Saturday, August 12, 2017

ဒီမိုကရက်တစ်တရားရုံးတော်မှာ စိမ်ခေါ်ပွဲကြီးစကြတာပေါ့နော်၊

ဒါက ABSDF - ကချင် ဥက္ကဌ နဲ့ မြောက်ပိုင်းဗဟိုကော်မတီ ဒုဥက္ကဌ -၂ ဖြစ်ခဲ့တဲ့ကိုကျော်ကျော်ပါ။
ယခု ABSDF /UNRA ပါ။
ထိုအချိန် ၁၉၈၉ မှာ တောင်ပိုင်းဗဟို ကိုရောက်ရှိသွားပြီး ABဗဟိုမှာ မပကိုယ်စားလှယ်အဖြစ်တာဝန်ယူပါတယ်။ကိုလှဌေး - ကိုစိုးလင်းတို့လည်း ကိုယ်စားလှယ်အဖြစ်ပါဝင်ပါတယ်။
၁၉၉၂ ဖေဖေါ်ဝါရီလဆန်းမှာ မြောက်ပိုင်းကို မြောက်ပိုင်းကိစ္စဖြေရှင်းဖို့ ဒေါက်တာနိုင်အောင်ရဲ့စေလွှတ်ချက်အရ ပြန်ရောက်ခဲ့ပါတယ်။
၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ကိုထွန်းအောင်ကျော် မြောက်ပိုင်းဥက္ကဌ ။ရဲမေမခင်ချိုဦး (ဒုနှစ်မြန်မာစာ-လှိုင်)အပါအဝင် ရဲဘော် ၁၅ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။
၂၁ရာစုအမှန်တရား - TRUTH OF 21 CENTURY မှတ်တမ်း vedio မှာလည်း သူ့ပြောကြားချက်တွေ မြင်တွေ့ရမှာပါ။



မကဒတမှာဖွဲ့စည်းပုံအတိအကျရှိတယ်
ဖွဲ့စည်းပုံထဲကအတိုင်းလုပ်ခဲ့လို့မှားခဲ့ရင်
လက်ခံပေးရတာသဘာဝကျပါတယ်၊
ဖြစ်ခဲ့တာတွေက စည်းမဲ့ကမ်းမဲ့
ဗရုတ်သုတ်ခမှ တကယ်ကိုဗရုတ်သုတ်ခ၊
ဘယ်မှာလဲ ခင်ဗျားတို့ပါးစပ်ကပြောနေတဲ့
transparency and accountability

စည်းမဲ့ကမ်းမဲ့လူသတ်ကောင်တွေကို
လိုက်ကာလိုက်ဖါနေတာဟာ
ဖွဲ့စည်းပုံကိုဖေါက်ဖျက်နေတဲ့
ဖေါက်ပြန်ရေးသမားတို့ရဲ့စရိုက်ပဲ၊
၁၀ပြား........ကရှင်းမယ်ဆိုပဲ
ဒါဆိုရင် မင်းရော်နယ်လ်အောင်နိုင်နဲ့
လဆိုင်းကိုရန်ကုန်ကိုအရင်ခေါ်လာခဲ့လိုက်လေ၊
ရန်ကုန်မှာပြန်ဆုံကြမယ်လေ၊
ပြီးတော့.....................
ဒီမိုကရက်တစ်တရားရုံးတော်မှာ
စိမ်ခေါ်ပွဲကြီးစကြတာပေါ့နော်၊

 Nicky Shein ခုထိ ဆင်သေကိုဆိတ်ရေနဲ့ဖုန်း လုပ်ကြံကာကွယ်နေကြဦးမှာပဲ ၊ အေး တခုပဲခင်ဗျားတို့မြောက်ပိုင်းပြန်တွေကို ပြောလိုက်မယ် ၊ နန်အောင်ထွေးကြည် ထလရဖြစ်တယ်ဆိုတာ မှန်သွားရင်( အယူအဆအရ) အသတ်ခံလိုက်ရတဲ့ ကိုထွန်းအောင်ကျော်နဲ့ ၄၂ ယောက်စလုံး ၊ ထွက်ပြေးလွတ်မြောက်လာတဲ့ ခင်ဗျားတို့အယောက် ၅၀ကျော်အားလုံး ထောက်လှမ်းရေတွေဖြစ်တယ်ဆိုတာ မှန်သွားလိမ့်မယ် ၊ အခု နှစ်၃၀ နီးပါး အမှန်တရားကို ခင်ဗျားတို့ ခံလာရသူတွေက မညီမညွတ် ခုထိ ဖေါ်ထုတ်မပြနိုင်သေးရင်တော့ ကာယကံရှင်တွေကိုယ်တိုင်ရဲ့ ညံ့ဖျင်းမှုကြောင့်သာဖြစ်ရတော့မှာပဲ ၊ အမှန်တရားအတွက်ဝိုင်းရံပေးနေကြတဲ့ ကျွန်တော်တို့ပြည်ပကသူတွေ နဲ့ ပြည်တွင်းမှာပါ ရှိနေကြသေးချိန် ကျားကုတ်ကျားခဲလုပ်ဆောင်သင့်ကြပါလျှက် မလုပ်နိုင်ကြသေးပါ ၊ အခုလဲ နေမင်းက ရုပ်ရှင်ရိုက်မယ်ဆိုမှ အသံတွေပူညံပူညံ ပြန်ထွက်လာတာကြားရတယ် ၊ ကျန်ခဲ့တဲ့အခိျန်တွေမှာ ငြိမ်သက်သူတွေက ငြိမ်သက်နေကြခဲ့ပါတယ် ၊ တယောက်စ နှစ်ဘောက်စလောက်ပဲ ကွက်တိကွက်ကျား ထ ပြောနေတာကလွဲရင် ကျွန်တော် လုံးဝ အားမရမိပါ ခင်ဗျား။


No comments: