Sunday, February 12, 2017

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိဘကောင်းဆိုတာ

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိဘကောင်းဆိုတာ
##########################
မိဘကောင်းများဟာ ပစ္စုပ္ပန်ကိုဘဲမကြည့်ပါဘူး။
အနာဂတ်ကိုပါကြည့်ပါတယ်။မိဘကောင်းများဆိုတာဟာ မိမိတို့အသက်ရှင်စဉ် မိမိတို့ နေထိုင်စဉ်ကာလအတွက်ပဲ ကြည့်တာမဟုတ်ပါဘူး။မိမိတို့မျက်စိကွယ်သွားတဲ့အချိန်မှာ မျက်လုံးတွေမှိတ်သွားတဲ့အချိန်မှာ လွန်သွားတဲ့အချိန်မှာ ထားဖြစ်ခဲ့ရမယ့် အမွှေအနှစ်တွေကို အဓိက ထားပြီးတော့
ကြည့်တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အမျှော်အမြင်ရှိတဲ့မိဘများ တကယ့်ကို
သားသမီးတွေပေါ်မှာစေတနာထားတဲ့မိဘများဟာ သားသမီးတွေရဲ့ ရှေ့ရေးအတွက် တွက်ပြီးတော့
ရှေ့ရေးအတွက် ကောင်းစေမယ့် ကိစ္စတွေ ဥပမာအားဖြင့် ကျန်းမာရေးကောင်းစေဖို့ ပညာရေးထက်မြတ်စေဖို့
သွန်သင်ဆုံးမတယ်။ တက်နိုင်သမျှ ပံ့ပိုးသွားတယ်။ အမျှော်အမြင်နည်းတဲ့မိဘများကတော့ သားသမီးများကို ရုပ်ပိုင်းဆိုင်ရာ အပြည့်အဝပေးနိုင်သလောက်ပေးပြီးတော့ အလိုလိုက်တဲ့နည်းနဲ့ ချည်းကပ်ကြတယ်။ဒီလို အလို
လိုက်တာဟာ သားသမီးတွေအတွက်လား ကိုယ့်အတွက်
လားဆိုတာ စဉ်းစားရမယ်။ တချို့မိဘများက သားသမီး
များကို အလိုလိုက်တယ်ဆိုတာ သားသမီးများကို
ချစ်လို့လား ကိုယ့်ကိုယ်သားသမီးများက ချစ်စေချင်လို့
လားဆိုတာကိုကျမတို့သေသေချာချာစဉ်းစားရပါမယ်။ဒီ
အတိုင်းပဲ ကျမတို့နိုင်ငံအကျိုးအတွက်လုပ်တဲ့အခါမှာ ကျမတို့ကိုပြည်သူပြည်သားတွေက ချစ်စေချင်လို့ ထောက်ခံစေချင်လို့ လုပ်နေတာလား ကျမတို့က ပြည်သူ
ပြည်သားတွေကိုချစ်လို့ ပြည်သူပြည်သားတွေရဲ့
အနာဂတ်ကောင်းစေချင်လို့လုပ်နေတာလားဆိုတာ အားလုံးရဲရဲဝံ့ဝံ့နဲ့ ကိုယ့်ကိုယ်ကိုယ်သုံးသပ်ဖို့လိုပါတယ်။
တစ်ခါတစ်လေ နိုင်ငံသူ နိုင်ငံသားများရဲ့ ရေရှည်
အကျိုးအတွက် ကျမတို့နောင်လာမယ့် မျိုးဆက်တွေရဲ့ အကျိုးအတွက်ကိုယ့်ပေါ်မှာလက်ရှိပြည်သူတွေရဲ့
ကျေနပ်မှုကိုလည်း စွန့်လွတ်သင့်ရင် စွန့်လွှတ်ရတာပဲ။
ဥပမာအားဖြင့် ကျောင်းနေအရွယ်ကလေး ကျောင်းမ
သွားချင်တဲ့ကလေး မိဘကနေပြီးတော့ ကြိမ်းမောင်း
ပြီးတော့ အတင်းအကြပ်ကျောင်းသွားခိုင်းတဲ့ အခါမှာ ကလေးကမိဘပေါ်မှာ ငြိုငြင်ရင်တော့ငြိုငြင်မှာပေါ့။
ငါ့ အဖေ အမေက ငါ့ကို မချစ်ဘူး ငါ အိမ်မှာဆော့
နေချင်တာကိုအတင်းကျောင်းသွားခိုင်းတယ်ဆိုပြီး
စိတ်ထဲရှိမှာပေါ့။ဒါပေမယ့် ဒီလိုကလေးက ငြိုငြင်တာကို
မခံချင်လို့ ကျောင်းမသွားပါနဲ့ဆိုပြီးအိမ်မှာထားတဲ့
မိဘဟာ သားသမီးကို ချစ်တာမဟုတ်၊ကိုယ့်ကိုယ်ကိုယ် အလိုလိုက်တာ။ကိုယ့်ကိုယ်သားသမီးကချစ်စေချင်တာ။
ကျမတို့ဟာ ပြည်သူပြည်သားများရဲ့မေတ္တာကို အင်မတန်
မှတန်ဖိုးထားပါတယ်။ပြည်သူပြည်သားများရဲ့ မေတ္တာကို
ရယူချင်ပါတယ်လိုချင်ပါတယ်။ပြည်သူပြည်သားတွေကို အားကိုးပြီးတော့ အနှစ်သုံးဆယ်ကြာ နိုင်ငံရေးလုပ်ခဲ့တာ
ဖြစ်ပါတယ်။ဒါပေမယ့်လည်း ကျမတို့ဟာပြည်သူပြည်သား
တွေကို ထိခိုက်စေတဲ့နည်းနဲ့တော့ ထောက်ခံမှုကိုဘယ်တော့
မှရယူမှာမဟုတ်ပါဘူး။ဒီလိုထောက်ခံမှုလည်းမလိုချင်
ပါဘူး။ကျမတို့ကို ငြိုငြင်ရင်ငြိုငြင်ပါစေ တကယ်ပဲ နိုင်ငံကောင်းကျိုးအတွက် လုပ်သင့်တယ်ဆိုရင် ကျမတို့
လုပ်ရပါမယ်။
နိုင်ငံ​တာ်၏ အတိုင်​ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်
၁၂. ၂ . ၂၀၁၇
ပင်လုံ

No comments: