Sunday, October 8, 2017

“သူတို့ဖို့လဲ….အမျှဝေပါ“



 Image may contain: 1 person

 Image may contain: 2 people, people smiling

 No automatic alt text available.

 Image may contain: one or more people

 Image may contain: one or more people

 Image may contain: 1 person

 Image may contain: 8 people
 Image may contain: 1 person, standing and wedding
 Image may contain: 1 person
 No automatic alt text available.

No automatic alt text available.
 Image may contain: 1 person
 No automatic alt text available.

 Image may contain: 2 people
 Image may contain: text
 Image may contain: 1 person

နအဖ စစ်အစိုးရက စွပ်စွဲခဲ့သလို စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအ်ဖွဲ့(VBSW)က ရခ်ျဘူရီဆေးရုံ စီးနင်းမှုမှာ အဖမ်းခံရဲ့သားနဲ့ ထိုင်းစစ်တပ်က သွေးအေးအေးနဲ့ ပစ်သတ်ခဲ့တယ်ဆိုတာ တကယ့်ကို ဟုတ်နေတာပဲ။
-------------------------------------------------
ကနေ့ စစ်ခွေးတွေကို အကြီးအကျယ်ဘောလျက်နေတဲ့ ကွယ်ထူးဝင်း နဲ့ မန်းငြိမ်းမောင်တို့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ စွမ်းအားမြင့် ရဲဘော်ဂျော်နီ
(၈ လေးလုံးအပြီးမှာ ထားဝယ်ကတောခိုလာတဲ့ကျောင်းသားတွေကိုလည်း သတ်ခဲ့တယ်၊ မာနယ်ပလောမှာ ABSDF က ဒေါက်တာဇော်ထွန်းကိုလည်း သတ်ခဲ့တယ်။)
သမိုင်းဆိုတာဖျောက်လို့မရဘူးတဲ့…။ သိပ်ရတာပေါ့ … လောကကြီးမှာ…လူသိတဲ့သမိုင်းထက်…လူမသိတဲ့သမိုင်းက အဆပေါင်းများစွာပိုတယ်ဆိုတာကို…နားမလည်နိုင်တဲ့သူတွေပြောကြတာပါ ။ လူသိတဲ့သမိုင်းတောင် ဘယ်သူတွေရေးလို့ ဘယ်လောက်မှန်တယ်ဆိုတာ ရှိသေးတယ် ။ တကမ္ဘာလုံးက စစ်ရေးသမားတွေ…သိကြလေးစားကြတဲ့… နာမည်ကြီး တရုတ်စစ်သေနာပတိ „“ဆွန်ဇူး“ ဘယ်ပျောက် ဘယ်ရောက်သွားတယ်ဆိုတာ အခုထိဘယ်သူသိသလဲ။ လက်တင်အမေရိက ကျူးဘားမှာ အောင်မြင်တဲ့တော်လှန်ရေး လုပ်ပြီး…ဘူလီးဗီးယားမှာကျဆုံးခဲ့တဲ့.. ချီဂွေးဘားရား ဟာ..အာဖရိကတိုက် ကွန်ဂိုနိုင်ငံလေးကိုကယ်တင်ဘို့လဲ အဲဒီမှာ တော်လှန်ရေးလုပ်ခဲ့တာ.. သူကျဆုံးပြီး နှစ်ပေါင်း ၃၀ ကြာမှသိကြတယ် ။ ထားပါတော့......
ဒီနေ့…အမေခေါ်လိုက်..အန်တီ ခေါ်လိုက်..သမိုင်းဝင်ပုံတွေတွဲရိုက်လိုက်၊လုံခြုံရေးတွေစိုးရိမ်လိုက်…လုပ်နေကြတဲ့သူတွေ အများစုဟာ..တချိန်က“စု ” ဆိုတဲ့စကား လုံးတောင် လေသံကျယ်ကျယ်မထွက်ရဲခဲ့ကြပါဘူး။ ဒီနေ့ ခွပ်ဒေါင်းကို ဦးထုပ်တမျိုး…တီရှပ်တစ်ဖုံ…ရင်ထိုးတသွယ်…ဖွယ်ဖွယ်ရာရာ ဆင်ယင်နေကြတဲ့…ပျိုပျို အိုအိုကိုကို မမတို့ ( အဘပြောင်စိန် တောင်ပါသေး ) တတွေဟာ…တချိန်က..ခွပ်ဒေါင်းဆိုရင်…ရုပ်ပုံတောင်လူရှေ့ မှာ ကြာကြာရပ်ကြည့် ရဲသူတွေမဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်တွေက…ခွပ်ဒေါင်းမမှေးမှိန်အောင်…နေရာအမျိုးမျိုးမှာ… ပုံပုံစံအမျိုးမျိုးနဲ့ကြိုးစားခဲ့ပြီး… သမိုင်းမရှိခဲ့သူတွေအများကြီးပါ။ ဒီထဲမှာ(ABSDF)ကနေပေါက်ဖွားခဲ့တဲ့ လူငယ်တစ်စုဟာ..၁၉၉၉အောက်တိုဘာလထဲမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့က… န၀တသံရုံးကိုဝံ့ဝံ့စားစား ၀င်စီးပြီး…န၀တအလံကိုဖြုတ်ချ..ခွပ်ဒေါင်းအလံကို.. ကမ္ဘာက သတိထားမိအောင် တင်ပြီး…အခု ပြည်တွင်းမှာ… လူတွေကျယ်ကျယ်ကျယ်ကျယ် ပြောနေပြီဖြစ်တဲ့....ဒီမိုကရေစီဆိုတာ ကိုတောင်းဆိုခဲ့ဘူးတယ်လေ။ ဒါပေမဲ့..သူများနိုင်ငံကတောင်..လေးစားလို့…သွားလိုရာလွှတ်ပေးတဲ့သူတို့ကို… နယ်စပ်တစ်လျှောက် (A-to-Z) ခေါင်းစဉ်တွေနဲ့ ဒီမိုတိုက်ပွဲဝင်နေပါတယ်ဆိုတဲ့…ဘယ်အဖွဲ့ကမှလက်မခံခဲ့ဖူး။ ထိုင်းမြေပေါ်မှာအနေရကျပ်မှာစိုးလို့ တဲ့…. ဒါကြောင့် ကရင်ကလေးငယ်တစုဦးစီးတဲ့…ဘိတ် ၊ထားဝယ်ခရိုင်ဘက်က (God Army) တည်ရှိရာနေရာလေးတစ်ခုမှာ ခိုလှုံခဲ့ရတယ်။ (God Army)နာမည်တက်ခါစ..ကျော်ဦး (ကျော်နီ) တို့ရောက်သွားတော့..ကမ္ဘာကအာရုံစိုက်လာတယ်။ သံရုံးကိစ္စမှာ..မရှိတဲ့မဟာအရှက်တော်..ဟက်တက်ကွဲခဲ့ရတဲ့ န၀တ က…ဒီနေရာလေးကို…ခြေမှုန်းရှင်းလင်းဖို့ ကြိုးစားတော့တာပေါ့။ ရယ်စရာနဲ့ ရင်နာစရာကောင်းတာက ဒီမိုသူရဲကောင်းဆိုတာ…သူတို့သာပါလို့ ကမ္ဘာကအာရုံစိုက်စေချင်တဲ့…ပြီးတော့..အကူအညီတွေရချင်တဲ့…၊ပြီးတော့…ထိုင်းကညိုငြင်မှာကိုကြောက်တဲ့ A to Z အဖွဲ့အသီးသီးက လှစ်လျှူရှုခဲ့ကြတယ်ဗျာ။
သူတို့ဇာတ်သိမ်းက….အတော်ဝမ်းနည်းနာကြည်းစရာကောင်းပါတယ် အခုထိတော့…ဘယ်ဒီမိုချစ်သူတွေကမှ…. ဒီသမိုင်းလေးသတိတယ…ဖေါ်မယ်လို့ကြိုးစားတာမကြားမိသေးပါဘူးဗျာ။
„“စိတ်မကောင်းလို့….နားပါဦးမယ် ….ရှိသမျှ ဆက်တင်ဖို့…..ကြိုးစားပါ့မယ်“
=============================================
“သူတို့ဖို့လဲ….အမျှဝေပါ“ (၂)
ဓါတ်ပုံများ… (၁)ကျော်နီတို့ ထွက်ဖို့ ..မိမိကိုယ်ကို..ဒါးစါခံလုပ်ပေးခဲ့သည့်.. ထိုင်း..ဒု.နိုင်ငံခြားရေးဝန်ကြီး..စူကွန်ဘန်း။ (၂) တရုပ်သီတင်းစါတခုတွင်ဖေါ်ပြထားသည့်.. ကမာပလောတွင်ခိုလှုံနေသော…ဗေဒါ နှင့် ကျော်ဦး (ခ)ကျော်နီ။ (၃)ကမာပလော..ကရင်ရွာစုကလေးအား..နအဖတပ် နှင့်ထိုင်းတပ်တို့ ပေါင်း၍ချေမှုံးသည့်.စစ်ဆင်ရေး မြေပုံကြမ်း။
.....................................................
ကျော်ဦးတို့အဖွဲံ့ဟာ(AK-47)တွေထည့်ထားတဲ့..ဂီတာအိတ်ကြီးတွေလွယ်ပြီး နအဖ သံရုံးထဲဝင်..l.သံရုံးကို မိမိရရ စီးနင်းနိုင်ခဲ့တယ်။ နအဖအလံဖြုတ်ချ…. ခွတ်ဒေါင်းအလံကို ဘန်ကောက်မြို့လယ်မှာ… သေနတ် ၃ ချက်ပစ်ဖေါက်ပြီး တင်ခဲ့ပေမဲ့…လက်နက်ဆိုလို့ အပ်တစ်ချောင်းမှ မရှိရှာတဲ့ ကျောင်းသားလူငယ်လေးတွေ……အဲလေ.. နအဖ သံရုံးအမှုထမ်းတွေကိုတော့လက်ဖျားနဲ့တောင်မတို့ခဲ့ပါဘူး။ တို့ရမှာ ရွံလို့လားဆိုတာတော့ သူတို့ဘဲသိမှာပါ။ မြန်မာပြည်မှာ ပြည်သူတွေခံစားနေရတာနဲ့… မြန်မာ့ဒီမိုကရေစီအရေးကိုဘဲမီးမောင်ထိုးပြဖို့…စွန့်စွန့်စားစား လုပ်ခဲ့ကြတာပါ။ ဒါကိုနားလည်လေးစားတဲ့….ထိုစဉ်က ထိုင်း ဒု-နိုင်ငံခြားရေးဝန်ကြီး…စူကွန်ဘန်း ဟာ…. ကျော်ဦးတို့ကိုအကြမ်းဖက်လို့ မသတ်မှတ်ဘဲ ညှိုနှိင်းဆွေးနွေးခဲ့တော့…နအဖ ဟိုသင်းကိုလူလည်ခေါင်မှာ…ညှောင့်စူးပါလေရော။ ထားဝယ်ဖက်ဖြစ်တဲ့ကိစ္စမှာ…ထိုင်းတွေစီးပွါးရေးထိခိုက်ပါစေတော့ဆိုတဲ့ စေတနာဗလဗွနဲ …တာချီလိတ် ဘက်က စီးပွါးရေး ဂိတ်တွေကို ပါ ပိတ်လိုက်ပါလေရော။ စူကွန်ဘန်းက…. ကျော်နီတို့ကိုထွက်ပေါက်ပေးမယ်ဆိုတော့…ကျော်နီတို့က လမ်းမှာဖြတ်တိုက် မခံရဖို့ သေချာအောင်… သံရုံးအမှု ထမ်းတချို့ကို ဒါးစာခံ ခေါ်သွားမယ်လို့လုပ်တယ်။ ကျော်နီတို့ကိုလဲ လွတ်စေချင်…နိုင်ငံခြင်းလဲ မိတ်မပျက်ချင်တဲ့…ဒု ၀န်ကြီး စူကွန်ဘန်းဟာ… နအဖ သံရုံးဝန်ထမ်းတွေကိုယ်စား…သူကိုယ်တိုင်ဒါးစာခံအဖြစ်. လိုက်ဖို့ သဘောတူခဲ့တယ်။….ရီရတာက..နယ်စပ်တလျှောက်မှာ ဒီမိုတိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ ဘယ် A..to..Zအဖွဲ့ ကမှကျော်ဦးတို့ ကို လက်မခံရဲဘူး။ ထိုင်းနဲ့အရှုတ်အရှင်းဖြစ်မှာစိုးလို့တဲ့ဗျား။ ဗိုလ်ချုပ်မြ..တစ်ယောက်ဘဲလာရင်လက်ခံမယ်လို့ ထပြောတယ်….. ဒါပေမဲ့ သူတစ်ယောက်ထဲဘဲ…. ကျန်တဲ့ခေါင်းဆောင်တွေက ကွိကွိ ကွကွ ဆိုတော့ သူလဲ ငြိမ်သွားရတယ်။ ဒါနဲ့ ကျော်နီတို့ဟာ သူတို့ကိုလက်ခံတဲ့ မြိတ် ထားဝယ် ခရိုင်တစ်နေရာရှိ….ဂျော်နီထူးနဲ့ လူသာထူး တို့ ကလေးညီအကိုနှစ်ယောက် ဦးဆောင်တဲ့ (God Army) တည်ရှိရာ..ကမာပလောဆိုတဲ့…လူဦးရေ ၅၀၀ကျော်ခန့်ရှိတဲ့…ကရင်ရွာအုပ်စုလေးမှာ သွားရောက်ခိုလှုံ ခဲ့ရတယ်။
မရှိတဲ့အရှက်တွေ…ကွဲပြီးရင်းကွဲနေတဲ့နအဖက…အဲ့ဒီ့နေရာလေးကို... …ချေမှုန်းဖို့စီစဉ်တာပေါ့။ ဒီတခါတော့…ကျော်နီတို့နဲ့ သူတို့ကိုလက်ခံတဲ့ ကရင်တွေကိုအပိုင်အပြတ်ရှင်းရအောင်…ထိုင်းနယ်မြေဘက်ကပါ ထိုင်းတပ်တွေနဲ့ ပိတ်ပြီးအပိုင်ဆော်ဖို့..အဲဒီ့ဘက်မှာရှိတဲ့ Thai Chamber of commerce စီးပွါးရေးအဖွဲ့ကြီးကတဆင့်.... ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ခွင့် ….သဘာဝဓါတ်ငွေ့ ဝယ်ခွင့်..ပိုက်လိုင်းဆောက်ခွင့် တွေ..တသီကြီးမက်လုံးပြပြီး အပိုင်စီးရုံးထားခဲ့တယ်။ ၂၀၀၀ခုနှစ်ဇန်န၀ါရီလလယ်လောက်ကစပြီး…အဲဒီကမာပလောဆိုတဲ့ နေရာလေးကို.. နအဖ..ဘက်က… ခြေမြန်တပ်ရင်း ၇၃၅ ၊ ၃၈၀ ၊ ၅၃၉ တို့နှင့် ၀ိုင်းပိတ်ထိုးစစ်ဆင်ပြီး….ထိုင်းဘက်က တိုင်းတပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ထုပါလေရော။ ၁၂၀ မမတစ်လုံးကျရင်… အဲဒီ့နေရာကိုက် ၂၀၀ ပတ်လည်လောက် (ဘောလုံး၂ကွင်းစါပတ်လည်)ထိ ရောက်တာဆိုတော့..ကရင်ရွာသူရွာသား..မိခင်တွေ…ကလေးတွေ အတုံးအရုံးပေါ့ဗျာ … သတင်းထောက်မရှိ မီဒီယာတွေကလဲ မရှိတော့ ဓါတ်ပုံ ဘာညာတော့ သက်သေမပြနိုင်ဘူးပေါ့။ ကြိုးစားမှတ်တမ်းတင်ထား တဲ့ မြေပုံကြမ်းလေးကြည့်ပြီး မှန်းကြည့်ပေါ့။ အဲ့ဒီမှာ…ဆေးရုံမရှိ…ဆေးဆရာမရှိ…ဆေးဝါးမရှိ…ဒါနဲ့…….
„“ညကအိပ်မရ..စိတ်နဲနဲထိလို့ ဗျာ...နားပါဦးမယ် … ဆက်ကျိုးစါးပါ့မယ်။.
=============================================
“သူတို့ဖို့လဲ….အမျှဝေပါ“ (၃)
ငတုံးမဟုတ်တဲ့မီဒီယာသမားတွေ..နဲ့ ..ထိုင်းအာဏာပိုင်တွေ…စပြီးတိုးတဲ့ပုံပါ.. ဘာကြောင့် ထင်ပါသလဲ..စါရှုသူ?????
“သူတို့ဖို့လဲ….အမျှဝေပါ“ (၃)
(ဝန်ခံချက်)။ ။ (၁)ကျနော်စါရေးအလွန်နှေးပါတယ်။အီတလီကစေတနာရှင်..ရှမ်းအမျိုးသမီးတဦးကိုသူအားလပ်ချိန်မှာ Skypeနဲ့ လှမ်းခေါ်ပြီးအကူအညီတောင်းရေးနေတာပါ။ စုဆောင်းထားတဲပုံတွေကို..စါကမလိုက်နိုင်ဖြစ်နေပါတယ်။ ပုံတွေကို..နောက်ဆက်တွဲအနေနဲ့ စုတင်ဝေမျှဖို့ စဉ်းစါးထားပါတယ်။ (၂)နောက်တခုက..ဒီအကြောင်းလေး..လုံးဝပြောက်ကွယ်မသွားသင့်ဘူးထင်လို့ ကျိုးစါးကြည့်တာပါ။ ဇော်ထာစခမ်းမှာ..ခဏဆုံခဲ့တဲ့..ကျော်ဦး(ကျော်နီ)ကလွဲရင်..ကျနော်နဲ့ နီးစပ်သူမပါပါဘူး။ဒါပေမဲ့ .သူတို့ လုပ်ခဲ့..ခံစါးခဲ့…ဇတ်သိမ်းခဲ့ရတာတွေကို… ရဲဘော်ရဲဘက်..ညီအကို..သားသမီးလိုစါနာစိတ်နဲ့ .. ဒါကိုစလိုက်တိုင်း… စိတ်ထွေပြီးဘာမှဆက်မကြည့်ခြင်အောင်ဖြစ်ရပါတယ်။ မည်သူမဆို..ပိုသိတာ..အမှားတွေ့ တာရှိရင်..အချိန်မရွေး..ဖြည့်ဆည်း.. ပြင်ဆင်ပေးနိုင်ကြောင်းပါ။ MK )
………………………………………………………………………………………………………..
တကယ်တော့ ကမာပလောဆိုတဲ့နေရာလေးဟာ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒါဏ်ကြောင့် ထိုဒေသ…နေရာအသီးသီးကပြေး လာတဲ့ ကရင်အများစုစစ်ပြေးမိသားစုတွေ စုစည်းနေထိုင်ကြတဲ့ မြန်မာဖက် ရှိနယ်စပ် ရွာပြေးရွာရှောင် အစုကလေးသာဖြစ်တဲ့အတွက် နှစ်ပေါင်းများစွာ လူသိတ်မသိဘဲ အေးချမ်းခဲ့တဲ့နေရာလေး ပါ။
ဒီနေရာလေးကို…နအဖဘက်ကတပ်ရင်း ၃ ရင်း ထိုးစစ်ဆင၊် နောက်ကျောက..ထိုင်းတပ်မ ၉ ၊ တပ်နယ်မြေ ၁ တပ်တွေက လက်နက်ကြီးတွေနဲ့ပစ်တော့..ကမာပလောကရွာသူရွာသား တွေ မရှုမလှဖြစ်ရတာ သူတို့ကိုလက်ခံမိလို့ဆိုတာဗေဒါနဲ့ ကျော်နီတို့အဖွဲ့ သဘောပေါက်ကြတယ်။ နေ့စဉ် လက်နက်ကြီးဒါဏ်ကြောင့် ဒါဏ်ရာရသူ ရာနဲ့ချီဖြစ်လာ ဆေးဝါးကုသဖို့ မရှိ…ဆရာမရှိ..ဒုံးခံနေရရင်း… သေဆုံးသူတွေ၂၀၀ ကျော်လောက်ဖြစ်လာတယ်။ ကျော်နီတို့အတွက်ရွေးစရာတစ်ခုဘဲကျန်ပါတော့တယ်။ သူတို့ကိုအရင်းအနှီးကြီးစွာနဲ့ လက်ခံတဲ့ရွာသူရွာသားတွေကို အသက်နဲ့လဲပြီးတစ်စုံတစ်ရာပြန်ပေးဆပ်ဖို့ပါပဲ ……………………..
အတွေ့ အကြုံနဲ့ လက်စလက်နရှိပြီး…လုပ်ရဲကိုင်ရဲတော့.. အတိုင်းအတာတခုထိတော့အောင်မြင်ခဲ့တယ် ။ ဒီတစ်ကြိမ်မှာတော့ ထိုင်းတွေနဲ့သာဆက်ဆံရ မှာဖြစ်လို့ ထိုင်းစကားကျွမ်းကျင်တဲ့ ကိုဗေဒါက ဦးဆောင်ခဲ့တယ်။ကျော်နီကတော့ စခန်းမှာအသင့်အနေအထား နဲ့ ကျန်ခဲ့တယ် ။
၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၄ ရက် မနက် ၇ နာရီလောက်မှာ နယ်စပ်ဒေသနဲ့ကီလိုမီတာ ၇၀ လောက် ကွာဝေးတဲ့ ထိုင်းနိုင်ငံ ရပ်ခ်ျဘူရီ မြို့ ဆေးရုံကြီးဝင်းထဲကို..ခရီးသည်တင်အပြာရောင်ဘတ်စ်ကားကြီး တစ်စီး ၀င်ရောက်လာပြီး..ကားထဲက စစ်ဝတ်စုံနဲ့ လက်နက်အပြည့်အစုံ ဆင်ယင်ထားတဲ့ လူငယ်တစ်စုထွက်လာ၊ သေနတ်များမိုးပေါ်ထောင်ဖောက်၊မိနစ်ပိုင်းအတွင်း.. ဆေးရုံဝန်ထမ်းနဲ့လူနာများကိုထိခိုက်နာကျင်မှုတစ်စုံတစ်ရာမဖြစ်ခဲ့ဘဲ ဆေးရုံကြီးကိုစီးနင်းထားလိုက်ပါတယ်။ နေ့လယ် ၁ နာရီခန့် မှာ အမှတ် ၇ ထိုင်းရုပ်မြင်သံကြားသတင်းထောက် ကိုဝင်ခွင့်ပေးခဲ့ပြီး..ယခု လူငယ်တစ်စုဟာတစ်မန်တော်တပ်(God Army ) က ဖြစ်ကြောင်း နှင့် တောင်းဆိုချက်၅ ခုကိုထုတ်ပြန်ခဲ့ပါတယ်။ သူတို့တောင်းဆိုတာက (၁)ကမာပလောဒေသ တွင် မှီခိုနေသောကရင်လူထုနှင့် (God Army ) အပေါ်… နအဖမှ စစ်ဆင်မှုများ ရပ်ဆိုင်းရေး UNHCR နဲ့ ထိုင်းနိုင်ငံမှပူးပေါင်း ဖိအားပေး ရန်။ (၂) နအဖ ၏ ထိုးစစ်ကို…ထိုင်းစစ်တပ်က ကူညီ ၍ နောက်ကျောမှ လက်နက်ကြီးများနဲ့ကမာပလောဒေသအားပစ် နေခြင်းအားရပ်ဆိုင်းရန်။ (၃)ထိခိုက်ဒါဏ်ရာရကြသော ကရင်ရွာသူုရွာသားနှင့်ကလေးငယ်များကို နယ်စပ်ဖြတ်ကျော် ဆေးကုသခွင့်ပေးရန် (၄)ကမာပလောဒေသသို့ ပစ်မိန့်ပေးခဲ့သော ထိုင်းစစ်တပ်အရာရှိအား ထိုင်းအစိုးရမှအရေးယူပေးရန် ။ (၅) အရေးပေါ်အဖြစ် ဆရာဝန် ၁၀ ဦး နှင့်ဆေးအဖွဲ့ဝင် နှင့် ဆေးဝါးများကို မိမိတို့နှင့်အတူ ရဟတ်ယာဉ် ၂ စီးဖြင့် ကမာပလောဒေသသို့ ပို့ဆောင်ပေး ရန်တို့ ဖြစ်ပါတယ်။
ထိုင်းစစ်တပ်ကနောက်ကျောက လက်နက်ကြီးများနဲ့ ပစ်နေတာတွေ ချက်ချင်းရပ်သွားခဲ့တယ်။
အဲဒီနေ့ နေ့လည် ၁ နာရီလောက်ကစပြီး သက်ကြီးရွယ်အိုတွေ..ကလေးပါတဲ့မိသားစုတွေအမျိုးသမီးတွေကို ဗေဒါတို့အဖွဲ့က တစ်သုတ်ပြီး တစ်သုတ်လွှတ်ပေးခဲ့ပါတယ် ။လွတ်မြောက်လာသူအားလုံး က ဆေးရုံစီးနင်းသူတွေဟာ ကြောက်စရာမကောင်းဘဲ ယဉ်ကျေးသိမ်မွေ့ပြီး ကူညီတတ်ကြတယ်လို့ သတင်းထောက်တွေကိုပြောကြတယ်။ ဒါပေမဲ့ ဗိုလ်ချုပ် “ထ၀ိ” နဲ့ စီးပွါးရေးအဖွဲ့တွေက တော့ သူတို့ဇာတ်ရှုတ်တွေ ပေါ်ခါနီးသလိုဖြစ်လာလို့ အပြင်ဘက် မှာ ဗေဒါတို့အဖွဲ့ကို နအဖ လေသံအတိုင်း “အကြမ်းဖက်တစ်စု” လို့  အတင်းခေါင်းစဉ်တပ်တယ်။ တစ်ချိန်တည်းမှာ ဗေဒါတို့ရဲ့ တောင်းဆိုချက်တချို့ ကိုသဘောတူကြောင်း နဲ့ တောင်းဆိုထားတဲ့စားသောက်ဖွယ်တွေတောင်ပို့ပေးလိုက်သေးတယ်။ ဗေဒါတို့ကတော့ ကမာပလောကလူတွေကို သူတို့ အတိုင်းအတာတစ်ခုအထိ ကယ်တင်နိုင်တော့မယ်လို့ ယူဆပြီး အတော်လေး သက်တောင့်သက်သာဖြစ်သွားပုံရတယ်။ ဒါကအမှားဘဲ….
ဒီတစ်ခါမှာတော့ ထိုင်းနိုင်ငံတွင်းမှ အယူအဆနှစ်မျိုးဖြစ်သွားတယ် …. တစ်စုက…. နောက်ခံဇာတ်ရှုတ်ကိုသိထားတဲ့သီတင်းထောက်တွေနဲ့  ပညာတတ်လူတန်းစား အနည်း ငယ်.. ပညာတတ်ဘုန်းတော်ကြီးအချို့ တို့ဖြစ်တယ်၊ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံစစ်ဗိုလ်ချုပ်တွေကြား ရှုတ်ထွေးဖောက် ပြန်တဲ့ စီးပွါးရေး ကိစ္စတွေကြားမှာ ဒီလူစုကလေး ကြားညှပ် ခံရလို့ နောက်ဆုံးထွက်ပေါက်အဖြစ် လုပ်ရတာလို့အခြေအနေမှန်ကိုသူတို့ နားလည်စါနာကြတယ်။ ဒါပေမဲ့အနဲစုဖြစ်ခဲ့တယ်။
နောက် တစ်စုက တော့… မိမိတို့ အိမ်ခြံစည်းရိုးနားတင်ဖြစ်တဲ့ကိစ္စကို.. စိတ်မ၀င်စားနားမလည်တဲ့ သာမာန်လူထုရယ်….. နအဖနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ပြင်သစ် Total ရေနံကုမ္ပဏီ ၊PTT ထိုင်းရေနံကုမ္ပဏီ ။ ကန်ချနဘူရီကုန်သည်ကြီးများအသင်းတို့ကနေ… ပိုက်လိုင်းသွယ်တန်းမှု…လမ်းဖောက်မှုကိစ္စတွေအတွက် ငွေကြေး မြောက်များစွာရရှိထားတဲ့..ထိုင်းအမှတ် ၁ ဒေသတပ်မတော်ဦးစီးချုပ်ဗိုလ်ချုပ် “ ထ၀ိ” တို့ အုပ်စု ဖြစ်ကြ တယ်။ ဒီတစုက….နအဖ သံရုံးစီးတုန်းက သူ့လူမျိုးသူ့နေရာ သူ့နိုင်ငံရေးပြသနာမို့.. ထိုင်းနိုင်ငံအနေနဲ့ ကြားဝင်ဖြေရှင်းပေးတာ နားလည်လို့ ရပေမဲ့.. ဒီတစ်ခါက ထိုင်းနိုင်ငံလူထု နဲ့ ပါတ်သက်တဲ့ ဆေးရုံဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ သီးခံမှုကိုစော် ကားတယ်လို့ ယူဆကြတယ်။ အဲဒီ အခြေအနေကို ထင်ရှားစေတဲ့ ကာတွန်းကလေးနှစ်ခု နောက်တနေ့ ၂၅ ရက် ဇန်န၀ါရီထုတ် သတင်းစာတွေမှာ ပါလာခဲ့ပါတယ်(ဖော်ပြထားပါတယ်)။
ကာတွန်းတစ်ခုမှာက စစ်ဝတ်စုံနဲ့ လက်နက်ထိုင် ထားတဲ့ God Army အဖွဲ့ဝင် တစ်ဦးက …. “ မြန်မာစစ်တပ်နဲ့ ထိုင်းတပ်ပေါင်းပြီး ငါတို့ကိုတိုက်နေတာ ရပ်တန့်စေချင်ပါတယ်”..လို့ ပြောတာကို အဲဒီဆေးရုံ ၀န်ထမ်းက “ပထမဆုံး ငွေသွင်းလိုက်ပါ ပြီးရင် ဆရာဝန်ကဘယ်ဆေးနဲ့တဲ့တယ် ဆိုတာကြည့်ပေးပါလိမ့်မယ်” လို့ ပြန်ပြောတဲ့ ကာတွန်းပါ။
နောက်တစ်ခုက ထိုင်းဝန်ကြီး ချုပ် ချွမ်လီပိုင်ကို..အကြမ်းဖက်သမား လို့ စာတမ်းထိုးထားသူတစ်ဦးက နောက်ကနေမျက်စိကိုပိတ်ထားပြီး “ဘယ်သူလဲမှန်းလို့ရသလား” လို့ မေးနေတဲ့ပုံပါ။ အဲဒီအကြမ်းဖက်သမားရုပ်က ဗိုလ်ချုပ် “ထ၀ိ” ရဲ့ရုပ်ပါ။ သူ့ ကိုမြင်ဘူးသူတိုင်းသိကြပါတယ်။ အဲ့ဒီအချိန်..ဒီမိုသမား ထိုင်းဝန်ကြီးချုပ် ချွမ်လီပိုင်လဲ…အများစုလေသံအတိုင်း ဗေဒါတို့ ကို “အကြမ်းဖက်တစ်စု”လို့ လိုက်အော်နေရတဲ့ ကာလပါ..။ ၂၅ ရက်နေ့ မနက် ၅နာရီ ၃၅မိနစ်မှာ ထိုင်းကွန်မန်ဒို ၂၀၀ ကျော်ခန့်က ဆေးရုံကို..ရုတ်တရက် ၀င်ရောက်စီးနင်းပြီး..မိနစ် ၄၀ ကြာစီးနင်းမှု မှာ ဆေးရုံဝင်စီးသူလူငယ် ၁၀ ဦးလုံးတိုက်ပွဲတွင်းမှာကျဆုံးကြောင်း၊ အခြားမည်သူတစုံတဦးမျှ ထိခိုက်မှုမရှိကြောင်းကျေညာခဲ့တယ်။ ဝင်စီးတာကတော့..ထဝိရဲ့ အဖွဲ့ တွေပါ။ နေ့ လည်ပိုင်းကျတော့ သွေးတွေစိမ့်ယိုကျနေတဲ့..အဝတ်ဖြူနဲ့ ထုတ်ထားတဲ့အလောင်း ၁၀လောင်း ကိုနာမည် စာရင်းနဲ့ ထုပ်ပြပြီး၊သိမ်းဆည်းရမိတဲ့..လူငယ်ဆယ်ဦးရဲ့ ယူနီဖေါင်း..လက်နက်တွေကိုပါထုပ်ပြခဲ့ရတယ်…..
အဲ့ဒီမှာတင်..ငတုံးမဟုတ်တဲ့မီဒီယာသမားတွေ..နဲ့ ..ထိုင်းအာဏာပိုင်တွေတိုးတော့တာပါဘဲ။
နားပါဦးမယ် … ဆက်ကျိုးစါးပါ့မယ်။
=============================================
“သူတို့ဖို့လဲ….အမျှဝေပါ“ (၄)
ဓါတ်ပုံများ…
(၁)သူရဲကောင်းဖြစ်မလားလို့ ..မီဒီယာကို…လိမ်ရင်း….တရားခံစါရင်းနဲ့ ပိုနီးသွားတဲ့..သီတင်းစါရှင်းပွဲ။ (၂)ဝန်ကြီးချုပ်“ချွမ်”ရဲ့ …ဗျောင်လိမ်ရှင်း…နဲ့ …နာမည်စါရင်း။ (၃) ခွတ်ဒေါင်းအတွက်ပေးဆပ်၍…အမိခွတ်ဒေါင်းထံမှ..အမျှသံ.. မကြားရသေးသူများ။
၂၄.၀၁.၂၀၀၀ နေ့ လယ်မှာ… ဗေဒါတို့ရဲ့တောင်းဆိုချက်တချို့ကိုသဘောတူကြောင်း…ကမာပလောကရင်ရွာစုလေးကို…. ထိုင်းဖက်ကပစ်တာတွေရပ်သွားပြီး…ထိခိုက်ခဲ့တဲ့ကရင် ရွာသားတွေ…ကလေးတွေကို… နယ်စပ်ဖြတ်ကျော်..ဆေးကုသခွင့်ပေးမယ်လို့  …ဒေသခံထိုင်းအာဏာပိုင်တွေကကျေငြာခဲ့တယ်….. ၂၅ရက်နေ့မနက်၅နာရီ၃၅မိနစ်မှာ တော့… ထိုင်းကွန်မန်ဒို ၂၀၀ ကျော်ခန့်က ဆေးရုံကို..ရုတ်တရက် ၀င်ရောက်စီးနင်းပြီး..မိနစ် ၄၀ ကြာစီးနင်းမှု မှာ ဆေးရုံဝင်စီးသူလူငယ် ၁၀ ဦးလုံးတိုက်ပွဲတွင်းမှာကျဆုံးကြောင်း၊ အခြားမည်သူတစုံတဦးမျှ ထိခိုက်မှုမရှိကြောင်းကျေညာခဲ့တယ်။ ဝင်စီးတာကတော့..ထဝိရဲ့ အဖွဲ့ တွေပါ။ ကြေငြာပြီး နာရီပိုင်းအတွင်းမှာဘဲ ထိုင်းမီဒီယာရဲ့ သံသယအသံတွေချက်ချင်းထွက်လာတယ် .. ဖြစ်စဉ်ဖြစ်ချိန် မှာ… အနီးတ၀ိုက်မှာရှိနေတဲ့ လူထုထံကလဲ…တိုက်ပွဲအားလုံးငြိမ်သွားပြီး ၁၀ မိနစ်ခန့်အကြာမှာ…သေနတ်သံ တစ် ချက်ချင်း… ဆက်တိုက်ကြားခဲ့ရတယ်လို့ ဆိုကြတယ်။ နေ့လည်ပိုင်းမှာတော့…အ၀တ်ဖြူနဲ့ ထုတ်ထားပြီး သွေးတွေ စိမ့်ကျနေဆဲဖြစ်တဲ့..အလောင်းထုတ်တွေရယ်၊ သူတို့ရဲ့နာမည်စာရင်းရယ် ….. အသုံးပြုခဲ့တဲ့လက်နက်နဲ့ ယူနီဖေါင်းတွေရယ်ကို…သတင်းမီဒီယာကိုထုတ်ပြခဲ့တယ်။ ထုတ်ပြန်တဲ့နာမည်စာရင်းဟာ…ဗေဒါတစ်ယောက် ကလွဲရင် ဘယ်လောက်မှန်တယ်ဆိုတာတော့ ကျဆုံးသူတွေရဲ့ အနီးစပ်ဆုံး ပုဂ္ဂိုလ်တွေဘဲ သိကြပါလိမ့်မယ် ။ စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -
၁။ ကိုဗေဒါ (ခ) အနွိုင် (အဖွဲ့ခေါင်းဆောင်)
၂။ ကိုရဲရင့် (ခ) ရဲသီဟ( ၁၉၈၉ အောက်တိုဘာလ ၊၁၈ ရက်တွင် မြန်မာ့လေကြောင်းလေယာဉ်ကို ပြန်ပေးဆွဲခဲ့သူ)
၃။ ကိုနောင်ခမ်း
၎။ ကိုနေမျိုး
၅။ ကိုအောင်ကျော်
၆။ ကိုမောင်ထူး
၇။ ကိုဖိုးဇော်
၈။ စောဖထီးကလိုး
၉။ ကိုမောင်ကျော်
၁၀။ ကိုမိုဟာမက်
အမှတ် ၁၊၂ နဲ့  အမှတ် ၅ တို့မှာကျောင်းသားများဖြစ်၍ ကျန်ရဲဘော်များဟာတမန်တော်တပ်ဖွဲ့ဝင်များ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ အဲဒီတော့မှဘဲ…မီဒီယာရဲ့ သံသယမေးခွန်းတွေ ပိုကြီးလာခဲ့တယ်။ အဓိကက…ကတော့…… (၁)အထုတ်ဖြူထဲကအလောင်းတွေဟာ….ဒီလူတွေဟုတ်ရဲ့လား… (၂) အထုတ်တိုင်း က သွေးတွေစိမ့်ပေါက်ကျနေဆဲဖြစ်ပေမဲ့…. ထုတ်ပြတဲ့ယူနီဖောင်းတွေမှာတော့ အတော်များများ ဟာ သွေးစွန်းတာတောင် မရှိတာဘယ်လိုဖြစ်တာလဲ.. ( အချို့ ကဆိုရင်ဆေးရုံဝင်စီးသူတွေဟာ ကိုယ်လုံးတီးနဲ့စစ်တိုက်ကြတာဖြစ်မယ်လို့ရိသဲ့သဲ့ ပြောခဲ့ကြတယ်)။ (၃)အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်ဆိုတဲ့….လူငယ်တွေရဲ့ လက်နက်တွေဟာ မပျက်မစီး အကောင်း ပကတိရှိယုံမက… ကျည်အိမ်အတော်များများကျည်အပြည့်အတိုင်းရှိနေတာ ဘယ်လိုပါလိမ့်…..ဆိုတဲ့ အမေးတွေပါဘဲ။ ဒီမေးခွန်းတွေရဲ့အဓိပ္ပါယ်ဟာ….ဘယ်ကိုဦးတည်နေပြီဆိုတာ….လူတိုင်းနားလည်နိုင်တဲ့ အနေအထားရောက်လာတော့….ထိုင်းဝန်ကြီးချုပ် ချွန်လိပိုင်…. ကိုယ်တိုင် ထိုင်း စစ်တပ်ဘက်က… ဗျောင်လိမ်ဗျောင်စါး….၀င်ရှင်းခဲ့ရတယ်။
ဗေဒါတို့ကို…နားလည်စာနာတဲ့ ပထမအုပ်စု နဲ့ …..ကျနော်တို့ ကတော့…မျှော်လင့်ချက်တစ်ခုနဲ့ ကြိတ်ပြီး ၀မ်းသာနေခဲ့ကြသေးတယ် ။ အလောင်းချင်းလဲပြီး ကိုယ့်လူတွေများလွတ်သွားခဲ့ပြီ လားပေါ့လေ။ အလောင်းထုပ်ဘဲမြင်ရတာကိုး။ အပေါင်းအသင်းတစ်ယောက်ဆိုရင်…နာမည်စာရင်းကိုကြည့်..ဘီယာချမ်း (ဆင်တံဆိပ်ထိုင်းဘီယာ) ပုလင်းကြီးကို..ကျွန်တော့်ပါးစပ်နား မိုက်ခွက်လိုလာတေ့ပြီး “ ခင်ဗျားကဘယ်လို တမန်တော်တပ်ထဲရောက်သွား ပြီး…ဘယ်လိုလွတ်မြောက်လာခဲ့တယ်ဆိုတာ ကျွန်တော်တို့သတင်းဌာနကို ပြောပါဦး လို့ ” တပြုံးပြုံးနဲ့နောက်နေသေးတယ်။ ဒါပေမဲ့ နာရီပိုင်းဘဲ ကြာခဲ့ပါတယ် … မီဒီယာရဲ့အသံတွေ ပိုကျယ်လာတော့ ကျဆုံးသူတွေဟာ ကမာပလောက (God Army )တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း…သေချာအောင် အလောင်းရဲ့ မျက်နှာတွေ….မီဒီယာကိုထုတ် ပြခဲ့ရတယ်။ ရုပ်ပျက်နေပေမဲ့….နံပါတ် ၈ တပ်ထားတဲ့ ကိုဗေဒါကို မှတ်မိလိုက်ပြီးနောက်ပိုင်းမှာ…ကျွန်တော်တို့တတွေ စိတ်ထိခိုက်လွန်းလို့ ပုံတွေကို သေသေချာချာဆက်မကြည့်ကြတော့ပါဘူး ဒါပေမဲ့ မီဒီယာတွေဆီက…တရားဝင်မဟုတ်ပေမဲ့ ပိုဆိုးတဲ့ သရော်သံတွေ….ထွက်လာခဲ့တယ်…. “ ဒို့လူ (ထိုင်းတပ် ) တွေတော်လှချည်လား…..မှောင်မှောင်မဲမဲ….မသဲမကွဲအချိန်… ဓါးစာခံတွေအများကြီးကြားမှာ သူတပြန်ကိုယ်တပြန်ပစ်ကြရတာ… ရန်သူကိုဘဲရွေးပြီး ခေါင်းတွေကိုတစ်ချက်စီမှန်အောင်ပစ်နိုင်ခဲ့တယ်”…တဲ့… ပုံတွေကိုအသေအချာ ကြည့်မယ်ဆိုရင်လဲ နံပါတ်၂ မိုဟာမက် ကလွဲလို့ အားလုံးဟာ ခေါင်းမှာကြီးဘဲတစ်ချက်စီ အပစ်ခံထားရတာပါ။
(နားပါရစေ…… အဆုံးသပ်ပါ့မယ်)
=============================================
“သူတို့ဖို့လဲ….အမျှဝေပါ“ (၅)
(က)နိဂုံး.... (ခ)ထူးဆန်းသောတိုက်ဆိုင်မှု။
ဓါတ်ပုံများ….
(၁)ဒီမိုကရေစီရှိတယ်ဆိုပေမဲ့..အထုပ်ကြီးတွေပိုက်ထားကြတဲ့…ဗိုလ်ချုပ်ဟောင်း /သစ်တွေ…နောက်ကွယ်က သြဇာလွှမ်းတဲ့နေရာမှာ… အမှန်တရားးကို မကယ်နိုင်ခဲ့တဲ့…၀န်ကြီးချုပ် ချွမ်လိပိုင် နဲ့ ဒု- နိုင်ငံခြားရေးဝန်ကြီးဆူကွန်ဘန်း။
(၂)စစ်ရာဇ၀တ်မှုကျူးလွန်တာထင်ရှားပေမဲ့…လူသတ်သမားတွေ ရာထူး တိုးခဲ့တဲ့… တိုင်းတပါးမြေပေါ်မှာ.. ဒို့ တိုင်းပြည်ကလူငယ်တွေရဲ့ အဖြစ်။
(၃)ဒီနေ့…ရနေပါပြီဆိုတဲ့…ဒီမိုကရေစီကို..တစ်ချိန်က…ခွပ်ဒေါင်းပုံရိပ်အောက်က ၀ံ့ဝံ့စားစားတိုက်ပွဲဝင်ခဲ့ တဲ့ လူငယ်…၁၀ဦးရဲ့…မထင်မရှားလဲလျှောင်းရာ။
(က)နိဂုံး……
ကျဆုံးတဲ့အလောင်းခေါင်းပိုင်းတွေ…မီဒီယာကိုမပြမဖြစ်ပြလိုက်ရတော့…ဝေဖန်သံတွေပိုဆိုးလာခဲ့တယ်။ လူငယ်တွေဟာ သွေးအေးအေးနဲ့ပစ်သတ်ခံရတာဖြစ်နိုင်လို့…အမှန်ကိုဆက်လက်စုံစမ်းဘို့ စွတ်စွဲတောင်းဆိုသံတွေထွက်လာခဲ့တယ်။ သို့ပေမဲ့လဲဘဲ….ဒီမိုကရေစီဆိုတာရှိပေမဲ့…အထုတ်ကြီးကြီးတွေပိုက်ထားနိုင်သူဗိုလ်ချုပ်ဟောင်း…ဗိုလ်ချုပ်သစ်တွေ… နောက်ကွယ်ကနေသြဇာလွှမ်းသေးတဲ့ တိုင်းပြည်ဆိုတော့…ဒီအဖြစ်မှာ တစ်ခါက…ကျော်နီတို့ကို နားလည်စာနာစွာ ကယ်ခဲ့တဲ့…ဒု- နိုင်ငံခြားရေးဝန်ကြီး ဆူကွန်ဘန်း နဲ့ ဒီမိုသမားဝန်ကြီးချုပ် ချွမ်လိပိုင်တို့ဟာ… ထိုင်းစစ်တပ်ဘက်က… ဗြောင်ရပ်တည်ခဲ့ရတယ်။ ဒါပေမဲ့…မတရားမှုကိုမတရားမှုအတိုင်းမြင်တတ်တဲ့..ထိုင်းပညာတတ်အသိုင်းအ၀ိုင်း…နဲ့  သတင်းသမားတွေကတော့ အတော်ကလေးစိတ်မကောင်းဖြစ်ခဲ့ ...၊မေးခွန်းအမျိုးမျိုးထုတ်ခဲ့ကြတယ်။(နောက်ဆက်တွဲတွင်ထိုရေးသားချက် တချို့ကိုတင်ပြပါမည်) ဗိုလ်ချုပ်တွေရဲ့ စီးပွါးရေးဇာတ်ရှုတ်တွေ… မီးခိုးကြွက်လျှောက်ပေါ်မှာစိုးလို့… အရှင်ဖမ်းခံပါလျှက်နဲ့ နှုတ်ပိတ်တယ်ဆိုတဲ့ နိုင်ငံတကာစစ်ရာဇ၀တ်ဥပဒေနဲ့..နီးလာတဲ့စွပ်စွဲချက်တွေ ဖြစ်လာတော့…. ၀န်ကြီးချုပ် ချွမ်က… “ ကျုပ်တို့လူတွေ ၀င်စီးတဲ့အခါမှာ အကြမ်းဖက်သမားတွေဟာ.. အိပ်ပျော်နေတာလဲမဟုတ်ဘူး…ကြိုးနဲ့ တုတ်ထားတာ လဲမဟုတ်ဘူး ကျုပ်တို့လူတွေက…ဒီလိုဦီးအောင်မပစ်ရင်… အခုသူတို့နေရာမှာကျုပ်တို့လူတွေရောက်နေမှာဘဲ ” လို့ ဒေါမာန်ပါပါနဲ့ သတင်းထောက်တွေကိုရှင်းခဲ့တယ်။ အဲဒီတော့မှဘဲ…ပိုဆိုးလာတယ်….။ အလောင်းတွေကို ပလပ်စတစ်အိတ်ထဲမထည့်ခင်…စစ်တပ်ကမှတ်တမ်းအဖြစ် ရိုက်ခဲ့တဲ့ပုံတချို့..သူတို့အတွင်းထဲကပေါက်ထွက်လာခဲ့တယ်။ ဆေးရုံ အိမ်သာတစ်ခုထဲကနေ ခုခံပစ်ခတ်ရင်း ကျဆုံးခဲ့တဲလူငယ်တစ်ဦးကလွဲရင်… အားလုံးဟာ အ၀တ်အစားတွေချွတ်ထားပြီး… ချီထားခဲ့တဲ့လက်ပြန်ကြိုးတွေတောင်… တစ်ဖက်စီဘဲဖြုတ်ရသေးတာတွေ့ရပါတယ်။ နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေတွေမှာ…ဘယ်စစ်ပွဲမှာဘဲဖြစ်ဖြစ်..ယုနီဖေါင်းနဲ့ အသက်ရှင်ရက်ဖမ်းမိခဲ့ရင်…လိုက်နာရမဲ့ သုံ့ပန်းကျင့်ဝတ်တွေရှိပါတယ်။ ဒါပေမဲ့…သူ့အရပ်သူ့ဇာတ်…သူ့ တိုင်းပြည်… သူ့ လူတွေဆိုတော့ ဒီအဆင့်ထိမရောက်ခဲ့ပါဘူး။ နောက်တစ်နေ့ ၂၆ ရက်နေ့မှာဘဲ…အဲဒီနယ်မြေကမထင်ရှားတဲ့ ဘုန်းကြီးကျောင်းလေးတစ်ခုအတွင်းမှာ… ဗေဒါအပါအ၀င်…ကျဆုံးသူ လူငယ် ၁၀ ဦး ကိုတစ်ပေါင်းတည်း ဂူသွင်းမြုတ်နှံလိုက်ပါတယ်။အသံတွေလဲတဖြည်းဖြည်း စဲသွားခဲ့ပါတယ်။ မြန်မာပြည်က..လို..အလောင်းတွေကို မဖျောက်ဖျက်ခဲ့တာနဲ့… သူတို့နိုင်ငံသားမဟုတ်ဘဲ ပြသနာရှိပေမဲ့…ဗုဒ္ဓ ဘာသာပီသစွာ. ....နေရာပေးလက်ခံခဲ့တာ ကိုဘဲလေးစားစရာပါ။ အချိန်တိုတွင်း လူထုကြားမှာ မှေးမှိန်သွားပေမဲ့..အိုးမလုံသူဗိုလ်ချုပ်တစ်စုကတော့… သူတို့အရှုတ်ထုတ်တွေကိုသိထားသေးတဲ့…ကျော်နီတစ်ယောက်ဘယ်ရောက်မှန်းမသိ ကျန်နေသေးတော့… စားမ၀င်အိပ်မပျော်… ဖြစ်ခဲ့တယ်။ ထိုင်းဘက်ကပစ်တာတွေရပ်သွားပေမဲ့…သေဆုံးသူဒါဏ်ရာရသူအများအပြားနဲ့ တဖက်…၊ဗေဒါတို့ကျဆုံးပြီး..ထိုင်းဘက်ကပြန်ပိတ်ထားလို့ ရိက္ခာမရှိ ဆေးဝါးမရှိ ဖယိုဖရဲ တဖက်.. ဖြစ်နေတဲ့ ကမာပုလောရွာစုကလေးကို…နောက်တပါတ်မှာ..နအဖ ဘက်က အလုံးအရင်းနဲ့ ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်။ ထိုင်းဘက်ကျွံထွက်လာသူတွေထဲမှာ…ကျော်နီပါလာခဲ့ရင်အပျောက်ရှင်းဘို့ နယ်စပ်တစ်လျှောက်ထိုင်းတပ်တွေ အသင့်စောင့်နေခဲ့တယ်။ စစ်မျက်နှာနဲ့ ပစ်မှတ်ကျဉ်းတဲ့အနေနဲ့ … ဆေးရုံစီးတဲ့အဖွဲ့ဟာတမန်တော်တပ်(God Army )မဟုတ်ဘဲ…(VBSW)စွမ်းအားမြင့် မြန်မာကျောင်းသားစစ်သည်တော်များ အဖွဲ့သာဖြစ်တယ်လို့ ပြောင်းလဲစွပ်စွဲခဲ့တယ်။ တစ်နေရာမှာ..ကျော်နီရှိတယ်ကြားလို့ နယ်မြေကျော်ဝင်ရှင်းဘို့ ကြိုးစားကြည့်တာ ထိုင်းစစ်သား ၄ ယောက် မိုင်းထိပြီးပြန်ဆုတ်ခဲ့ရတယ်။ ကျော်နီရှိနေသမျှ…သူတို့ အတွက်နောက်ကျောမလုံဖြစ်နေတဲ့ထိုင်းစစ်ဗိုလ်ချုပ်တစ်စုဟာ တစ်ခြားနည်းကိုသုံးရတော့တယ်။ အခြေအနေကို သွေးအေးအောင်ထား..နယ်စပ်ထိမ်းချုပ်မှုတွေလျှော့..ဂျော်နီထူး ၊ လူသာထူးနဲ့ တမန်တော်တပ်အဖွဲ့ဝင်တွေကို..ထိုင်း နိုင်ငံနယ်မြေ “ထမ်ဟင်း”စခန်းထဲမှာ ကောင်းစွာလက်ခံထားပြီး ကျော်နီနဲ့ စွမ်းအားမြှင့်ကျောင်းသားများ လာရင်လဲ ဒီလိုဘဲလက်ခံမယ်ဆိုတဲ့ ပုံစံမျိုးပြခဲ့တယ်။ ဒါပေမဲ့..အကြောင်း ကိုသိထားတဲ့..ကျော်နီနဲ့အဖွဲ့ဟာ ထိုင်းမြေပေါ်ကို ခြေမချခဲ့တော့ပါဘူး။ နအဖ တပ်တွေ..ကြား မြန်မာဘက်ခြမ်းတော တွင်းမှာဘဲ…ဒုက္ခပေါင်းစုံ ကြံ့ကြံ့ခံရင်း ပုန်းရှောင်ရပ်တည်နေခဲ့တယ်။ ကျော်နီဟာ..တစ်ခါကမိတ်ဆွေဖြစ်ခဲ့ ဖူးတဲ့ ထိုင်းထောက်လှမ်းရေးကို… မယုံကြည်နိုင်တော့ပေမဲ့....တခါမှ မိတ်ဆွေမဖြစ်ဖူးတဲ့ကိုယ့်လူမျိုးချင်းကိုတော့…ယုံကြည်ခဲ့မိ တယ်။ အခက်ခဲပေါင်းစုံ ကြုံနေရတဲ့ ကျော်နီကို မြန်မာ့ဒီမိုအဖွဲ့ ခေါင်း ဆောင်တစ်ဦးနဲ့ ကရင်အမျိုးသားခေါင်းဆောင် တစ်ဦးက.. ဘယ်လိုယုံကြည်အောင်လုပ်လိုက်နိုင်တယ်တော့မသိဘူး…. ကျော်နီဟာပုန်းအောင်းရာကထွက်ပြီး ထိုသူတွေကိုတွေ့ဆုံခဲ့တယ်.. အဲဒီအချိန်ကစပြီး…ထိုင်းထောက်လှမ်း ရေးလက်ထဲရောက်..အစပျောက်သွားတော့တာပါဘဲ။ အဲဒီပုဂ္ဂိုလ်၂ ဦးကတော့..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (NLD-LA)က ဦးမြင့်သိန်း နဲ့ ကရင့်အမျိုးသားအစည်းအရုံး (KNU)က..မဟာမိတ်ရေးရာတာဝန်ခံ ပဒိုမန်းငြိမ်းမောင်တို့ ဖြစ်ကြောင်း..သမိုင်းမှန်အတွက်စိတ်မကောင်းစွာဖေါ်ပြရပါလိမ့်မယ်။ ခွပ်ဒေါင်းကိုအရောင်တင်ခဲ့တဲ့..လူငယ် ၁၁ ဦးရဲ့ နိဂုံးကတော့ ဒါပါဘဲ ။ ကျွန်တော့တစ်ဦးအမြင်ပေါ့လေ…..သူတို့လုပ်ခဲ့သမျှ…ဖြစ်ခဲ့သမျှ တွေဟာ… ခွပ်ဒေါင်းနဲ့လဲ ဆိုင်ပါတယ်…. ရိုးသားတဲ့ကရင်လူထုတွေနဲ့လဲဆိုင်ပါတယ်… ပြည်တွင်းလူထု ခံစားရတာနဲ့လဲဆိုင်ပါတယ်…. ဒီမိုကရေစီဆိုတာနဲ့လဲဆိုင်ပါတယ်… မြန်မာ့ သံယံဇာတ..ကိုယ့်အိတ်ထဲကိုယ်ထဲ့ကြတဲ့ မြန်မာဗိုလ်ချုပ်တွေနဲ့လဲ ဆိုင်ပါတယ်။ ခေတ်မှီအောင်ပြောရရင်..အခုပြောနေကြတဲ့ ပြည်ပမှာအပ်ထားတယ်ဆိုတဲ့ ၁၁ ဘီလီယံ ရဲ့ အစနဲ့လဲဆိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်…သူတို့ကျဆုံးသွားကြပါပြီ။ သူတပါးမြေပေါ်မှာ…မိဝေးဖဝေး..အပေါင်းအသင်းမရှိ..သမိုင်းပျောက်ပြီးရော.. မြှုပ်နှံခံခဲ့ရတာမို့…...........မိတ်ဆွေတို့ အကြောင်းကြောင်းနဲ့ ကုသိုလ်ကောင်းမှုကလေးများလုပ်တဲ့အခါ….တိုးတိုးတိတ်တိတ်ဘဲဖြစ်ဖြစ်ပေါ့ဗျာ….. “သူတိုဘို့လဲအမျှဝေပါ”….. “သူတိုဘို့လဲအမျှဝေပါ”…. “သူတိုဘို့လဲ အမျှဝေပေးပါ”။။။။။
=============================================
“သူတိုဘို့လဲ အမျှဝေပါ”….နောက်ဆက်တွဲ(၁)
(ခ)ထူးဆန်းတဲ့တိုက်ဆိုင်မှု (သို့မဟုတ်) သူတို့ဘို့တော့….မဝေချင်နေ ။
၂၀၀၀ ခုနှစ်ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ…..
ညနေပိုင်းကျနော့ရဲ့ နေစဉ်အပုတ်ချိန်..လေးမရောက်ခင်.. ဗေဒါတို့ ကျဆုံး…မြှုတ်နှံခဲ့တာ..တလပြည့်တဲ့နေ့ ..သတိရတာနဲ့ …မဲဆောက်မြို့ ..အနောက်ဖက်အထွက်… .မယ်တော်.နဲ့ …ချစ်ကြည်ရေးတံတားကြား… လမ်းဘေးအတွင်းနဲနဲကျ... လူရှင်းတဲ့ဘုန်းကြီကျောင်းတခုကစေတီလေးမှာ..မီးပူဇော်..ဝတ်ပြုရင်း.. တရားသောစစ်တို့ ..သမိုင်းမှန်တို့ ဆိုတာဘာပါလိမ့်လို့ စဉ်းစါးနေမိတယ်… .နောက်မှအမျှဝေဖို့ လုပ်နေတုံး…. နောက်ကဘော်ဒါလိုက်လာပြီး…. “ဟေ့လူကြာလှချည်လား..ဟိုမှာစေါင့်နေကြတယ်…ပွဲလုပ်မလို့ အကြောင်းပေါ်ပြီ… ကုန်ဖို့ ပြင်တော့… ဟိုကောင်တွေကို…ဟိုကောင်တွေလာခေါ်သွားပြီ… ခုဘဲသီတင်းရောက်တယ်…ရက်စိ..ကွက်တိဘဲ”…တဲ့။
ထူးတော့ထူးဆန်းသား…. တိုက်ဆိုင်မှုဘဲခေါ်ရမှာပေါ့။ ၂၀၀၀ပြည့်နှစ် ဇန်န၀ါရီ ၂၆ ရက် ..ထိုင်းတပ်မ ၉ ကတပ်မှူးဗိုလ်ချုပ်နဲ့ အရာရှိများ စီးနင်းလိုက်ပါလာတဲ့.... bell212စစ်ရဟတ်ယာဉ်တစ်စီးဟာ…အဲဒီကန်ချနဘူရီ ဒေသထိုင်းမြန်မာနယ်စပ်မနီးမဝေးမှာဘဲပျက်ကျခဲ့ပါတယ်။ ပါဝင်သူ ၁၁ ယောက်လုံး…အလောင်းမမှတ်မိအောင်သေဆုံးခဲ့တယ်။ ပျက်ကျတဲ့ရဟတ်ယာဉ် ဟာ… အမှီးပိုင်းကလေးကလွဲလို့ အစအနကလေးတွေဘဲကျန်ပါတယ်။ ထိုင်းစစ်တပ်ဖက်က…ရဟတ်ယာဉ်ဟာ..ရာသီဥတု ဆိုးဝါးလို့ ပျက်ကျခဲ့တာလို့ ထုတ်ပြန်ကျေညာခဲ့တယ်။ ဒါပေမဲ့ ရဟတ်ယာဉ်ထုတ်လုပ်တဲ့ Bell ကုမ္ပဏီကတော့ ထိုစဉ်ကထိုဒေသရာသီဥတုအခြေအနေကိုလေ့လာပြီး.. သူတို့တည်ဆောက်ထုတ်လုပ်ထားတဲ့ နည်းပညာဟာ ဒီလောက်ရာသီဥတု မျိုးနဲ့… ပျက်ကျနိုင်စရာအကြောင်းမရှိဘူးလို့…တုန့်ပြန်ခဲ့တယ်။ တကယ်ဘယ်လိုဖြစ်တယ်ဆိုတာတော့…ခုထိဘယ်သူမှ အသေအချာမသိ နိုင်တော့ပါဘူး။ သေချာတာတစ်ခုကတော့…အဲဒီနေ့ ဟာ…ဗေဒါနဲ့ လူငယ်၁၀ဦးကို ဒရောသောပါး ဂူသွင်းမြှပ်နှံ လိုက်တဲ့ နေ့ တစ်လရက်လည်တဲ့နေ့။ နေရာက… အဲဒီနယ်မြေထဲမှာ။ စွမ်းအားမြင့်ကျောင်းသားတွေ ဘက်ကကျော်နီအပါအ၀င် ၁၁ ယောက်….. အခုထိုင်းကလဲ ၁၁ ယောက်။ ပြီးတော့…ထိုင်းအမှတ် ၉ တပ်မှူး ဗိုလ်ချုပ် စံချိုင်းနဲ့ ပါဝင်ခဲ့တဲ့အရာရှိအားလုံးဟာ… ဗေဒါတို့ကို ၀င်ရောက်စီးနင်းသတ် ဖြတ်တဲ့အစီအစဉ်ကို ရေးဆွဲအမိန့်ပေးခဲ့တဲ့ သူတွေပါဘဲ။ အဲ….အဲ့ဒီနေ့ က…ဝေတော့မဲ့အမျှကို…ကျနော်မဝေခဲ့ဘူး…သူတို့ မြေပေါ်မှာဆိုတော့…မတော်တဆ…ဟိုကောင်တွေအရင်ရသွားမှာစိုးလို့် ။ အဲ..မိတ်ဆွေတို့ လဲ….မဝေချင်နေ ကြပေါ့ဗျာ။
BY - Maung Kyaw

No comments: