအောင်ကိုဦးပါဗျာ။ ၃ သုံးလုံး လှုပ်ရှားမှုလို့ အမည်တပ်ပြီးတော့ ဆူးလေအနီး ကျောက်တံတားရဲစခန်းရှေ့ကနေ မီးရှူးမီးပန်းဖောက်ပြီး ဆန္ဒပြတာပါ။ သူ့ကို အခုနောက်ဆုံး စွဲလိုက်တဲ့ပုဒ်မက ရန်ကုန်ရဲ အက်ဥပဒေပုဒ်မ ၄၂ လို့ ပြောပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်က ဒဏ်ငွေ ၅၀ သို့မဟုတ် ထောင်ဒဏ် ၈ ရက်လို့ ပြောပါတယ်။”
လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြတာတွေ ဖြစ်ခဲ့ပြီးနောက် လက်ပန်းတောင်းတောင် လယ်တီသိမ်ကို ဖြိုဖျက်မှာကို ကာကွယ်ခဲ့တဲ့သံဃာတွေဟာ သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ရာက မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခံခဲ့ရတာပါ။ အဲဒီတုန်းက သံဃာ ၅၀ ထက် မနည်းဟာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ဒီနောက် လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မတီ ဖွဲ့ခဲ့ပါတယ်။ အခုအခါမှာ ကော်မတီရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှု မရှိဘူးဆိုပြီး ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
လယ်တီသိမ်ဖြိုချပြောင်းရွှေ့မှုကို ဆန့်ကျင်ကွက်ကွက်မှုများ။
Credit : VOA

 

လက်ပံတောင်းစီမံကိန်းအတွင်းရှိ လယ်တီသိမ်စတင်ဖြိုဖျက်


******************************************
ထွန်းထွန်းသိန်း (DVB) 31 March 2014
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ် ဖြိုဖျက်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပါတယ်။
လယ်တီသိမ်ကျောင်းနဲ့ ဘုရားတွေက ကြေးနီစီမံကိန်းဧရိယာအတွင်း ကျရောက်နေတဲ့အတွက် မူလနေရာနဲ့ မီတာ ၁၅၀၀ လောက်ဝေးတဲ့ ကျေးရွာအနားကို ရွှေ့ပြောင်းဖို့ မတ် ၃၀ ရက်နေ့ မနက်ကတည်းက ရဟန်းသံဃာတွေကို ပင့်ဖိတ်ပြီး သိမ်နုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
သိမ်နုတ်ပြီး ဖြစ်တာကြောင့် လယ်တီသိမ်၊ ကျောင်းနဲ့ သာသနိက အဆောက်အဦတွေကို အချိန်မရွေး ဖြိုချဖျက်ဆီးနိုင်ပြီး သိမ်ပတ်ဝန်းကျင်မှာလည်း လုံခြုံရေးချထားသလို ဒေသခံတွေကို လည်း ၀င်ရောက် ကြည့်ရှုခွင့် မပေးဘူးလို့ ဇီးတောကျေးရွာ စမ်းမြ၀တီကျောင်းတိုက်ဆရာတော် ဦးအာလောကက ဒီဗွီဘီကို မိန့်ပါတယ်။
“နောက်ဆုံးအခြေအနေက မနေ့ကမနက် ၅ နာရီစပြီးတော့ သိမ်နုတ်မှုကို ပြုလုပ်ပါတယ်။ သိမ်မြေနုတ်တယ်ပေါ့ဗျာ။ အဲဒီလို မြေနုတ်ပြီးရင် သိမ်ကို အချိန်မရွေး ဖျက်ဆီးဖို့ရာ ရှိတယ်ပေါ့။ ဒီဟာကိုတော့ မိုင်းတွေ ဘာတွေနဲ့ ခွဲပစ်လိမ့်မယ်လို့တော့ မထင်ဘူး။ ဒီပြင် တခြား ဘူဒိုဇာတို့နဲ့ ထိုးပစ်မယ်လို့ပဲ ထင်ပါတယ်။ လုံခြုံရေးက သွပ်ဆူးကြိုးတွေ ခတ်ပြီးတော့ လုံးဝ ၀င်လို့မရဘူး။ အစောင့်အကြပ်တွေ အမျိုးမျိုးထားတယ် လုံးဝ ၀င်ခွင့်မရှိပါဘူး။”
လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကတော့ လယ်တီသိမ် ဖြိုဖျက်တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“အစီရင်ခံစာထဲမှာ ပြောတာကတော့ ဒီလိုမျိုး ပြောင်းရွှေ့မယ်ဆိုရင်တော့ မူလ အနေအထားမပျက် ပြောင်းရွှေ့ပေးရမယ်။ နောက်တခုက ဒေသခံများ အားလုံးရဲ့ သဘောတူညီချက် ဖြစ်မှာရမယ်ဆိုတာ ပါတယ်လေ။ ကျမတို့ ပြောချင်တဲ့ဟာကတော့ အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်းတော့ လိုက်နာဆောင်ရွက်တာ မဟုတ်ဘူးဆိုတာတော့ သေချာတာပေါ့လေ။ ဒါကို အခုဟာ လောလောဆယ် တာဝန်ရှိနေတာကတော့ ဒီအစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ ကော်မတီရဲ့ လက်ထဲမှာပဲ အဓိက တာဝန်ရှိတယ်လေ။ ကျမတို့ကတော့ ပြီးပြည့်စုံသော အစီရင်ခံစာတရပ်ကို တင်ပြပြီးသွားပြီးပြီ။ ဒီအတိုင်း ဆောင်ရွက်ပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ ပေါ်ပေါက်လာတဲ့ ကော်မတီရဲ့ တာဝန်တွေသာပဲဖြစ်တယ်။”
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မြန်မာဝမ်ပေါင် ကုမ္ပဏီကတော့ စီမံကိန်းရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အီးအက်စ်အိုင်အေအစီရင်ခံစာ ပြုစုနေဆဲ ဖြစ်ပြီး တကယ်လို့ ဆိုးကျိုး သက်ရောက်မှုများနေရင် တော့ ရှေ့ဆက်ပြီး လုပ်ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ရဟန်းသံဃာတွေက သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေနဲ့ အင်အားသုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် ရဟန်းရှင်လူ ၇၀ ကျော်ထိခိုက် ဒဏ်ရာရခဲ့ဖူးပါတယ်။
ယခုချိန်အထိလည်း ဒီစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ လက်ပံတောင်အရေးလုပ်ရှားသူ ဦးသော်ဇင်ကို အစိုးရက ထောင်ဒဏ် ၁ နှစ် ၃ လ ချမှတ်ခဲ့ပါတယ်။
Credit : DVB
 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဒဿမ အကြိမ် ညီလာခံသို့ တင်သွင်းသော ဗဟိုကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)
ဒဿမ အကြိမ် ညီလာခံသို့ တင်သွင်းသော ဗဟိုကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာ
နိဒါန်း
မကဒတ ၏ န၀မအကြိမ်ညီလာခံ သက်တမ်း ၂၀၁၁ ခုနှစ်မှ၂၀၁၄ ခုနှစ် မတ်လအထိ ၃ နှစ် သက်တမ်းအတွင်း မြန်မာ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုများနှင့်အတူ မိမိတို့ ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးအဖွဲ့အစည်းများ၏ ရုန်းကန်လှုပ်ရှားမှု ပုံစံများမှာလည်း အသွင်အမျိုးမျိုး ပေါ်ထွက်လာခဲ့ပေပြီ။ မိမိတို့ မကဒတ (ကျောင်းသားတပ်မတော်)၏ ရှေ့လုပ်ငန်း စဉ်များ ချမှတ်ရာတွင် အထောက်ကူပြုနိုင်ရေးအတွက် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ် ပြောင်းလဲလာသော ပကတိအခြေအနေများအပေါ် အခြေခံ၍ ဤနိုင်ငံရေး အစီရင်ခံစာကို ရေးသားပြုစုလိုက်သည်။

၁။ ညောင်နှစ်ပင်နှင့် လမ်းပြမြေပုံအား ကိုင်တွယ်အသက်သွင်းခဲ့သည့် စစ်အာဏာရှင်စနစ်အခြေအနေ
(က) န၀တ၊ နအဖ ညောင်နှစ်ပင် ညီလာခံမှသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်ချက်
န၀တ စစ်အစိုးရ၏ ညောင်နှစ်ပင်ညီလာခံ အခြေခံမူ ၆ ချက်၊ အသေးစိပ်အခြေခံရမည့်မူ ၁၀၄ ချက်ပေါ်မူတည် ရေးဆွဲခဲ့သော ၂၀၀၈ဖွဲ့စည်းပုံတွင် “တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ရမည်”ကို အတိအလင်း ထည့်သွင်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၇ စက်တင်ဘာလတွင် အဆုံးသတ်ခဲ့ပြီး ၂၀၀၈ခုနှစ် မေလ ၁၀ ရက် နေ့တွင် ၉၂.၄ ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့သည်ဟု တဖက်သတ်ကြေငြာ အတည်ပြုခဲ့သည်။
နိုင်ငံတကာနှင့် ပြည်တွင်း နိုင်ငံရေးအင်အားစုများက ယင်း ဥပဒေသည် နိုင်ငံရေးပါတီများနှင့် လူထုဆန္ဒ သဘော ထားများ ထောက်ခံမှုမရှိကြောင်း ပြောဆိုဝေဖန်မှုများရှိခဲ့သော်လည်း ၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် အထွေထွေ ရွေးကောက်ပွဲကို တဖက်သတ် ကျင်းပကာ ယင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား အာဏာသက်ရောက်စေခဲ့သည်။
ဤသို့ဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အာဏာရှိသူများ စိတ်ကြိုက် တဖက်သတ် ရေးဆွဲအတည်ပြုခဲ့သည့် တတိယမြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ဖွဲ.စည်းပုံ အခြေခံဥပဒေ)ကြောရိုးတခုပေါ်ထွက်လာကာ စစ်တပ်နောက်ခံပြု ပါတီ၊ စစ်တပ်နောက်ခံပြု လွတ်တော် နှင့် စစ်တပ်နောက်ခံပြု အစိုးရများ ပေါ်ထွက်လာခဲ့တော့သည်။ အာဏာသိမ်း စစ်ကောင်စီ ဘ၀မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကာအကွယ်ယူပြီး ရွေးကောက်ခံ လွတ်တော်ကိုယ်စားလှယ် တဖြစ်လည်း စစ်တပိုင်း အရပ်တပိုင်း အစိုးရ ပုံစံ ပြောင်းလာခဲ့သည်။
၂၀၁၀ မေလ ၄ ရက်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အပါအ၀င် ဗိုလ်ချုပ်အချို့ (တပ်မှူး ၄၆ဦး) အပါအ၀င် ထိပ်ပိုင်း စစ်ခေါင်းဆောင်များ အရပ်ဝတ်လဲကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ကြေငြာခဲ့သည်။
(ခ) ဆုံးဖြတ်ခွင့် အာဏာ ဘယ်မှာလဲ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းသော စစ်ဗိုလ်အမတ်များသည် လွတ်တော် အရပ်ရပ်တွင် ၂၅ ရာခိုင်နှုန်း ရရှိထားပြီးဖြစ်သလို အဓိကကျသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးမှာ ၎င်းတို့၏ သဘောထားဆန္ဒ အပေါ်တွင်သာ မူတည်နေပေသည်။ ထို့အပြင် နအဖ စစ်ကောင်စီဘ၀မှ လူဝတ်လဲ စစ်ခေါင်းဆောင် များဖြင့် အသွင်ပြောင်းလဲလာသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များဖြင့် ဖွဲ့စည်းထားသည့် ဦးသိန်းစိန်ခေါင်းဆောင်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော်သုံးရပ်တွင် ကိုယ်စားလှယ်ပေါင်း ၈၈၂ နေရာ ရယူထားသဖြင့် အခြားသော နိုင်ငံရေးပါတီများ၏ တင်ပြပြောဆိုချက်များမှာ ထိရောက်နိုင်ဖွယ် မရှိသလို လူထု၏ ဆန္ဒသဘောထားအမှန်များကို ထိရောက်အောင် အကောင်ထည်ဖော်ဆောင်နိုင်ဖွယ် မရှိပေ။
တဖက်တွင်လည်း လက်ပန်းတောင်းတောင် စီမံကိန်း၊ ရခိုင်ပြည်နယ်အရေးကဲ့သို့သော တိုင်းပြည်ရေးရာကိစ္စများအား ဖြေရှင်းရန် လွှတ်တော်ကော်မတီများ (ဥပမာ- ဖွဲ့စည်းပုံပြင်ဆင်ရေး) နှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်များ (ဥပမာ လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်း) ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော်လည်း ပြေလည်အောင်ဆောင်ရွက်နိုင်ခြင်းမရှိပါ။
ထို့အပြင် သမ္မတ၊ ဒု-သမ္မတများ၊ လွတ်တော်ဥက္ကဋ္ဌများ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးစသည့် စစ်ဗိုလ်ချုပ်ကြီးများဖြင့် စုဖွဲ့ထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ဆန္ဒသဘောထား သာလျှင် အခရာကျသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် နေရာ ဖြစ်နေပြန်သည်။
ထိုကဲ့သို့အစိုးရ၊ လွှတ်တော်၊ လုံခြုံရေးကောင်စီ စသဖြင့် အဆင့်ဆင့်ဆုံးဖြတ်ချက်နေရာများသတ်မှတ်ထားသည့်အပြင် စစ်တပ် အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအပိုင်းတွင်သာမက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ စီမံကိန်းများ၊ ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စများကို နိုင်ငံတော်၏ အထူးလျှို့ဝှက်ချက်များအဖြစ် သီးခြား အထူးအခွင့်အရေး ရရှိနေခြင်းကြောင့် လက်ရှိ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု များတွင် ၎င်းတို့သဘောထားက အဓိကနေရာတွင် ရှိနေဆဲဖြစ်သည်။
ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးများ ခေါင်းဆောင်သည့် န၀တ၊ နအဖ စစ်အာဏာသိမ်း အစိုးရဘ၀မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြောထောက်နောက်ခံပြု ရွေးကောက်ခံ အစိုးရအဖြစ် အသွင်ပြောင်းလဲလာခဲ့ပါတော့သည်။ ထို့ကြောင့် ယနေ့တိုင်းပြည်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် ဥပဒေပြုရေးအပါအ၀င် အဓိကကျသောစီမံခန့်ခွဲရေး အခန်းကဏ္ဍများတွင် စစ်တပ်၏ချုပ်ကိုင်လွှမ်းမိုးမှုများ ကြီးမားစွာ ရှိနေဆဲဖြစ်သည်။ တဆက်တည်းမှာပင် ၎င်းတို့နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ(ခရိုနီ)သည်လည်း ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကြိုးပမ်းမှုကာလတွင် အဟန့်အတားဖြစ်နေသကဲ့သို့ ၎င်းတို့၏ အသွင်ကူးပြောင်းရေးကာလ ပါဝင်ဆောင်ရွက်မှုများကို အထူးအလေးထားစောင့်ကြည့်သွားရန် လိုအပ်သည်။
(ဂ) တရားဝင်မှုဆိုင်ရာ စိန်ခေါ်ချက်
နအဖ စစ်အုပ်စု၏ တဖက်သတ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ အတည်ပြုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ နှင့် ၂၀၁၀ ရွေးကောက်ပွဲများသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ဖွယ်မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးပွဲများဖြစ်မြောက် ရေးအတွက် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဖိအားပေးခဲ့သည်။
ထို့ပြင် ၂၀၀၉ ခုနှစ်မှစ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ အတင်းသွတ်သွင်းခဲ့ခြင်း နှင့် နိုင်ငံရေး သဘောတူညီချက် မရှိဘဲ တပ်ဖွဲ့အသွင်ပြောင်းခြင်း၊ နယ်ခြားစောင့်တပ်အဖြစ် အတင်းအဓမ္မဖိအားပေး ပြောင်းခိုင်းခြင်း များကြောင့် န၀တ စစ်အစိုးရ နှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့စည်းများ၏ တန်ပြန် ခုခံစစ်ပွဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများ နှင့် ဖွဲ့စည်းထားသည့် စီအာပီပီ၊ ယူအန်အေ စသည့် တိုင်းရင်းသားနိုင်ငံရေး ပါတီများဖက်ကလည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နှင့် ရွေးကောက်ပွဲကို တရားဝင် သပိတ်မှောက်ခဲ့ခြင်းကလည်း စစ်အုပ်စု၏ တရားဝင်မှုကို ထိခိုက်စေခဲ့သည်။
တဖက်တွင်လည်း သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း နိုင်ငံတကာ ခရီးစဉ်များနှင့်အတူ ရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ်ခြင်း၊ မြန်မာ့ ငွေကြေးစနစ်၊ ဘဏ်စနစ်များကို နိုင်ငံတကာ စံချိန်စံညွန်းအညီ ပြုပြင်ရန် ကမ္တာ့ငွေကြေးအဖွဲ့ အစည်းများအား ၀င်ရောက်ခွင့်ပြုခြင်း၊ တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ပြင်ဆင်ခြင်း၊ အာစီယံ အလှည့်ကျ သဘာပတိအဖြစ် လက်ခံခြင်း၊ ဆီးဂိမ်းကျင်းပခြင်း စသဖြင့် တရားဝင်မှု ရရှိအောင် ဘက်ပေါင်းစုံမှ ဆောင်ရွက်ခဲ့ သည်ကို တွေ့မြင်ရမည်ဖြစ်သည်။
(ဃ) ဖိအားများအားလျော့ချခြင်းနောက်က စိန်ခေါ်မှုများ
နေအိမ်အကျယ်ချုပ်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရကိုယ်စားလှယ်များ တွေ့ဆုံခြင်း၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်လာပြီးနောက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ပြီး နောက်ပိုင်း နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဖိအားပေးပိတ်ဆို့မှုများကို တဖြေးဖြေးချင်း လျှော့ချပေးခဲ့ကာ ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင် လာခဲ့သည်။
အပစ်ခတ်ရပ်စဲရေးအဖွဲ့များအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက် လိုက်ပါရေးနှင့် တပ်ဖွဲ့အသွင်ပြောင်းလဲရေး စီမံချက် အစား ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး၊ ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးရေး ဆိုသည့် အဆင့် ၂ ဆင့်ပါသည့် ၅ ချက် ၈ ချက် ပါ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တရပ်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအား ချဉ်းကပ်လာခဲ့သည်။ သို့သော် ယင်းစီမံချက်မှာ ပုံစံသစ် မဟုတ်ဘဲ အားလုံးအား နောက်ဆုံးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လေးစားလိုက်နာပြီး ပါတီပြောင်း လွတ်တော်တွင်းဝင်ရောက်ရေး ဖြစ်နေသည့်အတွက် သဘောတူညီမှုမရှိခဲ့ပေ။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေး မူဘောင်ဆွေးနွေးရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးဆိုသည့် အဆိုပြုချက်အသစ် တရပ်ကို ၂၀၁၃ အောက်တိုဘာလ ၁၃ ရက်နေ့ ဦးသိန်းစိန်၏ သမ္မတ မိန့်ခွန်းတွင် ထပ်မံပြောဆိုလာခဲ့ပြန်သည်။ သို့သော် ယနေ့တိုင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုပင် လက်မှတ်ရေးထိုးနိုင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။ ဤသည်မှာ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများအနေဖြင့် ဦးသိန်းစိန်အစိုးရ၏ ဆန္ဒသဘောထားအပေါ် သံသယရှိနေဆဲဖြစ်သလို စစ်မှန်သည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး နှင့် အနာဂါတ်တပ်မတော်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေးအဖြေရှာခွင့်နှင့် အာမခံချက်အမှန်တကယ် ပေးနိုင်ခြင်းရှိမရှိအပေါ် မေးခွန်းထုတ်နေဆဲဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီး ဦးသိန်းစိန်အစိုးရနှင့် အပစ်ခတ်လက်မှတ်ရေးထိုးထား သည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၄ ဖွဲ့ရှိခဲ့သော်လည်း နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများ မစတင်နိုင်သေးခြင်း။ တိုင်းရင်းသား နယ်မြေများတွင် စစ်ရေးတိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေခြင်းများ(ကချင်၊ ရှမ်းဒေသများ) ကလည်း လက်ရှိအစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ယုံကြည်မှုများ ကျဆင်းစေခဲ့သည်။
ထို့ပြင် ပြင်ပ နိုင်ငံသားများ ပြန်လည်ဝင်ရောက်ခွင့်ပြုခြင်း၊ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးခြင်းနှင့် မီဒီယာ လွတ်လပ်ခွင့် များ၊ လူထုသဘောထားဆန္ဒဖော်ထုတ်မှုများကို အကန့်အသတ်ဖြင့်ခွင့်ပြုလာခဲ့ခြင်းဖြင့် ၄င်းတို့အနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု များကို တစစ ဖြေလျော့ လုပ်ဆောင်နေသည့် ပုံစံ ပြောဆိုလာခဲ့သည်။
သို့သော် အကန့်အသတ်ဖြင့် ခွင့်ပြုလာသည့် အခြေအနေပေးမှုနောက်တွင် ပြည်သူလူထုအတွင်း နှစ်ပေါင်းများ စွာခံစားခဲ့ ကြရသည့် စစ်အာဏာပိုင်များနှင့် ၄င်းတို့နီးစပ်ရာ စီးပွားရေးသမားများ၏ ခေါင်းစဉ်အမျိုးမျိုးတပ်ထားသည့် မြေသိမ်း၊ ယာသိမ်း မှုများ၊ ဒေသခံ လူထု၏ ဆန္ဒသဘောထားမပါသည့် စီမံကိန်းများနှင့်ပတ်သက်သည့် လယ်သမား၊ အလုပ်သမားများ၏ တောင်းဆို တိုက်ပွဲဝင်မှုများကား တနေ့တခြား အရှိန်မြင့်တက်လာမှုကိုကား တားဆီးနိုင်ခြင်း မရှိသလို ပြေလည်အောင် ဖြေရှင်းပေးနိုင်သည့် အနေအထားလည်း မမြင်တွေ့ရသေးပါ။ ပြည်သူလူထု၏ မူလအခြေခံ ရပိုင်ခွင့်များအား ကာကွယ်စောင့်ရှောက်နိုင်သည့် ဥပဒေများ ကင်းမဲ့နေသလို အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်နှင့် ၎င်းတို့ နီးစပ်ရာ စီးပွားရေးလုပ်ငန်းရှင်များ သဘောထားကသာ အဆုံးအဖြတ်ဖြစ် နေပေရာ လူထု အထွေထွေမကျေနပ်မှုများ ကြီးထွားနေဆဲဖြစ်သည်။ အခြေခံ အောက်ခြေ လူများစုကြီးဖြစ်သည့် လယ်သမား၊ အလုပ်သမားများ အကျိုးထက် လူနည်းစု အချို့အတွက် သာဖြစ်နေသေးသည့်အတွက် လက်ရှိအစိုးရပြောဆိုနေသော ပြုပြင်ပြောင်းလဲမှု အပေါ် ယုံကြည်စိတ်ချမှု လုံးဝ မရှိကြသေးပါ။
အခြားတဖက်တွင်လည်း အစိုးရတာဝန်ရှိသူများကိုယ်တိုင် ဖွဲ.စည်းပုံပြင်ဆင်ရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ တွေ့ဆုံ ဆွေးနွေးအဖြေရှာရေး၊ ဖက်ဒရယ်စနစ်ဖော်ထုတ်ရေး- စသည့် နိုင်ငံရေးစကားလုံးများကို ထုတ်ဖော်ပြောဆိုမှုများ ရှိလာခဲ့သလို ဝေဖန်ပြောဆိုမှုများကို လမ်းဖွင့်ပေးထားခဲ့သည်။
၂။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်
နအဖ စစ်အစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင် က ၂၀၁၀ မတ်လ ၆ ရက်နေ့တွင် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်ရန် ဖိအားပေးခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စီအာပီပီ အဖွဲ့ဝင်များက လိုက်နာခဲ့ခြင်းမရှိခဲ့ပေ။ ရွှေဂုံတိုင်ကြေငြာချက်၊ ကလေးကြေညာချက်(၂၁ရာစုပင်လုံ)၊ ၂၀၀၈ ဖွဲ့စည်းပုံတိုက်ဖျက်ရေး နှင့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ခေါင်းစဉ်များအောက်တွင် အတူတကွ ရပ်ခံ တိုက်ပွဲဝင်ခဲ့ကြသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အစိုးရ ကိုယ်စားလှယ်နှင့် အကြိမ်ကြိမ် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင်ခြင်း နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းတို့အား ဗဟိုကော်မတီအစည်းဝေး ခေါ်ယူဆုံးဖြတ်ပြီးနောက်တွင် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု ပုံစံများ ပြောင်းလဲလာခဲ့သည်။
အထူးသဖြင့် လွတ်တော်တွင်း ၀င်ရောက်ကြိုးပမ်းမှုနှင့် လွတ်တော်ပြင်ပ ကြိုးပမ်းမှု နှစ်ခုစလုံးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လူထုအား အသိပေးခဲ့သည်။
၂၀၁၀ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်၍ ပါတီ ကိုယ်စားလှယ်လောင်း ၄၂ ဦးဝင်ရောက်ယှဉ်ပြိုင်ရာ ၄၁ နေရာ အနိုင်ရရှိခဲ့သည်။
• ပြည်တွင်းငြိမ်းချမ်းရေး၊
• ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့်
• တရားဥပဒေစိုးမိုးရေး
ဟူသော နိုင်ငံရေး ဦးတည်ချက် သုံးရပ်ကို ကိုင်စွဲရင်း လွတ်တော်တွင်းသို့ ၀င်ရောက်သွားခဲ့သည်။
တဖက်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတရပ်ကို ၂၀၁၃ ဇန်န၀ါရီလတွင် ပထမဆုံး အကြိမ် ခေါ်ယူနိုင်ခဲ့ပြီး ခေါင်းဆောင်မှုအသစ်၊ စုဖွဲ့မှုအသစ်များကို ပြုလုပ်ခဲ့သည်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှ မွေးဖွားခဲ့သည့် နိုင်ငံရေးပါတီ၊ ၁၉၉၀ ပြည့် အနိုင်ရပါတီ၊ လူထု ခေါင်းဆောင် ဦးဆောင် သည့် နိုင်ငံရေးပါတီကြီးတရပ်အနေဖြင့် ပြည်သူလူထု နှင့် နိုင်ငံတကာ၏ ထောက်ခံအားပေးမှုများ ရရှိနေဆဲဖြစ်သည်။ သို့သော် လက်ရှိ ပါတီခေါင်းဆောင်များနှင့် အောက်ခြေပါတီဝင်များကြား၊ ဗဟိုနှင့် မြို့နယ်ကြား၊ ပါတီဝင် အချင်းချင်းကြား ဖြစ်ပေါ်နေသော ပါတီတွင်း စည်းရုံးရေးမှုအခြေအနေ လျော့လျဲနေမှုကို ထိမ်းသိမ်းလုပ်ကိုင်နေရပြီး ပါတီဝင်များ၏ နိုင်ငံရေးသဘောထား မြှင့်တင်ရေး၊ လူထု စည်းရုံးရေး၊ အတတ်ပညာတည်ဆောက်ရေးစသည့် ပါတီတွင်းတည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရသည်။ ပညာရေး၊ ကျန်းမာရေး ကွန်ယက်များဖွဲ့စည်းကာ အောက်ခြေလူထုအတွက် အခြေခံလူမှုရေးလုပ်ငန်းများကိုလည်း တိုးချဲ့လာခဲ့သလို နိုင်ငံအနှံ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေး လူထုဟောပြောပွဲများကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြုလုပ်လာခဲ့သည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် CRPP အပါအ၀င် အခြားသော ဒီမိုကရေစီနှင့် တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနှင့် ဆက်စပ်လုပ်ဆောင်မှုများ တနည်းအားဖြင့် မဟာမိတ်စုဖွဲ့မှုလုပ်ငန်းစဉ်မှာ ယခင်ကထက် အလှမ်းဝေးလာနေ သည်ဆိုသည့် ဝေဖန်ပြောဆိုချက်များ အပေါ် အမြန် ပြန်လည် သုံးသပ်ရန် လိုအပ်နေသည်။
ထို့ပြင် ယခင်က ပြောဆိုတင်ပြခဲ့သည့် ၂၁ရာစု ပင်လုံ ညီလာခံ ကျင်းပရေးနှင့် ပတ်သက်သည့် ပြောဆိုမှုများ နည်းပါးလာ သလို၊ လက်ရှိဖြစ်ပေါ်နေသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် နိုင်ငံရေးပါတီကြီးတခုအနေဖြင့် ယခုထက် ပိုမို နီးစပ်လုပ်ကိုင် ရန် လိုအပ်နေပေသည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ဘဲ တရားမျှတသည့်ရွေးကောက်ပွဲမဖြစ်နိုင်ဟု တရားဝင် ပြောဆိုခဲ့ သော်လည်း လက်တွေ့အခြေအနေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မိမိတို့တင်ပြထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အချက်အလက်များ လစ်လျူလျုခံခဲ့ပါကလည်း ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့် အနေအထား ဖြစ်နေသည်။
ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွတ်တော်တွင်း ကြိုးပမ်းမှုမှာ မိမိတို့ ထင်သလောက် ခရီးမပေါက်သလို ဖြစ်နေကာ လွတ်တော်ပြင်ပ ကြိုးပမ်းမှုများကိုလည်း တိုးမြင့်ဆောင်ရွက်သွားရန် လိုအပ်နေပေသည်။
၃။ အခြား နိုင်ငံရေးပါတီများနှင့် အင်အားစုများ
(က) ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများ (ယူအန်အေ)
နိုင်ငွေသိမ်း၊ ဦးခွန်ထွန်းဦး စသည့် တိုင်းရင်းသားခေါင်းဆောင်များဖြင့် စုစည်းထားသည့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင်များအနေဖြင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုက်ဖျက်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ ၂၁ ရာစုပင်လုံ ဖြစ်ပေါ်ရေး ကြိုးပမ်းမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတူ စုစည်း ရပ်ခံ တိုက်ပွဲဝင်ခဲ့ကြ သည်။
သို.သော် ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၀င်ရောက်ခဲ့ပြီးနောက်ပိုင်းတွင် တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် လွတ်တော်ပြင်ပ နိုင်ငံရေး လမ်းကြောင်းကိုသာ ဆက်လက် ရွေးချယ်ခဲ့ကာ-
- ၂၀၀၈ ဖွဲ.စည်းပုံ အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲရေး၊
- ဖက်ဒရယ်ရေး၊
တတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တို့အတွက် အင်အားစုအားလုံးပါဝင်သည့် လွတ်တော်ပြင်ပ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို အဓိက ဦးစားပေးအဖြစ် လုပ်ဆောင်လာခဲ့သည်။
(ခ) လွတ်တော်တွင်းလမ်းကြောင်းပေါ်မှ အခြား နိုင်ငံရေးပါတီများ
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးထက် လက်ရှိရရှိနေသော အခြေအနေကို အခွင့်အလမ်း တရပ်အနေဖြင့် ရွေးချယ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအားဝင်ရောက်ယှဉ်ပြီုင်ခဲ့ကြသလို တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၅ ပါတီစုပေါင်း၍ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဖွဲ့စည်းခြင်းမျိုးဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်စုဖွဲ့မှုများ စတင်လုပ်ဆောင်နေကြသည်။
(ဂ) လွတ်တော်ပြင်ပ အခြားနိုင်ငံရေးအင်အားစုများ
၂၀၀၇ သံဃာ လှုပ်ရှားမှုများ မတိုင်ခင် နောက်ဆုံးအကြိမ် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည့် ၈၈ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွသူများ အားလုံးနီးပါး ပြန်လည်လွတ်မြောက်လာခဲ့သည်။ ကိုမင်းကိုနိုင်ခေါင်းဆောင် သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းများစုစည်း၍ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းစဉ်အောက်တွင် လူထုအသိပညာပေးရေး လုပ်ငန်းများကို လုပ်ဆောင်ခြင်း၊ လူထုအတွင်း ရင်ဆိုင်နေရသော လူမှုရေးပြဿနာများအား ဥပဒေအရ အထောက်အကူဆောင်ရွက်ခြင်းနှင့် အလုပ် သမား၊ လယ်သမားရေးရာများ အားဝင်ရောက် ဖြန်ဖြေသည့် ကိစ္စ များကို လုပ်ဆောင်နေသည်။
၂၀၁၄ ဖေဖော်ဝါရီလတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုများနောက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် လက်တွဲ၍ ကြိုးပမ်းဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့သည်။
ယနေ့အချိန်ထိ ၈၈ ငြိမ်းပွင့်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးပါတီ ထောင်ခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြောဆိုမှုမျိုး မရှိသေးပါ။
တပြိုင်နက်တည်းမှာပင် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ကြေငြာချက်စာတမ်းပါ ဆုံးဖြတ်ချက် သုံးရပ် အကောင်ထည်ဖော် နိုင်ရေးအတွက် လုပ်ငန်းကော်မတီများကို အခြားသောနိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်း၍ အကောင်ထည်ဖော်ဆောင်ရွက်ရန် ကြိုးပမ်းနေဆဲဖြစ်သော်လည်း ကျယ်ပြန့်သည့် စုစည်းမှုမျိုးဖြစ်ရန် လက်တွေ့ အခက်အခဲများ ရင်ဆိုင်နေရသလို ဆုံးဖြတ်လုပ်ဆောင်မှု အ၀န်းအ၀ိုင်းတွင် ၆၂၊ ၇၄ ၀ါရင့်နိုင်ငံရေးသမားများနှင့် အခြားသော ပြည်နယ်၊ တိုင်းများမှ ၈၈ မျိုးဆက်များ၏ သဘောထားများ ပါဝင်လာနိုင်ရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်လျက် ရှိသည်။
မြန်မာနိုင်ငံရေးတွင် အဓိက အင်အားတခုအဖြစ် လူထုထောက်ခံမှုရရှိထားသော ၈၈ ခေါင်းဆောင်များထဲမှ အချို့ပုဂ္ဂိုလ်များ သည် လွတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှုများမှတဆင့် နိုင်ငံရေးပါတီထောင်ခြင်း (သို့မဟုတ်) နိုင်ငံရေး ပါတီတခုသို့ဝင်ခြင်းဖြင့် လွတ်တော်တွင်း နိုင်ငံရေးလမ်းကြောင်းပေါ်သို့ မကြာမှီ ရောက်ရှိသွားနိုင်သည့် အနေအထား ရှိနေသည်။
၆၂၊ ၇၄ မျိုးဆက် နိုင်ငံရေးခေါင်းဆောင်များ၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်၊ ဗကသ၊ တကသ လှုပ်ရှားမှုများ အားကောင်းလာသလို ပြည်တွင်းငြိမ်းချမ်းရေး၊ တက္တသိုလ်သမဂ္ဂများဖော်ထုတ်ရေး အပါအ၀င် ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း၊ ပြည်သူလူထု လယ်သိမ်း။ မြေသိမ်းတိုက်ပွဲများ၊ အလုပ်သမားတိုက်ပွဲများတွင် လူထုနှင့်အတူ ၀န်းရံ ပံ့ပိုးမှုများ လုပ်ဆောင်နိုင်ခဲ့ကြသည်။
ပြည်သူလူထုမှာ မိမိတို့၏ နစ်နာချက်များကို မိမိတို့ကိုယ်တိုင် စုစည်း ဦးဆောင် တိုက်ပွဲဝင်နေရသဖြင့် အစိုးရအပေါ်သာမက နိုင်ငံရေးအင်အားစုများအပေါ် ယုံကြည်အားထားမှုများ နည်းပါးလာနေသည်ကို အထူးသတိပြုရန် လိုအပ်နေသည်။
၎။ နယ်စပ်အခြေပြုအဖွဲ့အစည်းများ၊ တပ်ပေါင်းစုများ
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနှင့် ၁၉၉၀ ရွေးကောက်ပွဲပြီး ပေါ်ပေါက်ခဲ့သော နယ်စပ်အခြေပြုအဖွဲ့အစည်းများ နှင့် တပ်ပေါင်းစုများမှာ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအပေါ် တဦးချင်း၊ တဖွဲ.ချင်း သီးခြား လှုပ်ရှားမှုများနှင့်အတူ ပြိုကွဲသွားခဲ့ပြီး မိမိတို့ အဖွဲ့အစည်းများအကြား နိုင်ငံရေးအရ စုစည်းမှုကိုလည်း ဆက်လက် ထိမ်းသိမ်းနိုင်မှု အားနည်းလာခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွတ်တော်အမတ်များဖြင့် ဖွဲ့စည်းခဲ့သည့် ဒေါက်တာစိန်ဝင်း ဦးဆောင်သည့် အမျိုးသားညွန့် ပေါင်းအစိုးရ (NCGUB) ကို တရားဝင် ဖျက်သိမ်းခဲ့သည်။ တချိန်က လွတ်မြောက်နယ်မြေ၏ အထင်ကရ တပ်ပေါင်းစုတခုဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) သည် အဖွဲ့ဝင်များ၏ ယုံကြည်မှု ကင်းမဲ့လာကာ အလုပ်အဖွဲ့ ကော်မတီများ၏ လှုပ်ရှားမှုများ မှာလည်း ရပ်တန့်သွားခဲ့ရသည်။
တပြိုင်နက်တည်းမှာပင် NDF, DAB, FDB တပ်ပေါင်းစုများမှာလည်း အဖွဲ့ဝင်များကြား ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေအပေါ် ရှုမြင်သုံးသပ်မှု ကွဲလွဲလာမှုများ၏ နောက်တွင် စုစည်းညီညွတ်မှု အားနည်းလာခဲ့သည်။
၂၀၁၂ ခုနှစ်တွင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် စုစည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ပေါ်ပေါက်လာကာ ယနေ့နိုင်ငံရေးအခြေအနေနှင့်အညီ အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲ၊ အနာဂါတ် ပြည်ထောင်စု စုဖွဲ့ရေး၊ တပ်မတော်ပြုပြင်ပြောင်းလဲရေး ကိစ္စများကို စုပေါင်း ဆွေးနွေး အဖြေရှာရန် ကြိုးပမ်း လာခဲ့သည်။ ဤသို့ဖြင့် UNFC သည် ယနေ့ကာလတွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့စည်းများအတွက် နိုင်ငံရေး၊ စစ်ရေး တပ်ပေါင်းစု တခု အဖြစ်ရပ်တည် လျက်ရှိသည်။
၅။ သီးခြားဖြစ်စဉ်များ
၂၀၁၂-၂၀၁၃ခုနှစ်မှ စ၍ ၉၆၉၊ မျိုးစောင့်ဥပဒေ၊ အမျိုးဘာသာ ကာကွယ်ရေးအဖွဲ့ စသဖြင့် ဗုဒ္ဓဘာသာ သံဃာ အချို့ ဦးဆောင်သည့် လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ဒီမိုကရေစီ အခြေခံအရ လွတ်လပ်စွာ သဘောထားကွဲ ပိုင်ခွင့်ကို လေးစားရမည် ဆိုသော်လည်း လူ့အခွင့်အရေးစံတခုဖြစ်သည့် တဦးချင်း လွတ်လပ်စွာယုံကြည်မှုကို မထိခိုက်ရေးအား အလေးထား ဂရုစိုက်ရန် လိုအပ်သည်။ ရခိုင်အရေးအခင်း၊ မိတ္ထီလာ အရေးအခင်းများကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအကြား မြန်မာနိုင်ငံအတွင်း ဥပဒေ စိုးမိုးရေး နှင့် လူ့အခွင့်ရေး အခြေအနေအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
မတူကွဲပြားသော ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်ယုံကြည်မှုများအကြား သဘောထားကြီးမှုနှင့်အပြန်အလှန်လေးစား အသိအမှတ်ပြု မှုများ ဖွံ့ဖြိုးထွန်းကားမှုလိုအပ်နေသေးသည်။
၆။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုများ
(က) နိုင်ငံရေး အဖြေရှာခွင့် မရခဲ့သည့် အပစ်ခတ်ရပ်စဲရေး
ညောင်နှစ်ပင်ညီလာခံ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးတွင် မိမိတို့၏ ဆန္ဒသဘောထားများကို လစ်လျူရှုခံခဲ့ရ ယုံသာမက နယ်ခြားစောင့်တပ် (BGF)၊ ဌာနေပြည်သူ့စစ် (HBGF) များအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ၂၀၁၀၊ ၂၀၁၁ ခုနှစ်များအတွင်း အကြပ်ကိုင်ခံခဲ့ကြရသည်။ အင်အားကြီး အဖွဲ့စည်းများ UWSA, KIO, SSAN, NDAA (မိုင်းလား) နှင့် NMSP (မွန်ပြည်သစ်ပါတီ) တို့အနေဖြင့် နအဖ စစ်အစိုးရ၏ ၂၀၁၀ ဧပြီ ၂၈ ရက်နေ့ နောက်ဆုံးထားတင်ပြလာသည့် မလိုက်နာပါက မတရားအသင်းကြေငြာခြင်း၊ အပစ်ရပ်ထားမှုကို ဖျက်သိမ်းခြင်း စသည့် ခြိမ်းခြောက်မှုများကို လုံးဝငြင်းဆန်ခဲ့ကြသည်။
သို့သော် အချို့သော အပစ်ခတ်ရပ်ဆဲထားသည့် အဖွဲ့များ (ဥပမာ- ကလလတ၊ ရလလဖ၊ ကယန်းပြည်သစ်၊ DKBA) မှာ ဖိအားပေးအကြပ်ကိုင်မှုများအောက်တွင် တပ်ဖွဲ့ အသွင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြရပြီး မိမိတို့၏ မူလ နိုင်ငံရေးစုစည်းမှုများကို ပုံစံသစ်အဖြစ် ထိမ်းသိမ်းနေရသည့် အနေအထားရောက်ရှိသွားခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲပြီး သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရတက်လာပြီး အဆင့် ၂ ဆင့်ပါ ၅ ချက် ၈ ချက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့စည်းများနှင့် အစိုးရအကြား အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပြောဆိုမှုများ ပြန်လည်ဖြစ်ခဲ့ကာ အဖွဲ့ ၁၄ ဖွဲ့က ပဏာမ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့သည်။ ကချင်ဒေသ၊ ရှမ်းပြည်မြောက်ပိုင်းတွင် ၂၀၁၂ခုမှ စတင်ခဲ့သည့် အစိုးရ စစ်ဆင်ရေးများတိုးမြင့်လာမှုကြောင့် KIO၊ TNLA ၊ ရှမ်း (မြောက်) တို့နှင့် စစ်ရေး ပဋိပက္ခများ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရကာ ယနေ့တိုင် ပြေလည်မှုမရရှိသေးပါ။
(ခ) တတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေး
အရင်းခံ နိုင်ငံရေးပြဿနာများကို ဆွေးနွေးအဖြေရှာခွင့် အမခံချက်မရှိသော အပစ်ခတ်ရပ်စဲရေးများသည် မည်သို့မျှ စစ်မှန်သည့် ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ကြောင်း သမိုင်းသင်ခန်းစာ ထုတ်ယူကြရတော့မည်။ တဦးကောင်း၊ တဖွဲ့ကောင်း ကြိုးပမ်းမှုဖြင့်လည်း မဖြစ်နိုင်သလို မိမိတို့ ဘ၀တူ အင်အားစုများ၏ စုစည်းညီညွတ်မှုဖြင့်သာ ရရှိနိုင်မည်ကိုလည်း သတိပြုမိခဲ့ကြသည်။
ထို့ကြောင့် လက်နက်ကိုင်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများစုပေါင်း၍ ၂၀၁၃ နိုဝင်ဘာ ၂ ရက် ကချင်ပြည်နယ် လိုင်ဇာကွန်ဖရင့်၊ ၂၀၁၄ ဇန်န၀ါရီ ၂၅ရက် ကရင်ပြည်နယ် လောခီးလာတို့တွင် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးမူဘောင် ဆွေးနွေးရေး၊ နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေး၊ ဖက်ဒရယ်စနစ် အာမခံချက်နှင့် အနာဂါတ်တပ်မတော်ပိုင်းဆိုင်ရာ ကိစ္စများအပေါ် တပြိုင်နက် ညှိနှိုင်းအဖြေရှာနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်လာကြသည်။ ရရှိခဲ့သည့် သဘောတူညီချက်များအား အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီနှင့် ဆက်လက် ညှိနှိုင်းဆဲဖြစ်သည်။
အခြားတဖက်တွင်လည်း UNFC ကဲ့သို့သော နိုင်ငံရေး တပ်ပေါင်းစု၏ ဦးဆောင်မှုဖြင့် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား နိုင်ငံရေး၊ စစ်ရေး အပြန်အလှန် ၀န်းရံ ပံ့ပိုးနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေ ဖော်ထုတ် နေကြရသည့် အခြေအနေဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကို လက်နက်ဖြင့် အင်အားသုံး ဖြေရှင်းသည့်နည်းအစား စားပွဲဝိုင်းပေါ်တွင် နိုင်ငံရေး နည်းအရ ဆွေးနွေးအဖြေရှာရေးဖြင့် အစားထိုးရန် ခိုင်မာသည့် အမာခံချက်ရရှိရေးမှာ လက်ရှိအစိုးရပေါ်တွင် မူတည်နေပေသည်။
၇။ လူထုအခြေအနေ
(က) အခွင့်ရေးဆုံးရှုံးမှုများနှင့် ထွေထွေအကြပ်အတည်း
အခြေခံ ပြည်သူလူထုကြီးမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အခြေခံ အကျပ်အတည်းများ ကြားတွင် ဘ၀ရှင်သန် ရေးအတွက် ရုန်းကန်နေရသလို သက်ဆိုင်ရာအာဏာပိုင်များ၏ ခေါင်းစဉ်အမျိုးမျိုးဖြင့် မြေနေယာ သိမ်းပိုက်ခြင်းဆိုင်ရာ ကိစ္စများကိုလည်း တဖက်မှတိုက်ပွဲဝင်နေရသည်။ မိမိတို့၏အခြေခံရပိုင်ခွင့် (အသက်ရှင်ပိုင်ခွင့်၊ မြေယာပိုင်ဆိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့်)များ ဆုံးရှုံးနေရသည်။
နိုင်ငံတ၀ှမ်းမြေသိမ်းရာတွင်-
o မြို့ပြများ တိုးချဲ့ရေး၊
o စက်မှုဇုံ၊
o တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များတိုးချဲ့တည်တောက်ရေး (တပ်မြေအဖြစ်သိမ်းဆည်းခြင်း)၊
o နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများတည်ဆောက်ရေး၊
o စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိကကုမ္ပဏီများသို့ မြေနေရာ ချထားခြင်း
စသဖြင့် အာဏာပိုင်များ၊ တပ်မတော်နှင့် ၄င်းတို့နီးစပ်ရာ ပုဂ္ဂလိကစီးပွားရေးကုမ္ပဏီများက အမည်အမျိုးမျိုးခံ သိမ်းဆည်း ခဲ့ကြခြင်းဖြစ်သည်။ ဤသို့ နိုင်ငံတ၀ှမ်းမြေသိမ်းမှုများဖြေရှင်းရေးကို ပြေလည်အောင်မဆောင်ရွက်ဘဲ လူထုဆန္ဒသဘောထားပေါ် ရှေ့ရှုဆောင်ရွက်နေသည်ဆိုသည့် အစိုးရ၏ ပြောဆိုချက်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။
မြန်မာနိုင်ငံ အထက်ပိုင်း (မန္တလေးတိုင်းနှင့် မကွေးတိုင်း) အပူပိုင်းဇုန် သတ်မှတ်ဧရိယာ ၁၆ ခုရှိ အိမ်ထောင်စု ၂၆ ဒဿမ ၅ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက် ရောက်နေပြီး ၁၈ ဒဿမ ၅ ရာခိုင်နှုန်းသည် စားနပ်ရိက္ခာ မလုံလောက်ကြောင်း WFP ကမ္တာ့စားနပ်ရိက္ခာအစီအစဉ်၊ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့၏ ပူးပေါင်းလေ့လာရေးစာတမ်းကဖော်ပြထားပေရာ အခြေခံလူထု၏ လူမှုဘ၀အခြေအနေမှာ အဆိုးဝါးဆုံးအခြေအနေသို့ ဆိုက်ရောက်နေပေသည်။
o အခြေခံ အလုပ်သမားများ အခွင့်အရေးများ အပြည့်အ၀ရရှိရေး (လစာ ဖူလုံရေး)၊
o လယ်သိမ်းမြေသိမ်းခံများ၏ မိမိ မူလပိုင် လယ်မြေများ ပြန်လည်ရရှိရေး-
လှုပ်ရှားမှုများမှာလည်း နိုင်ငံအနှံ့ ဖြစ်ပေါ်နေသော်လည်း ပြည်သူလူထု၏ ဘ၀မှာ ဥပဒေ၏ အကာကွယ်ပေးမှု မရရှိသည့်အပြင် အားကိုးရာမဲ့နေရာမှ မိမိတို့ကိုယ်တိုင် ဦးဆောင်တိုက်ပွဲ ၀င်နေရသည့် အနေအထား ဖြစ်နေသည်။
(ခ) စုစုပေါင်းထုတ်ကုန် (GDP)၊ ငွေကြေးဖောင်းပွမှု နှင့် ရင်းနှီးမြှုတ်နှံမှု
၂၀၁၂ - ၂၀၁၃ စုစုပေါင်းထုတ်ကုန် ဂျီဒီပီ ၇ ဒဿမ ၅ ရာခိုင်နှုန်းမြင့်တက်မှုရှိကာ ၂၀၁၃ - ၂၀၁၄ တွင် ၇ ဒဿမ ၇ ရာခိုင်နှုန်း ခန်.မှန်းကြောင်း ကမ္တာ့ငွေကြေးရံပုံငွေအဖွဲ. (IMF) ၏ ၂၀၁၁၄ ဇန်န၀ါရီ ၂၁ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
သို.သော် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ဘတ်ဂျက်လိုငွေပြမှုသည် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်အတွင်းတွင် ၂၃၂၃ ဒဿမ ၇ ဘီလီယံ ကျပ် ရှိခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ.ဖြိုးတိုးတက်မှုဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ဖော်ပြခဲ့သည်။ ထိုသို့လိုအပ်နေသည့်ဘတ်ဂျက်အား ငွေကြေးရိုက်ထုတ်သည့် နည်းလမ်းဖြင့်သာ ဖြေရှင်းနေဆဲဖြစ် သောကြောင့် စုစုပေါင်းထုတ်ကုန် GDP တိုးတက်မှုရှိသည်ဟု ဆိုသော်လည်း ဘတ်ဂျက်လိုငွေ (Money Supply) တိုးနှုန်းမညီမျှခြင်း ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ မြင့်တက်လာ ခဲ့ရပြန်သည်။
စားသုံးသူဈေနှုန်းကို အခြေခံ တွက်ချက်မှုအရ
၂၀၁၁ - ၂၀၁၂ခုနှစ်တွင် ၂ ဒဿမ ၈ %
၂၀၁၂ -၂၀၁၃ ခုနှစ်တွင် ၂ ဒဿမ ၈၅ % နှင့်
၂၀၁၃ -၂၀၁၄ ခုနှစ်၊ ပထမ ၆ လ တွင် ၅ ဒဿမ % ငွေကြေးဖောင်းပွလျက်ရှိကြောင်း ပြည်ထောင်စုလွတ်တော်သို့ တင်သွင်းသည့် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။ ဖော်ပြပါ ငွေကြေးဖောင်းပွမှုနှုန်းအတိုင်း ဖြစ်ပေါ်နေသည့် အခြေအနေကို စနစ်တကျ စီမံခန့်ခွဲရန်လိုအပ်နေသလို အထူးသဖြင့် ပြည်သူလူထု၏ အခြေခံ စားဝတ်နေရေးပြဿနာများမှာ စိုးရိမ်ဖွယ်ရာ အခြေအနေဆိုက်ရောက် လာနိုင်သည်။
၂၀၁၀ ခုနှစ်ကျော်မှ စ၍ အမေရိကန်၊ EU, UK စသဖြင့် ဥရောပနိုင်ငံများနှင့် သံတမန် ဆက်သွယ်မှုများ နီးကပ်လာမှုနှင့် အတူ ၂၀၁၃ ခုနှစ်တွင် မြန်မာပြည်ပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းလာခဲ့ကာ မြန်မာနိုင်ငံတွင်းသိုး ရင်းနှီးမြှုတ်နှံမှုများ ပိုမိုပြုလုပ်ခဲ့ကြသည်။ တရုပ်နှင့် အပြိုင် မြန်မာနိုင်ငံမှ သွင်းကုန် အထူးအခွန် သက်သာခွင့် အခွင့်အရေးကို ရရှိခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုတ်နှံမှု အများဆုံး သုံးနိုင်ငံမှာ တရုပ်၊ ထိုင်း နှင့် ဟောင်ကောင်တို့ ဖြစ်ကာ UK နိုင်ငံမှာ ဥရောပ နိုင်ငံများထဲတွင် အများဆုံး လုပ်ဆောင်လာခဲ့သည်။
နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှုကဏ္ဍတွင် စွမ်းအင်၊ ရေနံ နှင့် သဘာဓာတ်ငွေ့ ကဏ္ဍတို့တွင်သာ ဦးစားပေးလုပ်ကိုင်နေကြသဖြင့် အခြေခံ ပြည်သူလူထု၏ အကျိုးထက် စီးပွားရေးကုမ္ပဏီများ၏အကျိုးသာ ဖြစ်နေသေးသည်။
(ဂ) ၀န်ကြီးဌာနများ၏ လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုတ်နှံမှုများ
၂၀၁၄ - ၂၀၁၅ ဥပဒေကြမ်းအရ ကာကွယ်ရေး ၀န်ကြီးဌာန ၁၇ ဒဿမ ၇ % ဖြင့် ၀န်ကြီးဌာနများတွင် အများဆုံးလျာထား သတ်မှတ်ခဲ့ကာ ပညာရေးနှင့် ကျန်းမာရေး မှာ ၃ ဒဿမ ၉ % သာ လျာထားခဲ့သည်။ ၂၀၁၄ - ၂၀၁၅ အတွက် ကျန်းမာရေး အတွက် ၂၇၀,၄၆၆ သန်း (ကျပ်) နှင့် ပညာရေးအတွက် ၂၆၈,၄၀၆ သန်း (ကျပ်) ရှိသည်ဟု ဖော်ပြခဲ့သည်။
UNICEF ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၆ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ကျန်းမာရေးတွင် ၇၈ % နှင့် ပညာရေးတွင် ၃၀% အသီးသီး ဘဏ္ဍာငွေ တိုးမြှင့် သုံးစွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။ ပြည်တွင်းစုစုပေါင်းထုတ်ကုန် (GDP)၏ ၂ % အောက်သာ ရှိသည်။ လူထု ကျန်းမာရေး နှင့် ပညာရေး ကဏ္ဍများတွင် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်က GDP ၏ ၀ ဒဿမ ၈ % အာစီယံနိုင်ငံများတွင် အနည်းဆုံး နှင့် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် GDP ၏ ၁ ဒဿမ ၇ % အာစီယံနိုင်ငံများတွင် ဒုတိယ အနည်းဆုံး နေရာတွင် ရောက်ရှိနေခဲ့ပါသည်။
(ဃ) မပြီးပြတ်သေးသည့် ဧရာဝတီ မြစ်ဆုံ၊ လက်ပန်းတောင်း နှင့် နောက်လာမည့် စီမံကိန်းများ
• လျှပ်စစ်ဝန်ကြီးဌာန ၁၅ % (အခမဲ့)
• အေးရှားဝေါ ကုမ္ပဏီ ၅ % (လက်ငင်းငွေ)
• CPI (China Power Investment Cooperation) ၈၀ % ဖြင့် -
ဧရာဝတီ မြစ်အထက်ပိုင်းတွင် စီမံကိန်း ၇ ခု - မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင်လန်ဖူး၊ ယဲ့နန်၊ လာဆာ နှင့်အတူ မြစ်ဆုံဒေသတွင် လုပ်ငန်းသုံး ရေးအားလျှပ်စစ်စက်ရုံတခု တည်ဆောက်ရေး စီမံချက်ကြီးဖြစ်သည်။ နအဖ အစိုးရသက်တမ်းတွင် သဘောတူ စာချုပ်ချုပ်ဆိုခဲခြင်းဖြစ်ပြီး ငွေကြေးပမာဏ၊ စီမံချက်၊ သဘောတူညီချက်များအားလုံး လျှို့ဝှက်ထားဆဲဖြစ်သည်။
တိုင်းရင်းသားပေါင်းစုံ၊ လူထုလူတန်းစားပေါင်းစုံ၏ စုပေါင်းတောင်းဆိုမှုကြောင့် ၂၀၁၁ ခုနှစ် ပထမအကြိမ် ပြည်သူလွတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးနှင့် အမျိုးသားလွတ်တော် ဒုတိယပုံမှန်အစည်းဝေးတွင် ဦးသိန်းစိန်က ၎င်းသမ္မတ သက်တမ်းအတွင်း မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ခေတ္တယာယီရပ်ဆိုင်းကြောင်း ကြေငြာထားခြင်းသာဖြစ်သည်။ အမျိုးသားရေးညီညွတ်မှုတခုကို ပြသနိုင်ခဲ့သည့် ဧရာဝတီ လှုပ်ရှားမှုကား အပြီးအပြတ် ငြိမ်းအေးသွားခြင်းမဟုတ်သေးပါ။ အစဉ်သတိဖြင့် စောင့်ကြည့်နေရမည့် လုပ်ငန်းတခုအဖြစ်သာမက ထာဝစဉ်ထိမ်းသိမ်းရမည့် အမျိုးသားရေးဆိုင်ရာ ထိမ်းသိမ်းမှုအဖြစ် ဆောင်ရွက်သွားရန်လိုအပ်နေသေးသည်။
၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းဆိုင်ရာ ဆွေးနွေးပွဲ အပြီးတွင် ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသည့် စီမံကိန်းများ ဆိုင်းငံ့၊ ပယ်ဖျက်မည်ဟု ပြောဆိုခဲ့ကာ ၀န်းကြီးဌာန ၃၄ ခုရှိသည့်အနက် ၀န်ကြီးဌာန ၈ ခုသာ ဆက်လက်ဆောင်ရွက် ခွင့်ပြုမည်ဖြစ်ပြီး ကျပ် ၂,၃၅၆ ဘီလီယံရှိ စီမံကိန်း ၅၀၃ ခု ကို ချပြခဲ့သည်။ ယင်းစီမံကိန်းများကို ကာကွယ်ရေးဝန်ကြီးဌာနက အများဆုံး ဆောင်ရွက်ရန်ဖြစ်ပြီး လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုတ်နှံမှု လျာထားချက်၏ ၁၇ ဒဿမ ၇ % သုံးစွဲမည်ဖြစ်သည်၊ စီမံကိန်းများနှင့် ပတ်သက်သည့် ဆွေးနွေးမေးမြန်းချက်များကို နိုင်ငံတော် လျှို့ဝှက်ချက်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများ ထုတ်ဖော်ဆွေနွေးခြင်းမပြုအပ် ဟူသော ပြည်ထောင်စု လွတ်တော် နာယကက သတိပေး တားမြစ်ခဲ့ပြန်သည်။
ဤသည်မှာ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် လူထုဆန္ဒသဘောထားမပါသော စီမံကိန်းများ၏ အကျိုးဆက်ကြောင့် ရင်ဆိုင် နေရသည့် မြစ်ဆုံစီမံကိန်း၊ လက်ပန်းတောင်းတောင်စီမံကိန်းများကို ဖြေရှင်းရန် တာဝန်မဲ့လာသည်နှင့်အမျှ နောက်ဆက်တွဲ လုပ်ဆောင် လာမည့် စီမံကိန်းများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပေပြီ။
၈။ နိုင်ငံတကာ ဆက်ဆံရေး
အမေရိကန်၊ ဥရောပ နိုင်ငံများ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ နှင့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပြင်းထန်စွာ ဝေဖန်ပြောဆိုမှု များရှိခဲ့သော်လည်း မြန်မာ စစ်အာဏာရှင်များနှင့် ထိတွေ့ဆက်ဆံမှုများကို ၂၀၁၁ ခုနှစ်မှစ၍ ပိုမိုတိုးမြှင့်ခဲ့ကြသည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးနှင့် အထူးကိုယ်စားလှယ်များ၊ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟယ်လရီ၊ သမတ အိုဘားမား အပါအ၀င် ကမ္ဘာ့ ထိပ်တန်းခေါင်းဆောင်များ ကိုယ်တိုင် မြန်မာနိုင်ငံသို့ ၂၀၁၂ - ၂၀၁၃ ခုနှစ်အတွင်း ရောက်ရှိလာခဲ့ကြပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေးလုပ်ငန်းစဉ်ကို သတိထား ကြိုဆိုခဲ့ကာ မြန်မာနိုင်ငံပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်မှုများကို လျော့ချပေးခဲ့သည်။ နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံရေး အကျပ်အတည်း ကို အငြိမ်းချမ်းဆုံး နည်းဖြင့် ဖြေရှင်းရန် သံတမန်ရေးနည်းလမ်းများဖြင့် ချည်းကပ်ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထု ကျန်းမာရေး၊ ပညာရေး လူမှုရေးဆိုင်ရာ အကူညီများ ပေးနိုင်ရေး၊ လူမှုအခြေခံအဖွဲ့အစည်းများ အားကောင်းရေး၊ ဒုက္ခသည်များကူညီရေး ခေါင်းစဉ်များဖြင့် တိုးမြှင့်ဆောင်ရွက်လာခဲ့သလို လက်ရှိအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ကူညီထောက်ပံ့မှုများ ပြုလုပ်လာခဲ့သည်။
တဖက်တွင်လည်း မြန်မာ စစ်အာဏာရှင်များဘက်မှ နှစ်ရှည်ကြားခံခဲ့သည့် တရုပ်၊ အာစီယံ၊ အိန္ဒိယ နိုင်ငံများ ဘက်မှလည်း ပြောင်းလဲလာသည့် မြန်မာ-နိုင်ငံတကာ ဆက်ဆံရေး အခြေအနောက်တွင် ယခင်ရရှိခဲ့သည့် ဆက်ဆံရေး ကို ထိမ်းသိမ်းရန်လိုအပ်သလို မိမိ အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းမှုတခုတည်းကို မကြည့်ဘဲ ဖြစ်ပေါ်နေသည့် မြန်မာ့ နိုင်ငံရေး အခင်းအကျင်းတွင် ပြည်သူလူထု၏ ဆန္ဒသဘောထားကိုပါ အလေးထားစဉ်းစားရန် လိုအပ်လာပြီ ဖြစ်သည်။
မိမိ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးအခြေနေကို အဓိကထား အခြေခံစဉ်းစားပြီး သက်ဆိုင်သည့် နိုင်ငံခြား ရေးမူဝါဒများ ချမှတ်လေ့ရှိရာ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအပါအ၀င် ဂျပန်၊ အမေရိကန်၊ ဥရောပ နိုင်ငံများ အနေဖြင့်လည်း မြန်မာ နိုင်ငံ ဒီမိုကရေစီရရှိရေး၊ ပြုပြင်ပြောင်းလဲရေးထက် အားလုံးနှင့် ထိတွေ့ဆက်ဆံရေး ပေါ်လစီကို ကျင့်သုံးခြင်းဖြင့် အာစီယံဒေသတွင်း ဖြစ်ပေါ်နေသည့် တရုပ်သြဇာ လွမ်းမိုးမှုကို ထိမ်းသိမ်းလိုရာမှ ပြောင်းလဲကျင့်သုံး လာခဲ့ခြင်းဖြစ်သည်။
သို့သော် တဖက်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ရေး အပါအ၀င် လွတ်လပ်သည့် ရွေးကောက်ပွဲများ ဖြစ်မြောက်ရေးစသော မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် သံတမန်နည်းလမ်းများဖြင့်သာ ဆက်လက်ဆောင်ရွက်သွားနိုင်ဖွယ်ရှိသည်။
၉။ တစုံလုံးဆိုင်ရာ ခြုံငုံသုံးသတ်ချက်
(က) ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေအရ အစိုးရ၊ နိုင်ငံရေးပါတီ၊ အင်အားစုများသာမက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တွေ့ဆုံဆွေးနွေးစကားပြောဆိုမှုဘောင်အတွင်းတွင် တဦးနှင့်တဦး သတိထား ထိတွေ့ ဆက်ဆံနေရသည့် အနေအထားဖြစ်သည်။ တဖက်နှင့်တဖက် အလုံးစုံ ယုံကြည်စိတ်ချရသေးသည့် အခြေအနေမျိုးမဟုတ်ပါ။ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုသည့်နည်းလမ်းကို ရွေးချယ်ကျင့်သုံးနေကြသော်လည်း လက်ရှိအခြေအနေမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်စနစ် ပေါ်ထွန်းရေးအတွက် အားလုံးလက်ခံနိုင်သည့် အဖြေရှာဖွေရန် အခက်အခဲများစွာ ရှိနေသေးသည်ကို အထူးသတိပြုရန်လိုအပ်သည်။
(ခ) ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာ ဆုံးဖြတ်လုပ်ဆောင်ချက်များတွင် ပါတီ၊ လွတ်တော်၊ အစိုးရ၊ စစ်တပ်တို့ကြား မတူညီသည့်တာဝန်များ ခွဲဝေကျင့်သုံးနေကြသော်လည်း လက်ရှိ သမတ ဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း ဆောင်ရွက်ချက်များသည် နအဖ၏ လမ်းပြမြေပုံ ၇ ဆင့်အပေါ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုနိုင်ခြင်း၊ ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်း၊ အစိုးရသစ်တရပ် ဖော်ထုတ်နိုင်ခြင်းဖြင့် အာဏာသိမ်း စစ်ကောင်စီဘ၀မှ ဖွဲ့စည်းပုံအခြေခံ စစ်တပ်ကျောထောက် နောက်ခံပြု အစိုးရ အဖြစ် ပြောင်းလဲခဲ့သည့် သမိုင်းဖြစ်သည်။
(ဂ) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများအနေဖြင့် လွတ်တော်တွင်း ကြိုးပမ်းမှု များတွင် လူထုနစ်နာချက်များ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ရေး။ ပြည်တွင်းငြိမ်းချမ်းရေး နှင့် ဥပဒေရေးရာ ချမှတ်မှုများကို ဖော်ထုတ်တင်ပြနိုင်သည့် အခွင့်အရေးများ ရရှိနေသည်။ သို့သော် ဥပဒေ အချက်အလက် တခုခြင်း၊ တပိုဒ်ခြင်း ပြင်ဆင် အတည်ပြုခြင်းဖြင့် လက်ရှိ နိုင်ငံရေး အကြပ်အတည်းကို မဖြေရှင်းနိုင်သလို လွတ်တော်တွင်းပါဝင်နေကြသော အဓိက ဆုံးဖြတ်ပိုင်ခွင့် ရရှိနေသည့် နိုင်ငံရေးပါတီ နှင့် စစ်တပ်သဘောထား မပါဘဲ မည်သည့်ဆုံးဖြတ်ချက်မှ ချမှတ်နိုင်သည့် အနေအထားမရှိပါ။ ထို့ကြောင့်မကဒတ၏ ညီလာခံအဆက်ဆက် ဆုံးဖြတ်ချက်ဖြစ်သော မဟာဗျူဟာလုပ်ငန်းစဉ် ရည်မှန်းချက် ဖြစ်သည့် လမ်းပြမြေပုံ ၇ ချက်အား အဆင့်တိုင်းတွင် တိုက်ဖျက်ရေး မူသဘောထားနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအသစ်ရေးဆွဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်းဆိုသည်မှာ ဝေါဟာရပြသနာဖြစ်သည်။ မိမိတို့နိုင်ငံလိုအပ်နေသည့်ဖွဲ့စည်းပုံမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုအာမခံချက်ရှိသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကိုဖော်ဆောင်နိုင်မည့် ဖွဲ့စည်းပုံပေါ်ပေါက်ရေးပင် ဖြစ်သည်။
(ဃ) ၂၀၁၄ - ၂၀၁၅ သည် မြန်မာနိုင်ငံအတွက် အထူးအရေးကြီးသည့် အချိန်တခုဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ရေးလှုပ်ရှားမှု၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်များ၏ အခြေခံအခွင့်ရေးရပိုင်ခွင့်လှုပ်ရှားမှု။ လူထု ဆန္ဒသဘောထားမပါသည့် စီမံကိန်းများ ရပ်တန့်ရေး လှုပ်ရှားမှု၊ ပြည်တွင်းငြိမ်းချမ်းရေး။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၏ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ လှုပ်ရှားမှုများနှင့် ဖြတ်သန်းကြရတော့မည်ဖြစ်သည်။ အထွေထွေအကြပ်အတည်း များအားကျော်လွားရန် လူထုကိုယ်တိုင် တိုက်ပွဲဝင်နေသည့် အခြေခံရပိုင်ခွင့် လှုပ်ရှားမှုများကို နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့စည်းများအနေဖြင့် မျက်ခြေမပြတ်ရေးမှာ အရေးကြီးဆုံးဖြစ်သည်နှင့်အညီ ယင်းလှုပ်ရှားမှုများအား စုစည်း၍ နိုင်ငံရေးအရ ဦးဆောင် ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေဖော်ထုတ်ရန် လိုအပ်နေသည်။
(င) တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နည်းလမ်းသည် အားလုံးအတွက် အကောင်းဆုံး အဖြေရှာသည့် ပုံစံဖြစ်သည်။ သို.သော် အင်အားသုံး၊ ဖိအားပေးမှုများဖြင့် ရင်ဆိုင်ရလျင် သို့မဟုတ် လမ်းပြ မြေပုံ ၇ ဆင့်အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံထဲသို့ အတင်းအကြပ် ၀င်ရောက်ခိုင်းလျင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကား အားလုံးအတွက် အဆိုးဘက်သို့ဦးတည်သွားနိုင်သည်။ ထို.ပြင် တွေ့ဆုံဆွေးနွေးအဖြေရှာရေးလား သို့မဟုတ် ချော့မြူပေါင်း သင်းဆက်ဆံရေးလား ဆိုသည်ကို သတိရှိရှိ ဖြတ်သန်း ရင်း မိမိတို့ အဖွဲ.စည်းအတွင်းတွင်လည်းကောင်း၊ မဟာမိတ်အင်အားစုများကြားတွင်လည်းကောင်း ရရှိထားသည့် စုစည်း ညီညွတ်မှုများကို မထိခိုက်အောင် အစဉ် ထိမ်းသိမ်းထားရန်လိုသည်။
(စ) နိုင်ငံရေး ကြွေးကျော်သံ အလှည့်အပြောင်း
မိမိတို့ ဒီမိုကရေစီအင်အားစုများ၊ တော်လှန်ရေးအဖွဲ.စည်းများ နှစ် ၂၀ ကျော်ကိုင်စွဲခဲ့ကြသည့် ၁၉၉၀ ရွေး ကောက်ပွဲရလဒ် အသိမှတ်ပြု အကောင်ထည်ဖော်ရေး၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဆိုသည့် နေရာတွင် -
- ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တိုက်ဖျက်ရေး။
- တတိုင်းပြည်လုံးအပစ်ခတ်ရပ်ဆဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊
- အင်အားစုအားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ ( ၂၁ ရာစု ပင်လုံ)
စသည့် ကြွေးကျော်သံများက ယနေ့ နိုင်ငံရေးအင်အားစုများအားလုံး ကိုင်စွဲလာခဲ့ရပြန်သည်။
ထို့ပြင် လွတ်တော်တွင်းနိုင်ငံရေး နှင့် လွတ်တော်ပြင်ပနိုင်ငံရေး ဆိုသည့် ရုန်းကန်မှုပုံစံများ ထွက်ပေါ်လာခဲ့သည်။ လွှတ်တော် တွင်းရှိနိုင်ငံရေးအင်အားစုများအတွင်းတွင်လည်း မိမိတို့နှင့်နိုင်ငံရေးရည်မှန်းချက်များတူညီသည့် အင်အားစုများရှိနိုင် သကဲသို့ လွှတ်တော်ပြင်ပရှိနိုင်ငံရေးအင်အားစုများတွင်လည်း မိမိတို့နှင့်နိုင်ငံရေးရည်မှန်းချက် သဘောထားကွဲလွဲမှုများလည်း ရှိနိုင် သည်ကို သတိချပ်သင့်ပေသည်။
ယနေ့ သက်ဆိုင်ရာအင်အားစုများပါဝင်သည့် (အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီ၊ တော်လှန်ရေးအင်အားစု) နိုင်ငံရေး ဆွေးနွေးပွဲ တရပ်ကိုဖြတ်သန်းရင်း အနာဂါတ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက်တခု ချမှတ်နိုင် မှသာလျင် အားလုံးရင်ဆိုင်နေရသည့်နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည်။
၁၀။ မိမိအခြေအနေသုံးသပ်ချက်
(က) တစုံလုံးဆိုင်ရာ နိုင်ငံရေးအခြေအနေအရ ဘက်ပေါင်းစုံအကြပ်တည်းကြားတွင် နိုင်ငံရေးအရ ကြံ့ကြံ့ခံရပ်တည်ရင်း အဖွဲ့အစည်း ရှင်သန်ရပ်တည်နိုင်ရေးကို ဆောင်ရွက်နိုင်ခဲ့သည်။ တဖက်တွင်လည်း အဖွဲ့အစည်းတွင်း ကျဆင်းခဲ့သည့် စည်းရုံးရေး၊ သတင်း နှင့် ပြန်ကြားရေး၊ သံတမန်ရေး၊ တပ်တည်ဆောက်ရေး လုပ်ငန်းများကို အမြန်ပြုပြင် ဆောင်ရွက်ရန်လိုအပ်နေသည်။ အခက် အခဲများကြားတွင် အဖွဲ့အစည်းနှင့်အတူ လိုက်ပါခဲ့ကြသော တပ်ဖွဲ့ဝင်မိသားစုများ၏ ဘ၀လုံခြုံရေး၊ စားဝတ်နေရေး ကိစ္စများ အား ပံ့ပိုးကူညီသည့် အစီစဉ်များကိုလည်း ချမှတ်ဆောင် ရွက်ရန်လိုအပ်လာသည်။
(ခ) လက်ရှိအခြေအနေတွင် ပြည်တွင်း နိုင်ငံရေး မျက်နှာစာထဲ ၀င်ရောက်နိုင်ခဲ့ကာ နိုင်ငံရေးပါတီများ။ အင်အားစုများ နှင့် ထိတွေ့ ဆက်ဆံခွင့် ပိုမိုရရှိခဲ့သည်။
(ဂ) အဖွဲ့အစည်းအနေဖြင့် အခွင့်အလမ်းများရှိသလို စည်းရုံးရေး အ၀န်းအ၀ိုင်း ဖြန့်ကျက်စုစည်းရာတွင် သတိကြီးကြီးထားလုပ် ဆောင် ဖြတ်သန်းကြရတော့မည်ဖြစ်သည်။
(ဃ) အဖွဲ့အစည်း၏ သမိုင်းကြောင်းဆိုင်ရာဖြစ်တည်မှု၊ ဖြတ်သန်းမှုတို့အပေါ် တန်ဖိုးထား အသိမှတ်ပြုမှုများရှိသလို ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများအကြား ဆက်စပ်အလုပ်လုပ်ပေးနိုင်သည့် အဖွဲ့အစည်းတခုဖြစ် မှတ်ကျောက်တင် ခံခဲ့ရသည်။
(င) လက်ရှိ ဖြတ်သန်းနေရသော နိုင်ငံရေးအခြေအနေ၊ အဖွဲ့အစည်း၏ ပကတိ အခြေအနေများနှင့်အညီ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး၊ ဘဏ္ဍာရေး နှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ငန်းစဉ်အလိုက် နည်းပရိယာယ် ရှိရှိ၊ စနစ်တကျ ပြန်လည် ဖော်ထုတ်ရင်း- တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ရဲရဲဝန့်ဝန့် ဆောင်ရွက်သွားကြရမည်။
(စ) ၂၅ နှစ်တာ တော်လှန်ရေး ခရီးကြမ်းတွင် ရရှိခဲ့သည့် အတွေ့အကြုံများထဲမှ အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာ အဖြစ်အခြေခံ၍ မကဒတ (ကျောင်းသားတပ်မတော်)၏ နိုင်ငံရေး ဦးတည်ချက် ၄ ရပ် အထမြောက် အောင်မြင်ရေးအတွက် သံဓိဋ္ဌာန်ရှိရှိ ပြည်တွင်းနိုင်ငံရေးအင်အားစုများနှင့် လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ နှင့် လည်းကောင်း၊ နိုင်ငံတကာ မိတ်ဆွေများနှင့်လည်းကောင်း မဟာမိတ်ပိုင်းဆိုင်ရာ စုဖွဲ့မှုများကို လုပ်ဆောင်သွားမည်ဖြစ် သည်။

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)
ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ် မတ်လ (၇) ရက်

ပျောက်ဆုံး လေယာဉ် ပြန် တွေ့ ပြီ ဆို သော် လည်း

  ပျောက်ဆုံး လေယာဉ်
ပြန် တွေ့ ပြီ ဆို သော် လည်း မလေးရှား ဝန်ကြီးချုပ် က တိကျ ပြည့်စုံစွာ ရှင်းမပြနိုင်သေး သည့် အတွက် ကျန်ရစ်သူ မိသား စုများ ဒေါသထွက်

MH370 သည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ထိုးကျသွားခြင်း ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ်က ကြေညာကာ ကျန်ရစ်သူများထံ တရားဝင် အကြောင်းကြား လိုက်သည်။
သို့သော်လည်း ကျန်ရစ်ခဲ့သော ခရီး သည်များ၏ မိသားစုများ နှင့်ဆွေမျိုး များသည် စနေနေ့က တရုတ်ပြည်တွင် စိတ်ခံစားချက်များ ဆူပွက်လာကာ မလေးရှား အရာရှိများအား ပျောက် သွား သော လေယာဉ်၏ ခရီးစဉ်ကို စုံစမ်းစစ်ဆေးနေခြင်းနှင့် ပတ်သက်၍ ကြန့်ကြာနေခြင်း၊ ဖုံးကွယ်ထားခြင်းနှင့် လိမ်ညာနေခြင်းဖြစ်ကြောင်း ဒေါသတကြီး စွပ်စွဲအော်ဟစ်ပြော ကြားခဲ့ကြောင်း သိရသည်။
ယခုလည်း ဝန်ကြီးချုပ်၏ ကြေညာ ချက်အပေါ်တွင် စိတ်ဆိုးကာ လူသတ်သမားတွေဟု ပြောနေကြ သည့်အပြင် မလေးရှား အစိုးရက မိမိတို့ကိုပါ အရူးလုပ်နေကြကြောင်း ပြောခဲ့သည်ဟု သိရသည်။
ကျွန်တော်တို့က ဒီလေယာဉ်ကြီး ဘာဖြစ်သွားတာလဲ ဆိုတာသိချင်တာ။ အမှန်တကယ်က ဘာဖြစ်သွားတာလဲ။ တရုတ်ပြည်ဆိုင်ရာ မလေးရှား သံအမတ်ကြီး ဒါတွတ်အစ္စကန် ဒါဆာရူဒင် အပါအဝင် မလေးရှား ကိုယ်စားလှယ်အဖွဲ့အား အင်္ဂလိပ်ဘာသာဖြင့် အော်ဟစ် လိုက်ခြင်း ဖြစ်သည်။
ဖြစ်ပုံက အဆိုပါ မလေးရှားသံရုံးမှ သံအမတ်ကြီး ခေါင်းဆောင်သော အဖွဲ့သည် လီဒိုဟိုတယ် ဘောလရွမ်း (Ball Room) တွင် နေ့စဉ်ရှင်း လင်းပြသ မှု ပြုလုပ် ခဲ့သော်လည်း သိလိုသော မေးခွန်း များ မေးခွင့်မရဘဲနှင့် အစည်းအဝေးကြီး ပြီးဆုံးသွားသဖြင့် စိတ်မရှည်ဖြစ်ရာမှ ဒေါသဖြစ်ကာ ခရီးသည်များ၏ မိသားစု များနှင့် ဆွေမျိုးများထဲက ခင်ဗျားတို့ မသွားနဲ့ဦး။ ခင်ဗျားတို့ ဒီအခန်းထဲက မထွက်နဲ့ဦး။ ကျုပ်တို့စောင့်နေတာ အရမ်းကိုကြာ သွားပြီ။ ကျုပ်တို့က ခင်ဗျားတို့ ပြောတာကိုပဲ နားထောင်ဖို့ လာတာမဟုတ်ဘူး ဟု အော်ဟစ်ပြောဆို ခဲ့ကြကြောင်း သိရသည်။
AP သတင်းဌာန အဆိုအရ မိသားစုများက နောက်ပိုင်းကြေညာ ချက် တစ်စောင် ထုတ်ပြန်ရာတွင် မိသားစုများမှာ အကြီးအကျယ် မချင့်မရဲဖြစ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ''ကျုပ်တို့ကို ဘာမှလှုပ်လို့မရအောင် လုပ်ထားတယ်။ အမှောင်ထဲမှာထားပြီး မလေးရှား အစိုးရက လိမ်ညာပြောနေကြတယ်။ မိသားစုတွေအားလုံး တစ်သဘော တည်းဖြစ် တဲ့ အချက်က မလေးရှား အစိုးရဟာ ကြန့်ကြာပြီး အချိန်ဆွဲနေ တယ်။ ဖုံးကွယ်ထားတယ်။ လိမ်ညာနေတယ်''ဟု AP ကဆို သည်။
မလေးရှား ဝန်ကြီးချုပ် နာဂျစ်က ပြောသွားသည်မှာ Boeing 777 လေယာဉ်ကြီး ဘာကြောင့် မူလပျံသန်းနေသည့် လမ်းကြောင်းမှ ချက်ချင်းပြောင်း ပျံရသလဲဆိုတာကို စုံစမ်း စစ်ဆေးရေးမှူးတွေက ဖြစ်နိုင်ခြေရှိသမျှ အားလုံးကို စစ်ဆေးနေကြောင်းနှင့် အာဏာ ပိုင်တွေအနေဖြင့် လေယာဉ်ပြန်ပေး ဆွဲခံရ တာဟုတ်၊ မဟုတ် သေချာပေါက် မပြောနိုင် သေးကြောင်း၊ ယခုလေယာဉ်သည် လေယာဉ်ပေါ်က တစ်ယောက်၏ တမင်သက်သက် လုပ်ခိုင်းခြင်းကြောင့် လိုက်လုပ်နေရတာ ထင်ကြောင်း BBC သတင်းဌာနက ပြန်ပြောပြသည်။
သြစတြေးလျနှင့် နိုင်ငံတကာ လေယာဉ်မှူးများအသင်း ကော်မတီဝင် မိုက်ဂလင်းက ယခုလေယာဉ်ကြီး ပျောက်ဆုံးရခြင်း၏ အဓိက အဖြစ်နိုင်ဆုံးမှာ လေယာဉ်မှူး က မိမိကိုယ်ကိုယ် သတ်သေခြင်းဟူ၍ စဉ်းစားမိကြောင်း သာဓကနှစ်ခုရှိရာ ပထမတစ်ခုမှာ ၁၉၉၇ ခုနှစ်က စင်ကာပူမှ ဂျာကာတာသို့ သွားသော Silk Air လေယာဉ် ပျက်ကျမှုနှင့် နောက်တစ်ခုက ၁၉၉၉ ခုနှစ်က လော့စ်အိန်ဂျလိစ်မှ ကိုင်ရိုသို့ပျံ သွားသော Egypt Air လေယာဉ် ပျက်ကျမှုတို့ ဖြစ်သည်ဆို၏။
မလေးရှား ဝန်ကြီးချုပ် ပြောပြရာ၌ လေယာဉ်နှင့်ဂြိုဟ်တုအကြား နောက်ဆုံး Signal ကိုလေယာဉ် ထွက်ခွာပြီးနောက် နံနက် ၈ နာရီ ၁၁ မိနစ် (၇ နာရီနှင့် ၃၁ မိနစ်) ကြာ သည်အထိ နောက်ဆုံးအဆက် အသွယ်ရသည်မှ ထရန်စပေါင်းဒါ ခလုတ်ပိတ်ထား သော်လည်း ထရန်စမစ်တာက ပိတ်မရသဖြင့် Signal တွေ ပုံမှန်ထုတ် လွှင့်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ဂြိုဟ်တုက နာရီဝက် တစ်ကြိမ် ဖမ်းယူရရှိသည့် အတွက်ကြောင့် ရေတွက်လျှင် နောက်ထပ်ငါးနာရီအထိ ဂြိုဟ်တုက အဆက်အသွယ် ရရှိကာ ဆက်ပျံနေ ခဲ့သည်။
လေယာဉ်မှာ ပါသွားသောဆီက လည်း နောက်ထပ် ရှစ်နာရီကြာအောင် မောင်းနှင် နိုင်သေးသည် အထိ လုံလောက်သေးသည်။ အိန္ဒိယ သမုဒ္ဒရာကြီးပေါ် စနေ၊ တနင်္ဂနွေနေ့ များက ပျံသန်းရှာဖွေနေကြသော လေယာဉ်များနှင့် ဂြိုဟ်တုဓာတ်ပုံများ အရ ရေပြင်ပေါ်တွင် MH370 လေယာဉ်ပျောက်နေသော နေရာ တွင် ပေါလောမျောနေသော အရာဝတ္ထုများ ကို တွေ့ရှိရသော်လည်း တနင်္လာနေ့ နံနက်ပိုင်းအထိ ရှာဖွေရေးအဖွဲ့မှ ရယူနိုင်ခြင်းမရှိ၍ ထိုမြင်နေရသော အရာဝတ္ထုသည် MH370 Boeing 777 လေယာဉ်မှ ဟုတ်၊ မဟုတ် ဆုံးဖြတ်ခြင်းမပြုနိုင် ခဲ့သေးပေ။
မတ် ၂၄ ရက်က မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ဂြိုဟ်တု အချက်အလက် များကို ခွဲခြမ်း စိတ်ဖြာလေ့လာမှု အသစ်အရ လေယာဉ်သည် သြစတြေးလျ နိုင်ငံ ပတ်သ်မြို့ ကမ်းခြေမှ မိုင် ၁၅ဝဝ ကျော် ကွာဝေးသော အိန္ဒိယသ မုဒ္ဒရာထဲသို့ ပျက်ကျသွားဖွယ်ရာကို ပြသနေကြောင်း ကြေညာလိုက်သည်။
MH370 ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ထိုးကျ သွားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာကာ ကျန်ရစ်သူများထံ တရားဝင် အကြောင်းကြား လိုက်သည်။
မလေးရှား ဝန်ကြီးချုပ်က ကြေညာ သွားသော်လည်း ကျန်ရစ်သူ မိသားစု များနှင့် ဆွေမျိုးများက စိတ်တွင် ဘဝင်မကျကြပေ။
လေယာဉ်ပျက်သည့် အထောက် အထား အပိုင်းအစများကို သေချာစွာ မဖော်ပြနိုင် သေးသည့်အတွက် ကျန်ရစ်သူ မိသားစုတွေကို အရူးလုပ်နေသည့် အပြင် တစ်ကမ္ဘာလုံးက လူတွေကိုပါ အရူးလုပ်နေသည်ဟု စွပ်စွဲပြောဆို နေကြကြောင်းကို သိရှိနိုင်ပါရန် ရေးသား တင်ပြလိုက်ရပါသည်။
Source: မြ၀တီ
Credit to Myanmaalinn

Sunday, March 30, 2014

အင်အား ၄၀၀ ခန့် သုံး ၍ သပိတ်စခန်း ဖြိုခွဲခံရ




အင်အား ၄၀၀ ခန့် သုံး ၍ သပိတ်စခန်း ဖြိုခွဲခံရ
*********************************************
၃၀.၃.၂၀၁၄ ရက်နေ့ မနက် ၃ နာရီအချိန် မင်္ဂလာတောင်ညွှန့် မြို့နယ်
မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းရှိရာသို့ စည်ပင်သာယာ ယူနီဖေါင်းဝတ် အင်အား
ခန့် မှန်းခြေ ၃၀ ဦးသန့် ရှင်ရေးစည်ပင်ဝန်ထမ်း (အရပ်ဝတ်) အင်အား
ခန့် မှန်းခြေ အယောက် ၂၀၀ နီးပါး။

မလှမ်းမကမ်းမှာ အုပ်စု အုပ်စု ဖွဲ့၍သပိတ်စခန်း၏ အရှေ့ အနောက် ဝဲ ယာ
ပိတ်၍ ထားသော မည့်သည့်အဖွဲ့အစည်းရမှန်းမသိရ ခါး၏ နောက်များ၌
တုတ်များဆောင်ထားသူ ယောင်္ကျားသားအင်အား ၁၀၀ ကျော်ခန့် ။

သပိတ်စခန်း၏ ကိုက် ၃၀၀ ခန့် တွင်စောင့်ကြပ်နေသော ရဲအင်အားစုစုပေါင်း ခန့် မှန်းခြေ ၅၀ ဦး။အားလုံးပေါင်းလျှင် ဦးရေ ၄၀၀ ခန့် ရှိပါသည်။
ပထမဦးဆုံး စည်ပင်သာယာ အရာရှိတစ်ဦးမှ Hand Speaker ဖြင့် စည်ပင်သာယာ
ဥပဒေများဖတ်ကြားပြီးသုံးကြိမ်တိတိ သတိပေးကြေညာပြီးလူအင်အားသုံးကာ
သပိတ်စခန်းများဆီသို့ဝင်ရောက်လာပါသည်။တဘက်တချက်ဆီတွင် စည်ပင်
သာယာမှ ပေ ၄၀ကားနှစ်စီးစက်နှိုးလျက်ဖြင့် စောင့်နေကြပါသည်။

သပိတ်စခန်းမှ ဆန္ဒဖေါ်ထုတ်နေသူများက မိမိတို့ သပိတ်စခန်းကာကွယ်ရန်
ပြင်ဆင်ကြပါသည်။ထိပ်တိုက်အခြေနေသို့ ရောက်ရှိနေစဉ် အသင့်ရောက် ရှိနေသော
NLD ပါတီမှတာမွေမြို့နယ်မအူကုန်းလမ်းကျယ်မှ ကိုညီညီ ကျောင်းသားဟောင်းအဖွဲ့
မှ အစ်ကိုတစ်ဦှး မိမိအပါအဝင်ထပ်ရောက်ရှိလာသောဒဂုံဆိပ်ကမ်းမြို့နယ်မှ NLD ပါတီမှဒေါက်တာမျိုးအောင်ကိုယ်စား လာရောက် ဖြေရှင်းပေးခဲ့သူတို့ မှ ကြားဝင်
ဖြေရှင်းပေးခဲ့ကြပါသည်။ပထမ တွင် ကတောက်ကဆ စကားများကြပါသည်။

ထို့ နောက် သပိတ်စခန်းမှ ဆန္ဒဖေါ်ထုတ်ကြသူများကိုယ်စားဝင်ရောက်ဖြေရှင်း
ကြရာမှ သဘောတူညီမှု တစ်ခုရှိခဲ့ပါသည်။

စည်ပင်သာယာမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သပိတ်စခန်းအား
ဖျက်ဆီးဖို့ လာရောက်ခြင်းမဟုတ်ကြောင်းအမိုးများ ကာရံထားသော ဝါများ
ဖြုတ်သိမ်းရန်အတွက်လာခြင်းသာဖြစ်ကြောင်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ
ထိခိုက်စေမှာမဟုတ်ကြောင်း ပြောကြားပါသည်။ထို့ နောက်သပိတ်စခန်းမှ ပြန်လည်
ထွက်ခွာသွားကြပါသည်။

မိမိတို့ အဖွဲ့အား အသင့်ပါလာသောမှတ်တမ်းတင် ရိုက်ကူးသူများမှဗွီဒီယိုများ
ရိုက်ကူးသွားကြပါတော့သည်။

( Power Nld) via Kyaw Swar Myint