Sunday, January 22, 2017

တာဝန်​ ရှိသူများ အားစုံခုံဖွဲ့ စစ်ဆေး အရေးယူ သင့်ပါကြောင်း


 
 
 
 
 
Sayar Myo added 2 new photos.

































တာဝန်​ ရှိသူများ အားစုံခုံဖွဲ့ စစ်ဆေး အရေးယူ သင့်ပါကြောင်း
==============
မည်သူ့ တွင် တာဝန်ရှိသနည်း
===================
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကိုယ်စားပြု ဘက်စုံထူးချွန်အတွက်
ကျောက်ထုမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ၈တန်း ၉တန်း ၁၀တန်း
ကျောင်းသားကျောင်းသူများစွာ ဆောမြို့နယ် ဆောမြို့သို့ (15-12-2016)
ရက်နေ့တွင် သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆောမြို့နယ်ကိုယ်စားပြု ဂန့်ဂေါခရိုင်သို့
သွားရောက်ယှဉ်ပြိုင်ခွင့် ကို ဒသမတန်းကျောင်းသူ ဆောမြို့နယ် ငှက်ချောင်ကျေးရွာသူ မဇင်နွယ်လင်းရွေးချယ်ခံခဲ့ရသည်ဟု ကျောက်ထုမြို့ အခြေခံပညာအထက်တန်းကျောင်း
ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေတိုး မှ ပြောကြားပြီး (11-1-2017)ရက်နေ့တွင်
ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့သို့ ပြိုင်ပွဲဝင်ရန်စေလွှတ်ခဲ့ပါသည်။

သို့ပါသော်လည်း (12-1-2017)ရက်နေ့တွင် ဘက်စုံထူးချွန်စာမေးပွဲယှဉ်ပြိုင်ရန်
အတွက် သက်ဆိုင်ရာစာမေးပွဲခန်းသို့ ဝင်ရန်အချိန်ကျမှ နာမည်စာရင်းခေါ်ရာတွင်
ဆောမြို့နယ် မင်းကြည့်ကျေးရွာအုပ်စု ပေါက်ခေါင်းကျေးရွာ မမြတ်နိုးဝေဖြစ်နေပြီး မဇင်နွယ်လင်းမှာသူ့နာမည်မပါ၍အရှက်ရသွားခဲ့ပါသည်
စာမေးပွဲကြီးကြပ်ရေးမှူးမှလည်း လက်ကိုင်လော်စပီကာဖြင့် အော်ကာ ဆောမြို့နယ်
ကိုယ်စားပြု အနေဖြင့် ယှဉ်ပြိုင်သူသည် လူစားထိုးယှဉ်ပြိုင်သည့်အတွက်
ဖြေဆိုခွင့်မပြုကြောင်း အော်လိုက်ချိန်တွင် အရှက်ကွဲကာ ငိုပြီး ကျောက်ထုသို့
ချက်ချင်း လှည့်ပြန်ခဲ့ပါသည်။
ကျောင်းသူ မဇင်နွယ်လင်းမှာ အရှက်ရပြီးမျက်နှာမပြရဲ လိမ်လည်အစား
ဝင်ဖြေသူအဖြစ် အထင်မှားအထင်သေးမည်ကို စိုးရိမ်ပြီး အမြဲတမ်းလို
အစားပျက်အသောက်ပျက် ငိုလျှက်ရှိပါသည် အမှန်တကယ်
စာမေးပွဲဖြေဆိုခွင့်ရသူ မမြတ်နိုးဝေမှာလည်း ဘက်စုံပညာထူးချွန်ဖြစ်မည့်
အခွင့်အရေးဆုံးရှုံးသည့်အပြင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေတိုးမှ
ကျောင်းသူမမြတ်နိုးဝေအား နေမကောင်းလို့ သမီးကမလိုက်ချင်သောကြောင့်
နေခဲ့ကြောင်း ရုံးခန်းသို့ခေါ်ပြီး ချော့မော့ ပြောခဲ့ပါသည် ။
၎င်းနောက် မမြတ်နိုးဝေ၏ ဖခင်ဖြစ်သူ ဆောမြို့နယ် မင်းကြည့်ကျေးရွားအုပ်စု
ပေါက်ခေါင်းကျေးရွာ နေဦးသန်းကြွယ်အား ကျောက်ထုမြို့ အခြေခံပညာ
အထက်တန်းကျောင်း ရုံးခန်းသို့ ခေါ်ယူပြီး ကြေအေးပေးရန် တိုင်တောခြင်းမပြုရန်
ဖြောင်းဖျနားချပြီး အဖေဖြစ်သူမှ သမီးနေမကောင်းသောကြောင့် မိမိကိုယ်တိုင်ကလည်း
မထည့်ချင်သောကြောင့် တမင်နေခိုင်းသည့်ပုံစံဖြစ်အောင် ဖန်တီးပြီး
အတင်းလက်မှတ် ရေးထိုးခိုင်ခဲ့ပါသည်။
ဖခင်ဖြစ်သူအနေဖြင့် လက်မှတ်မထိုးချင်သော်လည်း သမီးအရင်းဖြစ်သူသည်
ကျောင်းတွင် ဆက်လက် ပညာသင်ယူနေဆဲဖြစ်သည်ကတစ်ကြောင်း
သမီးဖြစ်သူအနေဖြင့်လည်း ခရိုင်ဘက်စုံပညာထူးချွန်ဆု ပြန်ဖြေခွင့်ရမည်
မဟုတ်တော့သည်ကတစ်ကြောင်း ရိုးသားသည့် ကျေးရွာသားများ ဖြစ်သည့်အတွက်
ကျောင်းအုပ်ဆရာမကြီး ပြောဆိုဖြောင်းဖျသည့်စကားကို မလွန်ဆန်နိုင်သောကြောင့် လက်မှတ်ရေးထိုးပေးခဲ့ရပါကြောင်း သိရပါသည်။
ကျောင်းအုပ်ဆရာမကြီးမှလည်း သူ့အမှားမဟုတ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ဘက်စုံပညာထူးချွန်အောင်စာရင်းအား ပွင့်လင်းမြင်သာစွာ အမည်စာရင်းထုတ်
မပေးသည့်အတွက် ယခုလိုလွဲမှားရခြင်းသာ ဖြစ်ပါကြောင်း မြတ်နိုးဝေ၏ဖခင်
ဦးသန်းကြွယ်ကို ပြောပြခဲ့ကြောင်း သိရပါသည်။
ပညာရေးဌာနအနေဖြင့် လွဲမှားမှုသည် ကျောင်းသူ မမြတ်နိုးဝေ အား
ဘက်စုံပညာထူးချွန်ဖြေဆိုခွင့် အခွင့်အရေးဆုံးရှုံးသကဲ့သို့ ကျောင်းသူ
မဇင်နွယ်လင်းမှာလည်း အရှက်တကွဲ အကျိုးနဲဖြစ်ခဲ့ပါတယ်
ထို့အပြင် ပိုဆိုးသည်က တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ မိမိဌာနအမှားကို
ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေတိုးမှ ကျောင်းသူမမြတ်နိုးဝေမှ နေမကောင်းသည့်
အတွက် ခရိုင်သို့ သွားရောက်မဖြေဆိုနိုင်ကြောင်း မိဘဖြစ်သူ ဦးသန်းကြွယ်အား
ခေါ်ယူ လက်မှတ်ထိုးခိုင်းသည်က ပိုပြီး ပြင်ထန်စွာစိတ်ထိခိုင်စေပါသည်
ထိုဘက်စုံပညာထူးချွန်ဆု စာမေးပွဲ လူမှားစေလွှတ်မှုတွင် အဓိကတာဝန်ရှိသူမှာ
ဆောမြို့နယ် ပညာရေးမှူးလား သက်ဆိုင်ရာကျောင်းအုပ်တွေလား ခရိုင်သို့ထူးချွ
န်ကျောင်းသားများအား တာဝန်ယူသွားရောက်ပို့ဆောင်ရသည့် မြို့နယ်ကိုယ်စားပြုြ
ကြီးကြပ်ရေးမှူးတွင် တာဝန်ရှိသလားကို ပွင်လင်းမြင်သာ စိစစ်အရေးယူသင့်ပါတယ်
အစွယ်လိုသူမိဘုရား အသွားစေခိုင်းသူ မင်ဧကရာဇ် ကျနော်မျိုးကံကွက်ကြား
ကျောင်းသူလေးတွေသာ ခံပေတော့လို့ ပုံမချသင့်ကြောင်း နောက်နောင်အမှားမျိုးမရှိအောင် ဘယ်လိုလုပ်သင့်သည်ကိုပါ အဖြေရှာသင့်ပြီး ကလေးတွေဘဝစိတ်ဒဏ်ရာမရအောင် လုပ်ဆောင်သင့်ပါကြောင်းတင်ပြလိုက်ပါတယ်။
ကျောင်းသူအဖေ ဦးသန်းကြွယ်
ဖုန်းပါ ဆက်သွယ် မေးမြန်းနိုင်ရန် 09 45265 4470
Credit: mg myo
Kyaw Min Tun fb မှပြန်လည်ကူးယူဝေမျှပါသည် ။
လေးစားလျှက်
Sayar Myo
17 - 1 - 2017

No comments: