Sunday, January 22, 2017

သတင်း

Yesterday at 6:00am ·
#ဒေါက်တာကျော်ဆွေရိုင်းပြီ
===================
အသတ်ခံရတဲ့ကျောင်းဆရာလေးနဲ့ပတ်သက်လို့
မင်းကိုနိုင်နဲ့တက္ကသိုလ်ဆရာတစ်ယောက်တို့ရဲ့
ရက်ရက်စက်စက်မှတ်ချက်ချမှုတွေအပေါ်မကြေနပ်
လို့ဒေါက်တာကျော်ဆွေရိုင်းမိသွားပါပြီ

#ကျွန်တော်ရိုင်းပါမည်
++++++++++++++++++
ကျွန်တော်ဟာ ပညာရေးနဲ့နီးစပ်သူ ဖြစ်ပါတယ်။
အလယ်တန်းအဆင့်ကတည်းက မူလတန်းတွေကို
ပြန်လည် သင်ပြခဲ့ပါတယ်။
အထက်တန်းရောက်တော့ အလယ်တန်း
တက္ကသိုလ်ဝင်တန်းဖြေပြီးကတည်းက
တက္ကသိုလ်ဝင်တန်းကို ပြန်လည်သင်ပြပေးခဲ့တာ
၁၉၉၄ ကတည်းက ယနေ့ အထိပါ။
တက္ကသိုလ်မှုလည်း အငယ်တန်းတွေကို
ကူညီရှင်းပြလု့ပ်ခဲ့ပါတယ်။
အမျိုးသားပညာရေးဥပဒေတုန်းက
အမျိုးသားလွှတ်တော်မှာလည်း
တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
ပြောချင်တာကတော့ ပညာရေးနဲ့
အဆက်မပျက်ဘူးဆိုတာကို ပြောတာပါ။
ကျောင်းဆရာနဲ့ကျောင်းသား
ဆုံးမတဲ့နေရာမှာ အခြေခံပညာနဲ့
တက္ကသိုလ်အဆင့်တွေ ကွာခြားပါတယ်။
အခြေခံပညာအတန်းတွေမှာ
ဆုံးမပြောဆိုတဲ့အခါ နုသင့်ရင် နုရပါတယ်။
ကြမ်းသင့်ရင် ကြမ်းရပါတယ်။
အဓိကအလေးထားရတာကတော့
လိမ္မာယဉ်ကျေးဖို့နဲ့ စာကြိုးစားကြဖို့ ကို
ဦးတည်ဆုံးမရပါတယ်။
ကြိုးစားမှုဆိုတာမှာ ကိုယ်တိုင်လုံ့လ
စိုက်ထုတ်ဖို့ပြောဆိုရပါတယ်။
ဗေဒင်ယတြာနဲ့ စာမေးပွဲအောင်ချင်နေတာတွေ
ဆုတောင်းတာနဲ့ အောင်ချင်နေတာတွေ
အဆောင်လက်ဖွဲ့နဲ့ အောင်ချင်နေတာ
သက်သတ်လွတ်စားပြီး စာပေပညာ
သင်ချင်နေတာတွေကို နှစ်တိုင်းတွေ့ရပါတယ်။
ဒီလိုကြုံလာရင် တကယ့်လက်တွေ့အမှန်တရားတွေကို
သိရှိနားလည်ဖို့ ပြောဆိုဆုံးမရပါတယ်။
#၀မ်းနည်းရပါတယ်
++++++++++++++
ဒီကနေ့ ကချင်မှာ အသတ်ခံလိုက်ရတဲ့
အလယ်တန်းပြဆရာ ဦးအောင်ဇင်ထွန်းဟာ
စာမေးပွဲနားနီးချိန် အစိုးရစစ်အတန်းဖြေမယ့်
ကျောင်းသားတွေကို ကျောင်းပျက်ကွက်လို့
ပြောဆိုဆုံးမတာပါ။
သူ့ပြောစကား အကုန်မကြားရပေမယ့်
လွန်စရာတော့ ဘာအကြောင်းမှ မရှိနိုင်ပါဘူး။
ဒါကို ကျောင်းသားတွေက မိဘတွေကို ပြောမယ်။
မိဘတွေက လက်နက်နဲ့ ဖြေရှင်းလိုက်ကြတယ်။
အခုတော့ အသက်ပေးလိုက်ရပြီ။
ဒီအတွက် ပြည်သူအများက ဝမ်းနည်းရသလို
ဒေသအတူနေ ဆရာဆရာမတွေကတော့
ဖော်ပြနိုင်စရာ မရှိခံစားကြပါတယ်။
#လူမဆန်တဲ့စကားပြောထွက်သူတွေ
+++++++++++++++++++++++++
ဒီအချိန်မှာ
ကျောင်းသားခေါင်းဆောင်ဟောင်းကြီးက
ဆရာတစ်ယောက် အသတ်ခံရတာပဲ
ရေးကြီးခွင်ကျယ် လုပ်နေကြတယ်လို့
လူမဆန်တဲ့ စကားပြောထွက်လာသလို
အခု လက်ရှိတက္ကသိုလ်ဆရာ တစ်ယောက်ကလည်း
အသတ်ခံရတာ နည်းတောင် နည်းသေးတယ်လို့
ယုတ်မာစွာ ပြောဆိုလာပါတယ်။
ဒါဟာ အတော်ကြီးကို စိတ်ပျက်စရာ ကြားရတာပါပဲ။
ကျောင်းဆရာဆိုတာ ဥယျာဉ်မှူးးတွေပါ။
အနာဂတ်မှာ နိုင်ငံသားကောင်းဖြစ်လာစေဖို့
လမ်းညွှန်သင်ပြနေသူတွေပါ။
အခု အသတ်ခံရမှုဟာ
တရားဥပဒေ မစိုးမိုးမှုကို ဖော်ပြနေပါတယ်။
ဒါဟာ အရေးမကြီးတဲ့ ကိစ္စပါဆိုရင်
ဘယ်လိုအကြောင်းအရာက အရေးကြီးပါသလဲ။
စစ်ရေးသတင်းကို လိုက်နေတဲ့
သတင်းထောက်လောက် အရေးမပါသူလား။
ကာလံဒေသံ အဂ္ဂံဓနံ ဆိုတာ
အလယ်တန်းပြကျောင်းဆရာတွေ
အားလုံး နားလည်ကြပါတယ်။
အတွေးအခေါ်အယူအဆ အမှားကို
လုပ်ဆောင်နေကြတာကိုလည်း
ဆရာတယောက်အနေနဲ့ တားမြစ်ဆုံးမ
လုပ်နေရမှာပါပဲ။
အလွဲအမှားဟာ
သူတို့ လုပ်တာ သူတို့ ခံလိမ့်မယ်ဆိုတဲ့
စိတ်နဲ့ ရပ်ကြည့်နေသင့်ပါသလား။
ဓလေ့ထုံးတမ်းကို နားလည်လက်ခံပေမယ့်
အရေးကြီးတာ အရင်လုပ်ဖို့ တိုက်တွန်းနေရမှာပါပဲ။
ဒီအတွက်
အသတ်ခံရတာ နည်းတောင် နည်းသေးတယ်ဆိုတဲ့
တက္ကသိုလ်အဆင့် ဆရာဆိုသူကတော့
လူအဖြစ် လက်ခံဖို့တောင် မသင့်တော့ပါဘူး။
#Jungle_Justicကိုအားပေးနေတာ
++++++++++++++++++++++++++
ကျောင်းဆရာ အမှားလုပ်ခဲ့ရင်
သက်ဆိုင်ရာက အပြစ်ပေး အရေးယူတာမျိုးလုပ်ရမှာပါ။
ဒါကို ကျောင်းအုပ်ကြီး မြို့နယ်ပညာရေးမှူးတို့ တာဝန်ပါ။
ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံယူရေးဟာ
အပြစ်ကျူးးလွန်တဲ့ ကျောင်းဆရာ တာဝန်ပါ။
အပြစ်ဒဏ်သည်လည်း ခေါ်ယူ သတိပေးခြင်း
ခံရသည်မှသည် ကျူးးလွန်တဲ့အပေါ်မူတည်ပြီး
အဆင့်ဆင့် ဖြစ်နိုင်ပါတယ်။
ဒါဟာ the rule of law ဖြစ်ပါတယ်။
မည်သူမဆို လက်ခံရမှာပါ။
ဒါပေမယ့်
အခုဖြစ်စဉ်မှာလို jungle justice ကိုတော့
လက်မခံနိုင်ပါဘူး။
"သူတစ်ပါးယဉ်ကျေးမှုကို လက်မခံတဲ့သူ
သေတာတောင်နည်းသေးတယ်" ဆိုတဲ့
စကားကိုလည်း လက်မခံပါဘူး။
ဒါဟာ
လက်လွတ်စပယ် ပြောတဲ့စကားဖြစ်ပါတယ်။
ဆရာဦးအောင်ဇင်ထွန်း အသတ်ခံရတာသည်
jungle justice နဲ့ အစီရင်ခံရတာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် the rule of law မရှိတာကို
ပြနေပါတယ်။
အသတ်ခံရတာတောင် နည်းသေးတယ်
ဆိုတဲ့စကားသည် jungle justice ကို
အားပေးတဲ့စကား ဖြစ်ပါတယ်။
လက်ရှိအာဏာရအစိုးရသည်
တရားဥပဒေစိုးမိုးရေး the rule of law ကို
အလေးထားဆောင်ရွက်မယ်လို့
ပြောကြားထားပါတယ်။
#လူမိုက်အားပေးတဲ့တက္ကသိုလ်ဆရာကိုအရေးယူပေးပါ
+++++++++++++++++++++++++++++++++
တက္ကသိုလ်ကျောင်းဆရာတစ်ယောက်ဖြစ်လျက်နဲ့
ကျောင်းဆရာတစ်ယောက်
jungle justice နဲ့ အသတ်ခံရတာကို
နည်းတောင်နည်းသေးတယ်လို့ပြောပြီး
ထောက်ခံအားပေးနေတဲ့
the rule of law ထက် jungle justice ကို
ပိုပြီးဦစားပေးတဲ့
ဒီတက္ကသိုလ်ကျောင်းဆရာကို လုံးဝရှုတ်ချပါတယ်။
အစိုးရအနေနဲ့
အရေးယူမှု လုပ်ဆောင်ပေးပါ။
ဒီလိုလူမျိုး တက္ကသိုလ်ကျောင်းဆရာ ဖြစ်နေမှုသည်
ကြီးမားလှသော မကောင်းမှုများဆီသို့
ဦးတည်နေပါတယ်။
ဒေဝဒတ်လို လူစားကို
ဆရာထားမိတဲ့ အဇာတသတ်လို
ကျုပ်တို့ လူငယ်တွေ မကြုံရစေဖို့
သတိပေးလိုက်ရပါတယ်။
ဒေါက်တာကျော်ဆွေ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
Credit;
Kyaw Swe


No comments: