Saturday, January 21, 2017

တနင်္သာရီတိုင်းဒေသကြီး ဖြစ်ပေါ်လာပုံ...


တနင်္သာရီတိုင်းဒေသကြီး ဖြစ်ပေါ်လာပုံ...

၁၈၇၁-၇၅ ခုနှစ် မဟာဝန်ရှင် ဆာအက်ရှလီအီဒင် လက်ထက်တွင် တနင်္သာရီတိုင်းကို သထုံခရိုင်၊မော်လမြိုင်ခရိုင်၊ထားဝယ်ခရိုင်၊မြိတ်ခရိုင်များဖြင့်ဖွဲ့စည်းခဲ့ပြီးမော်လမြိုင်ကို တိုင်းရုံးစိုက်ရာမြို့တော်ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပီးနောက်ပိုင်းတွင် ကရင်ပြည်နယ်ပေါ်ပေါက်လာချိန်၌ ဖားအံခရိုင်သည် တနင်္သာရီတိုင်း အတွင်းမှခွဲထွက်သွားပီး ကျန်ခရိုင်များမှာ တနင်္သာရီတိုင်းအဖြစ်တည်ရှိခဲ့သည်။

မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီလက်ထက်တွင် တော်လှန်ရေးကောင်စီ၏ အမိန့်ကြေငြာအမှတ်(၁)တွင်ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဌကလက်ရှိတနင်္သာရီတိုင်းကို ၁၉၇၂ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှစ၍ တနင်္သာရီတိုင်း အမှတ်(၁)နှင့် တနင်္သာရီတိုင်း အမှတ်(၂)ဟူ၍ ယာယီအစီအစဉ်အနေဖြင့်ပြုပြင်သတ်မှတ်ခဲ့သည်။

တနင်္သာရီတိုင်း အမှတ်(၁)တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်များအတွင်းရှိ မြို့နယ်ပေါင်း(၁၀)မြို့နယ်ပါဝင်ကြသည်။

တနင်္သာရီတိုင်းအမှတ်(၂)တွင် ထားဝယ်ခရိုင်နှင့်မြိတ်ခရိုင်များပါဝင်ကြပီးမြို့နယ်ပေါင်း (၁၀)မြို့နယ်တို့ပါဝင်ကြသည်

၁၉၇၃ ခုနှစ်နောက်ပိုင်းတွင် တနင်္သာရီိတိုင်း(၁)သည် မွန်ပြည်နယ်ဖြစ်လာပီး တနင်္သာရီတိုင်း(၂)သည် တနင်္သာရီတိုင်းအဖြစ် ဆက်လက်တည်ရှိခဲ့ပါသည်။

ဆရာမောင်ပြေချမ်း(မြိတ်)ရေးသားသော ဓာတ်ပုံများကပြောသော မြိတ်သမိုင်းမှတ်တိုင်များ စာအုပ်မှ တနင်္သာရီတိုင်းဒေသကြီး အကြောင်းကို ကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။







No comments: