Saturday, October 14, 2017

လစ်ဘရယ်ကြောင် အကြောင်လွန် ရောဂါ

Credit - Minn Aung Khant Zaw
#Mainstreamထဲအမျောလွန်တဲ့အခါ
Cougar ဆိုတဲ့ မြောက်အမေရိကတိုက်နေ ကြောင်ကြီးနွယ်ဝင် မျိုးစိတ်တစ်ခုရှိတယ်။၊ တောင်ခြင်္သေ့ လို့လည်းခေါ်ကြတယ်။ ရှားပါးမျိုးစိတ်ပေါ့လေ။
တစ်နေ့ အမေရိကန်လယ်သမားတစ်ယောက်ကို တောင်ခြင်္သေ့ကိုက်သတ်လို့ သေသွားတယ်။ လူသွေးသောက် ဖူးသွားပြီ ဖြစ်တဲ့ တောင်ခြင်္သေ့ကို လိုက်ရှာပြီး ပစ်သတ်လိုက်ရတယ်။
အဲ့ဒီမှာ ပစ်သတ်ခံရတဲ့ တောင်ခြင်္သေ့ဟာအမ ဖြစ်နေပြီး တောင်ခြင်္သေ့သားပေါက်လေး နှစ်ကောင်ဟာ မိဘမဲ့ ဖြစ်သွားတယ်။ ဒါကို တောရိုင်းတိရစ္ဆာန်ကာကွယ် စောင့်ရှောက်ရေး အသင်းကမိဘမဲ့ တောင်ခြင်္သေ့ပေါက်လေး နှစ်ကောင်အတွက် အလှူငွေ ကောက်ခံလိုက်တာ ဒေါ်လာသန်းချီရသွားတယ်။
ဒီမှာပြောစရာရှိတာက တောင်ခြင်္သေ့အမကြီး ကိုက်သတ်ခံရပြီး သေသွားတဲ့ လယ်သမားမှာ လူမမယ် ကလေးငယ်တွေကျန်ခဲ့တယ် ဆိုတာပါပဲ။ အဲ့ဒီ ကလေးငယ်တွေကို စောင့်ရှောက်ဖို့ ရန်ပုံငွေကောက်တဲ့အခါ ဒေါ်လာသောင်းဂဏန်းပဲရတယ်တဲ့။
အမေရိကန်က ဒီဖြစ်ရပ်ကို တွေးမိတိုင်းရယ်မိတယ်။ တိရစ္ဆာန်လောက်တောင် တန်ဖိုးမရှိတဲ့ လူ့အသက် အတွက်ပေါ့။ ဒါပေမဲ့ ဒါ့ထက်ရယ်စရာကောင်းတဲ့ဖြစ်ရပ်ဟာ မြန်မာပြည်မှာ ဖြစ်နေတာတွေ့ရတော့ သိပ်မရယ်မိတော့ဘူး။
တလောက ကလေးလေးတစ်ယောက်ကို အသက်အန္တရာယ် ကနေ ကိုယ့်အသက်နဲ့လဲပြီး ကယ်တင်ရင်း ကားတိုက်ခံရပြီး ဆုံးပါးသွားရှာတဲ့ ကျောင်းဆရာမကြီး အကြောင်း ဖတ်လိုက်ရတယ်။ ရှာမှရှားတဲ့ အာဇာနည်မကြီးပါ။ ဝမ်းနည်းတာနဲ့အမျှ ဂုဏ်ယူမိပါတယ်။ ကျန်ရစ်သူ မိသားစု အတွက် ရလဒ်ကတော့ ဂုဏ်ပြုလက်မှတ်နဲ့ ငွေသား နည်းနည်းပေါ့။ စိတ်မကောင်းပါဘူး။
ငုံးဥသည်ရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် အသိအမှတ်ပြု မခံရရှာတဲ့ အာဇာနည်ဆရာမကြီး အကြောင်း မတွေးပဲ မနေနိုင်အောင်ဖြစ်ရင်း လစ်ဘရယ်ကြောင် အကြောင်လွန် ရောဂါကို ခြောက်ခြားမိပါတယ်။
လစ်ဘရယ်ကြောင်ရောဂါဖြစ်မှန်းမသိဖြစ်နေပြီး social network mainstream ထဲအမျောလွန်နေတဲ့ တိုင်းပြည်မှာ ကျွန်တော်နေတယ်။ အသက်စွန့်သွားတဲ့ အာဇာနည်စိတ်ဓာတ်ဟာ ဒရမ်မာချိုးထားတဲ့ ဓာတ်ပုံလောက် တောင် အသိမှတ်ပြုမခံရတဲ့တိုင်းပြည်မှာ ကျွန်တော်နေတယ်။
ဒီစာကို ဖတ်မိပြီး ကျွန်တော့ကို ဘလော့မယ်ဆို ပျော်ပျော်ကြီးသာ ဘလော့သွားကြပေတော့။ ဆဲတဲ့ ကွန်းမန့်ပိုင်ရှင်တွေကိုလည်း ကျွန်တော် ပျော်ပျော်ကြီး ဘလော့မှာပါ။
ကျွန်တော့နိုင်ငံရေးယုံကြည်ချက်အရ NLD ကို မဲပေးခဲ့ပါတယ်။ သေတဲ့အထိ NLD ကိုပဲ မဲပေးမှာပါ။
ဒါပေမဲ့ ကျွန်တော်ဟာ လစ်ဘရယ်ကြောင် တစ်ယောက်တော့ မဟုတ်ဘူး။
ဒီစာကိုရေးမိတာ နောင်တရစရာ တစ်စက်မှမရှိဘူး။ ဒါပေမဲ့
ဝမ်းနည်းပါတယ်............
#မင်းအောင်ခန့်ဇော်

No comments: